မြောက်ဒဂုံမှာ ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး သေဆုံး
မေ-၃၀၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်
မေလ ၃၀ရက် ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးသေဆုံးသွားခဲ့တာပါ။
သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ ကလေးကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံကနေ ကျီစုသုဿန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က အမှိုက်ပုံတွေမှာ စည်ပင်ဝန်ထမ်းတွေ မရှိချိန်မှ ပလုံကောက်ခွင့်ရတာကြောင့် ပလုံကောက်သူတွေက ညဘက်မှသာ ပလုံကောက်ကြရဝာာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။
ရန်ကုန်မြို့မှာ မေလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေများပြားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း တညင်းကုန်းဈေးရှေ့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

🤬18😢6❤4👍3🔥2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကျောက်လုံးကြီးစခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက်
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေ အတွင်း KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်မူလား(ပုလော)မြို့နယ်ရှိ ကျောက်လုံးကြီး(လယ်ဖဒို)စခန်းကို တော်လှန်ရေးပူးပေါင်းတပ် မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲ ထိခိုက်ကျဆုံးလက်နက်ခဲယမ်း သိမ်းရ အခြေအနေတွေ အသေးစိတ် ဖော်ပြမထားပေမယ့် သတင်းဓာတ်ပုံတွေမှာ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းတွေ သိမ်းရခဲ့တာ တွေ့ရပါတယ်။ စခန်းသိမ်းစစ်ဆင်ရေးကို KNLA တပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုဖြင်K.N.D.Oတပ်ရင်း(၇) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။
◾️ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲ စစ်သားအားလုံး နီးပါး ထွက်ပြေး
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလောမြို့နယ်) လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက် စစ်ကောင်စီ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် တပ်စခန်းရှိ အင်အား ၈၀ ကျော် စစစ်တပ် တပ်ဖွဲ့ဝင်တွေထဲက အားလုံးနီးပါး ထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ ကျောက်လုံးကြီး စခန်းကို မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သေဆုံးမှုတချို့ရှိပြီး ထွက်ပြေးတာတော့ ပိုများကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၈၀ ကျော်မှာ အကုန်လုံးနီးပါး ထွက်ပြေးသွားပြီး လက်နက်ရိက္ခာအချို့ သိမ်းဆည်းရမိတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ စခန်းသိမ်းအောင်မြင်မှုနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူးတို့က ကျေးဇူးတင် ဂုဏ်ပြုလွှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ရဲဘော်တွေ၊ အားပေး ကူညီသူတွေ ဆုတောင်းပေးသူတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
◾️အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လို့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို မေလ ၂၉ရက်မှာလည်း မင်းတပ်မြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးလို့ လတ်တလောမှာ တိုက်ပွဲစဖြစ်နေပြီလို့ ဒေသခံအချို့က ပြောပါတယ်။ စစ်ရေးအခြေအနေ အသေးစိတ်ကို လတ်တလော ပြောကြားဖို့ မရှိပေမယ့် စစ်တပ်ဟာ ချင်း-မကွေးအစပ် မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရောက်နေတဲ့ စစ်တပ်က မေလ ၃၀ရက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက မှတ်တမ်းပုံတွေ ဖော်ပြအသိပေးပါတယ်။
◾️အာရက္ခတိုင်းပြည် တည်ဆောက်ရေး ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ကြဖို့ AA ဖိတ်ခေါ်

❤16👍7🔥2
အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့်ဖို့၊ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ အမျိုးသားရေးအခြေခံစိတ်၊ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ အရင်းခံ စေတနာစိတ်တွေနဲ့ အရင်ထက် ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ မေလ ၂၉ရက် မနေ့ညမှာ ထုတ်ပြန်တဲ့ ‘အာရက္ခတပြည်လုံးရှိ မြို့ပြစည်ပင်သာယာရေးနဲ့ စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက်’မှာ အခုလို တိုက်တွန်းဖိတ်ခေါ်ထားတာပါ။ အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာ အာရက္ခ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားတာ၊ မြို့ပြ စီမံကိန်းတွေ နည်းလမ်းမှန်မှန် ဆောင်ရွက်နိုင်မှု မရှိတာ၊ တည်ဆဲဥပဒေတွေကိုအာဏာပိုင်အဆက်ဆက်များနဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက လက်တလုံးကြား ဆောင်ရွက်တာ တွေကြောင့် အာရက္ခဒေသ တခုလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာ စိန်ခေါ်မှု မျိုးစုံကြုံတွေ့ရလျက်ရှိတယ်လို့ ဖော်ပြပါတယ်။ အဲဒီဆိုးမွေးတွေကြောင့် အာရက္ခဒေသတွင်းလူမှုဘ၀ နေထိုင်မှု အဆင့်အတန်း အဖက်ဖက်ကနိမ့်ကျလျက်ရှိနေလို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်လာစေဖိုပ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ လူနေထူထပ်တာတွေကို ဖြေရှင်းနိုင်ဖို့၊ မြို့ပြတွေမှာ လမ်းနယ်နိမိတ်အပါအဝင် လမ်းဘေး မြေနေရာတွေ ဥပဒေမဲ့ ကျူးကျော်တာတွေ ထိန်းသိမ်းဖို့ လမ်းတံတား အပါအဝင် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ဖို့ မြို့ပြစီမံကိန်း လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။ အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကိုသန့်ရှင်းသပ်ရပ်စွာရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး၊ ကမ္ဘာ့အမွေအနှစ်၊ အာရက္ခ အမွေအနှစ် အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြတည်ဆောက်ရေး စီမံကိန်းကိုလည်းဖော်ဆောင်နေကြောင်းဖော်ပြထားပါတယ်။
◾️ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တာ၊ မိုးတွင်းရောက်လာတာကြောင့် ရခိုင်မှာ ကုန်စျေးနှုန်းထပ်တက်
ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံးဆီနဲ့ အခြားကုန်စည်တွေ စျေးတက်နေတာပါ။ ရခိုင်ပြည်တွင်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကနေ ပလက်၀မြို့နယ် ကို ဖြတ်လာတဲ့ လမ်းကြောင်းနဲ့ ပြည်မဘက်ကလာတဲ့ ဆောလမ်းကြောင်းတို့ကနေ ကုန်စည်တွေ အဓိကသယ်ယူ၊ တင်းသွင်းနေတာဖြစ်ပါတယ်။ အရင်က ကျပ် ၅၀၀ သာ ရှိခဲ့တဲ့ ကြက်ဥတစ်လုံးကို အခုအခါ ၈၀၀ကျပ် ၊ အရင်က ကျပ် ၁၀၀၀၀ ရှိခဲ့တဲ့ စားဆီတလီတာ ကို အခုအခါ ကျပ် ၁၃၀၀၀၊ အရင် ကျပ် ၁၇၀၀၀ ရှိခဲ့တဲ့ ဟင်းချိုမှုန့် တပိဿာကို အခုအခါ ကျပ် ၁၉၀၀၀၊ အရင်ကျပ် ၃၅၀၀၀ ရှိခဲ့တဲ့ ကွမ်းသီးတပိဿာကို အခုအခါ ကျပ် ၅၅၀၀၀ ၊ အရင် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်တအိတ်ကို ၁၁၀၀၀၀ ကျပ် ဝန်းကျင် စျေးရှိနေပါတယ်။ ဒါ့အပြင် စက်သုံးဆီတွေဟာလည်း စျေးတက်နေပြီး အရင်က ဓါတ်ဆီတလီတာ ကျပ် ၈၀၀၀ သာရှိခဲ့ရာကနေ အခု အခါ တလီတာကို ကျပ် ၁၀၀၀၀၊ ၁၁၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။ အခုလိုစျေးတက်တာဟာ ရခိုင်ပြည်တွင်း ကုန်စည်တွေ အဝင်လုံး၀မရှိတော့လို့ စျေးတက်သွားတာမဟုတ်ဘဲ ကုန် သည်တွေက အကျိုးအမြတ်ပိုရအောင် တမင်စျေးတင်ရောင်းနေကြတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။
◾️အညာဒေသ မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကို မကွေးကျောင်းတိုက် ဆရာတော်ဝေဖန်
အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေ ဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။ မဘသအဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော်လို့ လူသိများတဲ့ ဦးပါမောက္ခဟာ သူ့ရဲ့ TikTok လူမှုကွန်ရက်ကနေ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရကြောင်း မိန့်ကြားခဲ့တာပါ။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်ဆင်းရဲစရာ အခြေအနေတွေကိုပဲ မြင်တွေ့နေရပြီး ဒုက္ခရောက်နေရသူတွေဟာ မြန်မာနိုင်ငံသားတွေသာဖြစ်လို့ မီးရှို့ခြင်းကို ရပ်တန့်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုကြောင်း မိန့်ကြားချက်မှာ ပါရှိပါတယ်။
◾️အင်းလေးဒေသကို ပအိုဝ်းပြည်သူ့စစ်(PNO) ရယူမယ့် လျှို့ဝှက်စာ ထွက်ပေါ်

🔥12❤9
ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။ ၂၀၂၆ ဧပြီ ၁၅ရက်စွဲနဲ့ ထိပ်တန်းလျှို့ဝှက်ညွှန်ကြားချက်မှာ အင်းလေးဒေသတွင်း ပအိုဝ်းအမျိုးသားရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအထူးဒေသ ဖြစ်လာစေရေး စတဲ့အချက် တွေ ပါ၀င်ပါတယ်။ အင်းလေးဒေသအတွင်းက ကျေးရွာတွေကို PNO ရဲ့ မူဝါဒ၊ လမ်းစဉ်တွေကို ထောက်ခံအားပေးတဲ့ ပအိုဝ်းလူမျိုးတွေဟာ ကျေးရွာလူကြီးဖြစ်လာစေဖို့အတွက် ဒေသခံပြည်သူတွေ ကြား စနစ်တကျ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ လျှို့ဝှက်စာမှာ ဖော်ပြပါတယ်။ အခုထွက်ပေါ်လာတဲ့ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်က အတုဖြစ်တယ်လို့ PNO က ဆိုပါတယ်။
◾️အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ် ဆန္ဒပြပွဲ ဟန့်တားခံရ
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက် မြန်မာတွေက ဆန္ဒပြဖို့ စီစဥ်ခဲ့ကြပေမယ့် အိန္ဒိယရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း India For Myanmar တည်ထောင်သူ ကိုဆလိုင်းဒိုခါရ်က ပြောပါတယ်။ သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား နယူးဒေလီရောက်မြန်မာတွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်ခဲ့တာပါ။ ဆန္ဒပြပွဲအတွက် နယူးဒေလီရောက် မြန်မာတွေ ရာနဲ့ချီ ထွက်လာကြပေမယ့် ဆန္ဒပြပွဲစီစဥ်ထားတဲ့ နေရာအထိ သွားခွင့်မရဘဲ ဟန့်တားခံခဲ့ရတယ်လို့ ကိုဆလိုင်းဒိုခါရ်က ရှင်းပြပါတယ်။ မင်းအောင်လှိုင်လို တကယ့်ရာဇဝတ်ကောင်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ အစိုးရအကြီးအကဲက level တူ ဆက်ဆံတာနဲ့ ဆန္ဒပြတဲ့သူတွေကို ဟန့်တားတာက ကမ္ဘာကြီးက အရမ်းစိတ်ပျက်စရာကောင်းနေပြီဆိုတာ ပေါ်လွင်နေတယ်လို့ ပြောချင်ကြောင်း ကိုဆလိုင်းဒိုခါရ်က ဆိုပါတယ်။ နိုင်ငံတကာရာဇဝတ်မ သတ်မှတ်ခံထားရသူ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီမှာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ ခန့်အပ်တဲ့ သမ္မတရာထူးယူခဲ့ပြီး ဒီနေ့ မေလ ၃၀ရက်မှာ စတင်တဲ့ အိန္ဒိယခရီးစဥ်ဟာ သူ့ရဲ့ သမ္မတရာထူးနဲ့ ပထမဆုံးပြည်ပခရီးစဥ် ဖြစ်လာပါတယ်။
◾️စစ်ရှောင်နေအိမ်တွေကို စစ်တပ် စျေးဖြတ် ရောင်းချနေ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို အလုံးလိုက် စျေးဖြတ်ပြီး ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းကျေးရွာတွေဖြစ်တဲ့ သမင်အင်းကုန်း၊ သဲဖြူရွာသစ်၊ အောက်တဲစု ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်တပ်တပ်ဖွဲ့ဝင်တွေက အလုံးလိုက် စျေးဖြတ်ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အတိုအစဝယ်တဲ့သူတွေရယ်၊ ပျူစောထီးတွေရယ်ကို ခေါ်ပြီး ရွာထဲက အိမ်တွေကိုပြကာ ဘယ်စျေးရမလဲဆိုပြီး ရောင်းနေတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ပြီးရင် ဝယ်တဲ့သူတွေက အိမ်က သစ်တွေကအစ အကုန်ခွာယူပြီး ပဲခူးဘက်သွားရောင်းကြတယ်လို့ အဲဒီဒေသခံက ရှင်းပြပါတယ်။ မြေကြီးတောင် ယူလို့မရလို့ မဟုတ်ရင် ယူသွားကြဦးမှာလို့လည်း သူက ဆက်ပြောပါတယ်။
◾️မန္တလေးမြို့ပေါ် လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတချို့ ပြန်ဖွင့်၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့လမ်းကိုဆက်ပိတ်ထား
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံတွေကပြောပါတယ်။ မန္တလေးမြို့မှာ လမ်းပိတ်ထားတဲ့ တိုင်းလွှတ်တော်ရှေ့က ဘန်ကာတွေအပါအဝင် ရဲစခန်းတွေ ရှေ့ကဘန်ကာတွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးအနီးက၂၇လမ်းမတွေကို လမ်းတွေဖွင့်ပေးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကလမ်းကိုတော့ အရင်အတိုင်း ဆိုင်ကယ်၊ စက်ဘီး အဝင်အထွက်ပိတ်ကာ ကားကိုလည်း တစ်စီးစာသာ ပေးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
◾️ဘုတလင်နယ်က ကျေးရွာတွေပိတ်ဆို့ပြီး စစ်တပ် စစ်ကြောင်းထိုး၊ပြည်သူတွေ ပိတ်မိနေ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေတတိယအပတ်က စတင်ကာ ဘုတလင်မြို့ပတ်ပတ်လည်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့ရဲ့ မြောက်ဘက်ကမြောက်ကျီကျေးရွာကို တပ်စွဲထားတာ ၂ပတ်ခန့်ရှိပြီလို့ သိရပါတယ်။ စစ်တပ်က မြောက်ကျီရွာကနေ တဆင့်အနီးပတ်ဝန်းကျင် ကျေးရွာတွေ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့မြောက်ဘက်က မြောက်ကျီ၊နှောရင်း၊သပြေတော၊ထတန်းရွာတွေအပါအဝင် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ သောင်းနဲ့ချီပြေး နေရတယ်လို့ သိရပါတယ်။

🔥12❤8🤬2🥰1
မိတ္ထီလာမှာ ကျောင်းသားတွေ ကတုံးဆံထောက်ကေနဲ့မှကျောင်းအပ်လို့ရ
မေ-၃၀၊၂၀၂၆။ဟာနာဆန်/People's Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်း
သားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။
မိတ္ထီလာမြို့၊ အ.ထ.က (၁)မှာ ကျောင်းအပ်နှံဖို့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ဆံပင်ကို စနစ်တကျသပ်သပ်ရပ်ရပ်ညှပ်သွားပေမဲ့ ကျောင်း
ဘက်က လက်မခံဘဲ ဆံပင်ပြန်ညှပ်ခိုင်းတာ၊ ၎င်းတို့လိုချင်တဲ့ ဆံပင်ပုံစံမဟုတ်ရင် ကျောင်းအပ်ဖောင် ထုတ်မပေးတာတွေ ပြုလုပ်နေကြောင်း ကျောင်းသားမိဘအချို့က ပြောပါတယ်။
အချို့ကျောင်းသားတွေဆိုရင် ဆံပင်ပုံစံ အဆင်မပြေလို့ဆိုပြီးနှစ်ကြိမ်ကနေသုံးကြိမ်အထိ ပြန်လည်
ညှပ်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။
"အခုဟာက ကတုံးဆံထောက်မှမဟုတ်ရင် လက်မခံတဲ့ ပုံစံကိုဖြစ်နေတယ်။ အခုဟာက အရမ်းဆိုး
ရွားနေရင်ထားပါတော့ ။ ကျောင်းသားနဲ့ မတူရင်ထားပါတော့။ ကျောင်းအပ်မှာမို့ကြိုပြီး ဆံပင်ညှပ် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းကိုသွားအပ်ပါတယ်။ တချို့ဆို၂ ခေါက်၃ ခေါက်ပြန်ညှပ်ခိုင်းပါတယ်။"
လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ဆံပင်ကို ကတုံးဆံထောက် ညှပ်လိုက်တာကြောင့် စာပိုတော်လာမှညမဟုတ်ဘဲ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်တွေအပေါ် ဖိအားပေးတာဟာ ကျောင်း
သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ကျောင်းသားမိဘတွေက ဝေဖန်ပါတယ်။
စစ်ကောင်စီဟာဒီနှစ်စာသင်နှစ်မှာအရွယ်အလိုက်ရှိရမယ့်အတန်းတွေသတ်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုကာ အတန်းကျော်ပေးဖို့ စီစဥ်နေပါသေးတယ်။

❤21💩16🥴7🤣6😡5😁1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"
‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။
‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။
‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။
‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။
‣ Ad Personalization ကို ပိတ်ပါ။
TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။
တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး

👍26❤7🥰1🤮1