People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍19🔥51
👍32🔥3
စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ်

မေ-၂၈၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

မကြာခင်သွားရောက်မယ့် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဥ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲများဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဥ် ဖြစ်လာမှာပါ။

အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်အကောင်အထည်ဖော်သူက ထုတ်ပြန်ပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရဆီ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီဖို့၊ ဒီမိုကရက်တစ်စံတန်ဖိုးတွေနဲ့အတူ အိန္ဒိယက ဆက်လက်ရပ်တည်လိမ့်မယ်လို့ မြန်မာပြည်သူတွေက ရိုးသားစွာ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

နယူးဒေလီရောက်မြန်မာတွေဟာ ဒီနေ့ မေလ ၂၈ရက်မှာ နယူးဒေလီရှိ Jantar Mantar နဲ့ မေလ ၃၀ ရက်မှာ မြန်မာသံရုံးရှေ့ ငြိမ်းချမ်းစွာ ဥပဒေနဲ့အညီ ဆန္ဒပြသွားဖို့ စီစဥ်ထားပါတယ်။ ဆန္ဒပြမယ့် အချိန်တွေကတော့ နှစ်ရက်စလုံး ညနေ ၃နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း အသိပေးထားပါတယ်။
👍3110🤣4🥰2👏1
👍31🥰4🤮21👏1
■​ဆောင်းပါး

သားဥအိမ်ကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

-သန္တာဖြူ ရေးသားသည်။

ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုကို ခြိမ်းခြောက်နေပြီး သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဟာ အသံတိတ်လူသတ်သမားတစ်ဦးလိုပါပဲ။

စောစောစီးစီးသိရှိဖို့ ခေတ်မီတဲ့ စစ်ဆေးနည်းမရှိသလို၊ ရောဂါလက္ခဏာပြချိန်မှာ နောက်ကျနေတတ်တာမို့ အမျိုးသမီးများစွာအတွက် စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံးရောဂါ ဖြစ်နေပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ဒီကြောက်မက်ဖွယ် ကင်
ဆာရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ကြီးမားတဲ့ သတင်းကောင်းတစ်ခု ကမ္ဘာ့ဆေးပညာလောကကနေ ထွက်ပေါ်လာခဲ့ပါပြီ။

အစ္စရေးနိုင်ငံWeizmann Institute of Science
မှသုတေသီများဟာ ကမ္ဘာမှာ ဘယ်သူမှ မရှာဖွေဖူးသေးတဲ့ အံ့ဩစရာတွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာရှိတဲ့ 'Memory' B cells (မှတ်ဉာဏ် B ဆဲလ်များ) ဟာ သားဥအိမ်ကင်ဆာကျိတ်တွေကိုမှတ်မိနိုင်ပြီးအောင်မြင်စွာ တိုက်ခိုက်
နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

ယခင်က ဆေးပညာလောကဟာ ဒီ မှတ်ဉာဏ် B ဆဲလ်တွေကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကိုပဲ မှတ်မိတိုက်ထုတ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့အခုသုတေသနအရတော့ ဒီဆဲလ်တွေဟာ ကင်ဆာကျိတ်တွေကိုပါ ရန်သူလိုခွဲခြားသိမြင်ပြီး ကင်ဆာတိုက်ဖျက်ရေး အင်တီဘော်ဒီ (Antibodies) တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ကင်ဆာဝေဒနာရှင်တွေအတွက် ကာကွယ်
ဆေးထုတ်လုပ်နိုင်ဖို့ လုံးဝကို ဆန်းသစ်တဲ့ ချဉ်း
ကပ်မှုအသစ်တစ်ခုပါပဲ။သားဥအိမ်ကင်ဆာရဲ့ လျှို့ဝှက်ချက်နှင့် ဗီဇအန္တရာယ်ကတော့ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံး သားဥအိမ်ကင်ဆာ (HGSOC)ဟာတကယ်တမ်းတော့ သားဥအိမ်ကနေ တိုက်ရိုက်စတာမဟုတ်ဘဲ၊ သားဥအိမ်နဲ့ ကပ်နေတဲ့ သားဥပြွန် (Fallopian tube) ရဲ့ အဖျားပိုင်းကနေ စတင်မြစ်ဖျားခံပြီးမှ သားဥအိမ်ဆီကို ကူးစက်ပြန့်ပွားသွားတာဖြစ်
ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ BRCA1 နဲ့ BRCA2 လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိသူတွေမှာ ဒီကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်း အလွန်များပါတယ်။ဒီ ဗီဇပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ DNA ပျက်စီးမှုတွေကို ပြုပြင်ပေးမယ့် ပရိုတင်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ဘဲ ကင်ဆာကျိတ်တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာရခြင်း ဖြစ်ပါတယ်။

သုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာ နာချမ်နာသန်ဟာ သားဥအိမ်ကင်ဆာ ဝေဒနာရှင် ၁၁ ဦးရဲ့ပြန်ရည်ကျိတ် (Lymph node)နဲ့ကင်ဆာကျိတ် (Tumor)နမူနာတွေကိုဓာတ်ခွဲစမ်းသပ်ခဲ့ပါတယ်။
ဆဲလ်တစ်ခုချင်းစီမှာ သီးသန့် အင်တီဘော်ဒီ အ
စဉ်လိုက်ပုံစံ (Barcode ကဲ့သို့) ရှိကြပါတယ်။

အံ့ဩစရာကောင်းတာက ပြန်ရည်ကျိတ်ထဲက ဆဲလ်နဲ့ ကင်ဆာကျိတ်ထဲက ဆဲလ်တွေမှာတစ်ပုံစံ
တည်းတူညီတဲ့ ဘားကုဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ မှတ်ဉာဏ်ဆဲလ်တွေက ပြန်ရည်ကျိတ်ကနေ ကင်ဆာကျိတ်ဆီကို တိုက်ရိုက်ခရီးဆန့်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီတွေ ထုတ်လုပ်ပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်
သေပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ဒီအင်တီဘော်ဒီတွေကို ဖန်တီးပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း သုံးပုံတစ်ပုံကျော်ဟာ ကင်ဆာဆဲလ်တွေကို ပြင်းပြင်းထန်ထန် သွားရောက်တွဲကပ် တိုက်ဖျက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီကမ္ဘာ့သတင်းကောင်းဟာ တကယ်တော့ ကမ္ဘာ့အမျိုးသမီးတွေတင်မကဘဲမြန်မာနိုင်ငံက အမျိုး
သမီးထုအတွက်ပါ အလွန်အရေးပါလှပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဖြစ်ပွားမှုအများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာပြီးရင်သားအိမ်ကင်ဆာဟာ ထိပ်ဆုံးကဏ္ဍကပါဝင်နေပါတယ်။

မြန်မာအမျိုးသမီး အများစုဟာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဆီးခဏခဏသွားခြင်းနဲ့ တင်ပါးဆုံဝန်းကျင် နာကျင်ခြင်း စတဲ့ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသာမန်လေထိုးလေအောင့်ရောဂါလို့ပဲ ထင်မှတ်မှားတတ်ကြပါတယ်။ရောဂါရှာဖွေရခက်ခဲတာကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိချိန်မှာ ရောဂါက အဆင့် (၃) သို့မဟုတ် အဆင့် (၄) အထိ ရောက်ရှိသွားတာမျိုး အဖြစ်များပါတယ်။

ဒါကြောင့်အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိချက်ဟာ ဆေးဝါးကုသစရိတ်ကြီးမားပြီး ရောဂါအဆင့်နောက်ကျမှ သိရှိရလေ့ရှိတဲ့ မြန်မာက ဝေ
ဒနာရှင်တွေအတွက် နောင်တစ်ချိန်မှာ ကုန်ကျစ
ရိတ်သက်သာပြီး ပစ်မှတ်ထားကုသနိုင်မယ့်မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ခုခံအားစနစ်မြှင့်တင်ပြီး ကင်ဆာကုသတဲ့နည်းလမ်း (Immunotherapy) ဟာ အခြားကင်ဆာတွေမှာ အောင်မြင်ပေမဲ့ သားဥအိမ်ကင်ဆာမှာတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ ဒါဟာ ကင်ဆာတိုက်ဖျက်မယ့် B ဆဲလ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ငြိမ်သက် (Inactive) နေလို့ပဲ ဖြစ်ပါတယ်။
21👍7🤮2🥰1
အခု တွေ့ရှိချက်အသစ်ကတော့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနေပြီးသား ဒီကင်ဆာတိုက်ဖျက်ရေး B ဆဲလ်တွေကိုကာကွယ်ဆေး
(Vaccine)တစ်ခုခုနဲ့ နှိုးဆွပေးနိုင်ရင်၊ သူတို့က ကင်ဆာကျိတ်တွေကို ပစ်မှတ်ထားပြီး အလို
အလျောက် ခြေမှုန်းပေးတော့မှာ ဖြစ်ပါတယ်။

ဆေးပညာရှင်များကတော့ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်တဲ့ Clinical Trials တွေ ပြု
လုပ်နိုင်ဖို့ မျှော်လင့်နေကြပြီး၊ မကြာခင် အနာဂတ်မှာ သားဥအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး ကမ္ဘာပေါ်မှာ ပေါ်ထွက်လာတော့မယ်လို့ ယုံကြည်နေကြပါတယ်။

Reference:The Times of Israel l May 27, 2026
👍213🤮3
👍27🥰4🤮21
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍234🤮2
နမ့်စန်မြို့နယ်မှာ ဗိုလ်ချုပ်ကြီးယွက်စစ် ဒေသခံတွေနဲ့တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်ပျံသန်း ခြိမ်းခြောက်ဟု RCSS ထုတ်ပြန်

မေ-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

မေလ ၂၇ရက် မနက် ၁၀နာရီမှာ ဝမ့်နန်းကျေးရွာကိုရောက်နေတဲ့ RCSS ဥက္ကဋ္ဌနဲ့ အဖွဲ့ကို တိုက်လေယာဉ် တစင်းဖြင့် အနီးကပ် ပျံသန်းမှု ခြောက်ကြိမ်ပြုလုပ် ခြိမ်းခြောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

“စစ်ကောင်စီက လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပပြောဆိုချက်များကြားသိ ရသော်လည်း လက်တွေ့တွင် လေ့ကျင့်ပျံသန်းမှုပုံသဏ္ဍာန်လုံးဝမရှိပဲ တမင် သက်သက်ခြိမ်းခြောက်မှုကိုပြသသော စော်ကားပျံသန်းမှုတရပ်မျှသာဖြစ်ကြောင်း မျက်မြင်များကပြောဆိုကြသည်”လို့ RCSS သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

RCSS ဥက္ကဋ္ဌဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာ စေတီထီးတော်တင်ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ ဝမ့်နန်းရွာကို မေလ ၂၆ရက်ကတည်းက ရောက်ရှိလာတာလို့ ဆိုပါတယ်။

အဲဒီလို လာရောက်စဉ် နမ့်စန်လေတပ်မှဟုယူဆရသော စစ်ကောင်စီတိုက်လေယာဉ်တစင်းက အစပိုင်းမှာ ရွာအထက်ဝေဟင် ခပ်လှမ်းလှမ်း လှည့်ပတ်ပျံသန်းပေမယ့် နောက်ပိုင်း တဖြည်းဖြည်း နီးကပ် ပျံသန်း ကာ ခြိမ်းခြောက်မှု လက္ခဏာတွေကို ပြသခဲ့တာလို့ ထုတ်ပြန်ပါတယ်။

RCSS ဥက္ကဌအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ထောက်ရှုတာ၊ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်ဖြစ်တာ၊ စစ်ရေး ပြင်ဆင်မှု မပြုလုပ်ထားတာကြောင့် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ခဲ့ခြင်းမရှိဟုလည်း အသိပေးပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်(RCSSရဲ့ ထုတ်ပြန်ချက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင် ဟု ဖော်ပြထား)က ရက်(၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရား ဝင်ကမ်းလှမ်းထားပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှုများ ထိခိုက်ပျက်စီးစေနိုင်ကြောင်းလည်း RCSS ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

RCSSဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အနေနဲ့လည်း တခါတရံ အာဏာသိမ်းစစ်တပ်ကြောင့် တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ပေါ်ပေါက်လာတယ်လို့ ပြောဆိုတာ ရှိသလို တခါတရံမှာတော့ တော်လှန်ရေးအဖွဲ့တွေဟာ တော်လှန်ရေးနည်းပညာ တက်သိနားလည်မှုမရှိ၊ တော်လှန်ရေး မဟာဗျူဟာမရှိ ဆိုကာ တော်လှန်ရေးအဖွဲ့တွေကို အပြစ်ဖို့တာတွေလည်း ပြုလုပ်လေ့ရှိတဲ့ ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။
😁25🔥117🤣3🤬2🤔1
(စစ်တပ် ခြိမ်းခြောက်လာတဲ့ တိုက်လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)
🤔23👎6🔥6🤮32🤣1
■​ဆောင်းပါး

မန္တ​လေးကိုဖျက်ဆီး​နေတဲ့စစ်တပ်အ​စေခံပျူ​​တွေ

​ကတ်သရင်း​နှင်း/People's Spring

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

တစ်​တော့ဆယ်လီ​ဇော်ဝင်း​မောင် အားကိုးတကြီး ပွဲထုတ်သူတွေဟာ စစ်တပ်လက်​အောက်ခံ ပျူစောထီး​တွေဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ခေါင်းဆောင်လည်းဖြစ်ပျူတွေလည်းဖြစ်တဲ့ ချိုကြီး၊ကျော်သက်ရှည် (​ခေါ်) နှုတ်ခမ်း​မွေး၊ သင်ပန်းကုန်း ဘိုဘို တို့ဖြစ်ပါတယ်။

Tiktok ဆယ်လီ ဇော်ဝင်းမောင်ဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်ခေါင်းဆောင်ကို လှောင်ပြောင်တဲ့ တစ်တော့ဗွီဒီယိုရိုက်လို့ဆိုပြီး ၂၀၂၃ ဇူလိုင်က ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ် အလိုကျနေထိုင်ပြီး စစ်တပ်နဲ့ ပူးပေါင်းနေလို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်
ခံ ပျူ​စောထီး​တွေရဲ့ ခြိမ်း​ခြောက်မှုဘယ်​လောက်ဆိုးဝါးတယ်ဆိုတာ၊ စစ်တပ်လက်​အောက်မှာ တ
ရားဥပ​ဒေစိုးမိုးမှု မရှိ​တော့ဘဲ ဖြစ်ချင်သလိုဖြစ်​နေတာ​တွေကို မီး​မောင်းထိုးပြခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရင်က ရပ်
ကွက်​တွေမှာ သောက်စားရမ်းကားအုပ်စုဖွဲ့ လု
ယက်မှုတွေကျူးလွန်ခဲ့ကြတဲ့ လူတွေ၊ တနည်းအားဖြင့် မ​ကောင်းမှုအကုန်လုပ်တဲ့ ဇိုး​တွေကို စစ်တပ်က ပျူစောထီး​တွေ ပြည်သူ့စစ်​တွေဆိုပြီး လက်နက်​တပ်ဆင်ပေးခဲ့ရာက​နေ ပြသာနာ​တွေ
စခဲ့ပါတယ်။

အဲဒီနောက် မန္တလေးမြို့မှာ ပျူစောထီး အဖွဲ့ပေါင်းစုံ ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်အမာခံ​ထောက်ခံသလို စစ်တပ်အတွက်အလုပ်လုပ်​နေတဲ့ သက်န်းဝတ်ပေါက်ကိုယ်တော်ကလည်း “ဇရှိတဲ့ဇိုး တော်တော်များများကို စည်း
ရုံးနိုင်ခဲ့တယ်။မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်​တွေကို စစ်တပ်လက်​အောက်ခံပျူ​တွေဖြစ်​အောင်လုပ်ပေးခဲ့တာကိုဂုဏ်ယူစွာ​​​မေလတတိယပါတ်မှာပြောပါတယ်။

အရင်ကတည်းက ဓားတရမ်းရမ်းနဲ့ ရမ်းကား နေတဲ့ လူရမ်းကားတွေဟာ သေနတ်ရပြီးတဲ့ နောက် မြို့ပေါ်မှာ မျောက်လက်ထဲမီး တုတ်ထည့်ပေးသ
လိုဖြစ်ခဲ့ပါတယ်။စစ်အာဏာသိမ်းပြီး ၂၀၂၃ခုနှစ်အတွင်းပျူစောထီးယူနီဖောင်း၊နဲ့ဦးထုပ်ဆောင်း
ကာ လုယက်မှုတွေ အကြိမ်ကြိမ်ဖြစ်လာပါတယ်။

ပျူ​တွေမှာတူညီတဲ့အချက်​တွေက​တော့ အာဏာ
သိမ်းစစ်တပ်ခိုင်းတာကိုလုပ်တာ ၊ပြည်သူကိုဖိနှိပ်တာ ၊ဆပ်​ကြေး​ကောက်တာ ၊စစ်တပ်အတွက်စစ်သားသစ်စု​ပေးတာ ၊​ပေါ်တာဆွဲတာ စတာ​တွေပဲဖြစ်ပါတယ် ။ဒါ့အပြင် အများစုက ပ​လေကပ် ပုဆိုး​တွေဝတ်တာ ၊​ဆေးမင်​ကြောင်ထိုးတာ၊Tiktok မှာကရတာ ၊ပရဟိတသမားလိုလို ဘုရားဒါကာလိုလို လုပ်ရတာကိုကြိုက်နှစ်သက်ကြတာကို​တွေ့ရပါတယ် ။

သေနတ်ပြဆိုင်ကယ်လုယက်မှု အပါအဝင် ၂၀၂၅ ခုနှစ်အတွင်း အရက်ဘားတခုမှာ လူငယ်ချင်းပြသနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ဆိုင်ကယ်
မရပ်ရင် ပစ်မယ်လို့ဆိုကာ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်း
အထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ဒီဖြစ်ရပ် တွေမှာ ဒီနေ့အထိ စစ်ကောင်စီ တရားခံဖမ်းဆီးနိုင်ခြင်းမရှိ သေးတဲ့ အမှု တွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့​ပေါင်းပြီး ပြည်သူ​တွေကိုဖိနှိပ်ရမ်းကား​နေတဲ့ မန္တ​လေးမြို့ကပျူစောထီးတချို့အကြောင်း လေ့လာကြည့်ကြရအောင်ပါ။

●ရဲမွန်တောင်ပြည်သူ့စစ်

တော်လှန်ရေးတပ် တွေက တိုက်ခိုက်မှု များလာပြီးတဲ့ နောက် မဘသ ဘုန်းကြီး ဦးဝီရသူဟာ စစ်တပ်ကို ဝေဖန်လာခဲ့ပါတယ်။မန္တလေး-မင်းကွန်းလမ်းကို လုံခြုံရေးမပေးနိုင်တာကြောင့် ဦးဝီရသူရဲ့ မင်းကွန်းမှာရှိတဲ့ မဘသ (ဘက)ကျောင်းသားတွေ ရေကြောင်းက နေ စာမေးပွဲလာဖြေရတာကြောင့် မရမ်းခြံဆိပ်ကမ်းမှာ Video ရိုက်ကာ စစ်တပ်က ဝေဖန်ခဲ့တာပါ။ဒီရုပ်သံဖိုင်ဟာ တော်လှန်ရေးကာ
လအတွင်း ဦးဝီရသူရဲ့ နောက်ဆုံးအကြိမ် စစ်တပ်ကို ဝေဖန်တဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။

အဲဒီနောက် ဦးဝီရသူရဲ့တပည့်အရင်းဖြစ်သလို ၊စစ်တပ်က​မွေးထားတဲ့ပါတီတစ်ခုဖြစ်တဲ့တိုင်းရင်း
သားစည်းလုံးညီညွတ်​ရေးပါတီ(တစည)အမတ် နေမျိုးကျော်ဟာ ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်
သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ ​ခေါင်းစဥ်အမျိုးမျိုးနဲ့ ဆန္ဒပြတဲ့ အမျိုးသား​ရေးအစွန်း​ရော မဘသ ​တွေ ၊ စစ်တပ်အာဏာသိမ်းပြီး​တော့ PDF နဲ့​တော်လှန်​ရေးတပ်တွေကို ဆန္ဒပြတဲ့ သူတွေနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ​တွေက​တော့သူတို့က မဘသ​တွေ ၊ငါး​ထောင်စား​တွေလို့​ခေါ်ခဲ့ကြတာပါ။

နေမျိုးကျော်ဟာ ပေါက်ကိုယ်တော်ထက် ဦးဝီရသူနဲ့ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အရင်ကတည်းက အမျိုးသားရေးလှုပ်ရှားမှုလို့နာမည်တပ်ပြီး လက်ပတ်နီလူရမ်းကားအဖွဲ့အစည်း​တွေကို ကိုင်တွယ်ခဲ့သူ​တွေထဲကတစ်ဦးပါ။
🔥185👍1