ဒီအဖွဲ့ဟာ ၆ကောင်ဂျင်(ပုံဝိုင်း)တွေ အများဆုံးရှိတဲ့ အောင် မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်မှာ ရုံးအထိုင်ပုံစံမျိုး နေအိမ်တခုရှိပြီး အဲဒီနေရာကို စုရပ် သဘောမျိုးနေထိုင်တယ်လို့ သိရပါတယ်။
ဒီလိုလူတွေစုပေါင်းပြီးဥပဒေမဲ့လူမိုက်ဂိုဏ်းအဖြစ်
ဖွဲ့စည်းပြီးဒုစရိုက်လုပ်ငန်း တွေလုပ် နေမယ့် စစ်
တပ်ကအရေးယူခြင်းမရှိပါဘူး။
စစ်တပ်အရာရှိအကြီးပိုင်းနဲ့ ညိတဲ့ မြေယာကိစ္စလောက်ကိုသာ လက်ဝါးချင်းရိုက်အရေးယူခဲ့ပြီး
ဒီလူတွေဟာအကျဉ်းထောင်ထဲမှာလည်း အခွင့်ထူးခံဖြစ်နေပြန်ပါတယ်။ ထောင်ကျတဲ့ပျူတွေကလည်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ပေါင်းပြီး နေရာရောင်းစားတာ ၊နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်တာ လုပ်နေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူအချို့ကပြောပါတယ်။
ဒီပျူအုပ်စုတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာတွေကို လစဉ်ပြုလုပ် နေပြီး ယခုလည်း မန္တလေးမြို့က လမ်းတွေပေါ်မှာ လိုင်စင်မဲ့ကားနဲ့ ဆက်
တိုက်ပေါ်တာဆွဲတာတွေထပ်မံပြုလုပ်နေပါတယ်။
စစ်တပ်ရဲ့အစေခံ ပျူစောထီးတွေ နဲ့ပတ်သက်လို့
စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးက "တိုင်းပြည်က တဖြေးဖြေးနဲ့ကြောက်စရာကောင်းလာပြီ။ မြို့ပြမှာ အာဏာရှင်လက်
သပ်မွေးထားတဲ့လူဆိုးလူမိုက်သူခိုးဂျပိုးကောင်တွေက ပရဟိတသမားတွေသယောင် သူတော်
ကောင်းတွေဖြစ်လို့ လူမိုက်ကွန်ယက်တွေချိတ်
ဆက်ပြီး ခြိမ်းခြောက်မိုက်ကြေးခွဲပြနေကြတဲ့ ခေတ်ကိုရောက်နေပြီ။ ကျနော်တို့က စစ်အာ
ဏာရှင်ကိုတော်လှန်ရတာတမျိုး သူတို့ရဲ့လက်
ပါးစေ လူဆိုးလူမိုက်သူခိုးဂျပိုးတွေပါ မနှိမ်နင်းနိုင်ရင်တော့ ပြည်သူတွေဘဝက မတွေးရဲစရာပါပဲ"လို့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ။

🔥19🤮5❤3👍3
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြပေးဖို့ ဗြိတိန်ရောက်မြန်မာတွေဆန္ဒထုတ်ဖော်
မေ-၂၈၊၂၀၂၆။ သုည/People's Spring
ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့မှာ ဗြိတိန်ရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို မေ ၂၆ရက်က ပြုလုပ်ခဲ့ပါတယ်။
"PROOF OF LIFE" လှုပ်ရှားမှုကို လန်ဒန်မြို့ရှိ မြန်မာစစ်သံရုံး၊ ထိုင်းသံရုံး နဲ့ ရုရှားသံရုံးရှေ့တို့မှာ ဆန္ဒပြခဲ့ပြီး Myanmar Unity Movement အဖွဲ့က ဦးဆောင်ကာ ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
"ငါတို့အမေ ငါတို့ပိုင်တယ်ငါတို့အမေငါတို့ပြန်ပေး ငါတို့အမေ ငါတို့ပြန်ရအောင်ယူမယ်"ဆိုတဲ့ ကြွေး
ကြော်သံတွေနဲ့ ဗြိတိန်ရောက်မြန်မာတွေကက တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက "Proof of Life Right Now" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေပြပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် မြန်မာစစ်အုပ်စုအား နိုင်ငံ
တကာက ဖိအားပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း နဲ့ ရုရှား နိုင်ငံအနေနဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အသက်ဆက်ရန်ကြိုးစားနေမှုကို ဆန့်ကျင်ကန့်ကွက်ရန်၊ ထိုင်းရောက် ခေတ္တခိုလှုံရာ မြန်မာတွေအတွက် စာနာနားလည်မှုရှိနေပေးရန်နဲ့ စစ်အုပ်စုကို ထောက်ပံ့ပြုနေခြင်းကို အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီနေမှု ရပ်တန့်စေဖို့ရန် တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

👍43❤7🥰2😁2🖕2
စစ်တွေမှာ ရိုဟင်ဂျာအပါအဝင် ဒေသခံတွေကို စစ်တပ် ဖမ်းဆီးမှုကြမ်းနေ
၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်းရှိပြီ
မေ ၂၈၊ ၂၀၂၆ ။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရိုဟင်ဂျာ ၁၃ ဦး၊ ရခိုင်လူငယ် ၃ ဦးတို့ပါဝင်ပြီး ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကနေ မေလ ၂၇ ရက်ထိ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“မနေ့က မင်းဂံမှာ သားဖနှစ်ယောက်အဖမ်းခံရတယ်။ ဘေးတွဲမောင်းစားနေတဲ့ မိသားစုတွေ။ အဲဒါ အိမ်ကို ဝင်ဖမ်း တာ။ အခုနောက်ပိုင်းအဖမ်းအဆီးတွေ အရမ်းများလာတယ်။ ညဆိုရင် လဗွီ(ALP)နဲ့ စစ်တပ်ကကောင်တွေ ကားနဲ့ တမြို့လုံးပတ်ပြီး ဧည့်စာရင်းစစ်တယ်၊ ဖမ်းတယ်လုပ်နေတာ” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့က မေလ ၂၇ ရက် ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ အသက် (၆၀)ဝန်းကျင်အရွယ်ဖခင်ဖြစ်သူနဲ့ အသက် (၂၀)ဝန်းကျင်အရွယ်သားဖြစ်သူတို့ဖြစ်ပြီး နာမည်တွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နဲ့ ၂၄ ရက်တို့ကလည်း စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ သက်ကယ်ပြင် ရို ဟင်ဂျာဒုက္ခသည်စခန်းတို့မှာနေထိုင်တဲ့ ရိုဟင်ဂျာ ၄ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်တပ်ဟာ အင်အားအများအပြားနဲ့ ဒုက္ခသည်စခန်းနေအိမ်ထဲထိ အင်အားသုံးဝင်ရောက်ပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီး သွားခဲ့တာပါ။
“မူဆလင်တွေကို အငြိုးထားတယ်။ မတရားဝင်ဖမ်းတယ်။ အရင်တုန်းကလည်းက အဖမ်းခံရတဲ့သူတွေ အခုထိ ပြန်မလွှတ်။ တခါတည်း စစ်တပ်ကို ပို့ထားတယ်။ တရားရုံးလည်း မတင်ဘူး။ လူငယ်ပိုင်းတွေဆိုရင် စစ်မှုထမ်းပို့ တယ်” လို့ စစ်တွေမြို့ သက်ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အတွင်းမှာလည်း စစ်တွေမြို့နယ် ဒါးပိုင်၊ အုန်းတောကြီးရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် ၉ဦးကိုလည်း ဖမ်းဆီးသွားကာ အခုထိ ပြန်မလွှတ် သေးပါဘူး။
အလားတူပဲ မေလ ၂၁ ရက်ကလည်း စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က ရခိုင်လူငယ် ၁ဦးဖြစ်တဲ့ ကိုချစ်လှိုင်ဆို သူကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃နှောင်းပိုင်းကတည်းက စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာမှ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ရာချီကို ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ဆက် တိုက်လုပ်လာခဲ့တာဖြစ်ပြီး အချို့ကို တရားရုံးတင်အမှုဖွင့်ပေမယ့် အချို့ကိုတော့ စစ်သင်တန်းပေး၊ ရှေ့တန်းပို့တာ တွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာတွေအများစုပါဝင်ပြီး ရခိုင်ဒေသတိုက်ပွဲစဖြစ်ချိန်ကနေအခုထိ စစ်တွေမြို့နယ် အတွင်းမှ အသက်မပြည့်သေးသူတွေအပါအဝင် ဖမ်းဆီး၊ စစ်မှုထမ်းပို့ခံရတဲ့ ရိုဟင်ဂျာတရာကျော်ရှိပြီလို့ စစ်တွေ မြို့ ဘုမေရပ်ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ် ၁ဦးက သူသိထားတဲ့အချက်အလက်တွေကို ပြောပြပါတယ်။
“ဖမ်းရင်လည်း ဘာကြောင့်ဖမ်းတယ်ဆိုတာ ပြောပြရမယ်။ ဥပဒေမဲ့လုပ်လို့မရဘူး။ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူ တွေကိုဆိုရင် စစ်တပ်က အခွင့်အရေးတွေပေးထားတယ်။ သူတို့နဲ့ မပေါင်းတဲ့သူတွေကို ဖမ်းတယ်။ ငါးဖမ်းခွင့်တွေ တောင် မပေးဘူး။ ငတ်နေကြတာ စစ်တွေက ရိုဟင်ဂျာတွေက” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ကျားမသောက်တပ်ရင်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တွေမြို့ပေါ်မှာလည်း ညမထွက်ရအမိန့်ထုတ်ထားကာ စစ်ကားတွေနဲ့ ညစဉ်ညတိုင်း ကင်းလှည့်၊ စစ်ဆေး၊ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ခြံစည်းရိုးကာရံထားတဲ့ စစ်တွေမြို့ ကမ်းနားလမ်းမှာလည်း ဘန်ကာတွေ ဆောက်နေပြီး မြို့ပတ်လည် မြစ်၊ ချောင်းကမ်းစပ်တွေမှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပါတယ်။ အာဏာ သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ သိမ်းပိုက်ခံရပြီးနောက် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ ဦးကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရွာသားတရာကျော်ကို အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ စစ်တွေမြို့အနီးပတ်လည်က ကျေးရွာပေါင်း ၂၀ဝန်းကျင်ကိုလည်း ဖျက်ဆီး၊ လူတွေ နှင်ထုတ်ပြီးနောက် စစ်စခန်းလုပ်ထားပါတယ်။

🤮21🤬12❤7👍3👎1🔥1👏1
●အမှားပြင်ဆင်ချက်
People's Spring သတင်းဌာနက မေလ ၂၈ ရက်မနက်ပိုင်းမှာ "KIA ကို စိန်ခေါ်ထားတဲ့ ဝါရာ
ဇွပ်ပြည်သူ့စစ်တပ်သားကို KIA အရှင်ဖမ်းဆီး"
ဆိုပြီး သတင်းမှားကိုဖော်ပြမိခဲ့ပါတယ်။ သတင်းမှားယွင်းဖော်ပြမှုအတွက် စာဖတ်ပရိတ်နဲ့ ပြည်သူတွေကို တောင်းပန်အပ်ပါတယ်။

👍28😁4❤2🥰2
ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှု အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ဥပဒေမူကြမ်းကို ထိုင်းမှာ အဆိုတင်
မေ -၂၈ -၂၀၂၆။ People's Spring
ထိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကနေ ဖယ်ရှားဖို့၊ လိင်လုပ်သားတွေအပေါ် အကာအကွယ်တွေ တိုးမြှင့်ပေးဖို့ အဆိုကြမ်း တစ်ခုကို လွှတ်တော်ဆီ တင်ပြထားခဲ့ပါတယ်။
အဲဒီ အဆိုကြမ်း တင်သွင်းနိုင်ရေးကို ထိုင်းနိုင်ငံမှာရှိတဲ့ လိင်လုပ်သားတွေအရေး တက်ကြွလှုပ်ရှားတဲ့ ဖောင်ဒေးရှင်း တစ်ခုက ဦးဆောင် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ မေလ ၂၈ ရက်နေ့မှာတော့ Empower ဖောင်ဒေးရှင်းဟာ ထိုင်းအောက်လွှတ်တော် အမတ်တွေဆီကို လိင်လုပ်သားများ ကာကွယ်ရေး အက်ဥပဒေကို အောင်အောင်မြင်မြင် ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေမူကြမ်းကို လက်ခံရရှိခဲ့ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဆိုဖွန် ဇာရွမ်ကိုယ်စား သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုခဲ့ပါတယ်။
အောက်လွှတ်တော်ရဲ့ ဥပဒေ၊ တရားစီရင်ရေးနဲ့ လူ့အခွင့်အရေး ကော်မတီ ကိုယ်စားလှယ်တွေ၊ ပြည်သူ့ပါတီနဲ့ ဖျူထိုင်းပါတီ ကိုယ်စားလှယ်တွေဟာလည်း အဲဒီ အဆိုကြမ်း တင်သွင်းမှု အစီအစဉ်မှာ ရှိနေခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ ကျင့်သုံးနေတဲ့ ပြည့်တန်ဆာ တိုက်ဖျက်ရေးနဲ့ တားဆီးရေး ဥပဒေဟာ ခေတ်မမီတော့ကြောင်း၊ ကိုယ်ပိုင် စိတ်ဆန္ဒအရ အဲဒီ အလုပ်နဲ့ အသက်မွေးတဲ့ လိင်လုပ်သားတွေဟာ ဒီဥပဒေကြောင့် အမြတ်ထုတ်ခံရတာ၊ စော်ကားခံရတာ၊ ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံနေကြောင်း ဖောင်ဒေးရှင်းရဲ့ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
အခု ဥပဒေ မူကြမ်းဟာ ပြည့်တန်ဆာ အလုပ်ကို အားပေး အားမြှောက်တာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ကိုယ်ပိုင် ခံယူချက်နဲ့ ဆုံးဖြတ် ရွေးချယ်ခဲ့သူတွေအပေါ် လေးစားမှု ပြသဖို့၊ သူတို့တွေဟာ တခြားသူ အားလုံးနဲ့တန်းတူ အခြေခံ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ပြည့်တန်ဆာ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု ပေးသူတွေနဲ့ ဖောက်သည်တွေကြားမှာ ရှိနေတဲ့ မတူညီတဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီးလည်း ထိရောက်တဲ့ ဥပဒေဘောင် စည်းမျဉ်းတွေနဲ့ ကာကွယ်ပေးသင့်ကြောင်း ဖောင်ဒေးရှင်းဖက်က သဘောထားမှတ်ချက် ပေးထားပါတယ်။
ပြည်တွင်းမှာ ပြည့်တန်ဆာ လုပ်ငန်းတွေဟာ အတိုင်းအတာ တစ်ခုထိ ပွင့်လင်းပေမယ့် ထိုင်းနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ သာမန်အားဖြင့်တော့ ရှေးရိုးစွဲဆန်တဲ့ ကွန်ဆာဗေးတစ်တွေ များပြားပါတယ်။
ကိုးကား: Khaosod

👍26❤6🔥3
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ဒါဏ်ကြောင့် ကမ္ဘာကို အချိန်အတိုင်းအတာတခုသာချပြနိုင်ခဲ့တဲ့ မြန်မာ့” UNESCO World Heritage Sites တွေ၊ ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ အင်ပါယာအဆက်ဆက်ရဲ့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ၊ သဘာဝအလှအပတွေနဲ့ တိုင်းရင်းသားမျိုးစုံရဲ့ ဓလေ့တွေ” စတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပြယုဂ်ပမာဏဟာ တကယ်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာဟာ အင်ဒိုနီးရှားပြီးရင် နံပါတ် “ နှစ်” နေရာမှာ ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် Covid-19 ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်တန့်ခဲ့ရပေမဲ့ Covid ကာလ အလွန်မှာတော့ အိမ်နီးချင်းနိုင်ငံတွေလို အချိန်တိုအတွင်း ပြန်လည်နာလန်မထူလာနိုင်ဘဲ “ဘုံးဘုံးလဲ” သွားစေခဲ့တဲ့ အဓိကအချိုးအကွေ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ပါဘဲ။
အိမ်နီးချင်းနိုင်ငံတွေက ထိရောက်တဲ့ မဟာဗျူဟာတွေနဲ့ ခရီးသွားကဏ္ဍကို ပြန်လည်ဆွဲတင်နိုင်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာသိမ်းခံရမှုကြောင့်တိုးတက်မှုလမ်းကြောင်းပေါ်ကနေ ချောက်ထဲကို တွန်းချခြင်း ခံလိုက်ရတာပါ။
https://www.ludunwayoo.com/opinion-mm/2026/05/27/158223/

LuduNwayOo
ကမ္ဘာ့ခရီးသွားမြေပုံပေါ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတဲ့ မြန်မာ | LuduNwayOo
လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်ကာလက ကျော်လွန်သွားခဲ့ပါပြီ။
👍38❤6😢4🔥1
ACC ရှယ်ယာတွေကို မြန်မာစစ်တပ်လက်နက်ပွဲစား ဝယ်ယူဖို့ကိစ္စ ထိုင်း ဆိုင်းငံ့
မေ-၂၈၊ ၂၀၂၆။ တေဇ/People's Spring
မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။
“ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူသည့်အသိပေးစာအတွင်း ACC ၏ ရှင်းလင်းတင်ပြ၊ ထုတ်ဖော်ပြောဆိုချက်များတွင် အရေးပါသော အချက်အလက်များ ပါဝင်နေခြင်း မရှိသည့်အပြင်၊ အရင်းအနှီးဈေးကွက်ကွပ်ကဲရေးဘုတ်အဖွဲ့၏ အသိပေးထုတ်ပြန်ချက်အမှတ် Tor Jor. 73/2558 ၏ ပုဒ်မ ၅ (၂) (ခ)၊ ပုဒ်မ ၅ (၄)၊ ပုဒ်မ ၇ (၂) ပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိနေကြောင်း SEC က တွေ့ရှိခဲ့သည်” လို့ SEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ် လက်နက်ပွဲစား ကျော်မင်းဦး ရဲ့Sky Aviator ကွန်ရက် ကုမ္ပဏီတွေကို ACC ရဲ့ ရှယ်ယာရှင်အစည်းအဝေးက ရှယ်ယာရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် JFM က ACC ၊ SEC ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD) တွေကို Sky Aviator ကွန်ရက်အကြောင်းနဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ ဖြစ်ပေါ်စေကြောင်း သတိပေးစားပေးပို့ခဲ့ပြီးနောက် အခုလို ဆိုင်းငံ့ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ACC ဘက်က SEC ရဲ့ ထုတ်ပြန်ချက်အပေါ် သူတို့အနေနဲ့ ရှယ်ယာဝယ်ယူမှုအတွက် ငွေပေးချေမှုတွေကို လက်ခံထားပြီး လက်ရှိအချိန်မှာ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်နဲ့ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မေ ၁၈ ရက်မှာ ACC ရဲ့ဒါရိုက်တာအစည်းအဝေးကာ SEC ရဲ့ ရှယ်ယာရောင်းချမှု ဆိုင်းငံ့မိန့်ကို အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး SEC အနေနဲ့ ထပ်မံသုံးသပ်နိုင်ဖို့ တင်ပြသင့်တဲ့ နောက်ထပ်အချက်အလက်များနဲ့ အထောက်အထားများ ရှိနေတယ်လို့ ယူဆတယ်လို့ ACC ကထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦး ပိုင်ဆိုင်တဲ့ Sky Aviator ကွန်ရက် ရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ စင်ကာပူ အခြေစိုက် Sky Avia Trading နဲ့ Heli Asia Trading ကုမ္ပဏီတွေကို ACC ရဲ့ အစုရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်း အတွက် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉.၃ သန်း)နဲ့ရောင်းချပေးဖို့ ဧပြီ ၂၇ ရက်က အတည်ပြုထားတာပါ။
Sky Aviator ကွန်ရက်ရဲ့ဦးဆောင်သူ ကျော်မင်းဦးက မြန်မာစစ်တပ်ရဲ့ အဓိက လက်နက်ပွဲစား တွေထဲမှ တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံထုတ် Yak-130၊ MiG-29၊ Mi-35 ၊Su-30 စစ်လေယာဉ် နဲ့ ရဟတ်ယာဥ်တွေ ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ အစိတ်အပိုင်း တွေအပါအဝင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှု တွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
ဒါကြောင့် ကျော်မင်းဦးကို အမေရိကန်၊ ဗြိတိန်၊ အီးယူနဲ့ ကနေဒါနိုင်ငံ တွေကဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး သူ့ရဲ့ မြန်မာစီးပွားရေးလုပ်ငန်းအချို့ကိုလည်း ထပ်မံပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
ဒါပေမဲ့ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေက Sky Aviator ကွန်ရက်တစ်ခုလုံး နဲ့ အဓိကလူပုဂ္ဂိုလ် အားလုံးအပေါ် တစ်ပြေးညီဖြစ်မနေဘဲ ဟာကွက် တွေရှိနေတာကြောင့် အဲဒီ့ဟာကွက် တွေကို အခွင့်ကောင်းယူကာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ကြိုးစားနေတာလို့ JFM ကထောက်ပြထားပါတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ညှိနှိုင်းချမှတ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

👍30🤣7❤2🥰2👏2
3 Body Problemစီးရီးထုတ်လုပ်သူ ဘီလီယံနာ သူဌေးအားအဆိပ်ခတ်သတ်ခဲ့သူကိုတရုတ်ကွပ်မျက်
မေ-၂၈၊၂၀၂၆။People's Spring
တရုတ်မှာ ဘီလီယံနာ သူဌေးတစ်ဦးကို အဆိပ်ခတ်လုပ်ကြံခဲ့တဲ့ရှေ့နေတစ်ဦးကိုသေဒဏ်ပေး ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။
Netflixရဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ 3 Body Problem ထုတ်လုပ်မှုမှာ အကူအညီ ပေးခဲ့ဖူးတဲ့ ဂိမ်းလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး လင်းရှီဟာ ၂၀၂၀ ပြည့်နှစ်၊ ခရစ္စမတ်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ သူအစပျိုး ကူညီပေးခဲ့ဖူးတဲ့3 Body Problemစီးရီးကတော့
နောက်ထပ် ၄ နှစ်လောက် အကြာမှာ Netflixရဲ့ အအောင်မြင်ဆုံး စာရင်းဝင်စီးရီးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာခဲ့ပါတယ်။
လင်းဟာ အဲဒီနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းက နာမကျန်း ဖြစ်လာတဲ့နောက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆေးသောက်ခဲ့ပါတယ်။ဒါပေမဲ့ အခြေအနေ တိုးတက်မလာတဲ့အခါ ဆေးရုံတက်ခဲ့ရပြီး ဆရာ
ဝန်တွေကလူနာမှာအဆိပ်မိထားတယ်လို့ ကောကချက်ချခဲ့ပါတယ်။သူနဲ့အတူ 3 Body Problemရဲ့ အမှုဆောင် ပရိုဂျူဆာ ဖြစ်လာမယ့် ကျောက်ကျိလောင်နဲ့ ဇနီးဖြစ်သူတို့လည်း အဆိပ်ခတ် ခံခဲ့ရပေမယ့် အသက်မသေခဲ့ပါဘူး။
လင်ကွယ်လွန်သွားတဲ့နောက် ရဲတွေက သေမှုသေခင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိပ်ခတ်တဲ့ လက်သည်ကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့အတွက် အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ရှေ့နေ
ရှုယောင် ကိုခြေရာခံမိသွားခဲ့ပါတယ်။ရှုဟာ အား
ဆေးလို့ လိမ်ညာထားတဲ့ ဆေးတောင့်ဘူးကို လက်
ဆောင်ပေးခဲ့ပါတယ်။တကယ်တော့အဲဒီ ဆေးတွေဟာ dark webကနေ သူရှာဖွေဝယ်ယူပြီးကိုယ်
ပိုင် ဓာတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ အဆိပ်တွေ ဖြစ်ပါတယ်။
ရှုဟာ စာရေးဆရာ လျုစီရှင်းရဲ့ နာမည်ကျော် သုံးအုပ်တွဲ ဝတ္ထုဖြစ်တဲ့ 3 Body Problem မူပိုင်ခွင့်တွေလင် ဝယ်ယူနိုင်အောင် ကူညီပေးခဲ့ဖူးပါတယ်။ ရှုကို ရဲတွေက ဖမ်းဆီးပြီးတဲ့နောက် လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ရှန်ဟိုင်း တ
ရားရုံး တစ်ခုက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး သေဒဏ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။
စီရင်ချက်ချမှတ်ပြီး ၂ နှစ်အကြာ ပြီးခဲ့တဲ့ သီတင်း
ပတ်မှာတော့ ရှုကို သေဒဏ်စီရင် ကွပ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းဌာန တစ်ခုက မေလ ၂၆ ရက်နေ့မှာ စတင် ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ကြားသိပြီးတဲ့နောက် တစ်ချိန်က လင်း
ပိုင်ဆိုင်ခဲ့ဖူးတဲ့ 3 Body Universe ကုမ္ပဏီက တရားမျှတမှုကို အမှန်တကယ် ဆောင်ကြဉ်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Netflixက 3 Body Problemကိုစီးရီးအဖြစ် ရိုက်
ကူးထုတ်လုပ်မယ်လို့ ကြေညာပြီး လအနည်းငယ် အကြာမှာပဲ လင်းဟာ အဆိပ်ခတ်လုပ်ကြံခံခဲ့ရတာပါ။ သူကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်ပဲ ရှိခဲ့ပါသေးတယ်။
တရားရုံးစစ်ဆေးချက်တွေအရလင်း နဲ့ ရှုတို့ဟာ ကုမ္ပဏီ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲတာတွေ ဖြစ်ခဲ့တဲ့နောက် အခုလို လုပ်ကြံမှု ဖြစ်ပေါ်လာတာလို့ သိရပါတယ်။တရုတ်မှာ မီဒီယာ ဆင်ဆာဖြတ်မှုတွေအရမ်းကြမ်းတမ်းတဲ့တိုင်
အောင် အဲဒီ လုပ်ကြံမှု သတင်းကိုလူအများ အထူး
စိတ်ဝင်စားခဲ့သလို ရှုရဲ့ အကြံအစည် အသေးစိတ်တွေ အကြောင်းကိုလည်းလူမှုကွန်ရက်တွေမှာ ရေးသားခဲ့ပါတယ်။
ရှုဟာ ရှန်ဟိုင်း ဆင်ခြေဖုံးမှာ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ပြီ dark webကနေ မှာယူထားတဲ့ အဆိပ် အမျိုးပေါင်း ၁၀၀ ကျော်ကို ရောစပ်ပြီး စမ်းသပ်ခဲ့ကြောင်း၊ အဲဒီ အဆိပ်တွေကို ကြောင်တွေ၊ ခွေးတွေနဲ့ တခြားတိရစ္ဆာန်တွေမှာ လက်တွေ့ စမ်းသပ်တာတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။
သူက လင်း ကိုသာမကဘဲ ကျောက်နဲ့ ဇနီးဖြစ်သူ၊ ဒါ့အပြင် သူနဲ့ အစေးမကပ်တဲ့ တခြား ကုမ္ပဏီ အမှုဆောင် ၂ ဦးကိုပါ အဆိပ်ခတ်ခဲ့ပေမယ့် လင်းကလွဲပြီး ကျန်တဲ့ ၄ ဦးကတော့ အသက်ရှင်ခဲ့ပါတယ်။
သူဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာကနေ ဒီဇင်
ဘာလအတွင်း ပစ်မှတ်ဖြစ်သူတွေ သောက်လေ့ရှိတဲ့ ကော်ဖီကပ်ဆူးတောင့်တွေ၊ ဝီစကီ ပုလင်းတွေ၊ ရေပုလင်းတွေထဲမှာ မီသိုင်းမာကျူရီ အဆိပ်တွေ ခတ်ထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ဓာတ်ပစ္စည်းဟာ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး မျိုချမိရင်၊ ရှူရှိုက်မိရင်၊ နောက်ဆုံး ထိမိကိုင်မိရင်တောင် အသက်ဆုံးရှုံးနိုင်ပါတယ်။
လင်းကိုတော့ သူက အဆိပ်ကို ဆေးတောင့်တွေထဲ ထည့်ပြီး အားဆေးအဖြစ် လိမ်လည် လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကား- CNN

👍20❤8😁8🔥2
Netflixရဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ 3 Body Problemရဲ့ ထုတ်လုပ်သူဖြစ်တဲ့ အဆိပ်ခတ်သတ်ခံခဲ့ရတဲ့ လင်းရှီ / အဆိပ်ခတ်သတ်သူရှေ့နေ
ရှုယောင် / Netflix မှာ3 Body problem စီးရီးကြော်ညာ

👍26❤5😁4🔥2
တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက ဂျာမန်သတင်းဌာန DW ကို တရုတ်အစိုးရရဲ့ “နည်းပညာမြင့် ရဲတပ်ဖွဲ့ကစောင့်ကြည့်ရေးစနစ်အသစ်”အကြောင်း အသေးစိတ်ဖော်ပြခဲ့တဲ့ အစီရင်ခံစာတစ်ခုက လူအများကို ထိတ်လန့်အံ့ဩစေခဲ့ပါတယ်။
“နက်အက်စ်ကာရီ(NetAskari)”လို့အမည်ဝှက်ပေးထားတဲ့ ဆိုက်ဘာလုံခြုံရေးသုတေသီ တစ်ယောက်ဟာ မကြာသေးခင်က လုံခြုံရေးအားနည်းနေတဲ့တရုတ်နိုင်ငံရဲ့ web dashboard တစ်ခုပေါ်က “သတင်းထောက်များဆိုင်ရာ အချက်အလက် စုံစမ်းရန်”လို့ရေးထားတဲ့ tab လေးတစ်ခုကို နှိပ်လိုက်မိပါတယ်။ သူ ထင်ခဲ့တာကတော့ စနစ်တစ်ခုကို စမ်းသပ်ဖို့အတွက် အလိုအလျောက် ထုတ်ပေးထားတဲ့ အချက်အလက်အတု (Mock Data) တွေပဲ ရှိနေလိမ့်မယ်ပေါ့။
ဒါပေမဲ့တကယ်တမ်းscreenပေါ်မှာ ပေါ်လာတာကတော့ရင်းနှီးပြီးသားမျက်နှာတွေဖြစ်နေပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၂၁ ခုနှစ်ဝန်းကျင်က ပေကျင်းမှာ အခြေစိုက်ခဲ့တဲ့ နိုင်ငံခြားသတင်းထောက်တွေအားလုံးနီးပါးရဲ့ အချက်အလက်တွေ အပြည့်အစုံ စုစည်းထားတဲ့ (Comprehensive Database) ကြီး ဖြစ်နေတာပါ။ အဲဒီထဲမှာလူဝင်မှုကြီးကြပ်ရေးအရာရှိတွေဆီက ရထားတဲ့ ပတ်စ်ပို့ (Passport) ဓာတ်ပုံအစစ်တွေ၊ ကိုယ်ပိုင်ဖုန်းနံပါတ်တွေ၊ ဗီဇာ (Visa) အချက်အလက်တွေနဲ့ မွေးသက္ကရာဇ်တွေအထိ အပြည့်အစုံ ပါဝင်နေပါတယ်။
ပိုပြီးထိတ်လန့်စရာကောင်းတာကအဲဒီတရုတ်ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်း (Police Watch List) ထဲမှာ သူကိုယ်တိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေပါ အတိအကျ ရှိနေတာကို တွေ့လိုက်ရတာပါပဲ။
သူက DW သတင်းဌာနကို “ဒါဟာ ထိတ်လန့်စရာထက်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်၊ တရုတ်မှာ သတင်းထောက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ပြီဆိုကတည်းက သူတို့ရဲ့ စောင့်ကြည့်မှုအောက်(Radar) မှာ အမြဲရှိနေမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ဒါပေမဲ့ကျွန်တော့်ကိုတကယ်အံ့ဩသွားစေတာကတော့ ဒီလောက်အထိ အရေး
ကြီးပြီးထိရှလွယ်တဲ့စနစ်တစ်ခုကိုဒီလောက်လွယ်လွယ်ကူကူကြီး ဝင်ကြည့်လို့ ရနေတာပါပဲ” လို့ ပြောပြခဲ့ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/05/27/158293/

“တရုတ်ရဲ့ AI စောင့်ကြည့်ထောက်လှမ်းရေးစနစ်အသစ် Data Empire နဲ့ နီးကပ်လာတဲ့ မြန်မာရဲ့အနာဂါတ်” | LuduNwayOo
တစ်ချိန်ကစောင့်ကြည့်ထောက်လှမ်းရေစနစ် (Surveillance)ဆိုတာကိုပြောလိုက်ရင် လူအများစုရဲ့စိတ်ထဲမှာ CCTV ကင်မရာတွေ၊ လမ်းထောင့်မှာ ရဲကားရပ်ထားတာတွေ၊ ဒါမှမဟုတ် ဖုန်လိုင်းကြားဖြတ်နားထောင်တာ မျိုးတွေကိုပဲ မြင်ကြပါတယ်။
🔥27❤9👍5😁3🥴1
■ဆောင်းပါး
အဘသားတစ်ယောက်ရဲ့ ပေါ်တာဆွဲခံရဖို့
လက်တကမ်းအလို အတွေ့အကြုံ
ဟာနာဆန်/People's Spring
ပြီးခဲ့တဲ့ မေလ တတိယပတ်အတွင်းက ည၈ နာရီလောက်မှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မှာနေတဲ့ စစ်ကောင်စီထောက်ခံတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်လေးနဲ့ အမှတ်၂ လမ်းမကြီးပေါ်ကနေ မောင်းလာခဲ့တယ်။ ရိုးမရိပ်သာလမ်းအနီးအရောက်မှာ လူ ၃ ယောက်က သူ့ကိုတားပါတယ်။ အရပ်ဝတ်လား၊ ယူနီဖောင်းနဲ့လားဆိုတာကိုတော့ သူက ပြောမသွားပါဘူး။ လမ်းတဘက်ခြမ်းမှာလည်း ၃ ယောက်လောက်ရှိတယ်လို့ သူကဆိုတယ်။
"ဆိုင်ကယ်ရှေ့က အသည်းအသန်တားပြီး ပိတ်ရပ်တယ်။ ကျွန်တော့်ကို ဆိုင်ကယ်ပေါ်က ဆွဲချဖို့လုပ်တယ်။ဟေ့ကောင်မင်းတို့ကဘယ်သူတွေလဲ ငါ့ကိုဘာလို့တားတာလဲမေးတော့ တာဝန်ရှိတဲ့သူတွေ"တဲ့။ "ငါတို့က ဒဂုံအရှေ့က စစ်ကြောင်းမှူးရဲ့တပည့်တွေ သူခိုင်းလို့လုပ်နေတာ။"လို့ ဖြေတယ်။
"မင်းတို့စစ်ကြောင်းမှူးဆိုတဲ့သူရဲ့နာမည်ပြော ဒီတကြောမှာ ငါတာဝန်ရှိတဲ့သူပဲ။ ဒီနားမှာ ငါ့ဆိုင်ကယ်တားမယ့်သူမရှိဘူး"လို့ သူက ပြန်ဖောတယ်။ တားတဲ့အဖွဲ့တွေလည်း စစ်ကြောင်းမှူးနာမည်ကို တစ်ကောင်မှ မပြောနိုင်ဘူး။
ဒါနဲ့သူက "ဒဂုံမြို့နယ်က စစ်ကြောင်းမှူးတွေ အ
ကုန်သိတယ်။ ပူးပေါင်းဆောင်ရွက်နေတယ်"လို့ပြောတော့ ဆိုင်ကယ်တားသူတွေ နောက်တွန့်သွားတယ်။ ဒါနဲ့တစ်ယောက်ကဖယ်ပေးလိုက်ချိန် ဆဲ
ဆိုပြီး ဆိုင်ကယ်မောင်းထွက်ခဲ့တယ်။ သူလည်းသူ့အဖွဲ့တွေခေါ်ပြီး ပြန်သွားချိန် မရှိတော့ဘူးတဲ့။
အဲဒီတားတဲ့သူတွေဟာ အချိန်မတော်အလုပ်ဆင်းပြီးပြန်တဲ့ စက်မှုဇုန်က ယောကျာ်းလေးတွေကို ဦးတည်လုပ်စားနေတာဖြစ်ကြောင်း သူက ပြောပါတယ်။ "ကျွန်တော့်ကိုလည်း စက်မှုဇုန်ကလူတွေ မိသားစုတွေက အကြောင်းကြားတာ လေးငါးယောက်ရှိပြီ။ အချိန်ပိုဆင်းပြီး ပြန်သွားတယ်။ သူတို့သားတွေ၊ သူတို့ယောကျာ်းတွေ ပြန်ရောက်မလာလို့ပါ။ စုံစမ်းလို့လည်း မရဘူးပေါ့နော်။"လို့ သူကဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ရွာသာကြီးစက်မှုဇုန်ကိုဝင်တဲ့လမ်းနဲ့အင်းဝလမ်းပေါ်မှာလည်းလှုပ်ရှားတယ်လို့ သူက ပြောတယ်။
"ဘယ်မှာသွားရောင်းစားတယ်ဆိုတာ စုံစမ်းနေတယ်။"လို့ သူက ဆိုပါတယ်။
၎င်းအမျိုးသားဟာ စစ်တပ်ထောက်ခံသူမို့ စစ်ကောင်စီကို အစိုးရလို့ သုံးနှူန်းခဲ့ပြီး ယခုလိုလုပ်ရပ်ဟာ အစိုးရချမှတ်ထားတဲ့စစ်မှုထမ်းဥပဒေကို နာမည်ဖျက်နေတာလို့ သူက ဆိုပါတယ်။
ဒါ့ကြောင့် အဲဒီလမ်းတွေပေါ်မှာ ဖုန်းတွေဘာတွေစစ်တာတွေ၊ လိုက်ခဲ့ဖို့ခေါ်တာတွေဆို မလိုက်နိုင်ဘူးလို့ပြောဖို့ သူကတိုက်တွန်းပါတယ်။
ယခုမေလအတွင်း ရန်ကုန်မြို့ပေါ်မှာ ပေါ်တာဆွဲမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားနေပါတယ်။ နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးတာတွေကအစ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်၊ ည ၁ နာရီထိုးခါနီး ၁၅ မိနစ်ခန့်အလိိုမှာ ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်က ဂိုဒေါင်တစ်ခုရှေ့မှာ အိပ်ပျော်နေတဲ့ ၎င်းလုပ်ငန်းက လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ "ကားက ခေါက်တုံ့ခေါက်ပြန်မောင်းပြီး မီးထိုးပြီး ဝင်လာပြီးတော့မှ ရပ်ပြီးတော့ အဲကလေးကို ဆွဲခေါ်သွားတာ။ လူနှစ်ယောက်ပါ။"လို့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
"လူကိုလူကလာဆွဲတာ။ နယ်တွေပြန်ရောင်းစားတယ်။ ပြီးတော့ စစ်တပ်ထဲက စစ်မှုထမ်းရမယ့်လူတွေနဲ့ လဲလှယ် ပြန်ရောင်းစားတာ။ လူကိုလူကနေပြီးတော့ လူကုန်သည်တွေလုပ်၊ လူပွဲစားတွေလုပ်နေတာ။ အဲဒီပြဿနာကြီးက ရန်ကုန်မြို့မှာ အ
ကြီးအကျယ်ကြီး၊ အသည်းအသန်ကိုဖြစ်နေတာ"လို့ မိသားစုဝင်ပျောက်ဆုံးနေတဲ့ ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
တကယ်တော့ အဘသားတစ်ယောက်တင် ပေါ်တာဆွဲခံရဖို့ ကြုံတာမဟုတ်ပါဘူး။ ပြည်မြို့က ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား
လှယ်လောင်း ဦးဇေယျာဇော် တောင် ပြီးခဲ့တဲ့ မေ
လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ၎င်းနေတဲ့ ပြည်မြို့၊ ဆံတော်ရပ်ကွက်က အိမ်မှာအိပ်နေစဥ် အိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာတော့ အမတ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
အဘသားတွေ၊ စစ်ကောင်စီထောက်ခံသူတွေမို့ ပြန်လွတ်လာသူတွေရှိပေမဲ့ အများစုကတော့ ငွေနဲ့လိုက်ရွေးနိုင်ရင်ရွေး၊ မရွေးနိုင်ရင်တော့ သင်တန်းကျောင်းတွေရောက်သွားတာများတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်သူတွေ ၊စစ်တပ်ထောက်ခံသူတွေ ကနိုင်ငံတစ်ဝန်း ဒီလပိုင်းတိုက်ပွဲတွေမှာသူတို့နိုင်နေပြီလို့ အကြီးအကျယ်ဝါဒဖြန့်ကြပါတယ်။ဒါပေမယ့် ရန်ကုန် ၊မန္တလေး ၊မုံရွာ ၊မိတ္ထီလာ၊တောင်ကြီး၊စစ်တွေအပါအဝင် နိုင်ငံတစ်ဝန်းမြို့ကြီးတွေကစ စစ်တပ်ထိန်းချုပ်ထားတဲ့ ရွာတွေအဆုံး စစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေက ဒီလပိုင်းပိုဆိုးလာပါတယ် ။
တော်လှန်ရေးတပ်တွေကလည်း နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကို ရှေ့ကနေ အသေခံတိုက်ခိုင်းပြီး သေဆုံးဒဏ်ရာရသူအများစုကလည်း စစ်သားသစ်တွေဖြစ်လို့ ပြည်သူတွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင် ပါးပါးနပ်နပ်နဲ့ သတိထားနေထိုင်ကြဖို့ အကြံပြုနေကြပါတယ်။

👍27❤13👏2🤮2🔥1
"ညီမ ဦးလေးလည်း ပျောက်သွားတာပါ။ ဘယ်လိုရှာ ရှာမရခဲ့ဘူး။ အဆက်အသွယ်ရတော့ စစ်သင်
တန်းတက်နေရပြီ။အမြဲစစ်သားဆိုပြီး စာရင်းသွင်းပြီးလို့ဘယ်လိုလိုက်ထုတ်ထုတ် မရတော့ဘူးပြောပါတယ်။တကယ်က အဲထဲကိုလူပွဲစားတွေညဘက်ဓားထောက်ပြီး ခေါ်သွားပြီး ဖြစ်တာပါ။တပ်ထဲကိုလူစားထိုးရောင်းစားတာပါ။ စစ်သင်တန်းပြီး ၃လလောက်နေတော့မကြာပါဘူးရှေ့တန်းပို့ခံရပါတယ်။ မနေ့ကပဲဆုံးပါပြီ"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက သူ့မိသားစုဝင်အတွေ့အကြုံကို ဝေမျှထားပါတယ်။
ဒီတခါ တံခါးခေါက်လာတာကတော့ ရန်ကုန်မြို့ကြီးပဲ ဖြစ်ပါတယ်။ သာမန်ပြည်သူတွေတင်မကဘဲ စစ်တပ်ထောက်ခံသူတွေအထိပါ ပေါ်တာဆွဲမှုတွေ နဖူးတွေ့၊ ဒူးတွေ့ ကြုံလာရပြီဖြစ်ပါတယ်။ ။

👍28❤2🔥2🤮1