ရွှေဘိုခရိုင် ၊အမှတ် (၉၇၀၆)တပ်ရင်း ၊ တပ်ရင်းမှူးကိုလကျာ်ကလည်း “ ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်း သူတို့နောက်ကနေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။ သန္ဓေ စကစ စစ်သားနဲ့ အခုကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ကလည်း စစ်တပ်က အင်အားအများအပြား အသုံးပြု စစ်ကြောင်းထိုးတာတွေက အင်အားတွေ လိုသလောက်စုရတယ်ဆိုတဲ့ အတွေးနဲ့ လုပ်နေတာလို့လည်း သုံးသပ်ပါတယ်။
“ ပေါ်တာ ဆွဲ ရတယ်ဆိုတဲ့ မျှော်မှန်ချက်တွေ နဲ့ အသေခံ တက်ခိုင်းထိုးခိုင်းနေကြတာပါ ဒီထဲမှာမလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ၊လည်တဲ့ပါးတဲ့သူဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချ အဲ့တာ ဆို သူတို့အတွက် အခွင့် အလမ်းတွေ ရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်၊”လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို ခွဲခြားဆက်ဆံတာ၊ တိုက်ပွဲတွေမှာ ရှေ့တန်းက အသေခံတိုက်ပွဲဝင်ခိုင်းတာ၊ ရှေ့တက်ဖို့ ငြင်းဆန်ရင် ပစ်သတ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တာတွေရှိတယ်လို့ စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားတွေက ပြောပြထားပါတယ်။

❤28👏10👍4🥰2🖕2
(သရက်ကန်ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ၊ ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေတိုက်ပွဲအတွင်း စစ်တပ်အထိနာပြီးကျန်ခဲ့တဲ့ စစ်အသုံးအဆောင်တွေ။ ဓာတ်ပုံ - Magway People's Defence Force - Magway PDF၊ ညောင်ဦး ပကဖ)
👍38❤12🖕3👏2🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တွေမှာ ရိုဟင်ဂျာအပါအဝင် ဒေသခံတွေကို စစ်တပ် အဖမ်းကြမ်းနေ
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး သီတင်းနှစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေမှာ ရိုဟင်ဂျာ ၁၃ ဦး၊ ရခိုင်လူငယ် ၃ ဦးတို့ပါဝင်ပြီး ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကနေ မေလ ၂၇ ရက်အတွင်း စစ်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ညဘက်တွေမှာ ALPနဲ့ စစ်တပ်က ကားနဲ့ တမြို့လုံးပတ်ပြီး ဧည့်စာရင်းစစ်၊ ဖမ်းဆီးတာတွေလုပ်နေတာလို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာနေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ အသက် (၆၀)ဝန်းကျင်အရွယ် ဖခင်ဖြစ်သူနဲ့ အသက် (၂၀)ဝန်းကျင်အရွယ်သားဖြစ်သူတို့ဖြစ်ပြီး နာမည်တွေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နဲ့ ၂၄ ရက်တို့ကလည်း စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ သက်ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၄ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်တပ်ဟာ အင်အားအများအပြားနဲ့ ဒုက္ခသည်စခန်းနေအိမ်ထဲအထိ အင်အားသုံးဝင်ရောက်ပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
◾️ဗိုလ်ချုပ်ကြီးယွက်စစ် နန့်စန်ဒေသခံတွေနဲ့ တွေ့ဆုံချိန် စစ်တပ်တိုက်လေယာဥ် အနီးကပ်ပျံသန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ မေလ ၂၇ရက် မနေ့က မနက် ၁၀နာရီမှာ ဝမ့်နန်းကျေးရွာကို ရောက်နေတဲ့ RCSS ဥက္ကဋ္ဌနဲ့ အဖွဲ့ကို တိုက်လေယာဉ် တစင်းနဲ့ အနီးကပ် ပျံသန်းမှု ခြောက်ကြိမ်ပြုလုပ် ခြိမ်းခြောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ စစ်တပ်က လေ့ကျင့်ပျံသန်းမှုလို့ ပြန်လည်ချေပ ပြောဆိုချက်တွေ ကြားသိရပေမယ့် လက်တွေ့မှာ လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်လုံးဝမရှိဘဲ တမင် သက်သက်ခြိမ်းခြောက်မှုကို ပြသသော စော်ကားပျံသန်းမှုတရပ်မျှသာဖြစ်ကြောင်း မျက်မြင်များက ပြောဆိုကြတယ်လို့ RCSS သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ RCSS ဥက္ကဋ္ဌဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာ စေတီထီးတော်တင်ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ ဝမ့်နန်းရွာကို မေလ ၂၆ရက်ကတည်းက ရောက်ရှိလာတာလို့ ဆိုပါတယ်။
◾️စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ်
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။ သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ မကြာခင်သွားရောက်မယ့် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဥ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲများဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဥ် ဖြစ်လာမှာပါ။ အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်အကောင်အထည်ဖော်သူက ထုတ်ပြန်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရဆီ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီဖို့၊ ဒီမိုကရက်တစ်စံတန်ဖိုးတွေနဲ့အတူ အိန္ဒိယက ဆက်လက်ရပ်တည်လိမ့်မယ်လို့ မြန်မာပြည်သူတွေက ရိုးသားစွာ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။
◾️စစ်မြေပြင်မှာ စစ်တပ်အကျအဆုံးများနေတယ်လို့ PDF စစ်ရုံးချုပ်တာဝန်ရှိသူပြော

👍16🔥7❤1
နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအခိုက်များစွာရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။ ဒေါက်တာစိုးသူရဇော်က ဒီနေ့ မေလ ၂၈ရက် ညပိုင်းမှာ နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေ ပြည်သူတွေ သိရှိစေဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့၊ လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းချက်ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ တကယ့်စစ်မြေပြင်ရဲ့ အဖြစ်သနစ်ကို ရန်သူကိုယ်တိုင်လည်း ကောင်းကောင်းသိပေမယ့် ပြည်သူလူထုအနေနဲ့ အခြေအနေမှန်ကို သိဖို့ ခက်ခဲနေကြောင်း ပြောပါတယ်။
◾️ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတံတား ပြန်ဖွင့်
တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကို ဒီနေ့ မေလ ၂၈ ရက် မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ မြ၀တီမြို့ခံတွေက ပြောပါတယ်။ နယ်စပ်ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနေတဲ့ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက အာဏာသိမ်းမြန်မာစစ်ကောင်စီဘက်က တဖက်သတ်ပိတ်ခဲ့တာပါ။ ဒီနေ့ မနက်၁၀နာရီခွဲမှာ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်ခြမ်းက ဖွင့်လှစ်လိုက်ပြီး ထိုင်းကုန်ကားတချို့လည်း မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်ဂိတ်ကို ဖြတ်သန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ မြ၀တီက ကုန်သည်တစ်ဦးနဲ့ မြို့ခံတွေရဲ့ပြောဆိုချက်အရ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်တွေ ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ထိုင်းဘက်က ဝင်ရောက်လာတဲ့ကုန်တင်ကားတွေကို မြန်မာဘက်ခြမ်း နယ်စပ်ဂိတ်က ပစ္စည်းစစ်တာ၊ ဓာတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
◾️ACC ရှယ်ယာတွေကို မြန်မာစစ်တပ်လက်နက်ပွဲစား ဝယ်ယူဖို့ကိစ္စ ထိုင်း ဆိုင်းငံ့
မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ACCက ရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။ ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူတဲ့အသိပေးစာအတွင်း ACC ရဲ့ ရှင်းလင်းတင်ပြ၊ ထုတ်ဖော်ပြောဆိုချက်တွေမှာ အရေးပါတဲ့ အချက်အလက်များ ပါဝင်နေခြင်း မရှိတဲ့အပြင် အရင်းအနှီးဈေးကွက်ကွပ်ကဲရေးဘုတ်အဖွဲ့ရဲ့ အသိပေးထုတ်ပြန်ချက်ပါ သတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီမှု မရှိနေကြောင်း SECက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ် လက်နက်ပွဲစား ကျော်မင်းဦးရဲ့Sky Aviator ကွန်ရက် ကုမ္ပဏီတွေကို ACC ရဲ့ ရှယ်ယာရှင်အစည်းအဝေးက ရှယ်ယာရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် JFM က ACC ၊ SEC ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD)တို့ဆီကို ကျော်မင်းဦးရဲ့ Sky Aviator ကွန်ရက်အကြောင်းနဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေကို သတိပေးစာပေးပို့ခဲ့ပြီးနောက် အခုလို SECက ဆိုင်းငံ့ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ACC ဘက်က သူတို့အနေနဲ့ ရှယ်ယာဝယ်ယူမှုအတွက် ငွေပေးချေမှုတွေကို လက်ခံထားပြီး လက်ရှိအချိန်မှာ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်နဲ့ ကုမ္ပဏီရဲ့ မ,တည်ရင်းနှီးငွေ တိုးမြှင့်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

👍27❤5🔥2
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆားလင်းကြီးဒေသခံပြည်သူတွေ ဆန္ဒပြ
မေ-၂၈၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေက "Free All Political Prisoners" ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေဖို့ကို ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့ "Proof of Life" စာသားကိုင်ဆောင်ပြီး ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့လည်း ဆန္ဒပြခဲ့ပါတယ်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

❤34👍12🥰1🤮1🖕1
လူမစည်တော့တဲ့ ရန်ကုန် ၁၉ လမ်း
မေ-၂၈၊၂၀၂၆။ရောင်နီ/People's Spring
စစ်တပ်က ရက် ၁၀၀ စီမံချက်ဆိုပြီး ရန်ကုန်မြို့ထဲကလမ်းမတွေပေါ်ကို ဆိုင်ဖွင့်ခွင့်မပေးတာကြောင့် ညဘက်တွေမှာ စည်ကားလေ့ရှိတဲ့ရန်ကုန်မှာလူသိများတဲ့ ၁၉ လမ်းမှာ ခြောက်ကပ်နေပါတယ်။
လမ်းမပေါ်မှာ ဆိုင်ဖွင့်ခွင့်မရတာကြောင့် လမ်းမပေါ်မှာရှင်းလင်းနေပြီး ဆိုင်အများစုမှာလည်း လူ
အနည်းငယ်သာ စားသောက်နေကြတာတွေ့ရပါတယ်။ဆိုင်အများစုက ဝန်ထမ်းတွေက ဧည့်သည်ခေါ်ဖို့ ဆိုင်ရှေ့တွေအထိထွက်နေကြတာကိုလည်း တွေ့ရပါတယ်။
လသာမြို့နယ်က၁၉ လမ်းသာမကပဲ လမ်း ၂၀ ဘက်မှာလည်း ည ဦးပိုင်းမှာတင်လူတွေရှင်းလင်းနေတာပါ။လမ်း၂၀ ကနာမည်ကြီးတဲ့ ဆန်ပြုတ်ဆိုင်မှာ လူရှင်းနေသလို အခြားဆိုင်တွေမှာလည်း စားသုံးသူတွေ မရှိပါဘူး။
ရန်ကုန်မြို့မှာ စစ်မှုထမ်းအကြောင်းပြ ပေါ်တာဆွဲတာနဲ့ လူငယ်တွေကို အဓမ္မဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် လူတွေရှင်းနေတာလည်းဖြစ်နိုင်ပါတယ်။
ရန်ကုန်မြို့မှာ ရက် ၁၀၀ စီမံချက်ခေါင်းစဉ်နဲ့ မြို့နယ်တိုင်းမှာ လမ်းဘေးဈေးဆိုင်တွေကိုလည်း မထွက်ဖို့စစ်တပ်လက်အောက်ခံ စည်ပင်တွေက ဖိအားပေးနေတာပါ။လမ်းဘေးဈေးသည်တွေကို ရှင်းလင်းတာက အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးပြီး စီမံချက်လာချိန်ဆို ဆိုင်တွေ မခင်းပဲ ပြေးနေရတယ်လို့ လမ်းဘေးဈေး
သည်တစ်ဦးကပြောပါတယ်။
ဒါပေမယ့် ပြည်သူအချို့ကတော့ စစ်တပ်လက်အောက်ခံဌာနတွေဟာနေရာအချို့မှာသာလုပ်ရဲပြီး တရုတ်တန်းလိုနေရာတွေမှာတော့မလုပ်ရဲဘူးလို့ပြောနေကြပါတယ် ။
စစ်တပ်က ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ကမြို့ရွာတွေမှာ အခုနှစ်ပိုင်း စည်ကားပျော်ရွှင်နေကြတယ်ဆိုတဲ့ပုံရိပ်ကိုပြသဖို့ ဘုရားပွဲတော်တွေ ၊ဇာတ်ပွဲတွေ ၊ဘောလုံးပွဲတွေ ၊အားက
စားပြိုင်ပွဲတွေ ၊ မာရသွန်အပြေးပြိုင်ပွဲတွေ စတဲ့ပျော်ပွဲရွှင်ပွဲတွေကို အကြိမ်ကြိမ်လုပ်ခိုင်းခဲ့ပါတယ်။အခုအခါမှာလည်း ရက် ၁၀၀ စီမံချက်ဆိုပြီး ဆိုင်တွေကိုလမ်းပေါ်ထွက်ရောင်းတာကိုတားမြစ်ပြန်တာဖြစ်ပါတယ်။
ရန်ကုန် ၁၉ လမ်းဟာ ရန်ကုန်မှာညပိုင်းအချိန်တွေမှာ ပြည်တွင်းသာမက နိုင်ငံခြားသားတွေပါဘီယာဆိုင်ထိုင်သူတွေ ၊ စားသောက်သူတွေနဲ့ စည်ကားလေ့တဲ့လမ်းဖြစ်ပြီး အခုလိုစစ်တပ်ကလုပ်တာကြောင့် ရန်ကုန် Night Life ပျော်ရွှင်စရာပိုနည်းလာပြီဆို ပြည်သူအချို့ကဆိုပါတယ်။ ဒါပေမယ့်တချိန်တည်းမှာ အခုလပိုင်းအတွင်း ရန်ကုန်မှာ ညမထွက်ရအမိန့်ကိုစစ်တပ်ကရုပ်သိမ်းတယ်ဆိုပြီး ပေါ်တာဆွဲတာတွေပိုဆိုးဝါးလာလို့ ပြည်သူတွေအတွက်ရန်ကုန်ညတွေဟာ ပိုအန္တရာယ်များလာတယ်လို့ပြည်သူတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အခုအစီအစဥ်အပေါ် စာဖတ်သူတွေရဲ့အမြင်ကိုလည်းမှတ်ချက်မှာ ဆွေးနွေးနိုင်ပါတယ် ။

👍29❤8🔥3🖕1