(ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးအခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ - Thit Sar Ni)
😢49👍5🤮1
တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲတပတ်အတွင်း အရာရှိအပါအဝင်စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်တွေAAသိမ်းဆီးရ
ဇွန်-၂၊၂၀၂၆။ ခိုင်မြတ်/People's Spring
ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာ
ဏာသိမ်းစစ်တပ် တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုတပါတ်အတွင်းမှာ စစ်တပ်ကအရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည် အ၀
တောင်ကျေးရွာအနီးတဝိုက်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာမှာ မေလ ၂၈ ရက်နောက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။ ဒီနေ့(ဇွန် ၂ )အထိ တိုက်ပွဲပြင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါ တယ်။
“အ၀တောင်နားပတ်လည်မှာအပြင်းအထန်ဖြစ်နေကြတာ။၂၈ ရက်နေ့ကတည်းက ဒီနေ့ထိ စစ်တပ်အလောင်း ငါးဆယ်ကျော်ရှိပြီ မျက်မြင်တွေ့ရတာပါ ဒါက။ ကျန်အလောင်းတွေလည်း ရှိအုံးမယ်။ အရာရှိတွေ၊ အကြီးပိုင်းတွေပါ တယ် အလောင်းတွေထဲမှာ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဲဒီလို အလောင်းတွေ ရတဲ့အပြင် မော်တာကျည်၊ ငါးကြင်းမြှီးသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေကိုလည်းAA က သိမ်းဆည်းရမိ တယ်လို့ သိရပါတယ်။
တောင်မော်ဦးရေတပ်စခန်းမှာ အခြေစိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ကြားလမ်းဆုံ စနဲမြို့ဆီ မေလကစစ်ကြောင်းထိုးဖို့ ထွက်လာခဲ့တာဖြစ်ပေမယ့် အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်ကာ အခုအခါ တောင်မောင်ဦးရေတပ်အနီးပတ်
လည်ရှိ တပ်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်နေတာပါ။ဒါကြောင့်စစ်တပ်က တိုက်စစ်ကနေ ခံစစ်ပြန်ဖြစ်သွားတာဖြစ်ပါတယ်။
“အစကတော့ ဒီကောင်တွေ ထိုးစစ်ဆင်လာတာ။ အခု ကိုယ့်လူတွေ တန်ပြန်ချနေတော့ အသေအ
ပျောက်တွေ မ နည်းဘူး။ အ၀တောင်ကနေ ရှေ့ကို တိုးမလာနိုင်တော့ဘူး။အခုတောင်မော်ဦးကို ကိုယ့်လူတွေ ဝိုင်းထားတယ်” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်ကအထိနာနေတာကြောင့်တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကို စက်လှေတွေနဲ့ ရွေ့ပြောင်းနေပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ စစ်ကူစစ်သားတွေထပ်ဖြည့်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အကြီးပိုင်းတွေပြေးကုန်ကြပြီကြားတယ် အကုန်
လုံး။ မိသားစုတွေကိုရော ပြောင်းနေတယ်။ အင်
အားဖြည့်တာကတော့ မနေ့က နေဗီအသစ်တစီးရောက်တယ်။အရင်ရက်တွေကလည်း နေဗီနဲ့ အင်
အားဖြည့်တယ်ပြောတယ်” ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
တောင်မော်ဦးတိုက်ပွဲအတွင်း အာဏာသိမ်းစစ်
တပ်က လေကြောင်း၊ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်အသုံးပြုနေတာကြောင့်AAဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အ
ရှေ့တောင်ဘက်မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အ တွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တာပါ။
ဒါပေမယ့်လက်တွေ့မှာတော့အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ကျေးရွာအနီးမှာAA ထိုးစစ်ကြောင့် ရပ်တန့်နေပြီး လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတာဖြစ်ပါတယ်။
တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင်ပြည်သူ ခု နစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိရမ်းဗြဲမြို့နယ်အားလုံးနဲ့ကျောက်
ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည
၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီးမပြီးပြတ်ခဲ့ရင်လည်းမီးကုန်ယမ်း
ကုန်ကြိုးစားသွားမယ်လို့ပြောထားပါတယ်။

❤34👍14🤣1
ရခိုင်ဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Arakan Princess News သတင်းဌာနကလည်း
စနဲမြို့ကိုသိမ်းပိုက်ဖို့ အင်အား ၄၀၀ ကျော်အသုံးပြု၍ကြည်းရေလေ ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို အာရက္ခတပ်တော်က မေလ ၂၈ ၊၂၉၊၃၀ ရက်တို့မှာခုခံစစ် ၊တန်ပြန်တိုက်စစ်တို့နဲ့ခိုက်ရာ စစ်တပ်စစ်ဦးကျိုးတပ်လန်သွားတယ်လို့ဖော်ပြပါတယ်။ တိုက်ပွဲအတွင်းမှာစစ်သားအလောင်း ၄၀ ထက်မနည်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆညိးရရှိတယ်လို့သတင်းဓါတ်ပုံနဲတကွဖော်ပြထားပါတယ်။

👍34❤3🤣1
●သတိ-သတင်းဓါတ်ပုံတွေကို နှလုံးမကောင်းသူနဲ့ ကလေးငယ်များမကြည့်ရ။
မေလကုန်တိုက်ပွဲအတွင်းစစ်သားအလောင်းတွေကိုတွေ့ရစဥ်။ဓါတ်ပုံ-Arakan Princess Media)

❤37👏16😁3👍2🤩2❤🔥1🥰1👻1
ရေကြည်အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာတိုက်ပွဲမှာ စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီး အားပြုခုခံ
ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်
ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်၊ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ - ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ်အမတ(၃၄၄)ကိုမေလ ၉ရက်နေ့က
စပြီး အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေ ဆက်
လက်ပြင်းထန်နေပြီး မေလ ၃၀ရက်မှာ စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးအသုံးပြုပြီး ပြင်းပြင်း
ထန်ထန်ခုခံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလ ၃၀ရက်နဲ့ မေလ ၃၁ရက် နေ့ရောညပါ စစ်
တပ်က လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲခဲ့ပြီး ဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅)ကနေ လက်
နက်ကြီးတွေ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လက်နက်ကြီးပစ်တာတွေကိုဟင်္သာတ ကနေ အ
ကျယ်ကြီးကြားနေရတာ။ လေယာဉ်တွေ ပျံတာလည်း ဆက်တိုက်ပဲ။ ၃၄၄ ရော၊ လေးမျက်နှာမှာပါချနေတာ"လို့ ဟင်္သာတမြို့၊အေးမြသာယာရပ်
ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။
မေလ ၁၅ရက်နေ့မှာအမတ(၃၄၄)ကို AAနဲ့မဟာ
မိတ်တွေကယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားခဲ့တာပါ။စစ်တပ်ကမေလ ၁၈ ရက်နဲ့ မေလ ၁၉ရက်နဲ့ မေလ၂၃ရက်ကလည်း ဂျက်ဖိုက်တာတွေ၊ Y12လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။
ရေကြည်၊လေးမျက်မှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ မကြာခဏ ဖြတ်ပျံနေပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပန်မြို့အခြေစိုက် စစ်
ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်
အောက်ခံတပ်ရင်းတွေ နဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာ
နချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်းစစ်မြေပြင်မှာ ရှိနေတယ်လို့ AAကသတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
လက်ရှိတိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေ
ဆုံးမှုတွေ များပြားပြီး ဒဏ်ရာရစစ်သားတွေကို
ပုသိမ်နဲ့ ဟင်္သာတဆေးရုံကိုပါ ပို့ဆောင်ကုသနေရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်
(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတွေအပြင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေး
တိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျုဟာကုန်း၊ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ကိုလည်း AAနဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
မေလ ၂၈ရက်က နတ်ရေကန်ဗျူဟာကို ပို့မယ့် လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ကားကို မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါတယ်။စစ်သား၆ ဦး သေဆုံးပြီး၊ ၃ ဦးကို ဖမ်းမိခဲ့ကာ အူဇီ သေနတ် ၃ လက်၊ MA-1
၂လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ ၆ လုံးနဲ့ ၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုး
သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

👍36❤8🥰2👎1🤣1
အမတ ၃၄၄ ၊ရေကြည်မြို့ ၊လေးမျက်နှာမြို့အနီးဝန်းကျင်တွေကို မြေပုံပေါ်မှာတွေ့ရစဥ်
👏28👍10🥰3🔥2
MPT နဲ့ပူးပေါင်းမှုတွေရပ်တန့်ဖို့ KDDI နဲ့ Sumitomo ကို JFM နဲ့ ဂျပန်အခြေစိုက်အဖွဲ့တွေ တိုက်တွန်း
ဇွန်-၂၊၂၀၂၆။တေဇ/People's Spring
KDDI နဲ့ Sumitomo Corporation တို့အနေနဲ့
စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာလုပ်ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
" MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်"လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
အဲဒီကိစ္စကို JFM ၊ Mekong Watch နဲ့ အတူ ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ Network of Buddhists Volunteers on International Cooperation၊ Pacific Asia Resource Center (PARC)၊Friends of the Earth Japan ၊ Japan International Volunteer Center (JVC) နဲ့ Network Against Japan Arms Trade (NAJAT)တို့ ပူးပေါင်းတောင်းဆိုခဲ့တာပါ။
MPT က စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)နဲ့ Sumitomo Corporation၊ KDDI Corporation တို့အကြား ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ KDDI Summit Global Myanmar (KSGM)ကတဆင့် ပူးတွဲလည်ပတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
"ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေးနေတာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး”လို့ Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီက ထောက်ပြထားပါတယ်။
KDDI နဲ့ Sumitomo Corporation ဆီကို ဖေဖော်ဝါရီ ၂၇ ရက်က စာရေးသားပေးပို့ခဲ့ဝာာဖြစ်ပြီးကုမ္ပဏီတွေ အနေနဲ့ အများပြည်သူအပေါ် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ဆင်ဆာဖြတ်တောက်ခြင်းတွေ အကောင် အထည်ဖော်ရာမှာ MPT ရဲ့ ပါဝင်ပတ်သက်မှုကို သိရှိထားခြင်းရှိ မရှိ၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက်နေတဲ့ မြန်မာနိုင်ငံက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်ရှိ မရှိ၊ စစ်အုပ်စုအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်း ရှိ ၊မရှိတို့ကိုမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုက ကမ္ဘာပေါ်မှာ ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်း မှာ ပါဝင်လာပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့အတူ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေ တိုးမြှင့်လာခဲ့ပါတယ်။
ဒ့ါအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ တွေကို ပြဋ္ဌာန်းခဲ့ပြီး အွန်လိုင်းရေးသားပြောဆို မှု တွေကြောင့်အပါ အဝင် လူပေါင်း ၄၀၀ကျော်ကို စနစ်တကျပစ်မှတ်ထားကာ တရားစွဲဆိုခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။
JFM က ဖော်ထုတ်ခဲ့တဲ့ စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီ Geedge Networks တို့အကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ် “Great Firewall" စီးပွားဖြစ်ဗားရှင်းကို အကောင်အထည်ဖော်ခဲ့ပြီး အဲဒီ့စနစ်ကြောင့် စစ်အုပ်စုက အရပ်သားပြည်သူ တွေကို ခြေရာခံရှာဖွေတာ၊ ဖမ်းဆီးတာ ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MPT က စစ်အုပ်စုအတွက် သက်ရောက်မှု ကြီးမားကျယ်ပြန့်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာနည်းပညာကို ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ဆက်သွယ်ရေး အော်ပရေတာတွေထဲက တစ်ခုဖြစ်တယ်လို့ JFM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထက်ပါ တင်ပြချက်တွေအပေါ် ကုမ္ပဏီတွေဘက်က သူတို့အနေနဲ့ KSGM နဲ့ MPT အကြား ချုပ်ဆိုထားတဲ့သဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီး၊ KSGM ရဲ့ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

❤15🤮8👍4
ဒါပေမယ့်လည်း MPT ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိနေတဲ့ကြားက ကုမ္ပဏီတွေက MPT နဲ့ စီးပွားရေး ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"KSGM အနေဖြင့် MPT နှင့် ပူးတွဲဆောင်ရွက်ရေးသဘောတူညီချက် ရှိနေသော်လည်း မတည်ငွေရင်းဆိုင်ရာ ဆက်နွယ်မှုမရှိကြောင်း နှင့် MPT ၏ ပူးတွဲလုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သည်။"လို့ ဆိုပါတယ်။
ယင်းအကြောင်းပြန်ချက်များအပေါ် JFM နဲ့ အဖွဲ့တွေဘက်က အကြောင်းအရာမခိုင်လုံကြောင်း တုန့်ပြန်ခဲ့ပြီး KSGM ရဲ့ဆက်လက်ပံ့ပိုးမှုက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်တာကို အားပေးကူညီရာရောက်တဲ့ အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
ဒါကြောင့် KDDI နဲ့Sumitomo တို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တာဝန်ယူမှုရှိစွာနဲ့ ချက်ချင်းအဆုံးသတ်ဖို့၊ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အထောက်အကူမပြုစေဖို့ အတွက် သေချာစွာလုပ်ဆောင်ကြဖို့ JFM နဲ့ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

👍24🤮2❤1🥰1
တောင်သာမြို့နယ်မှာ ပန်းရံလုပ်ပြန်လာတဲ့ပြည်သူ၅ဦးကို စစ်တပ်ကသတ်ဖြတ်
■ စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူတွေထဲကအ
နည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦးပျောက်ဆုံးနေ ၊စစ်ကြောင်းတွေခွဲပြီးရွာတွေကိုမီးရှို့
ဇွန်-၂၊၂၀၂၆။ရှိန်း/People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်ကစစ် ကြောင်း၄ကြောင်းထိုးနေပြီး ပြည်သူ၅ဦး သတ်
ဖြတ်ခံထားရသလို ပြည်သူအများအပြားကို ဖမ်း
ဆီးကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဇွန်လ ၁ ရက်နေ့၊နေ့လည်၁၂ခွဲခန့်မှာတောင်သာ- ဝဲလောင်လမ်းပိုင်း၊ကိုင်းချောင်းတံတားအနီးမှာဂိတ်
ဖွင့်ပိုက်ဆံကောက်နေတဲ့ စစ်တပ်စစ်ကြောင်းက
ပြည်သူ ၅ ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။
စစ်တပ်က ကိုင်းချောင်းတံတားနေရာကိုဂိတ်ချစစ် ဆေး နေတဲ့အချိန် ပန်းရံလုပ်ပြီးပြန်လာတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၅ဦးကိုသတ်ဖြတ်ခဲ့တာပါ ။ကျန် ၂ ဦး လည်းပျောက်ဆုံးနေတယ်လို့ ဒေသခံတဦး ကပြောပါတယ်။
"အလောင်းတွေကိုဒေသခံတွေကတွေ့လို့၅လောင်းလို့ ပြောရတာ။ကျန်တဲ့၂ ယောက်လည်း ပျောက် နေတယ်"လို့ ဒေသခံက ပြောပါတယ်။
ဇွန်လ၂ ရက်နေ့ မှာ အဲဒီစစ်ကြောင်းက တောင်သာ- ဝဲလောင်လမ်းပိုင်း၊ဗျိုင်းအင်းနဲ့ သဲတောရွာ တွေကို အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင်တံတားအရှေ့ရွာကိုရောက်နေတဲ့စစ်တပ်
စစ်ကြောင်းကလည်းကျားမတွင်းရွာကို ရောက်နေပြီးရွာကို မီးရှို့ဖျက်ဆီး နေတယ်လို့ေပါတယ်။
အလားတူ နတ်စောင့်ရွာကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကလည်း ထန်းပင်ခြံရွာကို ရောက် နေပြီး နေအိမ်တွေကိုမီးရှို့နေတယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ တောင်သာကထုတ်ပြန်ထားပါတယ်။
ဒါအပြင်မကျီးကုန်းနဲ့ ဆုံကုန်းကို ရောက် နေတဲ့စစ်ကြောင်းကလည်း ညောင်ကုန်းရွာကို ရောက် နေပြီး ပြည်သူတွေကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဆုံကုန်းရွာမှာ ဖမ်းဆီးခံထားရပြီး စစ်တပ်ကလမ်းပြလုပ်ခိုင်းတဲ့ပြည်သူတွေထဲက အမျိုး
သား ၂ ဦးကိုလည်းစစ်တပ်ကသတ်ပြီးအလောင်းတွေကိုထားခဲ့တယ်လို့သတင်းရရှိပါတယ် ။

🔥15😡8👎3🤬1🤮1
RSF ရဲ့ ရဲစွမ်းသတ္တိဆုကို မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ရရှိ
ဇွန်-၂၊ ၂၀၂၆။ People’s Spring
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။
မြန်မာနောင်း(Myanmar Now)သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းတင်ဖို့ ရခိုင်ပြည်နယ် သွားရောက်စဥ် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
ဇွန်လ ၁ရက်က ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှာ ၇၇ ကြိမ်မြောက်ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်နဲ့အတူ ၃၄ ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆုအမျိုးအစား ၅ ခုကို ကြေညာခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သတင်းထောက်၊ ဓာတ်ပုံသတင်းထောက် ၂၁ဦး၊ သတင်းမီဒီယာ ၅ခု၊ သတင်းအချက်အလက်ရယူပိုင်ခွင့်လှုပ်ရှားသူ ၁ဦးနဲ့ သတင်းထောက်များကာကွယ်ရေးစုပေါင်းအဖွဲ့ ၁ခုတို့ကို အဆိုပြုခဲ့ပြီး အဲဒီဲထဲကနေ သတင်းသမား ၅ ဦးကို ရွေးချယ်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize၊ မိုဇမ်ဘစ်သတင်းထောက် ကာလီတို့စ်ကာဒန်ဂူက Impact Prize၊ အာဂျင်တီးနားသတင်းထောက် ဂျူလီယာမန်ဂိုလီနီက Independence Prize၊ ဂူနီယာသတင်းထောက် ဟာဘစ်မာရူအာနီကာမာရာက Mohamed Maiga Prize နဲ့ ပါလက်စတိုင်းဓာတ်ပုံသတင်းထောက် အဗ္ဗဒူလ်ဟာကင်အဘူရီအာရှ်က Lucas Dolega-SAIF Photo Prize တို့ကို အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ဆုပေးပွဲအခမ်းအနားကို RSF ညွှန်ကြားရေးမှူးချုပ် Thibaut Bruttin က ဦးဆောင်ခဲ့ပြီး အထူးဧည့်သည်တော်တွေအနေနဲ့ SAIF ရဲ့ကိုယ်စားလှယ်အဖြစ် ဓာတ်ပုံဆရာ Arnaud Fevrier၊ ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်ဖန်တီးသူ Aissa Maiga တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီနှစ်အတွက် ဆုရရှိသူ ၅ဦးထဲမှာ နှစ်ဦးသာ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခဲ့ပြီး Myanmar Now ရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်လည်း အာဏာသိမ်းစစ်တပ်ရဲ့ မတရားအကျဥ်းချခံထားရတာကြောင့် RSF ညွှန်ကြားရေးမှူးချုပ်က ကိုယ်စားရယူပေးခဲ့ပါတယ်။
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူဟာ နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်ခံနေရတဲ့ သတင်းထောက်တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ စိုးရိမ်ရတဲ့ အန္တရာယ်များရှိနေပေမယ့် သူဟာ နိုင်ငံတွင်းမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို လျှို့ဝှက်စွာ ဆက်လက်မှတ်တမ်းတင်ခဲ့ပါတယ်။ နေရာများကို အမြဲတမ်းပြောင်းရွှေ့ကာ ပုန်းရှောင်နေခဲ့ရပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကိုလည်း ကိုစိုင်းဇော်သိုက် ရင်ဆိုင်ခဲ့ရပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလမှာ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိုခါ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို သတင်းသွားရောက်ရယူဖို့အတွက် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဥ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ခုံရုံးက သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
လက်ရှိမှာ ကိုစိုင်းဇော်သိုက်ဟာ ရန်ကုန်မြို့ရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ အဓမ္မအကျဥ်းချထားပြီး ထောင်အာဏာပိုင်များရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရတယ်လို့ RSF က ထုတ်ပြန်ပါတယ်။

👍32❤14🥰1👏1🤮1
(၂၀၂၆ ခုနှစ် ဆုရရှိသူများနဲ့ တာဝန်ရှိသူများ(ပထမပုံ)၊ မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်(ဒုတိယပုံ)။ ဓာတ်ပုံ - RSF)
❤44🤮3👏2🥰1