People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အင်းလေးကန်အတွင်း ငါးဖမ်းနေသောဒေသခံတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ –   EPA)
🔥18😡7
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် ဆန္ဒပြပွဲ ဟန့်တားခံရ

▪️မင်းအောင်လှိုင်ခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

မေ-၃၀၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက် မြန်မာတွေက ဆန္ဒပြဖို့ စီစဥ်ခဲ့ကြပေမယ့် အိန္ဒိယရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း India For Myanmar တည်ထောင်သူ ကိုဆလိုင်းဒိုခါရ်က ပြောပါတယ်။

သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား နယူးဒေလီရောက်မြန်မာတွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်ခဲ့တာပါ။ ဆန္ဒပြပွဲအတွက် နယူးဒေလီရောက် မြန်မာတွေ ရာနဲ့ချီ ထွက်လာကြပေမယ့် ဆန္ဒပြပွဲစီစဥ်ထားတဲ့ နေရာအထိ သွားခွင့်မရဘဲ ဟန့်တားခံခဲ့ရတယ်လို့ ကိုဆလိုင်းဒိုခါရ်က ရှင်းပြပါတယ်။

“လူ ၂၀၀ ခန့် ထွက်လာကြပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲ အမှန်တကယ် သွားချင်တဲ့ နေရာအထိတော့ မသွားရဘူးပေါ့နော်။ ဆန္ဒပြပွဲကတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့”လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး ကိုဆလိုင်းဒိုခါရ်က “မင်းအောင်လှိုင်လို တကယ့်ရာဇဝတ်ကောင်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ အစိုးရအကြီးအကဲက level တူ ဆက်ဆံတာနဲ့ ဆန္ဒပြတဲ့သူတွေကို ဟန့်တားတာက ကမ္ဘာကြီးက အရမ်းစိတ်ပျက်စရာကောင်းနေပြီဆိုတာ ပေါ်လွင်နေတယ်လို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံတကာရာဇဝတ်သားအဖြစ် သတ်မှတ်ခံထားရသူ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီမှာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ ခန့်အပ်တဲ့ သမ္မတရာထူးယူခဲ့ပြီး ဒီနေ့စတင်တဲ့ အိန္ဒိယခရီးစဥ်ဟာ သူ့ရဲ့ သမ္မတရာထူးနဲ့ ပထမဆုံးပြည်ပခရီးစဥ် ဖြစ်လာပါတယ်။

အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေခဲဲ့ကြပါတယ်။

အစောပိုင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဇွန်လ ၁ရက်မှာ ပြုလုပ်ဖို့လျာထားတဲ့ International Big Cat Alliance Summit ကို တက်ရောက်ဖို့ စီစဥ်ထားခဲ့ပြီး အဲဒီထိပ်သီးညီလာခံကို ရွှေ့ဆိုင်းခဲ့တာကြောင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ မေလ ၃၀ရက်ကနေ ဇွန်လ ၃ရက်အထိ အိန္ဒိယခရီးစဥ် သွားရောက်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့ ဇွန်လ ၁ရက်မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို စီးပွားရေးဖိုရမ်တစ်ခုကိုလည်း တက်ရောက်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းဦးစားပေးပထမမူဝါဒ၊ အရှေ့မျှော်ဝါဒကျင့်သုံးခြင်းမူဝါဒနဲ့ မဟာဆာဂါ(MAHASAGAR)မူဝါဒတွေနဲ့ ဆုံဆည်းရာအချက်အချာ နိုင်ငံဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်(မူရင်းထုတ်ပြန်ချက်မှာ သမ္မတဦးမင်းအောင်လှိုင်)ရဲ့တရားဝင်ခရီးစဥ်ဟာ နှစ်နိုင်ငံအကြား ကဏ္ဍစုံဆက်ဆံရေးတွေမှာ ပိုမိုအားကောင်း၊ နက်ရှိုင်းစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဥ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဒီခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း People’s Spring ကို မှတ်ချက်ပြုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားတွေ့ဆုံခြင်းအပေါ် NUG အနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
🤬38👎54😡3👏1😁1
(မင်းအောင်လှိုင်ရဲ့ခရီးစဥ်ကို ဆန္ဒပြဖို့ ထွက်လာကြတဲ့ မြန်မာတချို့နဲ့ ခွင့်မပြုခဲ့တဲ့ အိန္ဒိယရဲတပ်ဖွဲ့ဝင်တို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - India For Myanmar)
🤬26👍8🔥3😡3🖕2
ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းက ည၈ နာရီလောက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မှာနေတဲ့ စစ်ကောင်စီထောက်ခံတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်လေးနဲ့ အမှတ်၂ လမ်းမကြီးပေါ်ကနေ မောင်းလာခဲ့တယ်။ ရိုးမရိပ်သာလမ်းအနီးအရောက်မှာ လူ ၃ ယောက်က သူ့ကိုတားပါတယ်။ အရပ်ဝတ်လား၊ ယူနီဖောင်းနဲ့လားဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ လမ်းတဘက်ခြမ်းမှာလည်း ၃ ယောက်လောက်ရှိတယ်လို့ သူကဆိုတယ်။

“ ဆိုင်ကယ်ရှေ့က အသည်းအသန်တားပြီး ပိတ်ရပ်တယ်။ ကျွန်တော့်ကို ဆိုင်ကယ်ပေါ်က ဆွဲချဖို့လုပ်တယ်။ဟေ့ကောင်မင်းတို့ကဘယ်သူတွေလဲ ငါ့ကိုဘာလို့တားတာလဲမေးတော့ တာဝန်ရှိတဲ့သူတွေ” တဲ့။ “ ငါတို့က ဒဂုံအရှေ့က စစ်ကြောင်းမှူးရဲ့တပည့်တွေ သူခိုင်းလို့လုပ်နေတာ။” လို့ ဖြေတယ်။

https://www.ludunwayoo.com/feature-mm/2026/05/29/158444/
👍216🔥3🤬1
ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲ စစ်တပ် အားလုံးနီးပါး ထွက်ပြေး

▪️တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

မေ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်(ပုလောမြို့နယ်) လယ်ဖဒို(ကျောက်လုံးကြီး)ရွာ အခြေစိုက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ရာ တပ်စခန်းရှိ အင်အား ၈၀ ကျော်အနက် အားလုံးနီးပါး ထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်လုံးကြီးစခန်းကို မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းရာ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က “သေဆုံးမှုတွေရှိတယ်။ ထွက်ပြေးတာတော့ ပိုများတာပေါ့နော်။ အင်အား ၈၀ ကျော်မျာ အကုန်လုံးနီးပါး ထွက်ပြေးတာပေါ့။ ဒါပေမဲ့ လက်နက်ရိက္ခာအချို့ သိမ်းဆည်းရမိတာပေါ့” လို့ ပြောပါတယ်။

စခန်းသိမ်းအောင်မြင်မှုနဲ့ပတ်သက်ပြီး KNU မြိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူးတို့က ကျေးဇူးတင် ဒဂုဏ်ပြုလွှာ ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ရဲဘော်တွေ၊ အားပေး ကူညီသူတွေ ဆုတောင်းပေးသူတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။

ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNU၊ KNLA တပ်မဟာ ၄, အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇), KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များနဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများကို မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄)က ဂုဏ်ပြုခဲ့တာပါ။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ကြောင်း ဖော်ပြထားပါတယ်။

စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် အဘက်ဘက်မှ ကူညီပံ့ပိုးသူ များ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များဘေးရန်ကင်းဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့ အသိပေးထားပါတယ်။
37👏12😁2🙏1🤣1
👏388👍6🥰4😁2
(စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်း သိမ်းတိုက်ပွဲအပြီး မြင်ကွင်းများ။ ဓာတ်ပုံ - KNU-MTD)
🥰184👍2👏1😁1