People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ​ဆားလင်းကြီးဒေသခံပြ​ည်သူတွေ ဆန္ဒပြ

မေ-၂၈၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက "Free All Political Prisoners" ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေဖို့ကို ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့ "Proof of Life" စာသားကိုင်​ဆောင်ပြီး ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့လည်း ဆန္ဒပြခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
34👍12🥰1🤮1🖕1
ဓာတ်ပုံ - ၅/ဆလကလူထုသပိတ်
43👍8🥰3👏2😁1🤮1🖕1
လူမစည်တော့တဲ့ ရန်ကုန် ၁၉ လမ်း

မေ-၂၈၊၂၀၂၆။ရောင်နီ/People's Spring

စစ်တပ်က ရက် ၁၀၀ စီမံချက်ဆိုပြီး ရန်ကုန်မြို့ထဲကလမ်းမတွေပေါ်ကို ဆိုင်ဖွင့်ခွင့်မပေးတာကြောင့် ညဘက်တွေမှာ စည်ကားလေ့ရှိတဲ့ရန်ကုန်မှာလူသိများတဲ့ ၁၉ လမ်းမှာ ခြောက်ကပ်နေပါတယ်။

လမ်းမပေါ်မှာ ဆိုင်ဖွင့်ခွင့်မရတာကြောင့် လမ်းမပေါ်မှာရှင်းလင်းနေပြီး ဆိုင်အများစုမှာလည်း လူ
အနည်းငယ်သာ စားသောက်နေကြတာတွေ့ရပါတယ်။ဆိုင်အများစုက ဝန်ထမ်းတွေက ဧည့်သည်ခေါ်ဖို့ ဆိုင်ရှေ့တွေအထိထွက်နေကြတာကိုလည်း ​တွေ့ရပါတယ်။

လသာမြို့နယ်က၁၉ လမ်းသာမကပဲ ‌လမ်း ၂၀ ဘက်မှာလည်း ည ဦးပိုင်းမှာတင်လူတွေရှင်းလင်းနေတာပါ။လမ်း၂၀ ကနာမည်ကြီးတဲ့ ဆန်ပြုတ်ဆိုင်မှာ လူရှင်းနေသလို အခြားဆိုင်တွေမှာလည်း စားသုံးသူတွေ မရှိပါဘူး။

ရန်ကုန်မြို့မှာ စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲတာနဲ့ လူငယ်တွေကို အဓမ္မဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် လူတွေရှင်းနေတာလည်းဖြစ်နိုင်ပါတယ်။

ရန်ကုန်မြို့မှာ ရက် ၁၀၀ စီမံချက်ခေါင်းစဉ်နဲ့ မြို့နယ်တိုင်းမှာ လမ်းဘေးဈေးဆိုင်တွေကိုလည်း မထွက်ဖို့စစ်တပ်လက်အောက်ခံ စည်ပင်တွေက ဖိအားပေးနေတာပါ။လမ်းဘေးဈေးသည်တွေကို ရှင်းလင်းတာက အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးပြီး စီမံချက်လာချိန်ဆို ဆိုင်တွေ မခင်းပဲ ပြေးနေရတယ်လို့ လမ်းဘေးဈေး
သည်တစ်ဦးကပြောပါတယ်။

ဒါ​ပေမယ့် ပြည်သူအချို့က​တော့ စစ်တပ်လက်​အောက်ခံဌာန​တွေဟာ​နေရာအချို့မှာသာလုပ်ရဲပြီး တရုတ်တန်းလို​နေရာ​တွေမှာ​တော့မလုပ်ရဲဘူးလို့​ပြော​နေကြပါတယ် ။

စစ်တပ်က ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်မှု​အောက်ကမြို့ရွာ​တွေမှာ အခုနှစ်ပိုင်း စည်ကား​ပျော်ရွှင်​နေကြတယ်ဆိုတဲ့ပုံရိပ်ကိုပြသဖို့ ဘုရားပွဲ​တော်​တွေ ၊ဇာတ်ပွဲ​တွေ ၊​ဘောလုံးပွဲ​တွေ ၊အားက
စားပြိုင်ပွဲ​တွေ ၊​ မာရသွန်အ​ပြေးပြိုင်ပွဲ​တွေ စတဲ့​ပျော်ပွဲရွှင်ပွဲ​တွေကို အကြိမ်ကြိမ်လုပ်ခိုင်းခဲ့ပါတယ်။အခုအခါမှာလည်း ရက် ၁၀၀ စီမံချက်ဆိုပြီး ဆိုင်​တွေကိုလမ်း​ပေါ်ထွက်​ရောင်းတာကိုတားမြစ်ပြန်တာဖြစ်ပါတယ်။

ရန်ကုန် ၁၉ လမ်းဟာ ရန်ကုန်မှာညပိုင်းအချိန်​တွေမှာ ပြည်တွင်းသာမက နိုင်ငံခြားသား​တွေပါဘီယာဆိုင်ထိုင်သူ​တွေ ၊ စား​သောက်သူ​တွေနဲ့​ စည်ကား​လေ့တဲ့လမ်းဖြစ်ပြီး အခုလိုစစ်တပ်ကလုပ်တာ​ကြောင့် ရန်ကုန် Night Life ​ပျော်ရွှင်စရာပိုနည်းလာပြီဆို ပြည်သူအချို့ကဆိုပါတယ်။ ဒါ​ပေမယ့်တချိန်တည်းမှာ အခုလပိုင်းအတွင်း ရန်ကုန်မှာ ညမထွက်ရအမိန့်ကိုစစ်တပ်ကရုပ်သိမ်းတယ်ဆိုပြီး ​ပေါ်တာဆွဲတာ​တွေပိုဆိုးဝါးလာလို့ ပြည်သူ​တွေအတွက်ရန်ကုန်ည​တွေဟာ ပိုအန္တရာယ်များလာတယ်လို့ပြည်သူ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အခုအစီအစဥ်အ​ပေါ် စာဖတ်သူ​တွေရဲ့အမြင်ကိုလည်းမှတ်ချက်မှာ ​ဆွေး​နွေးနိုင်ပါတယ် ။
👍298🔥3🖕1
ဓါတ်ပုံ-PS
👍30🔥32😢2
ညောင်ဦးမြိုနယ်ထဲစစ်ကြောင်းထိုးနေတဲ့
စစ်တပ်က တပ်သား ၁ဦးကို PDF ဖမ်းမိ

■စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

မေ-၂၈၊၂၀၂၆။ဒီဒီး/People’s Spring

ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား ၁ဦးကို အရှင်ဖမ်းမိတယ်လို့ Earthquake People’s Defence Force က ထုတ်ပြန်ပါတယ်။

ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်
တပ်က တပ်သား မျိုးထက်ဇော်ကို မေလ ၂၆ရက်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး MA -1 သေနတ် ၁လတ်နဲ့ ကျည် ၁၀၀တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိ
ပေးပါတယ်။

ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်
တပ်က တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ရက်က ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)၊ Popa Production and Guerrila Force (PPGF)၊ညောင်ဦးခရိုင်တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ People Democratic Army(PDA) ၊ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ​ပြောက်ကျား
တပ်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်ကစစ်သား ၇ဦးဟာ လက်နက်​တွေယူပြီးထွက်ပြေးသွားကြတာလို့ ညောင်ဦးပကဖကပြောပါတယ်။အဲဒီနောက် စစ်
တပ်က နောက်ပြန်ဆုတ်ပြီး ကျေးရွာတွေအတွင်း နားနေချိန် စစ်သား ၁၀ ဦးကျော်လောက်ဟာ ထပ်
မံထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။

"ဖမ်းမိတာက တခြားအဖွဲ့တွေကလည်း ဖမ်းမိထားတာ ရှိတယ်။ သတင်းမထုတ်သေးလို့သာ။ တိုက်ပွဲဖြစ်တော့ သူတို့က နောက်ပြန်ပတ်ဆုတ်ပြေးကြတော့ အဲဒီမှာ တခြားတပ်ဖွဲ့တွေက ဖမ်းမိထားတာတွေရှိတယ်"လို့ညောင်ဦးပကဖတာဝန်ရှိသူကပြော
ပါတယ်။

ထွက်ပြေးကြတဲ့ စစ်သားတွေဟာ စစ်မှုထမ်းတပ်
သားသစ်တွေ အများစုဖြစ်တယ်လို့ စုံစမ်းသ်ိရပြီး ၅ ဦးလောက်လို့ မဟာမိတ်တပ်တွေက လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့လည်း ဆက်ပြောပါတယ်။

မေလ ၂၄ရက်က ငါ့သရောက်နယ်မြေ ဖလန်ကန်ကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်
တပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ပုပ္ပါးဒေသဘက်က စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှု လုပ်နေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ညောင်ဦးမြို့နယ်ကို ထပ်မံစစ်ကြောင်းထိုးဖို့ ဒီကနေ့ မေလ ၂၈ရက်မှာ အင်အားဖြည့်တင်းလာတယ်လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

" စစ်တပ်က စစ်ကြောင်းဆက်ထိုးဖို့ ပြင်နေတာ ရှိတယ်။ ဒီနေ့ပဲ ညောင်ဦးမြို့ကို စစ်ကား ၂၁စီးဝင်လာတာ ရှိတယ်။ သူတို့ အင်အားတိုးပြီး ထိုးမယ်ထင်တယ်"လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေး
ရွာတွေ မီးရှို့ဖျက်ဆီးနေပါတယ်။
28👏10👍8🤮4💩1🖕1
👍32🥰3😁2👻2
ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သား ၁ဦးကို PDF က ဖမ်းမိထားစဉ်။ ဓာတ်ပုံ - Earthquake People’s Defence Force
👍23🥰3👻2😁1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာပါဝင်​ပေးကြဖို့ ကင်မ်တိုက်တွန်း

မေ-၂၈၊၂၀၂၆။သတိုး/People's Spring

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

"အခုလာမဲ့ ဇွန်လမှာ ကျွန်တော့်မေမေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
၈၁ နှစ်မြောက်မွေးနေ့ အနေနဲ့ မေမေ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုမှာ ပါဝင်ပေးပါ။ခြေလှမ်း ၈၁၀၀၀ လျှောက်လို့ရပါတယ်။ကီလိုမီတာ ၈၁ ပြေးနိုင်ပါတယ်။မိုင် ၈၁ စက်ဘီးစီးလို့လည်းရပါတယ်။ဒါမှမဟုတ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့နည်းတစ်ခုခုနဲ့ ပါဝင်နိုင်ပါတယ်။"လို့ မေ ၂၈ ရက်ညမှာကင်မ်ကဗီဒီယိုဖိုင်နဲ့တောင်းဆိုထားပါတယ်။

ဇွန် ၁၉ ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက်လူထုလှုပ်ရှားမှုတွေကို ဇွန် ၁ ရက်နေ ၁၉ ရက်အတွင်းပြုလုပ်ဖို့ တောင်းဆိုထားတာပါ။

"အာဏာလုပြီး ငါးနှစ်ကျော်ကြာပြီးနောက်မှာတောင် မေမေသက်ရှိထင်ရှားရှိနေသးရဲ့လား ဆိုတဲ့ လွတ်လပ်စွာ အတည်ပြုထားတဲ့ သက်သေကို တစ်ကမ္ဘာလုံး သိခွင့်မရသေးပါဘူး"လို့ ကင်မ်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဧပြီ ၃၀ ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်
မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်းခဲ့တယ်လို့ သာသတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာထားရှိတယ်ဆိုတာမသိရပါဘူး။ဒါ့အပြင် ဓာတ်ပုံ ၁ပုံသာထုတ်ပြန်ထားပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တလောအခြေအနေကိုလည်း မသိရသေးပါဘူး။

သတ်မှတ်ထားတဲ့နေအိမ်ကိုပြောင်းရွှေ့တဲ့ဆိုတဲ့ထုတ်ပြန်ချက်မှာ ဓာတ်ပုံ ၁ပုံ ပါဝင်ပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ ပြည်သူတွေက Proof Of Life ကမ်ပိန်းကို ဧပြီ ၂၁ရက်ကစတင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။ ဒါပေမယ့်စစ်တပ်ကတော့ တိကျထင်ရှားတဲ့ သက်သေထုတ်ပြခြင်းမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေနေ့မှာလည်းသားဖြစ်သူ ကင်မ်အပါအဝင် ပြည်သူတွေက ၈၀ နဲ့ သက်ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။
👍3715🥰5🤮1🖕1
70👍10🥰3😁2
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍286🤮1
ရွှေကူ-ငါးအိုး-မဘိမ်းနယ်တကြော တိုက်ပွဲပြင်းထန်နေ

▪️ကချင်ဒေသ အခြားနေရာ ၅ခုမှာလည်း စစ်ရေးတင်းမာနေဟု KIA ပြော

မေ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်အကြား ရွှေကူ - ငါးအိုး-မဘိမ်းမြို့နယ်တကြောမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ မေလ ၂၉ရက်မနက်မှာ ပြောကြားခဲ့ပြီး ကချင်နဲ့ စစ်ကိုင်း နေရာဒေသ အချို့မှာ စစ်ရေးတင်းမာနေတယ်လို့ အသိပေးပါတယ်။

KIAနဲ့ ပူးပေါင်းတပ်များရှိရာ ဒေသတွေမှာ လတ်တလော စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူ-ငါးအိုး-မဘိမ်း ဒေသ၊ မန္တလေး-မြစ်ကြီးနားလမ်းမကြီးတကြော ကသာ-နဘား၊ မော်လူး-မော်ဟန်ဒေသ ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသ၊ ဖားကန့်ဒေသနဲ့ အင်းတော်ကြီးဒေသ စစ်ရေး အခြေအနေတွေကို အခုလို ရှင်းပြတာဖြစ်ပါတယ်။

" ကျနော်တို့ ကချင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေကတော့ လောလောဆယ် ရွှေကူ -ငါးအိုး -မဘိမ်း အဲဒီတကြောတဝိုက်မှာ နေ့တိုင်း တိုက်ပွဲ တွေဖြစ်ပါတယ်။ ပိုပြီးမှ တိုက်ပွဲပြင်းထန်တဲ့နေရာလို့ ပြောလို့ရပါတယ်။နောက်တခုကတော့ ကသာ-နဘားပေါ့ မော်လူး-မော်ဟန် အဲဒီ မြစ်ကြီးနား -မန္တလေး လမ်းမကြီး တကြောမှာလည်း စစ်ရေး အခြေအနေကတော့ တင်းမာတဲ့ အနေအထားဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်းတကြောမှာ လတ်လော တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်မှာ တိုက်ပွဲတွေရှိခဲ့တယ်လို့ အသိပေးပါတယ်။

"လွန်ခဲ့တဲ့ သတင်းပတ်လောက်မှာတော့ အဲဒီနေရာမှာ တိုက်ပွဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပတ်မှာတော့ အချင်းချင်း စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကော်မရှင်ဘက်ကလည်း အဲဒီလမ်းတွေကို ပြန်ပြီးမှ ထိန်းချုပ်နိုင်ဖို့အတွက် သူတို့လည်း လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ်ချထားတာတွေ့ရပါတယ်။ တင်းကြပ်ထားတဲ့ သူတို့ လုံခြုံရေးတွေကို KIAနဲ့ တခြားသော ပူးပေါင်း မဟာမိတ်အဖွဲ့တွေ ပေါင်းပြီးမှ ဝင်တိုက်တဲ့ တိုက်ပွဲတွေရှိခဲ့ပါတယ်။ အခုလောလောဆယ်ကတော့ တိုက်ပွဲတော့မရှိဘူး ဒါပေမဲ့ စစ်ရေး အခြေအနေက တင်းမာတဲ့ အနေအထားဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်နဲ့ ဗန်းမော်မြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်တာ မရှိပေမယ့် စစ်ရေးတင်းမာတဲ့ အနေအထားလို့အသိပေးပါတယ်။

" ဝိုင်းမော်ဘက်မှာလည်း သိပ်ပြီးမှ ပြင်းထန်တဲ့ တိုက်ပွဲတော့မရှိပါဘူး။ ဒါပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ နေရာဒေသဖြစ်ပါတယ်။ ဗန်းမော်မှာလည်း အဲဒီလိုပါပဲ သိပ်ပြီးမှ ပြင်းထန်တာ မရှိဘူး။ ဒါပေမဲ့ လက်နက်ကြီး ဒရုန်းတွေနဲ့ KIAနဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာတွေကို ကင်းထောက်ပြီးမှ ပစ်တာတွေရှိပါတယ်။ တခါတလေ သူတို့ အရေးကြီးမယ်လို့ ယူဆတဲ့ ရပ်ကွက်တွေမှာတော့ မြေပြင်ကနေ ထိုးတာတွေရှိပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲမဖြစ်တာ တပတ်ခန့်ရှိပြီလို့လည်း ပြောပြပါတယ်။

“ ဒါပေမဲ့ သူတို့ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ပြီးမှ ပြည်သူလူထုရဲ့ အိုးအိမ်တွေထိခိုက်တာ ခဏခဏ တွေ့ရပါတယ်။ အင်းတော်ကြီးဘက်မှာလည်း ဒီအတိုင်းပါပဲ။ သူတို့ကတော့ စစ်အင်အားတွေ တိုးထားပြီးမှ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းနေပြီး အင်အားအလုံးအရင်းဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေလို့ KIA တပ်မဟာ နယ်မြေ အသီးသီးမှာ စစ်ရေးတင်းမာတာ၊ တိုက်ပွဲဖြစ်ပွားတာတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
👍4011🔥1🥰1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)
35👍8🥰2🔥1🖕1
မဟာအောင်မြေမြို့နယ်က ယာဥ်ထိန်းရဲကင်း မီးလောင်

မေ ၂၉၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၂၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်းမကြီးနဲ့ ၃၅ လမ်းမကြီးထောင့်ရှိ ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ရပ်ကွက်ခံတွေက ပြောပါတယ်။

"ယာဥ်ထိန်းရဲကင်းထဲက စက်ခန်းမီးလောင်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်ရာကို မြို့ပေါ်မီးသတ်စခန်းတွေက မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပြီး ဘေးဝန်းကျင် နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို မီးကူးစက်တာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မီးသတင်းတွေကို ဖော်ပြနေတဲ့ မီးသတ်ဦးစီးဌာနကတော့ အဆိုပါ ယာဥ်ထိန်းရဲကင်းမီးလောင်တဲ့သတင်းကို ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
👏38🤣95👍2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-ဒေသခံ လူမှုကွန်ရက်သုံးစွဲသူ
🤣36👍10👏31🔥1