မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ဂျိုရှုအာဗန်
မေ-၂၉၊ ၂၀၂၆။ သုည/People's Spring
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဗန်ရဲ့ လာရောက်လည်ပတ်မှုကို ပရိသတ်အများအပြား ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ဗန်က အားပေးစကား ပြောကြားခဲ့ပါတယ်။
ဗန် ကိုယ်တိုင်ဟာလည်း စစ်ဘေးရှောင်ဒုက္ခသည်ဘဝကနေ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC ရဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
"ကိုယ်တိုင် ဒုက္ခသည် ဘဝကနေ UFC ချန်ပီယံ ဖြစ်လာသူ ဂျိုရှုအာဗန် ရောက်လာလို့ အရမ်းပျော်မိတယ်။ တကယ့်ကို နှလုံးသားလှတဲ့သူပါ။ မမျှော်လင့်ဘဲ အပြင်မှာ ဂုဏ်သရေရှိရှိ တွေ့ရတော့ တကယ်ကျေနပ်မိတယ်" လို့ ဗန်နဲ့ တွေ့ဆုံခွင့်ရခဲ့သူ Sihhmui စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦးက ဆိုပါတယ်။
ဘဝမမေ့၊ ကျေးဇူးသိတတ်၊ ကြင်နာတတ်သော ဂျိုရှုအာဗန် ဒီ့ထက်ပို အောင်မြင်ပါစေလို့လည်း ပရိတ်သတ်အချို့က ဗန့်ကို ဂုဏ်ပြုမှတ်ချက်စကားဆိုခဲ့ပါတယ်။
မေလ ၂၆ ရက်ကလည်း ဗန်ဟာ မလေးရှားနိုင်ငံက ငယ်ဘဝပညာသင်ခဲ့တဲ့ကျောင်းကို သွားရောက်ခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဂျိုရှုအာဗန်ဟာ အသက် ၁၀ နှစ်သား အရွယ်မှာ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို စစ်ဘေးရှောင်ရင်း အဲဒီ ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဗန်ဟာ အဲဒီကျောင်းမှာ ၂ နှစ်ခန့် ပညာသင်ကြားခဲ့ပြီးအသက် ၁၂ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ဒုက္ခသည်အစီအစဉ်နဲ့ ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် UFC ချန်ပီယံဗန်ဟာ ငယ်စဥ်ပညာသင်ခဲ့တဲ့ကျောင်းကို ၁၃ နှစ်အကြာမှ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
မေလ ၂၅ရက်ကလည်း ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေ ခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာ တွေ့ခဲ့ရပါတယ်။
ဂျိုရှုအာဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရတဲ့ ပထမဆုံး အာရှတိုက်က ကစားသမားဖြစ်ပြီး ပထမဆုံးအရှေ့တောင်အာရှဖွား ဖိုက်တာလည်း ဖြစ်ပါတယ်။

❤54👏6🤮3👍2🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မင်းဘူး-အမ်းလမ်းပိုင်းမှာ စစ်တပ်ထောက်ပို့ယာဥ်တိုက်ခိုက်ခံရပြီး စစ်သား ၆ဦး သေဆုံး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ စစ်တပ်ရဲ့ ထောက်ပို့ယာဥ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းဓာတ်ပုံတွေနဲ့အတူထုတ်ပြန်လိုက်ပါတယ်။ မေလ ၂၈ရက်မှာ စစ်တပ်ထောက်ပို့ယာဉ်ကို မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ်တပ်မတော်တို့က မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှု အပြီး ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။ စစ်တပ်ဆီကနေ လက်နက် သုံးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။ စစ်တပ်ရဲ့ထောက်ပို့ယာဥ်ကိုပါ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အခုစစ်ဆင်ရေးဟာ စစ်တပ် စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးမှာ လုပ်ခဲ့တာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
◾️SRFတပ် NUGရဲ့ကွပ်ကဲမှုကို ခံယူပြီး သဘောတူညီမှုရ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။ မေလ၂၈ရက် ညနေက မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းက တာဝန်ရှိသူတွေနဲ့ SRF ဥက္ကဌ ကိုစံတင်ထွန်းအပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံနဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ အပါအဝင် အချက် ၃ချက် သဘောတူညီခဲ့ကြတာပါ။ မင်းကင်းမြို့နယ် ပကဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ SRF ရဲဘော်တွေထဲက ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်တိုင်ကြားခြင်းခံထားရတဲ့ SRF တပ်တော်က ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းသွားဖို့၊ SRFတပ်တော်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ ရဲဘော်တွေအနေနဲ့ NUG အစိုးရရဲ့ COC အမိန့်ပေးကွပ်ကဲမှုအောက်မှာ ဝင်ရောက်ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ သဘောတူညီခဲ့ကြောင်း မင်းကင်းမြို့နယ် ပကဖနဲ့ SRFက ဒီနေ့ မေလ၂၉ရက် မနက်ပိုင်းမှာ ပူးတွဲထုတ်ပြန်ကြေညာပါတယ်။ SRFတပ်တော်နဲ့ မင်းကင်းမြို့နယ်က တော်လှန်ရေးအဖွဲ့တွေရဲ့ ပဋိပက္ခဟာ SRF တပ်တော်ကို ဖြိုခွင်းခြင်းမဟုတ်ဘဲ ပြည်သူတွေက အမှုဖွင့်တိုင်ကြားထားတဲ့ အမှုတွေအရ ကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ကြခြင်းသာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား ပြဿနာတွေပိုမို ကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ရေးသား ဖြန့်ဝေခြင်းက သူတို့ရဲ့ ထင်မြင်ယူဆချက်များသာဖြစ်ပြီး နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီညွတ်ရေးကို ရှေးရှု၍လည်းကောင်း၊ တော်လှန်ရေးတစုံလုံးရဲ့ ညီညွတ်မှုကို ရှေးရှု၍လည်းကောင်း ညီညွတ်ရေးပြိုကွဲစေမယ့် ထုတ်ပြန်ချက်များ၊ အရေးအသားများ ဆက်လက်ထုတ်ပြန်ရေးသားခြင်း မပြုကြဖို့လည်း ပူးတွဲတိုက်တွန်းထားပါတယ်။
◾️လူသတ်မှုကျူးလွန်တဲ့ အထွေထွေအတွင်းရေးမှူးကို ဖမ်းဆီးထားတယ်လို့ CDF ဟားခါး ထုတ်ပြန်

👍22❤3🔥2🥰1👏1
ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို တရားစွဲဖို့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။ အချင်းများရာကနေ လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်းလည်း CDF ဟားခါးက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ လက်ရှိတပ်သားဖြစ်နေတဲ့ ဆလိုင်းဆန်လိန်းနဲ့ ထမင်းချက်စားဖိုမှူး၊ စက်ကြီးမောင်းသူတစ်ဦးတို့က အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်က တားဆီးရာကနေ စကားများပြီး အခုလို ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အချင်းများရာမှာ ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဆလိုင်းဆန်လိန်းက အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို မှောက်လှဲအောင်အထိ ပါးရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တရားရေးရုံးရဲ့ ဖမ်း၀ရမ်းနဲ့ ဖမ်းဆီးနေစဉ် ဆလိုင်းဇာကျုံးလျန်က ဆလိုင်းဆန်လိန်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။ ကျူးလွန်သူကို တရားစွဲဆိုဖို့ ထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားရှိပြီး အထွေထွေအတွင်းရေးမှူး ရာထူးကနေ ရပ်ဆိုင်းလိုက်ကြောင်းလည်း အသိပေးပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှုနဲ့ အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
◾️စစ်တပ် ဒရုန်းနဲ့ဗုံးကြဲလို့ ငါန်းဇွန် ပြည်သူ ၆ဦး သေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့ မေလ ၂၉ရက်အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ၂၇ရက်က ငါန်းဇွန်မြို့ဘက်ကနေ ပျူစောထီးနဲ့ စစ်တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ငါန်းဇွန်-မြင်းမူလမ်း(တာဘောင်)လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး သပြေသာ၊ ငါးလွန့်ရွာတို့ကို ဝင်ပြီး ပစ္စည်းတွေယူကာ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးတွေ လိုက်ချခဲ့တာလို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ပြည်သူတွေဟာ ကုလားရွာနဲ့ ဓာတ်တော်ရွာတို့ကဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ကာကင်းကို ဝင်ပစ်ချိန်မှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာမှာ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၈ရက် မနေ့က ဆုံရွာက ပျူစောထီးတွေဟာ ဖက်ပင်အိုင်ရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်နီ ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပျူစောထီးတွေဟာ ကျေးရွာက နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရဲ့ အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ပြည်သူတစ်ဦးရဲ့ နွားနှစ်ကောင်ကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းမှာလည်း မြင်းခြံမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ မေလ၂၇ ရက်မှာ ကန်ဆင့်ရွာက ဒေသခံတွေရဲ့ ကြက်သွန်နီတွေကို ဖောကား ၄စီးနဲ့ မြင်းခြံမြို့ဘက် တိုက်ထုတ်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။
◾️ပလက်၀မှာ စစ်တပ်က ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံး
ချင်းပြည်နယ်၊ ပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံး လေးလုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၈ ရက် မနက် ၁၁ နာရီ၀န်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲခံရတဲ့နေရာဟာ ဆမီးမြို့နဲ့ ဆယ်မိုင်၀န်းကျင်အကွာ ဆမီး-မတူမီလမ်းပေါ် တည်ရှိတာဖြစ်ပြီး စစ်ဘက်နေရာမဟုတ်ဘဲ အရပ်သားတွေ သွားလာနေတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းမှာ စစ်တပ်က ပလက်၀အပါအ၀င် ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး Y 12 ၊ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေလည်း နေ့စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
◾️မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို အိုက်စလန် ရုတ်သိမ်း

👍18🔥3❤2
အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)က တိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။ ဒီရာထူးခန့်အပ်ခံထားရတဲ့ ခရိုနီကိုကိုလတ်က EU ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေတဲ့ စစ်အုပ်စု တရားမဝင်ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း(MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့နဲ့ စီးပွားရေးအတူ လုပ်ဆောင်နေတဲ့ အသေးစိတ်အကြောင်းအရာတွေကို JFM က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဆီကို မတ်လ ၂၇ ရက်မှာ ပေးပို့ခဲ့ပြီး ရာထူးကနေ ရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို JFMက ကြိုဆိုလိုက်ပြီး ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
◾️ရန်ကုန်-ဒလသမ္မာန် တိမ်းမှောက်မှုဖြစ်ပြီး လူ ၃ဦး ပျောက်ဆုံးနေ
ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ဘက် ကူးသန်းချိန် ဇက်သင်္ဘောနဲ့ တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသမ္မာန်ပေါ်မှာ စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ၉ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂၉ရက် နေ့လယ်ပိုင်းအထိ ပျောက်ဆုံးနေသူ ၃ဦးကို ရှာဖွေနေဆဲလို့ သိရပါတယ်။
◾️မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးနေတဲ့ စစ်သားတချို့ တော်လှန်ရေးတပ်တွေ ဖမ်းမိ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းတုန်းမြို့အနောက်ခြမ်းက ပြောင်းကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၂ဦး ထွက်ပြေးလာရင်း ဖမ်းမိတာလို့ ဆိုပါတယ်။ စစ်သားတချို့ဖမ်းမိမှုမှာ မှန်ကန်တယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူကလည်း အတည်ပြုပါတယ်။ မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ကာ လက်ရှိမှာ ရခိုင်ရိုးမ တောင်ခြေအထိ တပ်ဖြန့်ထားပါတယ်။
◾️ရွှေကူ-ငါးအိုး-မဘိမ်းနယ်တကြော တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်အကြား ရွှေကူ-ငါးအိုး-မဘိမ်းမြို့နယ်တကြောမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မေလ ၂၉ရက် ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ ကချင်နဲ့ စစ်ကိုင်း နေရာဒေသ အချို့မှာ စစ်ရေးတင်းမာနေတယ်လို့လည်း သူကအသိပေးပါတယ်။ KIAနဲ့ ပူးပေါင်းတပ်များရှိရာ ဒေသတွေမှာ လတ်တလော စစ်ရေး အခြေအနေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူ-ငါးအိုး-မဘိမ်း အဲဒီတကြောတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေပြီး ပိုပြီးမှ တိုက်ပွဲပြင်းထန်တဲ့နေရာလို့ ပြောလို့ရကြောင်း ရှင်းပြပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသတွေမှာလည်း စစ်ရေးတင်းမာနေတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ အာဏာသိမ်းစစ်တပ်က အဲဒီလမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာ တွေ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းတကြောမှာ လတ်တလော တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ တိုက်ပွဲတွေရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် ဝိုင်းမော်နဲ့ ဗန်းမော်မြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် စစ်ရေးတင်းမာတဲ့ အနေအထားလို့ ဆိုပါတယ်။
◾️ဖားကန့်ကို စစ်တပ်က စစ်မှုထမ်းဆင်း ၃၀၀၀ ထပ်ပို့ဖို့ စီစဉ်နေ

👍10🔥10❤3
တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင် အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။ စစ်တပ်က မေလကုန်နဲ့ ဇွန်လဆန်းမှာ မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းပိုင်းကတဆင့် စစ်မှုထမ်းသင်တန်းဆင်းတွေ ပို့မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အား ၂၀၀၀ နီးပါးရှိနေပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေပါတယ်။ စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း အများအပြားပါဝင်နေပါတယ်။ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ဒရုန်းနဲ့ဗုံးကြဲနေလို့ သေဆုံးသူတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများဆုံးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး EVကား တင်သွင်းပေးမယ့်စနစ်စတင်မယ်လို့ဆို
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ ထုတ်လုပ်တဲ့ခုနှစ်မှ သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးမယ့်ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ)တင်ပြရင် အပ်နှံတဲ့ ယာဉ်အမျိုးအစားအလိုက် သင့်လျော်တဲ့ လျှပ်စစ်သုံးယာဉ် (EV)တစ်စီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ဆက်စပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်မယ်လို့ သိရပါတယ်။ အစားထိုးတင်သွင်းမယ့် EVယာဉ်အတွက် ကျသင့်မယ့်နိုင်ငံခြားငွေကိုလည်း ဗဟိုဘဏ်က သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ပဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
◾️ကျောက်ကြီးမှာ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၆ရက်က စစ်တပ်ရဲ့ ခလရ(၂၆၄) တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၂လုံးနဲ့ ကျေးရွာအတွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့လို့ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် (၅၂)နှစ်နဲ့ (၆၁)နှစ်အရွယ် အမျိုးသား ၂ဦး တို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ သုံးပြီး အရပ်သား နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။
◾️ပခုက္ကူမှာ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် ပကဖထံ အလင်းဝင်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။ မေလ ၂၈ ရက် မနေ့က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၂)က စစ်မှုထမ်းတပ်သားသစ် ပြည့်စုံဆိုသူဟာ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE Pakokku ထံသို့ ဆက်သွယ်ပြီး အလင်းဝင်လာကြောင်း အဆိုပါ တပ်ဖွဲ့က အသိပေးပါတယ်။ အဲဒီအလင်းဝင်တပ်သားကို ချုပ်နှောင်တင်းကြပ်ခြင်းမရှိဘဲ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားတယ်လို့ COBRA ONE Pakokku တပ်ဖွဲ့က ဆိုပါတယ်။ ခလရ(၂၅၂)တပ်တွင်းမှာ စစ်မှုထမ်းတပ်သားသစ်တွေကို ရခိုင်နယ်ဘက်သို့ ပို့ဆောင်နေပြီး တပ်အင်အားတွေမရှိတော့လို့ ပေါ်တာတွေ အတင်းလိုက်စွဲနေရကာ အတင်းအကြပ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်နေတယ်လို့ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေက ဆိုပါတယ်။

👍23❤3🔥3