People's Spring
60K subscribers
71.4K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😢26🔥82👍1
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံး နိုင်ငံစာရင်း မြန်မာ ဆက်လက်ပါ၀င်

■ စက်ရုံအချို့အထည်ချုပ်လုပ်ငန်းကိုအကာအ
ကွယ်ယူ၍ ကျားဖြန့်လုပ်​နေသလားဟုသံသယရှိလာ​ကြောင်းအလုပ်သမားသမဂ္ဂအဖွဲ့၀င်တဦး​ပြော

ဇွန် -၁၊၂၀၂၆။မိုမို/People's Spring

မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဆက်လက် ပါ၀င်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သ
မားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ကစပြီး မြန်မာ
နိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါဝင်နေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က ဆိုပါတယ်။

၂၀၂၆ အတွင်း အလုပ်သမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီတို့ ပါ၀င်တယ်လို့ ဆိုပါတယ်။

"အခုနောက်ပိုင်းပိုဆိုးလာတာက လုပ်ငန်းရှင်တွေကအလုပ်သမားတွေ တိုင်တာမကြိုက်ဘူး။အမှတ်တံဆိပ်တွေ ထုတ်ဖော်ပြောဆိုတာ မကြိုက်ဘူး။သမဂ္ဂ အဖွဲ့၀င်တွေကို အလုပ်ကနေ ထုတ်တယ်။ခဏခဏ ချိုးဖောက်နေကြတယ်။ကျွန်မတို့ ထင်လာတာက အထည်ချုပ်လုပ်ငန်းကို ကာဗာတစ်ခုအနေနဲ့လာလုပ်တဲ့ ကျားဖြန့်လုပ်ငန်းတွေလားဆိုတာမျိုးပဲ။နိုင်ငံတကာက ပိတ်ဆို့ မှု‌တွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ လုပ်နေတာ ပိုပိုဆိုးလာတယ်။ဒါကြောင့် ကျားဖြန့်အနေနဲ့ သံသယရှိလာတယ်"လို့ ရွှေပြည်သာမြို့နယ်က အလုပ်
သမားသမဂ္ဂ အဖွဲ့၀င်တဦးက ပြောပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ စက်ရုံအများစုကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၀င်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်တွေကိုပိတ်ပင်တာ၊
အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများ (မှတ်ပုံတင်ခြင်း) ဆိုင်ရာ အခွင့်အရေးနဲ့ အလုပ်သမားသမဂ္ဂများ မှတ်ပုံတင်တာကို ဟန့်တားတာ၊ အလုပ်သမားတွေအတွက် တရားမျှတမှု အခွင့်အလမ်း ကန့်သတ်ခံထားရတာတွေ ဖြစ်နေတယ်လို့ ITUC က ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်၊စုဝေးခွင့် မပေးတာ၊အလုပ်သမား‌တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အပါအ၀င် ဖမ်းဆီးထိန်းသိမ်းအကျဉ်းချမှုတွေ ရှိနေတယ်လို့ ITUC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလုပ်သမားအခွင့်အရေးတွေကို လိုက်နာမှုအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ကာ အစိုးရနဲ့ အလုပ်ရှင်တွေက နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ITUC က နှစ်စဉ်မှတ်တမ်းပြူစုနေတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်း‌တွေနဲ့ နှိုင်းယှဉ်ဖော်ပြတဲ့ တစ်ခုတည်းသော နှစ်ပတ်လည် စစ်တမ်းလည်း ဖြစ်ပါတယ်။

"အခုက အလုပ်ရှင်ရဲ့ချိုး‌ဖောက်မှုက သက်ဆိုင်ရာအာဏာပိုင်ရဲ့အကာအကွယ်ဘာမှ မရှိဘူး။သူများချိုးဖောက်လည်း ကိုယ်ခံနေရတယ်"လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေသူတစ်ဦးက လက်ရှိ နိုင်ငံတွင်းအလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်က အလုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ထက်မနည်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မစေခိုင်းခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်‌တွေကို စဉ်ဆက်မပြတ် ချိုးဖောက်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လ ၅ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံပေါ်အရေးယူကြောင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
👍285🔥3🗿1
လုပ်ခလစာတိုးပေးဖို့ ရွှေပြည်သာရှိ အထည်ချုပ်လုပ်ငန်းက အလုပ်သမား​တွေက ၂၀၂၆ ဖေဖော်
ဝါရီလ ၂၄ ရက်မှာ ဆန္ဒပြနေကြစဥ်။
ဓါတ်ပုံ-SPT TGU
👍307🔥1
ရှမ်းနီပြည်သူ့စစ် SNA တပ်သားသုံးဦး PDF ထံ အလင်းဝင်

ဇွန် -၁၊၂၀၂၆။ဖိုးသား/People's Spring

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့အနီး အ‌ခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၆၈)တပ်ရင်း ကွပ်ကဲမှုခံယူထားတဲ့ SNA တပ်မဟာ(၇၅၃)က တပ်သား ၃ဦးကဟာ မေလတတိယပတ်မှာ အလင်း၀င်လာတာလို့ ဆိုပါတယ်။

"ခုသုံးယောက်က လက်နက်မပါဘူး။အရင်၀င်တာလည်း များတယ်။ သတင်းမထုတ်တာပဲရှိတာ"လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်တို့ရဲ့ အနိုင်ကျင့်မှုနဲ့ ရှမ်းနီအမျိုးသားရေးလို့ဆိုကာ အထက်အဆင့်ဆင့်လူကြီး‌တွေရဲ့စီးပွားရေးနဲ့ အာဏာပါဝါပြဖို့ ခိုင်းစေခံနေရတယ်လို့ ပူးပေါင်းလာတဲ့သူ ၃ဦးက ဖွင့်ဟပါတယ်။

ဒါ့အပြင် ရှမ်းနီကို နယ်မြေပေးမယ်ဆိုတဲ့ စစ်တပ်က SNA ကို ဖောင်းပြင်မြို့အတွင်း လွတ်လွတ်လပ်လပ် မသွားလာခိုင်းပဲ ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။

အလင်းဝင်လာတဲ့ SNA ရဲဘော်တွေဟာ သူတို့နေထိုင်ချင်တဲ့ ရပ်ရွာဒေသတွေမှာ ကောင်းမွန်အေးချမ်းစွာ နေထိုင်နေကြပြီး တော်လှန်ရေးကို တတ်နိုင်သလောက်ကူညီပေးနေတယ်လို့ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမောက် နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ ဒေသ‌တွေမှာ SNA က စစ်တပ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

စစ်တပ်ဟာ SNA တပ်ကတဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန်ရေးအင်အားစု‌ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနေတယ်လို့ စုံစမ်းသိရပါတယ်။
👍333🥰2🤣1
(အလင်းဝင်လာတဲ့ SNA တပ်သား ၃ဦး။ ဓာတ်ပုံ - မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း)
👍44🥰6😁3
မင်းတုန်းအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေ

ဇွန်-၁ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သရက်မြို့အခြေစိုက် အမှတ် (၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ကျော် နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

"ကြားဖြတ်တိုက်ခိုက်တာ၊ဖြတ်တောက် တိုက်ခိုက်တာတွေရှိနေတယ်။ဒီနေ့မှာလည်း ကျွန်တော်တို့ တိုက်ပွဲ ဆက်ဖြစ်တာရှိတယ်။စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပါ"လို့ အထက်ပါတာ၀န်ရှိသူက မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲအခြေအနေအပေါ် ရှင်းပြပါတယ်။

စစ်တပ်က ဧပြီတတိယပတ်ကစပြီး မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်ခဲ့ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲ ၁၇ ကြိမ်မှာ စစ်တပ်က သေဆုံးထိခိုက်သူ ၂၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သူအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

"ပြောင်းရွာမှာ စစ်တပ်က အ‌ခြေချထားတယ်။ပြီးတော့ ရွာစဉ်ပတ်စစ်ကြောင်း၀င်နေတာမျိုးပေါ့။ပြောင်းရွာက ဒေသခံသုံးဦးသတ်ခံထားရတယ်ဆိုပြီး ကြားထားရတယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ရိုးမအနီးက မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့်မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားပါတယ်။

စစ်တပ်က မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
26👏7👍3🔥1
Media is too big
VIEW IN TELEGRAM
ရုပ်သံ - သရက်ခရိုင်အမှတ် (၄) တပ်ရင်း
🔥11🥰7👍52
မုံရွာမှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီး

ဇွန်-၁၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁ ရက် မနက် ၉နာရီခန့်က မုံရွာမြို့မှာ မိုးသည်းပြီး သာစည်လမ်း၊ မီးပွိုင့်အနီးက သစ်ပင်ပြိုလဲတာကြောင့် ဖြတ်သန်းသွားလာတဲ့ ကား ၂စီးပိမိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဟွန်ဒါဖစ်တစ်စီးနဲ့ လိုက်ထရပ်တစ်စီး ပိသွားတာ။ လိုက်ထရပ်က ပိုပျက်စီးတယ်။ လူထိခိုက်မှုမရှိဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ယခု ရက်တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ် နိုင်လို့ အထူးသတိပြု နေထိုင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
🔥103😱3👎2🥰1
(မုံရွာမြို့ သာစည်လမ်းမှာ သစ်ပင်လဲ၍ ကားပေါ်ပိမိနေစဥ်။ ဓာတ်ပုံ - မုံရွာမီးသတ်)
😱17🔥5😢5
မြစ်ကြီးနား အင်အားဖြည့်တဲ့ယာဉ်အစီး ၂၀၀ခန့်ပါ စစ်တပ်ယာဉ်တန်း KIA တိုက်ခိုက်

-" အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်" - ဗိုလ်မှူးကြီးနော်ဘူ

ဇွန်-၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။

" ယာဉ်တန်းတွေကို တိုက်ခိုက်တာတော့ရှိပါတယ်။ နန့်စီးအောင်ဘက်မှာ လည်း တိုက်ခိုက်မှုတွေရှိပါတယ်။ ဒါပေမဲ့ အားလုံးဟန့်တားနိုင်တဲ့ အနေအထားတော့ မရဘူးပေါ့။ သူတို့လည်း တိုက်ပွဲဖြစ်ပြီးမှ ရုန်းကန်ပြီး ပြန်ထွက်လာတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မေလ ၃၁ရက်မှာ မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ကို စစ်တပ်ယာဉ် အစီး ၂၀၀ ဝန်းကျင် ဝင်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြတာဖြစ်ပါတယ်။

" ဒီမော်တော်ယာဉ်တွေက အဓိက ဘာကို တင်တယ်ဆိုတာတော့ သေချာ ပြည့်ပြည့်စုံစုံတော့ သတင်းမကြားရသေးဘူး။ သူတို့ရဲ့ စစ်လက်နက်တွေလား ရိက္ခာတွေလား လူအင်အားတွေလား ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်က ယာဉ်တွေ ဝင်ရောက်လာတဲ့အပေါ် အချက် ၂ချက် သုံးသပ်မိကြောင်း ပြောပါတယ်။

“ပထမကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ကုန်းလမ်းဆက်သွယ်မှု လည်း အခက်အခဲတွေ အများကြီးရှိတဲ့အခါကျတော့ စားနပ်ရိက္ခာတွေ တခြားသော လိုအပ်တဲ့ဟာတွေ အခုကတည်းက ထောက်ပို့ထားတာလည်းဖြစ်နိုင်တာပေါ့။ မိုးတွင်းအတွက်ပေါ့လေနော်။ နောက်တခုကတော့ သူတို့ စစ်ဆင်ရေး ဖော်ဆောင်ဖို့ လိုအပ်တာတွေကို သူတို့ ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျနော်တို့ ကချင်ပြည်နယ် မြို့နယ် ၅ခုကို သူတို့ စစ်ဆင်ရေးလုပ်ဖို့ သူတို့ ပြောထားတာရှိတယ်လေ။ ဆိုတော့ အဲဒါအတွက် သူတို့ လိုအပ်တာတွေ ပြင်ဆင်ထားတာလည်းဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး နေရာဒေသ အသီးသီးကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီလို ထိုးစစ်ဆင်ရာမှာ ကချင်ပြည်နယ်ဘက်ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းတာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့်ရွှေကူမြို့နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

“ရွှေကူငါးအိုးဘက်မှာ တိုက်ပွဲရှိပါတယ်။ သူတို့ ထိုးစစ်ဆင်တာလည်း အခုထက်ထိ ပြန်ရုတ်တာမရှိသေးဘူး။ ဆိုတော့ အချိန်မရွေး နေ့တိုင်းလို တိုက်ပွဲတွေဖြစ်ပါတယ်။ တခြားနေရာမှာကတော့ ပြင်းပြင်းထန်ထန် တိုက်ပွဲရှိတာ အခုတပတ်ကတော့ မရှိဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသ လတ်တလော စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်က ရိက္ခာယာဉ်တန်းတွေ ဖြတ်သန်းသွားပါက ကားလမ်းတွေပိတ်ပြီး ရပ်တန့်ပေးရတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ သွားလာရေးအခက်တွေ့နေရပါတယ်။
👍21🤬83🤣3
ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့စစ်တပ်ယာဥ်တန်းကို​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ဓါတ်ပုံ-CJ
🤬23👍5🤮3🤣31👎1🔥1🖕1
မိခင်ရဲ့မွေးနေ့အတွက် ၈၁ ကီလိုမီတာ စကိတ်စီးမယ့် ကင်မ်

ဇွန်-၁၊၂၀၂၆။သတိုး/People's Spring

စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အမှတ်တရအတွက် ၈၁ ကီလိုမီတာ စကိတ်စီးသွားမယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ကပြောပါတယ်။

"မြန်မာနိုင်ငံမှာ မွေးနေ့ဆိုရင် လက်ဆောင် ပေးတတ်ကြပါတယ်။မေမေရဲ့ ၈၁ နှစ်မြောက် မွေးနေ့ အတွက် တစ်ခုခု လုပ်ချင်ပါတယ်။မနှစ်က ကျွန်တော် ၈ ရက်အတွင်း ၈၀ ကီလိုမီတာ ပြေးခဲ့ပါတယ်။ဒီနှစ်မှာတော့ တစ်ရက်တည်းနဲ့ ၈၁ ကီလိုမီတာ စကိတ်စီးသွားမှာပါ။" လို့ ဒီနေ့(‌ဇွန်၁) မှာ ကင်မ်ရဲ့ဖေ့စ်ဘွတ်ခ်ကနေ ဗီဒီယိုဖိုင်နဲ့ အသိပေးထားတာပါ။

ဒါ့အပြင် စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ ပြုလုပ်နေတဲ့ Proof Of Life လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

"ပါဝင်သူ များလာလေလေ၊ ကျွန်တော်တို့ရဲ့ စုပေါင်းအသံ ပိုမိုကျယ်လောင်လာလေလေ၊ အမှန်တရားကို တောင်းဆိုတဲ့ ကမ္ဘာကြီးရဲ့ အသံကို လျစ်လျူရှုဖို့ ပိုခက်ခဲလာလေလေ ဖြစ်ပါတယ်။
ကျွန်တော်တို့ အတူတကွ မျှော်လင့်ချက်ကို တည်ဆောက်နိုင်ပါတယ်။ အမှန်တရားအတွက် တောင်းဆိုသံကို ပိုမိုကျယ်လောင်စေနိုင်ပါတယ်။" လို့ ကင်မ်က ပြောပါတယ်။

ဇွန် ၁၉ မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်အမှတ်တရ အနေနဲ့ ပြည်သူတွေဘက်က ၈၁ နဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေကို ဇွန် ၁ ကနေ ၁၉ ရက်အတွင်းပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Proof Of Life ကမ်ပိန်းကို ဧပြီ တတိယပတ်မှာကင်မ် ဦးဆောင်ပြီး စတင်ခဲ့ပေမယ့် စစ်တပ်ဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

"ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကို အတူတကွ မေးကြရအောင်။"ကျွန်တော့်မေမေ အသက်ရှင်နေသေးရဲ့လား?" " လို့ ကင်မ်က မေးခွန်းထုတ်ထားပါတယ်။
30👍11🥰4😁1🤮1
47👍10🥰6😁1🤮1
နမ့်ခမ်းပေါက်ကွဲမှု အိုးအိမ်မဲ့သွားသူတွေအတွက်
အရေးပေါ် အကူအညီလိုအပ်

ဇွန်-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

ပေါက်ကဲမှုဖြစ်စဉ်မှာ ဒေသခံပြည်သူ ၅၅ဦး သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ(TLC) ကထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ပတ်ချာလည်က အိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး နောက်ထပ်တစ်ရာကျော်ခန့်က အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကယ်
ဆယ်ရေးကူညီလုပ်ဆောင်နေသူကပြောပါတယ်။

အသေးစိတ်အတည်မပြုနိုင်သေးပေမယ့် လူ‌ဦး
ရေ ၅၀၀ နီးပါးဟာ အိုးမဲ့အိမ်မဲ့အခြေအနေရင်ဆိုင်လိုက်ရတာမို့ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အခြေအနေလို့သိရပါတယ်။

"အသက်သေဆုံးသွားတဲ့သူတွေကိုတော့ရှင်အောင်ပြန်လုပ်လို့မရတော့ဘူး။ရှင်သန်ကျန်ရစ်ခဲ့တဲ့သူတွေအတွက်အကူအညီတွေအများကြီးလိုနေတယ်။ဒါကအရေးပေါ်အခြေအနေဖြစ်နေတာပါ"လို့ နမ့်ခမ်းမြို့ခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ဇွန်လ ၁ရက်မနက်အထိ ကလေးငယ်အချို့အပါအဝင် အမျိုးသား ၃၅ဦး၊ အမျိုးသမီး၂၀ဦးရုပ်အလောင်း
တွေ့ရှိထားပြီး အပျက်အစီးတွေကြားမှာ ဆက်
လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

"၅၅ဦး သဂြိုလ်ပြီးပြီ။အပိုင်းအစတွေနဲ့အလောင်းမရသေးတာ ရှာနေဆဲ။ ကျန်သေးတယ်"လို့ ပြောပါတာကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။

ဒဏ်ရာရသူ ၇၀ ကျော်ကိုလည်း နမ့်ခမ်းဆေးရုံမှာ တင်ပို့ကုသထားပြီး သွေးအပါအဝင် အကူအညီတွေလိုအပ်နေပါတယ်။

တအာင်းပြည်ကောင်စီ(TLC) ကလည်း နေရာဒေသ အသီးသီးရှိ ပြည်သူများအနေဖြင့် ကောင်းတပ်ရွာ ပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့ရဲ့ကျန်ရစ်သူမိသားစုဝင်​တွေ၊ ထိ
ခိုက်ဒဏ်ရာရ သူများနဲ့ နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ဖို့ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပံ့ပိုးဖေးမ​ပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။

အိမ်ပျက်စီးလို့ နေစရာမရှိတော့သူတွေကို တအောင်းတပ် TNLAက နေရာချထား‌ရေးဆောက်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ရွာလုံးကျွတ်နီးပါး အိုးမဲ့၊အိမ်မဲ့ဖြစ်ရပြီး အဲဒီအတွက် ကူညီပေးနိုင်ဖို့ မြို့ခံတွေကလည်း ကြိုးပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ
တော်(TNLA)ခေါင်းဆောင်ပိုင်းအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန်၊ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးရန်နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်း‌‌ရေးနဲ့ လုံခြုံ
ရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တအာင်းပြည်ကောင်စီက ထုတ်ပြန်ထားပါတယ်။
👍19😢142🤮1
ပေါက်ကွဲမှု​ကြောင့် ပြိုကျပျက်စီးသွားတဲ့အိမ်အတွင်းက​လေးငယ်တဦးကို​တွေ့ရစဥ်။
ဓါတ်ပုံ-TWO
😢393👍2🥰2🤮1