People's Spring
✔
60K subscribers
71.5K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပေါက်တောမြို့နယ်အတွင်းကလယ်ယာမြေများ။ ။ဓါတ်ပုံ-KM
😢25👍1👎1🔥1
မြေရှားနဲ့ဓါတ်သတ္တုကိစ္စ မင်းအောင်လှိုင်ရဲ့
ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဆို

ဇွန်-၂၊၂၀၂၆။People's Spring

မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြား
ရေးဝန်ကြီးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့ ဆွေးနွေးမှုတွေမှာ အဲဒီကိစ္စကို ညှိနှိုင်းခဲ့တာလို့ အိန္ဒိယ နိုင်ငံခြား
ရေး ဝန်ကြီးဌာန အတွင်းရေးမှူး ဗစ်ခ်မ် မီဆရီက အတည်ပြုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာမိုဒီ နဲ့ တွေ့ဆုံပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တာပါ။

ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာတော့ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ မဟာဗျူ
ဟာ ဓာတ်သတ္တုတွေ ပူးပေါင်း ထူတ်လုပ်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း၊ တကယ်တော့ အဲဒီကဏ္ဍနဲ့ ပတ်သက်လို့ ညှိနှိုင်းနေခဲ့တာ အချိန်အ
တိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ အခုတွေ့ဆုံမှုမှာတော့ နှစ်ဖက်ကြား မြေရှားသတ္တု ကိစ္စနဲ့ ပတ်သက်ပြီးအပြန်အလှန်ဆက်လက် ချိတ်
ဆက်နေကြဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နားလည်မှုရယူနိုင်ခဲ့ကြောင်းမီဆရီကပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တုတွေကို အိန္ဒိယ ကုမ္ပဏီတွေက ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ အိန္ဒိယဖက်ကပြောကြားမသွားသလိုသဘောတူညီမှုရဲ့ အ
သေးစိတ် အချက်အလက်တွေကိုလည်း မထုတ်ပြန်ပါဘူး။

မြေရှားသတ္တုတွေဟာ မိုဘိုင်းဖုန်းချစ်ပ်တွေ၊ သန့်
စင်စွမ်းအင် နည်းပညာတွေ၊ လျှပ်စစ်ကားတွေကနေ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့အထိ မရှိမဖြစ် လိုအပ်လာတဲ့ ဓာတ်သတ္တု အမျိုးအစားတွေပါ။ တရုတ်ဟာ မြေရှားသတ္တု သန့်စင်မှု နည်းပညာမှာ ဦးဆောင်နေသလို နိုင်ငံတကာ တင်ပို့မှု စျေးကွက် တစ်ခုလုံးနီးပါးကိုလည်း ချုပ်ကိုင်ထားပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ အပါအဝင် ကမ္ဘာ့ထိပ်တန်း စက်မှုအင်အားကြီး နိုင်ငံတွေဟာ တရုတ်ကို အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချဖို့အတွက် တခြား အရင်းအမြစ်တွေကို ရှာဖွေနေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာတော့ မြေရှားသတ္တုရိုင်းတွေ တည်ရှိနေပြီး တူးဖော်ရရှိသမျှ အများစုကိုတော့ လောလောဆယ် တရုတ်နိုင်ငံဆီကိုပဲ တင်ပို့နေပါတယ်။ ဒါအပြင် ​မြေရှားသတ္ထုအများဆုံးထုတ်ယူ​နေတဲ့ကချင်ပြည်နယ် ပန်ဝါ​ဒေသကိုလည်း KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ​မြေရှားတူး​​ဖော်မှု​တွေကလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရဲ့ထိန်းချုပ်ဧရိယာ​တွေမှာပဲဖြစ်ပါတယ် ။

မီဆရီက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိ
ယနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေကိုပါ ဆွေးနွေးခဲ့ကြောင်းဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယဖက်က အဓိက အလေးထားခဲ့တာက
လေ့ကျင့်ရေး၊စွမ်းရည် တည်ဆောက်ရေးတို့လို
အပိုင်းတွေ အတွက်သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုကတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်
ငန်းစဉ်တွေနဲ့ ကိုက်ညီအောင် ကူညီ လေ့ကျင့်ပေးရေး ဖြစ်တယ်လို့ မာဆရီက ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့ဟာ ၁၆၄၃ ကီလိုမီတာ ရှည်
လျားတဲ့ နယ်စပ်မျိုး ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေး ကိစ္စတွေမှာအပြန်အလှန်ညှိနှိုင်းဆောင်
ရွက်မှုတွေ မလွဲမသွေ လိုအပ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ဇွန်လ ၁ ရက်နေ့တုန်းက မိုဒီဟာ မင်းအောင်လှိုင်ကို နယူးဒေလီမှာရှိတဲ့ ဟိုင်ဒါရာဘတ်ဟောက်စ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့
ဆုံမှုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ချိန်မှာ မိုဒီက မြန်မာ သမ္မတလို့ သုံးနှုန်းခဲ့တာကြောင့်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ဒါအပြင်မြန်မာပြည်သူ​တွေကလည်း အဲဒီ​တွေ့ဆုံမှုအ​ပေါ် ပြင်းထန်စွာကန့်ကွက်တဲ့ မှတ်ချက်​တွေ​ရေးသားကြတာ​တွေ့ရပါတယ်။

မိုဒီက မင်းအောင်လှိုင်နဲ့ အပြုသဘောဆန်တဲ့ တွေ့
ဆုံမှုမျိုး ဖြစ်ခဲ့ကြောင်း၊ သမ္မတ ရာထူးကို ရယူပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မင်းအောင်လှိုင်က အိန္ဒိယကို ရွေးချယ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိကြောင်း ရေးသားထားခဲ့ပါတယ်။

မိုဒီက အင်ဒို-ပစိဖိတ် ရပ်ဝန်းအပါအဝင် အိန္ဒိယရဲ့ အရှေ့ဖက် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကို ဦးစားပေး မြှင့်တင်မယ့် မူဝါဒနဲ့အညီ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ မိတ်ဖက်ကောင်း၊ အကျပ်အတည်း ကာလတွေမှာ အစောဆုံး တုံ့ပြန်သူအဖြစ် ဆက်လက် သတ်မှတ်ရင်း ထောက်ခံကူညီနေမယ်လို့လည်း ဆိုပါတယ်။

သူနဲ့ မင်းအောင်လှိုင် တွေ့ဆုံချိန်မှာ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္တုကိစ္စ၊ ကုန်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရှေးဟောင်း အမွေအနှစ်တွေ မွမ်းမံထိန်းသိမ်းရေး၊ စွမ်းဆောင်ရည် မြှင့်တင်မှုစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်းလည်း မိုဒီက အတည်ပြုထားခဲ့ပါတယ်။
🖕27❤6🤮5👎2🤬1
မင်းအောင်လှိုင်ဟာ မိုဒီရဲ့ ဖိတ်ခေါ်မှုအရ မေလ ၃၀ ရက်နေ့မှာ အိန္ဒိယကို ၄ ရက်ကြာ အလည်အပ
တ် ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုဒီနဲ့ တွေ့ဆုံချိန်အတွင်း မင်းအောင်လှိုင်က အိန္ဒိယ ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံဆီ အလည်အ
ပတ် လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း အိန္ဒိယ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား- Indian Express
🖕31👎5🔥3❤2
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် နဲ့
အိန္ဒိယဝန်ကြီးချုပ်မိုဒီ ။ဓါတ်ပုံ-AFP
🖕33🤮8🔥5👎3❤1👍1🤬1💩1
နိုင်ကျဉ်းဟောင်း ကဗျာဆရာ၊ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်

ဇွန်-၂၊၂၀၂၆။ဆဏ်း/People's Spring

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်
တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

"ကိုကြီးရာ ကိုကြီးပြောတော့ “မသေကြေး “ဆို။
ကျနော်အခုရေးနေတဲ့ဇာတ်ညွှန်းကိုဖတ်ပေးမယ်ဆို။ဒီနှစ်ထဲမှာ အဖေဆုံးတယ်။အခု ဦးလေးဆုံးတယ်။ ဘာလဲကွာမင်းအောင်လှိုင် မအေလိုးကြီးကြောင့်အဖေဆုံးတော့လည်း မတွေ့ရ။အခု ဦး
လေးဆုံးတော့လည်း မဆုံရ။ဘယ်သူ့ကိုမှ မပြုစုရ။ကိုကြီးရေ ကောင်းရာသုဂတ်ိလားပါစေ" လို့ ဒါရိုက်တာကိုပေါက်ရဲ့ ‌‌ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့ (ဇွန် ၂)နံနက် ပိုင်းမှာ​ရေးသားထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကင်ဆာဆဲလ်တွေ ပြန့်နေတဲ့အကြောင်းကို ၂၀၂၅ ဇန်နဝါရီမှာသိခဲ့ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ရေးသားခဲ့ဖူးပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ပဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုထားကြပါတယ်။

"နောက်ဆုံးအချိန်အထိယုံကြည်ရာကို သစ္စာမဖောက်ခဲ့သူ။သိက္ခာကိုရိက္ခာနဲ့ မလဲခဲ့သူ။အေးချမ်း
ရာမှာ ငြိမ်းချမ်းပါစေ။ကြေကွဲဝမ်းနည်းစွာ"လို့ ၈၈ မျိုးဆက်​ခေါင်း​ဆောင်တဦးဖြစ်တဲ့မနီလာသိန်းက ဆုတောင်းပေးထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ ၊နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရား
စွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်​နေ့မှာ ဒါပဲ ရိုက်တာမင်းထင်ကိုကိုကြီး က စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုထပ်မံခံခဲ့ရပါတယ်။ ထောင်ဒဏ်န ၂ နှစ် နီးပါးထပ်မံကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်
တာမင်းထင်ကိုကိုကြီးက NLD အောင်နိုင်ရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ က
ဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

"အစ်ကို အိပ်မက်တွေရဲ့အလွန်ကိုထွက်သွားပြီပေါ့…။အမြဲတမ်းသတိရနေမှာပါ အစ်ကို။ကျ
နော်တို့ပြန်ဆုံမှာပါ။ဒီနေရာမှာတော့… မဟုတ်တော့ဘူးပေါ့" လို့နာမည်​​ကျော်သရုပ်​ဆောင်​ဒေါင်းကလည်း မင်းထင်ကိုကိုကြီး ကွယ်လွန်ခြင်းအ​ပေါ်
​ရေးသားထားပါတယ်။
😢52❤3🙏3🤮2👎1
😢67🥰2🤮1🙏1
အထည်ချုပ်လုပ်ငန်း ကုန်ကြမ်းတင်သွင်းမှု စစ်ကောင်စီ ကန့်သတ်

ဇွန် -၂ ၊၂၀၂၆။မိုမို/People's Spring

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့သွင်းကုန်လိုင်စင်အပြင် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ(FESC )ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်လာတယ်လို့ အထည်ချုပ်လုပ်ငန်းနဲ့ ဆက်စပ်သူအချို့က ဆိုပါတယ်။

"CMP (ညှပ်-ချုပ်-ထုပ်) လုပ်ငန်းတွေ ကုန်ကြမ်းတင်သွင်းဖို့ လိုင်စင်ကို FESC Approval ခွင့်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ အပတ်က သတင်းတွေ ထွက်လာပါတယ်။ စာနဲ့ ထွက်တာမဟုတ်ပေမယ့် သတင်းကတော့ မှန်တယ်လို့သိရပါတယ်။လိုင်စင်ကျဖို့ ကြာမြင့်ချိန်ဟာ အရင်ကထက် အချိန်တွေပိုကြာသွားတော့မှာ ဖြစ်ပါတယ်"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်ရမယ့် နောက်ထပ်စိန်ခေါ်မှု လို့ သူက ဆိုပါတယ်။

FESC က ခွင့်ပြုပေးရမယ့် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ တရား၀င်အကြောင်းကြားစာ မရောက်သေးဘူးလို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဘက်က လူထုနွေဦးကို ပြောပါတယ်။

"လုပ်ငန်းစဉ်က စနေပြီး ။စက်ပစ္စည်း အပိုမှာရင်အော်ဒါအသစ် ရှိကြောင်းပြရမယ်။ ပို့ကုန်ဒေါ်လာအားလုံး နိုင်ငံခြား‌ ငွေရင်းနှီးမြုပ်နှံမှုထံက‌ နေတဆင့်ငွေအားလုံးကိုဗဟိုဘဏ်ထံစာရင်းသွင်းပေးရတယ်။ လိုအပ်တဲ့ကစ္စည်းဒေါ်လာနဲ့ ၀ယ်ဖို့ဆိုရင် ကုန်သယ်ကြီးများအသင်းထံတင်ပြခွင့်ပြုချက်ရယူဖို့ ဒေါ်လာငွေပြရမယ်။အပ်ချုပ်စက်လို ပစ္စည်းတွေက ပြည် တွင်းမှာမရှိတဲ့ဟာလေ။CMP တွေရဲ့ဒုက္ခ မသေးတော့ဘူး"လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ ၃ ဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။

"ကန့်သတ်ချက်က ကုန်သွယ်မှုလိုငွေ ပြတာကြောင့်လဲပါကောင်းပါနိုင်ပေမယ့် ဒီပုံစံအတိုင်းဆို အထည် ချုပ်လုပ်ငန်းတွေ အသက်ရှုကြပ်ကြတော့မယ်။တဆက်တည်းမှာပဲ လုပ်ငန်းခွင်က အလုပ်သမားထုပါ အနည်းနဲ့အများသက်ရောက်လိမ့်မယ်"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ၃၆၇ ခုရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အခုနှစ် ဧပြီက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅ သန်းကို ကျပ် လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေ ရဲ့ တစ်ဝက် နဲ့ ၂၀၂၅ မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

ကျန်ရှိတဲ့ နိုင်ငံခြားငွေကိုလည်း လက်ရှိဗဟိုဘဏ် ထိန်းချုပ်ထားတဲ့ အွန်လိုင်းစျေးကွက်ကနေပဲ တစ်ဒေါ် လာ ကျပ် ၃,၅၀၀ ဝန်းကျင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက လဲလှယ်ရပါတယ်။

ဒီကနေ့ နိုင်ငံခြားငွေ ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာ ဝယ်စျေး ၄,၂၀၀ ကျပ် နဲ့ ရောင်းစျေး ၄,၃၀၀ ဝန်းကျင် ရှိပါတယ်။
👍22❤3👎3🔥2🤬1😡1
👍17🔥5❤1👎1🤮1
မြိုင်မှာ စစ်တပ်အထိနာပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ

ဇွန်-၂၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့နယ်၊စက်မှု (၂)ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းကျေးရွာ ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"အိမ် ၂၀လောက် ကုန်တယ်ပြောတယ်"လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ဝက်ပုတ်အုပ်စုမှ ကျေးရွာ ၄ ရွာ၊ ဝါးရင်းချိုင်၊ ပေပင်တိုက်၊ ချောင်းဦးတို
၊အိုင်းမ၊ ကျောက်တိုင် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆရာထွေးက ပြောပါတယ်။

စစ်ရှောင်အရေအတွက် များနေတာကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ရက်တွေမှာလည်း စစ်ကြောင်းထိုးနိုင်တာကြောင့် မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှ ပြည်သူများအားလုံး သတိပြုနေထိုင်ကြဖို့ We Love Myaing အဖွဲ့က သတိပေးထားပါတယ်။

ဇွန်လ ၁ရက်လည်း မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မကျေးရွာကို စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့
လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။ ညနေပိုင်းမှာလည်း ဝက်ပုတ်ကျေးရွာ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်က လင်းကတောစခန်းကနေ ရွာတွေပတ်မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်လို့ စစ်တပ်အထိနာခဲ့ပြီးနောက် ယခုလို စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်တပ်ဟာ ရက် ၁၀၀စီမံချက်မှာ မြိုင်နယ်ကို ရိက္ခာဖြတ်တောက်ထားပြီး ပခုက္ကူမြို့အထွက်ကနေ ကုန်ပစ္စည်းသယ်ယူတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်နေပါတယ်။
👍23❤4🤬4😱1🥴1
(၂၀၂၆ မေလ ၂၆ရက်က တိုက်ခိုက်ခံရသည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)
👍22👎1🥰1🥴1
လစာထုတ်ပြန်လာတဲ့ တပ်ကြပ်ကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး

ဇွန်-၂၊ ၂၀၂၆။ ရှိန်း/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

တပ်ကြပ်ရန်နိုင်ဟာ မေလ ၃၀ ရက်မှာ မနက်၈နာရီမှာ ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြား၊ ခရိုင်ချင်းဆက်လမ်းအတိုင်းလာစဉ် ငါးပြေမတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလို့ ဖော်ပြပါတယ်။

အဲဒီဖမ်းဆီးမှုမတိုင်ခင် မေလ ၂၉ ရက်မှာ နေ့စားစက်မောင်း တပ်သားကျော်ဦးနဲ့ တပ်ကြပ်ရန်နိုင်တို့ဟာ ရွှေပန်းတောကျေးရွာကနေ လစာထုတ်ပြီးအပြန် ရန်ဖြစ်ခဲ့ကြရာ တပ်သားကျော်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တပ်ကြပ်ရန်နိုင်ကို ဆသလ(၂)ကိုယ်ပိုင်ကဒ်ပြား၊ဖုန်းနဲ့ ငွေသား၄၃၀,၀၀၀ကျပ်တို့နဲ့အတူ ဖမ်းဆီးထားတယ်လို့ ငါးပြေမပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။
👏31❤3🤣3👍2🥰1
🤣21👍17👏2🥰1
အုတ်ဖိုမှာ PDF က ရဲကွန်မန်ဒို ၁ဦး လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦး ကယ်တင်

ဇွန် -၂၊၂၀၂၆။ဖိုးသား/People's Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ချောင်းခွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း ရိက္ခာလာရောက်ပို့တဲ့ နေပြည်တော်ရဲတပ်ရင်း (၁၇)က ရဲကွန်မန်ဒို မင်းမင်းထွန်း ဆိုသူကို မေလ ၃၁ရက်က ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

အဲဒီ ဖမ်းဆီးရမိမှုအတွင်း ပြီးခဲ့တဲ့ မေ ၂၀ ရက်က စစ်တပ်စစ်ကြောင်းထိုးစဉ် အုတ်ဖိုမြို့နယ်၊ သရက်တောကျေးရွာက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဒေသခံ ကိုပိုင် (ခ)အောင်ပိုင်စိုး ဆိုသူကိုလည်း တပါးတည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

"ဖမ်းမိတာတစ်ယောက်ပေါ့ ။ကျန်းတဲ့တစ်ယောက်က သရက်တောကနေ ပေါ်တာဆွဲလာတဲ့ ကလေးကို စစ်တပ်က စစ်၀တ်စုံတွေ ၀တ်ပေးထားတာ"လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲနဲ့ ကယ်တင်နိုင်ခဲ့တဲ့ ပြည်သူကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှု‌တွေ ကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀ ရက်ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖိုမြို့နယ်ကို စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ စစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချောင်းဂွ၊မြောင် နဲ့ ကြိုးကြာကွင်းကျေးရွာအနီးမှာ စစ်တပ်က တပ်ဖြန့်ထားတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် ဒေါင်းကြီး၊ ဒေါင်းလေး၊ ကျီးပင်ဆိပ်၊ မအူတန်း၊ ဝင်းသရက်၊ သရက်နှစ်ပင်လိမ်၊ ကိုင်းရှိုကြီး၊ သာလိကာ၊ ချောင်းခွကြီး၊ ကျွဲတဲကုန်း၊ ကြိုးကြားကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ ထွက်တိုး၊ ရေငံ၊ စမ်းသုခ၊ ကိုင်းတောစု၊ ကြို့ကိုးပင်၊ ချင်းစု၊ ကျွဲဖြူမ၊ ရွာရှောင်၊ ကိုင်းကြီး၊ ကိုင်းလေး၊ တင်းကုတ်နဲ့ ကျေးပြတ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၂သောင်း၀န်းကျင် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
👍29👏5❤2🥰1🥴1
(ဖမ်းဆီးမိတဲ့ ရဲကွန်မန်ဒိုနဲ့ ပေါ်တာဆွဲခံရသူကို တော်လှန်ရေးရဲဘော်တွေနဲ့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄)
👍32👏8❤4🥰1🥴1
ဒါရိုက်တာ မင်းထင်ကိုကိုကြီးနာရေး အကျဥ်းခြုံးပြီး နေ့ချင်းပြုလုပ်

ဇွန်-၂၊၂၀၂၆။ဆဏ်း/People's Spring

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ နေ့ချင်း သဂြိုလ်ခဲ့တယ်လို့ ကဗျာဆရာသစ္စာနီက အသိပေးထားပါတယ်။

"ငြိမ်းချမ်းစွာ တိတ်ဆိတ်စွာ။ မင်းထင်ကိုကိုကြီစျာပနကို ရေဝေးမှာပဲ ၁၂နာရီလောက်က ကျန်ရစ်သူ မိသားစုရဲ့ဆန္ဒအရ အကျဥ်းခြုံးပြီး ငြိမ်သက်စွာတိတ်ဆိတ်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။သူ့မိတ်ဆွေ ကဗျာဆရာ အနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။" လို့ ရေးသားထားပါတယ်။

မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရော‌ဂါကို ခံစားနေခဲ့ရတာဖြစ်ပြီး ဒီနေ့(ဇွန် ၂) နံနက်မှာ ကွယ်လွန်သွားတာပါ။

သူ့ရဲ့ကွယ်လွန်မှုအပေါ် တော်လှန်ရေးအင်အားစုတွေ အပါအဝင် ရင်းနှီးတဲ့ မိတ်ဆွေတွေက နှမြောတသဖြစ်ကြောင်း နဲ့ ဆုတောင်းစကားတွေ ရေးသားပေးထားကြပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရား
စွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဒါပဲ ရိုက်တာမင်းထင်ကိုကိုကြီးကို စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက NLD ပါတီ အောင်နိုင်ရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။
😢48❤4🤮1💔1
(ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးအခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ - Thit Sar Ni)
😢49👍5🤮1