◾️မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ မေလ ၂၆ ရက် နေ့လယ်ပိုင်းက မြစ်ခြေမြို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက မြို့မစျေးအပါအဝင် လူနေရပ်ကွက်တွေကို မီးရှိ့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မြစ်ခြေမြို့ပေါ်နေရာ တော်တော်များများကို လိုက်လံ မီးတင်ရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့မစျေး မီးရှို့ခံရတယ်လို့ သိရပြီး စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။ အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်ကစပြီး အောင်သာပျူစောထီးကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်ကလာတဲ့ စစ်ကြောင်း ၂ကြောင်း ပေါင်းထားတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း သိရပါတယ်။ စစ်ကြောင်းကြောင့် မြစ်ခြေမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူ ၂သောင်းခန့် စစ်ဘေးရှောင်နေရပြီး သီတင်းနှစ်ပတ်ကျော်ကြာလာလို့ အစားအသောက်ရိက္ခာနဲ့ မိုးကာတွေ အထူးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
◾️ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သူက ဆိုပါတယ်။ မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၁,၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။
◾️ထိုင်းဆေးရုံကို မြန်မာရွာသားတွေ စုပေါင်း ငွေလှူတဲ့အပေါ် ထိုင်းပြည်သူတွေ ချီးကျူး
မြန်မာရွာသားတွေ စုပေါင်းပြီး ထိုင်းဆေးရုံတစ်ခုကို ငွေကြေးလှူဒါန်းခဲ့မှုဟာ ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။ တက်ခ်ခရိုင်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံကို မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ဘတ်ငွေ ၁၄,၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း ဆေးရုံက မေလ ၂၆ ရက်မှာ လူမှုကွန်ရက်မီဒီယာ Facebookကနေ ကြေညာခဲ့ပါတယ်။ အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။ ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကို လူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။
◾️စစ်ကိုင်းအထက်ပိုင်း ထိုးစိုက်ဇုန်မှာ ငလျင် ၂ကြိမ်ဆက်လှုပ်
စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၂ခုမှာ မေလ ၂၆ရက် ညပိုင်းက နာရီပိုင်းပဲခြားပြီး ရစ်ခ်တာစကေး ၄ ဒသမ ၅နဲ့ ၄ ဒသမ ၃အဆင့် ငလျင်လှုပ်ခတ်သွားပါတယ်။ မော်လိုက်မြို့မှာ ည ၈နာရီ ၃၈မိနစ်က ရစ်ခ်တာစကေး ၄ ဒသမ၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ကလေးဝမြို့မှာ ည ၁၁နာရီခန့်က ရစ်ခ်တာစကေး ၄ ဒသမ၅ အဆင့် ငလျင်လှုပ်ခဲ့တာပါ။ငလျင် ၂ကြိမ်စလုံးဟာ မြေအောက်အနက် ၈၅ကီလိုမီတာနဲ့ ၉၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာဖြစ်ပါတယ်။ စစ်ကိုင်တိုင်းအထက်ပိုင်းဟာ စစ်ကိုင်းပြတ်ရွေ့အထက်ပိုင်းနဲ့ ဆက်စပ်နေသလို ထိုးစိုက်ဇုန် (Subduction Zone)ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ထိုးစိုက်ဇုန်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် ပွတ်တိုက်ပြီး လှုပ်ရှားမှုဖြစ်နေတာပါ။

👍14❤3👎1🤮1
စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ်
မေ-၂၈၊ ၂၀၂၆။ People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။
သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
မကြာခင်သွားရောက်မယ့် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဥ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲများဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဥ် ဖြစ်လာမှာပါ။
အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်အကောင်အထည်ဖော်သူက ထုတ်ပြန်ပါတယ်။
ကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရဆီ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီဖို့၊ ဒီမိုကရက်တစ်စံတန်ဖိုးတွေနဲ့အတူ အိန္ဒိယက ဆက်လက်ရပ်တည်လိမ့်မယ်လို့ မြန်မာပြည်သူတွေက ရိုးသားစွာ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။
နယူးဒေလီရောက်မြန်မာတွေဟာ ဒီနေ့ မေလ ၂၈ရက်မှာ နယူးဒေလီရှိ Jantar Mantar နဲ့ မေလ ၃၀ ရက်မှာ မြန်မာသံရုံးရှေ့ ငြိမ်းချမ်းစွာ ဥပဒေနဲ့အညီ ဆန္ဒပြသွားဖို့ စီစဥ်ထားပါတယ်။ ဆန္ဒပြမယ့် အချိန်တွေကတော့ နှစ်ရက်စလုံး ညနေ ၃နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း အသိပေးထားပါတယ်။

👍31❤10🤣4🥰2👏1
■ဆောင်းပါး
သားဥအိမ်ကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်
"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"
-သန္တာဖြူ ရေးသားသည်။
ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုကို ခြိမ်းခြောက်နေပြီး သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဟာ အသံတိတ်လူသတ်သမားတစ်ဦးလိုပါပဲ။
စောစောစီးစီးသိရှိဖို့ ခေတ်မီတဲ့ စစ်ဆေးနည်းမရှိသလို၊ ရောဂါလက္ခဏာပြချိန်မှာ နောက်ကျနေတတ်တာမို့ အမျိုးသမီးများစွာအတွက် စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံးရောဂါ ဖြစ်နေပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ဒီကြောက်မက်ဖွယ် ကင်
ဆာရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ကြီးမားတဲ့ သတင်းကောင်းတစ်ခု ကမ္ဘာ့ဆေးပညာလောကကနေ ထွက်ပေါ်လာခဲ့ပါပြီ။
အစ္စရေးနိုင်ငံWeizmann Institute of Science
မှသုတေသီများဟာ ကမ္ဘာမှာ ဘယ်သူမှ မရှာဖွေဖူးသေးတဲ့ အံ့ဩစရာတွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာရှိတဲ့ 'Memory' B cells (မှတ်ဉာဏ် B ဆဲလ်များ) ဟာ သားဥအိမ်ကင်ဆာကျိတ်တွေကိုမှတ်မိနိုင်ပြီးအောင်မြင်စွာ တိုက်ခိုက်
နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။
ယခင်က ဆေးပညာလောကဟာ ဒီ မှတ်ဉာဏ် B ဆဲလ်တွေကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကိုပဲ မှတ်မိတိုက်ထုတ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့အခုသုတေသနအရတော့ ဒီဆဲလ်တွေဟာ ကင်ဆာကျိတ်တွေကိုပါ ရန်သူလိုခွဲခြားသိမြင်ပြီး ကင်ဆာတိုက်ဖျက်ရေး အင်တီဘော်ဒီ (Antibodies) တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ကင်ဆာဝေဒနာရှင်တွေအတွက် ကာကွယ်
ဆေးထုတ်လုပ်နိုင်ဖို့ လုံးဝကို ဆန်းသစ်တဲ့ ချဉ်း
ကပ်မှုအသစ်တစ်ခုပါပဲ။သားဥအိမ်ကင်ဆာရဲ့ လျှို့ဝှက်ချက်နှင့် ဗီဇအန္တရာယ်ကတော့ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံး သားဥအိမ်ကင်ဆာ (HGSOC)ဟာတကယ်တမ်းတော့ သားဥအိမ်ကနေ တိုက်ရိုက်စတာမဟုတ်ဘဲ၊ သားဥအိမ်နဲ့ ကပ်နေတဲ့ သားဥပြွန် (Fallopian tube) ရဲ့ အဖျားပိုင်းကနေ စတင်မြစ်ဖျားခံပြီးမှ သားဥအိမ်ဆီကို ကူးစက်ပြန့်ပွားသွားတာဖြစ်
ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။
အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ BRCA1 နဲ့ BRCA2 လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိသူတွေမှာ ဒီကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်း အလွန်များပါတယ်။ဒီ ဗီဇပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ DNA ပျက်စီးမှုတွေကို ပြုပြင်ပေးမယ့် ပရိုတင်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ဘဲ ကင်ဆာကျိတ်တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာရခြင်း ဖြစ်ပါတယ်။
သုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာ နာချမ်နာသန်ဟာ သားဥအိမ်ကင်ဆာ ဝေဒနာရှင် ၁၁ ဦးရဲ့ပြန်ရည်ကျိတ် (Lymph node)နဲ့ကင်ဆာကျိတ် (Tumor)နမူနာတွေကိုဓာတ်ခွဲစမ်းသပ်ခဲ့ပါတယ်။
ဆဲလ်တစ်ခုချင်းစီမှာ သီးသန့် အင်တီဘော်ဒီ အ
စဉ်လိုက်ပုံစံ (Barcode ကဲ့သို့) ရှိကြပါတယ်။
အံ့ဩစရာကောင်းတာက ပြန်ရည်ကျိတ်ထဲက ဆဲလ်နဲ့ ကင်ဆာကျိတ်ထဲက ဆဲလ်တွေမှာတစ်ပုံစံ
တည်းတူညီတဲ့ ဘားကုဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
ဒါဟာ မှတ်ဉာဏ်ဆဲလ်တွေက ပြန်ရည်ကျိတ်ကနေ ကင်ဆာကျိတ်ဆီကို တိုက်ရိုက်ခရီးဆန့်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီတွေ ထုတ်လုပ်ပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်
သေပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ဒီအင်တီဘော်ဒီတွေကို ဖန်တီးပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း သုံးပုံတစ်ပုံကျော်ဟာ ကင်ဆာဆဲလ်တွေကို ပြင်းပြင်းထန်ထန် သွားရောက်တွဲကပ် တိုက်ဖျက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
ဒီကမ္ဘာ့သတင်းကောင်းဟာ တကယ်တော့ ကမ္ဘာ့အမျိုးသမီးတွေတင်မကဘဲမြန်မာနိုင်ငံက အမျိုး
သမီးထုအတွက်ပါ အလွန်အရေးပါလှပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဖြစ်ပွားမှုအများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာပြီးရင်သားအိမ်ကင်ဆာဟာ ထိပ်ဆုံးကဏ္ဍကပါဝင်နေပါတယ်။
မြန်မာအမျိုးသမီး အများစုဟာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဆီးခဏခဏသွားခြင်းနဲ့ တင်ပါးဆုံဝန်းကျင် နာကျင်ခြင်း စတဲ့ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသာမန်လေထိုးလေအောင့်ရောဂါလို့ပဲ ထင်မှတ်မှားတတ်ကြပါတယ်။ရောဂါရှာဖွေရခက်ခဲတာကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိချိန်မှာ ရောဂါက အဆင့် (၃) သို့မဟုတ် အဆင့် (၄) အထိ ရောက်ရှိသွားတာမျိုး အဖြစ်များပါတယ်။
ဒါကြောင့်အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိချက်ဟာ ဆေးဝါးကုသစရိတ်ကြီးမားပြီး ရောဂါအဆင့်နောက်ကျမှ သိရှိရလေ့ရှိတဲ့ မြန်မာက ဝေ
ဒနာရှင်တွေအတွက် နောင်တစ်ချိန်မှာ ကုန်ကျစ
ရိတ်သက်သာပြီး ပစ်မှတ်ထားကုသနိုင်မယ့်မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ခုခံအားစနစ်မြှင့်တင်ပြီး ကင်ဆာကုသတဲ့နည်းလမ်း (Immunotherapy) ဟာ အခြားကင်ဆာတွေမှာ အောင်မြင်ပေမဲ့ သားဥအိမ်ကင်ဆာမှာတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ ဒါဟာ ကင်ဆာတိုက်ဖျက်မယ့် B ဆဲလ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ငြိမ်သက် (Inactive) နေလို့ပဲ ဖြစ်ပါတယ်။

❤21👍7🤮2🥰1
အခု တွေ့ရှိချက်အသစ်ကတော့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနေပြီးသား ဒီကင်ဆာတိုက်ဖျက်ရေး B ဆဲလ်တွေကိုကာကွယ်ဆေး
(Vaccine)တစ်ခုခုနဲ့ နှိုးဆွပေးနိုင်ရင်၊ သူတို့က ကင်ဆာကျိတ်တွေကို ပစ်မှတ်ထားပြီး အလို
အလျောက် ခြေမှုန်းပေးတော့မှာ ဖြစ်ပါတယ်။
ဆေးပညာရှင်များကတော့ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်တဲ့ Clinical Trials တွေ ပြု
လုပ်နိုင်ဖို့ မျှော်လင့်နေကြပြီး၊ မကြာခင် အနာဂတ်မှာ သားဥအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး ကမ္ဘာပေါ်မှာ ပေါ်ထွက်လာတော့မယ်လို့ ယုံကြည်နေကြပါတယ်။
Reference:The Times of Israel l May 27, 2026

👍21❤3🤮3