မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးအားကစားကွင်းကြီးတွေ အကြောင်းကို ဘောလုံးဝါသနာအိုးတိုင်း သိကြပါလိမ့်မယ်။
ကွင်းထဲမှာအံ့မခန်းအားပေးနေကြတဲ့ပရိသတ်တွေ၊ ခမ်းနားထည်ဝါလှတဲ့အနုပညာမြောက် ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဘောလုံးကွင်းကြီးတွေဟာ အလွန်အင်မတန် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ အဲဒီဘောလုံးအားကစာကွင်းကြီးတွေထဲ ကိုယ်တိုင်းမရောက်ဖူးရင်တောင် တီဗွီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေနဲ့တင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနာလိုက်သလဲဆိုတာ ပေါ်လွင်နေပါပြီ။
ဒါပေမဲ့လည်း အဲဒီကမ္ဘာကျော်ဘောလုံး အားက
စားကွင်းကြီးတွေ ပိုင်ဆိုင်မထားဘဲ ကမ္ဘာပေါ်က ဘယ်ဘောလုံးကွင်းမှာမှ မရှိနိုင်တဲ့ အံ့ဩမင်သက်စရာ ထူးခြားတဲ့ ဘောလုံးကွင်းတစ်ခုဟာ မြန်မာ
နိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသက ရွာလေးတစ်ရွာမှာ တည်ရှိနေတယ်ဆိုတာကိုတော့ သိရှိသူ နည်းကြပါလိမ့်မယ်။
အဲဒါကတော့မြန်မာ-အိန္ဒိယနယ်စပ်စည်းပေါ်မှာ ကွက်တိကျရောက်နေတဲ့ လုံဝသင်္ခရွာက ဘောလုံးကွင်းလေးပဲ ဖြစ်ပါတယ်။လုံဝသင်္ခရွာဟာစစ်ကိုင်း
တိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်
စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။
ဒီဘောလုံးကွင်းလေးထဲမှာဘောလုံးကန်နေတဲ့ ရွာကလူငယ်တွေဟာ ဂိုးတစ်ဖက်ကို ဂိုးသွင်းလိုက်ရင် မြန်မာနိုင်ငံ ဘက်ခြမ်းကို ဂိုးသွင်းလိုက်တာဖြစ်ပြီး နောက်ထပ် ဂိုးတစ်ဖက်ကို သွင်းလိုက်ရင်တော့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို သွင်းလိုက်တာမျိုးပါ။ နယ်စပ်မျဉ်းဟာ ဘောလုံးကွင်းရဲ့ အလျားလိုက် ခပ်စောင်းစောင်အနေအထားနဲ့ ဖြတ်သွားပြီး ဂိုးတစ်ဖက်က မြန်မာဘက်ခြမ်းနဲ့ တစ်ဖက်က အိန္ဒိယဘက်ခြမ်းမှာ ရှိနေတာပါ။
“ကျနော်တို့က တစ်ရွာတည်းဆိုတော့ မြန်မာခြမ်း၊ အိန္ဒိယခြမ်း မခွဲခြားဘူးလေ”လို့ ဘောလုံးကန်တဲ့အခါ အတူတူကန်ကြတဲ့အကြောင်း လုံဝသင်္ခရွာသား ကိုဂတ်ဖားက ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/06/01/158699/

LuduNwayOo
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကြောင့် နှစ်ခြမ်းခွဲရတော့မယ့် လုံဝသင်္ခ | LuduNwayOo
လုံဝသင်္ခရွာဟာစစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။
👍19😢6🤮1
မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ
ဇွန်-၁၊၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက် မနက် ၁၂ နာရီခန့်က မြိုင်မြို့နယ်၊ လက်ယက်မ(စံပြ)ကျေးရွာအရှေ့တောင်ပိုင်း ဆေးရုံ တောင်ဘက်တစ်လမ်းကျော်ကို မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ အသေခံ ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
"ဆေးရုံက မလည်ပတ်ဘူး။ ဆေးရုံက အဟောင်းကြီးပဲ။ အဲအတိုင်းကြီးပဲ ပစ်ထားတာ။ ဘယ်သူမှမနေကြဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ယက်မကျေးရွာအနီးမှာ ကန်နီပျူစောထီးကျေးရွာရှိပြီး အဲဒီပျူရွာဟာ စီးပွားရေးကောင်းတဲ့ လက်ယက်မစံပြကျေးရွာကို ယခင်ကတည်းက ပြိုင်ဘက်ရွာလို့ သဘောထားတဲ့အတွက် အဲဒီအငြှိုးတွေနဲ့ပါ စစ်တပ်ကို မကြာခဏ တိုက်ခိုက်ခိုင်းနေတာလို့ ယူဆဖွယ်ရှိကြောင်း အညာမြေအရပ်ဖက်အဖွဲ့အစည်းမြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
"ကန်နီပျူရွာကနေ လက်ယက်မကို တိုက်ခိုက်ဖို့၊ ဖြိုဖျက်ပစ်ဖို့ စစ်တပ်လော်ဘီတွေက တင်တာလည်းရှိတယ်။"လို့ ဆရာထွေးက ပြောပါတယ်။
လက်ယက်မကျေးရွာဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်တပ်စစ်ကြောင်းတွေ စထိုးစဥ်ကတည်းက မီးရှို့ခံရတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော် ပြာကျခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ တိုက်ခိုက်ခံရဖူးပါတယ်။
ဒီကနေ့မနက်ပိုင်းကပဲ မြိုင်မြို့နယ်တောင်ပိုင်း တကစ-၃ ဒေသအခေါ် စက်မှု-၂ကနေ စစ်တပ်စစ်ကြောင်းတစ်ကြောင်း ထွက်လာပြီး ကုန်းရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံတွေက ပြောပါတယ်။

🤬17🔥6👎2😁2❤1
တောင်သာနယ်ကို စစ်ကြောင်း ၃ကြောင်းနဲ့ စစ်တပ် ဝင်နေ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီး
ဇွန်-၁၊၂၀၂၆၊ရှိန်း/ People's Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မေလ ၃၁ရက်က ကျောက်ပန်းတောင်းမြို့နယ်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး မြင်းခြံကုန်းရွာဘက်ရောက်နေတယ်လို့ သိရပါတယ်။
ဘုရားလှကျေးရွာဘက်ကလာတဲ့ စစ်ကြောင်းဟာလည်း ခြုံကြီးရွာကနေ ညောင်တိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး နေအိမ်တချို့မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝဲလောင်- တောင်သာလမ်းပိုင်းက စစ်ကြောင်းကလည်း ကိုင်းချောင်းတံတားထိပ်မှာ ဂိတ်ချပြီး လမ်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၁က် ည ၇နာရီမှာလည်း တံတားကျေးရွာရဲ့အရှေ့ဘက်က မုန်ရိးရွာရဲ့တာဝါတိုင်အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတာမို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ အဲဒီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်တပ်က နတ်စောင့်ခွဲရုံ၊နွားထိုးကြီးမြို့ဘက်ကနေ ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်တာတွေလည်းရှိ တယ်လို့ သိရပါတယ်။
" ဘာလို့စစ်ကြောင်း တွေထိုးလဲဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။ကြားတာကတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဖိအားပေးတယ်လို့လည်း ပြောတယ်။တဖက်မှာလည်း NUGစာသင်ကျောင်းတွေ မဖွင့် အောင် ကျေးရွာတွေဘက်က စာသင်ကျောင်းတွေကို ဟောင်ဝစ်ဆာတွေနဲ့ပစ်တယ်"လို့ ဒေသခံက ပြောပါတယ်။
ဇွန်လ ၁ရက် ဒီနေ့မနက်ပိုင်းကပစ်ခတ်တဲ့ ဟောင်ဝစ်ဆာ ၅လုံးမှာ ၂လုံးဟာ တောင်သာမြို့နယ်က စာသင်ကျောင်းပေါ် ကျပြီး ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

🤬30👎2😁2❤🔥1
စစ်အာဏာရှင်စနစ်က ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်လို့ ညီညွတ်မှုပြပြီး နိုင်ငံနဲ့ ပြည်သူကို ဝိုင်းစောင့်ရှောက်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း
စစ်အုပ်စုကိုနိုင်ငံရေးအရ ပိတ်ဆို့နိုင်ဆဲ၊စစ်ရေးအရဖိအားပေးနိုင်ဆဲဖြစ်ပေမယ့် အရှိတရားရှုမြင်ပြီး ပူးပေါင်းမှုတိုးမြှင့်ဖို့ အရေးကြီးဟု CRPH ဥက္ကဋ္ဌပြော
ဇွန်-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုကို ပုံစံမျိုးစုံ ဒုက္ခပေးနေတာ တွေ့နေရပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူ့ဒုက္ခတွေ အမြန်ဆုံး နိဂုံးချုပ်အောင် ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားပါတယ်။
ဒီကနေ့ ဇွန်လ ၁ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမအကြိမ် အစည်းအဝေးမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံ၊စီးပွားရေး အခြေအနေ ဆိုးရွားလာမှု ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ နိမ့်ကျယိုယွင်းလာမှုနဲ့ ပြည်သူလူထုရဲ့ လုံခြုံမှု လုံး၀နီးပါး ဖျက်ဆီးခံရမှု အခြေအနေတွေကို ပြောပြကာ ဒီအခြေအနေတွေက လွတ်မြောက်ရေး ၀ိုင်းကြိုးပမ်းဖို့ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကပေးတဲ့ အထွေထွေသော ဒုက္ခတွေကို ပြည်သူတရပ်လုံးက ခါးစည်းခံနေရပြီး စစ်အာဏာရှင်ဟာ စစ်တပ်အကျိုးစီးပွားနဲ့ အာဏာအကျိုးစီးပွားအတွက် နိုင်ငံနဲ့ ပြည်သူကို နင်းချစတေးနေတာ စိတ်မကောင်းစွာ တွေ့ရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။
“ကျနော်တို့ နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်လိုက်တိုင်း နောက်ဆက်တွဲဆိုးကျိုးတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပါတယ်။ အခုလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုက ကျနော်တို့ နိုင်ငံကို ကမ္ဘာ့အလယ်မှာ မျက်နှာမဖော်ဝံ့အောင်ဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ အနေနဲ့ စုစည်းညီညွတ်မှုကို ပြသပြီး မိမိတို့ တိုင်းပြည်နဲ့ ပြည်သူကို ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးမဟာမိတ်အင်အားစုတွေကို ဦးဆောင်မှု ထီးရိပ်တခုတည်းအောက်မှာ ၀ိုင်းဝန်းပုံဖော်ဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းထားကြောင်း ယာယီသမ္မတက ပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ SCEF ရဲ့ ဦးဆောင်မှု တိုးတက်စေရေး ၀ိုင်းဝန်းကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ပိုမိုစုဖွဲ့မှုအားကောင်းတဲ့ ဦးဆောင်ကောင်စီတစ်ခုဖြစ်အောင် ထပ်မံ တိုးချဲ့ဖို့ လုပ်ဆောင်နေကြောင်းလည်း အသိပေးပါတယ်။
“အဲဒီအတွက် ကျနော်တို့အားလုံးမှာ ညီညွတ်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက အရေးကြီးပါတယ်။ ညီညွတ်မှုမရှိရင် ကျနော်တို့မှာ ကြံ့ကြံ့ခံနိုင်စွမ်း နိမ့်ပါးလာမယ်ဆိုတာ သတိချပ်ဖို့ ဖြစ်ပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်း ဘယ်လောက်ပဲရှိသည်ဖြစ်စေ ညီညွတ်မှုမရှိရင် ကျနော်တို့ဟာ ပြိုလဲဖို့ လွယ်ကူနိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ အင်မတန်အကဲဆက်ပြီး အချိုးအကွေ့မြန်ဆန်တဲ့ ဒီလို အချိန်မျိုးမှာ မိမိတို့ရဲ့ နိုင်ငံရေးအသိ သတိကို မြဲမြဲမြံမြံဆုပ်ကိုင်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ညီညွတ်ရေး အရေးကြီးသလို ညီညွတ်မှုနဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အင်မတန် အရေးကြိးတယ်လို့ လွှတ်တော်အစည်းအဝေးမှာ အမှာစကား ပြောကြားခဲ့ပါတယ်။
“ခိုင်မာတဲ့ ညီညွတ်မှု၊ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်ဟာ ဘက်ပေါင်းစုံမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားသာချက်တွေကိုလည်း မြင်ကြဖို့ လိုပါတယ်။ စစ်ရေးအရ နယ်မြေတွေ လက်လွတ်လိုက်တာတွေ ရှိနေပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်စုကို ဖိအားပေးနိုင်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း ပိတ်ဆို့နိုင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရှိတရားကို ရှုမြင်ပြီး အနာဂတ်မှာ ဘယ်လို ပူးပေါင်းမှုတွေ တိုးကြမလဲဆိုတာ စဉ်းစားကြဖို့ကလည်း အရေးတကြီးကိစ္စရပ်အဖြစ် ရှိနေပြီ ဖြစ်ပါတယ်” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ပြည်ထောင်စုနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရှိ လွှတ်တော်အချင်းချင်း၊ အင်းအာစုအချင်းချင်း ပူးပေါင်းမှုတွေလိုသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း ပူးပေါင်းမှုတွေ လိုအပ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားပြီး CRPH အနေနဲ့ SCEF မှာ ပါဝင်ခဲ့မှုဟာ ရည်မှန်းချက်အောင်မြင်ဖို့ ရည်မှန်းချက်တူတဲ့ မဟာမိတ် အင်အားစုတွေနဲ့ လက်တွဲကြိုးပမ်းမှု ဖြစ်တယ်လို့ အသိပေးပါတယ်။
“ဒီလိုပူးပေါင်းမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ အနာဂတ်ကို သယ်ဖော်ပေးနိုင်မယ့် ပူးပေါင်းဆောင်ရွက်မှုအဖြစ်လည်း မျှော်လင့်ယုံကြည်ပါတယ်” လို့ ဦးအောင်ကြည်ညွန့်က ပြောကြားပါတယ်။

👍31🥰7👏2❤1🤮1
လူထုရဲ့ ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောလေ့ရှိသလို ကိုယ်လျှောက်တဲ့လမ်းကို မျှော်လင့်ချက်၊ ယုံကြည်ချက်အတိုင်း ဆက်လျှောက်ကြဖို့ လိုသလို အလုပ်တွေနဲ့သာ အားလုံးရဲ့ မျှော်လင့်ချက်က အောင်မြင်နိုင်မယ်ဆိုတာ အားလုံးလည်း သိရှိထားကြပြီးဖြစ်လို့ အလုပ်တွေ ပိုလုပ်နိုင်ဖို့ ကြိုးပမ်းဖို့၊ အခြားသော မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးလည်း တော်လှန်ရေးအောင်မြင်ရေးအလုပ်တွေကို ဖော်ဆောင်သွားနိုင်ဖို့ လိုအပ်မှုကြောင်း CRPH ဥက္ကဋ္ဌက မှာကြားခဲ့ပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း SCEFဖွဲ့စည်းနိုင်မှုဟာ
နိုင်ငံရေးရင့်ကျက်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ စုပေါင်းတာဝန်ယူမှုကို ထင်ဟပ်ပြသနိုင်ခဲ့တဲ့ အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပြောပါတယ်။
SCEF အနေဖြင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး အပါအဝင် နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသော အဓိကကဏ္ဍကြီး (၄) ရပ်ကို ဦးတည်လျက် အရှိန်အဟုန်ကောင်းမွန်စွာ ချီတက်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း နိုင်ငံရေးနည်းလမ်းများသာမက စစ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်အုပ်စုအား အပြီးတိုင် အမြစ်ပြတ်ချေမှုန်းနိုင်ရေး ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားမှုများကို အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရေးဖိအားများ ပိုမို တိုးမြှင့်ဆောင်ရွက်ကြဖို့နဲ့ အတုအယောင်နိုင်ငံရေးထွက်ပေါက်များ၊ တရားဝင်မှု ရရှိရေး လှည့်ဖြားလုပ်ဆောင်နေတဲ့ ကြိုးပမ်းချက်များအား အားလုံးဝိုင်းဝန်း ဆန့်ကျင်ကြဖို့ တိုက်တွန်းပါတယ်။

👍29🥰5❤2🤮1
စင်္ကာပူမှာပြုလုပ်မယ့် ဆုန်သင်းပါရ်ဖျော်ဖြေပွဲ ပြည်သူတွေရဲ့ Boycott အောင်မြင်နေ
ဇွန်-၁၊၂၀၂၆။ဆဏ်း/People's Spring
နွေဦးတော်လှန်ရေးမှာ အမာခံပါဝင်နေတဲ့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။
မေလ ၁၄ ရက်က ဆုန်သင်းပါရ်ကိုယ်တိုင်တင်ထားတဲ့ အွန်လိုင်းကနေ လက်မှတ်ရောင်းတဲ့ လင့်ခ်မှာ ဒီနေ့(ဇွန်၁) အထိ ဝယ်ယူသူမရှိသလောက်နည်းပါးနေတာကို တွေ့ရပါတယ်။
ပွဲနဲ့ ပတ်သက်ပြီး အဆိုတော် ဆုန်သင်းပါရ် ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ ပို့စ်မှာ သူ့ရဲ့ အမာခံပရိသတ်တွေကိုယ်တိုင်က စင်္ကာပူကိုမလာဖို့ တိုက်တွန်းထားကြသလို သူတို့ကိုယ်တိုင်လည်း လာမကြည့်ဘူးလို့ မှတ်ချက်တွေရေးသားထားပါတယ်။
ဆုန်သင်းပါရ် ဘက်ကတော့ဒီပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထားအပေါ် ပြန်လည်တုံ့ပြန်တာမျိုးမရှိသလို ဒီနေ့မှာတော့ အသစ်ထွက်ရှိမယ့် သီချင်းကို သူမရဲ့ အကောင့်မှာ ကြော်ငြာထားတာတွေ့ရပါတယ်။
"မအလ ရဲ့အစိတ်အပိုင်းတစ်ခုကို ပါဝင်မပတ်သက်သ၍တော့ လက်ခံနိုင်ပါတယ်။ ဘာလုပ်လုပ် အားမပေးနေပါ ရတယ်။ မအလ အစိတ်အပိုင်းမှာပါနေရင်တော့ sorry ပါ ဘယ်သူမဆို" လို့ ချင်းတိုင်းရင်းသားတစ်ဦးက ဆုန်သင်းပါရ်ရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားထားပါတယ်။
ဆုန်သင်းပါရ်ရဲ့ပွဲကို ဇွန်လ ၇ ရက်မှာ ပြုလုပ်ဖို့စီစဉ်ထားတာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဒီပွဲကို Boycott လုပ်ဖို့ တောင်းဆိုထားကြတာပါ။
FNCC Burma Fact Check Community က ဒီပွဲကို Boycott ပြုလုပ်ဖို့နဲ့ ပွဲမှာပါဝင်ပေးမယ့် တီးဝိုင်းနဲ့ ပွဲကိုကြော်ငြာပေးတဲ့ ဆိုင်တွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဆုန်သင်းပါရ်ပွဲကို ကြော်ငြာကပ်ထားတဲ့ စတိုးဆိုင်ကတော့ ဆုန်သင်းပါရ်ကို ဘောမမှန်းမသိတာကြောင့် ကြော်ငြာကပ်ခွင့်ပြုခဲ့တာလို့ ပြန်လည်ဖြေရှင်းပြီး တောင်းပန်ထားပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလက စစ်တပ်ရဲ့ နေပြည်တော်သင်္ကြန်မှာ ဆုန်သင်းပါရ်သွားရောက်ဖျော်ဖြေခဲ့တာကြောင့် ပြည်သူတွေက ဝေဖန်ခဲ့ကြတာပါ။
ဒါ့အပြင် တချို့ပရိသတ်တွေကလည်း ပြည်တွင်းက အဆိုတော်တွေအနေနဲ့ ပြည်တွင်းမှာ ဖျော်ဖြေပွဲတွေ သီဆိုတာကိုနားလည်ပေးနိုင်ပေမယ့် ဒီကာလမှာ ပြည်ပအထိဖျော်ဖြေပွဲတွေ ပြုလုပ်တာကို အားမပေးကြောင်း ထောက်ပြထားပါတယ်။

👏54👍14❤4🤣1
တောင်ကုတ်ကို လေယာဉ် ၈စီးနဲ့ စစ်တပ်ဗုံးကြဲ
ဇွန်-၁၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ၊ Y12 စုစုပေါင်း လေယာဉ်ရှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ဇွန် ၁ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်ကနေ ၁၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ၆စီး၊ Y12 လေယာဉ် ၂စီးနဲ့ တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာပတ်ဝန်းကျင်ကို ဗုံးကြဲသွားတာပါ။
"တောင်ယာဘက်တွေကို ကြဲတာ။ ကျနော်တို့နဲ့တော့ဝေးတယ်။ အထိအခိုက်ရှိမရှိကို သတင်းစောင့်နေတာ။ ကျနော်တို့နဲ့ဝေးပေမယ့်လည်း ဗုံးကျင်းထဲမှာပဲ နေကြရတာ"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တောင်ကုတ်မြို့ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နဲ့ ရခိုင်ရိုးမခြားပြီး ဆက်စပ်နေပါတယ်။ ပန်းတောင်းမြို့နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မေလ ၄ရက်ကနေ မေလ ၇ရက်အတွင်းတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်းလေးခုကို AAနဲ့မဟာမိတ်တွက သိမ်းယူခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စကစ (၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေ သေဆုံးမှုများနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော်AAနဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
စစ်တပ်လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

🤬35❤10👍3🤣3👎1😡1
နမ့်ခမ်းပေါက်ကွဲမှု ကလေးငယ်တွေအပါအဝင် ၄၃ဦးသေဆုံး၊ ၁၁၂ဦး ဒဏ်ရာရဟု TNLA ထုတ်ပြန်
▪️ကယ်ဆယ်ရေးနဲ့ ထိခိုက်သေဆုံးစာရင်း ကောက်ယူမှုဆက်လုပ်နေဆဲဟုဆို
ဇွန်-၁၊ ၂၀၂၆။ အိမ်သွင်၊ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ယမ်းသိုလှောင်တဲ့နေရာ ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေအပါအဝင် ၄၃ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၁၂ဦး ရှိပြီး သေဆုံးထိခိုက်စာရင်း ကောက်ယူမှုနဲ့ ကယ်ဆယ်ရေး ဆက်လုပ်နေဆဲလို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။
မေလ ၃၁ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများပြားခဲ့ရာ ဇွန်လ ၁ရက် ည ၇နာရီထိ ရရှိထားတဲ့ သေဆုံးထိခိုက် စာရင်းကို အသိပေးထားတာဖြစ်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၇ဦး ပါဝင်ပြီး အသက် ၁၁နှစ်အထက် သေဆုံးမှုမှာ ၃၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၁နှစ်အောက် ကလေးငယ် ၂၅ ဦးပါဝင်ပြီး အဲဒီထဲက ကလေးငယ် ၉ဦး ဟာ ဒဏ်ရာပြင်းထန်ကြောင်း အသိပေးပါတယ်။
အသက် ၁၁နှစ်အထက် ဒဏ်ရာရသူ ၈၇ ဦးရှိရာ ၂၈ဦးဟာ ဒဏ်ရာ ပြင်းထန်ကြောင်း ထုတ်ပြန်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်သည့် ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနဲ့ ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နဲ့ တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ၊ အစားအသောက်နဲ့ အဝတ်အထည်များကိုလည်း ဆက်လက်ဖြည့်ဆည်းပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး
ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော မိဘပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ဘေးသင့်ပြည်သူများအား လိုအပ်သော အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု TNLAက ထုတ်ပြန်ပါတယ်။
TNLA ခေါင်းဆောင်တွေ၊ တအာင်းရပ်ဘက်အဖွဲ့အစည်းနဲ့ တအာင်းနိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ တအာင်းပြည်ကောင်စီ(TLC) ရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာတော့ ကောင်းတက်ရွာ ပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးရှိပြီး ၇၀ ဦးကျော် ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားတာပါ။
အလားတူ တအာင်းအရပ်ဘက်အဖွဲ့အစည်းကွန်ရက်ကလည်း ကောင်းတပ်ရွာ ပေါက်ကွဲမှု ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး အရပ်သား ၅၅ ဦးသေဆုံးကာ ၇၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး TNLA မှ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေး ကာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ ဆောင်ရွက်ပေးဖို့ တအာင်းပြည်ကောင်စီနဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်း များကွန်ရက်က တောင်းဆိုထားပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ပေါက်ကွဲတဲ့အကြောင်းရင်းက အသေးစိတ်ကိုတော့ ကျွန်မတို့လည်းစုံစမ်းနေဆဲဖြစ်တယ်။ အဲဒီ့မှာဆိုရင်တော့ ကျွန်မတို့ဘက်က သိုလှောင်ထားတဲ့ ယမ်းပျော့တွေရှိတယ်။ အဲဒီယမ်းပျော့ကနေ ကနေတစ်ဆင်ပေါက်ကွဲတာဖြစ်တယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်က ဘယ်လိုတွေဖြစ်လည်းဆိုတာကိုတော့ ကျွန်မတို့လည်း စုံစမ်းနေဆဲဖြစ်တယ်” လို့ ပြောပါတယ်။
အခု ပေါက်ကွဲမှုဖြစ်တဲ့ ယမ်းတွေဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ပစ္စည်းတွေလို့လည်း TNLAက ထုတ်ပြန်ထားပါတယ်။
လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ နဲ့ တရားမျှတမှု ရရှိရေး ဖော်ဆောင်တဲ့ လုပ်ငန်းတေါမှာ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ပါတယ်။
အခုလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်ရေး TNLA ခေါင်းဆောင်တွေ အနေနဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ကာ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားဖို့ အရပ်သား ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားဖို့လည်း တိုက်တွန်းထားပါတယ်။

😢23👎6🔥2🖕2👍1
တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်
ဇွန် ၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၁၀၁) တပ်ရင်းက တပ်သား ၁ဦးဟာ ဇွန်လ ၁ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 2 အမျိုးအစား လက်နက် ၁လက် ယူဆောင်လာကြောင်း အသိပေးထားသလို မှတ်တမ်းဓာတ်ပုံမှာ KNLA တပ်မှူးတစ်ဦးက အလင်းဝင်တပ်သားကို ဆုငွေပေးအပ်နေတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုရှိခဲ့ပါတယ်။
မေလ ၂၃ရက်ကလည်း တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်လာသူတွေဟာ အပတ်စဉ် (၂၂)စစ်သင်တန်းဆင်း သူတွေဖြစ်ပြီး လက်နက်မပါဘဲ အလင်းဝင်ရောက်လာကြတာလို့ မြိတ်ခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ထားပါတယ်။
မတ်လ ၆ရက်ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး မြိတ်ခရိုင် တပ်ရင်း(၂)ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီ တပ်သား ၂ဦး အပါအဝင် စစ်တပ်အာဏာသိမ်းမှု ၅နှစ်တာအတွင်း ခမရ( ၅၆၁)က စစ်ကောင်စီတပ်သား ၂၀ ကျော် PDF တွေဆီ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

👍23❤3🔥1🥰1
(အလင်းဝင်လာတဲ့ စစ်သားကို KNLA တပ်မှူးတစ်ဦးက ဆုငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - KNU-MTD)
❤30👍11🔥1🥰1😁1
နမ့်ခမ်းပေါက်ကွဲမှု ထိခိုက်သူတွေကူညီဖို့ ဆက်သွယ်နိုင်ကြောင်း တအာင်းပြည်ကောင်စီ ထုတ်ပြန်
ဇွန်-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မေ ၃၁ရက် နေ့လည်မှာ ကောင်းတပ်ကျေးရွာမှာ TNLA ရဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ခဲ့လို့ အရပ်သားပြည်သူ ၄၃ဦးထက်မနည်းသေဆုံးကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ရာ တအာင်းတပ်မတော် (TNLA)၊ တအာင်းနိုင်ငံရေးပါတီနဲ့ တအာင်းအရပ်ဘက်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတဲ့ တအာင်းပြည်ကောင်စီက ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပံ့ပိုးလိုသူတွေ ဆက်သွယ်ဖို့ အခုလို ထုတ်ပြန်ခဲ့တာပါ။
TNLA ရဲ့ ထုတ်ပြန်ချက်အရပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်သူတွေထဲမှာ ကလေးငယ် အများအပြားလည်း ပါဝင်တာ တွေ့ရပါတယ်။
ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူလူထုနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
TNLA အနေနဲ့ ထိခိုက်ဒဏ်ရာရရှိသူများအတွက် လိုအပ်တဲ့ ဆေးဝါးများကို ပြည့်စုံလုံလောက်စွာ စီစဉ်ပံ့ပိုးပေးထားပြီး ဆရာဝန်၊ ဆရာမများနဲ့ ကျန်းမာရေးဝန်ထမ်းများကလည်း အချိန်နဲ့ တပြေးညီ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးကုသစောင့်ရှောက်မှုများနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသလို ဘေးသင့်ပြည်သူများအား လိုအပ်တဲ့ အကူအညီများ ပိုမိုရရှိနိုင်ရေးအတွက် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲများ၊ စေတနာ့ဝန်ထမ်းအဖွဲများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု အသိပေးထားပါတယ်။

👍24😁4❤1🔥1
မြောက်ဥက္ကလာပမြို့နယ်မှာ မိုးကြိုးပစ်လို့ ဆရာမနဲ့ ကျောင်းသား ၂ဦး မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာရ
ဇွန်-၁၊၂၀၂၆။ရောင်နီ/People's Spring
အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျောင်းဆင်းခါနီး ၂နာရီခွဲလောက်မှာ ဖြစ်တာ။ ကုက္ကိုလ်ပင်ကို မိုးကြိုးကပစ်တာ ။ ဒါပေမယ့် ကျောင်းဆင်းခါနီးဆိုတော့ KG နှစ်ယောက်ရယ် ဆရာမရယ်က ကုက္ကိုလ်ပင်အောက်မှာနေနေတာ။ သစ်ပင်ကို မိုးကြိုးပစ်တော့ အောက်မှာရပ်နေတဲ့ ကျောင်းသား နှစ်ယောက်နဲ့ ဆရာမကိုတော့ထိသွားတယ်။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်မှာရှိတဲ့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ ဆရာမ နဲ့ကျောင်းသားတွေကို အနှိုင်းမဲ့မေတ္တာ လူမှူကူညီရေးအသင်းကားနဲ့ မြောက်ဥက္ကလာပဆေးဆေးရုံကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့ကလေးတွေနဲ့ ဆရာမရဲ့အခြေအနေကတော့ စိုးရိမ်စရာအခြေမနေမဟုတ်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလလယ်ကစပြီး အနောက်တောင်မုတ်သုံလေမြန်မာနိုင်ငံကိုဝင်ရောက်နေပြီး ဒေသအများအပြားမှာ နေရာကွက် မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ ပေးထားပါတယ်။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့မှာ မိုးကြိုးပစ်လို့ နွားအကောင်၅၀ခန့် သေဆုံးခဲ့ပါတယ်။

😢13👍7❤3⚡1🔥1😱1