စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော
မေ-၃၁၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်
ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြား
ရေးဌာနက ဖော်ပြပါတယ်။
မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တော
ပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
စစ်တပ် နဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြား မေလ ၁၁ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းများ အသုံးပြုကာ တိုက်ပွဲများ အပြန်အလှန် ပြင်းထန်နေတယ်လို့ ရွှေကူစစ်ရေး အခြေအနေကို ပြောပါတယ်။
ဒါ့အပြင် မေလ ၂၈ ရက်က ဗန်းမော်ဘက်ကို စစ်
တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။KIA နဲ့ပူးပေါင်းတပ်များ ရှိရာနေရာတွေကို စစ်တပ်ကတိုက်လေယာဥ်တွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတိတာတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူ-ငါးအိုး-မဘိမ်း ဒေသမှာ တိုက်ပွဲ နေ့တိုင်းပြင်းထန်ခဲ့သလို မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း မေလ ၂၉ရက်ကပြောပါတယ်။ဝိုင်းမော်ဒေသမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သလို ဗန်းမော်ဒေသနဲ့ ဖားကန့်ဒေသမှာစစ်တပ်ဘက်ကဒရုန်း ၊ လက်နက်
ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

👍42❤5🥰2😁2👏1
■ရသစာတမ်းငယ်
အမုန်းနဲ့ အချစ်ကြား
▪︎ဘဘဝ
တလရမိတ်ဆွေ တယောက် သတင်းပါးတယ်။ ကိုဘိုရေ “လူတွေ ၅ ယောက်ကျ ၊ ၈ ယောက် ဆေးရုံမှာ ၊ ဖြတ်တောက်ရမှာ ၂ ယောက် ...
Safety SOP မလိုက်နာလို့ Spark ထွက်ပြီး ထကွဲတာ ...”
ဆုံးရှုံးလိုက်ရတဲ့ရဲဘော်တွေအသက်က နှစ်ဆယ်ကျော် ဝန်းကျင်တွေ။စစ်မိစ္ဆာကို အဆုံးအရှုံးများစွာဖြင့်တော်လှန်နေရတာ။ကိုယ်ကတော့ ပိုကူညီအားဖြည့်ထောက်ပို့ လုပ်ပေးဖို့ မိတ်ဆွေကို အားပေးရတယ်။ သူ့တပ်သားတွေ အဆုံးအရှုံး (မရှိသလောက် ) နည်းတာ သိနေခဲ့တာကို။ ခုတကြိမ်မှာတော့မိတ်ဆွေခေါင်းဆောင်ဖြစ်သူ သူ့ရင် မချိအောင် နာနေလေရဲ့။
မနေ့ကဘဲ သူ လှမ်းပို့တဲ့ မောင်လစ် ၊ ဒေါ့စ်၊ plug X တို့ရဲ့podcast ကိုနားထောင်ဖြစ်တယ်။ မိနစ်လေးဆယ်စာလောက်ရှည်တယ်။နည်းမျိုးစုံနဲ့ ဒီလူငယ်တွေ တော်လှန်ရေးဆင်နွှဲတာ ထင်ရှားတယ်။အသိညာဏ်ပညာ ဆိုင်ရာတော်လှန်ရေးထိ ရောက်တယ်။
သူတို့ကြွေခဲ့ရတဲ့ သူတို့ကဗျာအိုင်ဒေါကြီးတွေ၊ သူ့တို့ တလရခရီး မှာ မီးပြတိုက် မဖြစ်တော့လို့သူတို့ လမ်းခွဲ ရတာကို ပေါ့ပေါ့ပါးပြောသွားတာ။ မိုက်တယ်။
ဘောမတဲ့လက်နဲ့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ဘယ်တော့မှ မဆုံကြတော့ဘူးဆိုတဲ့ အထိ။အသိပညာလမ်းခွဲကိစ္စ။ ဒီစနစ်ပြိုကျ ဖယ်ရှားဘို့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ၊ ကလောင်ကိုင်တွေလက်တွေ ပိုအားစိုက်ဖို့ဘဲ။တတ်အားသမျှ ကူနေကြတဲ့ ပြည်သူရယ်၊တမိုးအောက်မှာ မှန်တဲ့ဘက်ရပ်တဲ့ တူမီးကနေ ရိုင်ဖယ်ကိုင် ရဲဘော်အပေါင်းရယ်၊ မြေကြီးထဲရောက်သွားကြပြီဖြစ်တဲ့ ခက်သီ၊ ကေဇဝင်းတို့မှသည် သူရဲကောင်းများအတွက်တက်တူးထိုးအလေးပြုရုံမှတပါးအခြားမရှိ၊
ခက်သီတို့ အတွက် ဘာသာပြန် ကဗျာရေးပို့လိုက်တယ်၊ တမလွန်က ဖတ်ပါလေဘရို၊
အမုန်းနဲ့အချစ်ကြား
____
စစ်ပွဲစနေပြီဆိုတော့ ပိုလွယ်တယ်။
-ကာထရီနာ ကလိုက်သ် (Kateryna Kalythe)
အမုန်းနဲ့အချစ်ကြား
တစ်ချိန်က သစ်တောကြီးတစ်တော မိုးထိမြင့်မား ထူထပ်၊ အိမ်တွေ၊ အိမ်တွေ။
အခုတော့ သစ်ပင်တွေမရှိတော့။ မီးတွေ၊ မီးတွေ၊ အဆောက်အအုံတွေမရှိ။
အချစ်နဲ့အမုန်းကြား ကျွန်တော်တို့ကို ကြည့်ပါဦး။ ကျွန်တော်တို့ ကိုယ်ကိုမတ်မတ်ထားပြီး လမ်းလျှောက်နေ။
ရှင်းလင်းပြတ်သားမှုက ကြည်စင်လွန်းအားကြီးလို့ ဘယ်သူကမှ မျက်လုံးတွေ မှိတ်လိုက်ဖို့ သတိမရကြဘူး။
တချို့လည်း မမြင်မကန်းနဲ့ လှဲချလိုက်ကြတယ်၊ မြို့ဆင်ခြေဖုံးက ပန်းခြံတွေထဲမှာ။ ချန်နေရစ်သူတွေကလည်း ပျားရည်နဲ့ ချိတ်ပိတ်ထားသလို သူတို့နှုတ်ခမ်းတွေက အချစ်နဲ့အမုန်းစကားလုံးတွေကိုပဲ ထပ်ကြော့ဆိုနေကြရဲ့။
ဟုတ်ခဲ့၊
ကျွန်တော်တို့က ပြားတဲ့ကမ္ဘာတစ်ခုရဲ့ သံတမန်တွေ၊ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဝေါဟာရက ဆန့်ကျင်ဘက်စကားလုံး။
ကျွန်တော်တို့ဆီကနေ သိမ်မွေ့တဲ့ကွဲပြားချက်ကို စောင့်နေသူတွေ၊ ကာလာဓာတ်ပုံရိုက်ဖို့ ဒီကိုရောက်လာသူတွေက ကျွန်တော်တို့ကို မေ့သွားလေရဲ့။
ခင်ဗျားတို့အားထုတ်မှုတွေ
ကျွန်တော်တို့ရဲ့ ကျောက်တုံးတွေ စုစည်းထားမှုလို၊ စတိတ်စင်က မီးနဲ့လင်းနေတဲ့ ခပ်နိမ့်နိမ့်စားပွဲက ကျွန်တော်တို့ရဲ့ ပြည်သူဆိုင်ရာအထူးအဖွဲ့တွေလိုပဲ အလဟဿဖြစ်ကုန်မယ်။ ခွင့်လွှတ်ပါလေ။ ဒါက ကျွန်တော်တို့ရဲ့ ဓာတ်မှန်ရိုက်ထားတဲ့
အရိုးနဲ့အရေ။ ဒီအချိန်မှာ ကျွန်တော်တို့ ဘာမှ မသယ်ဆောင်ထားခဲ့ကြဘူး။
ဘဘဝ
အိုစတက်ပ် ဆီဗင်းစကီး(Ostap Slyvynsky)
Katie Farris and Ilya Kaminsky က ယူကရိန်းမှ အင်္ဂလိပ်ဘာသာပြန်သည်။
စေတနာ့ဝန်ထမ်းတစ်ဦး
___
ကြောင်ကလွဲလို့ သူ့အိမ်မှာ ဘယ်သူမှမရှိတော့ဘူး...ကြောင်နှစ်ကောင် သုံးလေးကောင်၊ဆယ်ကောင်လောက်သာ၊ မကြာသေးမီရက်သတ်ပတ်များမှာအိမ်နည်းချင်းတွေလည်းမြို့ကိုစွန့်ခွါပြီးတနေတကျေးထွက်ပြေးကုန်ကြပြီပဲ။သူမ ခင်ပွန်းနှင့်သားဖြစ်သူက မြို့ကိုကာကွယ်နေကြ။
တပတ်လောက်က ကပ်ကြေးဒဏ်ကြောင့်သွေးထွက်သံယို နာကျင်ခဲ့ရတဲ့ သူမရဲ့လက်ချောင်းတွေဟာ စစ်မဖြစ်မီက ကြိုးများကိုသာထိခတ်နေတဲ့ လက်ချောင်းတွေ။ ပိုက်ကွန်လုပ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပဲ့တင်သံတွေကို မကြားရတော့ဘဲ နာကျင်ခံစားရတဲ့အခါ သူမအသက်ရှင်နေတယ်ဆိုတာ သိပါတယ်။ ကံကြမ္မာကို ယက်တဲ့ပုံစံနဲ့ ပိုက်ကွန်ကို ယက်ပေးတယ်။ အဲဒါကြောင့် ကြောင်တစ်ကောင်ချင်းစီအတွက် ပိုက်ကွန်တခုစီယက်မယ်။ ဆယ်ကောင်ထိပေါ့။
သူ့ခင်ပွန်းနှင့်သားဖြစ်သူတို့မြို့ကိုခုခံကာကွယ်နေစဉ် နာကျင်မှုကသူ့ကို Moira အဖြစ်ပြောင်းလဲခဲ့ပြီပဲ။
●မှတ်ချက်
Moira သည် Overwatch ဗီဒီယိုဂိမ်းဖြစ်ဇာတ်ကောင်၊ရန်သူများကို ပျက်စီးစေအောင် တိုက်ခိုက်သူ သူကိုယ်သူ ပြန်အားဖြည့်စွမ်းသူ
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘဘဝ' ရေးဖွဲ့တဲ့ "အမုန်းနဲ့ အချစ်ကြား"
ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
👍23❤7😢1🤮1🖕1
ဆောနယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်တွေသိမ်းရတယ်လို့ ယောတပ်တော် ပြော
မေ -၃၁၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဆောမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
အခု မေလ ၁၁ရက်ကစပြီး ပေါက်မြို့အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )က ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင် စစ်ကြောင်းနဲ့ မေလ ၂၂ ရက်က ကပစ -၂၄ က ထပ်ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်နဲ့ စစ်ယာဉ်တန်းတွေကို ပုံတောင်နတ်ထိပ်ဒေသမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက်စပြီး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့ပြီး ဒီကနေ့ မေလ ၃၁ရက် အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲလို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းက ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော်နဲ့ သေဆုံးသူ ၈၀ကျော်ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ YA က ပြောပါတယ်။
" စစ်ကြောင်းနှစ်ခုစလုံးက ဆောထဲကို စစ်ကြောင်ဝင်တယ်။မင်းတပ်ဖက်တကြောင်းတက်တယ်"လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ အသက်စွန့်လွှတ်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီးညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းနဲ့စစ်ဘေးရှောင်နေရာတွေကို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တဲ့လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
"တပြင်းရွာကတော့ အသတ်ခံရသူများတယ်။CDM ကျောင်းဆရာတစ်ယောက်လည်းပါတယ်။ဘုန်ကြီး တပါးလည်းပါတယ်။စစ်ရှောင်ရင်းအသတ်ခံရတာ။စုစုပေါင်း ငါးဦးလောက်ရှိတယ်။ဖမ်းခံရပြီးစစ်ကြောင်းထဲပါသွားတချို့လည်းရှိတယ်"လို့ စစ်တပ်စစ်ကြောင်းတွေ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဆောမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ ၊ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းပါတယ်။

👍43❤13👏3🥰1🤣1🖕1
ကမ္ဘာ့ဩဇာကြီး ခေါင်းဆောင်များ ကျဆုံးနေချိန်တွင် အာဆီယံ၏ ငြိမ်းချမ်းရေးပုံစံကို စံနမူနာယူရန် တီမောသမ္မတ တိုက်တွန်း
"မြန်မာ့ပြည်တွင်းစစ်ဟာအာဆီယံရဲ့အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်" -ဟိုဆေးရာမို့စ်သမ္မတဟော်တာ
မေ-၃၁၊၂၀၂၆/People's Spring
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကု
လသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်း
ပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေ
ဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း တိုက်
တွန်းပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ (Shangri-La Dialogue) ၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ တီမောသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်
သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရာမို့စ်ဟော်တာကယူကရိန်း၊ဂါဇာ၊လက်ဘနွန်နှင့် အီရန်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြကာ လက်ရှိ ကမ္ဘာ့အခင်းအကျင်းများကို ထိန်းကျောင်းနေသည့် အင်အားကြီးနိုင်ငံများကို ဝေဖန်ခဲ့သည်။
အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN Security Council)သည်လက်တွေ့တွင် အသက်
မဲ့နေပြီး မည်သို့မျှ အသုံးမဝင်တော့သည့် အခြေ
အနေ (Moribund and Irrelevant) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအသစ်များ တိုးချဲ့ခြင်း သို့မဟုတ် ဗီတိုအာဏာကို ကန့်သတ်ခြင်းမျှဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၎င်းကဆိုသည်။
ကမ္ဘာကြီးကမောက်ကမဖြစ်နေချိန်တွင် အာဆီယံသည် စိတ်ရှည်သည်းခံမှုနှင့် လက်တွေ့ကျသော သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် စံပြနမူနာဖြစ်နေကြောင်း၎င်းကချီးကျူးခဲ့သည်။
၎င်း၏နိုင်ငံဖြစ်သောတီမောလက်စ်တေ သည် အတိတ်က အင်ဒိုနီးရှား၏ ကျူးကျော်မှုကြောင့် လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့သည့် ခါးသီး
သော သမိုင်းကြောင်းရှိခဲ့သော်လည်း၊ ယနေ့အချိန်တွင် နှစ်နိုင်ငံအကြား အလွန်ရင်းနှီးသည့် မိတ်ဖက်များ ဖြစ်လာခဲ့ကြောင်း ဥပမာပေးကာ "သမိုင်းက နိုင်ငံများကို အကျဉ်းမချထားသင့်ဘဲ၊ နှလုံးသားနှင့်စိတ်ကူးစိတ်သန်းများကိုလည်းပိတ်လှောင်မထားသင့်ကြောင်း"လေးလေးနက်နက်တိုက်တွန်းသွားခဲ့သည်။
သို့သော်လည်းအာဆီယံသည် ပြီးပြည့်စုံသောအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ထောက်ပြကာ တောင်တရုတ်ပင်လယ်အရေး နှင့် မြန်မာ့ပြည်
တွင်းစစ် ပြဿနာကို သမ္မတက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။
"မြန်မာ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်" ဟု သမ္မတဟော်တာက သုံးနှုန်းပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဘယ်သူမှအနိုင်ရရှိမည်မဟုတ်ဘဲ တိုင်း
ပြည် နှင့် ပြည်သူများကိုသာ ပျက်စီးစေမည့် "အင်အားကုန်ခမ်းစေမယ့် စစ်ပွဲ" (War of exhaustion)သာဖြစ်ကြောင်း၎င်းကဆိုသည်။
အာဆီယံ၏တူညီဆန္ဒ ၅ ချက် (Five-Point Consensus) သည် ကောင်းမွန်သော်လည်း လက်
ရှိတွင် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီအတိုက်အခံများအပါအဝင် အဖွဲ့အစည်းအားလုံးသည်မည်သည့်ကြိုတင်ကန့်သတ်
ချက်မျှမထားဘဲ "လူသားအချင်းချင်း" အနေဖြင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
ထို့အပြင်တောင်တရုတ်ပင်လယ်အရေးတွင်လည်း
တင်းမာမှုများ လျော့ကျစေရန်အတွက် အဆိုပါဒေသကို "ငြိမ်းချမ်းရေးဇုန်" (Zone of Peace) အဖြစ်ကြေညာရဲသည့်သတ္တိမျိုးခေါင်းဆောင်များတွင် ရှိသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တီမောလက်စ်တေနိုင်ငံသည်ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်ကမှ အာဆီယံ၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် တရား
ဝင် ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
သမ္မတ ရာမို့စ် ဟော်တာက အာဆီယံသည် မတူကွဲပြားမှုများကိုပပျောက်အောင်လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ၊ ကွဲပြားနေလင့်ကစားအတူတကွ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကို ဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာကြီးအနေဖြင့် အာဆီယံထံမှ သင်ခန်းစာယူရန် လိုအပ်ကြောင်း ပြောကြားကာ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။
ကိုးကားCNA

👍44❤5😁1🤮1🖕1
■ဆောင်းပါး
ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံ
ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင်ပကဖဆီကို ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်(စစ်မှုထမ်းတပ်သားသစ်) ၄ ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတပ်
သား ၄ ဦးထဲက ၃ ဦးကနေ ၎င်းတို့ ပေါ်တာဆွဲခံရပုံ၊ စုဆောင်းရေးနဲ့သင်တန်းကျောင်းတွေမှာ ဖြတ်
သန်းရပုံတွေ၊ စစ်တပ်နဲ့စစ်ကြောင်းထိုးစဥ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အခုလို ပြောပြခဲ့ကြပါတယ်။
▪︎ခရီးသွားရင်း အဆွဲခံရသူများ
သူတို့ထဲက ကိုမျိုးသဲဝင်းဆိုသူက အိမ်ထောင်သည်ပါ။ ပြည်၊ ရွှေတောင်မှာအိမ်ထောင်ကျတယ်။ ရွှေတောင်ကနေပြီးတော့ အမေ့အဆီအလည်အပြန်မှာ မကွေးဂိတ်မှာ ပေါ်တာအဆွဲခံရတယ်။ "အောင်လံမိုးကားပေါ်မှာ။..သတင်းအတိအကျရလို့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်တာ။ နောက်ပြီးတော့မှ သူတို့ကိုမေးတော့မှ ပေါ်တာဆွဲတာလို့ သိရတယ်။"လို့ သူက ပြောပြတယ်။
နောက်တစ်ယောက်ကတော့ ကိုသူရအောင်။ သူကတော့ အင်္ဂလိပ် Speaking တက်ဖို့ ရန်ကုန်ဆင်းလာတယ်။ ရွှေဘိုရောက်တော့ မိုးချုပ်နေလို့ ခရီးတထောက်နားတယ်။ ရွှေဘိုမြို့က တည်းခိုခန်းကိုသွားတည်းချိန် ညဘက်ဝင်ရောက်ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း သူက ပြောပါတယ်။
"ကားပေါ်မှာအိပ်ရင် ပေါ်တာဆွဲခံရမှာစိုးလို့ တည်းခိုခန်းထဲ ဝင်အိပ်လိုက်တာ ပေါ်တာအဆွဲခံလိုက်ရတယ်။ အခန်းထဲထိ ဝင်ဆွဲခံရတာ။"လို့ ကိုသူရအောင်က ပြောတယ်။
ဆွဲတဲ့ညက သူနဲ့အတူတူ စစ်ကိုင်းက လူငယ်တစ်ယောက်လည်း အဆွဲခံရတယ်။ စစ်အုပ်စုဟာ သူတို့နှစ်ယောက်ကို ဖမ်းခေါ်ပြီး ရွှေဘိုမြို့ပေါ် ရပ်ကွက်ထဲတွေ အကုန်လုံးပတ်ပြီး ပေါ်တာဆက်ဆွဲဖို့ ကြိုးစားတယ်လို့ သိရတယ်။
"သူတို့အင်အားက ၃၀ လောက်တော့ရှိမယ်။ အိမ်စီးကားတွေနဲ့ ရပ်ကွက်ထဲတွေပတ်ပြီး စုဆောင်းတာပေါ့။ အဲညကတော့ (တခြားပြည်သူတွေ) ကံကောင်းချင်တော့ ကျွန်တော်တို့နှစ်ယောက်ပဲ ပါလာတာ။"လို့ သူက ပြောတယ်။
နောက်တစ်ယောက်ကတော့ ကိုအောင်ကျော်ဝင်း။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ကားသွားမောင်းရင်း ကားပျက်ချိန် ပေါ်တာအဆွဲခံရတာလို့ သူက ပြောတယ်။ "ကားပျက်လို့ ကားအောက်ခဏအိပ်နေတာ။ လာခေါ်တယ်။ စကားပြောစရာရှိလို့တဲ့။ ဘာမပြောညာမပြောနဲ့ အချုပ်ခန်းကြီး
ထဲခေါ်ထည့်တာ။"လို့ ကိုအောင်ကျော်ဝင်းက ပြောတယ်။
▪︎တပ်မ ၃၃ က ငရဲခန်း
ကိုသူရအောင်ကတော့ ရွှေဘိုလေ့ကျင့်ရေး ၈ ထဲနှစ်ပတ်နီးပါးနေခဲ့ရပြီး ရဟတ်ယာဥ်နဲ့ တပ်မ ၃၃ ကို ထပ်ပို့ခံရတယ်။ တပ်မ ၃၃ ထဲမှာ ၆ ရက်နေခဲ့ရတယ်။ ၆ ရက်ဆိုပေမဲ့ ကိုသူရအောင်အတွက် တစ်သက်စာမမေ့နိုင်တော့တဲ့အခိုက်အတန့်လို့ သူကတင်စားတယ်။
တပ်မ ၃၃မှာ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ ကလေးဝ၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ဒေသအသီးသီးက ပေါ်တာဆွဲခံရတဲ့သူတွေကို စုထားတာလို့ သူက ပြောတယ်။ သူတို့တတွေကို အကျဥ်းသားတွေလို ခြေကျင်းတွေခတ်လိုက်တယ်။ ဘားတိုက်ကြီးထဲမှာ ခန့်မှန်းခြေ လူ ၁၅၀ ကျော် လောက်ရှိတယ်။
ကျွေးတာကလည်း မသေထမင်းမသေဟင်းပဲ။ ဆန်ဆိုလည်း ဘဝတလျှောက်မစားဖူးတဲ့ဆန်ကြမ်းတွေ ချက်ကျွေးတယ်။ အိမ်သာတက်ရေချိုးလည်း အချိန် ၅ မိနစ်ပဲပေးတယ်။ "မပြီးရင် အရိုက်ခံရတယ်။ အထိုးခံရတယ်"လို့ သူကဆိုတယ်။
▪︎မင်္ဂလာဆောင်မယ့် သတို့သားပါ ပေါ်တာဆွဲခံရ
အဲဒီနောက် သူတို့ကို ဟိုပုံးသင်တန်းကျောင်းကိုပို့တယ်။ သင်တန်းကျောင်းမှာလည်း ပေါ်တာဆွဲခံရတဲ့ စိတ်မကောင်းစရာ အတွေ့အကြုံတွေ ကိုသူရအောင် ထပ်ကြားခဲ့ရတယ်။ "တချို့က သားသမီးမွေးနေ့ မွေးနေ့ကိတ်လေးဝယ်ပြီး ပြန်လာချိန်ပေါ်တာဆွဲခံလိုက်ရတာ။ တချို့ကလည်း သတို့သားဝတ်စုံ တိုက်ပုံအင်္ကျီနဲ့ စုဆောင်းရေးထဲရောက်လာတာ"လို့ ကိုသူရအောင်က ပြောပြတယ်။
ဒါ့အပြင် အစားထိုး စစ်မှုထမ်းပေးဖို့ ပိုက်ဆံနဲ့ ကြေးစားဝင်တဲ့သူတွေ၊ ရိုက်မှုခိုးမှုနဲ့ ထောင်ကျမခံတော့ဘဲ စစ်တပ်ထဲရောက်လာသူတွေလည်းရှိတယ်လို့ သိရတယ်။
▪︎စစ်တပ်ရဲ့ အကြမ်းလုပ်ရပ်တွေ
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့တာတွေ သူတို့မျက်မြင်တွေ့ခဲရတယ်။ ပေါက်မြို့နယ်၊ သရဖီရွာအနီးမှာ
ရိက္ခာယာဥ်တန်းကို PDFက ရှော့တိုက်ဒုံးနဲ့ လှမ်းပစ်တဲ့အချိန် စစ်ကြောင်းက ပြန်ကွေ့ပြီး သရဖီနဲ့လယ်ကိုင်းရွာကို မီးရှို့ခဲ့တယ်လို့ ၎င်းတို့က ပြောပြတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလည်း ရှိတယ်လို့ သူတို့က ပြောပြတယ်။
"တပ်ကြပ်တစ်ဦးက ဘယ်ရွာမှာ ကောင်မလေးနှစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတာပြောတယ်။..အဲ တပ်ကြပ်ကြီးက ကောင်မလေးမြင်ရင်မရဘူး။ တအားတဏှာရူးတယ်။"လို့ အလင်းဝင်သူတစ်ဦးက ပြောတယ်။
ဒါတင်မကသေးပါဘူး။ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူရွာတွေမှာလည်း အမျိုးသမီးတွေကို စစ်သားတွေက ခေါ်ယူပေါင်းသင်းတာတွေရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။ တချို့ကောင်မလေးတွေဆိုရင် စစ်သားမယားဖြစ်တဲ့သူဖြစ်"လို့ အလင်းဝင်တပ်သားတစ်ဦးက ပြောပြတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရွာတွေက ပြည်သူတွေအိမ်ဝင်စီးပြီး ရိက္ခာတွေကိုလည်း သယ်ယူတယ်လို့ ၎င်းတို့က ပြောပြတယ်။ "ဆန်ဆီအကုန်သယ်တယ်။ သယ်လို့မနိုင်ရင် ဆန်အိတ်တွေ ဖောက်ထားခဲ့တယ်။ ပျုစောထီးရွာတွေရောက်ရင် ရောင်းစားတယ်။ ဆားတစ်ပိဿာတစ်အိတ်ကို ၂ သိန်းတဲ့။"လို့ ကိုသူရအောင်က ဆိုပါတယ်။

🤬25❤4🤮3💔1
အဲဒါကြောင့် နဂိုကတည်းကမှ ဝင်ချင်လို့ ဝင်လာတာမဟုတ်တဲ့၊ ပေါ်တာအဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာခဲ့တာဖြစ်ကြောင်း ပြောပြကြတယ်။
"ပြည်သူတွေရဲ့အပြုံးကအစ ကွာတယ်။ ကိုယ့်ကိုတွေ့လိုက်လို့ ခွေးယူနီဖောင်းကြီးနဲ့မို့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးလိုက်တာကအစ"လို့ ကိုသူရအောင်က ပြောပါတယ်။ ။
(

👍30🤮2💔1
ဒေါ်အောင်ဆန်းစုကြည် နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ကျဥ်းတအားလုံးလွှတ်ပေးဖို့ ထိုင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာတွေ ဆန္ဒပြ
မေ-၂၈၊၂၀၂၆။ သုည/People's Spring
ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်အားကန့်ကွက်ဆန္ဒ
ပြပွဲကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက "To Asean: The Myanmar Junta-Led Election Is A Fraud" ၊ "Free Aung San Su Kyi" ၊ "Free Sai Zaw" ၊ "Free Myat Thu Kyaw" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း ကိုရီးယားနဲ့ မြန်မာလူမျိုးတွေ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်
ရှိထင်ရှားရှိကြောင်းပြဖို့ Proof of life လှုပ်ရှားမှု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

❤30👍8🥰2🤣2🤮1🖕1
■ဆောင်းပါး
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကြောင့်
နှစ်ခြမ်းခွဲရတော့မယ့် လုံဝသင်္ခ
-ထက်ဖြိုးရေးသားသည်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်
ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး အစရှိတဲ့ ကမ္ဘာကျော်ဘောလုံးအားကစားကွင်းကြီးတွေ အကြောင်းကို ဘောလုံးဝါသနာအိုးတိုင်း သိကြပါလိမ့်မယ်။
ကွင်းထဲမှာအံ့မခန်းအားပေးနေကြတဲ့ပရိသတ်တွေ၊ ခမ်းနားထည်ဝါလှတဲ့အနုပညာမြောက် ဗိ
သုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဘောလုံးကွင်းကြီးတွေဟာ အလွန်အင်မတန် ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ အဲဒီဘောလုံးအားကစာကွင်းကြီးတွေထဲ ကိုယ်တိုင်းမရောက်ဖူးရင်တောင် တီဗွီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ မြင်ကွင်းတွေနဲ့တင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနာလိုက်သလဲဆိုတာ ပေါ်လွင်နေပါပြီ။
ဒါပေမဲ့လည်း အဲဒီကမ္ဘာကျော်ဘောလုံး အားက
စားကွင်းကြီးတွေ ပိုင်ဆိုင်မထားဘဲ ကမ္ဘာပေါ်က ဘယ်ဘောလုံးကွင်းမှာမှ မရှိနိုင်တဲ့ အံ့ဩမင်သက်စရာ ထူးခြားတဲ့ ဘောလုံးကွင်းတစ်ခုဟာ မြန်မာ
နိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ နယ်စပ်ဒေသက ရွာလေးတစ်ရွာမှာ တည်ရှိနေတယ်ဆိုတာကိုတော့ သိရှိသူ နည်းကြပါလိမ့်မယ်။
အဲဒါကတော့မြန်မာ-အိန္ဒိယနယ်စပ်စည်းပေါ်မှာ ကွက်တိကျရောက်နေတဲ့ လုံဝသင်္ခရွာက ဘောလုံးကွင်းလေးပဲ ဖြစ်ပါတယ်။လုံဝသင်္ခရွာဟာစစ်ကိုင်း
တိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နှစ်နိုင်ငံ နယ်
စပ်စည်းမျဉ်းက ရွာလယ်ခေါင်ကနေ ဖြတ်သန်းသွားတာပါ။
ဒီဘောလုံးကွင်းလေးထဲမှာဘောလုံးကန်နေတဲ့ ရွာကလူငယ်တွေဟာ ဂိုးတစ်ဖက်ကို ဂိုးသွင်းလိုက်ရင် မြန်မာနိုင်ငံ ဘက်ခြမ်းကို ဂိုးသွင်းလိုက်တာဖြစ်ပြီး နောက်ထပ် ဂိုးတစ်ဖက်ကို သွင်းလိုက်ရင်တော့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို သွင်းလိုက်တာမျိုးပါ။ နယ်စပ်မျဉ်းဟာ ဘောလုံးကွင်းရဲ့ အလျားလိုက် ခပ်စောင်းစောင်အနေအထားနဲ့ ဖြတ်သွားပြီး ဂိုးတစ်ဖက်က မြန်မာဘက်ခြမ်းနဲ့ တစ်ဖက်က အိန္ဒိယဘက်ခြမ်းမှာ ရှိနေတာပါ။
“ကျနော်တို့က တစ်ရွာတည်းဆိုတော့ မြန်မာခြမ်း၊ အိန္ဒိယခြမ်း မခွဲခြားဘူးလေ”လို့ ဘောလုံးကန်တဲ့အခါ အတူတူကန်ကြတဲ့အကြောင်း လုံဝသင်္ခရွာသား ကိုဂတ်ဖားက ပြောပါတယ်။
ဒါပေမယ့် သူတို့ကိုယ်တိုင်က ခွဲခြားခြင်းမရှိပေမဲ့လည်း မကြာခင်မှာ အဲဒီရွာလေးကို နှစ်ခြမ်းခွဲပစ်မယ့် နယ်စပ်ခြံစည်းရိုးကြီးကလုံဝသင်္ခရွာလယ်ခေါင်ကနေ ကာရံပိတ်ဆို့တော့မှာဖြစ်ပါတယ်။
အိန္ဒိယဗဟိုအစိုးရက နိုင်ငံတော်လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး နှစ်နိုင်ငံနယ်စပ်စည်းခတ်နေတာပါ။ အခုဆိုရင် မြန်မာဘက်က တမူးမြို့နယ်နဲ့ထိစပ်နေတဲ့ မဏီပူရပြည်နယ် နယ်စပ်စည်းကို အတန်အသင့် ခြံစည်းရိုးခတ်လို့ ပြီးစီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိစပ်မြို့နယ်တွေဖြစ်တဲ့ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာလည်း ခြံစည်းရိုး ကာရံနေပြီဖြစ်ပါတယ်။
နန်းယွန်းမြို့နယ်မှာဆိုရင် နယ်စပ်ခြံစည်းရိုး သုံးပုံနှစ်ပုံ ခြံစည်းရိုးကာရံပြီးဖြစ်လို့ မကြာခင် လုံဝသင်္ခရွာတည်ရှိတဲ့ လဟယ်မြို့နယ်ထဲ ရောက်ရှိတော့မှာပါ။
ဒီခြံစည်းရိုးသာ အပြီးသတ် ခတ်လိုက်မယ်ဆိုရင် သမိုင်းအစဉ်အဆက် ရာစုနှစ်ပေါင်းများစွာ တစ်မြေတည်း၊ တစ်ရွာတည်း အတူနေထိုင်ရှင်သန်လာခဲ့တဲ့ လုံဝသင်္ခရွာလေးဟာ ရွာလယ်ကနေ နှစ်ခြမ်းကွဲသွားတော့မှာ ဖြစ်ပါတယ်။ ဘောလုံးကွင်းလေးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။
လုံဝသင်္ခရွာထဲက ဖြတ်သွားတဲ့ နယ်စပ်စည်းပေါ်မှာဆိုရင်ဘောလုံးကွင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဘုရားကျောင်းနဲ့ ရွာရဲ့နာမည်ကျော် စော်ဘွားကြီးအိမ်ဟာလည်းနယ်စပ်စည်းပေါ်မှာရှိနေပြီး ခြံစည်း
ရိုးကြောင့် မကြာခင်ပျက်စီးပါတော့မယ်။ ဒါ့အ
ပြင် မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ စာသင်ကျောင်းတွေပါ အပိုင်းပိုင်း ခွဲခြားခံရတော့မယ့် သောကလှိုင်းတွေက နယ်စပ်မျဉ်းပေါ်မှာ ရိုက်ခတ်လို့ နေပါတယ်။
လုံဝသင်္ခရွာဟာမြန်မာဘက်ခြမ်းမှာအိမ်ခြေ ၃၀၀ ခန့်နဲ့ အိန္ဒိယဘက်ခြမ်းမှာ အိမ်ခြေ ၇၀၀ ခန့်ရှိပါတယ်။ လုံဝသင်္ခရွာကနေ လဟယ်မြို့ပေါ် ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် တစ်ရက်ခရီးသွားရပြီး ခြေလျှင်သွားမယ်ဆိုရင်တော့ ငါးရက်ခရီးသွားရပါတယ်။ ကားလမ်း မရှိပါဘူး။
“အရင်က လုံဝကနေလဟယ်ထိလမ်းတစ်ကြောင်းထိုး ဖောက်ထားတယ်။ ဒါပေမယ့် ပြုပြင်မှုမရှိတော့ ကိုယ်တိုင်ပဲ ဆိုးတဲ့နေရာလေးတွေ လုပ်ပြီးတော့ သွားနေရပါတယ်”လို့ ကိုဂတ်ဖားက ပြောပါတယ်။
ဒါပေမယ့် အိန္ဒိယဘက်ခြမ်းကို သွားမယ်ဆိုရင်တော့ လမ်းတွေကောင်းမွန်ပြီး လုံဝသင်္ခရဲ့ တစ်
ဖက်ခြမ်းဟာ နာဂလန်းပြည်နယ်ထဲ ပါဝင်နေတာဖြစ်ပါတယ်။
စာသင်ကျောင်းဆိုရင်လည်း မြန်မာကျောင်းရော၊ အိန္ဒိယကျောင်းရော နှစ်ကျောင်းရှိပြီး မြန်မာဘက်ခြမ်းမှာဆိုရင် မူလွန်ကျောင်းဖြစ်တဲ့ ခုနှစ်တန်းအထိဖွင့်လှစ်ထားပါတယ်။ အိန္ဒိယဘက်ခြမ်းကျရောက်တဲ့ ဘက်မှာတော့ အိန္ဒိယအစိုးရဖွင့်လှစ်ထားတဲ့ ကိုးတန်းအထိ ရှိပါတယ်။

👍19❤4🤮3🔥2
မြန်မာကျောင်းမှာ၂၀၂၄ ခုနှစ်မတိုင်ခင်အထိ ဆရာ၊ ဆရာမဦးရေ ငါးယောက်၊ ခြောက်ယောက်လောက် ရှိတတ်ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနက ဆရာမတစ်ဦးတည်းပဲ ချပေးတော့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျောင်းဖွင့်တယ်ဆိုရုံပဲရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ ကျောင်းလုံးဝ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီနှစ်မှာလည်း ကျောင်းဖွင့်ဖို့ မသေချာသေးဘူးလို့ ကိုဂတ်ဖားက ပြောပါတယ်။
အိန္ဒိယခြမ်းမှာတော့ မြန်မာကျောင်းနဲ့ဆန့်ကျင်
ဘက်ပါ။ ဆရာ၊ ဆရာမလည်း အလုံအလောက်ရှိပြီးကျောင်းလည်းပုံမှန်ဖွင့်ပါတယ်။မြန်မာကျောင်း ခုနှစ်တန်းပြီးရင်တေ့ လုံဝသင်္ခရွာနဲ့ တစ်ရက်ခရီးခြေလျင်သွားရတဲ့ယမ်းကြုန်းရွာအထက်တန်း
ကျောင်းကို သွားတက်ကြရပြီး လုံဝသင်္ခရွာရဲ့ အိန္ဒိယဘက်ခြမ်းမှာ ကိုးတန်းအောင်ပြီးရင် Mon မြို့ကို သွားရောက်တက်ကြတာတွေရှိသလို တ
ခြားအိန္ဒိယကျေးလက် ကျောင်းတွေမှာလည်း သွားတက်တာတွေလည်းရှိပါတယ်။ Mon မြို့နဲ့ လုံဝသင်္ခရွာဟာ ကားလမ်းတိုက်ရိုက်ပေါက်သလို လမ်းလည်းကောင်းမွန်ပြီး ကားနဲ့ သုံနာရီပဲစီးရပါတယ်။
“လွန်ခဲ့တဲ့ကာလကနေ အခုချိန်ထိ ဟိုဘက်ဒီဘက်မှာနီးစပ်ရာမိသားစုတွေဆီမှာကျနော့်သားကျောင်း
ထားပေးပါဦး၊ ကျနော့်သမီးလေး ကျောင်းထားပေးပါဦး။ ဒီလိုကအစ လုပ်ကြရတာ”လို့ ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဌ ဦးချစ်ယောင်းက ပြောပါတယ်။
ပညာရေးအတွက်သာမကကျန်းမာရေးအတွက် ဆေးရုံဆေးခန်းကအစမြန်မာပြည်ဘက်ကို သွား
ရောက်ဖို့မလွယ်တဲ့အခါ နယ်စပ်ကြောမှာရှိနေတဲ့ နာဂရွာတွေဟာ ချက်ချင်းဆိုသလို အိန္ဒိယဘက်ကို သွားရောက်ကုသနိုင်ပါတယ်။
လုံဝသင်္ခရွာခံပြည်သူတွေဟာ စိုက်ပျိုးရေးလည်း လုပ်ကိုင်ကြပြီး စပါးနဲ့ တခြားသီးနှံတချို့လည်း စိုက်ပျိုးကြတဲ့အပြင် အိန္ဒိယဘက်ခြမ်းကနေ ကုန်ပစ္စည်းတွေဝယ်ယူလာပြီး နှစ်နိုင်ငံနယ်စပ်ဈေးမှာ ရောင်းဝယ်တာတွေ လုပ်ကိုင်ကြတယ်လို့ဆိုပါတယ်။
လက်ရှိကာလမှာ မုံရွာဘက်ကနေဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲကစလို့ အဝတ်အထည်နဲ့ တ
ခြားကုန်ပစ္စည်းတွေ ချင်းတွင်းမြစ်ကနေတစ်ဆင့် ခန္တီးဘက်ကို တိုက်ပွဲတွေကြောင့် ရောက်မလာတော့ပါဘူး။ ဒါ့ကြောင့် နာဂဒေသ ပြည်သူတွေဟာ မြန်မာပြည်ထဲက ခန္တီးမြို့ကို ဆင်းလာပြီး လာဝယ်လို့မရတော့တာကြောင့် လုံဝသင်္ခလို နယ်စပ်ဈေးရှိတဲ့ ရွာတွေကို အားကိုးလာကြရပါတယ်။
တကယ်တမ်းတော့ လုံဝသင်္ခအပြင် ဒီနယ်စပ်မျဉ်းတစ်လျှောက်မှာ အလားတူ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတဲ့ တခြားရွာနှစ်ရွာလည်း ရှိနေပါသေးတယ်။ အဲဒီရွာတွေက လုံဝသင်္ခရွာရဲ့ ရွာခွဲတစ်ခုဖြစ်တဲ့ Longwa Wasa နဲ့ ITC, Dand ရွာတို့ဖြစ်ပါတယ်။ ITC, Dan ရဲ့ အပြည့်အစုံက International Trade Cenre , Dan ရွာ ဖြစ်ပြီး လဟယ်မြို့နယ်ထဲမှာ ရှိကြတာပါ။
“အိန္ဒိယ-မြန်မာနယ်နိမိတ် ခြံစည်းရိုးက နာဂတွေရဲ့ နှလုံးသားကို အလယ်တည့်တည့် ခြမ်းပစ်သလိုဖြစ်နေပါတယ်”လို့ ITC, Dan ရွာသားဖြစ်တဲ့ ကိုစန်းကွေက ပြောပါတယ်။
ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်စည်းမခတ်ဖို့ ကိုစန်းကွေတို့လို နယ်စပ်စည်းပေါ်က ရွာတွေအပြင် အိန္ဒိယနဲ့ မြန်မာဘက်ခြမ်းက နာဂတိုင်းရင်းသားတွေဟာ ဆန္ဒပြကန့်ကွက်နေကြတယ်လို့ ကိုစန်းကွေက ဆိုပါတယ်။
လုံဝသင်္ခရွာက နာဂစော်ဘွားကြီး တိုးညုင်းက လုံဝသင်္ခရွာရဲ့ အုပ်ချုပ်ရေး အကြီးအကဲဖြစ်တဲ့အ
ပြင် သူအုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရွာတွေဟာ အိန္ဒိယနဲ့ မြန်မာနှစ်ဖက်စလုံးမှာရှိပါတယ်။မြန်မာဘက်ခြမ်းမှာ နာဂစော်ဘွားကြီးတိုးညုင်း အုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရွာပေါင်း ၃၀ ရှိပြီး အိန္ဒိယဘက်ခြမ်းမှာ ရွာပေါင်း ၂၀ ကျော်ရှိပါတယ်။
“မျဉ်းကြောင်းပေါ်မှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်လိုက်လို့ရှိရင်တော့ မြန်မာပြည်ခြမ်းမှာရှိတဲ့ ညီအစ်ကိုတွေက ရွာပေါင်း ၃၀ ကျော်ရှိတဲ့ဟာကျတော့အစားအသောက်လည်းငတ်လောက်တယ်”လို့ လုံဝသင်္ခရွာသားကိုဂတ်ဖားကပြောပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ် (Old Trafford)၊ ဘာစီလိုနာအသင်းရဲ့ ကမ့်နူး (Camp Nou) နဲ့ ရီရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဆန်တီယာဂို ဘာနေဗျူး တို့လို ကွင်းတွေမှာ ဘောလုံးပွဲပြီးဆုံးသွားတဲ့အခါ ကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေဟာအိမ်ကိုအေးဆေးပြန်ကြပါတယ်။
မကြာခင် ခြံစည်းရိုးကြီး ရွာထဲကဖြတ်သန်းသွားတော့မယ့် မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းပေါ်က ဝေးလံခေါင်သီတဲ့ နာဂဒေသ လုံဝသင်္ခရွာမှာရှိတဲ့ ဘောလုံးကွင်းလေးရဲ့ ပွဲသိမ်းခရာမှုတ်သံဟာ နာဂတွေရဲ့ နှလုံးသားကို အပိုင်းပိုင်းပြတ်သွားစေတော့မှာ ဖြစ်ပါတယ်။ ။

👍20❤4🤮2😨2👎1