People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - Hein Aung Facebook ၊ CJ
41👍8🥰3😁1🤮1🖕1
■​ဆောင်းပါး

နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကြောင့်
နှစ်ခြမ်းခွဲရတော့မယ့် လုံဝသင်္ခ

-ထက်ဖြိုး​ရေးသားသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်
ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးအားကစားကွင်းကြီးတွေ အကြောင်းကို ဘောလုံးဝါသနာအိုးတိုင်း သိကြပါလိမ့်မယ်။

ကွင်းထဲမှာအံ့မခန်းအားပေးနေကြတဲ့ပရိသတ်တွေ၊ ခမ်းနားထည်ဝါလှတဲ့အနုပညာမြောက် ဗိ
သုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဘောလုံးကွင်းကြီးတွေဟာ အလွန်အင်မတန် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ အဲဒီဘောလုံးအားကစာကွင်းကြီးတွေထဲ ကိုယ်တိုင်းမရောက်ဖူးရင်တောင် တီဗွီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေနဲ့တင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနာလိုက်သလဲဆိုတာ ပေါ်လွင်နေပါပြီ။

ဒါပေမဲ့လည်း အဲဒီကမ္ဘာကျော်ဘောလုံး အားက
စားကွင်းကြီးတွေ ပိုင်ဆိုင်မထားဘဲ ကမ္ဘာပေါ်က ဘယ်ဘောလုံးကွင်းမှာမှ မရှိနိုင်တဲ့ အံ့ဩမင်သက်စရာ ထူးခြားတဲ့ ဘောလုံးကွင်းတစ်ခုဟာ မြန်မာ
နိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသက ရွာလေးတစ်ရွာမှာ တည်ရှိနေတယ်ဆိုတာကိုတော့ သိရှိသူ နည်းကြပါလိမ့်မယ်။

အဲဒါကတော့မြန်မာ-အိန္ဒိယနယ်စပ်စည်းပေါ်မှာ ကွက်တိကျရောက်နေတဲ့ လုံဝသင်္ခရွာက ဘောလုံးကွင်းလေးပဲ ဖြစ်ပါတယ်။လုံဝသင်္ခရွာဟာစစ်ကိုင်း
တိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်
စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။

ဒီဘောလုံးကွင်းလေးထဲမှာဘောလုံးကန်နေတဲ့ ရွာကလူငယ်တွေဟာ ဂိုးတစ်ဖက်ကို ဂိုးသွင်းလိုက်ရင် မြန်မာနိုင်ငံ ဘက်ခြမ်းကို ဂိုးသွင်းလိုက်တာဖြစ်ပြီး နောက်ထပ် ဂိုးတစ်ဖက်ကို သွင်းလိုက်ရင်တော့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို သွင်းလိုက်တာမျိုးပါ။ နယ်စပ်မျဉ်းဟာ ဘောလုံးကွင်းရဲ့ အလျားလိုက် ခပ်စောင်းစောင်အနေအထားနဲ့ ဖြတ်သွားပြီး ဂိုးတစ်ဖက်က မြန်မာဘက်ခြမ်းနဲ့ တစ်ဖက်က အိန္ဒိယဘက်ခြမ်းမှာ ရှိနေတာပါ။

“ကျနော်တို့က တစ်ရွာတည်းဆိုတော့ မြန်မာခြမ်း၊ အိန္ဒိယခြမ်း မခွဲခြားဘူးလေ”လို့ ဘောလုံးကန်တဲ့အခါ အတူတူကန်ကြတဲ့အကြောင်း လုံဝသင်္ခရွာသား ကိုဂတ်ဖားက ပြောပါတယ်။

ဒါပေမယ့် သူတို့ကိုယ်တိုင်က ခွဲခြားခြင်းမရှိပေမဲ့လည်း မကြာခင်မှာ အဲဒီရွာလေးကို နှစ်ခြမ်းခွဲပစ်မယ့် နယ်စပ်ခြံစည်းရိုးကြီးကလုံဝသင်္ခရွာလယ်ခေါင်ကနေ ကာရံပိတ်ဆို့တော့မှာဖြစ်ပါတယ်။
အိန္ဒိယဗဟိုအစိုးရက နိုင်ငံတော်လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး နှစ်နိုင်ငံနယ်စပ်စည်းခတ်နေတာပါ။ အခုဆိုရင် မြန်မာဘက်က တမူးမြို့နယ်နဲ့ထိစပ်နေတဲ့ မဏီပူရပြည်နယ် နယ်စပ်စည်းကို အတန်အသင့် ခြံစည်းရိုးခတ်လို့ ပြီးစီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိစပ်မြို့နယ်တွေဖြစ်တဲ့ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာလည်း ခြံစည်းရိုး ကာရံနေပြီဖြစ်ပါတယ်။

နန်းယွန်းမြို့နယ်မှာဆိုရင် နယ်စပ်ခြံစည်းရိုး သုံးပုံနှစ်ပုံ ခြံစည်းရိုးကာရံပြီးဖြစ်လို့ မကြာခင် လုံဝသင်္ခရွာတည်ရှိတဲ့ လဟယ်မြို့နယ်ထဲ ရောက်ရှိတော့မှာပါ။

ဒီခြံစည်းရိုးသာ အပြီးသတ် ခတ်လိုက်မယ်ဆိုရင် သမိုင်းအစဉ်အဆက် ရာစုနှစ်ပေါင်းများစွာ တစ်မြေတည်း၊ တစ်ရွာတည်း အတူနေထိုင်ရှင်သန်လာခဲ့တဲ့ လုံဝသင်္ခရွာလေးဟာ ရွာလယ်ကနေ နှစ်ခြမ်းကွဲသွားတော့မှာ ဖြစ်ပါတယ်။ ဘောလုံးကွင်းလေးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။

လုံဝသင်္ခရွာထဲက ဖြတ်သွားတဲ့ နယ်စပ်စည်းပေါ်မှာဆိုရင်ဘောလုံးကွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဘုရားကျောင်းနဲ့ ရွာရဲ့နာမည်ကျော် စော်ဘွားကြီးအိမ်ဟာလည်းနယ်စပ်စည်းပေါ်မှာရှိနေပြီး ခြံစည်း
ရိုးကြောင့် မကြာခင်ပျက်စီးပါတော့မယ်။ ဒါ့အ
ပြင် မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ စာသင်ကျောင်းတွေပါ အပိုင်းပိုင်း ခွဲခြားခံရတော့မယ့် သောကလှိုင်းတွေက နယ်စပ်မျဉ်းပေါ်မှာ ရိုက်ခတ်လို့ နေပါတယ်။

လုံဝသင်္ခရွာဟာမြန်မာဘက်ခြမ်းမှာအိမ်ခြေ ၃၀၀ ခန့်နဲ့ အိန္ဒိယဘက်ခြမ်းမှာ အိမ်ခြေ ၇၀၀ ခန့်ရှိပါတယ်။ လုံဝသင်္ခရွာကနေ လဟယ်မြို့ပေါ် ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် တစ်ရက်ခရီးသွားရပြီး ခြေလျှင်သွားမယ်ဆိုရင်တော့ ငါးရက်ခရီးသွားရပါတယ်။ ကားလမ်း မရှိပါဘူး။

“အရင်က လုံဝကနေလဟယ်ထိလမ်းတစ်ကြောင်းထိုး ဖောက်ထားတယ်။ ဒါပေမယ့် ပြုပြင်မှုမရှိတော့ ကိုယ်တိုင်ပဲ ဆိုးတဲ့နေရာလေးတွေ လုပ်ပြီးတော့ သွားနေရပါတယ်”လို့ ကိုဂတ်ဖားက ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယဘက်ခြမ်းကို သွားမယ်ဆိုရင်တော့ လမ်းတွေကောင်းမွန်ပြီး လုံဝသင်္ခရဲ့ တစ်
ဖက်ခြမ်းဟာ နာဂလန်းပြည်နယ်ထဲ ပါဝင်နေတာဖြစ်ပါတယ်။

စာသင်ကျောင်းဆိုရင်လည်း မြန်မာကျောင်းရော၊ အိန္ဒိယကျောင်းရော နှစ်ကျောင်းရှိပြီး မြန်မာဘက်ခြမ်းမှာဆိုရင် မူလွန်ကျောင်းဖြစ်တဲ့ ခုနှစ်တန်းအထိဖွင့်လှစ်ထားပါတယ်။ အိန္ဒိယဘက်ခြမ်းကျရောက်တဲ့ ဘက်မှာတော့ အိန္ဒိယအစိုးရဖွင့်လှစ်ထားတဲ့ ကိုးတန်းအထိ ရှိပါတယ်။
👍194🤮3🔥2
မြန်မာကျောင်းမှာ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ ဆရာ၊ ဆရာမဦးရေ ငါးယောက်၊ ခြောက်ယောက်လောက် ရှိတတ်ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနက ဆရာမတစ်ဦးတည်းပဲ ချပေးတော့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျောင်းဖွင့်တယ်ဆိုရုံပဲရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ကျောင်းလုံးဝ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီနှစ်မှာလည်း ကျောင်းဖွင့်ဖို့ မသေချာသေးဘူးလို့ ကိုဂတ်ဖားက ပြောပါတယ်။

အိန္ဒိယခြမ်းမှာတော့ မြန်မာကျောင်းနဲ့ဆန့်ကျင်
ဘက်ပါ။ ဆရာ၊ ဆရာမလည်း အလုံအလောက်ရှိပြီးကျောင်းလည်းပုံမှန်ဖွင့်ပါတယ်။မြန်မာကျောင်း ခုနှစ်တန်းပြီးရင်တေ့ လုံဝသင်္ခရွာနဲ့ တစ်ရက်ခရီးခြေလျင်သွားရတဲ့ယမ်းကြုန်းရွာအထက်တန်း
ကျောင်းကို သွားတက်ကြရပြီး လုံဝသင်္ခရွာရဲ့ အိန္ဒိယဘက်ခြမ်းမှာ ကိုးတန်းအောင်ပြီးရင် Mon မြို့ကို သွားရောက်တက်ကြတာတွေရှိသလို တ
ခြားအိန္ဒိယကျေးလက် ကျောင်းတွေမှာလည်း သွားတက်တာတွေလည်းရှိပါတယ်။ Mon မြို့နဲ့ လုံဝသင်္ခရွာဟာ ကားလမ်းတိုက်ရိုက်ပေါက်သလို လမ်းလည်းကောင်းမွန်ပြီး ကားနဲ့ သုံနာရီပဲစီးရပါတယ်။

“လွန်ခဲ့တဲ့ကာလကနေ အခုချိန်ထိ ဟိုဘက်ဒီဘက်မှာနီးစပ်ရာမိသားစုတွေဆီမှာကျနော့်သားကျောင်း
ထားပေးပါဦး၊ ကျနော့်သမီးလေး ကျောင်းထားပေးပါဦး။ ဒီလိုကအစ လုပ်ကြရတာ”လို့ ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဌ ဦးချစ်ယောင်းက ပြောပါတယ်။

ပညာရေးအတွက်သာမကကျန်းမာရေးအတွက် ဆေးရုံဆေးခန်းကအစမြန်မာပြည်ဘက်ကို သွား
ရောက်ဖို့မလွယ်တဲ့အခါ နယ်စပ်ကြောမှာရှိနေတဲ့ နာဂရွာတွေဟာ ချက်ချင်းဆိုသလို အိန္ဒိယဘက်ကို သွားရောက်ကုသနိုင်ပါတယ်။

လုံဝသင်္ခရွာခံပြည်သူတွေဟာ စိုက်ပျိုးရေးလည်း လုပ်ကိုင်ကြပြီး စပါးနဲ့ တခြားသီးနှံတချို့လည်း စိုက်ပျိုးကြတဲ့အပြင် အိန္ဒိယဘက်ခြမ်းကနေ ကုန်ပစ္စည်းတွေဝယ်ယူလာပြီး နှစ်နိုင်ငံနယ်စပ်ဈေးမှာ ရောင်းဝယ်တာတွေ လုပ်ကိုင်ကြတယ်လို့ဆိုပါတယ်။

လက်ရှိကာလမှာ မုံရွာဘက်ကနေဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲကစလို့ အဝတ်အထည်နဲ့ တ
ခြားကုန်ပစ္စည်းတွေ ချင်းတွင်းမြစ်ကနေတစ်ဆင့် ခန္တီးဘက်ကို တိုက်ပွဲတွေကြောင့် ရောက်မလာတော့ပါဘူး။ ဒါ့ကြောင့် နာဂဒေသ ပြည်သူတွေဟာ မြန်မာပြည်ထဲက ခန္တီးမြို့ကို ဆင်းလာပြီး လာဝယ်လို့မရတော့တာကြောင့် လုံဝသင်္ခလို နယ်စပ်ဈေးရှိတဲ့ ရွာတွေကို အားကိုးလာကြရပါတယ်။

တကယ်တမ်းတော့ လုံဝသင်္ခအပြင် ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ အလားတူ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတဲ့ တခြားရွာနှစ်ရွာလည်း ရှိနေပါသေးတယ်။ အဲဒီရွာတွေက လုံဝသင်္ခရွာရဲ့ ရွာခွဲတစ်ခုဖြစ်တဲ့ Longwa Wasa နဲ့ ITC, Dand ရွာတို့ဖြစ်ပါတယ်။ ITC, Dan ရဲ့ အပြည့်အစုံက International Trade Cenre , Dan ရွာ ဖြစ်ပြီး လဟယ်မြို့နယ်ထဲမှာ ရှိကြတာပါ။

“အိန္ဒိယ-မြန်မာနယ်နိမိတ် ခြံစည်းရိုးက နာဂတွေရဲ့ နှလုံးသားကို အလယ်တည့်တည့် ခြမ်းပစ်သလိုဖြစ်နေပါတယ်”လို့ ITC, Dan ရွာသားဖြစ်တဲ့ ကိုစန်းကွေက ပြောပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်စည်းမခတ်ဖို့ ကိုစန်းကွေတို့လို နယ်စပ်စည်းပေါ်က ရွာတွေအပြင် အိန္ဒိယနဲ့ မြန်မာဘက်ခြမ်းက နာဂတိုင်းရင်းသားတွေဟာ ဆန္ဒပြကန့်ကွက်နေကြတယ်လို့ ကိုစန်းကွေက ဆိုပါတယ်။

လုံဝသင်္ခရွာက နာဂစော်ဘွားကြီး တိုးညုင်းက လုံဝသင်္ခရွာရဲ့ အုပ်ချုပ်ရေး အကြီးအကဲဖြစ်တဲ့အ
ပြင် သူအုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရွာတွေဟာ အိန္ဒိယနဲ့ မြန်မာနှစ်ဖက်စလုံးမှာရှိပါတယ်။မြန်မာဘက်ခြမ်းမှာ နာဂစော်ဘွားကြီးတိုးညုင်း အုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရွာပေါင်း ၃၀ ရှိပြီး အိန္ဒိယဘက်ခြမ်းမှာ ရွာပေါင်း ၂၀ ကျော်ရှိပါတယ်။

“မျဉ်းကြောင်းပေါ်မှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်လိုက်လို့ရှိရင်တော့ မြန်မာပြည်ခြမ်းမှာရှိတဲ့ ညီအစ်ကိုတွေက ရွာပေါင်း ၃၀ ကျော်ရှိတဲ့ဟာကျတော့အစားအသောက်လည်းငတ်လောက်တယ်”လို့ လုံဝသင်္ခရွာသားကိုဂတ်ဖားကပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး တို့လို ကွင်းတွေမှာ ဘောလုံးပွဲပြီးဆုံးသွားတဲ့အခါ ကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေဟာအိမ်ကိုအေးဆေးပြန်ကြပါတယ်။

မကြာခင် ခြံစည်းရိုးကြီး ရွာထဲကဖြတ်သန်းသွားတော့မယ့် မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းပေါ်က ဝေးလံခေါင်သီတဲ့ နာဂဒေသ လုံဝသင်္ခရွာမှာရှိတဲ့ ဘောလုံးကွင်းလေးရဲ့ ပွဲသိမ်းခရာမှုတ်သံဟာ နာဂတွေရဲ့ နှလုံးသားကို အပိုင်းပိုင်းပြတ်သွားစေတော့မှာ ဖြစ်ပါတယ်။ ။
👍204🤮2😨2👎1
မြန်မာနိုင်ငံဘက်မှာ တစ်ခြမ်း အိန္ဒိယနိုင်ငံဘက်မှာတစ်ခြမ်းဖြစ်​နေတဲ့လုံဝသင်္ခ ရွာ ၊ဘောလုံးကွင်းနဲ့ အိမ်တစ်လုံးထဲမှာနိုင်ငံတစ်ခြမ်းပိုင်​​နေတဲ့ ရွာအကြီးအကဲတို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-AP ၊CJ
👍21😡61🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၃၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဆောနယ်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ထံက စစ်သုံ့ပန်းနဲ့လက်နက်တွေသိမ်းရတယ်လို့ ယောတပ်တော် ပြော

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။ အခုမေလ
၁၁ရက်ကစပြီး ပေါက်မြို့အခြေစိုက် အမှတ်
(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )ကထွက်လာတဲ့အင်အား၄၀၀ဝန်းကျင် စစ် ကြောင်းနဲ့ မေလ ၂၂ ရက်ကကပစ -၂၄ က ထပ်ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်နဲ့ စစ်ယာဉ်တန်းတွေကို ပုံတောင်နတ်ထိပ်ဒေသမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၁၃ ရက်စပြီး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့ပြီး ဒီကနေ့ မေလ ၃၁ရက် အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲလို့ အသိပေးပါတယ်။ စစ်တပ်စစ်ကြောင်းက ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော်နဲ့ သေဆုံးသူ ၈၀ကျော်ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်း‌တွေနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ YA က ပြောပါတယ်။

◾️TNlA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာပြင်းထန်တဲ့​ပေါက်ကွဲမှုဖြစ် ​သေဆုံးဒဏ်ရာရသူများ

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။ မေလ ၃၁ ရက်၊နေ့လယ် ၁၂ ခွဲခန့်မှာ ပေါက်ကွဲတာဖြစ်ပြီး နမ့်ခမ်းတမြို့လုံးအပြင်တရုတ်နိူင်ငံ၊ ရွှေလီမြို့ဘက်ခြမ်းကပါကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။​ ပေါက်ကွဲမှုကြောင့်သေဆုံးသူ သုံးဆယ်ကျော်နဲ့ ထိခိုက်သူ တစ်ရာနီးပါးရှိလာပြီလို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး ဒေသခံအချို့ကပြောပါတယ်။ ​သေဆုံးဒဏ်ရာရသူအ​ရေအတွက်​တွေထပ်မံတိုး​နေပြီး နမ့်ခမ်းဆေးရုံမှာ လူနာတွေများနေပြီး သွေးလိုအပ်နေတယ်လို့လည်း အကူအညီတောင်းထားကြပါတယ်။ ​

◾️နမ့်ခမ်းပေါက်ကွဲမှု မိုင်းတွင်းကျောက်ထုတ်
လုပ်ရေးမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့​တွေမ​တော်တဆ​ပေါက်ကွဲတာလို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မေလ ၃၁ရက် နေ့လည် ၁၂နာရီက ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၆နာရီကျော်အကြာမှာ TNLAက ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ ထိခိုက်သေဆုံးအရေအတွက်ကို ဖော်ပြမထားပါဘူး။ အဆိုပါပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများမှ အသက်ဆုံးရှုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးရမှုတို့ အများအပြားရှိခဲ့တယ်လို့ ဖော်ပြပြီး အသက်ဆုံးရှုံး ဒဏ်ရာရ ပျက်စီးမှု ကြုံရတဲ့ ပြည်သူတွေအတွက် များစွာ ဝမ်းနည်းပူဆွေးရတယ်လို့ အသိပေးထားပါတယ်။

◾️စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို
စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲ​​တွေဖြစ်ပွားခဲ့တယ်လို့ လည်း​ဖော်ပြထားပါတယ်။စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တော
ပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

◾️မြင်းမူမှာ စစ်တပ်စစ်ကြောင်းထိုး၊ ပြည်သူအချို့ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ ဒီကနေ့ မေလ ၃၁ ရက် နေ့လယ် ၁နာရီခန့်က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကားတွေပေါ်က အင်အား ၁၀၀ခန့်ရှိတဲ့ စစ်သားတွေ ချထားခဲ့ပါတယ်။ အဲဒီစစ်သားတွေဟာ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာက ပြည်သူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားပြီး မြောင်နယ်ဘက်ထွက်ခွာသွားကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

◾️မြင်းမူမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၇ ဦးခန့်သေဟု BLDF ​ပြော
👍187🔥2
ပြီးခဲ့တဲ့ မေလ ၂၇ ရက် မနက် ၈နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ ကင်းပုန်းချဖို့ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တာဝန်ရှိသူက ​ပြောပါတယ်။ ​အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ (၃၃) လက်
အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀ခန့်ပါ စစ်ကြောင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

◾️ဒီမိုကရေစီဖျက်ဆီးသူစစ်ခေါင်းဆောင်ကို သမ္မတလို့ သုံးနှုန်းတဲ့ အိန္ဒိယအစိုးရအပေါ် SIF ကန့်ကွက်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ခေါ်ဧည့်ခံခဲ့တဲ့အိန္ဒိ ယအစိုးရ လုပ်ရပ်နဲ့ မင်းအောင်လှိုင်ကို မြန်မာသမ္မတလို့ သုံးနှုန်းတာကိုလည်း ကန့်ကွက်ပယ်ချကြောင်း မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF)က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကို ဖျက်ဆီးသူအား ဧည့်ခံကြိုဆိုပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ ဘက်တော်သားအဖြစ် ဟန်ဆောင်၍မရနိုင် ကြောင်းလည်း SIF က ဆိုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀ နဲ့ စုဖွဲ့ထားတဲ့ SIFက မေလ ၃၁ရက်မှာ နိုင်ငံရေးသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုတဲ့ အိန္ဒိယ အစိုးရရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ထားတာပါ။

◾️ပြည်နယ်တပ်ပေါ်လာဖို့ KNDF ကို IEC တိုက်တွန်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်း
စဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကရင်နီအမျိုးသားများကာကွယ်
ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။ ဒီနေ့(မေလ ၃၁ ရက်)မှာ KNDF တည်
ထောင်တဲ့ ၅နှစ်ပြည့် အခမ်းအနားအပေါ် IEC ကပေးပို့တဲ့သဝဏ်လွှာမှာအထက်ပါအကြောင်းအရာထည့် သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် KNDF
အနေနဲ့ တော်လှန်ရေးကာလအတွင်းရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အခြေခံပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိပြီး စစ်ဥပ
ဒေစည်းမျဉ်းတွေကို လေးစားလိုက်နာကာ ပိုမိုခိုင်မာစနစ်ကျတဲ့ တပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက် ရပ်တည်နိုင်စေဖို့လည်း ဆိုပါတယ်။ တော်လှန်ရေးခရီးလမ်းတလျှောက်တိုက်ပွဲအသီးသီးမှာ အသက်ပေးလှူပြီး အမြင့်မြတ်ဆုံးပေးဆပ်မှု‌တွေပြုလုပ်ခဲ့ကြတဲ့ KNDF တပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်‌တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ IEC က အသိပေးပါတယ်။


◾️မင်းအောင်လှိုင်ကိုအသိအမှတ်ပြုတဲ့အိန္ဒိယအစိုးရလုပ်ရပ်ဒီမိုကရေစီနိုင်ငံကြီးမပီသဟု CNF ပြော

အိန္ဒိယအစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ နိုင်ငံသို့ ဖိတ်ခေါ်ခဲ့တာဟာ ဒီမိုကရေစီ နိုင်ငံမပီသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ-အိန္ဒိယ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာ မေလ ၃၀ရက်မှာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပြီးနောက် ပြည်သူ
လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရည်ရွယ်
ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့ရာ (၅) နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

■ဒေါ်အောင်ဆန်းစုကြည် နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ကျဥ်းတအားလုံးလွှတ်ပေးဖို့ ထိုင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်အားကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက "To Asean: The Myanmar Junta-Led Election Is A Fraud" ၊ "Free Aung San Su Kyi" ၊ "Free Sai Zaw" ၊ "Free Myat Thu Kyaw" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း ကိုရီးယားနဲ့ မြန်မာလူမျိုးတွေ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်
ရှိထင်ရှားရှိကြောင်းပြဖို့ Proof of life လှုပ်ရှားမှု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။
👍253😁3🥰1
👍36😁41