■ဆောင်းပါး
သားဥအိမ်ကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်
"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"
-သန္တာဖြူ ရေးသားသည်။
ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုကို ခြိမ်းခြောက်နေပြီး သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဟာ အသံတိတ်လူသတ်သမားတစ်ဦးလိုပါပဲ။
စောစောစီးစီးသိရှိဖို့ ခေတ်မီတဲ့ စစ်ဆေးနည်းမရှိသလို၊ ရောဂါလက္ခဏာပြချိန်မှာ နောက်ကျနေတတ်တာမို့ အမျိုးသမီးများစွာအတွက် စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံးရောဂါ ဖြစ်နေပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ဒီကြောက်မက်ဖွယ် ကင်
ဆာရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ကြီးမားတဲ့ သတင်းကောင်းတစ်ခု ကမ္ဘာ့ဆေးပညာလောကကနေ ထွက်ပေါ်လာခဲ့ပါပြီ။
အစ္စရေးနိုင်ငံWeizmann Institute of Science
မှသုတေသီများဟာ ကမ္ဘာမှာ ဘယ်သူမှ မရှာဖွေဖူးသေးတဲ့ အံ့ဩစရာတွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာရှိတဲ့ 'Memory' B cells (မှတ်ဉာဏ် B ဆဲလ်များ) ဟာ သားဥအိမ်ကင်ဆာကျိတ်တွေကိုမှတ်မိနိုင်ပြီးအောင်မြင်စွာ တိုက်ခိုက်
နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။
ယခင်က ဆေးပညာလောကဟာ ဒီ မှတ်ဉာဏ် B ဆဲလ်တွေကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကိုပဲ မှတ်မိတိုက်ထုတ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့အခုသုတေသနအရတော့ ဒီဆဲလ်တွေဟာ ကင်ဆာကျိတ်တွေကိုပါ ရန်သူလိုခွဲခြားသိမြင်ပြီး ကင်ဆာတိုက်ဖျက်ရေး အင်တီဘော်ဒီ (Antibodies) တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ကင်ဆာဝေဒနာရှင်တွေအတွက် ကာကွယ်
ဆေးထုတ်လုပ်နိုင်ဖို့ လုံးဝကို ဆန်းသစ်တဲ့ ချဉ်း
ကပ်မှုအသစ်တစ်ခုပါပဲ။သားဥအိမ်ကင်ဆာရဲ့ လျှို့ဝှက်ချက်နှင့် ဗီဇအန္တရာယ်ကတော့ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံး သားဥအိမ်ကင်ဆာ (HGSOC)ဟာတကယ်တမ်းတော့ သားဥအိမ်ကနေ တိုက်ရိုက်စတာမဟုတ်ဘဲ၊ သားဥအိမ်နဲ့ ကပ်နေတဲ့ သားဥပြွန် (Fallopian tube) ရဲ့ အဖျားပိုင်းကနေ စတင်မြစ်ဖျားခံပြီးမှ သားဥအိမ်ဆီကို ကူးစက်ပြန့်ပွားသွားတာဖြစ်
ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။
အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ BRCA1 နဲ့ BRCA2 လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိသူတွေမှာ ဒီကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်း အလွန်များပါတယ်။ဒီ ဗီဇပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ DNA ပျက်စီးမှုတွေကို ပြုပြင်ပေးမယ့် ပရိုတင်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ဘဲ ကင်ဆာကျိတ်တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာရခြင်း ဖြစ်ပါတယ်။
သုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာ နာချမ်နာသန်ဟာ သားဥအိမ်ကင်ဆာ ဝေဒနာရှင် ၁၁ ဦးရဲ့ပြန်ရည်ကျိတ် (Lymph node)နဲ့ကင်ဆာကျိတ် (Tumor)နမူနာတွေကိုဓာတ်ခွဲစမ်းသပ်ခဲ့ပါတယ်။
ဆဲလ်တစ်ခုချင်းစီမှာ သီးသန့် အင်တီဘော်ဒီ အ
စဉ်လိုက်ပုံစံ (Barcode ကဲ့သို့) ရှိကြပါတယ်။
အံ့ဩစရာကောင်းတာက ပြန်ရည်ကျိတ်ထဲက ဆဲလ်နဲ့ ကင်ဆာကျိတ်ထဲက ဆဲလ်တွေမှာတစ်ပုံစံ
တည်းတူညီတဲ့ ဘားကုဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
ဒါဟာ မှတ်ဉာဏ်ဆဲလ်တွေက ပြန်ရည်ကျိတ်ကနေ ကင်ဆာကျိတ်ဆီကို တိုက်ရိုက်ခရီးဆန့်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီတွေ ထုတ်လုပ်ပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်
သေပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ဒီအင်တီဘော်ဒီတွေကို ဖန်တီးပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း သုံးပုံတစ်ပုံကျော်ဟာ ကင်ဆာဆဲလ်တွေကို ပြင်းပြင်းထန်ထန် သွားရောက်တွဲကပ် တိုက်ဖျက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
ဒီကမ္ဘာ့သတင်းကောင်းဟာ တကယ်တော့ ကမ္ဘာ့အမျိုးသမီးတွေတင်မကဘဲမြန်မာနိုင်ငံက အမျိုး
သမီးထုအတွက်ပါ အလွန်အရေးပါလှပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဖြစ်ပွားမှုအများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာပြီးရင်သားအိမ်ကင်ဆာဟာ ထိပ်ဆုံးကဏ္ဍကပါဝင်နေပါတယ်။
မြန်မာအမျိုးသမီး အများစုဟာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဆီးခဏခဏသွားခြင်းနဲ့ တင်ပါးဆုံဝန်းကျင် နာကျင်ခြင်း စတဲ့ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသာမန်လေထိုးလေအောင့်ရောဂါလို့ပဲ ထင်မှတ်မှားတတ်ကြပါတယ်။ရောဂါရှာဖွေရခက်ခဲတာကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိချိန်မှာ ရောဂါက အဆင့် (၃) သို့မဟုတ် အဆင့် (၄) အထိ ရောက်ရှိသွားတာမျိုး အဖြစ်များပါတယ်။
ဒါကြောင့်အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိချက်ဟာ ဆေးဝါးကုသစရိတ်ကြီးမားပြီး ရောဂါအဆင့်နောက်ကျမှ သိရှိရလေ့ရှိတဲ့ မြန်မာက ဝေ
ဒနာရှင်တွေအတွက် နောင်တစ်ချိန်မှာ ကုန်ကျစ
ရိတ်သက်သာပြီး ပစ်မှတ်ထားကုသနိုင်မယ့်မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ခုခံအားစနစ်မြှင့်တင်ပြီး ကင်ဆာကုသတဲ့နည်းလမ်း (Immunotherapy) ဟာ အခြားကင်ဆာတွေမှာ အောင်မြင်ပေမဲ့ သားဥအိမ်ကင်ဆာမှာတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ ဒါဟာ ကင်ဆာတိုက်ဖျက်မယ့် B ဆဲလ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ငြိမ်သက် (Inactive) နေလို့ပဲ ဖြစ်ပါတယ်။

❤21👍7🤮2🥰1
အခု တွေ့ရှိချက်အသစ်ကတော့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနေပြီးသား ဒီကင်ဆာတိုက်ဖျက်ရေး B ဆဲလ်တွေကိုကာကွယ်ဆေး
(Vaccine)တစ်ခုခုနဲ့ နှိုးဆွပေးနိုင်ရင်၊ သူတို့က ကင်ဆာကျိတ်တွေကို ပစ်မှတ်ထားပြီး အလို
အလျောက် ခြေမှုန်းပေးတော့မှာ ဖြစ်ပါတယ်။
ဆေးပညာရှင်များကတော့ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်တဲ့ Clinical Trials တွေ ပြု
လုပ်နိုင်ဖို့ မျှော်လင့်နေကြပြီး၊ မကြာခင် အနာဂတ်မှာ သားဥအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး ကမ္ဘာပေါ်မှာ ပေါ်ထွက်လာတော့မယ်လို့ ယုံကြည်နေကြပါတယ်။
Reference:The Times of Israel l May 27, 2026

👍21❤3🤮3
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"
‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။
‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။
‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။
‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။
‣ Ad Personalization ကို ပိတ်ပါ။
TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။
တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး

👍23❤4🤮2
နမ့်စန်မြို့နယ်မှာ ဗိုလ်ချုပ်ကြီးယွက်စစ် ဒေသခံတွေနဲ့တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်ပျံသန်း ခြိမ်းခြောက်ဟု RCSS ထုတ်ပြန်
မေ-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
မေလ ၂၇ရက် မနက် ၁၀နာရီမှာ ဝမ့်နန်းကျေးရွာကိုရောက်နေတဲ့ RCSS ဥက္ကဋ္ဌနဲ့ အဖွဲ့ကို တိုက်လေယာဉ် တစင်းဖြင့် အနီးကပ် ပျံသန်းမှု ခြောက်ကြိမ်ပြုလုပ် ခြိမ်းခြောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
“စစ်ကောင်စီက လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပပြောဆိုချက်များကြားသိ ရသော်လည်း လက်တွေ့တွင် လေ့ကျင့်ပျံသန်းမှုပုံသဏ္ဍာန်လုံးဝမရှိပဲ တမင် သက်သက်ခြိမ်းခြောက်မှုကိုပြသသော စော်ကားပျံသန်းမှုတရပ်မျှသာဖြစ်ကြောင်း မျက်မြင်များကပြောဆိုကြသည်”လို့ RCSS သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
RCSS ဥက္ကဋ္ဌဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာ စေတီထီးတော်တင်ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ ဝမ့်နန်းရွာကို မေလ ၂၆ရက်ကတည်းက ရောက်ရှိလာတာလို့ ဆိုပါတယ်။
အဲဒီလို လာရောက်စဉ် နမ့်စန်လေတပ်မှဟုယူဆရသော စစ်ကောင်စီတိုက်လေယာဉ်တစင်းက အစပိုင်းမှာ ရွာအထက်ဝေဟင် ခပ်လှမ်းလှမ်း လှည့်ပတ်ပျံသန်းပေမယ့် နောက်ပိုင်း တဖြည်းဖြည်း နီးကပ် ပျံသန်း ကာ ခြိမ်းခြောက်မှု လက္ခဏာတွေကို ပြသခဲ့တာလို့ ထုတ်ပြန်ပါတယ်။
RCSS ဥက္ကဌအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ထောက်ရှုတာ၊ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်ဖြစ်တာ၊ စစ်ရေး ပြင်ဆင်မှု မပြုလုပ်ထားတာကြောင့် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ခဲ့ခြင်းမရှိဟုလည်း အသိပေးပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်(RCSSရဲ့ ထုတ်ပြန်ချက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင် ဟု ဖော်ပြထား)က ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရား ဝင်ကမ်းလှမ်းထားပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှုများ ထိခိုက်ပျက်စီးစေနိုင်ကြောင်းလည်း RCSS ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
RCSSဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အနေနဲ့လည်း တခါတရံ အာဏာသိမ်းစစ်တပ်ကြောင့် တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ပေါ်ပေါက်လာတယ်လို့ ပြောဆိုတာ ရှိသလို တခါတရံမှာတော့ တော်လှန်ရေးအဖွဲ့တွေဟာ တော်လှန်ရေးနည်းပညာ တက်သိနားလည်မှုမရှိ၊ တော်လှန်ရေး မဟာဗျူဟာမရှိ ဆိုကာ တော်လှန်ရေးအဖွဲ့တွေကို အပြစ်ဖို့တာတွေလည်း ပြုလုပ်လေ့ရှိတဲ့ ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

😁25🔥11❤7🤣3🤬2🤔1
■ဆောင်းပါး
မန္တလေးကိုဖျက်ဆီးနေတဲ့စစ်တပ်အစေခံပျူတွေ
ကတ်သရင်းနှင်း/People's Spring
စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံပျူစောထီးတွေ ဘယ်လောက်သောင်းကျန်းနေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။
တစ်တော့ဆယ်လီဇော်ဝင်းမောင် အားကိုးတကြီး ပွဲထုတ်သူတွေဟာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ခေါင်းဆောင်လည်းဖြစ်ပျူတွေလည်းဖြစ်တဲ့ ချိုကြီး၊ကျော်သက်ရှည် (ခေါ်) နှုတ်ခမ်းမွေး၊ သင်ပန်းကုန်း ဘိုဘို တို့ဖြစ်ပါတယ်။
Tiktok ဆယ်လီ ဇော်ဝင်းမောင်ဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်ခေါင်းဆောင်ကို လှောင်ပြောင်တဲ့ တစ်တော့ဗွီဒီယိုရိုက်လို့ဆိုပြီး ၂၀၂၃ ဇူလိုင်က ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ် အလိုကျနေထိုင်ပြီး စစ်တပ်နဲ့ ပူးပေါင်းနေလို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ မန္တလေးမြို့မှာ စစ်တပ်လက်အောက်
ခံ ပျူစောထီးတွေရဲ့ ခြိမ်းခြောက်မှုဘယ်လောက်ဆိုးဝါးတယ်ဆိုတာ၊ စစ်တပ်လက်အောက်မှာ တ
ရားဥပဒေစိုးမိုးမှု မရှိတော့ဘဲ ဖြစ်ချင်သလိုဖြစ်နေတာတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရင်က ရပ်
ကွက်တွေမှာ သောက်စားရမ်းကားအုပ်စုဖွဲ့ လု
ယက်မှုတွေကျူးလွန်ခဲ့ကြတဲ့ လူတွေ၊ တနည်းအားဖြင့် မကောင်းမှုအကုန်လုပ်တဲ့ ဇိုးတွေကို စစ်တပ်က ပျူစောထီးတွေ ပြည်သူ့စစ်တွေဆိုပြီး လက်နက်တပ်ဆင်ပေးခဲ့ရာကနေ ပြသာနာတွေ
စခဲ့ပါတယ်။
အဲဒီနောက် မန္တလေးမြို့မှာ ပျူစောထီး အဖွဲ့ပေါင်းစုံ ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်တပ်အမာခံထောက်ခံသလို စစ်တပ်အတွက်အလုပ်လုပ်နေတဲ့ သက်န်းဝတ်ပေါက်ကိုယ်တော်ကလည်း “ဇရှိတဲ့ဇိုး တော်တော်များများကို စည်း
ရုံးနိုင်ခဲ့တယ်။မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်တွေကို စစ်တပ်လက်အောက်ခံပျူတွေဖြစ်အောင်လုပ်ပေးခဲ့တာကိုဂုဏ်ယူစွာမေလတတိယပါတ်မှာပြောပါတယ်။
အရင်ကတည်းက ဓားတရမ်းရမ်းနဲ့ ရမ်းကား နေတဲ့ လူရမ်းကားတွေဟာ သေနတ်ရပြီးတဲ့ နောက် မြို့ပေါ်မှာ မျောက်လက်ထဲမီး တုတ်ထည့်ပေးသ
လိုဖြစ်ခဲ့ပါတယ်။စစ်အာဏာသိမ်းပြီး ၂၀၂၃ခုနှစ်အတွင်းပျူစောထီးယူနီဖောင်း၊နဲ့ဦးထုပ်ဆောင်း
ကာ လုယက်မှုတွေ အကြိမ်ကြိမ်ဖြစ်လာပါတယ်။
ပျူတွေမှာတူညီတဲ့အချက်တွေကတော့ အာဏာ
သိမ်းစစ်တပ်ခိုင်းတာကိုလုပ်တာ ၊ပြည်သူကိုဖိနှိပ်တာ ၊ဆပ်ကြေးကောက်တာ ၊စစ်တပ်အတွက်စစ်သားသစ်စုပေးတာ ၊ပေါ်တာဆွဲတာ စတာတွေပဲဖြစ်ပါတယ် ။ဒါ့အပြင် အများစုက ပလေကပ် ပုဆိုးတွေဝတ်တာ ၊ဆေးမင်ကြောင်ထိုးတာ၊Tiktok မှာကရတာ ၊ပရဟိတသမားလိုလို ဘုရားဒါကာလိုလို လုပ်ရတာကိုကြိုက်နှစ်သက်ကြတာကိုတွေ့ရပါတယ် ။
သေနတ်ပြဆိုင်ကယ်လုယက်မှု အပါအဝင် ၂၀၂၅ ခုနှစ်အတွင်း အရက်ဘားတခုမှာ လူငယ်ချင်းပြသနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ဆိုင်ကယ်
မရပ်ရင် ပစ်မယ်လို့ဆိုကာ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်း
အထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ဒီဖြစ်ရပ် တွေမှာ ဒီနေ့အထိ စစ်ကောင်စီ တရားခံဖမ်းဆီးနိုင်ခြင်းမရှိ သေးတဲ့ အမှု တွေဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကိုဖိနှိပ်ရမ်းကားနေတဲ့ မန္တလေးမြို့ကပျူစောထီးတချို့အကြောင်း လေ့လာကြည့်ကြရအောင်ပါ။
●ရဲမွန်တောင်ပြည်သူ့စစ်
တော်လှန်ရေးတပ် တွေက တိုက်ခိုက်မှု များလာပြီးတဲ့ နောက် မဘသ ဘုန်းကြီး ဦးဝီရသူဟာ စစ်တပ်ကို ဝေဖန်လာခဲ့ပါတယ်။မန္တလေး-မင်းကွန်းလမ်းကို လုံခြုံရေးမပေးနိုင်တာကြောင့် ဦးဝီရသူရဲ့ မင်းကွန်းမှာရှိတဲ့ မဘသ (ဘက)ကျောင်းသားတွေ ရေကြောင်းက နေ စာမေးပွဲလာဖြေရတာကြောင့် မရမ်းခြံဆိပ်ကမ်းမှာ Video ရိုက်ကာ စစ်တပ်က ဝေဖန်ခဲ့တာပါ။ဒီရုပ်သံဖိုင်ဟာ တော်လှန်ရေးကာ
လအတွင်း ဦးဝီရသူရဲ့ နောက်ဆုံးအကြိမ် စစ်တပ်ကို ဝေဖန်တဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။
အဲဒီနောက် ဦးဝီရသူရဲ့တပည့်အရင်းဖြစ်သလို ၊စစ်တပ်ကမွေးထားတဲ့ပါတီတစ်ခုဖြစ်တဲ့တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးပါတီ(တစည)အမတ် နေမျိုးကျော်ဟာ ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်
သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ ခေါင်းစဥ်အမျိုးမျိုးနဲ့ ဆန္ဒပြတဲ့ အမျိုးသားရေးအစွန်းရော မဘသ တွေ ၊ စစ်တပ်အာဏာသိမ်းပြီးတော့ PDF နဲ့တော်လှန်ရေးတပ်တွေကို ဆန္ဒပြတဲ့ သူတွေနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူတွေကတော့သူတို့က မဘသတွေ ၊ငါးထောင်စားတွေလို့ခေါ်ခဲ့ကြတာပါ။
နေမျိုးကျော်ဟာ ပေါက်ကိုယ်တော်ထက် ဦးဝီရသူနဲ့ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အရင်ကတည်းက အမျိုးသားရေးလှုပ်ရှားမှုလို့နာမည်တပ်ပြီး လက်ပတ်နီလူရမ်းကားအဖွဲ့အစည်းတွေကို ကိုင်တွယ်ခဲ့သူတွေထဲကတစ်ဦးပါ။

🔥18❤5👍1
ရဲမွန်တောင်ပြည်သူ့စစ်လို့နာမည်တပ်ပြီးကာကွယ်
ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)မှာနာ
မည်ပေါက်ဖြစ်ဖို့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။တပ်ဖွဲ့အင်အား၆၀၊အရံအင်အား၃၀နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ မီဒီယာတခုနဲ့အင်တာဗျူးမှာတော့ ရဲမွန်တောင်ပြည်သူ့စစ်အဖွဲ့ခေါင်း ဆောင် နေမျိုးကျော်က ပြောထားပါတယ်။
၁၀၂၇စစ်ဆင်ရေး ပထမလှိုင်းမှာ မတ္တရာမြို့နယ်၊အရှေ့ခြမ်းက ကျောက်တံတားရွာ အနီးမှာ ဒီအဖွဲ့ကနာမည်အကြီးဆုံးခေါင်းဆောင် ဗိုလ်ဟိန်း သေ
ဆုံးခဲ့ပါတယ်။အဲဒီနောက် ဒေသခံမဘသတွေကို
ရဲမွန်တောင်ပြည်သူ့စစ်က ထပ်မံခေါ်ယူခဲ့ပြီး ရှေ့
တန်းပို့ခဲ့ပါတယ်။
၁၀၂၇စစ်ဆင်ရေးတလျှောက် ရဲမွန်တောင်ပြည်
သူ့စစ်တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့တယ်လ်ို့ နေမျိုးကျော်ကပြောထားပါတယ်။
လက်ရှိ အင်အား ၃၀၀ နဲ့ ၅၀၀ကြားရှိတယ်လို့ ဆိုပါတယ်။ဒီအဖွဲ့ဟာ တော်လှန်ရေးတပ်တွေ နယ်
မြေ စိုးမိုးနိုင်ချိန်မှာ မြို့အဝင်အထွက်စစ်ရေး ဂိတ် တွေမှာ စစ်ဆေးရေးတာဝန်ယူခဲ့ပါတယ်။
ငွေညှစ်ရာမှာ နာမည်အကြီးဆုံး မန္တလေး-ပြင်ဦးလွင်လမ်းမှာ ရဲမွန်တောင်ပြည်သူ့စစ်ဂိတ်ထိုင်ခဲ့ပြီး လမ်းတလျှောက် နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဂိတ်ဖြစ်ပါတယ်။
ရဲမွန်တောင်ပြည်သူ့စစ်ပျူတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာ၊လူငယ်ချင်းစကားများရာမှာ အုပ်စုဖွဲ့ သတ်ဖြတ်တာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
●ပြည်ကြီးတံခွန် ပြည်သူ့စစ်
ပေါက်ကိုယ်တော် တပည့်အရင်းစံရှားဦးဆောင်ပြီး ခိုး၊ဆိုး၊လုယက်လူပေါင်းများစွာ ပျူအဖွဲ့များစွာရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။
ပြည်သူ နေအိမ်တွေကို ရပ်ကွက်အလိုက် ဖျက်ဆီးကာ မြေအကွက်ရိုက်ရောင်းချတာ၊စလစ်မြေတွေကို စည်ပင်နဲ့ ပေါင်းဂရံထုတ်တာ ပြန်လည်ရောင်း
ချမှု ကို အများအပြားလုပ်ပါတယ်။ပြည့်တန်ဆာ လုပ်ငန်းကို ခြံဝန်းတွေနဲ့ အများပြားလုပ်သလိုလိင်
အမြတ်ထုတ်မှု၊လောင်းကစားမှုတွေမှာ နာမည်အကြီးဆုံးပါ။
ရပ်ကွက်အလိုက်စစ်မှုထမ်းကြေးလစဉ်တောင်းသလို သားယောကျာ်းလေး မွေးထားတဲ့ လုပ်ငန်းရှင် တွေဆီရာနဲ့ချီငွေတောင်းကာ တမြို့လုံးအနှံ့ ပေါ်တာဆွဲတဲ့အဖွဲ့အစည်းဖြစ်တယ်လို့မြို့ခံ တွေက ပြောပါတယ်။
စံရှားဟာ အငြိမ်းစားဗိုလ်မှူးကြီး တဦးရဲ့မြေကိုလုယက်ကြရာကနေ လက်ရှိဖမ်းဆီးခံထားရသူပါ။
စံရှားဖမ်းခံရပြီးတဲ့နောက် သူ့တပည့် တံခွန်တိုင်ပြည်သူ့စစ်ခေါင်းဆောင် အောင်သက်ထွေး(ခ)
နှုတ်ခမ်းမွှေးအဖွဲ့လည်း စစ်တပ်အရာရှိသားကိုပေါ်တာဆွဲမှုနဲ့ နောက်ထပ်မြေယာအမှု အတွက် စစ်တပ်ကလက်နက်ဖြုတ်သိမ်းတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။
စံရှားဖမ်းဆီးခံရပြီးတဲ့နောက် ပျူအဖွဲ့ကို သားဖြစ်သူ ကျော်သက်ရှားက ပြန်လည်ဦး ဆောင်ခဲ့ပြီး လက်ရှိ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်း၊မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေလုပ်ကိုင် နေတာပါ။
ပြည်ကြီးတံခွန်ပြည်သူ့စစ်နဲ့ ရဲမွန်တောင်ပြည်
သူ့စစ်တို့က ဆရာတူတပည့် တွေဖြစ်ပြီး သူတို့လက်အောက်မှာ ရပ်ကွက် တွေအလိုက် ချိုကြီး၊သင်ပန်းကုန်းဘိုဘို၊အောင်နိုင်ထွေး(ခ)နှုတ်ခမ်းမွှေး၊ဂူဂူးဆိုပြီး ရပ်ကွက် ခေါင်းဆောင် တွေပြန်ထားထားတယ်လို့သိရပါတယ်။
ဒီလူတွေရဲ့ အောက်မှာ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အရင်က ပလုံကောက်တဲ့ကလေးတွေကိုပါအဖွဲ့ထဲဝင်ခိုင်းထားပြီး ပျူအုပ်စုတွေ ဖွဲ့ထားတာလို့ စုံစမ်းသိရပါတယ်။
ဒီပျူအုပ်စုတွေဟာ မန္တလေးမြို့မှာ ပေါ်တာဆွဲတာ၊လမ်းသွားလာနေတဲ့ လူငယ်တွေကို စိန်ခေါ်ပြီး ပျူအုပ်စုကို ပြန်ခေါ်ကာ အုပ်စုနဲ့ရိုက်နှက်တာ တွေလုပ်လေ့ရှိတယ်လို့ မြို့ခံ တွေက ပြောပါတယ်။
ဒီလို ပျူတွေအုပ်စုဖွဲ့ရမ်ကားတာနဲ့လပတ်သက်ပြီး
"အားလုံးကထိခိုက်တာပါဘဲဆပ်ကြေးကောက် တာမထင်ရင်မထင်သလို မိုက်ကြေးခွဲပေါ်တာဆွဲ"တယ်လို့ဒေသခံတဦးကပြောပါတယ်။
●ဗိုလ်စနေ
မန္တလေးမြို့မှာပျူစောထီးတွေမပေါ်ခင်ကတည်း
ကစစ်တပ်နဲ့ရဲပါမထိရဲတဲ့ မူးယစ်ရာဇာတဦးရှိပါတယ်။သူ့သားကတော့ မန္တလေးမှာ မသိတဲ့သူမရှိတဲ့ မြောက်ပြင်လူဆိုးခေါင်းဆောင် ဗိုလ်စနေပါ။
ဗိုလ်စနေရဲ့ဖခင်ဟာမြို့ခံတွေကြားထဲ မသိတဲ့သူရှားပြီး အရင်က မူးယစ်ဆေးဝါးကို အထက်မြန်မာပြည်တခုလုံးဖြန့်ဖြူးခဲ့လို့ မန္တလေးရဲ့ စံပါယ်ပွင့်ကြီးလို့ပါအမည်ပြောင်ပေးထားကြပါတယ်။
မန္တလေးမြို့၊အောင်မြေ သာစံမြို့နယ်၊၁၉လမ်း၊၈၆ လမ်းနဲ့၈၇လမ်းကြားမှာ နံကပ်တိုက်နဲ့ သစ်စက် စီးပွားရေးလုပ်ငန်း အပြထားပြီး ကမ်းနားလမ်းတလျှောက်က မူးယစ်ဆေးဘိတွေ ရဲ့ ခေါင်းကိုင်ပါ။
အရပ်သားအစိုးရလက်ထက်ဖမ်းဆီးဖို့လုပ်တာကြောင့် ပျောက်သွားခဲ့တဲ့ ဗိုလ်စနေဟာ အာဏာ
သိမ်းစစ်တပ်လက်အောက်မှာ လောင်းကစား
ဝိုင်း၊တကျော့ပြန်လာတဲ့ မူးယစ် မျိုးစုံနဲ့ ပြန်ပေါ်လာပါတယ်။
“၂၀၀၉လောက်ကတည်း ဗိုလ်စနေက အခုထိ မြောက်ပြင် တကျော်စိုးမိုးထားတုန်းပဲ။အခုထိလည်း မြောက်ပြင်မှာဗိုလ်စနေလူမိုက်အဖွဲ့နဲ့ ပုသိမ်
ကြီး မြို့မပြည်သူ့စစ်အဖွဲ့က သောင်းကျန်းနေတုန်းပဲ”လို့ အောင်မြေသာစံမြို့နယ်က ပြည်သူတဦးက ပြောပါတယ်။
ဗိုလ်စနေကိုတော့ ပေါက်ကိုယ်တော်က မိတ်ဖက်ဖွဲ့စည်းခဲ့ပြီး ဗိုလ်စနေအဖွဲ့က အရက်ဘားတွေကိုလုံခြုံရေးယူတာ၊မူးယစ်ဆေးပို့ပေးတာ၊ရောင်းချတာနဲ့ ဒီနောက်ပိုင်း ပေါ်တာဆွဲတညတွေကို လုပ်နေတယ်လို့ စုံစမ်းသိရပါတယ်။
ဒီအဖွဲ့ဟာ အောင်မြေသာစံပြည်သူ့စစ်ယူနီဖောင်း
(အစိမ်းရောင်တွေ)ဝတ်လေ့လည်းရှိတယ်လို့သိရပါတယ်။

❤16🔥9🤮2
ဒီအဖွဲ့ဟာ ၆ကောင်ဂျင်(ပုံဝိုင်း)တွေ အများဆုံးရှိတဲ့ အောင် မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်မှာ ရုံးအထိုင်ပုံစံမျိုး နေအိမ်တခုရှိပြီး အဲဒီနေရာကို စုရပ် သဘောမျိုးနေထိုင်တယ်လို့ သိရပါတယ်။
ဒီလိုလူတွေစုပေါင်းပြီးဥပဒေမဲ့လူမိုက်ဂိုဏ်းအဖြစ်
ဖွဲ့စည်းပြီးဒုစရိုက်လုပ်ငန်း တွေလုပ် နေမယ့် စစ်
တပ်ကအရေးယူခြင်းမရှိပါဘူး။
စစ်တပ်အရာရှိအကြီးပိုင်းနဲ့ ညိတဲ့ မြေယာကိစ္စလောက်ကိုသာ လက်ဝါးချင်းရိုက်အရေးယူခဲ့ပြီး
ဒီလူတွေဟာအကျဉ်းထောင်ထဲမှာလည်း အခွင့်ထူးခံဖြစ်နေပြန်ပါတယ်။ ထောင်ကျတဲ့ပျူတွေကလည်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ပေါင်းပြီး နေရာရောင်းစားတာ ၊နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်တာ လုပ်နေတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူအချို့ကပြောပါတယ်။
ဒီပျူအုပ်စုတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာတွေကို လစဉ်ပြုလုပ် နေပြီး ယခုလည်း မန္တလေးမြို့က လမ်းတွေပေါ်မှာ လိုင်စင်မဲ့ကားနဲ့ ဆက်
တိုက်ပေါ်တာဆွဲတာတွေထပ်မံပြုလုပ်နေပါတယ်။
စစ်တပ်ရဲ့အစေခံ ပျူစောထီးတွေ နဲ့ပတ်သက်လို့
စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးက "တိုင်းပြည်က တဖြေးဖြေးနဲ့ကြောက်စရာကောင်းလာပြီ။ မြို့ပြမှာ အာဏာရှင်လက်
သပ်မွေးထားတဲ့လူဆိုးလူမိုက်သူခိုးဂျပိုးကောင်တွေက ပရဟိတသမားတွေသယောင် သူတော်
ကောင်းတွေဖြစ်လို့ လူမိုက်ကွန်ယက်တွေချိတ်
ဆက်ပြီး ခြိမ်းခြောက်မိုက်ကြေးခွဲပြနေကြတဲ့ ခေတ်ကိုရောက်နေပြီ။ ကျနော်တို့က စစ်အာ
ဏာရှင်ကိုတော်လှန်ရတာတမျိုး သူတို့ရဲ့လက်
ပါးစေ လူဆိုးလူမိုက်သူခိုးဂျပိုးတွေပါ မနှိမ်နင်းနိုင်ရင်တော့ ပြည်သူတွေဘဝက မတွေးရဲစရာပါပဲ"လို့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ။

🔥19🤮5❤3👍3
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြပေးဖို့ ဗြိတိန်ရောက်မြန်မာတွေဆန္ဒထုတ်ဖော်
မေ-၂၈၊၂၀၂၆။ သုည/People's Spring
ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့မှာ ဗြိတိန်ရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို မေ ၂၆ရက်က ပြုလုပ်ခဲ့ပါတယ်။
"PROOF OF LIFE" လှုပ်ရှားမှုကို လန်ဒန်မြို့ရှိ မြန်မာစစ်သံရုံး၊ ထိုင်းသံရုံး နဲ့ ရုရှားသံရုံးရှေ့တို့မှာ ဆန္ဒပြခဲ့ပြီး Myanmar Unity Movement အဖွဲ့က ဦးဆောင်ကာ ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
"ငါတို့အမေ ငါတို့ပိုင်တယ်ငါတို့အမေငါတို့ပြန်ပေး ငါတို့အမေ ငါတို့ပြန်ရအောင်ယူမယ်"ဆိုတဲ့ ကြွေး
ကြော်သံတွေနဲ့ ဗြိတိန်ရောက်မြန်မာတွေကက တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက "Proof of Life Right Now" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေပြပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် မြန်မာစစ်အုပ်စုအား နိုင်ငံ
တကာက ဖိအားပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း နဲ့ ရုရှား နိုင်ငံအနေနဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အသက်ဆက်ရန်ကြိုးစားနေမှုကို ဆန့်ကျင်ကန့်ကွက်ရန်၊ ထိုင်းရောက် ခေတ္တခိုလှုံရာ မြန်မာတွေအတွက် စာနာနားလည်မှုရှိနေပေးရန်နဲ့ စစ်အုပ်စုကို ထောက်ပံ့ပြုနေခြင်းကို အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီနေမှု ရပ်တန့်စေဖို့ရန် တိုက်တွန်းဆန္ဒပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

👍43❤7🥰2😁2🖕2
စစ်တွေမှာ ရိုဟင်ဂျာအပါအဝင် ဒေသခံတွေကို စစ်တပ် ဖမ်းဆီးမှုကြမ်းနေ
၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်းရှိပြီ
မေ ၂၈၊ ၂၀၂၆ ။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရိုဟင်ဂျာ ၁၃ ဦး၊ ရခိုင်လူငယ် ၃ ဦးတို့ပါဝင်ပြီး ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကနေ မေလ ၂၇ ရက်ထိ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“မနေ့က မင်းဂံမှာ သားဖနှစ်ယောက်အဖမ်းခံရတယ်။ ဘေးတွဲမောင်းစားနေတဲ့ မိသားစုတွေ။ အဲဒါ အိမ်ကို ဝင်ဖမ်း တာ။ အခုနောက်ပိုင်းအဖမ်းအဆီးတွေ အရမ်းများလာတယ်။ ညဆိုရင် လဗွီ(ALP)နဲ့ စစ်တပ်ကကောင်တွေ ကားနဲ့ တမြို့လုံးပတ်ပြီး ဧည့်စာရင်းစစ်တယ်၊ ဖမ်းတယ်လုပ်နေတာ” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့က မေလ ၂၇ ရက် ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ အသက် (၆၀)ဝန်းကျင်အရွယ်ဖခင်ဖြစ်သူနဲ့ အသက် (၂၀)ဝန်းကျင်အရွယ်သားဖြစ်သူတို့ဖြစ်ပြီး နာမည်တွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နဲ့ ၂၄ ရက်တို့ကလည်း စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ သက်ကယ်ပြင် ရို ဟင်ဂျာဒုက္ခသည်စခန်းတို့မှာနေထိုင်တဲ့ ရိုဟင်ဂျာ ၄ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ စစ်တပ်ဟာ အင်အားအများအပြားနဲ့ ဒုက္ခသည်စခန်းနေအိမ်ထဲထိ အင်အားသုံးဝင်ရောက်ပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ဖမ်းဆီး သွားခဲ့တာပါ။
“မူဆလင်တွေကို အငြိုးထားတယ်။ မတရားဝင်ဖမ်းတယ်။ အရင်တုန်းကလည်းက အဖမ်းခံရတဲ့သူတွေ အခုထိ ပြန်မလွှတ်။ တခါတည်း စစ်တပ်ကို ပို့ထားတယ်။ တရားရုံးလည်း မတင်ဘူး။ လူငယ်ပိုင်းတွေဆိုရင် စစ်မှုထမ်းပို့ တယ်” လို့ စစ်တွေမြို့ သက်ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အတွင်းမှာလည်း စစ်တွေမြို့နယ် ဒါးပိုင်၊ အုန်းတောကြီးရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် ၉ဦးကိုလည်း ဖမ်းဆီးသွားကာ အခုထိ ပြန်မလွှတ် သေးပါဘူး။
အလားတူပဲ မေလ ၂၁ ရက်ကလည်း စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က ရခိုင်လူငယ် ၁ဦးဖြစ်တဲ့ ကိုချစ်လှိုင်ဆို သူကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃နှောင်းပိုင်းကတည်းက စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာမှ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ရာချီကို ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ ဆက် တိုက်လုပ်လာခဲ့တာဖြစ်ပြီး အချို့ကို တရားရုံးတင်အမှုဖွင့်ပေမယ့် အချို့ကိုတော့ စစ်သင်တန်းပေး၊ ရှေ့တန်းပို့တာ တွေ ဆက်တိုက်လုပ်လာခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာတွေအများစုပါဝင်ပြီး ရခိုင်ဒေသတိုက်ပွဲစဖြစ်ချိန်ကနေအခုထိ စစ်တွေမြို့နယ် အတွင်းမှ အသက်မပြည့်သေးသူတွေအပါအဝင် ဖမ်းဆီး၊ စစ်မှုထမ်းပို့ခံရတဲ့ ရိုဟင်ဂျာတရာကျော်ရှိပြီလို့ စစ်တွေ မြို့ ဘုမေရပ်ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ် ၁ဦးက သူသိထားတဲ့အချက်အလက်တွေကို ပြောပြပါတယ်။
“ဖမ်းရင်လည်း ဘာကြောင့်ဖမ်းတယ်ဆိုတာ ပြောပြရမယ်။ ဥပဒေမဲ့လုပ်လို့မရဘူး။ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူ တွေကိုဆိုရင် စစ်တပ်က အခွင့်အရေးတွေပေးထားတယ်။ သူတို့နဲ့ မပေါင်းတဲ့သူတွေကို ဖမ်းတယ်။ ငါးဖမ်းခွင့်တွေ တောင် မပေးဘူး။ ငတ်နေကြတာ စစ်တွေက ရိုဟင်ဂျာတွေက” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ကျားမသောက်တပ်ရင်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တွေမြို့ပေါ်မှာလည်း ညမထွက်ရအမိန့်ထုတ်ထားကာ စစ်ကားတွေနဲ့ ညစဉ်ညတိုင်း ကင်းလှည့်၊ စစ်ဆေး၊ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ခြံစည်းရိုးကာရံထားတဲ့ စစ်တွေမြို့ ကမ်းနားလမ်းမှာလည်း ဘန်ကာတွေ ဆောက်နေပြီး မြို့ပတ်လည် မြစ်၊ ချောင်းကမ်းစပ်တွေမှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပါတယ်။ အာဏာ သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ သိမ်းပိုက်ခံရပြီးနောက် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူရွာမှ ရွာသား ၇၆ ဦးကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရွာသားတရာကျော်ကို အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ စစ်တွေမြို့အနီးပတ်လည်က ကျေးရွာပေါင်း ၂၀ဝန်းကျင်ကိုလည်း ဖျက်ဆီး၊ လူတွေ နှင်ထုတ်ပြီးနောက် စစ်စခန်းလုပ်ထားပါတယ်။

🤮21🤬12❤7👍3👎1🔥1👏1
●အမှားပြင်ဆင်ချက်
People's Spring သတင်းဌာနက မေလ ၂၈ ရက်မနက်ပိုင်းမှာ "KIA ကို စိန်ခေါ်ထားတဲ့ ဝါရာ
ဇွပ်ပြည်သူ့စစ်တပ်သားကို KIA အရှင်ဖမ်းဆီး"
ဆိုပြီး သတင်းမှားကိုဖော်ပြမိခဲ့ပါတယ်။ သတင်းမှားယွင်းဖော်ပြမှုအတွက် စာဖတ်ပရိတ်နဲ့ ပြည်သူတွေကို တောင်းပန်အပ်ပါတယ်။

👍28😁4❤2🥰2
ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှု အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ဥပဒေမူကြမ်းကို ထိုင်းမှာ အဆိုတင်
မေ -၂၈ -၂၀၂၆။ People's Spring
ထိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကနေ ဖယ်ရှားဖို့၊ လိင်လုပ်သားတွေအပေါ် အကာအကွယ်တွေ တိုးမြှင့်ပေးဖို့ အဆိုကြမ်း တစ်ခုကို လွှတ်တော်ဆီ တင်ပြထားခဲ့ပါတယ်။
အဲဒီ အဆိုကြမ်း တင်သွင်းနိုင်ရေးကို ထိုင်းနိုင်ငံမှာရှိတဲ့ လိင်လုပ်သားတွေအရေး တက်ကြွလှုပ်ရှားတဲ့ ဖောင်ဒေးရှင်း တစ်ခုက ဦးဆောင် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ မေလ ၂၈ ရက်နေ့မှာတော့ Empower ဖောင်ဒေးရှင်းဟာ ထိုင်းအောက်လွှတ်တော် အမတ်တွေဆီကို လိင်လုပ်သားများ ကာကွယ်ရေး အက်ဥပဒေကို အောင်အောင်မြင်မြင် ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေမူကြမ်းကို လက်ခံရရှိခဲ့ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဆိုဖွန် ဇာရွမ်ကိုယ်စား သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုခဲ့ပါတယ်။
အောက်လွှတ်တော်ရဲ့ ဥပဒေ၊ တရားစီရင်ရေးနဲ့ လူ့အခွင့်အရေး ကော်မတီ ကိုယ်စားလှယ်တွေ၊ ပြည်သူ့ပါတီနဲ့ ဖျူထိုင်းပါတီ ကိုယ်စားလှယ်တွေဟာလည်း အဲဒီ အဆိုကြမ်း တင်သွင်းမှု အစီအစဉ်မှာ ရှိနေခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ ကျင့်သုံးနေတဲ့ ပြည့်တန်ဆာ တိုက်ဖျက်ရေးနဲ့ တားဆီးရေး ဥပဒေဟာ ခေတ်မမီတော့ကြောင်း၊ ကိုယ်ပိုင် စိတ်ဆန္ဒအရ အဲဒီ အလုပ်နဲ့ အသက်မွေးတဲ့ လိင်လုပ်သားတွေဟာ ဒီဥပဒေကြောင့် အမြတ်ထုတ်ခံရတာ၊ စော်ကားခံရတာ၊ ခွဲခြားဆက်ဆံ ခံရတာတွေ ကြုံနေကြောင်း ဖောင်ဒေးရှင်းရဲ့ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
အခု ဥပဒေ မူကြမ်းဟာ ပြည့်တန်ဆာ အလုပ်ကို အားပေး အားမြှောက်တာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ကိုယ်ပိုင် ခံယူချက်နဲ့ ဆုံးဖြတ် ရွေးချယ်ခဲ့သူတွေအပေါ် လေးစားမှု ပြသဖို့၊ သူတို့တွေဟာ တခြားသူ အားလုံးနဲ့တန်းတူ အခြေခံ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ပြည့်တန်ဆာ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု ပေးသူတွေနဲ့ ဖောက်သည်တွေကြားမှာ ရှိနေတဲ့ မတူညီတဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီးလည်း ထိရောက်တဲ့ ဥပဒေဘောင် စည်းမျဉ်းတွေနဲ့ ကာကွယ်ပေးသင့်ကြောင်း ဖောင်ဒေးရှင်းဖက်က သဘောထားမှတ်ချက် ပေးထားပါတယ်။
ပြည်တွင်းမှာ ပြည့်တန်ဆာ လုပ်ငန်းတွေဟာ အတိုင်းအတာ တစ်ခုထိ ပွင့်လင်းပေမယ့် ထိုင်းနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ သာမန်အားဖြင့်တော့ ရှေးရိုးစွဲဆန်တဲ့ ကွန်ဆာဗေးတစ်တွေ များပြားပါတယ်။
ကိုးကား: Khaosod

👍26❤6🔥3