အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်
▪️ကျေးရွာအချို့ကို စစ်တပ် မီးရှို့ဖျက်ဆီး
မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လို့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို မေလ ၂၉ရက်မှာလည်း မင်းတပ်မြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးလို့ လတ်တလောမှာ တိုက်ပွဲစဖြစ်နေပြီလို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ရေးအခြေအနေ အသေးစိတ်ကို လတ်တလော ပြောကြားဖို့ မရှိပေမယ့် စစ်တပ်ဟာ ချင်း-မကွေးအစပ် မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရောက်နေတဲ့ စစ်တပ်က မေလ ၃၀ရက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက မှတ်တမ်းပုံတွေ ဖော်ပြအသိပေးပါတယ်။
" ထင်ချောင်းက မင်းတပ် ယောအစပ် ချင်းဘက်ကရွာ။ ရွာကို အကြောင်းမဲ့ မီးရှို့တာ ဟုတ်တယ်”လို့ မင်းတပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒေသတွင်းသတင်းတွေ ဖော်ပြပေးလျက်ရှိတဲ့ ယောအလင်းတန်းကလည်း စစ်ကောင်စီဟာ ထင်ချောင်းကျေးရွာနဲ့ ကြက်ဥတင်ကျေးရွာများကိုမီးရှို့နေတယ်လို့ ဖော်ပြပါတယ်။
" ဒီနေ့ ကျေးရွာ ၂ရွာ ပေါ့နော် လောလောဆယ် မီးရှို့တယ်။ ပြည်သူပိုင် ပစ္စည်းကိုတော့ ယူတာတွေ ဖျက်ဆီးတာတွေကတော့ အမြဲတမ်းလုပ်နေကြတာပဲ ဒီကောင်တွေ။ သိတဲ့အတိုင်းပဲ အကြမ်းဖက်ဆိုတဲ့အတိုင်း အကြမ်းဖက်တာတော့ အမြဲတမ်း လုပ်နေကျပါပဲ။ အခု မီးရှို့တယ်ဆိုတဲ့ ကျေးရွာ ၂ရွာကတော့ ကျနော်တို့ ဆောနယ် ယောနယ်အတွင်းတော့ မဟုတ်ပါဘူး။ မင်းတပ်နယ်ထဲက ကျေးရွာ နှစ်ရွာပါဗျ"လို့ ယောအလင်းတန်း တာဝန်ရှိသူက People’s Spring ရဲ့ ဒေသတွင်း အခြေအနေ မေးမြန်းမှုအပေါ် ဖြေကြားပေးပါတယ်။
ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြပါတယ်။
ကြက်ဥတင်နဲ့ ထင်ချောင်းရွာကို မီးရှို့နေတဲ့ စစ်ကြောင်းဟာ ကျောက်ထု အမတ (၃၆၈) မှ ထွက်လာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ချင်းပြည်နယ်တက်မယ့် စစ်ကြောင်းကို ကူညီဖို့ ကျောက်ထုအမြောက်တပ် (၃၆၈) က အင်အားဖြန့်ကြက်ထားတယ်လို့လည်း အသိပေးထားပြီး တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနဲ့ ကံကြီးကျေးရွာတစ်လျှောက်မှာ အင်အားအလုံးအရင်း ဖြန့်ကြက်နေရာယူထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကြိုတင်တိမ်းရှောင်ဖို့ လည်း နှိုးဆော်ထားပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတလျှောက် လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်လေ့ရှိလို့ စစ်ကြောင်းနဲ့ နီးစပ်တဲ့ နေရာတွေမှာခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရတဲ့ အကွာအဝေးထိ ရှောင်တိမ်းကြဖို့ တိုက်တွန်းသလို လေကြောင်းရန် ဂရုပြုဖို့လည်း နှိုးဆော်ထားပါတယ်။

🔥16🤬7👍6❤4👎1
(မင်းတပ်မြို့နယ်က ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - Aung Gyi /ယောအလင်းတန်း)
🔥13😢9🤬7👎1
■ကဗျာ
“ဖိနပ်တရံရဲ့ရာဇဝင်”
◾️ ခွန်းနီ
မရည်ရွယ်ဘဲ
ဖိနပ်တရံဝယ်ခဲ့တယ်။
လာ သူငယ်ချင်း
မင်းနဲ့ငါက
အရွယ်တူ
ဘဝတူ
ဖိနပ်ဆိုဒ်ပါလာတူနေတော့
ငါတို့အတူတူစီးကြတာပေါ့
မပြီးဆုံးသေးတဲ့
ဒီတော်လှန်ရေးခရီးဝယ်
မင်းကဘယ်ဘက်ကိုစီး
ငါကညာဘက်ကိုစီးမယ်
ဒါဆို ကြီးကျယ်တဲ့အောင်ပွဲဆီ
ဒီဖိနပ်ကလေးနဲ့ချီကြမယ်
ဖိနပ်ကတရံ
လူကနှစ်ယောက်ဆိုပေမဲ့
အတိုင်အဖောက်ကညီပါတယ်
တယောက်တဖက်စီးလို့
တို့ခရီးကိုဆက်ကြအုံးစို့လေ
လာ သူငယ်ချင်း
မရှိတော့တဲ့ခြေထောက်တဖက်အတွက်
ဘာမှယောက်ယက်ခတ်မနေနဲ့
တဖက်တည်းကျန်လဲ
လောကဓံကိုငါတို့ကန်နိူင်သေးတယ်
အများအတွက်
ငါတို့ခြေထောက်တွေပေးဆပ်ခဲ့တာပဲ
မြတ်ပါတယ် ။ ။
(မှတ်ချက်။ ။ နွေဦးတော်လှန်ရေးအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုရေးသားခြင်းဖြစ်ပါတယ်)
(The Call -ခေါ်သံ "အွန်လိုင်းမဂ္ဂဇင်းမှာ
'ခွန်းနီ' ရေးဖွဲ့တဲ့ "ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
❤18👍7🤝2🤮1🫡1
■ဝတ္ထုတို
“အိမ်ကြီးရှင်”
◼️မောင်မိုးအေး
မိုးရွာ လမ်းကြမ်း မှောင်နဲ့မည်းမည်းထဲ ကြာမြင့်စွာ ဆိုင်ကယ်စီးခဲ့ရပြီးနောက် ခရီးတထောက် အနားယူရမည်ဟူသော အိမ်ကြီးသို့ ရောက်ခဲ့ချေပြီ။ နာရီကလည်း မပါ။ ဖုန်းတွေကလည်း အားကုန်ချေပြီ။ တောကြီးမျက်မည်းထဲ တနေကုန် မိုးထဲ ဗွက်ထဲက လာခဲ့ရသည်မို့ လူတွေလည်း မောဟိုက် နုံးခွေနေကြပြီ။ ရွာစွန်တောင်ထိပ် အမှောင်ထဲက အိမ်မည်းမည်းကြီးရှေ့ လေးယောက်သား ရပ်မိပြီး ထုတ်မပြောမိကြသော ခံစားချက်များ ကိုယ်စီနှင့်။
တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ကြယ်ရောင် လရောင်လည်းမရှိ။ တမိုးလုံးဖျောက်ဆိတ်။ နေ့လည်စာ စားထားခဲ့သည်က နေ့ခင်း ၁၁:၃၀။ ခုအချိန်ကား အဘယ်နည်းနှင့်မျှ ည ၁၀ နာရီအောက် မရောက်ဟု ခန့်မှန်းရသည်။
အိမ်မည်းကြီးရှေ့က စိုးရိမ် ဆာလောင် ပင်ပန်းနုံးခွေနေသော လူငယ် ၄ ဦး။
အရေးပေါ်မစ်ရှင်တခုကြောင့် ကောက်ကာငင်ကာ ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ သွားရမည့်လမ်းက တောလမ်း ခရီးကြမ်း။ ရွာစဉ်မနီး စကားမပေါက်။ မနက်စောစော ၆ နာရီလောက် လေးယောက်သား ထထွက်ခဲ့ကြပြီး အစစအရာရာ အဆင်ပြေပြေပင်။ နေ့ခင်းတထောက်နားရာ ရွာလေးတွင် ထမင်းစားပြီး ခရီးအဆက် နွားအုပ်ကိုအရှောင်တွင် ကားဘီးချော်ပြီး ကားက ချောက်ထဲထိုးကျခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ချောက်ကတိမ်၍ လူတွေမထိခိုက်။ ကားကလည်း ပြန်ဆွဲတင်မရတော့ လေးဦးသား ကုန်းကြောင်းသွားပြီး မမိတမိဖုန်းလိုင်းဖြင့် သက်ဆိုင်ရာလူကြီးတွေကို အကူအညီလှမ်းတောင်းရသည်။ တနေကုန် မိုးထဲရေထဲတောထဲ။ လူကြီးတွေ၏ ချိတ်ဆက်ပေးမှုဖြင့် ဆိုင်ကယ်အကြိုများရောက်လာပြီး အိမ်မည်းကြီးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ချေပြီ။
ဒါကဘယ်အရပ်လဲ ...
ဒါကဘယ်သူ့အိမ်လဲ ...
ငါတို့အတွက် ထမင်းလေးများရှိမလား ...
မေးခွန်းတွေက ပလုံစီလျက်။
လိုက်ပို့ပေးသော ဆိုင်ကယ်သမားများကလည်း ထားပြီး ပြန်လှည့်သွားကြချေပြီ။ သူတို့ကလည်း မြန်မာစကား မရေလည်ကြ။ သူတို့လည်း ပင်ပန်းလှချေရော့ပေါ့။
“ဒေါက် … ဒေါက် … ဒေါက်… အိမ်ရှင်တို့” အိမ်မည်းကြီးအား လှုပ်နိုးလိုက်သည်။
လှုပ်နိုးလိုက်တော့မှ အရာရာဟာ ပိုပြီး တိတ်ဆိတ်သွားသလိုပင်။
ဘာမှတုံ့ပြန်မလာသော အိမ်မည်းကြီးရှေ့တွင် လေးဦးသားမှာလည်း တိတ်ဆိတ်။
ကမ္ဘာတည်သရွေ့လောက်ကြာသော တအောင့်လောက်တွင် အိမ်မည်းကြီးအတွင်းမှ ခြေသံ တဖျပ်ဖျပ်ကြားလိုက်ရသည်။ ခြေသံနှင့်အတူ အလင်းရောင် ဖျော့ဖျော့လေး တံခါးကြားက တိုးထွက်လာသည်။
“ဂျွီ … ကျွိ… ဂလောက်… ကျွီ …” သံချေးကိုက်ပြီး ကျွတ်ဆတ်နေသော တံခါးတို့ကို ဖွင့်သည့်အသံနှင့်အတူ အိမ်မည်းကြီး တံခါးပွင့်လာသည်။
အိမ်ရှင်ကို မြင်ရတော့ လေးဦးသား ပိုမိုမင်သက်သွားခဲ့။အဘွားကြီးတဦး။
အဘွားအိုကြီးတဦးဟု ပြောလျှင် ပိုမှန်ပေမည်။
မျက်နှာတွင် တွန့်ခေါက်လိမ်ယှက်နေသော အရေးအကြောင်းများကြောင့် သူမ၏အသက်ကို မှန်းဆရန် မဖြစ်နိုင်လောက်အောင်ပင်။ သူမအသက်သည် ၈၀ လား၊ ၉၀ လား၊ ၁၀၀ ပင်ကျော်ပြီလား။
အရပ်က ပုပုလေးနှင့် အလွန်ပင်ကိုင်းနေသော ခါးကြောင့် အရပ်က ပို၍ပုနေတော့သည်။ လက်တဘက်က ဖရောင်းတိုင်ကိုင်လျက်။ မီးရောင်ဖျော့ဖျော့အောက်တွင် မြင်ရသည်က သူမခေါင်းတွင် ခေါင်းပေါင်းစတခုကို အုပ်ပတ်ထားသည်။ သို့သော်လည်း သိသာနေသည်က သူမတွင် ဆံပင် တမျှင်မှ ရှိမနေခြင်းပင်။မှောင်ကြီးမည်းကြီး မိုးတအိအိနှင့် အိမ်မည်းကြီးမှ အဘွားအိုကြီး တဦး။
အရေးအကြောင်းတွေနှင့် ပြုံးပြသည့် သူမမျက်နှာက ဖယောင်းတိုင်မီးရောင်အောက်တွင် ပြုံးပြသည်ဟု မခံစားရ။ လေးဦးသားအား လက်
ယပ်ခေါ်ပြီး အိမ်ထဲဝင်ခိုင်းသည်။ သူမအမူအရာက ကြိုဆိုသည်ထက် အမိန့်ပေးနေသလိုပင်။ နှုတ်ကလည်း တခွန်းသာဆိုသည်။
“လာ”
သူမက ကျနော်တို့ လေးဦးသားကို မျှော်လင့်ထားပြီး ဖြစ်သည်မှာ သိသာသည်။
လူတွေလည်း ပင်ပန်းနုံးခွေ မောလှပြီ။ အိမ်ထဲဝင်လိုက်သည်နှင့် တပြိုင်နက် တိုက်ဆိုင်စွာပင် မိုးက ပိုသည်းထန်လာသည်။ သွပ်မိုးပေါ်ကျသော မိုးသံတဖြောင်းဖြောင်းကြောင့် စကားသံတို့ သဲကွဲစွာမကြားရတော့။ အဘွားကြီးကလည်း ဘာမှ ဆက်မပြော။ တံခါးကို စိတ်ရှည်လက်ရှည် ပြန်ပိတ်နေသည်။
“ကျွီ … ဂျီ…”
အဘွားကြီးက တံခါးကို အကျအနပိတ်ပြီးနောက် ဘာမှမပြောဘဲ ကျနော့်တို့အား တချက်သာကြည့်ပြီး ထွက်သွားသည်။ လေးယောက်သား ယောင်နနနှင့် နောက်ကလိုက်သွားရသည်။ မှောင်ထဲ စမ်းတဝါးဝါး။ အိမ်နောက်ဘက် အကန့်လေးထဲ ဝင်လိုက်တော့ ဖယောင်းတိုင် မီးရောင်အောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လေးယောက်သား မင်သက်သွားရသည်။
ထမင်းဝိုင်း …။ ဟုတ်သည် အငွေ့ပင် မသေသေးသည့် ထမင်းပူပူ ဟင်းပူပူများဖြင့် ထမင်းဝိုင်းကိုတွေ့လိုက်ရတော့ အလွန်ပျော်သွားပြီးနောက် ဗလုံးဗထွေးအတွေးများက နောက်ကလိုက်လာသည်။ အဘွားကြီးက တခွန်းသာ ပြောပြန်သည်။
“စား”
တောကြီးမျက်မည်း အစွန်အဖျားက ရွာလေးတရွာ … ခြောက်ခြားစရာ အိမ်အိုမည်းကြီး … ညကြီးသန်းခေါင်မှာ အသက်အရွယ်ခန့်မှန်းမရသော အဘွားအိုကြီးက တည်ခင်းဧည့်ခံသည့် ထမင်းပူပူ ဟင်းပူပူ။ ဘဝတလျှောက်လုံး ကြားဖူး ဖတ်ဖူး ကြီးပြင်းခဲ့သည့် ဇာတ်လမ်းပေါင်းစုံ ခေါင်းထဲဝင်လာသည်။ ဗိုက်ကလည်း ဆာလှချေပြီ။

❤20🥰1🤮1
ကဲ မတတ်နိုင်သည့်အဆုံး ထမင်းဝိုင်းထိုင်ပြီး လွေးတော့သည်။ ဆီဝဝနှင့် အိနေအောင်ကြော်ထားသည့် ကြက်ဥမွှေကြော်၊ ဂေါ်ရခါးညွန့်နှင့် အမည်မသိအရွက်တချို့ခပ်ထားသည့် ဟင်းချို၊ ဆီတို့ဟူးနှင့် ငရုတ်သီးဆားထောင်း။ ကောင်းလိုက်သည့် ဖြစ်ခြင်း။ စားကောင်းနေတုန်း သတိ
ထားမိတော့ ထမင်းဝိုင်းထိပ် မှာ အဘွားအိုက ငူငူကြီးထိုင်ကြည့်နေသည်။ ခါးရိုးကြောထဲထိ စိမ့်တက်သွားသလိုပင်။ မသိချင်ယောင်ဘဲ ဆောင်ထားလိုက်တော့သည်။ ဆာလောင်မှုတွေက ထိန်းမရ။
လေးယောက်သား ဘာစကားမှမပြောဘဲ ပြောင်နေအောင်သာ တီးကြသည်။ ထမင်းစားပြီး ပန်းကန်ခွက်ယောက်ဆေးပြီးနောက် အဘွားကြီးက လက်ယပ် ခေါ်သည်။
အိမ်အပေါ်ထပ်ကိုရောက်တော့ လေးယောက်သားအိပ်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်နေသည်။ အိပ်ယာပြင်ထားသော နေရာကို လက်ညှိုးထိုးပြပြီး အဘွားကြီးက အောက်ပြန်ဆင်းသွားသည်။ အမှောင်ထဲ လေးယောက်သား အတွေးကိုယ်စီနှင့်။ အဘွားအိုကြီးအား ကူသူမတွေ့ရ။ ထမင်းဟင်းများ အိပ်ယာပြင်ဆင်ထားမှုများကို ဘယ်သူ ပြင်ဆင်ပေးတာလဲဆိုတာ တွေးမရ။
နံနက်လင်းတော့ လူက တကိုယ်လုံးကိုက်ခဲနေ
သည်။ သူငယ်ချင်းရဲဘော် သုံးယောက်ကမရှိတော့။လူက မနည်းကုန်းရုန်းထပြီးနောက် အောက်ထပ်ဆင်းလာတော့ ရဲဘော်သုံးယောက်က ရွာသားများနှင့် စကားပြောနေသည်။ အဘွားကြီး၏ အရိပ်အယောင်ကိုကား မတွေ့ရ။ အဘွားကြီး ဘယ်ရောက်သွားသလဲ။
ခဏကြာတော့ ရွာသားများဆီက ကားအကူအညီရသည်။ ချောက်ထဲကျသွားသောကားကို ဆွဲတင်ရန် သရီးဂရောင်းတစီးရလာသည်။ အချိန်မဆိုင်းဘဲ ကားသွားဆွဲရန် စီစဉ်ကြတော့သည်။
ကားထိုးကျသည့် ချောက်နေရာသို့ နေ့ခင်းလောက် ရောက်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် ကားကိုဆွဲတင်ရန် သိပ်မကြိုးစားလိုက်ရ။ ကားကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိ။ ခဏနား စားသောက်ပြီးနောက် ရွာသားများ၏ သရီးဂယောင်းနှင့် ရှေ့နောက် မောင်းလာခဲ့လိုက်ကြသည်။ တအိအိ တရွေ့ရွေ့။
ရွာထိပ်အဝင်ရောက်တော့ နေလုံး စုံးစုံး မြုပ် မိုးချုပ်လေပြီ။ ရွာထိပ်ကနေပြီး ခရီးလမ်းခွဲ လမ်းဆုံကိုရောက်တော့ ရွာသားတွေကို ကျေး
ဇူးတင်စကားပြော လမ်းခွဲဖို့ ပြင်ကြသည်။ လုပ်
ငန်းပြီးပြတ် လက်စသတ်ဖို့ ခရီးဆက်ရဦးပေမည်။ ရွာကိုလှမ်းကြည့်တော့ ရွာစွန်တောင်ဖျားထိပ်လေးက အိမ်မည်းကြီးကို မှုန်ဝါးဝါးမြင်ရသည်။ တညအိပ်ခဲ့ ခိုနားခဲ့သော နေရာ။ ထမင်းပူပူ ဟင်းပူပူကျွေးခဲ့သော အဘွားအိုကြီး။ နံနက်ခင်းရောက်တော့ အရိပ်အယောင်ကိုမျှ မမြင်ရတော့တဲ့ သူမ။ ကျေးဇူးတင်ကြောင်း ရွာထိပ်ကနေသာ စိတ်အတွင်းမှ ပြောပြ နှုတ်ဆက်ခဲ့ရသည်။ အတွေးများစွာ ပဟေဠိများစွာနှင့် …။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ7
'မောင်မိုးအေး'ရေးဖွဲ့တဲ့ "အိမ်ကြီးရှင်” ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
(The Call -ခေါ်သံ "အွန်လိုင်းမဂ္ဂဇင်းမှာ
'ခွန်းနီ' ရေးဖွဲ့တဲ့ "ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
ထားမိတော့ ထမင်းဝိုင်းထိပ် မှာ အဘွားအိုက ငူငူကြီးထိုင်ကြည့်နေသည်။ ခါးရိုးကြောထဲထိ စိမ့်တက်သွားသလိုပင်။ မသိချင်ယောင်ဘဲ ဆောင်ထားလိုက်တော့သည်။ ဆာလောင်မှုတွေက ထိန်းမရ။
လေးယောက်သား ဘာစကားမှမပြောဘဲ ပြောင်နေအောင်သာ တီးကြသည်။ ထမင်းစားပြီး ပန်းကန်ခွက်ယောက်ဆေးပြီးနောက် အဘွားကြီးက လက်ယပ် ခေါ်သည်။
အိမ်အပေါ်ထပ်ကိုရောက်တော့ လေးယောက်သားအိပ်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်နေသည်။ အိပ်ယာပြင်ထားသော နေရာကို လက်ညှိုးထိုးပြပြီး အဘွားကြီးက အောက်ပြန်ဆင်းသွားသည်။ အမှောင်ထဲ လေးယောက်သား အတွေးကိုယ်စီနှင့်။ အဘွားအိုကြီးအား ကူသူမတွေ့ရ။ ထမင်းဟင်းများ အိပ်ယာပြင်ဆင်ထားမှုများကို ဘယ်သူ ပြင်ဆင်ပေးတာလဲဆိုတာ တွေးမရ။
နံနက်လင်းတော့ လူက တကိုယ်လုံးကိုက်ခဲနေ
သည်။ သူငယ်ချင်းရဲဘော် သုံးယောက်ကမရှိတော့။လူက မနည်းကုန်းရုန်းထပြီးနောက် အောက်ထပ်ဆင်းလာတော့ ရဲဘော်သုံးယောက်က ရွာသားများနှင့် စကားပြောနေသည်။ အဘွားကြီး၏ အရိပ်အယောင်ကိုကား မတွေ့ရ။ အဘွားကြီး ဘယ်ရောက်သွားသလဲ။
ခဏကြာတော့ ရွာသားများဆီက ကားအကူအညီရသည်။ ချောက်ထဲကျသွားသောကားကို ဆွဲတင်ရန် သရီးဂရောင်းတစီးရလာသည်။ အချိန်မဆိုင်းဘဲ ကားသွားဆွဲရန် စီစဉ်ကြတော့သည်။
ကားထိုးကျသည့် ချောက်နေရာသို့ နေ့ခင်းလောက် ရောက်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် ကားကိုဆွဲတင်ရန် သိပ်မကြိုးစားလိုက်ရ။ ကားကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိ။ ခဏနား စားသောက်ပြီးနောက် ရွာသားများ၏ သရီးဂယောင်းနှင့် ရှေ့နောက် မောင်းလာခဲ့လိုက်ကြသည်။ တအိအိ တရွေ့ရွေ့။
ရွာထိပ်အဝင်ရောက်တော့ နေလုံး စုံးစုံး မြုပ် မိုးချုပ်လေပြီ။ ရွာထိပ်ကနေပြီး ခရီးလမ်းခွဲ လမ်းဆုံကိုရောက်တော့ ရွာသားတွေကို ကျေး
ဇူးတင်စကားပြော လမ်းခွဲဖို့ ပြင်ကြသည်။ လုပ်
ငန်းပြီးပြတ် လက်စသတ်ဖို့ ခရီးဆက်ရဦးပေမည်။ ရွာကိုလှမ်းကြည့်တော့ ရွာစွန်တောင်ဖျားထိပ်လေးက အိမ်မည်းကြီးကို မှုန်ဝါးဝါးမြင်ရသည်။ တညအိပ်ခဲ့ ခိုနားခဲ့သော နေရာ။ ထမင်းပူပူ ဟင်းပူပူကျွေးခဲ့သော အဘွားအိုကြီး။ နံနက်ခင်းရောက်တော့ အရိပ်အယောင်ကိုမျှ မမြင်ရတော့တဲ့ သူမ။ ကျေးဇူးတင်ကြောင်း ရွာထိပ်ကနေသာ စိတ်အတွင်းမှ ပြောပြ နှုတ်ဆက်ခဲ့ရသည်။ အတွေးများစွာ ပဟေဠိများစွာနှင့် …။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ7
'မောင်မိုးအေး'ရေးဖွဲ့တဲ့ "အိမ်ကြီးရှင်” ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
(The Call -ခေါ်သံ "အွန်လိုင်းမဂ္ဂဇင်းမှာ
'ခွန်းနီ' ရေးဖွဲ့တဲ့ "ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,324 likes · 626 talking about this. News & media website
👍17❤1🥰1🤮1
■ရုပ်ရှင်ခံစားမှု
ကြောက်တမ်းကစားမလား
Salmokji: Whispering Water(၂၀၂၆)
ဝဇီရာ/People's Spring
ဆားလ်မို့ဂျီ ရေလှောင်ကန်တဲ့။ တောင်တွေဝန်းရံထားတယ်။ လူသွားလူလာပြတ်တယ်။ မြူထူထူတွေရှိတယ်။ နေ့ခင်းဘက်မှာတောင် အေးစက်
စက် အငွေ့အသက်တွေရတယ်။ ညဘက်ဆိုရင်တော့ ရေကန်ရဲ့ဝန်းကျင်က တောအုပ်ကြောင့် ပိုပြီးခြောက်ခြားစရာကောင်းတယ်။
Online Map တွေမှာသုံးတဲ့ "ရုပ်ထွက် 360 ဒီဂရီ လမ်းညွှန်မြေပုံ" (Street-View) ရိုက်ကူးတဲ့ အဖွဲ့ဟာ အဲဒီ ဆားလ်မို့ဂျီ ရေလှောင်တမံနားမှာ ထူး
ဆန်းတဲ့ လူရိပ်ပေါ်နေလို့ဆိုပြီး ရုံးပိတ်ရက်ကြီး အရေးပေါ် ပြန်ရိုက်ဖို့ဖြစ်လာတယ်။ အဲဒီကို အရင်သွားခဲ့တဲ့ အဖွဲ့မှူးကလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်။အဲဒီနောက်တော့ဇာတ်ဆောင်
မင်းသမီး ပီဒီဟန်ဆူအင်းက ဦးဆောင်ပြီးသွားဖို့ ဖြစ်လာတယ်။ တကယ်တော့ ဆူအင်းက ရေအနီး
အနားကိုတောင် သွားဖို့အဆင်မပြေသူတဲ့။
တကယ်တမ်း သွားကြပြီဆိုတော့ အဖွဲ့သားတွေက အလုပ်ထက် အပျော်ခရီးထွက်လာသလားတောင် ထင်ရတယ်။ ဘလော့ရိုက်မယ့်သူနဲ့၊ ငါးမျှားမယ့်သူနဲ့။ ဆူအင်းနဲ့ အဖွဲ့သားတွေ သဘောထားကွဲလွဲမှုတွေ စဖြစ်တယ်။
ရိုက်ကူးရေးတွေစလုပ်တဲ့အချိန်မှာပဲ မမြင်ရတဲ့လောကသားတွေရဲ့ အနှောင့်အယှက်တွေစတင်ကြုံရတယ်။ သူတို့အခက်အခဲတွေ့နေတုန်းမှာ ရေ
ကန်ကိုအရင်သွားပြီး ပျောက်ဆုံးနေတဲ့ အဖွဲ့မှူးဆိုသူဟာ သူတို့ရှေ့ ပြန်ရောက်လာတယ်။ ဆူအင်း အံ့သြနေမိတယ်။ အကျိုးအကြောင်းမေးတော့ အဖွဲ့မှူးက ပြောမပြခဲ့ဘူး။
ညဘက်ရောက်တဲ့အချိန် အဖွဲ့သားနှစ်ယောက်က ရေထဲကို မြန်မာလိုအခေါ်ဆို ရှပ်ဒိုးပစ်ကြတယ်။ ခဲလုံးလေးတွေကို ရေပေါ်ရှပ်ပစ်တာ။ခဲလုံးလေးတွေဟာ ရေပေါ်ကို ခုန်ခုန်ပြီး ဖြတ်သွားတော့ တပွက်ပွက်မြည်တဲ့အသံဟာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ ပစ်တဲ့သူရဲ့လက်ဆပေါ်မူတည်ပြီး လေးငါးကြိမ်အထိ ကြားရတာ။သူတို့ထဲကတစ်ယောက် ပစ်
လိုက်တဲ့အခါမှာတော့ ခဲ ရေပေါ်ဖြတ်သွားတဲ့အသံက အကြိမ်ပေါင်းများစွာ ကြားနေရတော့ နှစ်ယောက်သား မျက်လုံးပြူးကြပြီ။
ဒီအချိန်မှာပဲ ဆူအင်းဆီ သူ့ရည်းစားဟောင်းဆီကနေ ဖုန်းလာတယ်။ ပျောက်ဆုံးအဖွဲ့မှုးနဲ့ပတ်သက်တဲ့သတင်းစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဆူအင်း တုန်လှုပ်သွားပါတော့တယ်။
ဒါ့အပြင် ရေထဲကနေလည်း ရှပ်ဒိုးပစ်သံတွေ ကမ်း
စပ်ဘက်ရောက်လာပြီး မီးလုံးကို အုန်းခနဲလာမှန်တယ်။ ဘလော့ရိုက်မယ့်နှစ်ယောက်ရဲ့ သရဲနဲ့ဆက်သွယ်လို့ရတယ်ဆိုတဲ့ စက်ကလေးထဲကနေလည်း အသံတွေ ကြားလာရပြီ။ သူတို့ဒီရေကန်အနီးကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။
ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ မြန်မာအယူအဆနဲ့ သက်ဆိုင်တဲ့ ထုံးတမ်းတချို့ တွေ့ရတယ်။ ကျွန်
တော်တို့ငယ်ငယ်က ရေတွင်းရေကန်တွေဆောက်နေရင် လူကြီးတွေက မသွားခိုင်းဘူး။ လူစားအလဲခံရမှာ၊ အစောင့်ဖြစ်မှာစိုးလို့တဲ့။ ဒီဇာတ်လမ်းမှာလည်း အဲဒီအယူအဆနဲ့ဆိုင်တဲ့ ပြကွက်တချို့ တွေ့ရတယ်။
နောက်တစ်ခုက မြန်မာအယူအဆ တောခြောက်တာ။ တောထဲမှာဆို နာမည်မခေါ်ရဘူးတဲ့။ နာ
မည်ခေါ်ရင် နာနာဘာဝတွေက အခေါ်ခံရတဲ့လူရဲ့ပုံသဏ္ဍန်ကို သုံးပြီးခြောက်လှန့်တတ်သတဲ့။ အပေါ့
အပါးကို မတောင်းပန်ဘဲ မစွန့်ရဘူးတဲ့။
ငယ်ငယ်ကဖတ်ဖူးတဲ့မြိုင်ရာဇာတွတ်ပီရဲ့ကာတွန်း
ထဲက ဇာတ်ကွက်တစ်ခုကို သတိရမိတယ်။ ဦးတွတ်ပီတို့တတွေ တောထဲသွားတော့ ညဘက်မိုးချုပ်လာလို့ လင့်စင်ပေါ်တက်အိပ်ရတယ်။
ညဥ့်နက်လာတော့ အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ မသေးမျှင်ကို ဦးတွတ်ပီသတိရမိနေတယ်။ မကြာပါဘူး။ "ကိုကိုတွတ်ရေ မျှင့်ကိုလာခေါ်ပါဦး"တဲ့အသံ ကြားလိုက်ရတယ်။ ဦးတွတ်ပီ အံ့သြပြီး လင့်စင်ပေါ်ကနေ ကြည့်လိုက်တော့ အပင်အောက်မှာ မသေးမျှင်ကြီး ထမီရင်လျားနဲ့ မီးတုတ်ကြီးကိုင်လို့။ နောက်မှသိရတာက တော
ခြောက်တာဖြစ်နေခဲ့တယ်။ဒီဇာတ်ကားထဲမှာလည်းအဲဒီလို အယောင်ဆောင်ခြောက်လှန့်မှုတွေလည်း ပါဝင်တယ်။ ကျောက်ခဲနှစ်လုံးရိုက်သံကလည်း လန့်စရာကောင်းပါတယ်။
စိတ်ပညာအရလူတွေဟာ တကယ်တမ်း အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကို မကြုံချင်ကြပေမယ့် ငါအခု ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် သရဲရုပ်ရှင်ကို ခံစားနိုင်ကြတာလို့ ဆိုပါတယ်။
ရုပ်ရှင်ရုံထဲမှာ ဒါမှမဟုတ် အိမ်ကအိပ်ရာပေါ်မှာ စောင်ခြုံပြီး ကြည့်နေတဲ့အတွက် ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ မိမိကိုယ်ကို ဒုက္ခမရောက်နိုင်ဘူးဆိုတာ ဦးနှောက်က သိနေပါတယ်။
ဒီလိုလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကနေ ကြောက်
စိတ်ကို ထိန်းချုပ်ခံစားရတဲ့ အတွေ့အကြုံကို လူတွေက သဘောကျကြတာ ဖြစ်ပါသတဲ့။
ဒါ့အပြင် ဂရိတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ အယူအဆအရ လူတွေဟာ အနုပညာလက်ရာတစ်ခုခုကို ကြည့်ရှုခံစားရင်း ၎င်းတို့လက်တွေ့ဘဝမှာ ခံစားနေရတဲ့ သနားတာတွေ၊ ကြောက်ရွံ့တာတွေ၊ အစိုးရိမ်လွန်တာတွေ စတဲ့ခံစားချက်တွေကို အလိုအလျောက် ပွင့်အံပြီး လွှတ်ချလိုက်သလို ဖြစ်သွားစေတာဟာ စိတ်ပိုင်းဆိုင်ရာ သန့်စင်လိုက်သလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။
တကယ်တော့ အာဏာသိမ်းပြီးကတည်းက သရဲ

👍13❤3🔥1🤮1
တစ္ဆေဇာတ်ကား မကြည့်ဖြစ်တော့ဘူး။ ပြင်ပလက်တွေ့ဘဝမှာမလုံခြုံတဲ့၊ထိတ်လန့်စရာကောင်း
တဲ့အနေအထားကနေ့တိုင်းကြုံနေရတာမို့ တကူး
တက ရုပ်ရှင်ကြည့်ပြီး ခံစားဖို့ မလိုတဲ့အနေအ
ထားမို့ပါ။ဒါပေမဲ့ ဒီဇာတ်ကားကြည့်ရင်းတော့ အဲဒီခံစားချက်တွေ လွှတ်ချလိုက်တယ်။ ခဏတော့ ပေါ့ပါးသွားသလိုလိုပါပဲ။ ။

👍20❤1🔥1🤮1
မြောက်ဒဂုံမှာ ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး သေဆုံး
မေ-၃၀၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်
မေလ ၃၀ရက် ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးသေဆုံးသွားခဲ့တာပါ။
သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ ကလေးကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံကနေ ကျီစုသုဿန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က အမှိုက်ပုံတွေမှာ စည်ပင်ဝန်ထမ်းတွေ မရှိချိန်မှ ပလုံကောက်ခွင့်ရတာကြောင့် ပလုံကောက်သူတွေက ညဘက်မှသာ ပလုံကောက်ကြရဝာာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။
ရန်ကုန်မြို့မှာ မေလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေများပြားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း တညင်းကုန်းဈေးရှေ့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

🤬18😢6❤4👍3🔥2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကျောက်လုံးကြီးစခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက်
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေ အတွင်း KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်မူလား(ပုလော)မြို့နယ်ရှိ ကျောက်လုံးကြီး(လယ်ဖဒို)စခန်းကို တော်လှန်ရေးပူးပေါင်းတပ် မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲ ထိခိုက်ကျဆုံးလက်နက်ခဲယမ်း သိမ်းရ အခြေအနေတွေ အသေးစိတ် ဖော်ပြမထားပေမယ့် သတင်းဓာတ်ပုံတွေမှာ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်းတွေ သိမ်းရခဲ့တာ တွေ့ရပါတယ်။ စခန်းသိမ်းစစ်ဆင်ရေးကို KNLA တပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုဖြင်K.N.D.Oတပ်ရင်း(၇) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။
◾️ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲ စစ်သားအားလုံး နီးပါး ထွက်ပြေး
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလောမြို့နယ်) လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက် စစ်ကောင်စီ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် တပ်စခန်းရှိ အင်အား ၈၀ ကျော် စစစ်တပ် တပ်ဖွဲ့ဝင်တွေထဲက အားလုံးနီးပါး ထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ ကျောက်လုံးကြီး စခန်းကို မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သေဆုံးမှုတချို့ရှိပြီး ထွက်ပြေးတာတော့ ပိုများကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၈၀ ကျော်မှာ အကုန်လုံးနီးပါး ထွက်ပြေးသွားပြီး လက်နက်ရိက္ခာအချို့ သိမ်းဆည်းရမိတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ စခန်းသိမ်းအောင်မြင်မှုနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူးတို့က ကျေးဇူးတင် ဂုဏ်ပြုလွှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ရဲဘော်တွေ၊ အားပေး ကူညီသူတွေ ဆုတောင်းပေးသူတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
◾️အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လို့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို မေလ ၂၉ရက်မှာလည်း မင်းတပ်မြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးလို့ လတ်တလောမှာ တိုက်ပွဲစဖြစ်နေပြီလို့ ဒေသခံအချို့က ပြောပါတယ်။ စစ်ရေးအခြေအနေ အသေးစိတ်ကို လတ်တလော ပြောကြားဖို့ မရှိပေမယ့် စစ်တပ်ဟာ ချင်း-မကွေးအစပ် မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရောက်နေတဲ့ စစ်တပ်က မေလ ၃၀ရက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက မှတ်တမ်းပုံတွေ ဖော်ပြအသိပေးပါတယ်။
◾️အာရက္ခတိုင်းပြည် တည်ဆောက်ရေး ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ကြဖို့ AA ဖိတ်ခေါ်

❤16👍7🔥2
အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့်ဖို့၊ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ အမျိုးသားရေးအခြေခံစိတ်၊ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ အရင်းခံ စေတနာစိတ်တွေနဲ့ အရင်ထက် ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ မေလ ၂၉ရက် မနေ့ညမှာ ထုတ်ပြန်တဲ့ ‘အာရက္ခတပြည်လုံးရှိ မြို့ပြစည်ပင်သာယာရေးနဲ့ စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက်’မှာ အခုလို တိုက်တွန်းဖိတ်ခေါ်ထားတာပါ။ အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာ အာရက္ခ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားတာ၊ မြို့ပြ စီမံကိန်းတွေ နည်းလမ်းမှန်မှန် ဆောင်ရွက်နိုင်မှု မရှိတာ၊ တည်ဆဲဥပဒေတွေကိုအာဏာပိုင်အဆက်ဆက်များနဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက လက်တလုံးကြား ဆောင်ရွက်တာ တွေကြောင့် အာရက္ခဒေသ တခုလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာ စိန်ခေါ်မှု မျိုးစုံကြုံတွေ့ရလျက်ရှိတယ်လို့ ဖော်ပြပါတယ်။ အဲဒီဆိုးမွေးတွေကြောင့် အာရက္ခဒေသတွင်းလူမှုဘ၀ နေထိုင်မှု အဆင့်အတန်း အဖက်ဖက်ကနိမ့်ကျလျက်ရှိနေလို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်လာစေဖိုပ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ လူနေထူထပ်တာတွေကို ဖြေရှင်းနိုင်ဖို့၊ မြို့ပြတွေမှာ လမ်းနယ်နိမိတ်အပါအဝင် လမ်းဘေး မြေနေရာတွေ ဥပဒေမဲ့ ကျူးကျော်တာတွေ ထိန်းသိမ်းဖို့ လမ်းတံတား အပါအဝင် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ဖို့ မြို့ပြစီမံကိန်း လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။ အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကိုသန့်ရှင်းသပ်ရပ်စွာရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး၊ ကမ္ဘာ့အမွေအနှစ်၊ အာရက္ခ အမွေအနှစ် အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြတည်ဆောက်ရေး စီမံကိန်းကိုလည်းဖော်ဆောင်နေကြောင်းဖော်ပြထားပါတယ်။
◾️ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တာ၊ မိုးတွင်းရောက်လာတာကြောင့် ရခိုင်မှာ ကုန်စျေးနှုန်းထပ်တက်
ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံးဆီနဲ့ အခြားကုန်စည်တွေ စျေးတက်နေတာပါ။ ရခိုင်ပြည်တွင်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကနေ ပလက်၀မြို့နယ် ကို ဖြတ်လာတဲ့ လမ်းကြောင်းနဲ့ ပြည်မဘက်ကလာတဲ့ ဆောလမ်းကြောင်းတို့ကနေ ကုန်စည်တွေ အဓိကသယ်ယူ၊ တင်းသွင်းနေတာဖြစ်ပါတယ်။ အရင်က ကျပ် ၅၀၀ သာ ရှိခဲ့တဲ့ ကြက်ဥတစ်လုံးကို အခုအခါ ၈၀၀ကျပ် ၊ အရင်က ကျပ် ၁၀၀၀၀ ရှိခဲ့တဲ့ စားဆီတလီတာ ကို အခုအခါ ကျပ် ၁၃၀၀၀၊ အရင် ကျပ် ၁၇၀၀၀ ရှိခဲ့တဲ့ ဟင်းချိုမှုန့် တပိဿာကို အခုအခါ ကျပ် ၁၉၀၀၀၊ အရင်ကျပ် ၃၅၀၀၀ ရှိခဲ့တဲ့ ကွမ်းသီးတပိဿာကို အခုအခါ ကျပ် ၅၅၀၀၀ ၊ အရင် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်တအိတ်ကို ၁၁၀၀၀၀ ကျပ် ဝန်းကျင် စျေးရှိနေပါတယ်။ ဒါ့အပြင် စက်သုံးဆီတွေဟာလည်း စျေးတက်နေပြီး အရင်က ဓါတ်ဆီတလီတာ ကျပ် ၈၀၀၀ သာရှိခဲ့ရာကနေ အခု အခါ တလီတာကို ကျပ် ၁၀၀၀၀၊ ၁၁၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။ အခုလိုစျေးတက်တာဟာ ရခိုင်ပြည်တွင်း ကုန်စည်တွေ အဝင်လုံး၀မရှိတော့လို့ စျေးတက်သွားတာမဟုတ်ဘဲ ကုန် သည်တွေက အကျိုးအမြတ်ပိုရအောင် တမင်စျေးတင်ရောင်းနေကြတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။
◾️အညာဒေသ မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကို မကွေးကျောင်းတိုက် ဆရာတော်ဝေဖန်
အာဏာသိမ်းစစ်တပ်က အညာဒေသမှာ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပေါ် မဘသအဖွဲ့ခေါင်းဆောင်ဟောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက လူမှုကွန်ရက်ကနေ ဝေဖန်လိုက်ပြီး မီးရှို့မှုတွေ ချက်ချင်းရပ်တန့်ဖို့ မေလ ၂၉ ရက်က တောင်းဆိုလိုက်ပါတယ်။ မဘသအဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး မကွေးကျောင်းတိုက်ဆရာတော်လို့ လူသိများတဲ့ ဦးပါမောက္ခဟာ သူ့ရဲ့ TikTok လူမှုကွန်ရက်ကနေ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရကြောင်း မိန့်ကြားခဲ့တာပါ။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်ဆင်းရဲစရာ အခြေအနေတွေကိုပဲ မြင်တွေ့နေရပြီး ဒုက္ခရောက်နေရသူတွေဟာ မြန်မာနိုင်ငံသားတွေသာဖြစ်လို့ မီးရှို့ခြင်းကို ရပ်တန့်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုကြောင်း မိန့်ကြားချက်မှာ ပါရှိပါတယ်။
◾️အင်းလေးဒေသကို ပအိုဝ်းပြည်သူ့စစ်(PNO) ရယူမယ့် လျှို့ဝှက်စာ ထွက်ပေါ်

🔥12❤9
ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။ ၂၀၂၆ ဧပြီ ၁၅ရက်စွဲနဲ့ ထိပ်တန်းလျှို့ဝှက်ညွှန်ကြားချက်မှာ အင်းလေးဒေသတွင်း ပအိုဝ်းအမျိုးသားရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအထူးဒေသ ဖြစ်လာစေရေး စတဲ့အချက် တွေ ပါ၀င်ပါတယ်။ အင်းလေးဒေသအတွင်းက ကျေးရွာတွေကို PNO ရဲ့ မူဝါဒ၊ လမ်းစဉ်တွေကို ထောက်ခံအားပေးတဲ့ ပအိုဝ်းလူမျိုးတွေဟာ ကျေးရွာလူကြီးဖြစ်လာစေဖို့အတွက် ဒေသခံပြည်သူတွေ ကြား စနစ်တကျ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ လျှို့ဝှက်စာမှာ ဖော်ပြပါတယ်။ အခုထွက်ပေါ်လာတဲ့ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်က အတုဖြစ်တယ်လို့ PNO က ဆိုပါတယ်။
◾️အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ် ဆန္ဒပြပွဲ ဟန့်တားခံရ
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက် မြန်မာတွေက ဆန္ဒပြဖို့ စီစဥ်ခဲ့ကြပေမယ့် အိန္ဒိယရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း India For Myanmar တည်ထောင်သူ ကိုဆလိုင်းဒိုခါရ်က ပြောပါတယ်။ သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား နယူးဒေလီရောက်မြန်မာတွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်ခဲ့တာပါ။ ဆန္ဒပြပွဲအတွက် နယူးဒေလီရောက် မြန်မာတွေ ရာနဲ့ချီ ထွက်လာကြပေမယ့် ဆန္ဒပြပွဲစီစဥ်ထားတဲ့ နေရာအထိ သွားခွင့်မရဘဲ ဟန့်တားခံခဲ့ရတယ်လို့ ကိုဆလိုင်းဒိုခါရ်က ရှင်းပြပါတယ်။ မင်းအောင်လှိုင်လို တကယ့်ရာဇဝတ်ကောင်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ အစိုးရအကြီးအကဲက level တူ ဆက်ဆံတာနဲ့ ဆန္ဒပြတဲ့သူတွေကို ဟန့်တားတာက ကမ္ဘာကြီးက အရမ်းစိတ်ပျက်စရာကောင်းနေပြီဆိုတာ ပေါ်လွင်နေတယ်လို့ ပြောချင်ကြောင်း ကိုဆလိုင်းဒိုခါရ်က ဆိုပါတယ်။ နိုင်ငံတကာရာဇဝတ်မ သတ်မှတ်ခံထားရသူ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီမှာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ ခန့်အပ်တဲ့ သမ္မတရာထူးယူခဲ့ပြီး ဒီနေ့ မေလ ၃၀ရက်မှာ စတင်တဲ့ အိန္ဒိယခရီးစဥ်ဟာ သူ့ရဲ့ သမ္မတရာထူးနဲ့ ပထမဆုံးပြည်ပခရီးစဥ် ဖြစ်လာပါတယ်။
◾️စစ်ရှောင်နေအိမ်တွေကို စစ်တပ် စျေးဖြတ် ရောင်းချနေ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို အလုံးလိုက် စျေးဖြတ်ပြီး ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းကျေးရွာတွေဖြစ်တဲ့ သမင်အင်းကုန်း၊ သဲဖြူရွာသစ်၊ အောက်တဲစု ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်တပ်တပ်ဖွဲ့ဝင်တွေက အလုံးလိုက် စျေးဖြတ်ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အတိုအစဝယ်တဲ့သူတွေရယ်၊ ပျူစောထီးတွေရယ်ကို ခေါ်ပြီး ရွာထဲက အိမ်တွေကိုပြကာ ဘယ်စျေးရမလဲဆိုပြီး ရောင်းနေတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ပြီးရင် ဝယ်တဲ့သူတွေက အိမ်က သစ်တွေကအစ အကုန်ခွာယူပြီး ပဲခူးဘက်သွားရောင်းကြတယ်လို့ အဲဒီဒေသခံက ရှင်းပြပါတယ်။ မြေကြီးတောင် ယူလို့မရလို့ မဟုတ်ရင် ယူသွားကြဦးမှာလို့လည်း သူက ဆက်ပြောပါတယ်။
◾️မန္တလေးမြို့ပေါ် လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတချို့ ပြန်ဖွင့်၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့လမ်းကိုဆက်ပိတ်ထား
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံတွေကပြောပါတယ်။ မန္တလေးမြို့မှာ လမ်းပိတ်ထားတဲ့ တိုင်းလွှတ်တော်ရှေ့က ဘန်ကာတွေအပါအဝင် ရဲစခန်းတွေ ရှေ့ကဘန်ကာတွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးအနီးက၂၇လမ်းမတွေကို လမ်းတွေဖွင့်ပေးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကလမ်းကိုတော့ အရင်အတိုင်း ဆိုင်ကယ်၊ စက်ဘီး အဝင်အထွက်ပိတ်ကာ ကားကိုလည်း တစ်စီးစာသာ ပေးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
◾️ဘုတလင်နယ်က ကျေးရွာတွေပိတ်ဆို့ပြီး စစ်တပ် စစ်ကြောင်းထိုး၊ပြည်သူတွေ ပိတ်မိနေ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေတတိယအပတ်က စတင်ကာ ဘုတလင်မြို့ပတ်ပတ်လည်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့ရဲ့ မြောက်ဘက်ကမြောက်ကျီကျေးရွာကို တပ်စွဲထားတာ ၂ပတ်ခန့်ရှိပြီလို့ သိရပါတယ်။ စစ်တပ်က မြောက်ကျီရွာကနေ တဆင့်အနီးပတ်ဝန်းကျင် ကျေးရွာတွေ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့မြောက်ဘက်က မြောက်ကျီ၊နှောရင်း၊သပြေတော၊ထတန်းရွာတွေအပါအဝင် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ သောင်းနဲ့ချီပြေး နေရတယ်လို့ သိရပါတယ်။

🔥12❤8🤬2🥰1