People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍33🔥2😁1
👍371🔥1😁1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍224🤮1
အာရက္ခတိုင်းပြည် တည်ဆောက်ရေးနဲ့ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ကြဖို့ AAဖိတ်ခေါ်

■မြောက်ဦးမြို့ပြတည်​ဆောက်​ရေးအပါအဝင်ဒေသအသီးသီးမှမြေနေရာတိုင်းတာ၊နယ်နိမိတ်ပိုင်းခြားတာ၊လိုအပ်ရင်မြေသိမ်းတာတွေ လုပ်နေတယ်လို့ အသိပေး

■တမျိုးသားလုံးရဲ့ရည်မှန်းချက်ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်းအလိုရောက်လုနီးပြီလို့ AA​ကြေညာ

မေ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့်ဖို့ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့အမျိုးသားရေးအခြေခံစိတ် တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ အရင်းခံ စေနတာ စိတ်တွေနဲ့ အရင်ထက် ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

မေလ ၂၉ရက်ညမှာထုတ်ပြန်တဲ့ "အာရက္ခတပြည်လုံးရှိ မြို့ပြစည်ပင်သာယာရေးနဲ့ စနစ်တကျတိုး
တက်ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက် "မှာ အခုလို တိုက်တွန်း ဖိတ်ခေါ်ထားတာပါ။

အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာ
အာရက္ခ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားတာ၊ မြို့ပြ စီမံကိန်းတွေ နည်းလမ်းမှန်မှန် ဆောင်ရွက်နိုင်မှု မရှိတာ၊ တည်ဆဲဥပဒေတွေကိုအာဏာပိုင်အဆက်ဆက်များနဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက လက်တလုံးကြား ဆောင်
ရွက်တာ တွေကြောင့် အာရက္ခဒေသ တခုလုံး ဖွံ့
ဖြိုးတိုးတက်ရေးဟာ စိန်ခေါ်မှု မျိုးစုံကြုံတွေ့ရလျက်ရှိတယ်လို့ ဖော်ပြပါတယ်။

အဲဒီဆိုးမွေးတွေကြောင့်အာရက္ခဒေသတွင်းလူမှုဘ၀ နေထိုင်မှု အဆင့်အတန်း အဖက်ဖက်ကနိမ့်ကျလျက်ရှိနေလို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်လာစေဖိုပ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ လူနေထူထပ်တာတွေကို ဖြေရှင်းနိုင်ဖို့၊ မြို့ပြတွေမှာ လမ်းနယ်နိမိတ်အပါအဝင် လမ်းဘေး မြေနေရာတွေ ဥပဒေမဲ့ ကျူးကျော်တာတွေ ထိန်းသိမ်းဖို့ လမ်းတံတား အပါအဝင် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ဖို့ မြို့ပြစီမံ
ကိန်း လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကိုသန့်ရှင်းသပ်ရပ်စွာရေရှည်ထိန်း
သိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး၊ကမ္ဘာ့အမွေ
အနှစ်၊ အာရက္ခ အမွေအနှစ် အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြတည်ဆောက်
ရေး စီမံကိန်းကိုလည်းဖော်ဆောင်နေကြောင်း​ဖော်ပြထားပါတယ်။

မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများဟာ မြောက်ဦးအပါအဝင် ဒေသအသီးသီးမှ စီမံကိန်းလျာထား မြေနေရာတွေကွင်းဆင်းတိုင်းတာတာ၊မြေနဲ့ သက်
ဆိုင်သူတွေကို ဖိတ်ခေါ် တွေ့ဆုံ ရှင်းလင်းတာ၊ တဦးချင်းပိုင်ဆိုင်သောမြေဧရိယာကိုတိုင်းတာ အ
တည်ပြု နယ်နိမိတ် ပိုင်းခြားသတ်မှတ်တာ အပြင် အခြေအနေရဲ့ လိုအပ်ချက်အရ ဥပဒေ လုပ်ထုံး
လုပ်နည်းတွေနဲ့အညီမြေသိမ်းဆည်းဖို့ အမိန့်ထုတ်တာ သင့်တင့်တဲ့ လျော်ကြေးပေးတာ စတဲ့ တည်
ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိဟု အသိပေးပါတယ်။

မြောက်ဦးဒေသခံအချို့ကစီမံကိန်းဧရိယာထဲက လယ်ယာမြေတွေကို AAက စီမံကိန်းအတွက်လျော်ကြေးပေးသိမ်းယူတဲ့အခါကာလပေါက်ဈေးအတိုင်းပေးစေချင်တယ်လို့ ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကျပ်သိန်း ၅၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ လယ်ယာမြေတွေကို ကျပ်သိန်း ၈၀ ခန့်ပဲပေးလို့ ပြန်လည်ညှိနှိုင်ပေး​စေလိုတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင်လက်ရှိဟာ အရက္ခတပြည်လုံးနီးပါး သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နေအထား ရောက်ရှိပြီး တမျိုးသားလုံးရဲ့ ရည်မျန်းချက် ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်း အလို ရောက်လုနီးပြီလို့ AAက အသိပေးထားသလို တပြိုင်တည်းမှာပဲ တော်လှန်ရေး အလုံးစုံ ပြည့်၀ အောင်မြင်မှု ရဖို့အတွက်လည်း ရှေ့တန်းစစ်မျက်နှာမှာ ရန်သူတွေနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဝင်နေကြရာ ရှုံးမဲမဲနေတဲ့ စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်ရာ မြို့ရွာတွေကို လက်နက်ကြီး လေကြောင်းတွေနဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှု ကြား
ထဲမှာပဲ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရဟာ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ ရပ်ရွာ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူထုနဲ့ အတူ လက်တွဲ ကြိုး
ပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့လည်း AAက ထုတ်ပြန်ပါတယ်။
👍378👏3🤣2🥰1
အာရက္ခတပ်​တော်က ​မြောက်ဦး မြို့ကစစ်တပ်စခန်း​တွေ သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-AA
👍4214👏2🤣1
မန္တလေးမြို့ပေါ် လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတချို့ ပြန်ဖွင့်၊ တရုတ်​ကောင်စစ်ဝန်ရုံးရှေ့လမ်းကိုဆက်ပိတ်ထား

မေ-၂၉၊၂၀၂၆။ရှိန်း/People's Spring

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။

မန္တလေးမြို့မှာ လမ်းပိတ်ထားတဲ့ တိုင်းလွှတ် တော်ရှေ့ကဘန်ကာတွေအပါအဝင် ရဲစခန်း တွေရှေ့ကဘန်ကာတွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးအနီးက၂၇လမ်းမတွေကို လမ်းတွေဖွင့်ပေးလိုက်တယ်လို့ မြို့ခံ တွေကပြောပါတယ်။

ဒါပေမယ့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကလမ်းကိုတော့ ယခင်အတိုင်း ဆိုင်ကယ်၊စက်ဘီး အဝင်အထွက်ပိတ်ကာ ကားကိုလည်းတစ်စီးစာသာ ပေးသွားတယ်လို့ မြို့ခံ တွေကပြောပါတယ်။

"ကျန်တဲ့လမ်း တွေပိတ်ရင် လမ်းတပြပဲကွင်းရတာ။ဒီလမ်းကကျ ကွင်းစရာ လမ်းတွေက ၁၀ပြလောက် ဖြစ်ပြီး အ‌ ဝေးကြီးကွင်းရတာ။ဒီနားမှာ ဖြတ်စရာက ဒီတလမ်းပဲရှိတာ။ဒီလမ်းကိုပါ တရုတ်ကပိုင်သလားမသိပါဘူးဗျာ"လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံတဦးကပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊အောက်တိုဘာ၁၈ ရက်နေ့မှာ ဗုံးပစ်ခံရပြီးတဲ့ နောက် ယနေ့အထိ လမ်းပိတ်လိုက်တာဖြစ်ပြီး ဂျန်ဘာ တွေလည်းတပ်ဆင်ထားတယ်လို့ မြို့ခံ တွေကပြောပါတယ်။

အဆိုပါလမ်းဟာ မန္တလေးမြို့သစ်ဘက်နဲ့ ကျွဲဆည်ကန် အဝေးပြေးယာဥ်ရပ်နားစခန်းတွေကို သွားရာမှာ အရေးပါတဲ့ လမ်းဖြစ်ပြီး ပိတ်ဆို့ထားတဲ့အတွက် သွားလာရေးအခက်အခဲတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အိန္ဒိယ ကောင်စီဝန်ရုံး ရှေ့မှာတော့ ဘန်ကာပဲထားပြီး ဖြတ်သန်းခွင့်ပြုတယ်လို့ ဆိုပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ရှေ့မှာ ရဲတွေဟာ လုံခြုံရေး ဂိတ်၃ခုထပ် မနည်းရှိပြီး လမ်းမှာဝင်လာတဲ့ဆိုင်ကယ်‌ တွေကို ငွေကျပ် ၃၀,၀၀၀ကနေ ၅၀၀,၀၀၀အထိ တောင်း လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ရန်ကုန်မြို့မှာလည်း အာဏာသိမ်းပြီးကတည်းက စစ်တပ်တပ်စွဲထားလို့ ဖြတ်သန်းခွင့်ပိတ်ထားတဲ့ ရန်ကင်းမြိုနယ်ရှိ စက်မှု ၁ လမ်းအပါအဝင် လမ်းအချို့ကို စစ်တပ်က ပြန်ဖွင့်ပေးထားတယ်လို့ သတင်းရရှိပါတယ်။
🔥18🤮7👍6🤬31
တရုတ်​ကောင်စစ်ဝန်ရုံး​ရှေ့လမ်းကိုပိတ်ထား
စဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ
🤬25🔥7👎3🖕31
ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄) ဦး​ဆောင်တဲ့ပူးပေါင်းတပ်သိမ်းပိုက်

မေ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉
ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)
နယ်မြေ အတွင်း KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်မူလား(ပုလော)မြို့နယ်ရှိ ကျောက်လုံးကြီး( လယ်ဖဒို) စခန်းကို တော်လှန်ရေး ပူး
ပေါင်းတပ် မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ၁၁ရက်မြောက်နေ့မေလ ၂၉ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲ ထိခိုက်ကျဆုံးလက်နက်ခဲယမ်း သိမ်းရ အခြေအနေတွေ အသေးစိတ် ဖော်ပြမထားပေမယ့် သတင်းဓာတ်ပုံ​တွေမှာ လက်နက်
ကြီးကျည်အပါအဝင် ခဲယမ်း​တွေသိမ်းရခဲ့တာ တွေ့ရပါတယ်။

စခန်းသိမ်းစစ်ဆင်ရေးကို KNLA တပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုဖြင်K.N.D.Oတပ်
ရင်း(၇) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

သိမ်းပိုက်ခဲ့တဲ့ ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ်
(၂)ဗျူဟာမှ နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားတာဖြစ်ပြီး ၂၀၂၄ခုနှစ်ဇွန်လမှာ စစ်တပ်ကယာယီ စခန်းစွန့်သွားတဲ့ တပ်စခန်းတခုလည်းဖြစ်ပါတယ်။အဲဒီတုန်းက KNLA ပူးပေါင်းတပ်က စစ်ကောင်စီရဲ့ အောင်သာဝရစခန်း သိမ်းပိုက်စဉ် ကျောက်လုံးကြီး ဗျူဟာ စခန်းက စစ်သားတွေ စခန်းစွန့်ခွာသွားတာဖြစ်ပြီးနောက်ပိုင်းမှာ ခမရ (၄၃၃) တပ်ရင်းမှ အင်အား (၈၀) ကျော်နဲ့ ပြန်
လည်ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။

ကျောက်လုံးကြီးစခန်းသိမ်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ KNLA ဗျူဟာအမှတ်(၁)လက်အောက်ခံတပ်ရင်းများနဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြတဲ့ အရာရှိ စစ်သည် အားလုံး မဟာ
မိတ်အဖွဲ့အားလုံးကို အသိအမှတ်ပြုတန်ဖိုးထားကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးတိုက်ပွဲအတွင်း အသက်နှင့်ခန္ဓာပေးဆပ်ခဲ့သော သူရဲကောင်းများ၊ ပြည်သူလူထုများ နဲ့ တိုက်ပွဲအတွက် အဘက်ဘက်မှပံ့ပိုးကူညီအားပေးခဲ့သောပြည်သူလူထုများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။
🥰30👍156👏4🤣2
သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စခန်းကို​တွေ့ရစဥ်။
ဓါတ်ပုံ-KNU
👍4111🤗2🤣1
စစ်တပ်က စစ်ရှောင်နေအိမ်တွေကို စျေးဖြတ် ရောင်းချနေ

မေ -၂၉ ၊၂၀၂၆။နော် /People's Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်၊ အရှေ့ခြမ်းကျေးရွာဖြစ်တဲ့ သမင်အင်းကုန်း၊ သဲဖြူရွာသစ်၊ အောက်တဲစု ကျေးရွာက စစ်ရှောင်ပြည်သူရဲ့ နေအိမ်တွေကို စစ်တပ်တပ်ဖွဲ့ဝင်တွေက အလုံးလိုက် စျေးဖြတ်ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" အခုစစ်တပ်က အတိုအစဝယ်တဲ့သူတွေရယ် ပျူတွေရယ်ကိုခေါ်ပြီး ရွာထဲက အိမ်တွေကိုပြပြီး ဘယ်စျေးရမလဲဆိုပြီး ရောင်းနေတာ။ ပြီးရင် ဝယ်တဲ့သူတွေက အိမ်က သစ်တွေကအစ အကုန်ခွာယူပြီး ပဲခူးဘက်သွားရောင်းကြတယ်ဘပြောတယ်။မြေကြီးတောင် ယူလို့မရလို့ မဟုတ်ရင် ယူသွားကြဦးမှာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ဒုတိယပတ်ကစလို့ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကျေးရွာတွေကို စစ်တပ်က အင်အားထောင်ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပါတယ်။

အဲ့ဒီလို ဝင်ရောက်လာတာကြောင့် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ် စစ်ကြောင်းထိုးနေတဲ့ စစ်တောင်းမြစ်ဝှမ်းအနီးက ကျေးရွာတွေဟာ KNU တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ ပါဝင်ပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးနေတာအပြင် လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ပါ နေ့စဥ် နေ့တိုင်း ပြည်သူလူထုကို ပစ်မှတ်ထား ပစ်ခတ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ထားပါတယ်။

မေလ ၂၆ ရက် နေ့လည်ပိုင်းမှာ ပိန်းဇလုတ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ကျွန်းကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး (၁)စောနေကော်ထူး (၅၂)နှစ်၊ (၂)စောစိန်ဝင်း (၆၁)နှစ် နဲ့ (၃)နော်အယ်လွဲ (၃၆)နှစ် တို့ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးနေတာအပြင် လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းက သမင်အင်းကုန်း၊ သဲဖြူရွာသစ်၊ အောက်တဲစု ၊ ကညင်ကျိုး၊ ကြိတ်ကွင်းနဲ့ လေးအိမ်စုက ဒေသခံထောင်ချီဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆန့်ကျင်သူတွေကို မတရားပုဒ်မတပ် ဖမ်းဆီးထားသူတွေနဲ့ တိမ်းရှောင်နေသူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းပြီးနောက် လေလံတင်ရောင်းချနေတာလည်း ပြုလုပ်နေပါတယ်။

ဒါအပြင် မတရားချိတ်ပိတ်သိမ်းထားတဲ့ နေအိမ်တွေကိုလည်း Non-CDM ဝန်ထမ်းတွေကို နေထိုင်ခွင့်ပြုနေတာလည်း ရှိပါတယ်။
🤬35🤮135👎1😡1
(KNU တပ်မဟာာ (၃)နယ််မြေအတွင်းက စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - KNU ( ပုံ - အဟောင်းအသုံးပြုထားပါသည်)
😢34🙏3🤮21👎1
အင်းလေးဒေသကို ပအိုဝ်းပြည်သူ့စစ်(PNO) ရယူမယ့် လျှို့ဝှက်စာထွက်ပေါ်

မေ -၃၀၊၂၀၂၆။မိုမို/People's Spring

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

အခု ၂၀၂၆ ဧပြီ ၁၅ရက်စွဲနဲ့ ထိပ်တန်းလျှို့ဝှက်ညွှန်ကြားချက်မှာ အင်းလေးဒေသတွင်း ပအိုဝ်းအမျိုးသားရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွေ စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအထူးဒေသ ဖြစ်လာစေရေး စတဲ့အချက် တွေ ပါ၀င်ပါတယ်။

အင်းလေးဒေသအတွင်းက ကျေးရွာတွေကို PNO ရဲ့ မူဝါဒ၊ လမ်းစဉ်တွေကို ထောက်ခံအားပေးတဲ့ ပအိုဝ်းလူမျိုးတွေဟာ ကျေးရွာလူကြီးဖြစ်လာစေဖို့အတွက် ဒေသခံပြည်သူတွေ ကြား စနစ်တကျ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ လျှို့ဝှက်စာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့ရေး အတွက် အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတွင်း ထည့်သွင်းဖွဲ့စည်းရေးအတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေနဲ့ လူထုထောက်ခံမှု အင်အား‌ကို စည်းရုံးဆောင်ရွက်ဖို့ PNOက စီစဉ်ထားပါတယ်။

"အင်းလေးဒေသကိုရဖို့ PNO က အရင်ကတည်းက တောက်လျှောက်ကြိုးစားခဲ့တာ။ဒါပေမယ့် ၂၀၁၅ ပြည်သူ့အစိုးရ တက်လာတဲ့အချိန် ဒေသခံလူထုရဲ့ လွတ်လပ်တဲ့အမြင်အနည်းငယ်ရလာတယ်။တွေ့ရှိသိရှိလာတယ်။ ဒေသ‌တွင်းလူငယ်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အဲဒီကိစ္စကို တွင်တွင်ကျယ်ကျယ်ပြောလာတာကြောင့် PNO ဘက်က ရပ်တန့်ခဲ့တာ။ဒီတခါကြတော့ အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး ပြန်လုပ်ဖို့ကြိုးစားလာတာ"လို့ အင်းတိုင်းရင်းသားတစ်ဦးက လျှို့ဝှက်ညွှန်ကြားစာနဲ့ပတ်သက်ပြီး ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်ကြားမှာရှိတဲ့ အင်းလေးဒေသ ရယူဖို့ နယ်မြေတစပ်တည်း ဖြစ်ဖို့အတွက် PNO ရဲ့ကြိုးပမ်းမှုဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ သတိကြီးစွာထားဖို့လည်း သူက တိုက်တွန်းပါတယ်။

"PNO က အခုလည်း အင်းလေး ဒေသမှာ စစ်ရေးလှုပ်ရှားနေတာပေါ့။ဒါပေမယ့် အထူးဒေသ ၆ ဖြစ်တဲ့ ဆီဆိုင်၊ဟိုပုန်း၊ပင်လောင်းကို သတ်မှတ် တဲ့အချိန်မှာ မပါဘူးလေ။အခုက ညောင်ရွှေ မြို့နယ်ရဲ့ အင်းလေးဒေသ တောင်ဘက်တခြမ်းကို အထူးဒေသထဲ ထည့်ဖို့များနေတာ"လို့ PNO ရဲ့ စစ်ရေးလှုပ်ရှားမှု နဲ့ အင်းလေး ဒေသကို ရယူမယ့် အခြေအနေကို ဒေသခံလူမှုအဖွဲ့အစည်းတာ၀န်ရှိသူက ပြောပါတယ်။

အင်းတိုင်းရင်းသား ၂သိန်းကျော်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဒေသခံတွေက တောင်းဆိုနေတာလည်းရှိပါတယ်။

တိုင်းရင်းသား‌တွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ အနည်းဆုံးမြို့နယ် ၂ခုရှိဖို့ လိုအပ်ချက်ကြောင့် အင်းလေးဒေသမှာ လက်ရှိ ညောင်ရွှေမြို့နယ်တစ်ခုပဲရှိလို့ နမ့်ပန်မြို့ကို မြို့နယ်အဆင့် ပြန်လည်သတ်မှတ်ပေးရေး ကနဦး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

"အင်းလေးဒေသကို PNO က အုပ်ချုပ်မယ်ဆိုတော့ အင်းပါတီတွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားရာပါကျနော်တို့ကတော့ရှင်းတယ် ရန်သူနဲ့လက်တွတဲ့ ဘယ်အဖွဲ့အစည်းမဆို လက်ခံစရာအကြောင်းမရှိပါ"လို့ အင်းလေးဒေသခံတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အင်းလေးဒေသဟာ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်တွေအတွက် အထူးလည်ပတ်စရာ ဒေသ ဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း ခရီးသွားလုပ်ငန်းအများစု ရပ်ဆိုင်းခဲ့ရပါတယ်။

ဒီကနေ့ ထွက်ရှိတဲ့ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်က အတုဖြစ်တယ်လို့ PNO က ဆိုပါတယ်။

PNO ဟာ ၁၉၉၁ က စစ်တပ်နဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ မှာ လူမျိုးစု လက်နက်ကိုင်တပ် အဖြစ်ကနေ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင်ပြောင်းခဲ့သလို တော်လှန်ရေး အင်အားစုတွေကို စစ်တပ်နဲ့အတူ ပူးပေါင်း တိုက်ခိုက်နေပါတယ်။
🤬359👍1👎1😡1
(အင်းလေးကန်အတွင်း ငါးဖမ်းနေသောဒေသခံတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ –   EPA)
🔥18😡7