People's Spring
✔
60K subscribers
71.5K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရန်ကုန် Paradise ကလပ်က DJ တီးသူအပါအဝင်လူငယ် ၂၀ ကျော်ဖမ်းဆီခံရ

ဇွန်-၁၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့
ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူ​တွေက​​ပြောပါတယ်။

မေ ၂၈ ရက်ညပိုင်းက သတင်းပေးတိုင်ကြားမှုအရ ဆိုတဲ့အ​ကြောင်းပြချက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၁ ရက်​နေ့အထိ ပြန်မလွတ်သေးဘူးလို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

"သူတို့က လိုင်စင်လည်းသက်တမ်းမတိုးထားဘူး။ ပြီးတော့ မူးယစ်ဆေးဝါးဘာညာရောင်းချတယ်လို့ သတင်းရထားတာ။ အခုနောက်ပိုင်းက Hi ခန်းတွေဖွင့်ခွင့်မရှိဘူး။ အကုန်ပိတ်ထားရတာ။ ပြောရရင် သူလည်း Hi ခန်းပဲ။ အခုကတော့ညှိနှိုင်းနေတုန်းလို့ပြောတယ်။ ပိုက်ဆံနဲ့ပြန်ရွေးရမှာပေါ့"လို့ဖြစ်စဥ်ကိုသိရှိသူတဦးကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ရက် ၁၀၀ စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ နိုက်ကလပ်၊ စင်တင်၊ KTV ၊ Hi ခန်းတွေကို လိုင်စင်မရှိပဲ မဖွင့်ရဘူးလို့ အသိ​ပေးထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် နာမည်ကြီး Radio Bar ၊Transporter
Barအပါအဝင် စင်တင်ဖျော်ဖြေရေးတွေပါတဲ့ Bar အချို့လည်းပိတ်ထားရသလို KTV တွေကိုလည်း ပိတ်ထားရတယ်လို့ ​ဘား​တွေကိုသွား​ရောက်​လေ့ရှိသူအချို့က​ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ နိုက်ကလပ် (Night Club) အများစုဟာ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိသာ ဖွင့်ရမယ်ဆိုပြီးစစ်တပ်ကအချိန်ပြောင်းလဲသတ်
မှတ်ထားပါတယ်။

စစ်တပ်က အခုနှစ်ပိုင်းအတွင်းမှာ ရန်ကုန်အပါ
အဝင် စစ်တပ်ထိန်းချုပ်ထားတဲ့မြို့​တွေမှာ ဘုရားပွဲ​တွေအပါအဝင် ​​ပျော်ပွဲရွှင်ပွဲ​တွေ၊ဘောလုံးပြိုင်ပွဲ​တွေ ၊မာရသွန်အ​ပြေးပြိုင်ပွဲ​စသဖြင့် ပွဲ​တော်​တွေကိုဆက်တိုက်လုပ်ခိုင်းခဲ့ပါတယ် ။စစ်တပ်စိတ်တိုင်းကျစီစဥ်ထားတဲ့ စစ်တပ်​ရွေး​ကောက်ပွဲက​နေ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် ဦး​ဆောင်တဲ့အစိုးရဆိုပြီးထပ်ဖွဲ့ပြီး ရက် ၁၀၀ စီမချက်ဆိုပြီး အရင်ကအကန့်အသတ်မရှိ​ပျော်ပါးခွင့်​ပေး​နေတဲ့ ဘား​တွေ ၊ကလပ်​တွေ ၊KTV ​စတာ​တွေကိုအခုလိုပြန်ကန့်သတ်​နေတာဖြစ်ပါတယ်။

ဒါပမယ့် အာဏာသိမ်းစစ်တပ်ကရန်ကုန်မှာ ညမထွက်ရအမိန့်ကို ပယ်ဖျက်ပြီး လူငယ်​တွေကို အိမ်​ပေါ်ထိတက်ပြီး ​ပေါ်တာဆွဲတာ ၊အလုပ်ကအပြန်​ပေါ်တာဆွဲတာ ၊ညဘက်အပြင်ထွက်​နေရင်း​ အုပ်စုလိုက်ကား​တွေနဲ့ ​ပေါ်တာဆွဲတာစသဖြင့် ပုံစံမျိုးစုံနဲ့​ပေါ်တာဆွဲတာ​တွေများ​နေတယ်လို့ မြို့ခံ​တွေက​ပြောပါတယ် ။
🔥18❤7👏6😁4
Paradise ကလပ်ဖွင့်ခဲ့စဥ်က ဒီ​ဂျေတီးလုံး​တွေနဲ့က​နေသူ​တွေ။ဓါတ်ပုံ-Paradise Entertainment တစ်​တော့
🔥15👏7
■Photo News

တမူးခရိုင်အမှတ်(၂)တပ်ရင်းကတတိယအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဇွန်-၁၊၂၀၂၆။မိထက်/People's spring

အမျိုးသားညီညွတ်ရေးအစိုးရ၊‎ကာကွယ်ရေးဝန်
ကြီးဌာန၊ ‎အမှတ်(၁)စစ်ဒေသ၊ ‎တမူးခရိုင်၊အမှတ် (၂)တပ်ရင်းရဲ့ ‎တတိယအကြိမ်မြောက် တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီနေ့ ဇွန်လ ၁
ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အစည်းဝေးမှာ စစ်မြေပြင်တပ်မှူးတွေ၊ လက်နက်
ကြီးအဖွဲ့၊ တပ်ရင်းဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့ ၊ တပ်ရင်းစက်ချုပ်ဌာန၊ တပ်ရင်းစိတ်ဓာတ်မြှင့်တင်ရေးအဖွဲ့၊ တပ်ရင်းမိုင်းထုတ်လုပ်ရေးအဖွဲ့နဲ့ အရံတပ်ဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

တမူးခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ တပ်ရင်း ၆ ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ရှိပါတယ်။ ဒေသကာကွယ်ရေးတပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်
ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။

ဒေသကာကွယ်ရေးတပ်တွေထဲကအမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ မတ်လ ၂၀ရက်​မှာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့တာပါ။

NLA က ကွပ်ကဲမှုမခံယူခင်အထိ တမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ ရင်းရှိပါတယ်။ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့
တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၆)ရင်း ရှိလာတာ ဖြစ်ပါတယ်။
👍35❤4🔥2🥰1😁1
ဓါတ်ပုံ-တမူးခရိုင်၊အမှတ် (၂)တပ်ရင်း
👍50😁3🥰2🔥1
နောက်တစ်ယောက်ကတော့ ကိုသူရအောင်။ သူကတော့ အင်္ဂလိပ် Speaking တက်ဖို့ ရန်ကုန်ဆင်းလာတယ်။ ရွှေဘိုရောက်တော့ မိုးချုပ်နေလို့ ခရီးတထောက်နားတယ်။ ရွှေဘိုမြို့က တည်းခိုခန်းကိုသွားတည်းချိန် ညဘက်ဝင်ရောက်ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း သူက ပြောပါတယ်။

“ ကားပေါ်မှာအိပ်ရင် ပေါ်တာဆွဲခံရမှာစိုးလို့ တည်းခိုခန်းထဲ ဝင်အိပ်လိုက်တာ ပေါ်တာအဆွဲခံလိုက်ရတယ်။ အခန်းထဲထိ ဝင်ဆွဲခံရတာ။” လို့ ကိုသူရအောင်က ပြောတယ်။

ဆွဲတဲ့ညက သူနဲ့အတူတူ စစ်ကိုင်းက လူငယ်တစ်ယောက်လည်း အဆွဲခံရတယ်။ စစ်အုပ်စုဟာ သူတို့နှစ်ယောက်ကို ဖမ်းခေါ်ပြီး ရွှေဘိုမြို့ပေါ် ရပ်ကွက်ထဲတွေ အကုန်လုံးပတ်ပြီး ပေါ်တာဆက်ဆွဲဖို့ ကြိုးစားတယ်လို့ သိရတယ်။

“ သူတို့အင်အားက ၃၀ လောက်တော့ရှိမယ်။ အိမ်စီးကားတွေနဲ့ ရပ်ကွက်ထဲတွေပတ်ပြီး စုဆောင်းတာပေါ့။ အဲညကတော့ (တခြားပြည်သူတွေ) ကံကောင်းချင်တော့ ကျွန်တော်တို့နှစ်ယောက်ပဲ ပါလာတာ။” လို့ သူက ပြောတယ်။

ကိုသူရအောင်ကတော့ ရွှေဘိုလေ့ကျင့်ရေး ၈ ထဲနှစ်ပတ်နီးပါးနေခဲ့ရပြီး ရဟတ်ယာဥ်နဲ့ တပ်မ ၃၃ ကို ထပ်ပို့ခံရတယ်။ တပ်မ ၃၃ ထဲမှာ ၆ ရက်နေခဲ့ရတယ်။ ၆ ရက်ဆိုပေမဲ့ ကိုသူရအောင်အတွက် တစ်သက်စာမမေ့နိုင်တော့တဲ့အခိုက်အတန့်လို့ သူကတင်စားတယ်။

တပ်မ ၃၃မှာ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ ကလေးဝ၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ဒေသအသီးသီးက ပေါ်တာဆွဲခံရတဲ့သူတွေကို စုထားတာလို့ သူက ပြောတယ်။ သူတို့တတွေကို အကျဥ်းသားတွေလို ခြေကျင်းတွေခတ်လိုက်တယ်။ ဘားတိုက်ကြီးထဲမှာ ခန့်မှန်းခြေ လူ ၁၅၀ ကျော် လောက်ရှိတယ်။

ကျွေးတာကလည်း မသေထမင်းမသေဟင်းပဲ။ ဆန်ဆိုလည်း ဘဝတလျှောက်မစားဖူးတဲ့ဆန်ကြမ်းတွေ ချက်ကျွေးတယ်။ အိမ်သာတက်ရေချိုးလည်း အချိန် ၅ မိနစ်ပဲပေးတယ်။ “ မပြီးရင် အရိုက်ခံရတယ်။ အထိုးခံရတယ်” လို့ သူကဆိုတယ်။


https://www.ludunwayoo.com/feature-mm/2026/06/01/158696/
👍24😢4🤮4❤2
စစ်ရေးရည်မှန်းချက်တွေ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ကြိုးစားနေဟု NUG ယာယီသမ္မတ ပြော
 
ဇွန် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring
 
နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
 
မနေ့က ဇွန် ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး  ယာယီသမ္မတ မိန့်ခွန်းမှာ  SCEF လို့ခေါ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်မှုကို လွှတ်တော်မှာ ရှင်းလင်း အသိပေး ပြောကြားခဲ့ရာ အခုလို ရှင်းပြခဲ့တာပါ။
 
“ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးစုကြီးတခုလုံးကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဦးဆောင်ပုံဖော်ကြဖို့ ဖြစ်ပါတယ်။”လို့ ယာယီသမ္မတက SCEF အဖွဲ့ရဲ့ရည်ရွယ်ချက်ကို ပြောပါတယ်။
 
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အနေနဲ့ စစ်ရေးဖော်ဆောင်ဖို့အတွက် စစ်မဟာဗျူဟာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။

အဲဒီကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က စစ်ရေးခေါင်းဆောင် ၁၀ဦး ပါဝင်ဖွဲ့စည်းထားပါတယ်။

အဲဒီ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာပါဝင်တဲ့ ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ၂ဦးစီးဖြစ်ပြီး  စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရေးဆိုင်ရာ အဆုံးအဖြတ်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ကြတာ ဖြစ်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားပါတယ်။

စစ်ရေးဆိုင်ရာ ကော်မတီကို SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့က တိုက်ရိုက်ကွပ်ကဲတာဖြစ်ပါတယ်။ အဲဒီ မူဝါဒ ရေးရာ ဦးဆောင်အဖွဲ့မှာ အဖွဲ့ဝင် ၇ဦး ပါဝင်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးတို့ ဖြစ်ပါတယ်။
🥰22❤13👍8🤮1
(ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁) စစ်ဒေသက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသရုံး)
👍31🥰7❤4👏1🤮1
ရခိုင်မှာ စပါးစျေးမရ၊ သွင်းအားစုစျေးကြီးလို့ လယ်လုပ်သူတွေနည်းလာ

■စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်
ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော

ဇွန်-၂၊ ၂၀၂၆။ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအ
တွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေးကောင်းမရတာဘဲ အရှုံး​ပေါ်တဲ့အတွက်ကြောင့်လယ်သမားတွေဟာစပါးစိုက်ပျိုးတာကို​လျှော့ချလာကြတယ်လို့ စပါးစိုက်​တောင်သူလယ်သမား​တွေက​ပြောပါတယ်။

လက်ရှိမှာလယ်ယာလုပ်ငန်းအတွက်အဓိကလိုအပ်တဲ့ ဓါတ်မြေဩဇာ အဖြူတအိတ်ကို ကျပ်တသိန်းခွဲ၊ သုံးဥစပ် ဓါတ်မြေဩဇာတအိတ်ကို ကျပ်လေးသိန်းခွဲဝန်းကျင်ထိ လယ်ယာသွင်းအားစု​ စျေး​တွေကြီးနေပါတယ်။ဒါ့အပြင် မြတ်နှုတ်၊ ကောက်စိုက်အလုပ်သမားခဟာ လည်း တရက်မှာ ကျပ်နှစ်သောင်းဝန်းကျင် စျေးရှိနေတာပါ။

လယ်ယာလုပ်ငန်းကထွက်တဲ့ စပါးစျေးကတော့ ပေါ်ဆန်းမွှေးတင်း၁၀၀ကို ကျပ် ၁၅ သိန်း၊ ဖျာပုံပေါ်ဆန်းမွှေး တင်း၁၀၀ကို ကျပ် ၁၄ သိန်း၊ စပါးကြမ်းတင်းတရာကို ကျပ် ၁၂ သိန်းဝန်းကျင်သာ စျေးရှိနေပြီး ဝယ်မယ့်သူလည်း ရှားတယ်လို့ ​တောင်သူအချို့က​ပြောပါတယ်။

“လယ်ဧက တဆယ်ကျော်ရှိတယ်။ဒီနှစ် သုံးဧက လောက်ပဲလုပ်တော့မလို့၊ကိုယ့်မိသားစု ဝမ်းစာရအောင်ပဲ လုပ်တော့မယ်။ထွန်စက်နဲ့ ငှားထည့်ရတယ်။ကောက်စိုက်ဖို့ ငှားထည့်ရတယ်။ ကုန်ကျ
စရိတ်အားလုံးတွက်လိုက်ရင် မမြတ်တဲ့အပြင် ရှုံးပါရှုံးသေးတယ်။လယ်ဆိုတာလုံး၀မလုပ်လို့လည်း မရလို့သာ လုပ်နေရတာ” လို့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မင်းဘာကျေးရွာမှလယ်သမားတဦးက ပြောပါတယ်။

မင်းပြားမြို့နယ်ကြောင်ရှည်ချောင်းကျေးရွာမှ လယ်သမားတဦးကလည်းသူ့မှာရှိတဲ့ လယ်ဧက ၃၀ ကျော်ကို မလုပ်တော့ဘဲ ရွာမှာ ကုန်စုံဆိုင်ဖွင့်ပြီးပဲမိသားစုဝမ်းရေးဖြေရှင်းနေတယ်လို့ဆိုပါတယ်။

“လယ်မလုပ်တာဒီနှစ်နဲ့ဆိုသုံးနှစ်ရှိတော့မယ်။ အာ
ဏာသိမ်းပြီးကတည်းက မကိုက်တော့တာ။ နှစ်နှစ် လုပ်လိုက် တာ နှစ်နှစ်လုံးရှုံးတယ်။ ရာသီဥတုကလည်း မမှန်တော့ဘူး။ လယ်တွေ ရောင်းလို့လည်း မစွံဘူး။အိမ်ဆိုင်လေးပဲ ဖွင့်ထားတယ်။ မိသားစုတစားစာ ရတယ်။ အပိုအလျှံမရပါဘူး။ ဒါပေမယ့် လယ်လုပ်လို့ရှုံးမယ့်အတူထိုင်ပဲထိုင်နေလိုက်တော့တယ်”လို့ကြောင်ရှည်ချောင်းကျေရွာမှ လယ်သ
မားက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိတဲ့အနက် အခုနှစ်မှာ စပါးစိုက်ကြမယ့်လယ်ယာမြေဟာ ဧက ၅ သိန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အ စည်းတွေက ပြောကြပါတယ်။

“မနှစ်ကထက်ဝက်မပြည့်ဘူး။ငါးသိန်းကျော်၊ ခြောက်သိန်းပဲရှိမယ်။ဒီနှစ်ကတော့ အဲဒီထက်တောင် နည်းမယ်ထင်တယ်။ငါးသိန်းလောက်ပဲရှိနိုင်တယ်။အလွန်အကျွံ ခန့်မှန်းတာပါဒီဟာက။ဒီရွာမှာလည်း လယ်လုပ်တဲ့သူ တွေ တော်တော်နည်းလာတယ်” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်တုန်းက ရခိုင်ပြည်နယ်အတွင်းမှာမိုးစပါးကိုရာခိုင်နှုန်းပြည့်စိုက်ပျိုးခဲ့ကြပြီး စပါးတင်းတ ရာကိုလည်း ကျပ်သိန်း (၄၀) ဝန်း
ကျင်အထိ စျေးရခဲ့ကြပါတယ်။ဒါ့အပြင်သွင်းအားစုတွေဖြစ်တဲ့ဓါတ်မြေဩဇာဟာလည်းတသိန်းဝန်း
ကျင်သာ ရှိခဲ့ပြီး အလုပ်သမားခကလည်း ထောင်ဂဏန်းသာ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ စကြုံခဲ့ကြရပြီး မြို့သိမ်း တိုက်ပွဲတွေစပြီးနောက် အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တဲ့အခါ ရခိုင်ဒေသထွက် စပါး၊ ဆန်တွေကိုပြည်မ နဲ့ ပြည်ပနိုင်ငံတွေဆီတင်ပို့မရတော့တာကြောင့် စပါးဝယ်ယူသူပိုနည်းလာပြီး စျေးမရကြတော့ဘူးလို့​​တောင်သူ​တွေက​ပြောပါတယ်။
😢26❤5🥴3
ချောင်းဦးမှာ စစ်တပ် စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရ

ဇွန် ၂၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က ၂ရက်ဆက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

မနေ့က ဇွန်လ ၁ ရက် မနက်ပိုင်းကစတင်ပြီး မုံရွာမြို့၊ အနောက်​မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မုံရွာ-မန္တလေးလမ်းတလျှောက်က မြပုလဲရွာ၊ ငါးယှန်ရွာ၊ နတ်ရေကန်ရွာနဲ့ ဂွေးပင်တောကျေးရွာ အထိုင်စခန်းတွေက စစ်ကောင်စီတပ်တွေပေါင်းပြီး ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်က ရွာတော်လေးရွာ၊ မှန်ချိုရွာ၊ ဆင်မြေရွာ၊ ငါးလုံးတင်ရွာ၊ မထိသာရွာ၊ မင်းခေါင်ရွာ၊ မင်းတည်ရွာနဲ့
မကျည်းခွကျေးရွာတွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဇွန် ၁ရက်က ဘလွေရွာက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်း​ဆီးပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း ကား ၈ စီးနဲ့သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြည်သူတွေ လူသားဒိုင်းအဖြစ် ဖမ်းခံရတယ်ကြားတယ်။ မနေ့မနက်က မနက်စောစောထမင်းချက် ပြန်ကြတဲ့ ပြည်သူအများအပြား
အဖမ်းခံရတာ"လို့ အဆိုပါဒေသခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အား ၂၅၀ ဝန်းကျင်ပါရှိပြီး ဒီကနေ့မနက်မှာ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာ ဦးတည်စစ်ကြောင်း ထိုးနေကြောင်း သိရပါတယ်။

စစ်ကြောင်းထိုးနေလို့ မုံရွာ-မန္တလေးလမ်းကိုလည်း ယနေ့မနက်ပိုင်းအထိ ပိတ်ထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
🤬33👍2🔥2❤1👎1
(ချောင်းဦးနဲ့ မြောင်နယ်စပ်ရှိ စစ်ရှောင်ပြည် သူများအား ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CDSOM)
😢29🔥3👎2🤬1
ပေါက်တောမြို့နယ်အတွင်းကလယ်ယာမြေများ။ ။ဓါတ်ပုံ-KM
😢25👍1👎1🔥1
မြေရှားနဲ့ဓါတ်သတ္တုကိစ္စ မင်းအောင်လှိုင်ရဲ့
ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဆို

ဇွန်-၂၊၂၀၂၆။People's Spring

မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြား
ရေးဝန်ကြီးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ဇွန်လ ၁ ရက်နေ့ ဆွေးနွေးမှုတွေမှာ အဲဒီကိစ္စကို ညှိနှိုင်းခဲ့တာလို့ အိန္ဒိယ နိုင်ငံခြား
ရေး ဝန်ကြီးဌာန အတွင်းရေးမှူး ဗစ်ခ်မ် မီဆရီက အတည်ပြုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာမိုဒီ နဲ့ တွေ့ဆုံပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တာပါ။

ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာတော့ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ မဟာဗျူ
ဟာ ဓာတ်သတ္တုတွေ ပူးပေါင်း ထူတ်လုပ်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း၊ တကယ်တော့ အဲဒီကဏ္ဍနဲ့ ပတ်သက်လို့ ညှိနှိုင်းနေခဲ့တာ အချိန်အ
တိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ အခုတွေ့ဆုံမှုမှာတော့ နှစ်ဖက်ကြား မြေရှားသတ္တု ကိစ္စနဲ့ ပတ်သက်ပြီးအပြန်အလှန်ဆက်လက် ချိတ်
ဆက်နေကြဖို့၊ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နားလည်မှုရယူနိုင်ခဲ့ကြောင်းမီဆရီကပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တုတွေကို အိန္ဒိယ ကုမ္ပဏီတွေက ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ အိန္ဒိယဖက်ကပြောကြားမသွားသလိုသဘောတူညီမှုရဲ့ အ
သေးစိတ် အချက်အလက်တွေကိုလည်း မထုတ်ပြန်ပါဘူး။

မြေရှားသတ္တုတွေဟာ မိုဘိုင်းဖုန်းချစ်ပ်တွေ၊ သန့်
စင်စွမ်းအင် နည်းပညာတွေ၊ လျှပ်စစ်ကားတွေကနေ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့အထိ မရှိမဖြစ် လိုအပ်လာတဲ့ ဓာတ်သတ္တု အမျိုးအစားတွေပါ။ တရုတ်ဟာ မြေရှားသတ္တု သန့်စင်မှု နည်းပညာမှာ ဦးဆောင်နေသလို နိုင်ငံတကာ တင်ပို့မှု စျေးကွက် တစ်ခုလုံးနီးပါးကိုလည်း ချုပ်ကိုင်ထားပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ အပါအဝင် ကမ္ဘာ့ထိပ်တန်း စက်မှုအင်အားကြီး နိုင်ငံတွေဟာ တရုတ်ကို အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချဖို့အတွက် တခြား အရင်းအမြစ်တွေကို ရှာဖွေနေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာတော့ မြေရှားသတ္တုရိုင်းတွေ တည်ရှိနေပြီး တူးဖော်ရရှိသမျှ အများစုကိုတော့ လောလောဆယ် တရုတ်နိုင်ငံဆီကိုပဲ တင်ပို့နေပါတယ်။ ဒါအပြင် ​မြေရှားသတ္ထုအများဆုံးထုတ်ယူ​နေတဲ့ကချင်ပြည်နယ် ပန်ဝါ​ဒေသကိုလည်း KIA ကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ​မြေရှားတူး​​ဖော်မှု​တွေကလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရဲ့ထိန်းချုပ်ဧရိယာ​တွေမှာပဲဖြစ်ပါတယ် ။

မီဆရီက မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိ
ယနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေကိုပါ ဆွေးနွေးခဲ့ကြောင်းဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယဖက်က အဓိက အလေးထားခဲ့တာက
လေ့ကျင့်ရေး၊စွမ်းရည် တည်ဆောက်ရေးတို့လို
အပိုင်းတွေ အတွက်သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုကတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်
ငန်းစဉ်တွေနဲ့ ကိုက်ညီအောင် ကူညီ လေ့ကျင့်ပေးရေး ဖြစ်တယ်လို့ မာဆရီက ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့ဟာ ၁၆၄၃ ကီလိုမီတာ ရှည်
လျားတဲ့ နယ်စပ်မျိုး ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေး ကိစ္စတွေမှာအပြန်အလှန်ညှိနှိုင်းဆောင်
ရွက်မှုတွေ မလွဲမသွေ လိုအပ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ဇွန်လ ၁ ရက်နေ့တုန်းက မိုဒီဟာ မင်းအောင်လှိုင်ကို နယူးဒေလီမှာရှိတဲ့ ဟိုင်ဒါရာဘတ်ဟောက်စ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့
ဆုံမှုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ချိန်မှာ မိုဒီက မြန်မာ သမ္မတလို့ သုံးနှုန်းခဲ့တာကြောင့်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ဒါအပြင်မြန်မာပြည်သူ​တွေကလည်း အဲဒီ​တွေ့ဆုံမှုအ​ပေါ် ပြင်းထန်စွာကန့်ကွက်တဲ့ မှတ်ချက်​တွေ​ရေးသားကြတာ​တွေ့ရပါတယ်။

မိုဒီက မင်းအောင်လှိုင်နဲ့ အပြုသဘောဆန်တဲ့ တွေ့
ဆုံမှုမျိုး ဖြစ်ခဲ့ကြောင်း၊ သမ္မတ ရာထူးကို ရယူပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မင်းအောင်လှိုင်က အိန္ဒိယကို ရွေးချယ်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိကြောင်း ရေးသားထားခဲ့ပါတယ်။

မိုဒီက အင်ဒို-ပစိဖိတ် ရပ်ဝန်းအပါအဝင် အိန္ဒိယရဲ့ အရှေ့ဖက် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးကို ဦးစားပေး မြှင့်တင်မယ့် မူဝါဒနဲ့အညီ မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ မိတ်ဖက်ကောင်း၊ အကျပ်အတည်း ကာလတွေမှာ အစောဆုံး တုံ့ပြန်သူအဖြစ် ဆက်လက် သတ်မှတ်ရင်း ထောက်ခံကူညီနေမယ်လို့လည်း ဆိုပါတယ်။

သူနဲ့ မင်းအောင်လှိုင် တွေ့ဆုံချိန်မှာ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္တုကိစ္စ၊ ကုန်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရှေးဟောင်း အမွေအနှစ်တွေ မွမ်းမံထိန်းသိမ်းရေး၊ စွမ်းဆောင်ရည် မြှင့်တင်မှုစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်းလည်း မိုဒီက အတည်ပြုထားခဲ့ပါတယ်။
🖕27❤6🤮5👎2🤬1
မင်းအောင်လှိုင်ဟာ မိုဒီရဲ့ ဖိတ်ခေါ်မှုအရ မေလ ၃၀ ရက်နေ့မှာ အိန္ဒိယကို ၄ ရက်ကြာ အလည်အပ
တ် ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုဒီနဲ့ တွေ့ဆုံချိန်အတွင်း မင်းအောင်လှိုင်က အိန္ဒိယ ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံဆီ အလည်အ
ပတ် လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း အိန္ဒိယ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား- Indian Express
🖕31👎5🔥3❤2
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် နဲ့
အိန္ဒိယဝန်ကြီးချုပ်မိုဒီ ။ဓါတ်ပုံ-AFP
🖕33🤮8🔥5👎3❤1👍1🤬1💩1
နိုင်ကျဉ်းဟောင်း ကဗျာဆရာ၊ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်

ဇွန်-၂၊၂၀၂၆။ဆဏ်း/People's Spring

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်
တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

"ကိုကြီးရာ ကိုကြီးပြောတော့ “မသေကြေး “ဆို။
ကျနော်အခုရေးနေတဲ့ဇာတ်ညွှန်းကိုဖတ်ပေးမယ်ဆို။ဒီနှစ်ထဲမှာ အဖေဆုံးတယ်။အခု ဦးလေးဆုံးတယ်။ ဘာလဲကွာမင်းအောင်လှိုင် မအေလိုးကြီးကြောင့်အဖေဆုံးတော့လည်း မတွေ့ရ။အခု ဦး
လေးဆုံးတော့လည်း မဆုံရ။ဘယ်သူ့ကိုမှ မပြုစုရ။ကိုကြီးရေ ကောင်းရာသုဂတ်ိလားပါစေ" လို့ ဒါရိုက်တာကိုပေါက်ရဲ့ ‌‌ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့ (ဇွန် ၂)နံနက် ပိုင်းမှာ​ရေးသားထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရောဂါ ခံစားနေရတာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကင်ဆာဆဲလ်တွေ ပြန့်နေတဲ့အကြောင်းကို ၂၀၂၅ ဇန်နဝါရီမှာသိခဲ့ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ရေးသားခဲ့ဖူးပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပြီး ကွယ်လွန်ချိန်အထိ သူယုံကြည်ရာကို သစ္စာမဖောက်ပဲ ရပ်တည်ခဲ့သူဖြစ်ကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ရေးသားဂုဏ်ပြုထားကြပါတယ်။

"နောက်ဆုံးအချိန်အထိယုံကြည်ရာကို သစ္စာမဖောက်ခဲ့သူ။သိက္ခာကိုရိက္ခာနဲ့ မလဲခဲ့သူ။အေးချမ်း
ရာမှာ ငြိမ်းချမ်းပါစေ။ကြေကွဲဝမ်းနည်းစွာ"လို့ ၈၈ မျိုးဆက်​ခေါင်း​ဆောင်တဦးဖြစ်တဲ့မနီလာသိန်းက ဆုတောင်းပေးထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ ၊နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရား
စွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်​နေ့မှာ ဒါပဲ ရိုက်တာမင်းထင်ကိုကိုကြီး က စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုထပ်မံခံခဲ့ရပါတယ်။ ထောင်ဒဏ်န ၂ နှစ် နီးပါးထပ်မံကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်
တာမင်းထင်ကိုကိုကြီးက NLD အောင်နိုင်ရေးအ
တွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ က
ဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

"အစ်ကို အိပ်မက်တွေရဲ့အလွန်ကိုထွက်သွားပြီပေါ့…။အမြဲတမ်းသတိရနေမှာပါ အစ်ကို။ကျ
နော်တို့ပြန်ဆုံမှာပါ။ဒီနေရာမှာတော့… မဟုတ်တော့ဘူးပေါ့" လို့နာမည်​​ကျော်သရုပ်​ဆောင်​ဒေါင်းကလည်း မင်းထင်ကိုကိုကြီး ကွယ်လွန်ခြင်းအ​ပေါ်
​ရေးသားထားပါတယ်။
😢52❤3🙏3🤮2👎1
😢67🥰2🤮1🙏1