People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ချင်းပြည်နယ်၊ မင်းတပ်မြို့ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👎25🔥52👏2🤣2💯1
မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ

မေ -၂၇၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

"ဒီနေ့ လက်ရှိအချိန်ထိ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်"လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

အင်အား ၁၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။

သရက်မြို့နယ် အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်က ရခိုင်ရိုးမအနီး မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

"မင်းတုန်းမြို့နယ်ထဲက မထိန်းချုပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ နောက် မင်းတုန်းမြို့နယ်က ရခိုင်ရိုးနဲ့ ဆက်နေတဲ့အတွက် ရခိုင်ဘက်ကို ၀င်တဲ့လမ်းတွေကို ပိတ်ဆို့ချင်တာမျိုး"လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
👍17🔥7👎42🤣2
(စစ်တပ် အဓမ္မခေါ်ဆောင်ထားတဲ့ စစ်မှုထမ်းသင်တန်း တပ်သားသစ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- စစ်ကောင်စီ)
👎28🔥4🤔2🤣21👻1
မြန်မာ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို Quad နိုင်ငံခြားရေးဝန်ကြီးတွေ စိုးရိမ်

မေ-၂၇၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးလေးဦးတို့ တွေ့ဆုံဆွေးနွေးအပြီး မေလ ၂၆ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန််မာ့အရေးကို ထည့်သွင်းဖော်ပြပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုးကြောင်း ထပ်လောင်းအတည်ပြုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်ကောင်းတရပ်ဖန်တီးပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးပွဲပြုလုပ်ဖို့ အချက်တွေကိုလည်း Quad နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာ့အကျပ်အတည်းရဲ့သက်ရောက်မှုကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပျံ့နှံလာခြင်းအပေါ် စိုးရိမ်ကြောင်းလည်း Quad က ပူးတွဲထုတ်ပြန်ပါတယ်။

India for Myanmar အပါအဝင် တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုကတော့ မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ Quad နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

နောက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
👍334🥰2🔥1🤮1
(နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ၄ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - Dr. S.Jaishankar/X)
👍34🥰81👏1🤮1
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။

အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။

ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။

https://www.ludunwayoo.com/feature-mm/2026/05/27/158288/
👍275😢4🔥1🤮1
ထိုင်းဆေးရုံကိုမြန်မာရွာသားတွေစုပေါင်းပြီးငွေလှူတဲ့အပေါ် ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေချီးကျူး

​မေ-၂၇၊၂၀၂၆။People's Spring

မြန်မာရွာသားတွေ စုပေါင်းပြီးထိုင်းဆေးရုံတစ်ခုကိုငွေကြေးလှူဒါန်းခဲ့မှုဟာထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံက မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ​ဆေးရုံကိုဘတ်ငွေ ၁၄၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း
မေလ ၂၆ ရက်နေ့တုန်းကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ကြေညာခဲ့ပါတယ်။

အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်
နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။

ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကိုလူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်
ပြထားပါတယ်။

မြန်မာနယ်စပ်မှာရှိတဲ့ စုကလိရွာသားတွေဟာသူတို့ အကူအညီ လိုအပ်ချိန်မှာ နိုင်ငံသား ခွဲခြားရှုမြင်တာမျိုး မရှိဘဲ ကူညီပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တတ်နိုင်သလောက် ကျေးဇူးဆပ်ချင်လို့ အခုလို စုပေါင်းပြီး ငွေလှူခဲ့တာလို့ ဆိုပါတယ်။

ထိုင်းလူမှုကွန်ရက် သုံးစွဲသူ အများအပြားက အဲဒီလုပ်ရပ်အပေါ် ကောင်းချီးပေး သာဓုခေါ်ခဲ့ကြပြီး တချို့ကလည်းလက်ရှိကြုံနေတဲ့ အကျပ်အတည်း
တွေကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆန္ဒပြုပေးခဲ့ကြပါတယ်။

အုန်းဖျံဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်နားက အုန်းဖျံခရိုင်မှာတည်ရှိပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်
လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်းလက်ခံ
ကုသပေး၊ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။

ကိုးကား- Khaosod
🥰3221👍11👏3🤮1
ဓါတ်ပုံ-Khaosod
42👍9🥰3🤮1
လာအိုကကျောက်ဂူထဲ တစ်ပတ်ကြာ ပိတ်မိနေတဲ့ ရွာသား ၇ ဦးထဲမှာ ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရှာတွေ့

​မေ-၂၇၊၂၀၂၆။People's Spring

လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်တုန်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆယ်ကျော်သက်လူငယ်ဘောလုံးအ
သင်းတစ်သင်းရေဝင်နေတဲ့ ဂူထဲမှာ ပိတ်မိနေလို့ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ အကြီးစား ရှာဖွေ
ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကောင်
အထည် ဖော်ခဲ့ရတဲ့ အခြေအနေကို ပြန်လည် အ
မှတ်ရလာစေပါတယ်။ ပြီးတော့ လာအိုက ပိတ်မိနေသူတွေကို လိုက်ရှာတဲ့ မစ်ရှင်မှာ ထိုင်းကျောင်း
သားတွေကို ကယ်ဆယ်ခဲ့တဲ့ ထိုင်းက အဖွဲ့တွေလည်း ပူးပေါင်း ကူညီပေးနေပါတယ်။

လာအိုရဲ့ရှေဆွမ်ဘွန် ပြည်နယ်ထဲမှာ မေလ ၂၀ ရက်နေ့တုန်းက ရွာသားတွေ ဂူထဲ ဝင်သွားတုန်း မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုပြီး ဂူပေါက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ရွာကိုရောက်အောင် ပြန်လာနိုင်သူ တစ်ဦးက ရွာသား ၇ ဦး ဂူထဲမှာ ပိတ်မိပြီး ကျန်နေကြောင်း၊ ဂူထဲမှာလည်း ရေဝင်နေကြောင်း ရွာကိုပြန်လာပြီး အကြောင်းကြားခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ပတ်အကြာမေလ ၂၇ ရက်နေ့၊ ဒေသစံတော်
ချိန် ညနေ ၄ နာရီခွဲမှာတော့ ကယ်ဆယ်ရေး မစ်ရှင်မှာ အဓိက ဦးဆောင်နေတဲ့ ထိုင်းရေငုပ်သမား ကန်ကက် ဘွန်ကာဝမ်က ပျောက်ဆုံးနေသူတွေထဲက ၅ ဦးကို ရှာတွေ့ခဲ့ပြီလို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။နောက်ကျိပြီးကျဉ်းမြောင်းတဲ့ဂူတွင်းလမ်းကြောင်းတွေမှာ အထူးပြု လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ရေငုပ်သမားတွေက သူတို့ကို ရှာတွေ့ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လာအို ကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Rescue Volunteer for Peopleကလည်း ရွာသား ၅ ဦးဟာ အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး မစ်ရှင်မှာ ပူးပေါင်း ကူညီနေတဲ့ ဖင်လန် ရေငုပ်သမား မစ်ကို ပါဆီက သတင်းကောင်းကြောင့် စိတ်သက်သာရာရမိကြောင်း၊ ဒီကယ်ဆယ်ရေး လုပ်ငန်းဟာဘယ်လောက် ခက်ခဲ ကြမ်းတမ်းသလဲ ဆိုတာကို ကိုယ်တိုင် လုပ်နေသူတွေသာ နားလည်နိုင်ပြီး အားလုံးရဲ့အားထုတ်မှုကြောင့်သာ သတင်း
ကောင်း ကြားရတာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ အသက်ရှင်သူတွေဟာ ဂူထဲမှာပဲ ပိတ်မိနေဆဲ ဖြစ်တာကြောင့် စိတ်ဒုံးဒုံးချ မပျော်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ သူတို့အားလုံး ကျန်းကျန်းမာမာနဲ့ စိတ်ဓာတ် ခိုင်ခိုင်မာမာရှိနေကြောင်း၊ ဒါပေမဲ့ သူတို့ကို ဂူအပြင် ပြန်ထုတ်ရမယ့်ရှေ့ရေးကိစ္စကတော့ လွယ်မှာမဟုတ်ကြောင်း သူက မှတ်
ချက်ပေးသွားပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ တချို့နေရာတွေမှာ ၂ ပေလောက်သာ မြင့်တဲ့ ကျဉ်းမြောင်းလွန်းတဲ့ ဥမင်တစ်ခုကနေတဆင့် ပေပေါင်း ၁၁၀၀ ကျော်လောက် ခရီးပေါက်အောင် ရေငုပ်လိုက်၊ လမ်း
လျှောက်လိုက်နဲ့ သွားခဲ့ရတာ ဖြစ်ပါတယ်။ ရွာ
သားတွေဟာ ဂူဝနဲ့ အဲဒီလောက် အကွာအဝေးက ရေလွတ်တဲ့ နေရာတစ်ခုမှာ ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။ ဥမင်ရဲ့ အပိုင်းတစ်ခုဆိုရင် ကျဉ်းလွန်းတာကြောင့် ရေငုပ်သမားတွေဟာ ရေငုပ်တဲ့ ပစ္စည်းတွေကို ချွတ်ပြီး ဝင်တိုး၊ အဲဒီနောက်မှ ပစ္စည်းတွေကို အစအဆုံး ပြန်ဝတ်ဆင်ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ GoPro ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ရွာသား ၅ ဦးကို အဖွဲ့သားတွေက မငိုဖို့ နှစ်သိမ့်အားပေးနေတာ တွေ့ခဲ့ရပါတယ်။

ဒေသတွင်းမှာ မိုးတွေဆက်တိုက်ရွာပြီး မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်တွေ၊ ဂူထဲမှာ ရေပြည့်သွားနိုင်တဲ့ အခြေအနေတွေ ရှိလျက်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရွာသားတွေကို ရအောင် လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရထိုင်းကျောက်ဂူကယ်
ဆယ်ရေး မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဝါရင့် ရေငုပ်သမား ၁၅ဦးအပါအဝင်စုစုပေါင်းလူ ၁၀၀ ကျော်လောက်
ဟာ လာအိုက ရွာသားတွေကို ရှာဖွေကယ်ဆယ်တဲ့ အစီအစဉ်မှာ ပါဝင် ကူညီနေကြောင်း သိရပါတယ်။

ကိုးကား- CNN
👍397🤮2🥰1
ကျောက်ဂူထဲမှာ အသက်ရှင်လျက်​တွေ့ရတဲ့လာအိုရွာသား ၅ ဦး နဲ့ရှာ​ဖွေကယ်ဆယ်​ရေးလုပ်​နေသူ​တွေ။ဓါတ်ပုံ-AP ၊EPA
👍5611🤮2🥰1
ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ

မေ ၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်‌နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဆန်၊ ဆီတင်မကဘူး အရက် ဘီယာတွေရော တောင်းတယ်လို့သိရပါတယ်။ ငတရော် ၂ ဦးတော့ ပြန်လွတ်လာတယ်လို့သိရပါတယ်။ ကျန်လူတွေတော့ မသိရသေးဘူး။"လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ လက်နက်ကိုင်ပျူစောထီးတွေ စခန်းချတပ်စွဲထားတဲ့ မင်းရွာကျေးရွာရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ယခုလိုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း အာဏာသိမ်းစစ်တပ်က မြို့ပေါ်နဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။
🤬33🤮64👎3🤣1
(၂၀၂၁ ဖေဖော်ဝါရီက ရေစကြိုမြို့ပေါ်မှာ အေးချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
🖕25👎75🔥2
■​ဆောင်းပါး

မင်းကင်းက အတွင်းလှိုက်လောင်နေတဲ့မီး
ဘယ်လိုငြှိမ်းမလဲ

ယောနသံ/People's Spring

အာဏာသိမ်းပြီးတဲ့နောက် အရပ်သားပြည်သူ ထောင်သောင်းချီပြီးသတ်ဖြတ်ထားတဲ့ စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေကြပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်တပ်ကလည်း ပြိုလုပြိုခင်း အ​ခြေအ​နေက​နေ တရုတ်နဲ့ရုရှားအကူအညီ စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ စစ်သားသစ်​တွေနဲ့ဗုန်းဗုန်းလဲကျမသွားအောင် ရသမျှနည်းနဲ့တုံ့ပြန်ပြီးအသက်
ဆက် နေပါတယ်။

အခုလပိုင်းမှာ​တော့စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာ
တာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

ဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေအချင်း
ချင်း ပွတ်တိုက်မှုတွေ၊ သဘောထားကွဲလွဲမှုတွေကို လူထုက မတွေ့မမြင်လိုဘဲ စစ်တပ် အရုပ်ကြိုး
ပြတ်လဲကျသွားတဲ့အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ဒါပေမယ့် တော်လှန်
ရေးအင်အားစုအချင်းချင်းကြား ပွတ်တိုက်မှုအချို့ရှိနေဆဲဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ပြဿနာကတော့ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်ထဲက NUG အစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်
ရေးတပ်ဖွဲ့ (SRF) လတ်တလောဖြစ်ပွားနေတဲ့ပြဿနာပါ။ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး ပြေလည်အောင်ဖြေရှင်းကြဖို့ ဒေသခံတွေကတိုက်တွန်းနေကြပါတယ်။

●NUGပအဖ၊ပကဖနဲ့SRFလက်ရှိနောက်ဆုံးအခြေအနေ

SRF ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ မင်းကင်းမြို့
နယ် ပအဖ၊ ပကဖက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ဒေသတွင်းမှာနှစ်ဘက်ဆက်ဆံရေးတင်း
မာမှု ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၎င်းတို့ရဲ့ဥက္ကဋ္ဌကိုစံတင်ထွန်းရဲ့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ SRFက ထုတ်ပြန်ထားပါတယ်။SRF တပ်စွဲထားတဲ့နေရာအချ်ို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ဒီနေ့နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိနေတယ်လို့​ဒေသခံအချို့ကလူမှုကွန်ရက်မှာရေးသားထားကြပါတယ်။ ဒါပေမယ် အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်စဉ် မကြားဘူးလို့ မင်းကင်းမြို့ခံအချို့ကပြောပါတယ်။

"SRF ကို NUG တပ်တွေက ဝိုင်းထားပြီး ဒရုန်းနဲ့တိုက်နေတယ်လို့ ရေးတာတွေ မှားယွင်းပါတယ်။ NUG တပ်ကလည်း SRF ကို ဝိုင်းမထားပါဘူး။ ​​ေးစစ်ကြောင်း ရှိနေတဲ့အတွက် လိုအပ်တဲ့အစီအမံများ ဆောင်ရွက်နေကြခြင်းသာ ဖြစ်ပါတယ်"လို့ ​တော်လှန်​ရေးတပ်​တွေနဲ့ နီးစပ်သူတဦးကလူမှုကွန်ရက်မှာရှင်းပြထားပါတယ်။

●မဖြေရှင်းနိုင်ခဲ့တဲ့ ကာလရှည်တင်းမာမှု

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့နယ်မှာ အခြေချတပ်စွဲလာတဲ့တော်လှန်
ရေးတပ်ဖွဲ့ဖြစ်ပါတယ်။SRFကို ဆရာစံလို့လူသိများတဲ့ကိုစံတင်ထွန်းက ဦးဆောင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက တပ်ရင်းတပ်ဖွဲ့တွေဖွဲ့စည်းတဲ့အခါ SRFက သီးခြားရပ်တည်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ သဘောထားကွဲလွဲမှုတွေရှိပေမယ့်ဒေသတွင်းမှာ တင်းမာမှုတွေမဖြစ်ပေါ်စေဖို့အတွက် SRFကို မင်းကင်းမြို့နယ် ထန်းပင်ချောင် တိုက်နယ်မှာ အခြေချဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နောက်ပိုင်းမှာSRFက တိုက်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လာတာတွေ၊ NUGအစိုးရက တာဝန်ပေးတဲ့ ပအဖအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုအချို့ကပြောပါတယ်။ မင်းကင်းမြို့
နယ် ပကဖကလည်း အဲဒီအတိုင်းထုတ်ပြန်ထားပါတယ်

"သူတို့နယ်ကို NUGနဲ့ ပတ်သက်တဲ့သူတွေဘယ်သူမှမဖြတ်ရဘူးဆိုပြီးပစ်မိန့်ပေးထားလို့ အဲဒီရွာတွေကိုရှောင်ကွင်းပြီးသွားရတာမျိုးတွေရှိခဲ့ဖူးတယ်။ အခြေအနေတွေကမြေပြင်မှာတော်တော်လေး တင်းတင်းမာမာဖြစ်ခဲ့ကြတာ၂နှစ်မကတော့ဘူး"
လို့ ဒေသခံတစ်ဦးကပြောပါတယ်။

SRFကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အောက်မှာ ထားရှိဖို့ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် SRFက ငြင်းပယ်ပြီး ခရိုင်တပ်ရင်းတစ်ခုအနေနဲ့ရပ်တည်ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့သိရပါတယ်။ အဲဒီလိုတောင်းဆိုမှုတွေကိုလည်း မြို့နယ်နဲ့ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုဆွေးနွေးခဲ့ခြင်းမရှိဘဲနဲ့ NUG အစိုးရရဲ့ ဝန်ကြီးတချို့ကိုတိုက်ရိုက်တောင်းဆိုခဲ့တာတွေရှိတယ်လို့ ဒေသတွင်းသ
တင်းမြစ်တွေကပြောပါတယ်။

၂၀၂၆ နှစ်စပိုင်းမှာ မင်းကင်းမြို့နယ်ထဲက အောင်ချမ်းသာရွာ နဲ့ ကျော်ရွာကစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ရဲဘော်အချို့ နောက်တန်းကိုပြန်ချိန်မှာ SRFတပ်တွေက ဖမ်းဆီးသွားပြီး တစ်ဦးကိုသတ်ဖြတ်ပစ်ခဲ့တယ်လို့ ဒေသခံအချ်ို့ကပြောပါတယ်။

"ကာကွယ်ရေးရဲဘော်ကလေး တစ်ယောက်က SRF တပ် အစည်းအဝေးလုပ်နေချိန်မှာ ချောင်းပြီး နားထောင်တယ်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာ။ အဲဒီ နောက်ပိုင်းမှာ တင်းမာမှုတွေပိုဆိုးလာတာ" လို့ ဒေသခံက ပြောပါတယ်။
👍226🔥3
တဖက်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၆ မေလအတွင်း SRF တပ်ဖွဲ့ဝင် ခြောက်ဦးကို မင်းကင်းမြို့
နယ်ပကဖက ဖမ်းဆီးခဲ့တယ်လို့ SRFက ထုတ်ပြန်ခဲ့ဖူးပါတယ်။

●မင်းကင်းပကဖရဲ့ထုတ်ပြန်ချက်

မင်းကင်းမြို့နယ်မှာအခြေစိုက်ထားတဲ့ SRF တပ်ဖွဲ့ဟာစစ်အာဏာရှင်ကို လက်နက်ကိုင်ဆောင်တော်လှန် ရေးလုပ်ငန်းစဉ်တစ်ခု တည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲလက်နက်ကိုင်တော်လှန်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေး အစရှိသော ယန္တရားတွေကို ဝင်ရောက်စွက်ဖက်နေတယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၄ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SRFတပ်ဖွဲ့က NUGအစိုးရနဲ့စင်ပြိုင်အုပ်ချုပ်ရေးဖော်ဆောင်နေသလို ပအဖ၊ပကဖအဖွဲ့ဝင်တွေကို လက်နက်ကိုင်အင်အားသုံးဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်နေလို့ ပြစ်မှုကျူးလွန်ထားတဲ့ SRF
တပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ လိုက်လံဖမ်းဆီး နေတယ်လို့မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က​ဖော်ပြထားပါတယ်။

NUG အစိုးရရဲ့ မြို့နယ်အဖွဲ့အစည်းတွေက မြို့
နယ်အတွင်း တိုက်နယ် တွေသတ်မှတ်ပြီး တိုက်နယ်/ရပ်ကျေး ပအဖ၊ပကဖတွေ ဖွဲ့စည်းထားပေမယ့် SRF တပ်ကလည်း နယ်မြေ၁/၂/၃အစရှိသဖြင့် နယ်မြေသတ်မှတ်ပြီး အုပ်ချုပ်ရေး၊ ကာ
ကွယ်ရေး အဖွဲ့တွေစင်ပြိုင်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြထားပါတယ်။

SRFဖွဲ့စည်းထားတဲ့ ပအဖ၊ပကဖတွေက NUG အစိုးရရဲ့ မြို့နယ်ပအဖ၊ပကဖတွေရဲ့ပညာရေး၊ကျန်းမာရေး၊တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အမျိုးမျိုးဝင်ရောက်စွက်ဖက်နှောင့်ယှက်ခဲ့ပြီး အချို့သောပအဖ၊ ပကဖအဖွဲ့ဝင်တွေကို လက်နက်
ကိုင်အင်အားသုံး ဖမ်းဆီးသတ်ဖြတ်မှုအပြင် NUG
အစိုးရရဲ့ ပုံရိပ်ကျဆင်းအောင် ဒေသခံတွေကို စည်းရုံးလှုံ့ဆော်မှုတွေ ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

SRFတပ်ဖွဲ့ဟာ ဥပဒေမဲ့ ကျူးလွန်ထားတဲ့အမှုပေါင်း (၈)မှုရှိလို့ တရားစွဲဆိုထားတယ်လို့ မင်းကင်းမြို့နယ်ဘက်ပကဖ ရဲ့ထုတ်ချက်မှာ​ဖော်ပြထားပါတယ်။

SRFအဖွဲ့ထဲက ပြစ်မှုကျူးလွန်ထားသူတွေကို ဥပ
ဒေအတိုင်း ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ဒေသတွင်းမှာစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေတဲ့ စစ်ရေးဖော်ဆောင်မှုတွေကိုအခွင့်ကောင်းယူပြီးမြို့နယ်ပကဖ အဖွဲ့ဝင်အချို့ကိုဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ ပြစ်မှုကျူးလွန်ထားတဲ့ SRF
တပ်ဖွဲ့ဝင်တရားခံတွေကို လိုက်လံဖမ်းဆီး နေပြီး NUG အစိုးရရဲ့ အဖွဲ့အစည်းတွေက တရားဥပဒေအတိုင်း ဆောင်ရွက်နေချိန် ဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့ SRF
အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (လုံးဝ)မပြုလုပ်ကြဖို့၊ SRFအဖွဲ့ရှိတဲ့နေရာတွေမှာ နေထိုင်ခြင်းမပြုကြဖို့နဲ့ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်သူ တွေကိုသာ ပြစ်မှတ်ထားဖမ်းဆီးထိန်းသိမ်းမှာဖြစ်လို့ ဒေသခံပြည်သူတွေ အထိတ်တလန့်မဖြစ်ဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

●SRF ရဲ့ထုတ်ပြန်ချက်

SRFကလည်း၎င်းတို့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ လူချင်းတွေ့ဆုံမယ်ဆိုပြီး လုံခြုံရေးအာမခံချက်နဲ့ ချိန်းဆိုပြီးနောက် လမ်းခရီးမှာ ဖြတ်တောက် တိုက်ခိုက် ဖမ်းဆီးခြင်းခံခဲ့ရလို့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ထုတ်ပြန်ထားပါတယ်။

မေ ၂၆ ရက်၊နေ့လည် ၂ နာရီအချိန်မှာ ကိုစံတင်ထွန်း၊ စစ်ကိုင်းယူနစ်ကြားကာလအစိုးရရဲ့ ကာ
ကွယ်ရေးဝန်ကြီး၊မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံတို့က Zoom ကနေ တဆင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် တိုင်းတာဝန်ခံဒူဂျွန်နဲ့ဒူဝါတို့ရဲ့ လုံခြုံရေးအာမခံချက်နဲ့အတူ အညာလည်ရွာမှာ လူချင်းတွေ့ဆုံရန် ချိန်းဆိုခဲ့ပေမယ့် မင်းကင်းမြို့နယ် ပအဖ၊ ပကဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက လမ်းတ၀က်ကနေ ဖြတ်တောက်တိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။ဖမ်းဆီးစဉ်အတွင်း ဒေသခံတွေက ဝိုင်းဝန်းကာကွယ်ခဲ့ကြချိန် ပစ်ခတ်ခံရပြီး အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအာမခံချက်ပေးပြီး သဘောတူညီခဲ့တဲ့အတိုင်းသွားရောက်ခဲ့‌ ပေမယ့်လက်နက်သုံးပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ကို အပြင်း အထန် ရှုတ်ချပြီး ဥက္ကဋ္ဌ ကိုစံတင်ထွန်းကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အင်အားသုံးဖြေရှင်းမှု‌တွေကိုဆန့်ကျင်ကြောင်း SRFက ထုတ်ပြန်တောင်းဆို ထားပါတယ်။

မေလ ၂၇ရက်မှာတော့ SRF တပ်ရင်းမှူးအပါအ
ဝင် ဖမ်းဆီးခံထားရသူတွေကိုပြန်လွှတ်ဖို့ ဒေသခံအချို့ကဆန္ဒပြနေကြပါတယ်။SRF ဥက္ကဌစံတင်ထွန်းကို ဖမ်းဆီးပြီးနောက်ပိုင်း SRF တပ်ရင်းမှူးတစ်ဦးကို လာ ရောက်ဖမ်းဆီးစဉ်မမိတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဖမ်းခေါ်သွားတယ်လို့ SRF ပြောခွင့်ရ မသူသူက သတင်းမီဒီယာ အချို့ကို ဖြေကြားထားပါတယ်။

ဖမ်းဆီးထားသူတွေကိုပြန်လွတ်ပေးဖို့ မသူသူကတောင်းဆိုထားပြီး ဆွေးနွေးညိုနှိုင်းမှူးနဲ့ပဲဖြေရှင်းသွားမယ်လို့ ၎င်းက ပြောဆိုထားပါတယ်။
🔥12👍95
အမျိုးသားညီညွတ်​ရေးအစိုးရ(NUG )ကတာဝန်ရှိသူက မင်းကင်းမြို့နယ်မှာ SRF နဲ့ ပသုံးလုံးယန္တရား​တွေ စစ်​ရေးအရပွတ်တိုက်မှုမရှိခဲ့ပဲ ၊အုပ်ချုပ်​ရေးပိုင်းတွင်ပွတ်တိုက်မှုများရှိခဲ့​ကြောင်း၊
သို့​သော် ဒီလပိုင်းမှာပကဖအချို့ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ပြန်​ပေးဆွဲခံရတာ အပါအဝင်
SRF တပ်ဖွဲ့ဝင်အချို့ကပြစ်မှု​တွေကျူးလွန်ခဲ့ပြီးကျူးလွန်ခဲ့​တယ်ဆိုတာအ​ထောက်အထား​တွေလည်းရှိတယ်လို့​ပြောပါတယ်။ဒါ​ကြောင့် ပြစ်မှုကျူးလွန်သူ​တွေကို အ​ရေးယူနိုင်ဖို့ ပသုံးလုံးနဲ့ ခရိုင်စစ်ဘက်မှ စစ်ဖက်အရပ်ဖက်ပူး​ပေါင်း​ဆောင်ရွက်တာလို့ သူက​ပြောပါတယ်။

"မှန်ပါတယ်။ ဆယ်ယောက်ကျော်ဖမ်းဆီးထားတယ်။ ထပ်ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တိုင်ကြားထားတာ ပေါ်ပေါက်ထားတဲ့သူတချို့ကိုလည်း ထပ်ပြီး‌ တော့ဖမ်းဆီးဖို့ရှိတယ်။အဲဒီတော့ ဖမ်းဆီးတဲ့ သူ တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျန်တဲ့သူတွေလည်း တော်လှန်ရေးမှာ စနစ်တကျနဲ့ တကယ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ တော်
လှန်ရေးမှာဆက်ပြီးတော့ ပြည်သူလူထုလည်း လိုလားထောက်ခံတဲ့ တော်လှန်ရေးသမားပီသစွာနဲ့ ဆက်ပြီးတော့ တော်လှန်ရေးမှာပါဝင်နိုင်မယ့် အခြေအနေမျိုး ဆက်သွားလို့ရပါတယ်"လို့
NUG ကတာဝန်ရှိသူတဦးက​ပြောပါတယ်။

●နှစ်ဖက်​နောက်ဆက်တွဲ ထုတ်ပြန်ချက်များ

ပြစ်မှုကျူးလွန်ထားတဲ့ (SRF) တပ်ဖွဲ့အဓိကတာဝန်ရှိသူကို ဖမ်းမိထားပြီး ကျန်ရှိနေသေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်သလို SRFတပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေအနေနဲ့ NUGအစိုးရ ယန္တရားအောက်မှာ ပူးပေါင်းဆောင်ရွက် ကြဖို့ မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့
(မင်းကင်းပအဖ)ကမေလ ၂၇ရက်ညနေမှာ နောက်ဆက်တွဲထပ်မံထုတ်ပြန်လာပါတယ်။

မင်းကင်းမြို့နယ်မှာအခြေစိုက်ထားတဲ့ SRF တပ်ဖွဲ့ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက်မေလ ၂၇ရက်ညနေမှာ နောက်ဆက်တွဲသတင်းထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။

ဖမ်းမိထားသူကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်ရှိနေသည့် တိုင်ကြာ ခံထားရတဲ့ ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။အ ခုလို ဖမ်းဆီးထိန်းသိမ်းခြင်းမှာလည်း (SRF)တပ်ဖွဲ့အား ဖြိုခွဲခြင်းမဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားတဲ့တရားခံတွေကိုသာ ဖမ်းဆီး
ခြင်းဖြစ်ကြောင်း ​ဆိုပါတယ်။

SRFဟာ ၎င်းတို့အခြေစိုက်ရာ နယ်မြေဒေသတွေမှာ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်
ဖြတ်ခြင်း ရပ်ကျေး(ပအဖ/ပကဖ)များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ပိုင်တရားစီရင်ရေးများနဲ့ စီရင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း၊ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ပြည်သူ တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ လက်နက်ကိုင်ပြီး ပြည်သူ တွေကို ညှင်းပန်းနှိပ်စက်ခြင်း စတဲ့ တရားဥပဒေမဲ့လုပ်ဆောင်နေမှုတွေ ရှိနေကြောင်း နစ်နာသူပြည်သူတစ်ဦးချင်းစီက တရားစွဲဆိုတိုင်ကြားလာမှုပေါင်း (၈)ခုကျော်အထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကလေးခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မင်းကင်းမြို့နယ်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပြီး ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့ ကျူးလွန်သူတွေကိုအရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့တာလို့ ​ဖော်ပြထားပါတယ်။။

ပြစ်မှုကျူးလွန်ထားသူ တွေကိုဥပဒေအတိုင်း လာရောက်ဖြေရှင်းဖို့ အကြိမ်ကြိမ် အကြောင်းကြား ခဲ့ပေမယ် လာရောက်ဖြေရှင်းခြင်း မရှိခဲ့တာကြောင့် မေလ၂၅ရက်နေ့မှာဖမ်းဆီးဖို့ဆောင်ရွက်စဉ်
SRFအဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေကို လူသားဒိုင်းသဖွယ် ခေါ်ယူဝန်းရံထားခဲ့ခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း၊ မေလ၂၆ရက်နေ့မှာလည်း SRFအဖွဲဝင်တွေအနီးက ပြည်သူတွေကို လူစုခွဲပေးဖို့တောင်းဆိုခဲ့ပေမယ့် မရလို့ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

“(SRF) အဖွဲ့အား ဖြိုခွင်းဖျက်ဆီးရန် မဟုတ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူများကိုသာ ဖမ်းဆီးပြီး ဥပဒေအတိုင်း အရေးယူမည် ဖြစ်သောကြောင့် လူစုခွဲပေးရန်" ဟောပြော တောင်းဆိုခဲ့ပါသည်။ (SRF)အဖွဲ့များအားလည်း ပြစ်မှုကျူးလွန်သူများအား ညနေ(၅းဝဝ)နာရီ အချိန် နောက်ဆုံးထား အပ်နှံပေးရန် အကြောင်းကြားခဲ့သော်လည်း ၎င်းအဖွဲ့မှ အပ်နှံပေးခြင်း မရှိခဲ့သည့်အတွက် သွားရောက်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ၎င်းကဲ့သို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ပြည်သူအချို့မှ တားဆီးနှောင့်ယှက်ခြင်းကြောင်း သေနတ်များ မိုးပေါ်သို့ချိန်ရွယ်ပစ်ဖောက်ကာ အခြေအနေအား ထိန်းသိမ်းခဲ့ရပြီး မည်သည့်ပြည်သူ တစ်ဦးတစ်ယောက်ကိုမျှ ချိန်ရွယ်၍ သေနတ်ပစ်ဖောက်ခဲ့ခြင်း မရှိခဲ့ပါ"လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

SRF ကလည်း၎င်းတို့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မေလ၂၆ ရက်နေ့မှာ လူချင်းတွေ့ဆုံမယ်ဆိုပြီး လုံခြုံရေးအာမခံချက်နဲ့ ချိန်းဆိုပြီးနောက် လမ်းခရီးမှာ ဖြတ်တောက် တိုက်ခိုက် ဖမ်းဆီးခြင်းခံခဲ့ရလို့ အသက်အန္တရာယ်လုံခြုံမှုအတွက် အထူးစိုးရိမ်နေရတယ်လို့ ထပ်မံထုတ်ပြန်ပါတယ်။

မင်းကင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပြီး သုံးနာရီခန့် အကြာမှာ SRFက ကြေညာချက်တစ်စောင်ထုတ်ပြန်လာတာပါ။
👍194🔥3
မေလ (၂၆)ရက်နေ့မှာ SRF စစ်ရေးနယ်မြေ ဒေသ(၄)က ပွိုင့်ကုန်းကို မင်းကင်းမြို့နယ် ပကဖ မှ အင်အားသုံး ပစ်ခတ်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း၊ ရဲဘော်ကိုးဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်နက်ခဲယမ်း တွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ ​ဖော်ပြထားပါတယ်။ ဒေသ(၄)မှာ လုံခြုံ
ရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်ရဲဘော် တွေလည်း တိမ်းရှောင်နေရပြီး အဲဒီရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက်မိသားစုဝင်တွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့​ဖော်ပြထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရဲဘော် တွေကိုလည်း ဝေဟင်မှ ဒရုန်းများအသုံးပြု၍ လိုက်ရှာခြင်း ၊‌ မြေပြင်မှ နယ်မြေနင်းရှာဖွေမှုများဖြင့် ရန်သူသ
ဖွယ်လုပ်ဆောင်နေသလို ဒေသတွင်းဆက်သွယ်ရေးကိုလည်းဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်ထားသူဟု ဆိုထားသူများကိုသာ ဖမ်းဆီးမယ်လို့ ထုတ်ပြန်ထားပေမယ့်လက်ရှိအ
ခြေအနေမှာ ရန်သူသဖွယ်သဘောထား၍ ပစ်ခတ်ဖမ်းဆီးချေမှုန်းလာခြင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥက္ကဋ္ဌ အပါအဝင်ဖမ်းဆီးခံရသူ ၁၆ ဦးအထိ ရှိနေပြီလို့ လည်း​ဖော်ထားပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် အမှန်တကယ်ညီညွတ်ရေးကို ရှေးရှုပါက မိတ်ဖက် ပဋိပက္ခကို စားပွဲဝိုင်းတွင်သာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးပါရန် တောင်းဆိုထားပြီး SRF အနေဖြင့် NUG ၏ ကြားဝင်ဖြေရှင်းပေးမှုကို လိုလားလက်ခံပြီး သမာ
သမတ် ကျတဲ့ နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အသင့်ရှိတယ်လို့ လည်း​ဖော်ပြထားပါတယ်။

●ဒေသခံပြည်သူ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ဆန္ဒ

NUG အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်းပေါ် ပေါက်လာတဲ့ ဒေသအသီးသီးကတော်လှန်ရေးတပ်ဖွဲ့တွေကို စုစည်းနေပြီးကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူဖို့ ညှိနိုင်း နေပါတယ်။ အဖွဲ့အစည်းအချို့ကိုတော့ စစ်ရေးအရ ဖိအားပေးအရေးယူတာတွေရှိနေပါတယ်။ ၂၀၂၆
နှစ်စပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ကို စစ်ရေးအရအရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဗိုလ်နဂါးကတော့စစ်တပ်ထံထွက်ပြေးသွားပြီး စစ်တပ်နဲ့ပူး​ပေါင်းသွားပါတယ်။

တမူးမြို့နယ်မှာဆိုရင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ MOD အမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူခဲ့ပြီး တမူးခရိုင်ထဲတပ်ရင်း(၆)အဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မန္တလေးတိုင်းမတ္တရာရာမြို့နယ်က အင်အားကြီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုခံယူခဲ့ပါတယ်။

NUG အစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်
ရေးတပ်ဖွဲ့ (SRF) အနေနဲ့လည်း မင်းကင်းဒေသတွင်းမှာ ကာလရှည်ဖြစ်ပွားနေတဲ့ဆက်ဆံရေးတင်းမာမူကိုလျှော့ချပြီး အဖြေပေါ်အောင် ဆွေး
နွေးညှိနှိုင်းဖြေရှင်းကြဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်နေတဲ့ တော်
လှန်ရေးအင်အားစုအချို့ကလည်း မင်းကင်းဒေသမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို ပြေ
လည်အောင်ညှိနှိုင်းကြဖို့တောင်းဆိုထားပြီး ပစ်
ခတ်မှုဖြစ်ခဲ့တဲ့အပေါ် ပြစ်တင် ဝေဖန်ထားကြပါတယ်။

SRF အနေနဲ့ စစ်ပြိုင်အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်ခြင်းမလုပ်ဘဲ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာပူးပေါင်းပါဝင်ဖို့မေတ္တာရပ်ခံလိုကြောင်း မင်းကင်းမြို့ခံတစ်ဦးကပြောပါတယ်။

"တော်လှန်ရေးဘက်တော်သားအချင်းချင်းအား
ပြိုင်နေတာကို ပြေလည်အောင်ဖြေရှင်းပြီး စစ်တပ်ကိုပဲတိုက်ခိုက်ဖို့ ပြောချင်တယ်။ အတွင်းထဲမှာ လှိုက်ပြီးလောင်နေတဲ့ဖရောင်းတိုင်လို ဖြစ်နေလို့
မရဘူး။ ဒီမီးကိုငြှိမ်းရမယ်" ။ ။
👍295🔥3