People's Spring
60K subscribers
71.4K photos
1.25K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍36😁41
"မီးတောက်တွေကလည်း များလိုက်တာ။အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမ
ကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။

အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအ
တွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။

"ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။
မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်"

တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်
ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။

လက်ရှိမှာ မြစ်ခြေမြို့ကိုစစ်ကောင်စီက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။အင်အား ၄၀၀ ကနေ ၅၀၀နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ မေလ၁၀ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို ဧရာဝတီမြစ်‌ ကြောင်းကနေဝင်ရောက်လာခဲ့တာပါ။‌တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒေ
သခံတွေအထိမနာအောင် စစ်ရေးကို အကန့်အ
သတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြို့ကိုပစ်မှတ်ထားဖျက်ဆီးဖို့အထိ သွေးဆာနေပါတယ်။

စစ်တပ်စစ်ကြောင်းတွေက သွေးဆာနေတဲ့ဘီလူးတွေပဲလို့ ဒေသခံတွေကပြောပါတယ်။ မေလ ၁၃
ရက်က စပြီး အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေစတင်ခဲ့ပြီး ကလေးငယ်အချို့အပါအဝင် အရပ်
သားပြည်သူ၁၂ ဦးထက်မနည်းကိုသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

https://www.ludunwayoo.com/feature-mm/2026/05/31/158690/
😢43👍32👎1🔥1
နမ့်ခမ်း ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြည်သူ ၅၅ဦး သေဆုံး၊ ၇၀ ဦးကျော် ဒဏ်ရာရ

■ပေါက်ကွဲမှုစုံစမ်းပြီး ဖြစ်စဉ်အပေါ်တာဝန်ယူတာဝန်ခံမှု အပြည့်ရှိဖို့ TNLA ခေါင်းဆောင်တွေကိုတအာင်းပြည်ကောင်စီတိုက်တွန်း

ဇွန်-၁၊၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မနေ့ကယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး ပြည်သူ ၅၅ဦး သေဆုံးကာ ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ(TLC) ကထုတ်ပြန်လိုက်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ TNLA ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။

​မေ ၃၁ ရက်​ပေါက်ကွဲမှု​ကြောင့်ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရတဲ့ အပေါ် ကျန်ရစ်သူမိသားစုဝင်တွေ ပြည်သူတွေနဲ့ထပ်တူအထူးပင်ဝမ်းနည်းကြေကွဲရတယ်လို့လည်း တအာင်းပြည်ကောင်စီက ဇွန် ၁ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်း
ဆောင်များအနေဖြင့်ပေါက်ကွဲမှုဖြစ်စဉ်အကြောင်း
ရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီးဤဖြစ်
စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန် နှင့် တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် နှင့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်း‌‌ရေးနှင့် လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တိုက်
တွန်းအပ်ပါသည်” လို့ တအာင်းပြည်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်နေရာဒေသအသီးသီးရှိပြည်သူများအ
နေဖြင့်လည်း ကောင်းတပ်ရွာ ပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့ရဲ့ကျန်ရစ်သူ မိသားစုဝင်များ၊ထိခိုက်ဒဏ်ရာရသူများနဲ့ နေအိမ်အဆောက်အအုံများပြန်လည်တည်
ဆောက်ဖို့ တတ်စွမ်းသမျှဝိုင်းဝန်းကူညီပံ့ပိုးဖေး
မ ကြဖို့လည်း တိုက်တွန်းထားပါတယ်။

TNLA ကလည်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ​မေ ၃၁ ရက်ည​နေပိုင်းက ထုတ်ပြန်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ အသိပေးထားပါတယ်။

PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုဖို့သို
လှောင်ထားတဲ့ပစ္စည်းတွေလို့ဖော်ပြထားပြီး ပေါက်
ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းများအား အသေးစိပ်
စုံစမ်းစစ်ဆေးလျက်ရှိကာတာဝန်ရှိသူများအား
ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ဆိုပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ ပေါက်ကွဲတဲ့နေရာဟာ တရုတ်လုပ်ငန်းရှင်တွေ
လာရောက်ရင်းနှီးမြုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံလို့ ပြောပါတယ်။ ​​ဒေသခံပြည်သူ​တွေရဲ့​နေအိမ်​တွေအနီးမှာ ​ပေါက်
ကွဲ​စေတက်တဲ့ ယမ်းသို​လှောင်ရုံ ဒါမှမဟုတ်စက်ရုံအလုပ်ရုံ​တွေ ရှိ​နေတဲ့အ​ပေါ် ပြည်သူအချို့က​ဝေဖန်​နေကြပါတယ် ။

ဒါ့အပြင်အခုပေါက်ကွဲမှုဟာမတော်တဆဖြစ်တာလား ၊ ပြင်ပ ပ​​​ယောဂတစ်ခုခု​ကြောင့်လားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့
ဒေသခံ သတင်းရင်းမြစ်အချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့၊ယောင်းပန်းရွာကျေးရွာမှာရှိတဲ့တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး လူ ၁၇၀ထက်မနည်းသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
😢17🔥149
😢26🔥82👍1
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံး နိုင်ငံစာရင်း မြန်မာ ဆက်လက်ပါ၀င်

■ စက်ရုံအချို့အထည်ချုပ်လုပ်ငန်းကိုအကာအ
ကွယ်ယူ၍ ကျားဖြန့်လုပ်​နေသလားဟုသံသယရှိလာ​ကြောင်းအလုပ်သမားသမဂ္ဂအဖွဲ့၀င်တဦး​ပြော

ဇွန် -၁၊၂၀၂၆။မိုမို/People's Spring

မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဆက်လက် ပါ၀င်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သ
မားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ကစပြီး မြန်မာ
နိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါဝင်နေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က ဆိုပါတယ်။

၂၀၂၆ အတွင်း အလုပ်သမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီတို့ ပါ၀င်တယ်လို့ ဆိုပါတယ်။

"အခုနောက်ပိုင်းပိုဆိုးလာတာက လုပ်ငန်းရှင်တွေကအလုပ်သမားတွေ တိုင်တာမကြိုက်ဘူး။အမှတ်တံဆိပ်တွေ ထုတ်ဖော်ပြောဆိုတာ မကြိုက်ဘူး။သမဂ္ဂ အဖွဲ့၀င်တွေကို အလုပ်ကနေ ထုတ်တယ်။ခဏခဏ ချိုးဖောက်နေကြတယ်။ကျွန်မတို့ ထင်လာတာက အထည်ချုပ်လုပ်ငန်းကို ကာဗာတစ်ခုအနေနဲ့လာလုပ်တဲ့ ကျားဖြန့်လုပ်ငန်းတွေလားဆိုတာမျိုးပဲ။နိုင်ငံတကာက ပိတ်ဆို့ မှု‌တွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ လုပ်နေတာ ပိုပိုဆိုးလာတယ်။ဒါကြောင့် ကျားဖြန့်အနေနဲ့ သံသယရှိလာတယ်"လို့ ရွှေပြည်သာမြို့နယ်က အလုပ်
သမားသမဂ္ဂ အဖွဲ့၀င်တဦးက ပြောပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ စက်ရုံအများစုကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၀င်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်တွေကိုပိတ်ပင်တာ၊
အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများ (မှတ်ပုံတင်ခြင်း) ဆိုင်ရာ အခွင့်အရေးနဲ့ အလုပ်သမားသမဂ္ဂများ မှတ်ပုံတင်တာကို ဟန့်တားတာ၊ အလုပ်သမားတွေအတွက် တရားမျှတမှု အခွင့်အလမ်း ကန့်သတ်ခံထားရတာတွေ ဖြစ်နေတယ်လို့ ITUC က ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်၊စုဝေးခွင့် မပေးတာ၊အလုပ်သမား‌တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အပါအ၀င် ဖမ်းဆီးထိန်းသိမ်းအကျဉ်းချမှုတွေ ရှိနေတယ်လို့ ITUC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလုပ်သမားအခွင့်အရေးတွေကို လိုက်နာမှုအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ကာ အစိုးရနဲ့ အလုပ်ရှင်တွေက နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ITUC က နှစ်စဉ်မှတ်တမ်းပြူစုနေတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်း‌တွေနဲ့ နှိုင်းယှဉ်ဖော်ပြတဲ့ တစ်ခုတည်းသော နှစ်ပတ်လည် စစ်တမ်းလည်း ဖြစ်ပါတယ်။

"အခုက အလုပ်ရှင်ရဲ့ချိုး‌ဖောက်မှုက သက်ဆိုင်ရာအာဏာပိုင်ရဲ့အကာအကွယ်ဘာမှ မရှိဘူး။သူများချိုးဖောက်လည်း ကိုယ်ခံနေရတယ်"လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေသူတစ်ဦးက လက်ရှိ နိုင်ငံတွင်းအလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်က အလုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ထက်မနည်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မစေခိုင်းခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်‌တွေကို စဉ်ဆက်မပြတ် ချိုးဖောက်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လ ၅ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံပေါ်အရေးယူကြောင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
👍285🔥3🗿1
လုပ်ခလစာတိုးပေးဖို့ ရွှေပြည်သာရှိ အထည်ချုပ်လုပ်ငန်းက အလုပ်သမား​တွေက ၂၀၂၆ ဖေဖော်
ဝါရီလ ၂၄ ရက်မှာ ဆန္ဒပြနေကြစဥ်။
ဓါတ်ပုံ-SPT TGU
👍307🔥1
ရှမ်းနီပြည်သူ့စစ် SNA တပ်သားသုံးဦး PDF ထံ အလင်းဝင်

ဇွန် -၁၊၂၀၂၆။ဖိုးသား/People's Spring

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့အနီး အ‌ခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၆၈)တပ်ရင်း ကွပ်ကဲမှုခံယူထားတဲ့ SNA တပ်မဟာ(၇၅၃)က တပ်သား ၃ဦးကဟာ မေလတတိယပတ်မှာ အလင်း၀င်လာတာလို့ ဆိုပါတယ်။

"ခုသုံးယောက်က လက်နက်မပါဘူး။အရင်၀င်တာလည်း များတယ်။ သတင်းမထုတ်တာပဲရှိတာ"လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်တို့ရဲ့ အနိုင်ကျင့်မှုနဲ့ ရှမ်းနီအမျိုးသားရေးလို့ဆိုကာ အထက်အဆင့်ဆင့်လူကြီး‌တွေရဲ့စီးပွားရေးနဲ့ အာဏာပါဝါပြဖို့ ခိုင်းစေခံနေရတယ်လို့ ပူးပေါင်းလာတဲ့သူ ၃ဦးက ဖွင့်ဟပါတယ်။

ဒါ့အပြင် ရှမ်းနီကို နယ်မြေပေးမယ်ဆိုတဲ့ စစ်တပ်က SNA ကို ဖောင်းပြင်မြို့အတွင်း လွတ်လွတ်လပ်လပ် မသွားလာခိုင်းပဲ ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။

အလင်းဝင်လာတဲ့ SNA ရဲဘော်တွေဟာ သူတို့နေထိုင်ချင်တဲ့ ရပ်ရွာဒေသတွေမှာ ကောင်းမွန်အေးချမ်းစွာ နေထိုင်နေကြပြီး တော်လှန်ရေးကို တတ်နိုင်သလောက်ကူညီပေးနေတယ်လို့ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမောက် နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ ဒေသ‌တွေမှာ SNA က စစ်တပ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

စစ်တပ်ဟာ SNA တပ်ကတဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန်ရေးအင်အားစု‌ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနေတယ်လို့ စုံစမ်းသိရပါတယ်။
👍333🥰2🤣1
(အလင်းဝင်လာတဲ့ SNA တပ်သား ၃ဦး။ ဓာတ်ပုံ - မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း)
👍44🥰6😁3
မင်းတုန်းအနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေ

ဇွန်-၁ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သရက်မြို့အခြေစိုက် အမှတ် (၄၄)ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ကျော် နဲ့စစ်ကြောင်း ၃ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

"ကြားဖြတ်တိုက်ခိုက်တာ၊ဖြတ်တောက် တိုက်ခိုက်တာတွေရှိနေတယ်။ဒီနေ့မှာလည်း ကျွန်တော်တို့ တိုက်ပွဲ ဆက်ဖြစ်တာရှိတယ်။စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပါ"လို့ အထက်ပါတာ၀န်ရှိသူက မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲအခြေအနေအပေါ် ရှင်းပြပါတယ်။

စစ်တပ်က ဧပြီတတိယပတ်ကစပြီး မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်ခဲ့ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲ ၁၇ ကြိမ်မှာ စစ်တပ်က သေဆုံးထိခိုက်သူ ၂၀ ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သူအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

"ပြောင်းရွာမှာ စစ်တပ်က အ‌ခြေချထားတယ်။ပြီးတော့ ရွာစဉ်ပတ်စစ်ကြောင်း၀င်နေတာမျိုးပေါ့။ပြောင်းရွာက ဒေသခံသုံးဦးသတ်ခံထားရတယ်ဆိုပြီး ကြားထားရတယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ရိုးမအနီးက မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့်မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားပါတယ်။

စစ်တပ်က မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
26👏7👍3🔥1
Media is too big
VIEW IN TELEGRAM
ရုပ်သံ - သရက်ခရိုင်အမှတ် (၄) တပ်ရင်း
🔥11🥰7👍52
မုံရွာမှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီး

ဇွန်-၁၊ ၂၀၂၆။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁ ရက် မနက် ၉နာရီခန့်က မုံရွာမြို့မှာ မိုးသည်းပြီး သာစည်လမ်း၊ မီးပွိုင့်အနီးက သစ်ပင်ပြိုလဲတာကြောင့် ဖြတ်သန်းသွားလာတဲ့ ကား ၂စီးပိမိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဟွန်ဒါဖစ်တစ်စီးနဲ့ လိုက်ထရပ်တစ်စီး ပိသွားတာ။ လိုက်ထရပ်က ပိုပျက်စီးတယ်။ လူထိခိုက်မှုမရှိဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ယခု ရက်တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ် နိုင်လို့ အထူးသတိပြု နေထိုင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
🔥103😱3👎2🥰1
(မုံရွာမြို့ သာစည်လမ်းမှာ သစ်ပင်လဲ၍ ကားပေါ်ပိမိနေစဥ်။ ဓာတ်ပုံ - မုံရွာမီးသတ်)
😱17🔥5😢5