တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင် အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။ စစ်တပ်က မေလကုန်နဲ့ ဇွန်လဆန်းမှာ မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းပိုင်းကတဆင့် စစ်မှုထမ်းသင်တန်းဆင်းတွေ ပို့မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အား ၂၀၀၀ နီးပါးရှိနေပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေပါတယ်။ စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း အများအပြားပါဝင်နေပါတယ်။ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ဒရုန်းနဲ့ဗုံးကြဲနေလို့ သေဆုံးသူတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများဆုံးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး EVကား တင်သွင်းပေးမယ့်စနစ်စတင်မယ်လို့ဆို
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးမယ့်ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ)တင်ပြရင် အပ်နှံတဲ့ ယာဉ်အမျိုးအစားအလိုက် သင့်လျော်တဲ့ လျှပ်စစ်သုံးယာဉ် (EV)တစ်စီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်မယ်လို့ သိရပါတယ်။ အစားထိုးတင်သွင်းမယ့် EVယာဉ်အတွက် ကျသင့်မယ့်နိုင်ငံခြားငွေကိုလည်း ဗဟိုဘဏ်က သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ပဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
◾️ကျောက်ကြီးမှာ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၆ရက်က စစ်တပ်ရဲ့ ခလရ(၂၆၄) တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၂လုံးနဲ့ ကျေးရွာအတွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့လို့ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် (၅၂)နှစ်နဲ့ (၆၁)နှစ်အရွယ် အမျိုးသား ၂ဦး တို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ သုံးပြီး အရပ်သား နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။
◾️ပခုက္ကူမှာ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် ပကဖထံ အလင်းဝင်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။ မေလ ၂၈ ရက် မနေ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၂)က စစ်မှုထမ်းတပ်သားသစ် ပြည့်စုံဆိုသူဟာ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE Pakokku ထံသို့ ဆက်သွယ်ပြီး အလင်းဝင်လာကြောင်း အဆိုပါ တပ်ဖွဲ့က အသိပေးပါတယ်။ အဲဒီအလင်းဝင်တပ်သားကို ချုပ်နှောင်တင်းကြပ်ခြင်းမရှိဘဲ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်လို့ COBRA ONE Pakokku တပ်ဖွဲ့က ဆိုပါတယ်။ ခလရ(၂၅၂)တပ်တွင်းမှာ စစ်မှုထမ်းတပ်သားသစ်တွေကို ရခိုင်နယ်ဘက်သို့ ပို့ဆောင်နေပြီး တပ်အင်အားတွေမရှိတော့လို့ ပေါ်တာတွေ အတင်းလိုက်စွဲနေရကာ အတင်းအကြပ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်နေတယ်လို့ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေက ဆိုပါတယ်။

👍23❤3🔥3
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"
‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။
‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။
‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။
‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။
‣ Ad Personalization ကို ပိတ်ပါ။
TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။
တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး

👍22❤4🤮1
အာရက္ခတိုင်းပြည် တည်ဆောက်ရေးနဲ့ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ကြဖို့ AAဖိတ်ခေါ်
■မြောက်ဦးမြို့ပြတည်ဆောက်ရေးအပါအဝင်ဒေသအသီးသီးမှမြေနေရာတိုင်းတာ၊နယ်နိမိတ်ပိုင်းခြားတာ၊လိုအပ်ရင်မြေသိမ်းတာတွေ လုပ်နေတယ်လို့ အသိပေး
■တမျိုးသားလုံးရဲ့ရည်မှန်းချက်ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်းအလိုရောက်လုနီးပြီလို့ AAကြေညာ
မေ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့်ဖို့ မြို့ပြစီမံကိန်းတွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့အမျိုးသားရေးအခြေခံစိတ် တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ် ထားရှိတဲ့ အရင်းခံ စေနတာ စိတ်တွေနဲ့ အရင်ထက် ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
မေလ ၂၉ရက်ညမှာထုတ်ပြန်တဲ့ "အာရက္ခတပြည်လုံးရှိ မြို့ပြစည်ပင်သာယာရေးနဲ့ စနစ်တကျတိုး
တက်ဖွံ့ဖြိုးရေးဆိုင်ရာ ကြေညာချက် "မှာ အခုလို တိုက်တွန်း ဖိတ်ခေါ်ထားတာပါ။
အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်မှာ
အာရက္ခ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားတာ၊ မြို့ပြ စီမံကိန်းတွေ နည်းလမ်းမှန်မှန် ဆောင်ရွက်နိုင်မှု မရှိတာ၊ တည်ဆဲဥပဒေတွေကိုအာဏာပိုင်အဆက်ဆက်များနဲ့ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက လက်တလုံးကြား ဆောင်
ရွက်တာ တွေကြောင့် အာရက္ခဒေသ တခုလုံး ဖွံ့
ဖြိုးတိုးတက်ရေးဟာ စိန်ခေါ်မှု မျိုးစုံကြုံတွေ့ရလျက်ရှိတယ်လို့ ဖော်ပြပါတယ်။
အဲဒီဆိုးမွေးတွေကြောင့်အာရက္ခဒေသတွင်းလူမှုဘ၀ နေထိုင်မှု အဆင့်အတန်း အဖက်ဖက်ကနိမ့်ကျလျက်ရှိနေလို့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရက ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်းမြင့်လာစေဖိုပ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ လူနေထူထပ်တာတွေကို ဖြေရှင်းနိုင်ဖို့၊ မြို့ပြတွေမှာ လမ်းနယ်နိမိတ်အပါအဝင် လမ်းဘေး မြေနေရာတွေ ဥပဒေမဲ့ ကျူးကျော်တာတွေ ထိန်းသိမ်းဖို့ လမ်းတံတား အပါအဝင် မြို့ပြ တည်ဆောက်ရေးလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်ဖို့ မြို့ပြစီမံ
ကိန်း လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။
အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကိုသန့်ရှင်းသပ်ရပ်စွာရေရှည်ထိန်း
သိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး၊ကမ္ဘာ့အမွေ
အနှစ်၊ အာရက္ခ အမွေအနှစ် အဖြစ် တည်တံ့နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြောက်ဦးမြို့ပြတည်ဆောက်
ရေး စီမံကိန်းကိုလည်းဖော်ဆောင်နေကြောင်းဖော်ပြထားပါတယ်။
မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများဟာ မြောက်ဦးအပါအဝင် ဒေသအသီးသီးမှ စီမံကိန်းလျာထား မြေနေရာတွေကွင်းဆင်းတိုင်းတာတာ၊မြေနဲ့ သက်
ဆိုင်သူတွေကို ဖိတ်ခေါ် တွေ့ဆုံ ရှင်းလင်းတာ၊ တဦးချင်းပိုင်ဆိုင်သောမြေဧရိယာကိုတိုင်းတာ အ
တည်ပြု နယ်နိမိတ် ပိုင်းခြားသတ်မှတ်တာ အပြင် အခြေအနေရဲ့ လိုအပ်ချက်အရ ဥပဒေ လုပ်ထုံး
လုပ်နည်းတွေနဲ့အညီမြေသိမ်းဆည်းဖို့ အမိန့်ထုတ်တာ သင့်တင့်တဲ့ လျော်ကြေးပေးတာ စတဲ့ တည်
ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိဟု အသိပေးပါတယ်။
မြောက်ဦးဒေသခံအချို့ကစီမံကိန်းဧရိယာထဲက လယ်ယာမြေတွေကို AAက စီမံကိန်းအတွက်လျော်ကြေးပေးသိမ်းယူတဲ့အခါကာလပေါက်ဈေးအတိုင်းပေးစေချင်တယ်လို့ ပြောပါတယ်။
ကာလပေါက်ဈေး ၁ ဧကကျပ်သိန်း ၅၀၀ ကနေ ၁၀၀၀ ကြားရှိတဲ့ လယ်ယာမြေတွေကို ကျပ်သိန်း ၈၀ ခန့်ပဲပေးလို့ ပြန်လည်ညှိနှိုင်ပေးစေလိုတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင်လက်ရှိဟာ အရက္ခတပြည်လုံးနီးပါး သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နေအထား ရောက်ရှိပြီး တမျိုးသားလုံးရဲ့ ရည်မျန်းချက် ရာနှုန်းပြည့် အောင်မြင်ဖို့ လက်တကမ်း အလို ရောက်လုနီးပြီလို့ AAက အသိပေးထားသလို တပြိုင်တည်းမှာပဲ တော်လှန်ရေး အလုံးစုံ ပြည့်၀ အောင်မြင်မှု ရဖို့အတွက်လည်း ရှေ့တန်းစစ်မျက်နှာမှာ ရန်သူတွေနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဝင်နေကြရာ ရှုံးမဲမဲနေတဲ့ စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်ရာ မြို့ရွာတွေကို လက်နက်ကြီး လေကြောင်းတွေနဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှု ကြား
ထဲမှာပဲ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရဟာ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ ရပ်ရွာ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူထုနဲ့ အတူ လက်တွဲ ကြိုး
ပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့လည်း AAက ထုတ်ပြန်ပါတယ်။

👍37❤8👏3🤣2🥰1
မန္တလေးမြို့ပေါ် လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတချို့ ပြန်ဖွင့်၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့လမ်းကိုဆက်ပိတ်ထား
မေ-၂၉၊၂၀၂၆။ရှိန်း/People's Spring
မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။
မန္တလေးမြို့မှာ လမ်းပိတ်ထားတဲ့ တိုင်းလွှတ် တော်ရှေ့ကဘန်ကာတွေအပါအဝင် ရဲစခန်း တွေရှေ့ကဘန်ကာတွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးအနီးက၂၇လမ်းမတွေကို လမ်းတွေဖွင့်ပေးလိုက်တယ်လို့ မြို့ခံ တွေကပြောပါတယ်။
ဒါပေမယ့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကလမ်းကိုတော့ ယခင်အတိုင်း ဆိုင်ကယ်၊စက်ဘီး အဝင်အထွက်ပိတ်ကာ ကားကိုလည်းတစ်စီးစာသာ ပေးသွားတယ်လို့ မြို့ခံ တွေကပြောပါတယ်။
"ကျန်တဲ့လမ်း တွေပိတ်ရင် လမ်းတပြပဲကွင်းရတာ။ဒီလမ်းကကျ ကွင်းစရာ လမ်းတွေက ၁၀ပြလောက် ဖြစ်ပြီး အ ဝေးကြီးကွင်းရတာ။ဒီနားမှာ ဖြတ်စရာက ဒီတလမ်းပဲရှိတာ။ဒီလမ်းကိုပါ တရုတ်ကပိုင်သလားမသိပါဘူးဗျာ"လို့ မြို့ခံတဦးကပြောပါတယ်။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊အောက်တိုဘာ၁၈ ရက်နေ့မှာ ဗုံးပစ်ခံရပြီးတဲ့ နောက် ယနေ့အထိ လမ်းပိတ်လိုက်တာဖြစ်ပြီး ဂျန်ဘာ တွေလည်းတပ်ဆင်ထားတယ်လို့ မြို့ခံ တွေကပြောပါတယ်။
အဆိုပါလမ်းဟာ မန္တလေးမြို့သစ်ဘက်နဲ့ ကျွဲဆည်ကန် အဝေးပြေးယာဥ်ရပ်နားစခန်းတွေကို သွားရာမှာ အရေးပါတဲ့ လမ်းဖြစ်ပြီး ပိတ်ဆို့ထားတဲ့အတွက် သွားလာရေးအခက်အခဲတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
အိန္ဒိယ ကောင်စီဝန်ရုံး ရှေ့မှာတော့ ဘန်ကာပဲထားပြီး ဖြတ်သန်းခွင့်ပြုတယ်လို့ ဆိုပါတယ်။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ရှေ့မှာ ရဲတွေဟာ လုံခြုံရေး ဂိတ်၃ခုထပ် မနည်းရှိပြီး လမ်းမှာဝင်လာတဲ့ဆိုင်ကယ် တွေကို ငွေကျပ် ၃၀,၀၀၀ကနေ ၅၀၀,၀၀၀အထိ တောင်း လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလားတူ ရန်ကုန်မြို့မှာလည်း အာဏာသိမ်းပြီးကတည်းက စစ်တပ်တပ်စွဲထားလို့ ဖြတ်သန်းခွင့်ပိတ်ထားတဲ့ ရန်ကင်းမြိုနယ်ရှိ စက်မှု ၁ လမ်းအပါအဝင် လမ်းအချို့ကို စစ်တပ်က ပြန်ဖွင့်ပေးထားတယ်လို့ သတင်းရရှိပါတယ်။

🔥18🤮7👍6🤬3❤1