ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ(၅) ဦးစီးတဲ့ ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ကမမောင်း-ဖာပွန်ကားလမ်းပေါ်က ရေပူကျေးရွာတဝိုက်ကို ရောက်လာပြီး KNU တပ်မဟာ(၅) ပူးပေါင်းတပ်က ပိတ််ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့စစ်သားတွေကို ကမမောင်းမြို့ဘက်ဆီ ပြန်ခေါ်ပြီး ဆေးကုပေးနေတယ်လို့ ကမမောင်းအခြေစိုက် ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့ နီးစပ်တဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ကမမောင်းမြို့ အုန်းတောရွာအခြေစိုက် ဗိုလ်မှူးမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တွေက လိုက်ပါလမ်းပြပေးနေတာလို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။
◾️အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးစာရင်းမှာ မြန်မာ ဆက်လက်ပါ၀င်
မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဆက်လက် ပါ၀င်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ITUC)က ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ကစပြီး မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါဝင်နေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က ဖော်ပြပါတယ်။ ၂၀၂၆ အတွင်း အလုပ်သမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံကတော့ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းပိုဆိုးလာတာက လုပ်ငန်းရှင်တွေက အလုပ်သမားတွေ တိုင်းတန်းမကြိုက်ဘဲ သမဂ္ဂအဖွဲ့၀င်တွေကို အလုပ်ကနေ ထုတ်ပစ်တယ်လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ စက်ရုံအများစုကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၀င်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
◾️မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေ ဝေဖန်
အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ အစုအဖွဲ့(APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ဒီမိုကရေစီအရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေတဆင့် သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ APHRကတော့ အိန္ဒိယ အစိုးရရော၊ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီပါ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံမှုတွေကို ရုပ်သိမ်းဖို့၊ မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို လေးစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ တရားဝင်သမ္မတမဟုတ်ဘူးလို့ APHRရဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ် ခရစ္စတီး ဘာရန်းစ်က ပြောကြားခဲ့ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်ခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ခံ မြန်မာအစိုးရကို အဓမ္မ ဖယ်ရှားပြီး ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျူးလွန်ခဲ့ကြောင်း သူက ဆိုပါတယ်။ အိန္ဒိယရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာ အိမ်နီးချင်းတွေ၊ အထူးသဖြင့်အရှေ့ပိုင်းဒေသက နိုင်ငံတွေနဲ့အတူ တည်ငြိမ်မှု၊ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးကို အခြေပြုထားကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အဲဒီ ရည်မှန်းချက်တွေ ထိခိုက်ယိမ်းယိုင်ခဲ့ရကြောင်းလည်း APHRက ထောက်ပြခဲ့ပါတယ်။
◾️တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်တပ် တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။ မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၀၁) တပ်ရင်းက တပ်သား ၁ဦးဟာ ဇွန်လ ၁ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာတဲ့ စစ်တပ်တပ်သားဟာ MA 2 အမျိုးအစား လက်နက် ၁လက် ယူဆောင်လာကြောင်း အသိပေးထားသလို မှတ်တမ်းဓာတ်ပုံမှာ KNLA တပ်မှူးတစ်ဦးက အလင်းဝင်တပ်သားကို ဆုငွေပေးအပ်နေတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။
◾️တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ

🔥10👍6❤4
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ဇွန်လ ၁ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်ကနေ ၁၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာပါ။ တောင်ကုတ်မြို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နဲ့ ရခိုင်ရိုးမခြားပြီး ဆက်စပ်နေပါတယ်။ ပန်းတောင်းမြို့နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
◾️စစ်အာဏာရှင်စနစ်က ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်လို့ ညီညွတ်မှုပြပြီး နိုင်ငံနဲ့ ပြည်သူကို ဝိုင်းစောင့်ရှောက်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း
ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုကို ပုံစံမျိုးစုံ ဒုက္ခပေးနေတာ တွေ့နေရပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူ့ဒုက္ခတွေ အမြန်ဆုံး နိဂုံးချုပ်အောင် ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားပါတယ်။ ဒီနေ့ ဇွန်လ ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမအကြိမ် အစည်းအဝေးမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံ၊စီးပွားရေး အခြေအနေ ဆိုးရွားလာမှု ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ နိမ့်ကျယိုယွင်းလာမှုနဲ့ ပြည်သူလူထုရဲ့ လုံခြုံမှု လုံး၀နီးပါး ဖျက်ဆီးခံရမှု အခြေအနေတွေကို ပြောပြကာ ဒီအခြေအနေတွေက လွတ်မြောက်ရေး ဝိုင်းကြိုးပမ်းဖို့ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကပေးတဲ့ အထွေထွေသော ဒုက္ခတွေကို ပြည်သူတရပ်လုံးက ခါးစည်းခံနေရပြီး စစ်အာဏာရှင်ဟာ စစ်တပ်အကျိုးစီးပွားနဲ့ အာဏာအကျိုးစီးပွားအတွက် နိုင်ငံနဲ့ ပြည်သူကို နင်းချစတေးနေတာ စိတ်မကောင်းစွာ တွေ့ရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်တာဝန်ယူတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ညီညွတ်ရေး အရေးကြီးသလို ညီညွတ်မှုနဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အင်မတန် အရေးကြိးတယ်လို့ လွှတ်တော်အစည်းအဝေးမှာ အမှာစကား ပြောကြားခဲ့ပါတယ်။
◾️တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၃၁ရက်က ကျောက်ပန်းတောင်းမြို့နယ်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး မြင်းခြံကုန်းရွာဘက်ရောက်နေတယ်လို့ သိရပါတယ်။ ဘုရားလှကျေးရွာဘက်ကလာတဲ့ စစ်ကြောင်းဟာလည်း ခြုံကြီးရွာကနေ ညောင်တိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး နေအိမ်တချို့မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝဲလောင်-တောင်သာလမ်းပိုင်းက စစ်ကြောင်းကလည်း ကိုင်းချောင်းတံတားထိပ်မှာ ဂိတ်ချပြီး လမ်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ
မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။ ဒီနေ့ ဇွန်လ ၁ ရက် မနက် ၁၂ နာရီခန့်က မြိုင်မြို့နယ်၊ လက်ယက်မ(စံပြ)ကျေးရွာအရှေ့တောင်ပိုင်း ဆေးရုံ တောင်ဘက်တစ်လမ်းကျော်ကို မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ အသေခံ ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️မင်းတုန်းအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ သရက်မြို့အခြေစိုက် အမှတ် (၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ကျော် နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ စစ်တပ်က ဧပြီတတိယပတ်ကစပြီး မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်ခဲ့ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲ ၁၇ ကြိမ်မှာ စစ်တပ်က သေဆုံးထိခိုက်သူ ၂၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သူအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
◾️မြို့သာစက်မှုဇုန်က စစ်သားတွေ ဘီယာဆိုင်ကအပြန် တိုက်ခိုက်ခံရပြီး ၄ဦး သေဆုံး

🔥10👍5❤4
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။ မေလ ၃၁ရက် နေ့လယ် ၁နာရီခန့်မှာ မြို့သာ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်စီးကားနဲ့ ဘီယာသွားသောက်နေရာ နောက်ထပ် Light Truck ကားတစ်စီး ရောက်လာကာ ကားချင်းချိန်းပြီး မူးနေတဲ့ စစ်သားတွေ ပြန်တဲ့အချိန် မြင်းခြံတိုက်နယ်(၃) နဂါးနီ ပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုမှာ စစ်သား ၄ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
👍19❤2🙏2🔥1
ရန်ကုန် Paradise ကလပ်က DJ တီးသူအပါအဝင်လူငယ် ၂၀ ကျော်ဖမ်းဆီခံရ
ဇွန်-၁၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့
ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူတွေကပြောပါတယ်။
မေ ၂၈ ရက်ညပိုင်းက သတင်းပေးတိုင်ကြားမှုအရ ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၁ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ ဖြစ်စဥ်ကိုသိသူတွေကပြောပါတယ်။
"သူတို့က လိုင်စင်လည်းသက်တမ်းမတိုးထားဘူး။ ပြီးတော့ မူးယစ်ဆေးဝါးဘာညာရောင်းချတယ်လို့ သတင်းရထားတာ။ အခုနောက်ပိုင်းက Hi ခန်းတွေဖွင့်ခွင့်မရှိဘူး။ အကုန်ပိတ်ထားရတာ။ ပြောရရင် သူလည်း Hi ခန်းပဲ။ အခုကတော့ညှိနှိုင်းနေတုန်းလို့ပြောတယ်။ ပိုက်ဆံနဲ့ပြန်ရွေးရမှာပေါ့"လို့ဖြစ်စဥ်ကိုသိရှိသူတဦးကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ရက် ၁၀၀ စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ နိုက်ကလပ်၊ စင်တင်၊ KTV ၊ Hi ခန်းတွေကို လိုင်စင်မရှိပဲ မဖွင့်ရဘူးလို့ အသိပေးထားတယ်လို့ဆိုပါတယ်။
ဒါကြောင့် နာမည်ကြီး Radio Bar ၊Transporter
Barအပါအဝင် စင်တင်ဖျော်ဖြေရေးတွေပါတဲ့ Bar အချို့လည်းပိတ်ထားရသလို KTV တွေကိုလည်း ပိတ်ထားရတယ်လို့ ဘားတွေကိုသွားရောက်လေ့ရှိသူအချို့ကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ရဲ့ နိုက်ကလပ် (Night Club) အများစုဟာ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိသာ ဖွင့်ရမယ်ဆိုပြီးစစ်တပ်ကအချိန်ပြောင်းလဲသတ်
မှတ်ထားပါတယ်။
စစ်တပ်က အခုနှစ်ပိုင်းအတွင်းမှာ ရန်ကုန်အပါ
အဝင် စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ဘုရားပွဲတွေအပါအဝင် ပျော်ပွဲရွှင်ပွဲတွေ၊ဘောလုံးပြိုင်ပွဲတွေ ၊မာရသွန်အပြေးပြိုင်ပွဲစသဖြင့် ပွဲတော်တွေကိုဆက်တိုက်လုပ်ခိုင်းခဲ့ပါတယ် ။စစ်တပ်စိတ်တိုင်းကျစီစဥ်ထားတဲ့ စစ်တပ်ရွေးကောက်ပွဲကနေ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရဆိုပြီးထပ်ဖွဲ့ပြီး ရက် ၁၀၀ စီမချက်ဆိုပြီး အရင်ကအကန့်အသတ်မရှိပျော်ပါးခွင့်ပေးနေတဲ့ ဘားတွေ ၊ကလပ်တွေ ၊KTV စတာတွေကိုအခုလိုပြန်ကန့်သတ်နေတာဖြစ်ပါတယ်။
ဒါပမယ့် အာဏာသိမ်းစစ်တပ်ကရန်ကုန်မှာ ညမထွက်ရအမိန့်ကို ပယ်ဖျက်ပြီး လူငယ်တွေကို အိမ်ပေါ်ထိတက်ပြီး ပေါ်တာဆွဲတာ ၊အလုပ်ကအပြန်ပေါ်တာဆွဲတာ ၊ညဘက်အပြင်ထွက်နေရင်း အုပ်စုလိုက်ကားတွေနဲ့ ပေါ်တာဆွဲတာစသဖြင့် ပုံစံမျိုးစုံနဲ့ပေါ်တာဆွဲတာတွေများနေတယ်လို့ မြို့ခံတွေကပြောပါတယ် ။

🔥18❤7👏6😁4
■Photo News
တမူးခရိုင်အမှတ်(၂)တပ်ရင်းကတတိယအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဇွန်-၁၊၂၀၂၆။မိထက်/People's spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်
ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ တမူးခရိုင်၊အမှတ် (၂)တပ်ရင်းရဲ့ တတိယအကြိမ်မြောက် တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီနေ့ ဇွန်လ ၁
ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
အစည်းဝေးမှာ စစ်မြေပြင်တပ်မှူးတွေ၊ လက်နက်
ကြီးအဖွဲ့၊ တပ်ရင်းဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့ ၊ တပ်ရင်းစက်ချုပ်ဌာန၊ တပ်ရင်းစိတ်ဓာတ်မြှင့်တင်ရေးအဖွဲ့၊ တပ်ရင်းမိုင်းထုတ်လုပ်ရေးအဖွဲ့နဲ့ အရံတပ်ဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
တမူးခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ တပ်ရင်း ၆ ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ရှိပါတယ်။ ဒေသကာကွယ်ရေးတပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်
ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။
ဒေသကာကွယ်ရေးတပ်တွေထဲကအမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ မတ်လ ၂၀ရက်မှာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့တာပါ။
NLA က ကွပ်ကဲမှုမခံယူခင်အထိ တမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ ရင်းရှိပါတယ်။ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့
တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၆)ရင်း ရှိလာတာ ဖြစ်ပါတယ်။

👍35❤4🔥2🥰1😁1