(စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲအပြီး မြင်ကွင်းများ။ ဓာတ်ပုံ - KNU-MTD)
🥰18❤4👍2👏1😁1
ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တာ၊ မိုးတွင်းရောက်လာတာကြောင့် ရခိုင်မှာ ကုန်စျေးနှုန်းထပ်တက်
▪️လက်လုပ်လက်စားတွေ ဝမ်းရေးအခက်ကြုံ
မေ-၃၀၊ ၂၀၂၆။ ခိုင်မြတ်/People's Spring
ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံးဆီနဲ့ အခြားကုန်စည်တွေ စျေးတက်နေတာပါ။ ရခိုင်ပြည်တွင်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကနေ ပလက်၀မြို့နယ် ကို ဖြတ်လာတဲ့ လမ်းကြောင်းနဲ့ ပြည်မဘက်ကလာတဲ့ ဆောလမ်းကြောင်းတို့ကနေ ကုန်စည်တွေ အဓိကသယ်ယူ၊ တင်းသွင်းနေတာဖြစ်ပါတယ်။
" မိုးတွင်းဆိုတော့ လမ်းတွေပျက်တယ်။ အိန္ဒိယလမ်းရော၊ ဆောလမ်းရော လမ်းတွေပျက်တော့ ကုန်ကျစရိတ် ပို များတယ်။ ခရီးလည်း ကြန့်ကြာတယ်။ အဲဒါကြောင့် နှစ်တိုင်း စျေးတက်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကကျ ဆော လမ်း ပိတ်သွားတဲ့အခါ စျေးက အရင်ကထက်ပိုတက်တယ်။ ထပ်လည်း တက်လာအုံးမယ်ထင်တယ်” လို့ ကျောက် တော်မြို့မှ ကုန်သည်တဦးက ပြောပါတယ်။
အရင်က ကျပ် ၅၀၀ သာ ရှိခဲ့တဲ့ ကြက်ဥတစ်လုံးကို အခုအခါ ၈၀၀ကျပ် ၊ အရင်က ကျပ် ၁၀၀၀၀ ရှိခဲ့တဲ့ စားဆီတလီတာ ကို အခုအခါ ကျပ် ၁၃၀၀၀၊ အရင် ကျပ် ၁၇၀၀၀ ရှိခဲ့တဲ့ ဟင်းချိုမှုန့် တပိဿာကို အခုအခါ ကျပ် ၁၉၀၀၀၊ အရင်ကျပ် ၃၅၀၀၀ ရှိခဲ့တဲ့ ကွမ်းသီးတပိဿာကို အခုအခါ ကျပ် ၅၅၀၀၀ ၊ အရင် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်တအိတ်ကို ၁၁၀၀၀၀ ကျပ် ဝန်းကျင် စျေးရှိနေပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေဟာလည်း စျေးတက်နေပြီး အရင်က ဓါတ်ဆီတလီတာ ကျပ် ၈၀၀၀ သာရှိခဲ့ရာကနေ အခု အခါ တလီတာကို ကျပ် ၁၀၀၀၀၊ ၁၁၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။
အခုလိုစျေးတက်တာဟာ ရခိုင်ပြည်တွင်း ကုန်စည်တွေ အဝင်လုံး၀မရှိတော့လို့ စျေးတက်သွားတာမဟုတ်ဘဲ ကုန် သည်တွေက အကျိုးအမြတ်ပိုရအောင် တမင်စျေးတင်ရောင်းနေကြတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။
“ကုန်တွေက သူ့ဟာနဲ့သူတော့ ဝင်နေကြတုန်း၊ လုံး၀ မဝင်တော့တာ မဟုတ်ဘူး။ နည်းပဲနည်းသွားတာ။ အခု ရောင်းနေတဲ့ကုန်တွေက နွေရာသီကတည်းက ချထားတဲ့ကုန်တွေ၊ အဲဒါတွေကိုပဲ စျေးတင်ကြတာ ကုန်သည်တွေ က။ ကျွန်မတို့ ဆိုင်ရောင်း ရတာလည်း ဒီလိုစျေးတက်သွားရင် သိပ်အဆင်မပြေတော့ဘူး။ ကုန်သည်တွေပဲ အမြတ် ကြီးရတာ” လို့ ပေါက်တောမြို့နယ်မှ ကုန်စုံဆိုင်ရောင်းသူအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလို စျေးတက်နေတာကြောင့် အလုပ်အကိုင် ရှားပါးတဲ့ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ အခြေခံလက်လုပ် လက်စားတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဝမ်းရေးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ကျပန်းအလုပ်သမားတစ်ဦးက “အရင်က တပတ်စာ၊ လဝက်စာလောက် ဆန်တွေ၊ ဆီတွေ ဝယ်စားတယ်။ အခု ဆီတလီတာ တသောင်းကျော်၊ ငါးပိ၊ ဆားက အစ စျေးတက်တော့ တရက်စာလောက်ပဲ ဝယ်စားနိုင်တော့တယ်။ နပ်မှန်နေသေးပေမယ့် ငါးတွေ၊ အသားတွေဆို မစားနိုင်တော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေ ပုံမှန်မရတော့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဝမ်းရေးအခက်ကြုံ၊ တောင်းရမ်းစားသောက်ရတဲ့သူတွေလည်း ပိုများလာနေ တယ်လို့ လူမှုကူညီရေးလုပ်နေသူတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။
" ငတ်တာပေ့ါ။ မရှိတဲ့ရက်ဆို ချည်ဟင်းရည် တအိုးကြိုတယ်။ ငရုတ်သီးတခွက်ကြိတ်တယ်။ အဲဒါနဲ့ စားရတဲ့ရက် တွေ မနည်းတော့ဘူး”လို့ မြေပုံမြို့မှာ ခိုလှုံနေတဲ့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ခြောက်သိန်းဝန်းကျင်ရှိနေပြီး သူတို့ဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေ မရကြဘဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက်ပံ့မှုကို သာ အားကိုးနေရကာ လမ်းဘေးဝဲယာတဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းကတည်း က ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်၊ ဆေးဝါးတင်သွင်းရာလမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့၊ ဖြတ်တောက်ခဲ့ တာကြောင့် ရခိုင်ဒေသခံတွေဟာ ကုန်စျေး၊ ဆေးဝါး အခက်အခဲ၊ စျေးကြီးမြင့်မှုဒဏ် ခံခဲ့ကြရတာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)က မြို့တွေသိမ်းပြီးနောက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ကုန်စည်အချို့ သယ်ယူ၊ တင်သွင်းနေပေမယ့် အပြည့်အ၀တင်သွင်းခွင့်ရတဲ့အခြေအနေမဟုတ်သေးပါဘူး။ လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက် ကျန် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း ထိုးစစ်တွေ လုပ်နေပါတယ်။

👍19❤8🔥4😢3👎1
ဘုတလင်နယ်က ကျေးရွာတွေပိတ်ဆို့ပြီး စစ်တပ် စစ်ကြောင်းထိုး၊ပြည်သူတွေ ပိတ်မိနေ
မေ-၃၀၊၂၀၂၆၊ရှိန်း/ People's Spring
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေတတိယအပတ်ကစတင်ကာ ဘုတလင်မြို့ပတ်ပတ်လည်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့ရဲ့ မြောက်ဘက်ကမြောက်ကျီကျေးရွာကိုတပ်စွဲထားတာ ၂ပတ်ခန့်ရှိပြီလို့ သိရပါတယ်။
စစ်တပ်က မြောက်ကျီရွာကနေ တဆင့်အနီးပတ်ဝန်းကျင် ကျေးရွာတွေ စစ်ကြောင်းထိုးတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ တွေလည်းပြုလုပ် နေတယ်လို့ ဒေသခံက ပြောပါတယ်။
"ဒီရွာထဲမှာ အများဆုံးပြည်သူတွေပိတ်မိနေတာရှိတယ်။အဲဒီလူတွေက အခု သူတို့ကို(စကစ)ကို ထမင်းချက် ကျွေးနေရတယ်လို့ သိရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့မြောက်ဘက်က မြောက်ကျီ၊နှောရင်း၊သပြေေတာ၊ထတန်းရွာ တွေအပါအဝင် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ သောင်းနဲ့ချီပြေး နေရတယ်လို့ သိရပါတယ်။
"ဘုတလင်ကို ဆေးရုံ၊ဆေးခန်းတွေ စာသင် ကြောင်းဖွင့်ဖို့ရာ ရည်ရွယ်ချက်တွေရောကြောင့်ထင်တယ်ဗျ။ဒါကြောင့်မို့ မြို့ပတ်ချာလည် နယ်မြေ ရှင်းလင်းတဲ့ သ ဘောရှိတယ်"လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက လည်းပြောပါတယ်။
ဒီနေ့ မေလ ၃၀ရက်မှာလည်း သပြေတောရွာက နေ အင်အား ၃၀လောက်က အနောက်ဇီးတောရွာဝင်ရောက်နေသလို ရေအိုးစဉ်ဂိတ်က နေတဆင့် မြောက်ဘက်ကို စစ်ကား၂စီးနဲ့ စစ်ကြောင်းပတ် ထိုး နေတယ်လို့ သိရပါတယ်။

🤬29❤3👎2🔥2😁1
အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လို့ တိုက်ပွဲစဖြစ်
▪️ကျေးရွာအချို့ကို စစ်တပ် မီးရှို့ဖျက်ဆီး
မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်တပ်ဟာ ချင်း-မကွေးအစပ် ယောဒေသကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လို့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို မေလ ၂၉ရက်မှာလည်း မင်းတပ်မြို့နယ်ကို ဝင်ရောက်စစ်ကြောင်းထိုးလို့ လတ်တလောမှာ တိုက်ပွဲစဖြစ်နေပြီလို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ရေးအခြေအနေ အသေးစိတ်ကို လတ်တလော ပြောကြားဖို့ မရှိပေမယ့် စစ်တပ်ဟာ ချင်း-မကွေးအစပ် မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရောက်နေတဲ့ စစ်တပ်က မေလ ၃၀ရက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက မှတ်တမ်းပုံတွေ ဖော်ပြအသိပေးပါတယ်။
" ထင်ချောင်းက မင်းတပ် ယောအစပ် ချင်းဘက်ကရွာ။ ရွာကို အကြောင်းမဲ့ မီးရှို့တာ ဟုတ်တယ်”လို့ မင်းတပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒေသတွင်းသတင်းတွေ ဖော်ပြပေးလျက်ရှိတဲ့ ယောအလင်းတန်းကလည်း စစ်ကောင်စီဟာ ထင်ချောင်းကျေးရွာနဲ့ ကြက်ဥတင်ကျေးရွာများကိုမီးရှို့နေတယ်လို့ ဖော်ပြပါတယ်။
" ဒီနေ့ ကျေးရွာ ၂ရွာ ပေါ့နော် လောလောဆယ် မီးရှို့တယ်။ ပြည်သူပိုင် ပစ္စည်းကိုတော့ ယူတာတွေ ဖျက်ဆီးတာတွေကတော့ အမြဲတမ်းလုပ်နေကြတာပဲ ဒီကောင်တွေ။ သိတဲ့အတိုင်းပဲ အကြမ်းဖက်ဆိုတဲ့အတိုင်း အကြမ်းဖက်တာတော့ အမြဲတမ်း လုပ်နေကျပါပဲ။ အခု မီးရှို့တယ်ဆိုတဲ့ ကျေးရွာ ၂ရွာကတော့ ကျနော်တို့ ဆောနယ် ယောနယ်အတွင်းတော့ မဟုတ်ပါဘူး။ မင်းတပ်နယ်ထဲက ကျေးရွာ နှစ်ရွာပါဗျ"လို့ ယောအလင်းတန်း တာဝန်ရှိသူက People’s Spring ရဲ့ ဒေသတွင်း အခြေအနေ မေးမြန်းမှုအပေါ် ဖြေကြားပေးပါတယ်။
ဆောမြို့နယ် ကံချောင်းကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင်အား (၃၀၀) ဝန်းကျင်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့က လယ်ကြီးအိုင်နဲ့ ကံချောင်းကျေးရွာကို ထိုးသည့်အချိန်တွက် ပြည်သူပိုင် ကားလေးစီးကို သိမ်းယူ အသုံးပြုနေကြပြီး ယနေ့နံနက်ပိုင်းတွင်လဲ ကျောက်စစ်ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံပြည်သူပိုင် ဆိုင်ကယ် အစီး (၂၀) ဝန်းကျင်ကို မတရားယူဆောင်သွားခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြပါတယ်။
ကြက်ဥတင်နဲ့ ထင်ချောင်းရွာကို မီးရှို့နေတဲ့ စစ်ကြောင်းဟာ ကျောက်ထု အမတ (၃၆၈) မှ ထွက်လာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ချင်းပြည်နယ်တက်မယ့် စစ်ကြောင်းကို ကူညီဖို့ ကျောက်ထုအမြောက်တပ် (၃၆၈) က အင်အားဖြန့်ကြက်ထားတယ်လို့လည်း အသိပေးထားပြီး တောင့်ထက်ကျေးရွာ မြောက်ဘက် တောအုပ်ထဲနဲ့ ကံကြီးကျေးရွာတစ်လျှောက်မှာ အင်အားအလုံးအရင်း ဖြန့်ကြက်နေရာယူထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူတွေကြိုတင်တိမ်းရှောင်ဖို့ လည်း နှိုးဆော်ထားပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ကြောင်းထိုးစဉ် လမ်းကြောင်းတလျှောက် လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်လေ့ရှိလို့ စစ်ကြောင်းနဲ့ နီးစပ်တဲ့ နေရာတွေမှာခိုလှုံခြင်းမပြုဘဲ လုံခြုံစိတ်ချရတဲ့ အကွာအဝေးထိ ရှောင်တိမ်းကြဖို့ တိုက်တွန်းသလို လေကြောင်းရန် ဂရုပြုဖို့လည်း နှိုးဆော်ထားပါတယ်။

🔥16🤬7👍6❤4👎1
(မင်းတပ်မြို့နယ်က ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - Aung Gyi /ယောအလင်းတန်း)
🔥13😢9🤬7👎1