People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိတ္ထီလာမှာ ကျောင်းသားတွေ ကတုံးဆံထောက်ကေနဲ့မှကျောင်းအပ်လို့ရ

မေ-၃၀၊၂၀၂၆။ဟာနာဆန်/People's Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်း
သားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

မိတ္ထီလာမြို့၊ အ.ထ.က (၁)မှာ ကျောင်းအပ်နှံဖို့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ဆံပင်ကို စနစ်တကျသပ်သပ်ရပ်ရပ်ညှပ်သွားပေမဲ့ ကျောင်း
ဘက်က လက်မခံဘဲ ဆံပင်ပြန်ညှပ်ခိုင်းတာ၊ ၎င်းတို့လိုချင်တဲ့ ဆံပင်ပုံစံမဟုတ်ရင် ကျောင်းအပ်ဖောင် ထုတ်မပေးတာတွေ ပြုလုပ်နေကြောင်း ကျောင်းသားမိဘအချို့က ပြောပါတယ်။

အချို့ကျောင်းသားတွေဆိုရင် ဆံပင်ပုံစံ အဆင်မပြေလို့ဆိုပြီးနှစ်ကြိမ်ကနေသုံးကြိမ်အထိ ပြန်လည်
ညှပ်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

"အခုဟာက ကတုံးဆံထောက်မှမဟုတ်ရင် လက်မခံတဲ့ ပုံစံကိုဖြစ်နေတယ်။ အခုဟာက အရမ်းဆိုး
ရွားနေရင်ထားပါတော့ ။ ကျောင်းသားနဲ့ မတူရင်ထားပါတော့။ ကျောင်းအပ်မှာမို့ကြိုပြီး ဆံပင်ညှပ် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းကိုသွားအပ်ပါတယ်။ တချို့ဆို၂ ခေါက်၃ ခေါက်ပြန်ညှပ်ခိုင်းပါတယ်။"
လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဆံပင်ကို ကတုံးဆံထောက် ညှပ်လိုက်တာကြောင့် စာပိုတော်လာမှညမဟုတ်ဘဲ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်တွေအပေါ် ဖိအားပေးတာဟာ ကျောင်း
သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ကျောင်းသားမိဘတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီဟာဒီနှစ်စာသင်နှစ်မှာအရွယ်အလိုက်ရှိရမယ့်အတန်းတွေသတ်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုကာ အတန်းကျော်ပေးဖို့ စီစဥ်နေပါသေးတယ်။
21💩16🥴7🤣6😡5😁1
မိတ္ထီလာ အထက ၁ ကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬39👍54🤣4😡3💩2🌚1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍267🥰1🤮1
မြင်းမူမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ဦးခန့် သေဟုဆို

မေ ၃၁၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်၊ မနက် ၈နာရီခွဲခန့်က မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ ကင်းပုန်းချဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ Black Eagle အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀ခန့်ပါ စစ်ကြောင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲမှာ စစ်တပ်က ၇ ဦးခန့် သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ BLDF က ဆိုပါတယ်။

"တိုက်ပွဲက မိနစ်သုံးဆယ်လောက်ကြာခဲ့ပါတယ်။
အကျဆုံးစာရင်း ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ မီတာ လေးဆယ်ငါးဆယ်အတွင်း ပစ်ခတ်ရတာဖြစ်တဲ့အတွက် အတည်ပြုနိုင်ပါတယ်။"လို့ BLDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့က မေလ ၃၀ ရက်မှာ စစ်ကိုင်းမြို့က တပ်မ (၃၃)ကနေ ဝမ်ပေါင်ကုမ္ပဏီသွားမယ့် စစ်ယာဥ်တွေ ထွက်လာခဲ့တဲ့အတွက် အဆိုပါယာဥ်တန်းအတွက် ကင်းပုန်းဝပ်တဲ့စစ်အုပ်စုတွေ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
25👍16👏4🥰1🤣1🖕1
35👍13🥰6🤣1🖕1
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ ရဲဘော်​တွေ စစ်ဆင်​ရေးတစ်ခုမှပြန်လာရာ ပြည်သူ​တွေကကြိုဆိုစဥ်။ ဓါတ်ပုံ-BLDF
35👍7🥰6🤣1
■​ဆောင်းပါး

ပုဂံဘုရားရိပ်က မီးလောင်ပြင်

ကဖေး/People's Spring

" မီးတောက်တွေကလည်း များလိုက်တာ။အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရဲ့မလှမ်းမ
ကမ်းမှာရှိတဲ့ မြစ်ခြေမြို့က အမျိုးသမီးတစ်ဦးက အဝေးတနေရာမှာ အလုပ်လုပ်နေတဲ့ သူ့သမီးစိတ်သက်သာရအောင် မီးလောင်ပြင်အနီးကနေ ထွက်ပြေးခါနီး အားတင်းပြောလိုက်တဲ့စကားသံပါ။

အားပေးစကားပြောတဲ့ မိခင်ရဲ့ရှေ့ ခပ်လှမ်းလှမ်းမှာတော့ နေအိမ် တွေမီးဟုန်းဟုန်းတောက်လောင်နေပြီး ကောင်းကင်ပေါ် မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက်တက်နေပါတယ်။မေလ၂၈ ရက်နေ့က ဒီမြင်ကွင်းကို မိသားစုစားဝတ်နေရေးအတွက် အဝေးတစ်နေရာမှာအလုပ်လုပ်နေရတဲ့သမီးဖြစ်သူကလည်း လူမှုကွန်ယက်ကတစ်ဆင့်မြင်တွေ့ရပါတယ်။ မိသားတစုလုံးလုပ်အားနဲ့ ကုတ်ခြစ်စုဆောင်းပြီး ဆောက်ထားတဲ့အိမ် မိနစ်ပိုင်းအ
တွင်းမီးလောင်တိုက်သွင်းခံရတာကို ထိုင်ကြည့်နေရတဲ့မိခင်ဖြစ်သူရဲ့ဝမ်းနည်းပူဆွေးမှုကို သမီးဖြစ်သူက အခုလိုရင်ဖွင့်ရှာပါတယ်။

"ငါ့သမီး အမေတို့အတွက် စိတ်မပူနဲ့တော့တဲ့။
မကျန်လည်း ဘာတတ်နိုင်မလဲတဲ့။သူ့စိတ်တွေ လျှော့ချလိုက်တယ်ထင်ပါတယ်။ လေသံတိုးတိုးလေးနဲ့ရယ်"

တစ်နေရာစီရှိနေကြတဲ့ သားအမိအပြင် လူနှစ်သောင်းနီးပါးရဲ့ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းနေသူတွေကတော့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့လက်သည်တရားခံ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုပဲဖြစ်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်
ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ စက်လှေတွေနဲ့တစ်မျိုး၊ လှည်းနဲ့တစ်ဖုံ ပုဂံဘုရားဖူးလာခဲ့တဲ့ အတိတ်က အေးချမ်းတဲ့အခြေအနေတွေဟာဟာ အခုဆိုရင် လုံးဝပျက်စီးသွားပြီဖြစ်ပါတယ်။

လက်ရှိမှာ မြစ်ခြေမြို့ကိုစစ်ကောင်စီက အညှိုးတကြီးတိုက်ခိုက် ဖျက်ဆီးနေပါတယ်။အင်အား ၄၀၀ ကနေ ၅၀၀နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ မေလ၁၀ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို ဧရာဝတီမြစ်‌ ကြောင်းကနေဝင်ရောက်လာခဲ့တာပါ။‌တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဒေ
သခံတွေအထိမနာအောင် စစ်ရေးကို အကန့်အ
သတ်နဲ့ဖော်ဆောင်နေရချိန်မှာ စစ်တပ်ကတော့ မြို့ကိုပစ်မှတ်ထားဖျက်ဆီးဖို့အထိ သွေးဆာနေပါတယ်။

စစ်တပ်စစ်ကြောင်းတွေက သွေးဆာနေတဲ့ဘီလူးတွေပဲလို့ ဒေသခံတွေကပြောပါတယ်။ မေလ ၁၃
ရက်က စပြီး အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေစတင်ခဲ့ပြီး ကလေးငယ်အချို့အပါအဝင် အရပ်
သားပြည်သူ၁၂ဦးထက်မနည်းကိုသတ်ဖြတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖိုကုန်း၊ဆွဲကြီးနဲ့ ရွာသာအေးရပ်ကွက်အပါအဝင် ကျေးရွာဆယ်ခုထက်မနည်းကို မီးရှို့ဖျက်ဆီးလို့ ဒေသခံ ၂၀၀၀၀ ​ခန့် ထွက်
ပြေးတိမ်းရှောင်နေကြရပါတယ်။

"လူသေအလောင်းငါးလောင်းကိုဘုန်းကြီးကျောင်း
ထဲမှာတွေ့တယ်။သူတို့သတ်ဖြတ်ခဲ့တာနဲ့ လက်နက်
ကြီးနဲ့ပစ်လို့သေဆုံးတာ ၁၂ယောက်ထက်မနည်းရှိတယ်" လို့ ပခုက္ကူမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

မြို့ငယ်လေးဖြစ်တဲ့မြစ်ခြေကို စစ်ကောင်စီက မြို့ဖျက်ဖို့အပြင် ဒေသခံတွေ လုံးဝနေလို့မရအောင်ပါ အစီအစဉ်တကျလုပ်နေ‌တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။မြို့ကိုဦးတည်ပြီးစီးနင်းတိုက်ခိုက်နေသလို မြို့ထဲဘက်ကိုဝင်လာတဲ့လမ်းကြောင်းတွေကိုလည်းဖြတ်တောက်ပြီးဒေသခံတွေကို ရိက္ခာဖြတ်‌တောက်ထားပါတယ်။

ဒါ့အပြင်မြို့ထဲကဈေးကိုလည်းမေလ ၂၆ရက်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ ဒေသခံ အရပ်သား ၆၀ခန့်ဟာလည်း စစ်တပ်ကြောင်းမှာလူသားဒိုင်းအနေနဲ့ဖမ်းဆီးထားပါတယ်။ဖမ်းဆီးခံထားရသူတွေရဲ့ကံကြမ္မာဟာစိုးရိမ်နေရတာကလွဲလို့မျှော်လင့်ချက်နည်းပါးနေပြီလို့ ဒေသခံတွေကပြောပါတယ်။

"ရိက္ခာဖြတ်တယ်။အိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးလူ
သတ်တဲ့ကိစ္စတွေကိုတောက်လျှောက်လုပ်နေတယ်"လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြစ်ခြေမြို့ကို မီးလောင်တိုက်သွင်းနေတဲ့ တချိန်တည်းမှာပဲစစ်တပ်ကနိုင်ငံတကာနဲ့လူထုကို မျက်
လှည့်ပြဖို့ ကြိုးပမ်းနေပြန်ပါတယ်။မီးလောင်ပြင်နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ပခုက္ကူမြို့ပေါ်မှာ ဇာတ်ပွဲတွေစင်ပြိုင်နွှဲခိုင်းထားပါတယ်။ နာ
မည်ကြီး သီဟိုဠ်ရှင်ဘုရားပွဲကို ကျင်းပနေပြီး စမ်းရေမိုး ဇာတ်အပါအဝင် တခြားဇာတ်အဖွဲ့တွေကို ရုံပြိုင်ဖွင့်ခိုင်းထားတာပါ။

တကယ်တော့ ခေတ်အခါကောင်းစဥ်က ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတော်ရောက်ပြီဆိုရင် မြစ်ခြေဒေသက ပြည်သူတွေဟာ မြို့ပေါ်တက်လာပြီး ပွဲကြည့်ကြ စျေးဝယ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "မြစ်ခြေနဲ့ ပခုက္ကူက ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်မောင်းရင် ရောက်တာ"လို့ ဒေသခံတစ်ဦးက ပြောပြတယ်။

အခုတော့ သီဟိုဠ်ရှင်ကို အရောက်မလာနိုင်တော့တဲ့ မြစ်ခြေဒေသက ပြည်သူတွေဟာ ပွဲခင်းထဲမှာ လက်ခုပ်လက်ဝါးတီးပြီး အားမပေးနိုင်တော့ဘဲ အသက်လုကာ ပြေးလွှားနေကြရတယ်။ မြစ်ခြေမြို့မီးလောင်ပြင်က ဒေသခံတွေရဲ့ အော်ဟစ်အကူအညီတောင်းသံ၊ အာခေါင်ခြစ်ငိုကြွေးနေတဲ့ ကလေးငယ်တွေရဲ့အသံ၊ စစ်အုပ်စုရဲ့ ညာသံပေးအမဲဖျက်သံတွေဟာ နတ်သံနှောနေတဲ့ မိုက်ခဲဇာတ်မင်းသားတွေရဲ့ အသံဗလံတွေကြားမှ ပျောက်ဆုံးနေပါတယ်။
💔117🔥4👍3😡2👏1🤬1😭1
"စမ်းရေမိုးတို့၊ အောင်ဇဗ္ဗူတို့ဟာစစ်တပ်နဲ့ အလို
တူအလိုပါ ပြိတ္တာတွေဖြစ်တယ်"လို့ မြစ်ခြေမြို့ ခံ လူငယ်တစ်ဦးကနာနာကျည်းကျည်း​ပြောပါတယ်။

စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ ကိုစိုးထွဋ်ဝင်းကတော့ စစ်အုပ်စုရဲ့ ရက်စက်မှုကို အခုလို ရှူမြင်ပါတယ်။

" ဒီစစ်ရဲ့ဆိုးကျိုးတွေကချမ်းသာတာတွေ၊မချမ်း
သာတာတွေ၊ ပညာတတ်တာတွေ၊ ပညာမတတ်တာတွေနဲ့မဆိုင်တော့ဘူး။ ဖြစ်နေတာက လူမဆန်စွာမီးရှို့နေတာတွေ၊ လူမဆန်စွာအကြောင်းမဲ့သတ်ဖြတ်နေတာတွေ ဖြစ်တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်နေတာလဲမဟုတ်ဘူး။စစ်တပ်က တိုင်းပြည်နဲ့ မြို့ရွာကို ဖျက်ဆီးနေတာ" လို့ ဆိုပါတယ်။

အခုဆိုရင်စစ်တပ်က မြစ်ခြေမြို့ကိုလေးဖက်လေးတန်ကနေ စစ်ကြောင်းထိုးနေပါတယ်။ ဒေသခံတွေကတော့ ပုဂံအပါအဝင် မြို့ရဲ့ အရပ်လေး
မျက်နှာဘက်ကို ကစဉ့်ကလျားထွက်ပြေးနေကြရပါတယ်။ စစ်တပ်စစ်ကြောင်းတွေက မြို့ထဲနဲ့ မြို့ပတ်ချာလည်ကို အသုတ်လိုက် ဆက်ဝင်လာနေပါတယ်။ အာနန္ဒာစေတီလို အထင်ကရစေတီကြီးတွေရဲ့အေးမြတဲ့အရိပ်ဟာ မြစ်ခြေမြို့ကို ယခင်ကလို သက်ရောက်မှုမရှိ‌တော့ဘဲ မြို့ရဲ့ အနာဂတ်ဟာ ကောင်းကင်ပေါ်တက်သွားတဲ့ မီးခိုးလုံး‌တွေလို မှောင်မိုက်နေပြီလို့ ဒေသခံတွေက ပြေးရင်းလွှားရင်းရင်ဖွင့်ပါတယ်။စစ်အုပ်စုက အညိုးတကြီးဖျက်‌ဆီးခံနေရတဲ့အပေါ် မြစ်ခြေမြို့ခံတစ်ဦးက အခုလို စိတ်ပျက်လက်ပျက် မေးခွန်းထုတ်ပါတယ်။

"သွေးတွေထွက်နေမှအနာလို့ထင်နေကြတဲ့လူ့အ
သိုင်းအဝိုင်းကို မီးခိုးငွေ့ကထွက်တဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ဘယ်လိုပြရမလဲ" ။ ။
🔥15💔64👍4🤬4😡3🥴1
မြစ်ခြေမြို့က စစ်ရှောင်ပြည်သူများအား တွေ့ရ
စဥ်။ ဓာတ်ပုံ-CJ ​၊အညာ​တောအိမ်
🔥15💔10😢91👎1😡1
ပြည်နယ်တပ်ပေါ်လာဖို့ KNDF ကို IEC တိုက်တွန်း

မေ -၃၁၊၂၀၂၆။မိုမို/People's Spring

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

ဒီကနေ့(မေလ ၃၁ ရက်)မှာ KNDF တည်ထောင်တဲ့ ၅နှစ်ပြည့် အခမ်းအနားအပေါ် IEC က ပေးပို့တဲ့ သဝဏ်လွှာမှာ အထက်ပါအကြောင်းအရာထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ တော်လှန်ရေးကာလအတွင်း ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေကို အခြေခံပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိပြီး စစ်ဥပဒေစည်းမျဉ်းတွေကို လေးစားလိုက်နာကာ ပိုမိုခိုင်မာစနစ်ကျတဲ့ တပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက် ရပ်တည်နိုင်စေဖို့လည်း ဆိုပါတယ်။

တော်လှန်ရေးခရီးလမ်းတလျှောက် တိုက်ပွဲအသီးသီးမှာ အသက်ပေးလှူပြီး အမြင့်မြတ်ဆုံး ပေးဆပ်မှု‌တွေပြုလုပ်ခဲ့ကြတဲ့ KNDF တပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်‌တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ IEC က အသိပေးပါတယ်။

KNDF ဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု နဲ့ အခက်အခဲ၊ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနေသလို ဒီကနေ့တိုင် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး ရှေ့တန်းမှာ တိုက်ပွဲ‌၀င်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ KNDF ဟာ ကရင်နီပူးပေါင်းတပ်‌တွေနဲ့အတူ ၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲ‌တွေ လုပ်ဆောင်ခဲ့ပြီး မြို့တော် လွိုင်ကော်ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။

KNDF တပ်ရင်းတွေမှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားဖူးပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။ပြီးခဲ့တဲ့ နှစ် ၂၀၂၅က စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

ရှမ်းတောင် နဲ့ကရင်နီပြည်နယ်က ဟိုပုံး -ဆီဆိုင် ၊ပင်လောင်း-ဆောင်ပြောင်း-ဖယ်ခုံ -မိုးဗြဲ ၊ လွိုင်ကော်၊ဒီးမော့ဆိုမြို့ နဲ့ ဖားဆောင်းမြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေအတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် UKSAကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းနေပါတယ်။



(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ(၆)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
36👍18🥰2🤣1🖕1
34👍11🥰4🤣2🖕1
TNlA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာပြင်းထန်တဲ့​ပေါက်ကွဲမှုဖြစ် ​သေဆုံးဒဏ်ရာရသူများ

​မေ-၃၁၊၂၀၂၆။ဇော်ရမ်း/People's Spring

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

မေလ ၃၁ ရက်၊နေ့လယ် ၁၂ ခွဲခန့်မှာ ပေါက်ကွဲတာဖြစ်ပြီး နမ့်ခမ်းတမြို့လုံးအပြင်တရုတ်နိူင်ငံ၊ ရွှေလီမြို့ဘက်ခြမ်းကပါကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။​

ပေါက်ကွဲမှုကြောင့်သေဆုံးသူ သုံးဆယ်ကျော်နဲ့ ထိခိုက်သူ တစ်ရာနီးပါးရှိလာပြီလို့လူမှုကူညီကယ်
ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး ဒေသခံအချို့က ပြောပါတယ်။ နမ့်ခမ်းဆေးရုံမှာ လူနာတွေများနေပြီး သွေးလိုအပ်နေတယ်လို့လည်း အကူအညီတောင်းထားကြပါတယ်။ ​သေဆုံး ဒဏ်ရာရသူအ​ရေအတွက်ကို လူထု​​နွေဦးကသီးခြားအတည်မပြုနိုင်​သေးပါဘူး ။​နောက်ဆက်တွဲသတင်း​တွေကိုဆက်လက်​ဖော်ပြပါမယ် ။

TNLA ကလည်း​ကောင်တပ်ရွာအနီးပေါက်ကွဲမှုဖြစ်ပွားတာကိုအတည်ပြုပြီး ပေါက်ကွဲရသည့် အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ အခြားဆက်စပ်အချက်အလက်များကို သက်
ဆိုင်ရာတာဝန်ရှိသူ​တွေကစုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်
လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ် ။

ဒေသခံပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှု မဖြစ်ဖို့နဲ့ လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို မျှဝေခြင်း မပြုကြဘဲတာဝန်ရှိသူတွေရဲ့ တရား
ဝင်ထုတ်ပြန်ချက်ကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာရှိတဲ့နမ့်ခမ်းမြို့နဲ့ နမ့်ခမ်းမြိို့နယ်ကို TNLA နဲ့မဟာမိတ်​တွေက ၁၀၂၇ စစ်ဆင်ရေးမှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ ပေါက်ကွဲတဲ့နေရာဟာ တရုတ်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံလို့ ပြောပါတယ်။

နမ့်ခမ်းမြို့ခံတဦးကလည်း "ယမ်းတွေထားတဲ့နေရာလို့ ကြားတယ်။ ပေါက်ကွဲတာကလေ အရမ်းကြီးတယ်။ အိမ်နားလေးကပ်ပြီး လေယာဉ်ဗုံးကြဲတယ်ထင်တာ။ အဲ့အနားက လူတွေ ထိခိုက်သေဆုံးများတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကတဆင့် သိရတယ်" လို့ပြောပါတယ်။

​ပေါက်ကွဲမှု​ကြောင့် အနီးဝန်းကျင်ကအ​ဆောက်အအုံနဲ့ ​နေအိမ်​တွေများစွာပျက်စီး​နေတာကိုလည်း​ဒေသခံ​တွေကရိုက်ကူးပြီး လူမှုကွန်ယက်မှာတင်ထားတဲ့ ရုပ်သံမှတ်တမ်း​တွေမှာ​တွေ့ရပါတယ် ။

ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်း
မြို့၊ယောင်းပန်းရွာကျေးရွာမှာရှိတဲ့တရုတ်နိုင်ငံ
သားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး
လူ ၁၇၀ထက်မနည်းသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
😢21🔥11👍43👏1
ပေါက်ကွဲမှုဖြစ်ပွား​နေစဥ် ။​ဓါတ်ပုံ-​ဒေသခံ
👍21🔥10😢6👏1
စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ကို စစ်ရေးလှုပ်ရှားဖို့ ပြင်နေဟု KIA ပြော

မေ-၃၁၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ကချင်
ပြည်နယ်နေရာအနှံ့ကို စစ်အင်အားတိုးပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များ နေရာယူထားတဲ့ ဘက်တွေမှာလည်း ဒရုန်းဗုံး​တွေနဲ့ တိုက်ခိုက် မှုတွေ လုပ်နေတယ်လို့ KIO/KIA သတင်းပြန်ကြား
ရေးဌာနက ဖော်ပြပါတယ်။

မေ ၃၀ရက်သတင်းဖော်ပြချက်မှာရွှေကူနဲ့ဗန်းမော် စစ်ရေးအခြေအနေတွေ အသိပေးရင်း အထက်ပါအတိုင်းဖော်ပြခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာမေလ ၂၈ ရက်က ဗန်းမော်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​မေ ၂၈ ရက်နေ့မှာပဲ KIAနဲ့ စစ်တပ်ဟာ ရွှေကူမြိုကနယ်နေရာ ၂ ခုမှာတိုက်ပွဲ​​တွေဖြစ်ပွားခဲ့တယ်လို့ လည်း​ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ ခလရ(၅၆)၊ ခမရ(၆၀၂)နဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၇၈) ၊(၄၁၆)ပူးပေါင်းတပ်တွေက အင်အား ၄၅ ဦးခန့်နဲ့ ရွှေကူမြို့နယ် တော
ပုန်းရွာလမ်းကနေ စစ်ကြောင်းထိုးလာတာကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စစ်တပ် နဲ့ KIA ဦး​ဆောင်တဲ့​တော်လှန်​ရေးပူးပေါင်းတပ်​တွေကြား မေလ ၁၁ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းများ အသုံးပြုကာ တိုက်ပွဲများ အပြန်အလှန် ပြင်းထန်နေတယ်လို့ ရွှေကူစစ်ရေး အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် မေလ ၂၈ ရက်က ဗန်းမော်ဘက်ကို စစ်
တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။KIA နဲ့ပူးပေါင်းတပ်များ ရှိရာ​​နေရာ​တွေကို စစ်တပ်ကတိုက်လေယာဥ်​တွေနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတိတာ​တွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

KIAသတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ရွှေကူ-ငါးအိုး-မဘိမ်း ဒေသမှာ တိုက်ပွဲ နေ့တိုင်းပြင်းထန်ခဲ့သလို မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း မေလ ၂၉ရက်ကပြောပါတယ်။ဝိုင်းမော်ဒေသမှာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သလို ဗန်းမော်ဒေသနဲ့ ဖားကန့်ဒေသမှာစစ်တပ်ဘက်ကဒရုန်း ၊ လက်နက်
ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။
👍425🥰2😁2👏1
ကချင်ပြည်နယ်အတွင်းတိုက်ပွဲမှာ KIA နဲ့ပူး​ပေါင်းတပ်​တွေက စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-CJ
👍53🥰62😁2🖕1