People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၂၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့က စစ်ရေးခေါင်းဆောင် ၁၀ဦးပါ ကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်မယ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ CNF တို့နဲ့ ကနဦး စုဖွဲ့ထားရာ အဲဒီထဲက CRPHမှ အပ ကျန် အဖွဲ့ ၅ခုက စစ်ရေးခေါင်းဆောင်တွေက စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ကော်မတီ ဖွဲ့စည်းထားတာ လို့ ဆိုပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေက တိုက်ရိုက်ချိတ်ဆက်ပြီးတော့ စစ်ရေးအစီအမံကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။ ဒါ့အပြင် SCEF မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး စုစုပေါင်း ၇ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

◾️စစ်တပ်က လူအင်အားရင်းပြီး နယ်မြေ ထိန်းချုပ်ထားမှု အဆုံးသတ်မဟုတ်ဘူးလို့ CNF ပြော

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ စစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ တွန်းဇံမြို့ အပါအဝင် နယ်မြေအချို့ ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေ နောက်ပိုင်း ဒေသတွင်း စစ်ရေးနဲ့ပတ်သက်လို့ ဆလိုင်းထက်နီက အခုလို ရှင်းပြတာဖြစ်ပါတယ်။ လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်စိုးမိုးထားတဲ့ နေရာတွေကို အထိုင်ချဖို့ လုပ်ဆောင်နေပြီး မြေပြန့်ကနေ လေကြောင်းကဖြစ်စေ၊ ကုန်းကြောင်းကဖြစ်စေ ရိက္ခာခဲယမ်းတွေ စုနေတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်ရဲ့ အခုလိုတန်ပြန်ထိုးစစ်ကို မျှော်လင့်ပြီးသားဖြစ်သလို တိုက်ပွဲဟာ အဆုံးသတ်မဟုတ်ကြောင်း ဆက်ပြောပါတယ်။

◾️စစ်တွေ ရွှေမင်းဂံရေတပ်စခန်းအနီး တိုက်ပွဲဖြစ်နေ

စစ်တွေမြို့နဲ့အနီးဆုံးမှာ တည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်လျက် ရွှေမင်းဂံရွာရှိ အာဏာသိမ်းစစ်တပ်တပ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ရေတပ်စခန်းဝင်းထဲကိုလည်း အဝေးပစ်လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာပါ။ ရွှေမင်းဂံရွာထဲက စခန်းကို AAက တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးနဲ့လည်း နေ့တိုင်းပစ်တယ်လို့ စစ်တွေဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ AAရဲ့ ပစ်ခတ်မှုကြောင့် ရေတပ်ဝင်းထဲက အဆောင်ကို ထိသွားကာ အထဲမှာ အထိအခိုက်လည်း များတယ်လို့ ကြားသိရကြောင်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ-စစ်တွေနဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်ရွာမှာရှိတဲ့ စစ်တပ် တပ်ရင်းတွေကိုလည်း အဝေးပစ်လက်နက်ကြီးနဲ့ တပြိုင်နက်တိုက်ခိုက်နေပြီး ကျားမသောက်တပ်ရင်း အနီးတောကန်ရွာနားမှာတော့မြေပြင်တိုက်ပွဲရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အာရက္ခတပ်တော်က ပတ်ပတ်လည်ကနေပြီးတော့ လက်နက်ကြီးနဲ့ရော၊ ဒရုန်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် စစ်တွေအနီးတဝိုက်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ AA နဲ့ နီးစပ်တဲ့အခြားစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

◾️ငါ့သရောက်နယ် စစ်​ကြောင်းထိုးတဲ့တပ် တိုက်ခိုက်ခံရပြီး စစ်သား ၂၀ခန့် ထွက်​ပြေး​

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ-ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီး ထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။ မေလ ၂၄ရက်က ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)၊ Popa Production and Guerrila Force (PPGF)၊ညောင်ဦးခရိုင်တပ်ရင်း
20👍2🤮1
၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ People Democratic Army(PDA) ၊ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ​ပြောက်ကျားတပ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်က စစ်သား ၇ဦးဟာ လက်နက်​တွေယူပြီး ထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။ အဲဒီနောက် စစ်တပ်က နောက်ပြန်ဆုတ်ပြီး ကျေးရွာတွေအတွင်း နားနေချိန် စစ်သား ၁၀ ဦးကျော်လောက်ဟာ ထပ်မံထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။

◾️စစ်ရှောင်မိသားစု ရွာထဲပြန်ဝင်ချိန် မိုင်းမိပြီးမိသားစုလိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံသစ်ကျေးရွာမှာ ပြီးခဲ့တဲ့မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစုတစု ရွာကို ပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ရွာကနေ တိမ်းရှောင်ခဲ့ရတဲ့ ကံသစ်ရွာက မိသားစုသုံးဦး ရွာထဲ ပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိတာပါ။ သေဆုံးသွားတဲ့ သုံးဦးဟာ သားမိသားဖတွေလို့ ဒေသခံအမျိုးသားက ပြောပါတယ်။ အဲဒီဖြစ်စဉ်မှာ အသက် ၅နှစ်အရွယ် ယောကျ်ားလေးအပြင် အဲဒီကလေးရဲ့ ဖအေနဲ့ မအေတို့ပါသေဆုံးခဲ့ရတာပါ။ စစ်တပ်ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံက အသိ ပေးပါတယ်။

◾️ရေးဘီလူးတပ်စခန်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂၇ ရက် မနက်အစောပိုင်းက ကင်ပွန်းကျေးရွာအနီးက ရေးဘီးလူတပ်စခန်းနေရာကို အာဏာသိမ်းစစ်တပ်က ဗုံးအလုံးရေ ဆယ်နဲ့ချီသုံးပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အတည်ပြုထားပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပျက်စီးမှုအခြေအနေ အသေးစိတ်ကို‌ သီးခြားဆက်သွယ်မေးမြန်းဆဲ ဖြစ်ပါတယ်။ ရေးဘီလူးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ ဒီမနက် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ဦးရှိတယ်လို့ ကနဦးသိထားရပြီး ထိခိုက်သူတွေလည်းရှိတာကြောင့် ထိခိုက်သေဆုံး ၁၀ဦးကျော်တယ်လို့ ပြောပါတယ်။

◾️ကျိုက်ဒုံမြို့ကို စစ်တပ် ဗုံးကြဲလို့ အမျိုးသမီး ၃ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို KNUက ၂၀၂၄ မတ်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က အခု မေလမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တာပါ။ ကျိုက်ဒုံမြို့အဝင် တံတားရဲ့ တဖက်ကမ်း နို့တကောမြို့နယ်(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်) အတွင်းရှိ ပြည်သူနေအိမ်များကို မေလ ၂၄ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာရာ အရပ်သား ပြည်သူ အမျိုးသမီး (၃) ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ လူနေအိမ် (၂) လုံးနဲ့ အိမ်စီးကား ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းလုပ်ရပ်ဖြစ်ကြောင်း KNUက ဖော်ပြထားပါတယ်။

◾️မြန်မာ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို Quad နိုင်ငံခြားရေးဝန်ကြီးတွေ စိုးရိမ်

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးလေးဦးတို့ တွေ့ဆုံဆွေးနွေးအပြီး မေလ ၂၆ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန််မာ့အရေးကို ထည့်သွင်းဖော်ပြပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုးကြောင်း ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်ကောင်းတရပ်ဖန်တီးပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးပွဲပြုလုပ်ဖို့ အချက်တွေကိုလည်း Quad နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာ့အကျပ်အတည်းရဲ့သက်ရောက်မှုကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပျံ့နှံလာခြင်းအပေါ် စိုးရိမ်ကြောင်းလည်း Quad က ပူးတွဲထုတ်ပြန်ပါတယ်။
👍136🤮1
◾️မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ မေလ ၂၆ ရက် နေ့လယ်ပိုင်းက မြစ်ခြေမြို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက မြို့မစျေးအပါအဝင် လူနေရပ်ကွက်တွေကို မီးရှိ့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မြစ်ခြေမြို့ပေါ်နေရာ တော်တော်များများကို လိုက်လံ မီးတင်ရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့မစျေး မီးရှို့ခံရတယ်လို့ သိရပြီး စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။ အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်ကစပြီး အောင်သာပျူစောထီးကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်ကလာတဲ့ စစ်ကြောင်း ၂ကြောင်း ပေါင်းထားတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း သိရပါတယ်။ စစ်ကြောင်းကြောင့် မြစ်ခြေမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူ ၂သောင်းခန့် စစ်ဘေးရှောင်နေရပြီး သီတင်းနှစ်ပတ်ကျော်ကြာလာလို့ အစားအသောက်ရိက္ခာနဲ့ မိုးကာတွေ အထူးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

◾️ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်‌နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။ အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သူက ဆိုပါတယ်။ မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အင်အား ၁,၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။

◾️ထိုင်းဆေးရုံကို မြန်မာရွာသားတွေ စုပေါင်း ငွေလှူတဲ့အပေါ် ထိုင်းပြည်သူတွေ ချီးကျူး

မြန်မာရွာသားတွေ စုပေါင်းပြီး ထိုင်းဆေးရုံတစ်ခုကို ငွေကြေးလှူဒါန်းခဲ့မှုဟာ ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။ တက်ခ်ခရိုင်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံကို မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ​ဘတ်ငွေ ၁၄,၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း ဆေးရုံက မေလ ၂၆ ရက်မှာ လူမှုကွန်ရက်မီဒီယာ Facebookကနေ ကြေညာခဲ့ပါတယ်။ အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။ ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကို လူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

◾️စစ်ကိုင်းအထက်ပိုင်း ထိုးစိုက်ဇုန်မှာ ငလျင် ၂ကြိမ်ဆက်လှုပ်

စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၂ခုမှာ မေလ ၂၆ရက် ညပိုင်းက နာရီပိုင်းပဲခြားပြီး ရစ်ခ်တာစကေး ၄ ဒသမ ၅နဲ့ ၄ ဒသမ ၃အဆင့် ငလျင်လှုပ်ခတ်သွားပါတယ်။ မော်လိုက်မြို့မှာ ည ၈နာရီ ၃၈မိနစ်က ရစ်ခ်တာစကေး ၄ ဒသမ၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ကလေးဝမြို့မှာ ည ၁၁နာရီခန့်က ရစ်ခ်တာစကေး ၄ ဒသမ၅ အဆင့် ငလျင်လှုပ်ခဲ့တာပါ။ငလျင် ၂ကြိမ်စလုံးဟာ မြေအောက်အနက် ၈၅ကီလိုမီတာနဲ့ ၉၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာဖြစ်ပါတယ်။ စစ်ကိုင်တိုင်းအထက်ပိုင်းဟာ စစ်ကိုင်းပြတ်ရွေ့အထက်ပိုင်းနဲ့ ဆက်စပ်နေသလို ထိုးစိုက်ဇုန် (Subduction Zone)ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ထိုးစိုက်ဇုန်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် ပွတ်တိုက်ပြီး လှုပ်ရှားမှုဖြစ်နေတာပါ။
👍143👎1🤮1
👍19🔥51
👍32🔥3
စစ်ခေါင်းဆောင်ရဲ့အိန္ဒိယခရီးစဥ်ကို နယူးဒေလီရောက်မြန်မာတွေ ဆန္ဒပြမယ်

မေ-၂၈၊ ၂၀၂၆။ People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

သမ္မတအမည်ခံ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်တပ်က မြန်မာပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

မကြာခင်သွားရောက်မယ့် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဥ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲများဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဥ် ဖြစ်လာမှာပါ။

အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ နယူးဒေလီရောက် မြန်မာပြည်သူများအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ လူထုအင်အားအပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်အကောင်အထည်ဖော်သူက ထုတ်ပြန်ပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲအတွက် အိန္ဒိယအစိုးရဆီ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီဖို့၊ ဒီမိုကရက်တစ်စံတန်ဖိုးတွေနဲ့အတူ အိန္ဒိယက ဆက်လက်ရပ်တည်လိမ့်မယ်လို့ မြန်မာပြည်သူတွေက ရိုးသားစွာ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

နယူးဒေလီရောက်မြန်မာတွေဟာ ဒီနေ့ မေလ ၂၈ရက်မှာ နယူးဒေလီရှိ Jantar Mantar နဲ့ မေလ ၃၀ ရက်မှာ မြန်မာသံရုံးရှေ့ ငြိမ်းချမ်းစွာ ဥပဒေနဲ့အညီ ဆန္ဒပြသွားဖို့ စီစဥ်ထားပါတယ်။ ဆန္ဒပြမယ့် အချိန်တွေကတော့ နှစ်ရက်စလုံး ညနေ ၃နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း အသိပေးထားပါတယ်။
👍3110🤣4🥰2👏1
👍31🥰4🤮21👏1
■​ဆောင်းပါး

သားဥအိမ်ကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

-သန္တာဖြူ ရေးသားသည်။

ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုကို ခြိမ်းခြောက်နေပြီး သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဟာ အသံတိတ်လူသတ်သမားတစ်ဦးလိုပါပဲ။

စောစောစီးစီးသိရှိဖို့ ခေတ်မီတဲ့ စစ်ဆေးနည်းမရှိသလို၊ ရောဂါလက္ခဏာပြချိန်မှာ နောက်ကျနေတတ်တာမို့ အမျိုးသမီးများစွာအတွက် စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံးရောဂါ ဖြစ်နေပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ဒီကြောက်မက်ဖွယ် ကင်
ဆာရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ကြီးမားတဲ့ သတင်းကောင်းတစ်ခု ကမ္ဘာ့ဆေးပညာလောကကနေ ထွက်ပေါ်လာခဲ့ပါပြီ။

အစ္စရေးနိုင်ငံWeizmann Institute of Science
မှသုတေသီများဟာ ကမ္ဘာမှာ ဘယ်သူမှ မရှာဖွေဖူးသေးတဲ့ အံ့ဩစရာတွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာရှိတဲ့ 'Memory' B cells (မှတ်ဉာဏ် B ဆဲလ်များ) ဟာ သားဥအိမ်ကင်ဆာကျိတ်တွေကိုမှတ်မိနိုင်ပြီးအောင်မြင်စွာ တိုက်ခိုက်
နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

ယခင်က ဆေးပညာလောကဟာ ဒီ မှတ်ဉာဏ် B ဆဲလ်တွေကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကိုပဲ မှတ်မိတိုက်ထုတ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့အခုသုတေသနအရတော့ ဒီဆဲလ်တွေဟာ ကင်ဆာကျိတ်တွေကိုပါ ရန်သူလိုခွဲခြားသိမြင်ပြီး ကင်ဆာတိုက်ဖျက်ရေး အင်တီဘော်ဒီ (Antibodies) တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ကင်ဆာဝေဒနာရှင်တွေအတွက် ကာကွယ်
ဆေးထုတ်လုပ်နိုင်ဖို့ လုံးဝကို ဆန်းသစ်တဲ့ ချဉ်း
ကပ်မှုအသစ်တစ်ခုပါပဲ။သားဥအိမ်ကင်ဆာရဲ့ လျှို့ဝှက်ချက်နှင့် ဗီဇအန္တရာယ်ကတော့ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံး သားဥအိမ်ကင်ဆာ (HGSOC)ဟာတကယ်တမ်းတော့ သားဥအိမ်ကနေ တိုက်ရိုက်စတာမဟုတ်ဘဲ၊ သားဥအိမ်နဲ့ ကပ်နေတဲ့ သားဥပြွန် (Fallopian tube) ရဲ့ အဖျားပိုင်းကနေ စတင်မြစ်ဖျားခံပြီးမှ သားဥအိမ်ဆီကို ကူးစက်ပြန့်ပွားသွားတာဖြစ်
ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ BRCA1 နဲ့ BRCA2 လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိသူတွေမှာ ဒီကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်း အလွန်များပါတယ်။ဒီ ဗီဇပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ DNA ပျက်စီးမှုတွေကို ပြုပြင်ပေးမယ့် ပရိုတင်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ဘဲ ကင်ဆာကျိတ်တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာရခြင်း ဖြစ်ပါတယ်။

သုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာ နာချမ်နာသန်ဟာ သားဥအိမ်ကင်ဆာ ဝေဒနာရှင် ၁၁ ဦးရဲ့ပြန်ရည်ကျိတ် (Lymph node)နဲ့ကင်ဆာကျိတ် (Tumor)နမူနာတွေကိုဓာတ်ခွဲစမ်းသပ်ခဲ့ပါတယ်။
ဆဲလ်တစ်ခုချင်းစီမှာ သီးသန့် အင်တီဘော်ဒီ အ
စဉ်လိုက်ပုံစံ (Barcode ကဲ့သို့) ရှိကြပါတယ်။

အံ့ဩစရာကောင်းတာက ပြန်ရည်ကျိတ်ထဲက ဆဲလ်နဲ့ ကင်ဆာကျိတ်ထဲက ဆဲလ်တွေမှာတစ်ပုံစံ
တည်းတူညီတဲ့ ဘားကုဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ မှတ်ဉာဏ်ဆဲလ်တွေက ပြန်ရည်ကျိတ်ကနေ ကင်ဆာကျိတ်ဆီကို တိုက်ရိုက်ခရီးဆန့်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီတွေ ထုတ်လုပ်ပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်
သေပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ဒီအင်တီဘော်ဒီတွေကို ဖန်တီးပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း သုံးပုံတစ်ပုံကျော်ဟာ ကင်ဆာဆဲလ်တွေကို ပြင်းပြင်းထန်ထန် သွားရောက်တွဲကပ် တိုက်ဖျက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီကမ္ဘာ့သတင်းကောင်းဟာ တကယ်တော့ ကမ္ဘာ့အမျိုးသမီးတွေတင်မကဘဲမြန်မာနိုင်ငံက အမျိုး
သမီးထုအတွက်ပါ အလွန်အရေးပါလှပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဖြစ်ပွားမှုအများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာပြီးရင်သားအိမ်ကင်ဆာဟာ ထိပ်ဆုံးကဏ္ဍကပါဝင်နေပါတယ်။

မြန်မာအမျိုးသမီး အများစုဟာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဆီးခဏခဏသွားခြင်းနဲ့ တင်ပါးဆုံဝန်းကျင် နာကျင်ခြင်း စတဲ့ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသာမန်လေထိုးလေအောင့်ရောဂါလို့ပဲ ထင်မှတ်မှားတတ်ကြပါတယ်။ရောဂါရှာဖွေရခက်ခဲတာကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိချိန်မှာ ရောဂါက အဆင့် (၃) သို့မဟုတ် အဆင့် (၄) အထိ ရောက်ရှိသွားတာမျိုး အဖြစ်များပါတယ်။

ဒါကြောင့်အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိချက်ဟာ ဆေးဝါးကုသစရိတ်ကြီးမားပြီး ရောဂါအဆင့်နောက်ကျမှ သိရှိရလေ့ရှိတဲ့ မြန်မာက ဝေ
ဒနာရှင်တွေအတွက် နောင်တစ်ချိန်မှာ ကုန်ကျစ
ရိတ်သက်သာပြီး ပစ်မှတ်ထားကုသနိုင်မယ့်မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ခုခံအားစနစ်မြှင့်တင်ပြီး ကင်ဆာကုသတဲ့နည်းလမ်း (Immunotherapy) ဟာ အခြားကင်ဆာတွေမှာ အောင်မြင်ပေမဲ့ သားဥအိမ်ကင်ဆာမှာတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ ဒါဟာ ကင်ဆာတိုက်ဖျက်မယ့် B ဆဲလ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ငြိမ်သက် (Inactive) နေလို့ပဲ ဖြစ်ပါတယ်။
21👍7🤮2🥰1