People's Spring
✔
60K subscribers
71.5K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တောင်သာမြို့နယ်မှာ ပန်းရံလုပ်ပြန်လာတဲ့ပြည်သူ၅ဦးကို စစ်တပ်ကသတ်ဖြတ်

■ စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအ
နည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

ဇွန်-၂၊၂၀၂၆။ရှိန်း/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်ကစစ် ကြောင်း၄ကြောင်းထိုး​နေပြီး ပြည်သူ၅ဦး သတ်
ဖြတ်ခံထားရသလို ပြည်သူအများအပြားကို ဖမ်း
ဆီးကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဇွန်လ ၁ ရက်နေ့၊နေ့လည်၁၂ခွဲခန့်မှာတောင်သာ- ဝဲလောင်လမ်းပိုင်း၊ကိုင်းချောင်းတံတားအနီးမှာဂိတ်
ဖွင့်ပိုက်ဆံကောက်နေတဲ့ စစ်တပ်စစ်ကြောင်းက
ပြည်သူ ၅ ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်က ကိုင်း​ချောင်းတံတားနေရာကိုဂိတ်ချစစ် ဆေး နေတဲ့အချိန် ပန်းရံလုပ်ပြီးပြန်လာတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၅ဦးကိုသတ်ဖြတ်ခဲ့တာပါ ။ကျန် ၂ ဦး လည်းပျောက်ဆုံးနေတယ်လို့ ဒေသခံတဦး ကပြောပါတယ်။

"အလောင်းတွေကိုဒေသခံတွေကတွေ့လို့၅လောင်းလို့ ပြောရတာ။ကျန်တဲ့၂ ယောက်လည်း ပျောက် နေတယ်"လို့ ဒေသခံက ပြောပါတယ်။

ဇွန်လ၂ ရက်နေ့ မှာ အဲဒီစစ်ကြောင်းက တောင်သာ- ဝဲလောင်လမ်းပိုင်း၊ဗျိုင်းအင်းနဲ့ သဲတောရွာ တွေကို အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်တံတားအရှေ့ရွာကိုရောက်နေတဲ့စစ်တပ်
စစ်ကြောင်းကလည်းကျားမတွင်းရွာကို ရောက်​နေပြီးရွာကို မီးရှို့ဖျက်ဆီး နေတယ်လို့​ေပါတယ်။
အလားတူ နတ်စောင့်ရွာကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကလည်း ထန်းပင်ခြံရွာကို ရောက် နေပြီး နေအိမ်တွေကိုမီးရှို့နေတယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ တောင်သာကထုတ်ပြန်ထားပါတယ်။

ဒါအပြင်မကျီးကုန်းနဲ့ ဆုံကုန်းကို ရောက် နေတဲ့စစ်ကြောင်းကလည်း ညောင်ကုန်းရွာကို ရောက် နေပြီး ပြည်သူတွေကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဆုံကုန်းရွာမှာ ဖမ်းဆီးခံထားရပြီး စစ်တပ်ကလမ်းပြလုပ်ခိုင်းတဲ့ပြည်သူ​တွေထဲက အမျိုး
သား ၂ ဦးကိုလည်းစစ်တပ်ကသတ်ပြီးအ​လောင်း​တွေကိုထားခဲ့တယ်လို့သတင်းရရှိပါတယ် ။
🔥15😡8👎3🤬1🤮1
စစ်တပ်ကနတ်စောင့်ရွာက​နေအိမ်​တွေကိုမီးရှို့ထားစဥ်။ဓါတ်ပုံ-CJ
🤬35👎2🔥2🤮1
RSF ရဲ့ ရဲစွမ်းသတ္တိဆုကို မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ရရှိ

ဇွန်-၂၊ ၂၀၂၆။ People’s Spring

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။

မြန်မာနောင်း(Myanmar Now)သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းတင်ဖို့ ရခိုင်ပြည်နယ် သွားရောက်စဥ် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ဇွန်လ ၁ရက်က ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ ၇၇ ကြိမ်မြောက်ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်နဲ့အတူ ၃၄ ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆုအမျိုးအစား ၅ ခုကို ကြေညာခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၂၁ဦး၊ သတင်းမီဒီယာ ၅ခု၊ သတင်းအချက်အလက်ရယူပိုင်ခွင့်လှုပ်ရှားသူ ၁ဦးနဲ့ သတင်းထောက်များကာကွယ်ရေးစုပေါင်းအဖွဲ့ ၁ခုတို့ကို အဆိုပြုခဲ့ပြီး အဲဒီဲထဲကနေ သတင်းသမား ၅ ဦးကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize၊ မိုဇမ်ဘစ်သတင်းထောက် ကာလီတို့စ်ကာဒန်ဂူက Impact Prize၊ အာဂျင်တီးနားသတင်းထောက် ဂျူလီယာမန်ဂိုလီနီက Independence Prize၊ ဂူနီယာသတင်းထောက် ဟာဘစ်မာရူအာနီကာမာရာက Mohamed Maiga Prize နဲ့ ပါလက်စတိုင်းဓာတ်ပုံသတင်းထောက် အဗ္ဗဒူလ်ဟာကင်အဘူရီအာရှ်က Lucas Dolega-SAIF Photo Prize တို့ကို အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဆုပေးပွဲအခမ်းအနားကို RSF ညွှန်ကြားရေးမှူးချုပ် Thibaut Bruttin က ဦးဆောင်ခဲ့ပြီး အထူးဧည့်သည်တော်တွေအနေနဲ့ SAIF ရဲ့ကိုယ်စားလှယ်အဖြစ် ဓာတ်ပုံဆရာ Arnaud Fevrier၊ ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်ဖန်တီးသူ Aissa Maiga တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီနှစ်အတွက် ဆုရရှိသူ ၅ဦးထဲမှာ နှစ်ဦးသာ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခဲ့ပြီး Myanmar Now ရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်လည်း အာဏာသိမ်းစစ်တပ်ရဲ့ မတရားအကျဥ်းချခံထားရတာကြောင့် RSF ညွှန်ကြားရေးမှူးချုပ်က ကိုယ်စားရယူပေးခဲ့ပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူဟာ နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်ခံနေရတဲ့ သတင်းထောက်တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ စိုးရိမ်ရတဲ့ အန္တရာယ်များရှိနေပေမယ့် သူဟာ နိုင်ငံတွင်းမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို လျှို့ဝှက်စွာ ဆက်လက်မှတ်တမ်းတင်ခဲ့ပါတယ်။ နေရာများကို အမြဲတမ်းပြောင်းရွှေ့ကာ ပုန်းရှောင်နေခဲ့ရပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကိုလည်း ကိုစိုင်းဇော်သိုက် ရင်ဆိုင်ခဲ့ရပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလမှာ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို သတင်းသွားရောက်ရယူဖို့အတွက် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဥ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ခုံရုံးက သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

လက်ရှိမှာ ကိုစိုင်းဇော်သိုက်ဟာ ရန်ကုန်မြို့ရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ အဓမ္မအကျဥ်းချထားပြီး ထောင်အာဏာပိုင်များရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတယ်လို့ RSF က ထုတ်ပြန်ပါတယ်။
👍32❤14🥰1👏1🤮1
(၂၀၂၆ ခုနှစ် ဆုရရှိသူများနဲ့ တာဝန်ရှိသူများ(ပထမပုံ)၊ မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်(ဒုတိယပုံ)။ ဓာတ်ပုံ - RSF)
❤44🤮3👏2🥰1
အုတ်ဖိုနယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားနေအိမ်တွေကို သုံးရက်ဆက်မီးရှို့

ဇွန်-၂၊ ၂၀၂၆။ နော်/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက အရပ်သား ပြည်သူတွေရဲ့နေအိမ်တွေကို သုံးရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၃၁ ရက်ကစပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ အုတ်ဖိုမြို့နယ်က ချောင်းဂွ၊ ကျွဲတဲကုန်းနဲ့ ချောင်းဆုံးလေးကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။

“စစ်ကြောင်းက ထိုးနေတာ အခုလက်ရှိ အုတ်ဖိုမြို့နယ်က ချောင်းဂွကျေးရွာမှာ။ ၁၂ နာရီလောက်ကစပြီးတော့ မီးထပ်ရှို့တယ်။ဒီ နေ့နဲ့ဆို ချောင်းဂွကို မီးရှို့တာ သုံးကြိမ်ရှိသွားပြီ“လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မေလ ၂၀ ရက်ကစပြီး စစ်တပ်က အုတ်ဖိုမြို့နယ်အတွင်းကို အင်းအားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကြောင်းသုံးကြောင်းခွဲထားပြီး ချောင်းဂွ၊ ကျွဲတဲကုန်းနဲ့ ချောင်းဆုံးလေးကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေအနေနဲ့ နေအိမ်တွေကို မီးရှို့တာအပြင် ပြည်သူတွေကို သတ်ပြီး ချောင်းဂွကျေးရွာတံတားပေါ်မှာ တင်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွင်း စစ်တပ်စစ်ကြောင်းရှိသေးတာကြောင့် အသေးစိတ်အခြေအနေတွေကိုတော့ မသိရှိရသေးဘူး ဒေသခံတွေက ပြောပါတယ်။
🤬25🔥3😡3❤1👎1👏1
(စစ်တပ်မီးရှို့မှုကြောင့် ချောင်းဂွကျေးရွာ မီးလောင်နေစဥ်။ ဓာတ်ပုံ - ပေးပို့)
🤬30🔥5😡4❤1👎1
တောင်သာမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မနည်း သေဆုံး

ဇွန်-၂၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက်မှာ တံတားကျေးရွာဘက်ကို အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တံတားရွာက အရှေ့ဘက်ထွက်လာတဲ့အဲဒီ‌‌စစ်ကြောင်းကိုပဲ ဇွန်လ ၁ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး ထပ်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး စစ်အသုံးအဆောင်နဲ့ ယမ်းတချို့လည်းသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

"ဒီစစ်ကြောင်းက ညောင်ဦးကထွက်လာတဲ့ စစ်ကြောင်းပဲ။ မေလ၂၄ရက်နေ့က ဖလန်ကန်ရွာအထွက်အတိုက်ခံရတဲ့ စစ်ကြောင်းပဲ။အဲတာငါ့သရောက်က ပြန်ထွက်လာတာ"လို့ ပုပ္ပါး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ယခုတစ်ကြိမ်ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကျောပိုးအိတ် ၁လုံး၊၆၀ မမ ဗုံးသီး ၃လုံး၊ယူနီဖောင်း ၁စုံ၊MAကျည်ဘောက် ၁ခုနဲ့ ကျည် ၃၀ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊21 Bagan တပ်ဖွဲ့၊Popa Guerilla Force(PDF)၊ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းဟာ ဒီကနေ့မှာ ဗျိုင်းအင်းနဲ့ သဲတောကျေးရွာတွေမှာ အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။
👍31❤8👏2🥴2🥰1😁1
(တောင်သာတိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ။ ဓာတ်ပုံ - PLA)
❤34👏11👍2🥰1😁1🥴1
စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးတာ စစ်ကိုင်းမှာ ပြုလုပ်

ဇွန်-၂၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြိုနယ်မှာ သပိတ်အင်အားစုမှ တော်လှန်ပြည်သူတွေက "ပညာတတ်ကြီးလား??? ကိုယ်ကျင့်တရားကောင်းတဲ့ဆရာတွေကသာ ငါတို့ကလေးတွေအတွက်မျှော်လင့်ချက်ပဲ။ ဦးနှောက်ဆေးပညာရေးကိုဆန့်ကျင်ပါ။ ပညာစစ်စစ်ကိုရနိုင်တဲ့နေရာကနေရှာဖွေပါ" စာသားပါ လက်ကမ်းစာစောင်တွေကို ပြည်သူတွေထံ ဖြန့်ဝေပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုဒဏ်ကို ကာကွယ်လျှော့ချနိုင်ဖို့အတွက် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ၎င်းတို့ ထိန်းချုပ်မှုမရှိတဲ့နယ်မြေတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိရာ ကလေးသူငယ်အပါ၀င် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးနေရကြောင်း ဝက်လက်မြို့နယ်သပိတ်အင်အားစုက ဆိုပါတယ်။

ဒါ့ကြောင့် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ ကြုံလာပါက လုံခြုံစွာနေထိုင်ဖို့အတွက်လည်း သပိတ်ရဲဘော်တွေက သရုပ်ပြသခဲ့ပါတယ်။
👍30❤5🤮2🥰1
ဓာတ်ပုံ - ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်
❤38👍2🥰1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲ စစ်တပ်အထိနာနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး တပတ်အတွင်း စစ်တပ်က အရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေကို AAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။ တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည် အ၀တောင်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေတာမှာ မေလ ၂၈ ရက်နောက်ပိုင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။ ဒီနေ့ ဇွန်လ ၂ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ AAနဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မျက်မြင်အရ တပတ်အတွင်း စစ်တပ်အလောင်း ၅၀ ကျော်ရှိပြီဖြစ်ပြီး အလောင်းတွေထဲ အရာရှိတွေ၊ အကြီးပိုင်းတွေပါတယ်လို့ ဆိုပါတယ်။ အဲဒီလို အလောင်းတွေရတဲ့အပြင် မော်တာကျည်၊ ငါးကြင်းမြှီးသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း AA က သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

◾️တောင်သာနယ် စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုတ်ပြန်ထားပါတယ်။ မေလ ၃၁ရက်မှာ တံတားကျေးရွာဘက်ကို အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တံတားရွာက အရှေ့ဘက်ထွက်လာတဲ့ အဲဒီ‌စစ်ကြောင်းကိုပဲ ဇွန်လ ၁ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး စစ်အသုံးအဆောင်နဲ့ ခဲယမ်းတချို့လည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

◾️ပန်းရံလုပ်ပြန်လာတဲ့ ပြည်သူ ၅ဦးကို စစ်တပ် သတ်ဖြတ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း၄ကြောင်းထိုး​နေပြီး ပြည်သူ၅ဦး သတ်ဖြတ်ခံထားရသလို ပြည်သူအများအပြားကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁ ရက် နေ့လယ် ၁၂ခွဲခန့်မှာ တောင်သာ-ဝဲလောင်လမ်းပိုင်း၊ ကိုင်းချောင်းတံတားအနီးမှာ ဂိတ်ဖွင့်ပိုက်ဆံကောက်နေတဲ့ စစ်တပ်စစ်ကြောင်းက ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ​ဒေသခံအချို့က​ ပြောပါတယ်။ စစ်တပ်က ကိုင်း​ချောင်းတံတားနေရာကို ဂိတ်ချစစ်ဆေးနေတဲ့အချိန် ပန်းရံလုပ်ပြီး ပြန်လာတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။​ အဲဒီထဲက ၅ဦးကိုသတ်ဖြတ်ခဲ့တာပါ။ ကျန် ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇွန်လ၂ ရက်မှာ အဲဒီစစ်ကြောင်းက တောင်သာ-ဝဲလောင်လမ်းပိုင်း၊ ဗျိုင်းအင်းနဲ့ သဲတောရွာတွေကို အင်အားဖြန့် တပ်စွဲထားတယ်လို့ သိရပါတယ်။

◾️ရေကြည် နဲ့ လေးမျက်နှာတိုက်ပွဲမှာ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အားပြုခုခံ​

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလို လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေ ကြားနေရတယ်လို့​ ဒေသခံ​တွေက​ ပြောပါတယ်။ ရခိုင်ပြည်နယ် ဂွမြို့နဲ့ဆက်စပ်နေပြီး ဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ်အမတ(၃၄၄)ကို မေလ ၉ရက်​ကစပြီး အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မေလ ၃၀ရက်မှာ စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးအသုံးပြုပြီး ပြင်းပြင်းထန်ထန်ခုခံ​နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မေလ ၃၀ရက်နဲ့ မေလ ၃၁ရက်တို့မှာ နေ့ရောညပါ စစ်တပ်က လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲခဲ့ပြီး ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅)ကနေ လက်နက်ကြီးတွေ အချက်ပေါင်း များစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ရက်မှာ အမတ(၃၄၄)ကို AAနဲ့မဟာမိတ်တွေက ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားခဲ့တာပါ။ စစ်တပ်က မေလ ၁၈ ရက်နဲ့ မေလ ၁၉ရက်နဲ့ မေလ၂၃ရက်တို့မှာလည်း ဂျက်ဖိုက်တာတွေ၊ Y12လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။ ရေကြည်၊ လေးမျက်နှာမြို့နယ်နဲ့ ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ မကြာခဏ ဖြတ်ပျံနေပါတယ်။

◾️မြေရှားနဲ့ ဓါတ်သတ္တုကိစ္စ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဆို
👍14❤6🔥2