People's Spring
60K subscribers
71.3K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မင်းအောင်လှိုင်ရဲ့ခရီးစဥ်ကို ဆန္ဒပြဖို့ ထွက်လာကြတဲ့ မြန်မာတချို့နဲ့ ခွင့်မပြုခဲ့တဲ့ အိန္ဒိယရဲတပ်ဖွဲ့ဝင်တို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - India For Myanmar)
🤬26👍8🔥3😡3🖕2
ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းက ည၈ နာရီလောက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မှာနေတဲ့ စစ်ကောင်စီထောက်ခံတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်လေးနဲ့ အမှတ်၂ လမ်းမကြီးပေါ်ကနေ မောင်းလာခဲ့တယ်။ ရိုးမရိပ်သာလမ်းအနီးအရောက်မှာ လူ ၃ ယောက်က သူ့ကိုတားပါတယ်။ အရပ်ဝတ်လား၊ ယူနီဖောင်းနဲ့လားဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ လမ်းတဘက်ခြမ်းမှာလည်း ၃ ယောက်လောက်ရှိတယ်လို့ သူကဆိုတယ်။

“ ဆိုင်ကယ်ရှေ့က အသည်းအသန်တားပြီး ပိတ်ရပ်တယ်။ ကျွန်တော့်ကို ဆိုင်ကယ်ပေါ်က ဆွဲချဖို့လုပ်တယ်။ဟေ့ကောင်မင်းတို့ကဘယ်သူတွေလဲ ငါ့ကိုဘာလို့တားတာလဲမေးတော့ တာဝန်ရှိတဲ့သူတွေ” တဲ့။ “ ငါတို့က ဒဂုံအရှေ့က စစ်ကြောင်းမှူးရဲ့တပည့်တွေ သူခိုင်းလို့လုပ်နေတာ။” လို့ ဖြေတယ်။

https://www.ludunwayoo.com/feature-mm/2026/05/29/158444/
👍216🔥3🤬1
ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲ စစ်တပ် အားလုံးနီးပါး ထွက်ပြေး

▪️တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလောမြို့နယ်) လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ရာ တပ်စခန်းရှိ အင်အား ၈၀ ကျော်အနက် အားလုံးနီးပါး ထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်လုံးကြီးစခန်းကို မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းရာ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က “သေဆုံးမှုတွေရှိတယ်။ ထွက်ပြေးတာတော့ ပိုများတာပေါ့နော်။ အင်အား ၈၀ ကျော်မျာ အကုန်လုံးနီးပါး ထွက်ပြေးတာပေါ့။ ဒါပေမဲ့ လက်နက်ရိက္ခာအချို့ သိမ်းဆည်းရမိတာပေါ့” လို့ ပြောပါတယ်။

စခန်းသိမ်းအောင်မြင်မှုနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူးတို့က ကျေးဇူးတင် ဒဂုဏ်ပြုလွှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ရဲဘော်တွေ၊ အားပေး ကူညီသူတွေ ဆုတောင်းပေးသူတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU၊ KNLA တပ်မဟာ ၄, အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇), KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများကို မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄)က ဂုဏ်ပြုခဲ့တာပါ။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ကြောင်း ဖော်ပြထားပါတယ်။

စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် အဘက်ဘက်မှ ကူညီပံ့ပိုးသူ များ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များဘေးရန်ကင်းဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့ အသိပေးထားပါတယ်။
37👏12😁2🙏1🤣1
👏388👍6🥰4😁2
(စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲအပြီး မြင်ကွင်းများ။ ဓာတ်ပုံ - KNU-MTD)
🥰184👍2👏1😁1
👏27🥰10😁21👍1
ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တာ၊ မိုးတွင်းရောက်လာတာကြောင့် ရခိုင်မှာ ကုန်စျေးနှုန်းထပ်တက်

▪️လက်လုပ်လက်စားတွေ ဝမ်းရေးအခက်ကြုံ

မေ-၃၀၊ ၂၀၂၆။ ခိုင်မြတ်/People's Spring

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံးဆီနဲ့ အခြားကုန်စည်တွေ စျေးတက်နေတာပါ။ ရခိုင်ပြည်တွင်းကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကနေ ပလက်၀မြို့နယ် ကို ဖြတ်လာတဲ့ လမ်းကြောင်းနဲ့ ပြည်မဘက်ကလာတဲ့ ဆောလမ်းကြောင်းတို့ကနေ ကုန်စည်တွေ အဓိကသယ်ယူ၊ တင်းသွင်းနေတာဖြစ်ပါတယ်။

" မိုးတွင်းဆိုတော့ လမ်းတွေပျက်တယ်။ အိန္ဒိယလမ်းရော၊ ဆောလမ်းရော လမ်းတွေပျက်တော့ ကုန်ကျစရိတ် ပို များတယ်။ ခရီးလည်း ကြန့်ကြာတယ်။ အဲဒါကြောင့် နှစ်တိုင်း စျေးတက်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကကျ ဆော လမ်း ပိတ်သွားတဲ့အခါ စျေးက အရင်ကထက်ပိုတက်တယ်။ ထပ်လည်း တက်လာအုံးမယ်ထင်တယ်” လို့ ကျောက် တော်မြို့မှ ကုန်သည်တဦးက ပြောပါတယ်။

အရင်က ကျပ် ၅၀၀ သာ ရှိခဲ့တဲ့ ကြက်ဥတစ်လုံးကို အခုအခါ ၈၀၀ကျပ် ၊ အရင်က ကျပ် ၁၀၀၀၀ ရှိခဲ့တဲ့ စားဆီတလီတာ ကို အခုအခါ ကျပ် ၁၃၀၀၀၊ အရင် ကျပ် ၁၇၀၀၀ ရှိခဲ့တဲ့ ဟင်းချိုမှုန့် တပိဿာကို အခုအခါ ကျပ် ၁၉၀၀၀၊ အရင်ကျပ် ၃၅၀၀၀ ရှိခဲ့တဲ့ ကွမ်းသီးတပိဿာကို အခုအခါ ကျပ် ၅၅၀၀၀ ၊ အရင် ကျပ် ၁၀၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဆန်တအိတ်ကို ၁၁၀၀၀၀ ကျပ် ဝန်းကျင် စျေးရှိနေပါတယ်။

ဒါ့အပြင် စက်သုံးဆီတွေဟာလည်း စျေးတက်နေပြီး အရင်က ဓါတ်ဆီတလီတာ ကျပ် ၈၀၀၀ သာရှိခဲ့ရာကနေ အခု အခါ တလီတာကို ကျပ် ၁၀၀၀၀၊ ၁၁၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။

အခုလိုစျေးတက်တာဟာ ရခိုင်ပြည်တွင်း ကုန်စည်တွေ အဝင်လုံး၀မရှိတော့လို့ စျေးတက်သွားတာမဟုတ်ဘဲ ကုန် သည်တွေက အကျိုးအမြတ်ပိုရအောင် တမင်စျေးတင်ရောင်းနေကြတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။

“ကုန်တွေက သူ့ဟာနဲ့သူတော့ ဝင်နေကြတုန်း၊ လုံး၀ မဝင်တော့တာ မဟုတ်ဘူး။ နည်းပဲနည်းသွားတာ။ အခု ရောင်းနေတဲ့ကုန်တွေက နွေရာသီကတည်းက ချထားတဲ့ကုန်တွေ၊ အဲဒါတွေကိုပဲ စျေးတင်ကြတာ ကုန်သည်တွေ က။ ကျွန်မတို့ ဆိုင်ရောင်း ရတာလည်း ဒီလိုစျေးတက်သွားရင် သိပ်အဆင်မပြေတော့ဘူး။ ကုန်သည်တွေပဲ အမြတ် ကြီးရတာ” လို့ ပေါက်တောမြို့နယ်မှ ကုန်စုံဆိုင်ရောင်းသူအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလို စျေးတက်နေတာကြောင့် အလုပ်အကိုင် ရှားပါးတဲ့ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ အခြေခံလက်လုပ် လက်စားတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဝမ်းရေးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။

မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ကျပန်းအလုပ်သမားတစ်ဦးက “အရင်က တပတ်စာ၊ လဝက်စာလောက် ဆန်တွေ၊ ဆီတွေ ဝယ်စားတယ်။ အခု ဆီတလီတာ တသောင်းကျော်၊ ငါးပိ၊ ဆားက အစ စျေးတက်တော့ တရက်စာလောက်ပဲ ဝယ်စားနိုင်တော့တယ်။ နပ်မှန်နေသေးပေမယ့် ငါးတွေ၊ အသားတွေဆို မစားနိုင်တော့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေ ပုံမှန်မရတော့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဝမ်းရေးအခက်ကြုံ၊ တောင်းရမ်းစားသောက်ရတဲ့သူတွေလည်း ပိုများလာနေ တယ်လို့ လူမှုကူညီရေးလုပ်နေသူတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

" ငတ်တာပေ့ါ။ မရှိတဲ့ရက်ဆို ချည်ဟင်းရည် တအိုးကြိုတယ်။ ငရုတ်သီးတခွက်ကြိတ်တယ်။ အဲဒါနဲ့ စားရတဲ့ရက် တွေ မနည်းတော့ဘူး”လို့ မြေပုံမြို့မှာ ခိုလှုံနေတဲ့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ခြောက်သိန်းဝန်းကျင်ရှိနေပြီး သူတို့ဟာ နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့တွေ မရကြဘဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက်ပံ့မှုကို သာ အားကိုးနေရကာ လမ်းဘေးဝဲယာတဲအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းကတည်း က ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်၊ ဆေးဝါးတင်သွင်းရာလမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့၊ ဖြတ်တောက်ခဲ့ တာကြောင့် ရခိုင်ဒေသခံတွေဟာ ကုန်စျေး၊ ဆေးဝါး အခက်အခဲ၊ စျေးကြီးမြင့်မှုဒဏ် ခံခဲ့ကြရတာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)က မြို့တွေသိမ်းပြီးနောက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ကုန်စည်အချို့ သယ်ယူ၊ တင်သွင်းနေပေမယ့် အပြည့်အ၀တင်သွင်းခွင့်ရတဲ့အခြေအနေမဟုတ်သေးပါဘူး။ လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက် ကျန် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း ထိုးစစ်တွေ လုပ်နေပါတယ်။
👍198🔥4😢3👎1