People's Spring
✔
60K subscribers
71.5K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ဖမ်းဆီးမိတဲ့ ရဲကွန်မန်ဒိုနဲ့ ပေါ်တာဆွဲခံရသူကို တော်လှန်ရေးရဲဘော်တွေနဲ့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄)
👍32👏8❤4🥰1🥴1
ဒါရိုက်တာ မင်းထင်ကိုကိုကြီးနာရေး အကျဥ်းခြုံးပြီး နေ့ချင်းပြုလုပ်

ဇွန်-၂၊၂၀၂၆။ဆဏ်း/People's Spring

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ နေ့ချင်း သဂြိုလ်ခဲ့တယ်လို့ ကဗျာဆရာသစ္စာနီက အသိပေးထားပါတယ်။

"ငြိမ်းချမ်းစွာ တိတ်ဆိတ်စွာ။ မင်းထင်ကိုကိုကြီစျာပနကို ရေဝေးမှာပဲ ၁၂နာရီလောက်က ကျန်ရစ်သူ မိသားစုရဲ့ဆန္ဒအရ အကျဥ်းခြုံးပြီး ငြိမ်သက်စွာတိတ်ဆိတ်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။သူ့မိတ်ဆွေ ကဗျာဆရာ အနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။" လို့ ရေးသားထားပါတယ်။

မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရော‌ဂါကို ခံစားနေခဲ့ရတာဖြစ်ပြီး ဒီနေ့(ဇွန် ၂) နံနက်မှာ ကွယ်လွန်သွားတာပါ။

သူ့ရဲ့ကွယ်လွန်မှုအပေါ် တော်လှန်ရေးအင်အားစုတွေ အပါအဝင် ရင်းနှီးတဲ့ မိတ်ဆွေတွေက နှမြောတသဖြစ်ကြောင်း နဲ့ ဆုတောင်းစကားတွေ ရေးသားပေးထားကြပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရား
စွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဒါပဲ ရိုက်တာမင်းထင်ကိုကိုကြီးကို စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက NLD ပါတီ အောင်နိုင်ရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။
😢48❤4🤮1💔1
(ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးအခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ - Thit Sar Ni)
😢49👍5🤮1
တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲတပတ်အတွင်း အရာရှိ​အပါအဝင်စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်တွေAAသိမ်းဆီးရ

ဇွန်-၂၊၂၀၂၆။ ခိုင်မြတ်/People's Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာ
ဏာသိမ်းစစ်တပ် တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုတပါတ်အတွင်းမှာ စစ်တပ်ကအရာရှိအပါအဝင် စစ်သားအလောင်း ငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAAကသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည် အ၀
တောင်ကျေးရွာအနီးတဝိုက်မှာတိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေတာမှာ မေလ ၂၈ ရက်​နောက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။ ဒီနေ့(ဇွန် ၂ )အထိ တိုက်ပွဲပြင်းနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

“အ၀တောင်နားပတ်လည်မှာအပြင်းအထန်ဖြစ်နေကြတာ။၂၈ ရက်နေ့ကတည်းက ဒီနေ့ထိ စစ်တပ်အလောင်း ငါးဆယ်ကျော်ရှိပြီ မျက်မြင်တွေ့ရတာပါ ဒါက။ ကျန်အလောင်းတွေလည်း ရှိအုံးမယ်။ အရာရှိတွေ၊ အကြီးပိုင်းတွေပါ တယ် အလောင်းတွေထဲမှာ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို အလောင်းတွေ ရတဲ့အပြင် မော်တာကျည်၊ ငါးကြင်းမြှီးသေနတ်အပါအဝင် လက်နက်ခဲယမ်းတွေကိုလည်းAA က သိမ်းဆည်းရမိ တယ်လို့ သိရပါတယ်။

တောင်မော်ဦးရေတပ်စခန်းမှာ အခြေစိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ် ကြားလမ်းဆုံ စနဲမြို့ဆီ ​မေလကစစ်ကြောင်းထိုးဖို့ ထွက်လာခဲ့တာဖြစ်ပေမယ့် အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်ကာ အခုအခါ တောင်မောင်ဦးရေတပ်အနီးပတ်
လည်ရှိ တပ်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်နေတာပါ။ဒါ​ကြောင့်စစ်တပ်က တိုက်စစ်က​နေ ခံစစ်ပြန်ဖြစ်သွားတာဖြစ်ပါတယ်။

“အစကတော့ ဒီကောင်တွေ ထိုးစစ်ဆင်လာတာ။ အခု ကိုယ့်လူတွေ တန်ပြန်ချနေတော့ အသေအ
ပျောက်တွေ မ နည်းဘူး။ အ၀တောင်ကနေ ရှေ့ကို တိုးမလာနိုင်တော့ဘူး။အခုတောင်မော်ဦးကို ကိုယ့်လူတွေ ဝိုင်းထားတယ်” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ကအထိနာနေတာကြောင့်တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကို စက်လှေတွေနဲ့ ရွေ့ပြောင်းနေပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ စစ်ကူစစ်သား​တွေထပ်ဖြည့်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အကြီးပိုင်းတွေပြေးကုန်ကြပြီကြားတယ် အကုန်
လုံး။ မိသားစုတွေကိုရော ပြောင်းနေတယ်။ အင်
အားဖြည့်တာကတော့ မနေ့က နေဗီအသစ်တစီးရောက်တယ်။အရင်ရက်တွေကလည်း နေဗီနဲ့ အင်
အားဖြည့်တယ်ပြောတယ်” ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

​တောင်​​​မော်ဦးတိုက်ပွဲအတွင်း အာဏာသိမ်းစစ်
တပ်က လေကြောင်း၊ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်အသုံးပြုနေတာကြောင့်AAဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိ​ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အ
ရှေ့တောင်ဘက်မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အ တွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့်လက်တွေ့မှာတော့အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ကျေးရွာအနီးမှာAA ထိုးစစ်ကြောင့် ရပ်တန့်နေပြီး လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတာဖြစ်ပါတယ်။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင်ပြည်သူ ခု နစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိရမ်းဗြဲမြို့နယ်အားလုံးနဲ့ကျောက်
ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ ဓည
၀တီရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီးမပြီးပြတ်ခဲ့ရင်လည်းမီးကုန်ယမ်း
ကုန်ကြိုးစားသွားမယ်လို့​ပြောထားပါတယ်။
❤34👍14🤣1
ရခိုင်​ဒေသတွင်းသတင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ Arakan Princess News သတင်းဌာနကလည်း
စနဲမြို့ကိုသိမ်းပိုက်ဖို့ အင်အား ၄၀၀ ​ကျော်အသုံးပြု၍ကြည်း​ရေ​လေ ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို အာရက္ခတပ်​တော်က ​မေလ ၂၈ ၊၂၉၊၃၀ ရက်တို့မှာခုခံစစ် ၊တန်ပြန်တိုက်စစ်တို့နဲ့ခိုက်ရာ စစ်တပ်စစ်ဦးကျိုးတပ်လန်သွားတယ်လို့​ဖော်ပြပါတယ်။ တိုက်ပွဲအတွင်းမှာစစ်သားအ​လောင်း ၄၀ ထက်မနည်းနဲ့လက်နက်ခဲယမ်း​တွေသိမ်းဆညိးရရှိတယ်လို့သတင်းဓါတ်ပုံနဲတကွ​ဖော်ပြထားပါတယ်။
👍34❤3🤣1
●သတိ-သတင်းဓါတ်ပုံ​တွေကို နှလုံးမ​ကောင်းသူနဲ့ က​လေးငယ်များမကြည့်ရ။

မေလကုန်တိုက်ပွဲအတွင်းစစ်သားအ​လောင်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-Arakan Princess Media)
❤37👏16😁3👍2🤩2❤‍🔥1🥰1👻1
ရေကြည်အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာတိုက်ပွဲမှာ စစ်တပ်က လေကြောင်းနဲ့လက်နက်ကြီး အားပြုခုခံ​

ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲခုခံနေသလိုလက်နက်ကြီးပစ်
ခတ်သံတွေကိုလည်း အနီးပတ်ဝန်းကျင်မြို့တွေကနေကြားနေရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ရခိုင်ပြည်နယ်၊ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ - ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ်အမတ(၃၄၄)ကိုမေလ ၉ရက်​နေ့က
စပြီး အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေ ဆက်
လက်ပြင်းထန်နေပြီး မေလ ၃၀ရက်မှာ စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးအသုံးပြုပြီး ပြင်းပြင်း
ထန်ထန်ခုခံ​နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၃၀ရက်နဲ့ မေလ ၃၁ရက် နေ့ရောညပါ စစ်
တပ်က လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲခဲ့ပြီး ဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅)ကနေ လက်
နက်ကြီးတွေ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လက်နက်ကြီးပစ်တာတွေကိုဟင်္သာတ ကနေ အ
ကျယ်ကြီးကြားနေရတာ။ လေယာဉ်တွေ ပျံတာလည်း ဆက်တိုက်ပဲ။ ၃၄၄ ရော၊ လေးမျက်နှာမှာပါချနေတာ"လို့ ဟင်္သာတမြို့၊အေးမြသာယာရပ်
ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။

မေလ ၁၅ရက်နေ့မှာအမတ(၃၄၄)ကို AAနဲ့မဟာ
မိတ်တွေကယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာထားခဲ့တာပါ။စစ်တပ်ကမေလ ၁၈ ရက်နဲ့ မေလ ၁၉ရက်နဲ့ မေလ၂၃ရက်ကလည်း ဂျက်ဖိုက်တာတွေ၊ Y12လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။

ရေကြည်၊လေးမျက်မှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ မကြာခဏ ဖြတ်ပျံနေပါတယ်။

စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းပန်မြို့အခြေစိုက် စစ်
ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်
အောက်ခံတပ်ရင်းတွေ နဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာ
နချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်းစစ်မြေပြင်မှာ ရှိနေတယ်လို့ AAကသတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

လက်ရှိတိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေ
ဆုံးမှုတွေ များပြားပြီး ဒဏ်ရာရစစ်သား​တွေကို
ပုသိမ်နဲ့ ဟင်္သာတဆေးရုံကိုပါ ပို့ဆောင်ကုသနေရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်
(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတွေအပြင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေး
တိုင်း၊ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျုဟာကုန်း၊ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ကိုလည်း AAနဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မေလ ၂၈ရက်က နတ်ရေကန်ဗျူဟာကို ပို့မယ့် လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ကားကို မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါတယ်။စစ်သား၆ ဦး သေဆုံးပြီး၊ ၃ ဦးကို ဖမ်းမိခဲ့ကာ အူဇီ‌ သေနတ် ၃ လက်၊ MA-1
၂လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ ၆ လုံးနဲ့ ၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုး
သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
👍36❤8🥰2👎1🤣1
အမတ ၃၄၄ ၊​ရေကြည်မြို့ ၊​လေးမျက်နှာမြို့အနီးဝန်းကျင်​တွေကို ​​မြေပုံ​ပေါ်မှာ​တွေ့ရစဥ်
👏28👍10🥰3🔥2
MPT နဲ့ပူးပေါင်းမှု‌တွေရပ်တန့်ဖို့ KDDI နဲ့ Sumitomo ကို JFM နဲ့ ဂျပန်အခြေစိုက်အဖွဲ့တွေ တိုက်တွန်း

ဇွန်-၂၊၂၀၂၆။တေဇ/People's Spring

KDDI နဲ့ Sumitomo Corporation တို့အနေနဲ့
စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ‌လုပ်‌ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

" MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်"လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အဲဒီကိစ္စကို JFM ၊ Mekong Watch နဲ့ အတူ ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ Network of Buddhists Volunteers on International Cooperation၊ Pacific Asia Resource Center (PARC)၊Friends of the Earth Japan ၊ Japan International Volunteer Center (JVC) နဲ့ Network Against Japan Arms Trade (NAJAT)တို့ ပူးပေါင်းတောင်းဆိုခဲ့တာပါ။

MPT က စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)နဲ့ Sumitomo Corporation၊ KDDI Corporation တို့အကြား ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ KDDI Summit Global Myanmar (KSGM)ကတဆင့် ပူးတွဲလည်ပတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

"ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေးနေတာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး”လို့ Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီက ထောက်ပြထားပါတယ်။

KDDI နဲ့ Sumitomo Corporation ဆီကို ဖေဖော်ဝါရီ ၂၇ ရက်က စာရေးသားပေးပို့ခဲ့ဝာာဖြစ်ပြီးကုမ္ပဏီတွေ အနေနဲ့ အများပြည်သူအပေါ် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ဆင်ဆာဖြတ်တောက်ခြင်းတွေ အကောင် အထည်ဖော်ရာမှာ MPT ရဲ့ ပါဝင်ပတ်သက်မှုကို သိရှိထားခြင်းရှိ မရှိ၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက်နေတဲ့ မြန်မာနိုင်ငံက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု‌ တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်ရှိ မရှိ၊ စစ်အုပ်စုအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပြုလုပ်ထားခြင်း ရှိ ၊မရှိတို့ကိုမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုက ကမ္ဘာပေါ်မှာ ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်း မှာ ပါဝင်လာပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့အတူ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ဆင်ဆာဖြတ်တောက်မှုတွေ တိုးမြှင့်လာခဲ့ပါတယ်။

ဒ့ါအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ တွေကို ပြဋ္ဌာန်းခဲ့ပြီး အွန်လိုင်းရေးသားပြောဆို မှု တွေကြောင့်အပါ အဝင် လူပေါင်း ၄၀၀ကျော်ကို စနစ်တကျပစ်မှတ်ထားကာ တရားစွဲဆိုခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။

JFM က ဖော်ထုတ်ခဲ့တဲ့ စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီ Geedge Networks တို့အကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ် “Great Firewall" စီးပွားဖြစ်ဗားရှင်းကို အကောင်အထည်ဖော်ခဲ့ပြီး အဲဒီ့စနစ်ကြောင့် စစ်အုပ်စုက အရပ်သားပြည်သူ တွေကို ခြေရာခံရှာဖွေတာ၊ ဖမ်းဆီးတာ ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

MPT က စစ်အုပ်စုအတွက် သက်ရောက်မှု ကြီးမားကျယ်ပြန့်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာနည်းပညာကို ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ဆက်သွယ်ရေး အော်ပရေတာတွေထဲက တစ်ခုဖြစ်တယ်လို့ JFM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထက်ပါ တင်ပြချက်တွေအပေါ် ကုမ္ပဏီတွေဘက်က သူတို့အနေနဲ့ KSGM နဲ့ MPT အကြား ချုပ်ဆိုထားတဲ့သဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီး၊ KSGM ရဲ့ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
❤15🤮8👍4
ဒါပေမယ့်လည်း MPT ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိနေတဲ့ကြားက ကုမ္ပဏီ‌တွေက MPT နဲ့ စီးပွားရေး ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"KSGM အနေဖြင့် MPT နှင့် ပူးတွဲဆောင်ရွက်ရေးသဘောတူညီချက် ရှိနေသော်လည်း မတည်ငွေရင်းဆိုင်ရာ ဆက်နွယ်မှုမရှိကြောင်း နှင့် MPT ၏ ပူးတွဲလုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သည်။"လို့ ဆိုပါတယ်။

ယင်းအကြောင်းပြန်ချက်များအပေါ် JFM နဲ့ အဖွဲ့တွေဘက်က အကြောင်းအရာမခိုင်လုံကြောင်း တုန့်ပြန်ခဲ့ပြီး KSGM ရဲ့ဆက်လက်ပံ့ပိုးမှုက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်တာကို အားပေးကူညီရာရောက်တဲ့ အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

ဒါကြောင့် KDDI နဲ့Sumitomo တို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တာဝန်ယူမှုရှိစွာနဲ့ ချက်ချင်းအဆုံးသတ်ဖို့၊ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို အထောက်အကူမပြုစေဖို့ အတွက် သေချာစွာလုပ်ဆောင်ကြဖို့ JFM နဲ့ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
👍24🤮2❤1🥰1
😍11👎4🔥4🤮1