ဖားကန့်ကို စစ်တပ်က စစ်မှုထမ်းဆင်း ၃၀၀၀ ထပ်ပို့ဖို့ စီစဉ်နေ
မေ-၂၉၊၂၀၂၆။ဇော်ရမ်း/People's Spring
တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။
စစ်တပ်က မေလကုန်နဲ့ ဇွန်လဆန်းမှာ မြစ်ကြီးနား- မိုးကောင်း-ဖားကန့်လမ်းပိုင်းကတဆင့် စစ်မှုထမ်းသင်တန်းဆင်းတွေ ပို့မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
" ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေ ထပ်ပို့မယ်လို့ကြားတယ်။ တော်တော် သေကြအုံးမှာပဲ။ ဖားကန့်ရောက်ရင် ထွက်ပြေးရင်ပြေး၊ မပြေးလည်း မြန်မြန်ဆန်ဆန်လက်နက်ချဖို့ပဲ ပြောချင်တာ"လို့ KPDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်တပ်နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အား ၂၀၀၀ နီးပါးရှိနေပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေပါတယ်။
စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း အများအပြားပါဝင်နေပါတယ်။ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊KPDFက ဒရုန်းနဲ့ဗုံးကြဲနေလို့
သေဆုံးသူတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများဆုံးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၉ရက် ညနေက ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးက စစ်တပ် တပ်စွဲထားတဲ့မျောခြံကို KIA၊KPDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ စစ်တပ်က ၄ဦးသေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ညပိုင်းမှာတော့ မှော်ဝမ်းလေးရွာကို စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ်တွေက နေအိမ်တွေ မီးရှို့လို့ အများအပြားပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးအသုံးပြုပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပါတယ်။
လက်ရှိမှာတိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဆက်စပ်ဒေသ၊ မကွေးတိုင်း ယောဒေသနဲ့ ချင်းပြည်နယ်ဆက်စပ်ဒေသ၊ မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲ၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ(၁၆)အနီးတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင့်တွေအများအပြားသေဆုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်က ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင် မြို့ကြီးတွေမှာ လူငယ်အများအပြားကိုဖမ်းဆီးပြီး စစ်သားစုဆောင်းနေပါတယ်။ စစ်မြေပြင်ကိုအပို့ခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေထံအလင်းဝင်ကြဖို့ အာရက္ခတပ်တော်(AA)က မကြာခဏထုတ်ပြန်တိုက်တွန်းနေပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးအထိအခိုက်များစွာ ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
ဒေါက်တာစိုးသူရဇော်က မေလ ၂၈ရက်ညပိုင်းမှာ နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေ ပြည်သူတွေ သိရှိစေဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့ ၊လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းချက် ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
" စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်မတန်များပါတယ် ။ တနေရာ/ နှစ်နေရာမှာဘဲ ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး ။မြန်မာတနိုင်ငံလုံးက စစ်ဂွင်အသီးသီးမှာ ရန်သူဘက်က အကျအဆုံး အထိအခိုက်ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ် ။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့အလက် ၊ အလောင်းတွေဟာ မနည်းပါဘူး” လို့ ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
တကယ့်စစ်မြေပြင်ရဲ့ အဖြစ်သနစ်ကို ရန်သူကိုယ်တိုင်လည်း ကောင်းကောင်းသိပေမယ့် ပြည်သူလူထုအနေနဲ့ အခြေအနေမှန်ကို သိဖို့ ခက်ခဲနေဟု ပြောပါတယ်။
" အထူးသဖြင့် ရန်သူ့နယ်မြေမှာ ရှင်သန်ရပ်တည်နေရတဲ့ ပြည်သူလူထုဟာ မနီးမဝေးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ နေ့စဉ်ဘာတွေ ဖြစ်နေသလဲဆိုတာ မသိပါဘူး ။ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တရိရိနဲ့ ပျောက်ဆုံးသွားတဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရော ရကြသေးရဲ့လား၊ သူတို့တွေ အိမ်ရော ပြန်လာနိုင်ကြရဲ့လား ၊ စစ်အာဏာရှင်ကတော့ သူတို့အာဏာမစွန့်ရရင်ပြီးရော တတိုင်းပြည်လုံးက လူငယ်တွေကို အသက်စွန့်ခိုင်းနေပါတယ် ။အခုဘဲ လူစု …..အခုဘဲ သင်တန်းပေး…..အခုဘဲ စစ်မြေပြင်လွှတ်ခံလိုက်ရတဲ့ ….ပစတွေနဲ့ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်က အပုံကြီးကွာပါတယ်” လို့ ဒေါက်တာစိုးသူရဇော်က ရှင်းပြပါတယ်။
တကယ့်လက်တွေ့ စစ်မြေပြင်မှာ တော်လှန်ရေးဘက်တော်သားတွေအတွက် ရွေးချယ်စရာမရှိကြောင်း၊ ရန်သူ့ အဓမ္မအမိန့်နာခံပြီး စစ်ချီလာရင် အပြတ်ချေမှုန်းရုံသာရှိကြောင်း ပြောပါတယ်။

🤬30❤2👻2👎1😁1🖕1
မင်းကင်း ပကဖနဲ့ ကျောင်းသားတပ် SRF သဘောထားကွဲလွဲမှု ပြေလည်၊ SRFတပ် NUG အစိုးရကွပ်ကဲမှုခံယူ
မေ-၂၉၊၂၀၂၆။ယောနသံ/People's Spring
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။
မေလ၂၈ရက် ညနေက မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းက တာဝန်ရှိသူတွေနဲ့ SRF ဥက္ကဌ ကိုစံတင်ထွန်းအပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံနဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ အပါအဝင် အချက် ၃ချက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ် ပကဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ SRF ရဲဘော်များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်တိုင်ကြားခြင်းခံထားရသော SRF တပ်တော်က ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွားဖို့၊ SRFတပ်တော်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ ရဲဘော်တွေအနေနဲ့ NUG အစိုးရရဲ့ (COC) အောက်မှာ ဝင်ရောက်ပြီး တော်လှန်ရေးကို ဆက်လက်လုပ်ကိုင်သွားဖို့ သဘောတူညီခဲ့ကြောင်း မင်းကင်းမြို့နယ် ပကဖနဲ့ SRFက ဒီနေ့ မေလ၂၉ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
SRFတပ်တော်နဲ့ မင်းကင်းမြို့နယ်က တော်လှန်ရေးအဖွဲ့တွေရဲ့ ပဋိပက္ခဟာ SRF တပ်တော်ကို ဖြိုခွင်းခြင်းမဟုတ်ဘဲ ပြည်သူတွေက အမှုဖွင့်တိုင်ကြားထားတဲ့ အမှုတွေအရကျူးလွန်သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်ကြခြင်းသာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား ပြဿနာတွေပိုမို ကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ရေးသား ဖြန့်ဝေခြင်းက ၎င်းတို့ရဲ့ ထင်မြင်ယူဆချက်များသာဖြစ်ပြီး နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ညီညွတ်ရေးကို ရှေးရှု၍လည်းကောင်း၊ တော်လှန်ရေးတစုံလုံး၏ ညီညွတ်မှုကို ရှေးရှု၍လည်းကောင်း ညီညွတ်ရေးပြိုကွဲစေမည့် ထုတ်ပြန်ချက်များ၊ အရေးအသားများ ဆက်လက်ထုတ်ပြန်ရေးသားခြင်း မပြုကြဖို့လည်း ပူးတွဲတိုက်တွန်းထားပါတယ်။
SRF ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်မှာ အခြေချတပ်စွဲလာတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ SRFကို ဆရာစံလို့ လူသိများတဲ့ကို စံတင်ထွန်းက ဦးဆောင်ပါတယ်။
လက်ရှိမှာ မင်းကင်းမြို့နယ်၊ ထန်းပင်ချောင်နဲ့အင်ပင်လှ အုပ်စုမှာ တပ်စွဲလှုပ်ရှားနေတာပါ။
SRFဟာ ၎င်းတို့အခြေစိုက်ရာ နယ်မြေဒေသတွေမှာ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရပ်ကျေး(ပအဖ/ပကဖ)များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ပိုင်တရားစီရင်ရေးများနဲ့ စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း၊ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ပြည်သူ တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ လက်နက်ကိုင်ပြီး ပြည်သူတွေကို ညှင်းပန်းနှိပ်စက်ခြင်း စတဲ့ တရားဥပဒေမဲ့လုပ်ဆောင်နေမှုတွေ ရှိနေကြောင်း နစ်နာသူပြည်သူတစ်ဦးချင်းစီက တရားစွဲဆိုတိုင်ကြားလာမှုပေါင်း (၈)ခုကျော်အထိ ရှိခဲ့တယ်လို့လည်း မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မေလ ၂၆ရက်မှာ SRF ဥက္ကဌ ကိုစံတင်ထွန်းနဲ့တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။
ကလေးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မင်းကင်းမြို့နယ်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပြီး ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့ ကျူးလွန်သူတွေကိုအရေးယူနိုင်ရေး ဆောင်ရွက်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
အဓိကတာဝန်ရှိသူကို ဖမ်းမိထားပြီး ကျန်ရှိနေသေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်သလို SRFတပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGအစိုးရ ယန္တရားအောက်မှာ ပူးပေါင်းဆောင်ရွက် ကြဖို့ မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ရက်မှာ ကြေညာခဲ့ပါတယ်။
SRF ကလည်း မေလ ၂၇ရက်ညနေက သတင်းထုတ်ပြန်တာမှာ ၎င်းတို့ရဲ့ သဘောထားနဲ့ စိုးရိမ်မှုတွေကို အသိပေးထားပါတယ်။
မေလ ၂၆ရက်မှာ SRF စစ်ရေးနယ်မြေ ဒေသ(၄)က ပွိုင့်ကုန်းကို မင်းကင်းမြို့နယ် ပကဖက အင်အားသုံး ပစ်ခတ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် ၉ဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသ(၄)မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်ရဲဘော်တွေလည်း တိမ်းရှောင်နေရပြီး အဲဒီရဲဘော်တွေရဲ့မိသားစုဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ဥက္ကဋ္ဌ အပါအဝင်ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနေပြီလို့ ဖော်ပြထားပါတယ်။

👍34❤16🥰1🤮1
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အမှန်တကယ်ညီညွတ်ရေးကို ရှေးရှုပါက မိတ်ဖက် ပဋိပက္ခကို စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါတယ်။ SRF အနေနဲ့ NUG ရဲ့ ကြားဝင်ဖြေရှင်းပေးမှုကို လိုလားလက်ခံပြီး သမာသမတ်ကျတဲ့ နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ဖက်သဘောထားကွဲလွဲပြီး ဆက်ဆံရေးတင်းမာနေချိန်မှာ SRF ရဲဘော်တွေကို စစ်တပ်က ဆက်သွယ်စည်းရုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။မင်းကင်းမောင်မြင့်လိုလူသိများတဲ့ စစ်တပ်အရာရှိ အငြိမ်းစား၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်မြင့်က ဒေသတွင်းမှာ ပြည်သူ့စစ်တွေနဲ့ ပျုစောထီးတွေ ဖွဲ့စည်းထားပါတယ်။
မောင်မြင့်ရဲ့ အစီအစဉ်နဲ့ စည်းရုံးလှုံ့ဆော်မှုတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၀ခန့်ရှိပြီး မြို့ပေါ်နဲ့ကျေးရွာ၃၀ခန့်မှာ စစ်တပ်နဲ့ ပျုစောထီးတွေ ထိန်းချုပ်ထားပါတယ်။
ပြဿနာကို နှစ်ဖက်ပြေလည်အောင်ဖြေရှင်းကြဖို့ဒေသခံတွေကတောင်းဆိုခဲ့ကြပြီး ရက်ပိုင်းအတွင်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
" ဒါက ကျနော်တို့ဒေသခံတွေဖြစ်စေချင်တဲ့ဆန္ဒအမှန်ပဲ။ တော်လှန်ရေးတပ်တွေညီညီညွတ်ညွတ်နဲ့ စစ်တပ်ကိုဖြစ်မှတ်ထားပြီးတိုက်ခိုက်ဖို့ပဲလိုတာပါ"လို့ မင်းကင်းမြို့ခံတစ်ဦးက ပြောပါတယ်။
NUG အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ် ပေါက်လာတဲ့ ဒေသအသီးသီးကတော်လှန်ရေးတပ်ဖွဲ့တွေကို စုစည်းနေပြီး ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်းနေပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ကို စစ်ရေးအရအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဗိုလ်နဂါးကတော့ နောက်လိုက်အချို့နဲ့အတူ စစ်တပ်ထံ အညံ့ခံသွားပါတယ်။
တမူးမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပြီး တမူးခရိုင်ထဲတပ်ရင်း(၆)အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မတ္တရာရာမြို့နယ်က အင်အားကြီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုခံယူခဲ့ပါတယ်။

👍43❤4🤮2🥰1
(မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဆွေးနွေးနေစဉ်။ ဓာတ်ပုံ - မင်းကင်း ပကဖ)
👍41❤6👏6🥰1🤮1
မြင်းခြံနယ်မှာ ပျူတွေကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး ထိတ်လန့် သေဆုံး
မေ-၂၉၊ ၂၀၂၆။ ရှိန်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၈ရက် မနေ့က ဆုံရွာက ပျူစောထီးတွေဟာ ဖက်ပင်အိုင်ရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်နီ ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ပျူစောထီးတွေဟာ ကျေးရွာက နေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရဲ့ အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ပြည်သူတစ်ဦးရဲ့ နွားနှစ်ကောင်ကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ် အရှေ့တောင်ခြမ်းမှာလည်း မြင်းခြံမြို့ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ မေလ၂၇ ရက်မှာ ကန်ဆင့်ရွာက ဒေသခံတွေရဲ့ ကြက်သွန်နီတွေကို ဖောကား ၄စီးနဲ့ မြင်းခြံမြို့ဘက်တိုက်ထုတ်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။
"ကန်ဆင့်ရွာက ကြက်သွန်အဓိကစိုက်တာဆိုတော့ အိမ်တိုင်းကြက်သွန်တွေရှိကြတယ်။ အဲတာတွေကို ဈေးတက်မှ ရောင်းဖို့ လှောင်ထားကြတာတွေ အကုန်သယ်သွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နောက်ပြီး စစ်ကြောင်းဝင်လာချိန် ပြေးဖို့လုပ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဖမ်းခံရပြီး ရွှေ ၁၅ကျပ်သားနဲ့ ငွေသားတွေကို လုယူသွားကုတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြင်းခြံမြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြို့နယ်က ကျေးရွာတွေကို၂၀၂၅ခုနှစ် ဩဂုတ်ကတည်းက ဆက်တိုက် ပစ္စည်းယူ၊ လုယက်မီးရှို့တာတွေပြုလုပ်နေပြီး ဒီနေ့အထိ ကျေးရွာတွေကို စစ်ကြောင်းထိုးလုယက်နေတာလို့ သိရပါတယ်။

🤬36❤3👎2🔥2😡1
(ပြီးခဲ့တဲ့ ဧပြီအတွင်းက ဖက်ပင်အိုင်ရွာကိုစစ်တပ်မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
🤬37👎2🔥1😡1
မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးနေတဲ့ စစသားတချို့ တော်လှန်ရေးတပ်တွေ ဖမ်းမိ
မေ -၂၉၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မင်းတုန်းမြို့အနောက်ခြမ်းက ပြောင်းကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၂ဦး ထွက် ပြေးလာရင်း ဖမ်းမိတာလို့ ဆိုပါတယ်။
"အခု ရက်ပိုင်းထဲမှာပဲ မိတာ။လက်နက် ပါ၊မပါ တော့ အသေးစိတ် မသိရသေးဘူး"လို့ မင်းတုန်းမြို့နယ်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်သားတချို့ဖမ်းမိမှုမှာ မှန်ကန်တယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူကလည်း အတည်ပြုပါတယ်။
"ကြားပါတယ်ဗျ။ သက်ဆိုင်ရာတပ်တွေ မထုတ်ပြန်သေးတော့ ကျနော်တို့ ဖြေလို့မရလို့ပါ"လို့ သူက ပြောပါတယ်။
အခု မေ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ကာလက်ရှိမှာရခိုင်ရိုးမ တောင်ခြေအထိ တပ်ဖြန့်ထားပါတယ်။
သရက်မြို့နယ်အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမ အခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။
ရခိုင်ရိုးမတဝိုက် မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားပါတယ်။
စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။
မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

👍37❤5👏2🥰1😁1
ရန်ကုန်-ဒလသမ္မာန် တိမ်းမှောက်မှုဖြစ်ပြီး လူ ၃ဦး ပျောက်ဆုံးနေ
မေ -၂၉၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့နဲ့ ဒလမြို့ကို ကူးသန်းတဲ့ သမ္မာန်တစ်စီးတိမ်းမှောက်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် လူ ၃ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ မေလ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ဘက် ကူးသန်းချိန် ဇာတ်သင်္ဘောနဲ့တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။
" မနေ့ည ၇ နာရီလောက်ကဖြစ်တာ။ မော်တင်ဆိပ်ကမ်းကနေ ထွက်လာတာ။ ရေလယ်ရောက်တော့ သဗ္ဗာန်က ဒိုက်တွေနဲ့ငြိပြီး ရပ်သွားတဲ့ အချိန် ဇာတ်သင်္ဘောကလည်း လာတဲ့ အချိန်နဲ့ တိုက်မိတာ။ ဇာက်သင်္ဘောကလည်း အဲဒီချိန်နောက်ဆုံးထွက်တယ့်ဟာ။ သုံးဦးကိုရှာနေတုန်းပဲ။ စက်လှေမောင်းသမားလည်းပါသွားတယ်" လို့ ဖြစ်စဥ်မှာ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။
အဆိုပါ သမ္မာန်ပေါ်မှာ စုစုပေါင်း လူ ၁၂ ဦး လိုက်ပါလာခဲ့ပြီး ၉ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၂၉ရက် နေ့လည်ပိုင်းအထိ ပျောက်ဆုံးနေသူ ၃ဦးကို ရှာဖွေနေဆဲလို့ သိရပါတယ်။
"ဒလတံတားကြီးဖွင့်ပြီးသော်လည်းYBS ကားတွေက လုံလောက်အောင်လည်းမရှိ။ (၆)နာရီလောက်ဆိုမဆွဲတော့တာကြောင့် ရရာသမ္မာန် တွေတိုးဝှေ့စီးကြရတာပါ။ ည ၇ နာရီခွဲခန့်မှာမှောက်တာလို့ သိရပါတယ်။ သက်ဆိုင်သူများကူညီကြပါ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

😢16🔥11❤2😱2👎1
ကျောက်ကြီးမှာ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရ
မေ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၆ရက်က စစ်တပ်ရဲ့ ခလရ(၂၆၄) တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၂လုံးနဲ့ ကျေးရွာအတွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့လို့ အသက်(၃၆)နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် (၅၂)နှစ်နဲ့ (၆၁)နှစ်အရွယ် အမျိုးသား ၂ဦး တို့ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ သုံးပြီး အရပ်သား နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ပြည်သူတွေ ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မေလ ၂၆ရက်ကလည်း လယ်ဒိုမြို့နယ် ငဖယ်အင်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူလူထု နေအိမ်နဲ့ နွားလှည်းတွေ နွားတင်းကုတ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မေလ ၂၄ရက်ကလည်း KNU အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေယာဉ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၃ဦး သေဆုံးကာ မိန်းကလေးငယ် အပါ၀အင် ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

🤬22❤6👍3🔥3👎2👏1
ငါးဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၆ဦး သေဆုံး
မေ-၂၉၊ ၂၀၂၆။ ရှိန်း/People's Spring
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ၂၇ရက်က ငါးဇွန်မြို့ဘက်ကနေ ပျူစောထီးနဲ့ စစ်တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ငါးဇွန်-မြင်းမူလမ်း(တာဘောင်)လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး သပြေသာ၊ ငါးလွန့်ရွာတို့ကို ဝင်ပြီး ပစ္စည်းတွေယူကာ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးတွေ လိုက်ချခဲ့တာလို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ပြည်သူတွေဟာ ကုလားရွာနဲ့ ဓာတ်တော်ရွာတို့ကဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ကာကင်းကို ဝင်ပစ်ချိန်မှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
"သီတာယုမွန် ပျူတွေ၊ ကွန်မန်ဒိုစစ်ကြောင်း၊ စစ်သားနည်းနည်းနဲ့ ထိုးလာတယ်လို့ သိရတယ်။ အရင်ကတော့ ဒီဘက်ခြမ်းမှာ မကြာခဏတိုက်ပွဲဖြစ်တာရှိတယ်။ အခုလို ရက်ရှည်တပ်စွဲတာတော့ ဒါပထမဆုံးပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာမှာပဲ တပ်စွဲထားဆဲဖြစ်ကာ ပြည်သူအလောင်းတချို့ကိုလည်း မကောက်ယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။
မေလ ၂၈ရက် မနေ့ကလည်း စစ်တပ်က ရေလည်သောင်ကျေးရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရေလည်သောင်ရွာကို မနေ့က နှစ်စီးကြဲတာ။ စစ်ရှောင်တွေ ရှိတဲ့ဘက်ပေါ့။ မနေ့ကတော့ အထိခိုက်မရှိဘူး”လို့ သူက ဆိုပါတယ်။
လက်ရှိလည်း အဲဒီစစ်ကြောင်းဟာ ကုလားရွာကျေးရွာအုပ်စုကို တပ်စွဲပြီး အနီးနားကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲကာ ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို လုယက်နေတယ်လို့သိရပါတယ်။

🤬42❤5👎2
(ရေလည်သောင်ရွာကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ အသေခံဒရုန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
🤬38👎3🔥1👌1