■ဆောင်းပါး
ပုဂံဘုရားရိပ်က မီးလောင်ပြင်
ကဖေး/People's Spring
" မီးတောက်တွေကလည်း များလိုက်တာ။အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမ
ကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။
အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအ
တွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။
"ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။
မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်"
တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်
ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။
လက်ရှိမှာ မြစ်ခြေမြို့ကိုစစ်ကောင်စီက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။အင်အား ၄၀၀ ကနေ ၅၀၀နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ မေလ၁၀ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို ဧရာဝတီမြစ် ကြောင်းကနေဝင်ရောက်လာခဲ့တာပါ။တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒေ
သခံတွေအထိမနာအောင် စစ်ရေးကို အကန့်အ
သတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြို့ကိုပစ်မှတ်ထားဖျက်ဆီးဖို့အထိ သွေးဆာနေပါတယ်။
စစ်တပ်စစ်ကြောင်းတွေက သွေးဆာနေတဲ့ဘီလူးတွေပဲလို့ ဒေသခံတွေကပြောပါတယ်။ မေလ ၁၃
ရက်က စပြီး အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေစတင်ခဲ့ပြီး ကလေးငယ်အချို့အပါအဝင် အရပ်
သားပြည်သူ၁၂ဦးထက်မနည်းကိုသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖိုကုန်း၊ဆွဲကြီးနဲ့ ရွာသာအေးရပ်ကွက်အပါအဝင် ကျေးရွာဆယ်ခုထက်မနည်းကို မီးရှို့ဖျက်ဆီးလို့ ဒေသခံ ၂၀၀၀၀ ခန့် ထွက်
ပြေးတိမ်းရှောင်နေကြရပါတယ်။
"လူသေအလောင်းငါးလောင်းကိုဘုန်းကြီးကျောင်း
ထဲမှာတွေ့တယ်။သူတို့သတ်ဖြတ်ခဲ့တာနဲ့ လက်နက်
ကြီးနဲ့ပစ်လို့သေဆုံးတာ ၁၂ယောက်ထက်မနည်းရှိတယ်" လို့ ပခုက္ကူမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံကိုစိုးထွဋ်ဝင်းက ပြောပါတယ်။
မြို့ငယ်လေးဖြစ်တဲ့မြစ်ခြေကို စစ်ကောင်စီက မြို့ဖျက်ဖို့အပြင် ဒေသခံတွေ လုံးဝနေလို့မရအောင်ပါ အစီအစဉ်တကျလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြို့ကိုဦးတည်ပြီးစီးနင်းတိုက်ခိုက်နေသလို မြို့ထဲဘက်ကိုဝင်လာတဲ့လမ်းကြောင်းတွေကိုလည်းဖြတ်တောက်ပြီးဒေသခံတွေကို ရိက္ခာဖြတ်တောက်ထားပါတယ်။
ဒါ့အပြင်မြို့ထဲကဈေးကိုလည်းမေလ ၂၆ရက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ ဒေသခံ အရပ်သား ၆၀ခန့်ဟာလည်း စစ်တပ်ကြောင်းမှာလူသားဒိုင်းအနေနဲ့ဖမ်းဆီးထားပါတယ်။ဖမ်းဆီးခံထားရသူတွေရဲ့ကံကြမ္မာဟာစိုးရိမ်နေရတာကလွဲလို့မျှော်လင့်ချက်နည်းပါးနေပြီလို့ ဒေသခံတွေကပြောပါတယ်။
"ရိက္ခာဖြတ်တယ်။အိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးလူ
သတ်တဲ့ကိစ္စတွေကိုတောက်လျှောက်လုပ်နေတယ်"လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြစ်ခြေမြို့ကို မီးလောင်တိုက်သွင်းနေတဲ့ တချိန်တည်းမှာပဲစစ်တပ်ကနိုင်ငံတကာနဲ့လူထုကို မျက်
လှည့်ပြဖို့ ကြိုးပမ်းနေပြန်ပါတယ်။မီးလောင်ပြင်နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ပခုက္ကူမြို့ပေါ်မှာ ဇာတ်ပွဲတွေစင်ပြိုင်နွှဲခိုင်းထားပါတယ်။ နာ
မည်ကြီး သီဟိုဠ်ရှင်ဘုရားပွဲကို ကျင်းပနေပြီး စမ်းရေမိုး ဇာတ်အပါအဝင် တခြားဇာတ်အဖွဲ့တွေကို ရုံပြိုင်ဖွင့်ခိုင်းထားတာပါ။
တကယ်တော့ ခေတ်အခါကောင်းစဥ်က ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတော်ရောက်ပြီဆိုရင် မြစ်ခြေဒေသက ပြည်သူတွေဟာ မြို့ပေါ်တက်လာပြီး ပွဲကြည့်ကြ စျေးဝယ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "မြစ်ခြေနဲ့ ပခုက္ကူက ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်မောင်းရင် ရောက်တာ"လို့ ဒေသခံတစ်ဦးက ပြောပြတယ်။
အခုတော့ သီဟိုဠ်ရှင်ကို အရောက်မလာနိုင်တော့တဲ့ မြစ်ခြေဒေသက ပြည်သူတွေဟာ ပွဲခင်းထဲမှာ လက်ခုပ်လက်ဝါးတီးပြီး အားမပေးနိုင်တော့ဘဲ အသက်လုကာ ပြေးလွှားနေကြရတယ်။ မြစ်ခြေမြို့မီးလောင်ပြင်က ဒေသခံတွေရဲ့ အော်ဟစ်အကူအညီတောင်းသံ၊ အာခေါင်ခြစ်ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့အသံ၊ စစ်အုပ်စုရဲ့ ညာသံပေးအမဲဖျက်သံတွေဟာ နတ်သံနှောနေတဲ့ မိုက်ခဲဇာတ်မင်းသားတွေရဲ့ အသံဗလံတွေကြားမှ ပျောက်ဆုံးနေပါတယ်။

💔11❤7🔥4👍3😡2👏1🤬1😭1
"စမ်းရေမိုးတို့၊ အောင်ဇဗ္ဗူတို့ဟာစစ်တပ်နဲ့ အလို
တူအလိုပါ ပြိတ္တာတွေဖြစ်တယ်"လို့ မြစ်ခြေမြို့ ခံ လူငယ်တစ်ဦးကနာနာကျည်းကျည်းပြောပါတယ်။
စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ ကိုစိုးထွဋ်ဝင်းကတော့ စစ်အုပ်စုရဲ့ ရက်စက်မှုကို အခုလို ရှူမြင်ပါတယ်။
" ဒီစစ်ရဲ့ဆိုးကျိုးတွေကချမ်းသာတာတွေ၊မချမ်း
သာတာတွေ၊ ပညာတတ်တာတွေ၊ ပညာမတတ်တာတွေနဲ့မဆိုင်တော့ဘူး။ ဖြစ်နေတာက လူမဆန်စွာမီးရှို့နေတာတွေ၊ လူမဆန်စွာအကြောင်းမဲ့သတ်ဖြတ်နေတာတွေ ဖြစ်တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်နေတာလဲမဟုတ်ဘူး။စစ်တပ်က တိုင်းပြည်နဲ့ မြို့ရွာကို ဖျက်ဆီးနေတာ" လို့ ဆိုပါတယ်။
အခုဆိုရင်စစ်တပ်က မြစ်ခြေမြို့ကိုလေးဖက်လေးတန်ကနေ စစ်ကြောင်းထိုးနေပါတယ်။ ဒေသခံတွေကတော့ ပုဂံအပါအဝင် မြို့ရဲ့ အရပ်လေး
မျက်နှာဘက်ကို ကစဉ့်ကလျားထွက်ပြေးနေကြရပါတယ်။ စစ်တပ်စစ်ကြောင်းတွေက မြို့ထဲနဲ့ မြို့ပတ်ချာလည်ကို အသုတ်လိုက် ဆက်ဝင်လာနေပါတယ်။ အာနန္ဒာစေတီလို အထင်ကရစေတီကြီးတွေရဲ့အေးမြတဲ့အရိပ်ဟာ မြစ်ခြေမြို့ကို ယခင်ကလို သက်ရောက်မှုမရှိတော့ဘဲ မြို့ရဲ့ အနာဂတ်ဟာ ကောင်းကင်ပေါ်တက်သွားတဲ့ မီးခိုးလုံးတွေလို မှောင်မိုက်နေပြီလို့ ဒေသခံတွေက ပြေးရင်းလွှားရင်းရင်ဖွင့်ပါတယ်။စစ်အုပ်စုက အညိုးတကြီးဖျက်ဆီးခံနေရတဲ့အပေါ် မြစ်ခြေမြို့ခံတစ်ဦးက အခုလို စိတ်ပျက်လက်ပျက် မေးခွန်းထုတ်ပါတယ်။
"သွေးတွေထွက်နေမှအနာလို့ထင်နေကြတဲ့လူ့အ
သိုင်းအဝိုင်းကို မီးခိုးငွေ့ကထွက်တဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ဘယ်လိုပြရမလဲ" ။ ။

🔥15💔6❤4👍4🤬4😡3🥴1
မြစ်ခြေမြို့က စစ်ရှောင်ပြည်သူများအား တွေ့ရ
စဥ်။ ဓာတ်ပုံ-CJ ၊အညာတောအိမ်
စဥ်။ ဓာတ်ပုံ-CJ ၊အညာတောအိမ်
🔥15💔10😢9❤1👎1😡1
ပြည်နယ်တပ်ပေါ်လာဖို့ KNDF ကို IEC တိုက်တွန်း
မေ -၃၁၊၂၀၂၆။မိုမို/People's Spring
ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။
ဒီကနေ့(မေလ ၃၁ ရက်)မှာ KNDF တည်ထောင်တဲ့ ၅နှစ်ပြည့် အခမ်းအနားအပေါ် IEC က ပေးပို့တဲ့ သဝဏ်လွှာမှာ အထက်ပါအကြောင်းအရာထည့်သွင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် KNDF အနေနဲ့ တော်လှန်ရေးကာလအတွင်း ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အခြေခံပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိပြီး စစ်ဥပဒေစည်းမျဉ်းတွေကို လေးစားလိုက်နာကာ ပိုမိုခိုင်မာစနစ်ကျတဲ့ တပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက် ရပ်တည်နိုင်စေဖို့လည်း ဆိုပါတယ်။
တော်လှန်ရေးခရီးလမ်းတလျှောက် တိုက်ပွဲအသီးသီးမှာ အသက်ပေးလှူပြီး အမြင့်မြတ်ဆုံး ပေးဆပ်မှုတွေပြုလုပ်ခဲ့ကြတဲ့ KNDF တပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ IEC က အသိပေးပါတယ်။
KNDF ဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု နဲ့ အခက်အခဲ၊ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနေသလို ဒီကနေ့တိုင် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ ကရင်နီပူးပေါင်းတပ်တွေနဲ့အတူ ၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲတွေ လုပ်ဆောင်ခဲ့ပြီး မြို့တော် လွိုင်ကော်ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။
KNDF တပ်ရင်းတွေမှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားဖူးပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။ပြီးခဲ့တဲ့ နှစ် ၂၀၂၅က စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။
ရှမ်းတောင် နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။
ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSAကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းနေပါတယ်။
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ(၆)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

❤36👍18🥰2🤣1🖕1
TNlA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ် သေဆုံးဒဏ်ရာရသူများ
မေ-၃၁၊၂၀၂၆။ဇော်ရမ်း/People's Spring
TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကကနေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၁ ရက်၊နေ့လယ် ၁၂ ခွဲခန့်မှာ ပေါက်ကွဲတာဖြစ်ပြီး နမ့်ခမ်းတမြို့လုံးအပြင်တရုတ်နိူင်ငံ၊ ရွှေလီမြို့ဘက်ခြမ်းကပါကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ပေါက်ကွဲမှုကြောင့်သေဆုံးသူ သုံးဆယ်ကျော်နဲ့ ထိခိုက်သူ တစ်ရာနီးပါးရှိလာပြီလို့လူမှုကူညီကယ်
ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး ဒေသခံအချို့က ပြောပါတယ်။ နမ့်ခမ်းဆေးရုံမှာ လူနာတွေများနေပြီး သွေးလိုအပ်နေတယ်လို့လည်း အကူအညီတောင်းထားကြပါတယ်။ သေဆုံး ဒဏ်ရာရသူအရေအတွက်ကို လူထုနွေဦးကသီးခြားအတည်မပြုနိုင်သေးပါဘူး ။နောက်ဆက်တွဲသတင်းတွေကိုဆက်လက်ဖော်ပြပါမယ် ။
TNLA ကလည်းကောင်တပ်ရွာအနီးပေါက်ကွဲမှုဖြစ်ပွားတာကိုအတည်ပြုပြီး ပေါက်ကွဲရသည့် အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ အခြားဆက်စပ်အချက်အလက်များကို သက်
ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်
လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ် ။
ဒေသခံပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှု မဖြစ်ဖို့နဲ့ လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို မျှဝေခြင်း မပြုကြဘဲတာဝန်ရှိသူတွေရဲ့ တရား
ဝင်ထုတ်ပြန်ချက်ကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ့်ခမ်းမြို့နဲ့ နမ့်ခမ်းမြိို့နယ်ကို TNLA နဲ့မဟာမိတ်တွေက ၁၀၂၇ စစ်ဆင်ရေးမှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ ပေါက်ကွဲတဲ့နေရာဟာ တရုတ်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံလို့ ပြောပါတယ်။
နမ့်ခမ်းမြို့ခံတဦးကလည်း "ယမ်းတွေထားတဲ့နေရာလို့ ကြားတယ်။ ပေါက်ကွဲတာကလေ အရမ်းကြီးတယ်။ အိမ်နားလေးကပ်ပြီး လေယာဉ်ဗုံးကြဲတယ်ထင်တာ။ အဲ့အနားက လူတွေ ထိခိုက်သေဆုံးများတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကတဆင့် သိရတယ်" လို့ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ကအဆောက်အအုံနဲ့ နေအိမ်တွေများစွာပျက်စီးနေတာကိုလည်းဒေသခံတွေကရိုက်ကူးပြီး လူမှုကွန်ယက်မှာတင်ထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ် ။
ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်း
မြို့၊ယောင်းပန်းရွာကျေးရွာမှာရှိတဲ့တရုတ်နိုင်ငံ
သားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး
လူ ၁၇၀ထက်မနည်းသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

😢21🔥11👍4❤3👏1
စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော
မေ-၃၁၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်
ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြား
ရေးဌာနက ဖော်ပြပါတယ်။
မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တော
ပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
စစ်တပ် နဲ့ KIA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြား မေလ ၁၁ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းများ အသုံးပြုကာ တိုက်ပွဲများ အပြန်အလှန် ပြင်းထန်နေတယ်လို့ ရွှေကူစစ်ရေး အခြေအနေကို ပြောပါတယ်။
ဒါ့အပြင် မေလ ၂၈ ရက်က ဗန်းမော်ဘက်ကို စစ်
တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။KIA နဲ့ပူးပေါင်းတပ်များ ရှိရာနေရာတွေကို စစ်တပ်ကတိုက်လေယာဥ်တွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတိတာတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူ-ငါးအိုး-မဘိမ်း ဒေသမှာ တိုက်ပွဲ နေ့တိုင်းပြင်းထန်ခဲ့သလို မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း မေလ ၂၉ရက်ကပြောပါတယ်။ဝိုင်းမော်ဒေသမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သလို ဗန်းမော်ဒေသနဲ့ ဖားကန့်ဒေသမှာစစ်တပ်ဘက်ကဒရုန်း ၊ လက်နက်
ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

👍42❤5🥰2😁2👏1
■ရသစာတမ်းငယ်
အမုန်းနဲ့ အချစ်ကြား
▪︎ဘဘဝ
တလရမိတ်ဆွေ တယောက် သတင်းပါးတယ်။ ကိုဘိုရေ “လူတွေ ၅ ယောက်ကျ ၊ ၈ ယောက် ဆေးရုံမှာ ၊ ဖြတ်တောက်ရမှာ ၂ ယောက် ...
Safety SOP မလိုက်နာလို့ Spark ထွက်ပြီး ထကွဲတာ ...”
ဆုံးရှုံးလိုက်ရတဲ့ရဲဘော်တွေအသက်က နှစ်ဆယ်ကျော် ဝန်းကျင်တွေ။စစ်မိစ္ဆာကို အဆုံးအရှုံးများစွာဖြင့်တော်လှန်နေရတာ။ကိုယ်ကတော့ ပိုကူညီအားဖြည့်ထောက်ပို့ လုပ်ပေးဖို့ မိတ်ဆွေကို အားပေးရတယ်။ သူ့တပ်သားတွေ အဆုံးအရှုံး (မရှိသလောက် ) နည်းတာ သိနေခဲ့တာကို။ ခုတကြိမ်မှာတော့မိတ်ဆွေခေါင်းဆောင်ဖြစ်သူ သူ့ရင် မချိအောင် နာနေလေရဲ့။
မနေ့ကဘဲ သူ လှမ်းပို့တဲ့ မောင်လစ် ၊ ဒေါ့စ်၊ plug X တို့ရဲ့podcast ကိုနားထောင်ဖြစ်တယ်။ မိနစ်လေးဆယ်စာလောက်ရှည်တယ်။နည်းမျိုးစုံနဲ့ ဒီလူငယ်တွေ တော်လှန်ရေးဆင်နွှဲတာ ထင်ရှားတယ်။အသိညာဏ်ပညာ ဆိုင်ရာတော်လှန်ရေးထိ ရောက်တယ်။
သူတို့ကြွေခဲ့ရတဲ့ သူတို့ကဗျာအိုင်ဒေါကြီးတွေ၊ သူ့တို့ တလရခရီး မှာ မီးပြတိုက် မဖြစ်တော့လို့သူတို့ လမ်းခွဲ ရတာကို ပေါ့ပေါ့ပါးပြောသွားတာ။ မိုက်တယ်။
ဘောမတဲ့လက်နဲ့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ဘယ်တော့မှ မဆုံကြတော့ဘူးဆိုတဲ့ အထိ။အသိပညာလမ်းခွဲကိစ္စ။ ဒီစနစ်ပြိုကျ ဖယ်ရှားဘို့ ရိုင်ဖယ်ကိုင်တဲ့ လက်တွေ ၊ ကလောင်ကိုင်တွေလက်တွေ ပိုအားစိုက်ဖို့ဘဲ။တတ်အားသမျှ ကူနေကြတဲ့ ပြည်သူရယ်၊တမိုးအောက်မှာ မှန်တဲ့ဘက်ရပ်တဲ့ တူမီးကနေ ရိုင်ဖယ်ကိုင် ရဲဘော်အပေါင်းရယ်၊ မြေကြီးထဲရောက်သွားကြပြီဖြစ်တဲ့ ခက်သီ၊ ကေဇဝင်းတို့မှသည် သူရဲကောင်းများအတွက်တက်တူးထိုးအလေးပြုရုံမှတပါးအခြားမရှိ၊
ခက်သီတို့ အတွက် ဘာသာပြန် ကဗျာရေးပို့လိုက်တယ်၊ တမလွန်က ဖတ်ပါလေဘရို၊
အမုန်းနဲ့အချစ်ကြား
____
စစ်ပွဲစနေပြီဆိုတော့ ပိုလွယ်တယ်။
-ကာထရီနာ ကလိုက်သ် (Kateryna Kalythe)
အမုန်းနဲ့အချစ်ကြား
တစ်ချိန်က သစ်တောကြီးတစ်တော မိုးထိမြင့်မား ထူထပ်၊ အိမ်တွေ၊ အိမ်တွေ။
အခုတော့ သစ်ပင်တွေမရှိတော့။ မီးတွေ၊ မီးတွေ၊ အဆောက်အအုံတွေမရှိ။
အချစ်နဲ့အမုန်းကြား ကျွန်တော်တို့ကို ကြည့်ပါဦး။ ကျွန်တော်တို့ ကိုယ်ကိုမတ်မတ်ထားပြီး လမ်းလျှောက်နေ။
ရှင်းလင်းပြတ်သားမှုက ကြည်စင်လွန်းအားကြီးလို့ ဘယ်သူကမှ မျက်လုံးတွေ မှိတ်လိုက်ဖို့ သတိမရကြဘူး။
တချို့လည်း မမြင်မကန်းနဲ့ လှဲချလိုက်ကြတယ်၊ မြို့ဆင်ခြေဖုံးက ပန်းခြံတွေထဲမှာ။ ချန်နေရစ်သူတွေကလည်း ပျားရည်နဲ့ ချိတ်ပိတ်ထားသလို သူတို့နှုတ်ခမ်းတွေက အချစ်နဲ့အမုန်းစကားလုံးတွေကိုပဲ ထပ်ကြော့ဆိုနေကြရဲ့။
ဟုတ်ခဲ့၊
ကျွန်တော်တို့က ပြားတဲ့ကမ္ဘာတစ်ခုရဲ့ သံတမန်တွေ၊ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ဝေါဟာရက ဆန့်ကျင်ဘက်စကားလုံး။
ကျွန်တော်တို့ဆီကနေ သိမ်မွေ့တဲ့ကွဲပြားချက်ကို စောင့်နေသူတွေ၊ ကာလာဓာတ်ပုံရိုက်ဖို့ ဒီကိုရောက်လာသူတွေက ကျွန်တော်တို့ကို မေ့သွားလေရဲ့။
ခင်ဗျားတို့အားထုတ်မှုတွေ
ကျွန်တော်တို့ရဲ့ ကျောက်တုံးတွေ စုစည်းထားမှုလို၊ စတိတ်စင်က မီးနဲ့လင်းနေတဲ့ ခပ်နိမ့်နိမ့်စားပွဲက ကျွန်တော်တို့ရဲ့ ပြည်သူဆိုင်ရာအထူးအဖွဲ့တွေလိုပဲ အလဟဿဖြစ်ကုန်မယ်။ ခွင့်လွှတ်ပါလေ။ ဒါက ကျွန်တော်တို့ရဲ့ ဓာတ်မှန်ရိုက်ထားတဲ့
အရိုးနဲ့အရေ။ ဒီအချိန်မှာ ကျွန်တော်တို့ ဘာမှ မသယ်ဆောင်ထားခဲ့ကြဘူး။
ဘဘဝ
အိုစတက်ပ် ဆီဗင်းစကီး(Ostap Slyvynsky)
Katie Farris and Ilya Kaminsky က ယူကရိန်းမှ အင်္ဂလိပ်ဘာသာပြန်သည်။
စေတနာ့ဝန်ထမ်းတစ်ဦး
___
ကြောင်ကလွဲလို့ သူ့အိမ်မှာ ဘယ်သူမှမရှိတော့ဘူး...ကြောင်နှစ်ကောင် သုံးလေးကောင်၊ဆယ်ကောင်လောက်သာ၊ မကြာသေးမီရက်သတ်ပတ်များမှာအိမ်နည်းချင်းတွေလည်းမြို့ကိုစွန့်ခွါပြီးတနေတကျေးထွက်ပြေးကုန်ကြပြီပဲ။သူမ ခင်ပွန်းနှင့်သားဖြစ်သူက မြို့ကိုကာကွယ်နေကြ။
တပတ်လောက်က ကပ်ကြေးဒဏ်ကြောင့်သွေးထွက်သံယို နာကျင်ခဲ့ရတဲ့ သူမရဲ့လက်ချောင်းတွေဟာ စစ်မဖြစ်မီက ကြိုးများကိုသာထိခတ်နေတဲ့ လက်ချောင်းတွေ။ ပိုက်ကွန်လုပ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပဲ့တင်သံတွေကို မကြားရတော့ဘဲ နာကျင်ခံစားရတဲ့အခါ သူမအသက်ရှင်နေတယ်ဆိုတာ သိပါတယ်။ ကံကြမ္မာကို ယက်တဲ့ပုံစံနဲ့ ပိုက်ကွန်ကို ယက်ပေးတယ်။ အဲဒါကြောင့် ကြောင်တစ်ကောင်ချင်းစီအတွက် ပိုက်ကွန်တခုစီယက်မယ်။ ဆယ်ကောင်ထိပေါ့။
သူ့ခင်ပွန်းနှင့်သားဖြစ်သူတို့မြို့ကိုခုခံကာကွယ်နေစဉ် နာကျင်မှုကသူ့ကို Moira အဖြစ်ပြောင်းလဲခဲ့ပြီပဲ။
●မှတ်ချက်
Moira သည် Overwatch ဗီဒီယိုဂိမ်းဖြစ်ဇာတ်ကောင်၊ရန်သူများကို ပျက်စီးစေအောင် တိုက်ခိုက်သူ သူကိုယ်သူ ပြန်အားဖြည့်စွမ်းသူ
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ဘဘဝ' ရေးဖွဲ့တဲ့ "အမုန်းနဲ့ အချစ်ကြား"
ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
👍23❤7😢1🤮1🖕1
ဆောနယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်တွေသိမ်းရတယ်လို့ ယောတပ်တော် ပြော
မေ -၃၁၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဆောမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
အခု မေလ ၁၁ရက်ကစပြီး ပေါက်မြို့အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )က ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင် စစ်ကြောင်းနဲ့ မေလ ၂၂ ရက်က ကပစ -၂၄ က ထပ်ထွက်လာတဲ့ အင်အား ၉၀၀ ဝန်းကျင်နဲ့ စစ်ယာဉ်တန်းတွေကို ပုံတောင်နတ်ထိပ်ဒေသမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက်စပြီး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်းရှိခဲ့ပြီး ဒီကနေ့ မေလ ၃၁ရက် အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲလို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းက ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော်နဲ့ သေဆုံးသူ ၈၀ကျော်ရှိပြီး ဖမ်းဆီးရမိ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ YA က ပြောပါတယ်။
" စစ်ကြောင်းနှစ်ခုစလုံးက ဆောထဲကို စစ်ကြောင်ဝင်တယ်။မင်းတပ်ဖက်တကြောင်းတက်တယ်"လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ နဲ့ အသက်စွန့်လွှတ်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီးညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းနဲ့စစ်ဘေးရှောင်နေရာတွေကို အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်တဲ့လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
"တပြင်းရွာကတော့ အသတ်ခံရသူများတယ်။CDM ကျောင်းဆရာတစ်ယောက်လည်းပါတယ်။ဘုန်ကြီး တပါးလည်းပါတယ်။စစ်ရှောင်ရင်းအသတ်ခံရတာ။စုစုပေါင်း ငါးဦးလောက်ရှိတယ်။ဖမ်းခံရပြီးစစ်ကြောင်းထဲပါသွားတချို့လည်းရှိတယ်"လို့ စစ်တပ်စစ်ကြောင်းတွေ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဆောမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ ၊ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြဖို့ ယောတပ်တော်က တိုက်တွန်းပါတယ်။

👍43❤13👏3🥰1🤣1🖕1
ကမ္ဘာ့ဩဇာကြီး ခေါင်းဆောင်များ ကျဆုံးနေချိန်တွင် အာဆီယံ၏ ငြိမ်းချမ်းရေးပုံစံကို စံနမူနာယူရန် တီမောသမ္မတ တိုက်တွန်း
"မြန်မာ့ပြည်တွင်းစစ်ဟာအာဆီယံရဲ့အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်" -ဟိုဆေးရာမို့စ်သမ္မတဟော်တာ
မေ-၃၁၊၂၀၂၆/People's Spring
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကု
လသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်း
ပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေ
ဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း တိုက်
တွန်းပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ (Shangri-La Dialogue) ၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ တီမောသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်
သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရာမို့စ်ဟော်တာကယူကရိန်း၊ဂါဇာ၊လက်ဘနွန်နှင့် အီရန်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပြကာ လက်ရှိ ကမ္ဘာ့အခင်းအကျင်းများကို ထိန်းကျောင်းနေသည့် အင်အားကြီးနိုင်ငံများကို ဝေဖန်ခဲ့သည်။
အထူးသဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN Security Council)သည်လက်တွေ့တွင် အသက်
မဲ့နေပြီး မည်သို့မျှ အသုံးမဝင်တော့သည့် အခြေ
အနေ (Moribund and Irrelevant) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအသစ်များ တိုးချဲ့ခြင်း သို့မဟုတ် ဗီတိုအာဏာကို ကန့်သတ်ခြင်းမျှဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၎င်းကဆိုသည်။
ကမ္ဘာကြီးကမောက်ကမဖြစ်နေချိန်တွင် အာဆီယံသည် စိတ်ရှည်သည်းခံမှုနှင့် လက်တွေ့ကျသော သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် စံပြနမူနာဖြစ်နေကြောင်း၎င်းကချီးကျူးခဲ့သည်။
၎င်း၏နိုင်ငံဖြစ်သောတီမောလက်စ်တေ သည် အတိတ်က အင်ဒိုနီးရှား၏ ကျူးကျော်မှုကြောင့် လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့သည့် ခါးသီး
သော သမိုင်းကြောင်းရှိခဲ့သော်လည်း၊ ယနေ့အချိန်တွင် နှစ်နိုင်ငံအကြား အလွန်ရင်းနှီးသည့် မိတ်ဖက်များ ဖြစ်လာခဲ့ကြောင်း ဥပမာပေးကာ "သမိုင်းက နိုင်ငံများကို အကျဉ်းမချထားသင့်ဘဲ၊ နှလုံးသားနှင့်စိတ်ကူးစိတ်သန်းများကိုလည်းပိတ်လှောင်မထားသင့်ကြောင်း"လေးလေးနက်နက်တိုက်တွန်းသွားခဲ့သည်။
သို့သော်လည်းအာဆီယံသည် ပြီးပြည့်စုံသောအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ထောက်ပြကာ တောင်တရုတ်ပင်လယ်အရေး နှင့် မြန်မာ့ပြည်
တွင်းစစ် ပြဿနာကို သမ္မတက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။
"မြန်မာ့ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေထဲက အမည်းစက်တစ်ခုပဲ ဖြစ်ပါတယ်" ဟု သမ္မတဟော်တာက သုံးနှုန်းပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဘယ်သူမှအနိုင်ရရှိမည်မဟုတ်ဘဲ တိုင်း
ပြည် နှင့် ပြည်သူများကိုသာ ပျက်စီးစေမည့် "အင်အားကုန်ခမ်းစေမယ့် စစ်ပွဲ" (War of exhaustion)သာဖြစ်ကြောင်း၎င်းကဆိုသည်။
အာဆီယံ၏တူညီဆန္ဒ ၅ ချက် (Five-Point Consensus) သည် ကောင်းမွန်သော်လည်း လက်
ရှိတွင် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီအတိုက်အခံများအပါအဝင် အဖွဲ့အစည်းအားလုံးသည်မည်သည့်ကြိုတင်ကန့်သတ်
ချက်မျှမထားဘဲ "လူသားအချင်းချင်း" အနေဖြင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
ထို့အပြင်တောင်တရုတ်ပင်လယ်အရေးတွင်လည်း
တင်းမာမှုများ လျော့ကျစေရန်အတွက် အဆိုပါဒေသကို "ငြိမ်းချမ်းရေးဇုန်" (Zone of Peace) အဖြစ်ကြေညာရဲသည့်သတ္တိမျိုးခေါင်းဆောင်များတွင် ရှိသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တီမောလက်စ်တေနိုင်ငံသည်ဆယ်စုနှစ်တစ်ခုကျော် ကြိုးပမ်းခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်ကမှ အာဆီယံ၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် တရား
ဝင် ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
သမ္မတ ရာမို့စ် ဟော်တာက အာဆီယံသည် မတူကွဲပြားမှုများကိုပပျောက်အောင်လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ၊ ကွဲပြားနေလင့်ကစားအတူတကွ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကို ဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာကြီးအနေဖြင့် အာဆီယံထံမှ သင်ခန်းစာယူရန် လိုအပ်ကြောင်း ပြောကြားကာ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။
ကိုးကားCNA

👍44❤5😁1🤮1🖕1
■ဆောင်းပါး
ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံ
ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင်ပကဖဆီကို ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်(စစ်မှုထမ်းတပ်သားသစ်) ၄ ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတပ်
သား ၄ ဦးထဲက ၃ ဦးကနေ ၎င်းတို့ ပေါ်တာဆွဲခံရပုံ၊ စုဆောင်းရေးနဲ့သင်တန်းကျောင်းတွေမှာ ဖြတ်
သန်းရပုံတွေ၊ စစ်တပ်နဲ့စစ်ကြောင်းထိုးစဥ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် အခုလို ပြောပြခဲ့ကြပါတယ်။
▪︎ခရီးသွားရင်း အဆွဲခံရသူများ
သူတို့ထဲက ကိုမျိုးသဲဝင်းဆိုသူက အိမ်ထောင်သည်ပါ။ ပြည်၊ ရွှေတောင်မှာအိမ်ထောင်ကျတယ်။ ရွှေတောင်ကနေပြီးတော့ အမေ့အဆီအလည်အပြန်မှာ မကွေးဂိတ်မှာ ပေါ်တာအဆွဲခံရတယ်။ "အောင်လံမိုးကားပေါ်မှာ။..သတင်းအတိအကျရလို့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်တာ။ နောက်ပြီးတော့မှ သူတို့ကိုမေးတော့မှ ပေါ်တာဆွဲတာလို့ သိရတယ်။"လို့ သူက ပြောပြတယ်။
နောက်တစ်ယောက်ကတော့ ကိုသူရအောင်။ သူကတော့ အင်္ဂလိပ် Speaking တက်ဖို့ ရန်ကုန်ဆင်းလာတယ်။ ရွှေဘိုရောက်တော့ မိုးချုပ်နေလို့ ခရီးတထောက်နားတယ်။ ရွှေဘိုမြို့က တည်းခိုခန်းကိုသွားတည်းချိန် ညဘက်ဝင်ရောက်ပေါ်တာဆွဲခံလိုက်ရတာဖြစ်ကြောင်း သူက ပြောပါတယ်။
"ကားပေါ်မှာအိပ်ရင် ပေါ်တာဆွဲခံရမှာစိုးလို့ တည်းခိုခန်းထဲ ဝင်အိပ်လိုက်တာ ပေါ်တာအဆွဲခံလိုက်ရတယ်။ အခန်းထဲထိ ဝင်ဆွဲခံရတာ။"လို့ ကိုသူရအောင်က ပြောတယ်။
ဆွဲတဲ့ညက သူနဲ့အတူတူ စစ်ကိုင်းက လူငယ်တစ်ယောက်လည်း အဆွဲခံရတယ်။ စစ်အုပ်စုဟာ သူတို့နှစ်ယောက်ကို ဖမ်းခေါ်ပြီး ရွှေဘိုမြို့ပေါ် ရပ်ကွက်ထဲတွေ အကုန်လုံးပတ်ပြီး ပေါ်တာဆက်ဆွဲဖို့ ကြိုးစားတယ်လို့ သိရတယ်။
"သူတို့အင်အားက ၃၀ လောက်တော့ရှိမယ်။ အိမ်စီးကားတွေနဲ့ ရပ်ကွက်ထဲတွေပတ်ပြီး စုဆောင်းတာပေါ့။ အဲညကတော့ (တခြားပြည်သူတွေ) ကံကောင်းချင်တော့ ကျွန်တော်တို့နှစ်ယောက်ပဲ ပါလာတာ။"လို့ သူက ပြောတယ်။
နောက်တစ်ယောက်ကတော့ ကိုအောင်ကျော်ဝင်း။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ကားသွားမောင်းရင်း ကားပျက်ချိန် ပေါ်တာအဆွဲခံရတာလို့ သူက ပြောတယ်။ "ကားပျက်လို့ ကားအောက်ခဏအိပ်နေတာ။ လာခေါ်တယ်။ စကားပြောစရာရှိလို့တဲ့။ ဘာမပြောညာမပြောနဲ့ အချုပ်ခန်းကြီး
ထဲခေါ်ထည့်တာ။"လို့ ကိုအောင်ကျော်ဝင်းက ပြောတယ်။
▪︎တပ်မ ၃၃ က ငရဲခန်း
ကိုသူရအောင်ကတော့ ရွှေဘိုလေ့ကျင့်ရေး ၈ ထဲနှစ်ပတ်နီးပါးနေခဲ့ရပြီး ရဟတ်ယာဥ်နဲ့ တပ်မ ၃၃ ကို ထပ်ပို့ခံရတယ်။ တပ်မ ၃၃ ထဲမှာ ၆ ရက်နေခဲ့ရတယ်။ ၆ ရက်ဆိုပေမဲ့ ကိုသူရအောင်အတွက် တစ်သက်စာမမေ့နိုင်တော့တဲ့အခိုက်အတန့်လို့ သူကတင်စားတယ်။
တပ်မ ၃၃မှာ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ ကလေးဝ၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့ဒေသအသီးသီးက ပေါ်တာဆွဲခံရတဲ့သူတွေကို စုထားတာလို့ သူက ပြောတယ်။ သူတို့တတွေကို အကျဥ်းသားတွေလို ခြေကျင်းတွေခတ်လိုက်တယ်။ ဘားတိုက်ကြီးထဲမှာ ခန့်မှန်းခြေ လူ ၁၅၀ ကျော် လောက်ရှိတယ်။
ကျွေးတာကလည်း မသေထမင်းမသေဟင်းပဲ။ ဆန်ဆိုလည်း ဘဝတလျှောက်မစားဖူးတဲ့ဆန်ကြမ်းတွေ ချက်ကျွေးတယ်။ အိမ်သာတက်ရေချိုးလည်း အချိန် ၅ မိနစ်ပဲပေးတယ်။ "မပြီးရင် အရိုက်ခံရတယ်။ အထိုးခံရတယ်"လို့ သူကဆိုတယ်။
▪︎မင်္ဂလာဆောင်မယ့် သတို့သားပါ ပေါ်တာဆွဲခံရ
အဲဒီနောက် သူတို့ကို ဟိုပုံးသင်တန်းကျောင်းကိုပို့တယ်။ သင်တန်းကျောင်းမှာလည်း ပေါ်တာဆွဲခံရတဲ့ စိတ်မကောင်းစရာ အတွေ့အကြုံတွေ ကိုသူရအောင် ထပ်ကြားခဲ့ရတယ်။ "တချို့က သားသမီးမွေးနေ့ မွေးနေ့ကိတ်လေးဝယ်ပြီး ပြန်လာချိန်ပေါ်တာဆွဲခံလိုက်ရတာ။ တချို့ကလည်း သတို့သားဝတ်စုံ တိုက်ပုံအင်္ကျီနဲ့ စုဆောင်းရေးထဲရောက်လာတာ"လို့ ကိုသူရအောင်က ပြောပြတယ်။
ဒါ့အပြင် အစားထိုး စစ်မှုထမ်းပေးဖို့ ပိုက်ဆံနဲ့ ကြေးစားဝင်တဲ့သူတွေ၊ ရိုက်မှုခိုးမှုနဲ့ ထောင်ကျမခံတော့ဘဲ စစ်တပ်ထဲရောက်လာသူတွေလည်းရှိတယ်လို့ သိရတယ်။
▪︎စစ်တပ်ရဲ့ အကြမ်းလုပ်ရပ်တွေ
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့တာတွေ သူတို့မျက်မြင်တွေ့ခဲရတယ်။ ပေါက်မြို့နယ်၊ သရဖီရွာအနီးမှာ
ရိက္ခာယာဥ်တန်းကို PDFက ရှော့တိုက်ဒုံးနဲ့ လှမ်းပစ်တဲ့အချိန် စစ်ကြောင်းက ပြန်ကွေ့ပြီး သရဖီနဲ့လယ်ကိုင်းရွာကို မီးရှို့ခဲ့တယ်လို့ ၎င်းတို့က ပြောပြတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလည်း ရှိတယ်လို့ သူတို့က ပြောပြတယ်။
"တပ်ကြပ်တစ်ဦးက ဘယ်ရွာမှာ ကောင်မလေးနှစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတာပြောတယ်။..အဲ တပ်ကြပ်ကြီးက ကောင်မလေးမြင်ရင်မရဘူး။ တအားတဏှာရူးတယ်။"လို့ အလင်းဝင်သူတစ်ဦးက ပြောတယ်။
ဒါတင်မကသေးပါဘူး။ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူရွာတွေမှာလည်း အမျိုးသမီးတွေကို စစ်သားတွေက ခေါ်ယူပေါင်းသင်းတာတွေရှိတယ်လို့ ၎င်းတို့က ပြောပါတယ်။ တချို့ကောင်မလေးတွေဆိုရင် စစ်သားမယားဖြစ်တဲ့သူဖြစ်"လို့ အလင်းဝင်တပ်သားတစ်ဦးက ပြောပြတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရွာတွေက ပြည်သူတွေအိမ်ဝင်စီးပြီး ရိက္ခာတွေကိုလည်း သယ်ယူတယ်လို့ ၎င်းတို့က ပြောပြတယ်။ "ဆန်ဆီအကုန်သယ်တယ်။ သယ်လို့မနိုင်ရင် ဆန်အိတ်တွေ ဖောက်ထားခဲ့တယ်။ ပျုစောထီးရွာတွေရောက်ရင် ရောင်းစားတယ်။ ဆားတစ်ပိဿာတစ်အိတ်ကို ၂ သိန်းတဲ့။"လို့ ကိုသူရအောင်က ဆိုပါတယ်။

🤬25❤4🤮3💔1
အဲဒါကြောင့် နဂိုကတည်းကမှ ဝင်ချင်လို့ ဝင်လာတာမဟုတ်တဲ့၊ ပေါ်တာအဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာခဲ့တာဖြစ်ကြောင်း ပြောပြကြတယ်။
"ပြည်သူတွေရဲ့အပြုံးကအစ ကွာတယ်။ ကိုယ့်ကိုတွေ့လိုက်လို့ ခွေးယူနီဖောင်းကြီးနဲ့မို့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးလိုက်တာကအစ"လို့ ကိုသူရအောင်က ပြောပါတယ်။ ။
(

👍30🤮2💔1