People's Spring
✔
60.1K subscribers
71.4K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ

ဇွန်-၁၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ဇွန် ၁ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်ကနေ ၁၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာပါ။

"တောင်ယာဘက်တွေကို ကြဲတာ။ ကျနော်တို့နဲ့တော့ဝေးတယ်။ အထိအခိုက်ရှိမရှိကို သတင်းစောင့်နေတာ။ ကျနော်တို့နဲ့ဝေးပေမယ့်လည်း ဗုံးကျင်းထဲမှာပဲ နေကြရတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တောင်ကုတ်မြို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နဲ့ ရခိုင်ရိုးမခြားပြီး ဆက်စပ်နေပါတယ်။ ပန်းတောင်းမြို့နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မေလ ၄ရက်ကနေ မေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေ သေဆုံးမှုများနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော်AAနဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။
🤬35❤10👍3🤣3👎1😡1
(တောင်ကုတ်မြို့ကို သိမ်းပိုက်အပြီး AAတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk)
❤40👍7🤣4🥰2
နမ့်ခမ်းပေါက်ကွဲမှု ကလေးငယ်တွေအပါအဝင် ၄၃ဦးသေဆုံး၊ ၁၁၂ဦး ဒဏ်ရာရဟု TNLA ထုတ်ပြန်

▪️ကယ်ဆယ်ရေးနဲ့ ထိခိုက်သေဆုံးစာရင်း ကောက်ယူမှုဆက်လုပ်နေဆဲဟုဆို

ဇွန်-၁၊ ၂၀၂၆။ အိမ်သွင်၊ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယမ်းသိုလှောင်တဲ့နေရာ ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် ၄၃ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၁၂ဦး ရှိပြီး သေဆုံးထိခိုက်စာရင်း ကောက်ယူမှုနဲ့ ကယ်ဆယ်ရေး ဆက်လုပ်နေဆဲလို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

မေလ ၃၁ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများပြားခဲ့ရာ ဇွန်လ ၁ရက် ည ၇နာရီထိ ရရှိထားတဲ့ သေဆုံးထိခိုက် စာရင်းကို အသိပေးထားတာဖြစ်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၇ဦး ပါဝင်ပြီး အသက် ၁၁နှစ်အထက် သေဆုံးမှုမှာ ၃၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၂၅ ဦးပါဝင်ပြီး အဲဒီထဲက ကလေးငယ် ၉ဦး ဟာ ဒဏ်ရာပြင်းထန်ကြောင်း အသိပေးပါတယ်။

အသက် ၁၁နှစ်အထက် ဒဏ်ရာရသူ ၈၇ ဦးရှိရာ ၂၈ဦးဟာ ဒဏ်ရာ ပြင်းထန်ကြောင်း ထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနဲ့ ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နဲ့ တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ၊ အစားအသောက်နဲ့ အဝတ်အထည်များကိုလည်း ဆက်လက်ဖြည့်ဆည်းပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး
ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော မိဘပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

ဘေးသင့်ပြည်သူများအား လိုအပ်သော အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု TNLAက ထုတ်ပြန်ပါတယ်။

TNLA ခေါင်းဆောင်တွေ၊ တအာင်းရပ်ဘက်အဖွဲ့အစည်းနဲ့ တအာင်းနိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ တအာင်းပြည်ကောင်စီ(TLC) ရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာတော့ ကောင်းတက်ရွာ ပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးရှိပြီး ၇၀ ဦးကျော် ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားတာပါ။

အလားတူ တအာင်းအရပ်ဘက်အဖွဲ့အစည်းကွန်ရက်ကလည်း ကောင်းတပ်ရွာ ပေါက်ကွဲမှု ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး အရပ်သား ၅၅ ဦးသေဆုံးကာ ၇၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး TNLA မှ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေး ကာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ ဆောင်ရွက်ပေးဖို့ တအာင်းပြည်ကောင်စီနဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်း များကွန်ရက်က တောင်းဆိုထားပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ပေါက်ကွဲတဲ့အကြောင်းရင်းက အသေးစိတ်ကိုတော့ ကျွန်မတို့လည်းစုံစမ်းနေဆဲဖြစ်တယ်။ အဲဒီ့မှာဆိုရင်တော့ ကျွန်မတို့ဘက်က သိုလှောင်ထားတဲ့ ယမ်းပျော့တွေရှိတယ်။ အဲဒီယမ်းပျော့ကနေ ကနေတစ်ဆင်ပေါက်ကွဲတာဖြစ်တယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်က ဘယ်လိုတွေဖြစ်လည်းဆိုတာကိုတော့ ကျွန်မတို့လည်း စုံစမ်းနေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

အခု ပေါက်ကွဲမှုဖြစ်တဲ့ ယမ်းတွေဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ပစ္စည်းတွေလို့လည်း TNLAက ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ နဲ့ တရားမျှတမှု ရရှိရေး ဖော်ဆောင်တဲ့ လုပ်ငန်းတေါမှာ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ပါတယ်။

အခုလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်ရေး TNLA ခေါင်းဆောင်တွေ အနေနဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ကာ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားဖို့ အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားဖို့လည်း တိုက်တွန်းထားပါတယ်။
😢23👎6🔥2🖕2👍1
(နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယမ်းသိုလှောင်တဲ့နေရာ ပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢31👎2🔥2
တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်

ဇွန် ၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၀၁) တပ်ရင်းက တပ်သား ၁ဦးဟာ ဇွန်လ ၁ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 2 အမျိုးအစား လက်နက် ၁လက် ယူဆောင်လာကြောင်း အသိပေးထားသလို မှတ်တမ်းဓာတ်ပုံမှာ KNLA တပ်မှူးတစ်ဦးက အလင်းဝင်တပ်သားကို ဆုငွေပေးအပ်နေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။

မေလ ၂၃ရက်ကလည်း တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်လာသူတွေဟာ အပတ်စဉ် (၂၂)စစ်သင်တန်းဆင်း သူတွေဖြစ်ပြီး လက်နက်မပါဘဲ အလင်းဝင်ရောက်လာကြတာလို့ မြိတ်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ထားပါတယ်။

မတ်လ ၆ရက်ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး မြိတ်ခရိုင် တပ်ရင်း(၂)ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီ တပ်သား ၂ဦး အပါအဝင် စစ်တပ်အာဏာသိမ်းမှု ၅နှစ်တာအတွင်း ခမရ( ၅၆၁)က စစ်ကောင်စီတပ်သား ၂၀ ကျော် PDF တွေဆီ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
👍23❤3🔥1🥰1
(အလင်းဝင်လာတဲ့ စစ်သားကို KNLA တပ်မှူးတစ်ဦးက ဆုငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - KNU-MTD)
❤30👍11🔥1🥰1😁1
နမ့်ခမ်းပေါက်ကွဲမှု ထိခိုက်သူတွေကူညီဖို့ ဆက်သွယ်နိုင်ကြောင်း တအာင်းပြည်ကောင်စီ ထုတ်ပြန်

ဇွန်-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မေ ၃၁ရက် နေ့လည်မှာ ကောင်းတပ်ကျေးရွာမှာ TNLA ရဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ခဲ့လို့ အရပ်သားပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ရာ တအာင်းတပ်မတော် (TNLA)၊ တအာင်းနိုင်ငံရေးပါတီနဲ့ တအာင်းအရပ်ဘက်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတဲ့ တအာင်းပြည်ကောင်စီက ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပံ့ပိုးလိုသူတွေ ဆက်သွယ်ဖို့ အခုလို ထုတ်ပြန်ခဲ့တာပါ။

TNLA ရဲ့ ထုတ်ပြန်ချက်အရပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်သူတွေထဲမှာ ကလေးငယ် အများအပြားလည်း ပါဝင်တာ တွေ့ရပါတယ်။

ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

TNLA အနေနဲ့ ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်တဲ့ ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနဲ့ ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နဲ့ တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသလို ဘေးသင့်ပြည်သူများအား လိုအပ်တဲ့ အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲများ၊ စေတနာ့ဝန်ထမ်းအဖွဲများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု အသိပေးထားပါတယ်။
👍24😁4❤1🔥1
(နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယမ်းသိုလှောင်တဲ့နေရာ ပေါက်ကွဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍18😢4👎1🔥1
မြောက်ဥက္ကလာပမြို့နယ်မှာ မိုးကြိုးပစ်လို့ ဆရာမနဲ့ ကျောင်းသား ၂ဦး မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာရ

ဇွန်-၁၊၂၀၂၆။ရောင်နီ/People's Spring

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"‌ကျောင်းဆင်းခါနီး ၂နာရီခွဲလောက်မှာ ဖြစ်တာ။ ကုက္ကိုလ်ပင်ကို မိုးကြိုးကပစ်တာ ။ ဒါပေမယ့် ကျောင်းဆင်းခါနီးဆိုတော့ KG နှစ်ယောက်ရယ် ဆရာမရယ်က ကုက္ကိုလ်ပင်အောက်မှာနေနေတာ။ သစ်ပင်ကို မိုးကြိုးပစ်တော့ အောက်မှာရပ်နေတဲ့ ကျောင်းသား နှစ်ယောက်နဲ့ ဆရာမကိုတော့ထိသွားတယ်။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်မှာရှိတဲ့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ ဆရာမ နဲ့ကျောင်းသားတွေကို အနှိုင်းမဲ့မေတ္တာ လူမှူကူညီရေးအသင်းကားနဲ့ မြောက်ဥက္ကလာပဆေးဆေးရုံကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ကလေးတွေနဲ့ ဆရာမရဲ့အခြေအနေကတော့ စိုးရိမ်စရာအခြေမနေမ‌ဟုတ်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလလယ်ကစပြီး အနောက်တောင်မုတ်သုံ‌လေမြန်မာနိုင်ငံကိုဝင်ရောက်နေပြီး ဒေသအများအပြားမှာ နေရာကွက် မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ‌ ပေးထားပါတယ်။

ပြီးခဲ့တဲ့‌ မေလနှောင်းပိုင်းမှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့မှာ မိုးကြိုးပစ်လို့ နွားအကောင်၅၀ခန့် သေဆုံးခဲ့ပါတယ်။
😢13👍7❤3⚡1🔥1😱1
🥰13
မြို့သာစက်မှုဇုန်က စစ်သားတွေ ဘီယာဆိုင်ကအပြန် တိုက်ခိုက်ခံရပြီး ၄ဦး သေဆုံး

▪️တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံး

ဇွန်-၁၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက် နေ့လည် ၁နာရီခန့်မှာ မြို့သာ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေဟာ အိမ်စီးကားနဲ့ ဘီယာသွားသောက်နေရာနောက်ထပ် Light Truck ကားတစ်စီး ရောက်လာကာ ကားချင်းချိန်းပြီး မူးနေတဲ့ စစ်သားတွေ ပြန်တဲ့အချိန် မြင်းခြံတိုက်နယ်(၃) နဂါးနီ ပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုမှာ စစ်သား ၄ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

"ကိုယ့်ဘက်က အရင်အသာစီးရတာ ပေါ့နော်။သူတို့ဘက်ကလည်း ပြန်ပြီးပစ်တဲ့အချိန်မှာ ကျွန် တော်တို့ ရဲဘော်တ‌စ်ယောက်ထိသွားတယ်။ဖြစ်ပြီး စက်မှုဇုန်ဘက်ကနေ အင်အား၃၀ လောက် စစ်ကူလာပြီးတော့မှ ကားနဲ့ အလောင်း တွေနဲ့ဒဏ်ရာရတွေကို မြို့သာဆေးရုံကို ခေါ်သွားတယ်"လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်တလောမှာ စစ်တပ်က ငါန်းဇွန်မြို့နယ်ကို စစ်ကြောင်းထိုး လူသတ်မှုတွေပြုလုပ်နေပြီး မေလ၂၇ ရက်က ဒရုန်းနဲ့ဗုံးကြဲခံရမှုကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပါတယ်။
👍29😢5❤3🔥1🥰1👏1
(နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - နဂါးနီ ပြောက်ကျား တပ်ဖွဲ့ -မြင်းခြံ)
👍27❤7🥰2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️နမ့်ခမ်းပေါက်ကွဲမှု ကလေးငယ်တွေအပါအဝင် ၄၃ဦးသေဆုံး၊ ၁၁၂ဦး ဒဏ်ရာရဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယမ်းသိုလှောင်တဲ့နေရာ ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် ၄၃ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၁၂ဦး ရှိပြီး သေဆုံးထိခိုက်စာရင်း ကောက်ယူမှုနဲ့ ကယ်ဆယ်ရေး ဆက်လုပ်နေဆဲလို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။ မေလ ၃၁ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများပြားခဲ့ရာ ဇွန်လ ၁ရက် ည ၇နာရီအထိ ရရှိထားတဲ့ သေဆုံးထိခိုက် စာရင်းကို အသိပေးထားတာဖြစ်ပါတယ်။ TNLA ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၇ဦး ပါဝင်ပြီး အသက် ၁၁နှစ်အထက် သေဆုံးမှုမှာ ၃၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၂၅ ဦးပါဝင်ပြီး အဲဒီထဲက ကလေးငယ် ၉ဦး ဟာ ဒဏ်ရာပြင်းထန်ကြောင်း အသိပေးပါတယ်။ အသက် ၁၁နှစ်အထက် ဒဏ်ရာရသူ ၈၇ ဦးရှိရာ ၂၈ဦးဟာ ဒဏ်ရာ ပြင်းထန်ကြောင်း ထုတ်ပြန်ပါတယ်။

◾️နမ့်ခမ်းပေါက်ကွဲမှု ထိခိုက်သူတွေကူညီဖို့ ဆက်သွယ်နိုင်ကြောင်း တအာင်းပြည်ကောင်စီ ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီနေ့ ထုတ်ပြန်ပါတယ်။ မေလ ၃၁ရက် နေ့လယ်မှာ ကောင်းတပ်ကျေးရွာမှာ TNLA ရဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ခဲ့လို့ အရပ်သားပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ရာ တအာင်းတပ်မတော် (TNLA)၊ တအာင်းနိုင်ငံရေးပါတီနဲ့ တအာင်းအရပ်ဘက်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတဲ့ တအာင်းပြည်ကောင်စီက ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပံ့ပိုးလိုသူတွေ ဆက်သွယ်ဖို့ အခုလို ထုတ်ပြန်ခဲ့တာပါ။ TNLA ရဲ့ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်သူတွေထဲမှာ ကလေးငယ် အများအပြားလည်း ပါဝင်တာ တွေ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

◾️မြစ်ကြီးနားဆီ အင်အားဖြည့်ဖို့လာတဲ့ စစ်ယာဉ်တန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ဇွန်လ ၁ရက် မနက်ပိုင်းမှာ ပြောပါတယ်။ စစ်တပ်ယာဉ်တန်းတွေကို တိုက်ခိုက်တာရှိသလို နန့်စီးအောင်ဘက်မှာလည်း တိုက်ခိုက်မှုတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမဲ့ အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘဲ စစ်တပ်ယာဥ်တန်းဟာ တိုက်ပွဲဖြစ်ပြီး၊ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မေလ ၃၁ရက်မှာ မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ကို စစ်တပ်ယာဉ်အစီး ၂၀၀ ဝန်းကျင် ဝင်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြတာလည်းဖြစ်ပါတယ်။ စစ်တပ်ယာဥ်တန်းဟာ စစ်လက်နက်တွေလား၊ ရိက္ခာတွေလား၊ လူအင်အားတွေလား ဆိုတာ အသေးစိတ်တော့ မသိရသေးဘဲ မိုးတွင်းအတွက် စားနပ်ရိက္ခာဖြစ်နိုင်သလို စစ်ဆင်ရေးဖော်ဆောင်ဖို့ လိုအပ်တာ ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး နေရာဒေသ အသီးသီးကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

◾️အင်းတော်အနီး တိုက်ပွဲ စစ်တပ် သေဆုံးမှုများ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ အင်းတော်မြို့ရဲ့ အနောက်ဘက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး စစ်တပ်က ခံစစ်အနေနဲ့သာ ခုခံနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့အရာရှိတွေ အပါအဝင် ထိခိုက်တော်တော်များတယ်လို့ အတွင်းသတင်းရထားကြောင်း တိုက်ပွဲမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်နေသလို စစ်တပ်ဘက်ကလည်း နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲပြီး ထွက်ပေါက် ရအောင်လုပ်နေတယ်လို့ အဲဒီသတင်းရင်းမြစ်က လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

◾️ကမမောင်း-ဖာပွန်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်
❤12👍6🔥4
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ(၅) ဦးစီးတဲ့ ပူးပေါင်းတပ်တွေအကြား အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ကမမောင်း-ဖာပွန်ကားလမ်းပေါ်က ရေပူကျေးရွာတဝိုက်ကို ရောက်လာပြီး KNU တပ်မဟာ(၅) ပူးပေါင်းတပ်က ပိတ််ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့စစ်သားတွေကို ကမမောင်းမြို့ဘက်ဆီ ပြန်ခေါ်ပြီး ဆေးကုပေးနေတယ်လို့ ကမမောင်းအခြေစိုက် ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့ နီးစပ်တဲ့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ကမမောင်းမြို့ အုန်းတောရွာအခြေစိုက် ဗိုလ်မှူးမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တွေက လိုက်ပါလမ်းပြပေးနေတာလို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

◾️အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးစာရင်းမှာ မြန်မာ ဆက်လက်ပါ၀င်

မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဆက်လက် ပါ၀င်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ITUC)က ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ကစပြီး မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါဝင်နေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က ဖော်ပြပါတယ်။ ၂၀၂၆ အတွင်း အလုပ်သမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံကတော့ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းပိုဆိုးလာတာက လုပ်ငန်းရှင်တွေက အလုပ်သမားတွေ တိုင်းတန်းမကြိုက်ဘဲ သမဂ္ဂအဖွဲ့၀င်တွေကို အလုပ်ကနေ ထုတ်ပစ်တယ်လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ စက်ရုံအများစုကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၀င်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

◾️မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အမတ်တွေ ဝေဖန်

အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ အစုအဖွဲ့(APHR)က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံခဲ့တဲ့ အိန္ဒိယ အစိုးရအပေါ် ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။ ဒီမိုကရေစီအရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေတဆင့် သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ APHRကတော့ အိန္ဒိယ အစိုးရရော၊ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီပါ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ဆက်ဆံမှုတွေကို ရုပ်သိမ်းဖို့၊ မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို လေးစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ တရားဝင်သမ္မတမဟုတ်ဘူးလို့ APHRရဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ် ခရစ္စတီး ဘာရန်းစ်က ပြောကြားခဲ့ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်ခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ခံ မြန်မာအစိုးရကို အဓမ္မ ဖယ်ရှားပြီး ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျူးလွန်ခဲ့ကြောင်း သူက ဆိုပါတယ်။ အိန္ဒိယရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာ အိမ်နီးချင်းတွေ၊ အထူးသဖြင့်အရှေ့ပိုင်းဒေသက နိုင်ငံတွေနဲ့အတူ တည်ငြိမ်မှု၊ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးကို အခြေပြုထားကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အဲဒီ ရည်မှန်းချက်တွေ ထိခိုက်ယိမ်းယိုင်ခဲ့ရကြောင်းလည်း APHRက ထောက်ပြခဲ့ပါတယ်။

◾️တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်တပ် တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။ မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၀၁) တပ်ရင်းက တပ်သား ၁ဦးဟာ ဇွန်လ ၁ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာတဲ့ စစ်တပ်တပ်သားဟာ MA 2 အမျိုးအစား လက်နက် ၁လက် ယူဆောင်လာကြောင်း အသိပေးထားသလို မှတ်တမ်းဓာတ်ပုံမှာ KNLA တပ်မှူးတစ်ဦးက အလင်းဝင်တပ်သားကို ဆုငွေပေးအပ်နေတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။

◾️တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ
🔥10👍6❤4
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ဇွန်လ ၁ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်ကနေ ၁၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာပါ။ တောင်ကုတ်မြို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နဲ့ ရခိုင်ရိုးမခြားပြီး ဆက်စပ်နေပါတယ်။ ပန်းတောင်းမြို့နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

◾️စစ်အာဏာရှင်စနစ်က ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်လို့ ညီညွတ်မှုပြပြီး နိုင်ငံနဲ့ ပြည်သူကို ဝိုင်းစောင့်ရှောက်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း

ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုကို ပုံစံမျိုးစုံ ဒုက္ခပေးနေတာ တွေ့နေရပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူ့ဒုက္ခတွေ အမြန်ဆုံး နိဂုံးချုပ်အောင် ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားပါတယ်။ ဒီနေ့ ဇွန်လ ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမအကြိမ် အစည်းအဝေးမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံ၊စီးပွားရေး အခြေအနေ ဆိုးရွားလာမှု ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ နိမ့်ကျယိုယွင်းလာမှုနဲ့ ပြည်သူလူထုရဲ့ လုံခြုံမှု လုံး၀နီးပါး ဖျက်ဆီးခံရမှု အခြေအနေတွေကို ပြောပြကာ ဒီအခြေအနေတွေက လွတ်မြောက်ရေး ဝိုင်းကြိုးပမ်းဖို့ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကပေးတဲ့ အထွေထွေသော ဒုက္ခတွေကို ပြည်သူတရပ်လုံးက ခါးစည်းခံနေရပြီး စစ်အာဏာရှင်ဟာ စစ်တပ်အကျိုးစီးပွားနဲ့ အာဏာအကျိုးစီးပွားအတွက် နိုင်ငံနဲ့ ပြည်သူကို နင်းချစတေးနေတာ စိတ်မကောင်းစွာ တွေ့ရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်တာဝန်ယူတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ညီညွတ်ရေး အရေးကြီးသလို ညီညွတ်မှုနဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အင်မတန် အရေးကြိးတယ်လို့ လွှတ်တော်အစည်းအဝေးမှာ အမှာစကား ပြောကြားခဲ့ပါတယ်။

◾️တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၃၁ရက်က ကျောက်ပန်းတောင်းမြို့နယ်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး မြင်းခြံကုန်းရွာဘက်ရောက်နေတယ်လို့ သိရပါတယ်။ ဘုရားလှကျေးရွာဘက်ကလာတဲ့ စစ်ကြောင်းဟာလည်း ခြုံကြီးရွာကနေ ညောင်တိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး နေအိမ်တချို့မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝဲလောင်-တောင်သာလမ်းပိုင်းက စစ်ကြောင်းကလည်း ကိုင်းချောင်းတံတားထိပ်မှာ ဂိတ်ချပြီး လမ်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။ ဒီနေ့ ဇွန်လ ၁ ရက် မနက် ၁၂ နာရီခန့်က မြိုင်မြို့နယ်၊ လက်ယက်မ(စံပြ)ကျေးရွာအရှေ့တောင်ပိုင်း ဆေးရုံ တောင်ဘက်တစ်လမ်းကျော်ကို မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ အသေခံ ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️မင်းတုန်းအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ သရက်မြို့အခြေစိုက် အမှတ် (၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ကျော် နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ စစ်တပ်က ဧပြီတတိယပတ်ကစပြီး မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်ခဲ့ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲ ၁၇ ကြိမ်မှာ စစ်တပ်က သေဆုံးထိခိုက်သူ ၂၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သူအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

◾️မြို့သာစက်မှုဇုန်က စစ်သားတွေ ဘီယာဆိုင်ကအပြန် တိုက်ခိုက်ခံရပြီး ၄ဦး သေဆုံး
🔥10👍5❤4
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။ မေလ ၃၁ရက် နေ့လယ် ၁နာရီခန့်မှာ မြို့သာ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အိမ်စီးကားနဲ့ ဘီယာသွားသောက်နေရာ နောက်ထပ် Light Truck ကားတစ်စီး ရောက်လာကာ ကားချင်းချိန်းပြီး မူးနေတဲ့ စစ်သားတွေ ပြန်တဲ့အချိန် မြင်းခြံတိုက်နယ်(၃) နဂါးနီ ပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုမှာ စစ်သား ၄ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
👍19❤2🙏2🔥1
❤11🥰1🤮1