People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေစဉ်။ ဓာတ်ပုံ - မင်းကင်း ပကဖ)
👍416👏6🥰1🤮1
မြင်းခြံနယ်မှာ ပျူတွေကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး ထိတ်လန့် သေဆုံး

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People's Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၈ရက် မနေ့က ဆုံရွာက ပျူစောထီးတွေဟာ ဖက်ပင်အိုင်ရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်နီ ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပျူစောထီးတွေဟာ ကျေးရွာက နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရဲ့ အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ပြည်သူတစ်ဦးရဲ့ နွားနှစ်ကောင်ကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းမှာလည်း မြင်းခြံမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ မေလ၂၇ ရက်မှာ ကန်ဆင့်ရွာက ‌‌ ဒေသခံတွေရဲ့ ကြက်သွန်နီတွေကို ဖောကား ၄စီးနဲ့ မြင်းခြံမြို့ဘက်တိုက်ထုတ်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

"ကန်ဆင့်ရွာက ကြက်သွန်အဓိကစိုက်တာဆိုတော့ အိမ်တိုင်းကြက်သွန်တွေရှိကြတယ်။ အဲတာတွေကို ဈေးတက်မှ ရောင်းဖို့ လှောင်ထားကြတာတွေ အကုန်သယ်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ပြီး စစ်ကြောင်းဝင်လာချိန် ပြေးဖို့လုပ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဖမ်းခံရပြီး ရွှေ ၁၅ကျပ်သားနဲ့ ငွေသားတွေကို လုယူသွားကုတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြင်းခြံမြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြို့နယ်က ကျေးရွာတွေကို၂၀၂၅ခုနှစ် ဩဂုတ်ကတည်းက ဆက်တိုက် ပစ္စည်းယူ၊ လုယက်မီးရှို့တာတွေပြုလုပ်နေပြီး ဒီနေ့အထိ ကျေးရွာတွေကို စစ်ကြောင်းထိုးလုယက်နေတာလို့ သိရပါတယ်။
🤬363👎2🔥2😡1
(ပြီးခဲ့တဲ့ ဧပြီအတွင်းက ဖက်ပင်အိုင်ရွာကိုစစ်တပ်မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
🤬37👎2🔥1😡1
မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးနေတဲ့ စစသားတချို့ တော်လှန်ရေးတပ်တွေ ဖမ်းမိ

မေ -၂၉၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မင်းတုန်းမြို့အနောက်ခြမ်းက ပြောင်းကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၂ဦး ထွက် ပြေးလာရင်း ဖမ်းမိတာလို့ ဆိုပါတယ်။

"အခု ရက်ပိုင်းထဲမှာပဲ မိတာ။လက်နက် ပါ၊မပါ တော့ အသေးစိတ် မသိရသေးဘူး"လို့ မင်းတုန်းမြို့နယ်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သားတချို့ဖမ်းမိမှုမှာ မှန်ကန်တယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူကလည်း အတည်ပြုပါတယ်။

"ကြားပါတယ်ဗျ။ သက်ဆိုင်ရာတပ်တွေ မထုတ်ပြန်သေးတော့ ကျနော်တို့ ဖြေလို့မရလို့ပါ"လို့ သူက ပြောပါတယ်။

အခု မေ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ကာလက်ရှိမှာရခိုင်ရိုးမ တောင်ခြေအထိ တပ်ဖြန့်ထားပါတယ်။

သရက်မြို့နယ်အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမ အခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။

ရခိုင်ရိုးမတဝိုက် မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
👍375👏2🥰1😁1
👎21👍6🖕6🥰1👏1😁1
ရန်ကုန်-ဒလသမ္မာန် တိမ်းမှောက်မှုဖြစ်ပြီး လူ ၃ဦး ပျောက်ဆုံးနေ

မေ -၂၉၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မေလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ဘက် ကူးသန်းချိန် ဇာတ်သင်္ဘောနဲ့တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

" မနေ့ည ၇ နာရီလောက်ကဖြစ်တာ။ မော်တင်ဆိပ်ကမ်းကနေ ထွက်လာတာ။ ရေလယ်ရောက်တော့ သဗ္ဗာန်က ဒိုက်တွေနဲ့ငြိပြီး ရပ်သွားတဲ့ အချိန် ဇာတ်သင်္ဘောကလည်း လာတဲ့ အချိန်နဲ့ တိုက်မိတာ။ ဇာက်သင်္ဘောကလည်း အဲဒီချိန်နောက်ဆုံးထွက်တယ့်ဟာ။ သုံးဦးကိုရှာနေတုန်းပဲ။ စက်လှေမောင်းသမားလည်းပါသွားတယ်" လို့ ဖြစ်စဥ်မှာ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

အဆိုပါ သမ္မာန်ပေါ်မှာ စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ၉ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၉ရက် နေ့လည်ပိုင်းအထိ ပျောက်ဆုံးနေသူ ၃ဦးကို ရှာဖွေနေဆဲလို့ သိရပါတယ်။

"ဒလတံတားကြီးဖွင့်ပြီးသော်လည်းYBS ကားတွေက လုံလောက်အောင်လည်းမရှိ။ (၆)နာရီလောက်ဆိုမဆွဲတော့တာကြောင့် ရရာသမ္မာန် တွေတိုးဝှေ့စီးကြရတာပါ။ ည ၇ နာရီခွဲခန့်မှာမှောက်တာလို့ သိရပါတယ်။ သက်ဆိုင်သူများကူညီကြပါ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
😢16🔥112😱2👎1
🔥18👎4😢4
ကျောက်ကြီးမှာ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရ

မေ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

မေလ ၂၆ရက်က စစ်တပ်ရဲ့ ခလရ(၂၆၄) တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၂လုံးနဲ့ ကျေးရွာအတွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခဲ့လို့ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် (၅၂)နှစ်နဲ့ (၆၁)နှစ်အရွယ် အမျိုးသား ၂ဦး တို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ သုံးပြီး အရပ်သား နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ မေလ ၂၆ရက်ကလည်း လယ်ဒိုမြို့နယ် ငဖယ်အင်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူလူထု နေအိမ်နဲ့ နွားလှည်းတွေ နွားတင်းကုတ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေလ ၂၄ရက်ကလည်း KNU အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေယာဉ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၃ဦး သေဆုံးကာ မိန်းကလေးငယ် အပါ၀အင် ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
🤬226👍3🔥3👎2👏1
(မေလ ၂၆ရက်မှာ စစ်တပ်က လယ်ဒိုမြို့နယ် ငဖယ်အင်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🔥16🤬16👎2
ငါးဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၆ဦး သေဆုံး

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People's Spring

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ၂၇ရက်က ငါးဇွန်မြို့ဘက်ကနေ ပျူစောထီးနဲ့ စစ်တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ငါးဇွန်-မြင်းမူလမ်း(တာဘောင်)လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး သပြေသာ၊ ငါးလွန့်ရွာတို့ကို ဝင်ပြီး ပစ္စည်းတွေယူကာ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးတွေ လိုက်ချခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ပြည်သူတွေဟာ ကုလားရွာနဲ့ ဓာတ်တော်ရွာတို့ကဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ကာကင်းကို ဝင်ပစ်ချိန်မှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

"သီတာယုမွန် ပျူတွေ၊ ကွန်မန်ဒိုစစ်ကြောင်း၊ စစ်သားနည်းနည်းနဲ့ ထိုးလာတယ်လို့ သိရတယ်။ အရင်ကတော့ ဒီဘက်ခြမ်းမှာ မကြာခဏတိုက်ပွဲဖြစ်တာရှိတယ်။ အခုလို ရက်ရှည်တပ်စွဲတာတော့ ဒါပထမဆုံးပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာမှာပဲ တပ်စွဲထားဆဲဖြစ်ကာ ပြည်သူအလောင်းတချို့ကိုလည်း မကောက်ယူနိုင်‌ခဲ့ဘူးလို့ သိရပါတယ်။

မေလ ၂၈ရက် မနေ့ကလည်း စစ်တပ်က ရေလည်သောင်ကျေးရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရေလည်သောင်ရွာကို မနေ့က နှစ်စီးကြဲတာ။ စစ်ရှောင်တွေ ရှိတဲ့ဘက်ပေါ့။ မနေ့ကတော့ အထိခိုက်မရှိဘူး”လို့ သူက ဆိုပါတယ်။

လက်ရှိလည်း အဲဒီစစ်ကြောင်းဟာ ကုလားရွာကျေးရွာအုပ်စုကို တပ်စွဲပြီး အနီးနားကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲကာ ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို လုယက်နေတယ်လို့သိရပါတယ်။
🤬425👎2
(ရေလည်သောင်ရွာကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ အသေခံဒရုန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
🤬38👎3🔥1👌1
မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို အိုက်စလန် ရုတ်သိမ်း

မေ-၂၉၊ ၂၀၂၆။ တေဇ/People's Spring

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်း‌တွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)ကတိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။

ဒီရာထူးခန့်အပ်ခံထားရတဲ့ ခရိုနီကိုကိုလတ်က EU ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေတဲ့ စစ်အုပ်စု တရားမဝင်ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့နဲ့ စီးပွားရေးအတူ လုပ်ဆောင်နေတဲ့ အသေးစိတ်အကြောင်းအရာတွေကို JFM က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဆီကို မတ်လ ၂၇ ရက်မှာ ပေးပို့ခဲ့ပြီး ရာထူးကနေ ရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

"အိုက်စလန်နိုင်ငံအနေနဲ့ အဆိုပါ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်မှုကြောင့် တကယ့်ကို ထိခိုက် နစ်နာမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုကို ပေးအပ်ခဲ့တာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ခရိုနီတစ်ဦးကို ကျောထောက် နောက်ခံပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကျွန်ုပ်တို့ကြိုဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်"လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို မေလ ၁၅ ရက်မှာ ရုတ်သိမ်းခဲ့တာလို့ အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ကိုကိုလတ်က ‌MEHL နှင့် MTE တို့နဲ့ စီးပွားရေးဆက်ဆံမှု မရှိကြောင်း ငြင်းဆိုခဲ့ပြီး ၁၁ ပတ်ကြာတာဝန်ထမ်းဆောင်ပြီး‌နောက် ရာထူးကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမမဲ့ JFM ရဲ့ ဒီနေ့ မေလ၂၉ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ခရိုနီကိုကိုလတ်ရဲ့ KK Business Group က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)ဆီကနေ Central Hotel ကို ၁၅ နှစ် ငှားရမ်းလုပ်ကိုင်နေတာကို ၂၀၂၅ ဒီဇင်ဘာလမှာ စစ်တပ်ရဲ့စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ ကိုကိုလတ်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ သွင်းကုန်ခွင့်ပြုမိန့်လျှောက်လွှာနဲ့ အတည်ပြုထားပါတယ်။

ဒါ့အပြင် JFMက ရရှိထားတဲ့ လေလံ မှတ်တမ်း‌တွေအရ KK Business Group က စစ်တပ်ထိန်းချုပ်မှု‌အောက်က မြန်မာ့သစ်လုပ်ငန်းဆီကနေ ၂၀၂၂ ၊ ၂၀၂၃ မှာ ဝယ်ယူခဲ့တဲ့ ကုမ္ပဏီလေးဆယ်ကျော်ထဲမှာ အကြီးမားဆုံး ဝယ်ယူသူဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

"စစ်အုပ်စုထံ တင်သွင်းထားသော K K ကုမ္ပဏီများ၏ စာရွက်စာတမ်းများအရ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)ရှိ ဘဏ်စာရင်းတစ်ခုမှတဆင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။" လို့ JFMက ဆိုပါတယ်။

ဒါကြောင့် ခရိုနီကိုကိုလတ်ရဲ့ KK Business Group ကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါ ၊ သြစတြေးလျနိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ JFMက တောင်းဆိုထားပါတယ်။
27👍18👏6🤣2
(စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ခရိုနီကိုကိုလတ်တို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - JFM)
💩22🖕13🔥4🤣4
မင်းဘူး-အမ်းလမ်းမှာ စစ်တပ်ထောက်ပို့ကားကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်စစ်သား၆ဦးသေ၊ ၃ဦး ဖမ်းမိ

■လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

မေ-၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ စစ်တပ်ရဲ့ ထောက်ပို့ကား တစီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းဓာတ်ပုံတွေနဲ့အတူထုတ်ပြန်လိုက်ပါတယ်။

မေလ ၂၈ရက်မှာ စစ်တပ်ထောက်ပို့ယာဉ်ကို မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု အပြီးမှာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ခဲ့ကြောင်း အသိပေးထားပါတယ်။

တိုက်ပွဲအပြီး စစ်တပ် ထံမှ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံး နဲ့ ၁၂၂ မမ MLRS ရော့ကတ်(၂၈)လုံးသိမ်းဆည်းရရှိခဲ့​ကြောင်း မှတ်တမ်း
ဓါတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။စစ်တပ်ရဲ့ စစ်ကားကိုပါ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အခုစစ်ဆင်ရေးဟာ စစ်ကောင်စီ စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးမှာ လုပ်ခဲ့တာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

NUG ကာကွယ်ရေး ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကလည်း နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအ
ခိုက်များစွာရှိနေကြောင်း မနေ့က မေလ ၂၈ရက်ညပိုင်းမှာ အသိပေးထားပါတယ်။

”စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်
မတန်များပါတယ်။တနေရာ/ နှစ်နေရာမှာဘဲ ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး ။မြန်မာတနိုင်ငံလုံးက စစ်ဂွင်အသီးသီးမှာ ရန်သူဘက်က အကျအဆုံး အထိအခိုက်ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ် ။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့အလက် ၊ အလောင်းတွေဟာ မနည်းပါဘူး” လို့ ဒေါက်တာစိုးသူရဇော်ကပြောပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်
လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့ ၊လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်
လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းထားပါတယ်။
40👏8👍2🤣2🥰1