စစ်တွေမြို့ ၊ရွှေမင်းဂံရေတပ်နဲ့ ဒကစ တို့ကိုမြေပုံပေါ်မှာတွေ့ရစဥ်/ ရှေ့တန်းတစ်နေရာမှာတိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တဦး/စစ်တပ်ရေယာဥ်တစ်စီး။ဓါတ်ပုံ-AA Infodesk ၊စစ်တပ်
👍29🥰7👏5❤2💯2🔥1🤣1🤝1
စစ်တပ်က လူအင်အားရင်းပြီး နယ်မြေ ထိန်းချုပ်ထားမှုတွေဟာ အဆုံးသတ်မဟုတ်၊ပြန်တုံ့ပြန်ဖို့ရှိဟု CNF ပြော
မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ တွန်းဇံမြို့ အပါအဝင် နယ်မြေအချို့ ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေ နောက်ပိုင်း ဒေသတွင်း စစ်ရေး အခြေအနေများ မေးမြန်းရာ ဆလိုင်းထက်နီက အခုလို ရှင်းပြတာဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်စိုးမိုးထားတဲ့ နေရာတွေကို အထိုင်ချဖို့ လုပ်ဆောင် နေပြီး မြေပြန်ကနေ လေကြောင်းကနေသော်လည်းကောင်း ကုန်းကြောင်းကနေသော်လည်းကောင်း ရိက္ခာခဲယမ်းတွေ စုနေတဲ့ အနေအထားဟု ပြောပါတယ်။
" အဲဒီလို အထိုင်စခန်းအသေနဲ့ ထိုင်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျနော်တို့က လမ်းမှာ ဖြတ်တောက်ရေးတွေ အတက်နိုင်ဆုံး ပြန်ပြီးတော့လုပ်သွားမယ်"လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ လတ်တလောမှာ ကချင်၊ ရက္ခိုင်၊ ချင်းဒေသတွေကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
" သူတို့ စစ်ဗျူဟာက လူရင်းပြီး ကုန်းကြောင်းရော လေကြောင်းရော ရေကြောင်းရော အဲဒီလို လုပ်နေတဲ့အနေအထားမှာရှိတယ်။ အဲဒီဟာက သူတို့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာက ကျနော်တို့ဘက်က အများကြီးစုစည်းမှုအားကောင်းကောင်းနဲ့ ပြန်လုပ်ဖို့လိုမယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်"လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အခုလိုတန်ပြန်ထိုးစစ်ကို မျှော်လင့်ပြီးသားဖြစ်သလို တိုက်ပွဲဟာ အဆုံးသတ်မဟုတ်ကြောင်း ပြောပါတယ်။
" နွေဦးတော်လှန်ရေးမတိုင်ခင် အနေအထား နဂိုရ်အနေအထား သူတို့ လုံး၀ ရောက်နိုင်မှာ မဟုတ်သေးဘူး။ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေက အကျယ်ကြီးရှိပါသေးတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တမြို့နှစ်မြို့ သူတို့ စိုးမိုးလိုက်ရုံနဲ့ ဘာမှ စိတ်ဓာတ်ကျစရာမရှိဘူး ကျနော်တို့အနေနဲ့ အဲဒါကို သင်ခန်းစာယူပြီးတော့ စည်းလုံးညီညွတ်မှု ကျစ်လစ်မှု စစ်ရေးအရ မဟာဗျူဟာမြောက်တဲ့ ဗျူဟာတွေ ချပြီးတော့ ပြန်ပြီးတော့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
CNFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ တို့ စုပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ လတ်တလော နယ်မြေတွေက ဆုတ်ခွာရမှုတွေဟာ စစ်ရေးဗျူဟာအရ၊ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အရ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
“အဓိကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့က မထည့်တွက်လို့မရဘူး။ သူတို့က အဲဒါတွေ ထည့်တွက်တာ မဟုတ်ဘူး။ အလုံးစုံ ပြည်သူအားလုံးပျက်သုဉ်းရေးကို သူက ဦးတည်နေတာ ဒါက အားလုံးသိပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကျတော့ စစ်ရေးလုပ်တဲ့နေရာမှာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဆိုတဲ့ဟာက ကျနော်တို့ဘက်က ပြည်သူကို ငဲ့ကွက်ရမှာ။ ပြည်သူရှိမှလည်း ဒီတော်လှန်ရေးက အောင်မြင်မှာကိုး။ အဲဒီလို လုပ်တဲ့နေရာမှာ သူတို့က အဲဒါကို အခွင့်ကောင်းယူပြီးတော့ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ် ဖြတ်လေးဖြတ်ဗျူဟာကို သုံးပြီး ကျနော်တို့ကို လုပ်နေတာဖြစ်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း တော်လှန်ရေးကာလမှာ စစ်ရေးက မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှာ ပြောကြားထားပါတယ်။
ပြည်သူကို အထိအခိုက်မဖြစ်စေဖို မဟာဗျူဟာ ကျကျ မြိုတွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်လို့ တိုက်ပွဲဝင် ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ နဲ့ NUG ကာကွယ်ရေး တို့ကို ဂုဏ်ယူချီးကျူးကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ မပြိုလဲစေရေး နည်းမျိုးစုံ ကျားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကာ မြိုတွေ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

👍34🥰5❤3🤣3👏1
ကချင်-စစ်ကိုင်းအစပ်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ မြို့ရွာ နယ်မြေအချို့ကို ဧပြီလကုန်နဲ့ မေလဆန်းမှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက ပြန်လည်ပြီး ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လျက်ရှိရာ မေလ တတိယပတ်နဲ့ နောက်ဆုံးပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာကာ သူတို့ တပ်စွဲထားတဲ့ နေရာအချို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။
ချင်းတောင်ပိုင်းမှာလည်း ကန်ပက်လက်မြို့ ပြန်ရဖို့ စစ်ကောင်စီက မေလ ၁၈ရက်ကတည်းက လေကြောင်း ပစ်ကူအများအပြား မြေပြင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပေမယ့် မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။

👍31🥰7🤣2❤1
မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ
မေ -၂၇၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
"ဒီနေ့ လက်ရှိအချိန်ထိ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်"လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
အင်အား ၁၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။
သရက်မြို့နယ် အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်က ရခိုင်ရိုးမအနီး မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
"မင်းတုန်းမြို့နယ်ထဲက မထိန်းချုပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ နောက် မင်းတုန်းမြို့နယ်က ရခိုင်ရိုးနဲ့ ဆက်နေတဲ့အတွက် ရခိုင်ဘက်ကို ၀င်တဲ့လမ်းတွေကို ပိတ်ဆို့ချင်တာမျိုး"လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

👍17🔥7👎4❤2🤣2
မြန်မာ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို Quad နိုင်ငံခြားရေးဝန်ကြီးတွေ စိုးရိမ်
မေ-၂၇၊ ၂၀၂၆။ People’s Spring
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးလေးဦးတို့ တွေ့ဆုံဆွေးနွေးအပြီး မေလ ၂၆ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန််မာ့အရေးကို ထည့်သွင်းဖော်ပြပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုးကြောင်း ထပ်လောင်းအတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်ကောင်းတရပ်ဖန်တီးပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးပွဲပြုလုပ်ဖို့ အချက်တွေကိုလည်း Quad နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာ့အကျပ်အတည်းရဲ့သက်ရောက်မှုကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပျံ့နှံလာခြင်းအပေါ် စိုးရိမ်ကြောင်းလည်း Quad က ပူးတွဲထုတ်ပြန်ပါတယ်။
India for Myanmar အပါအဝင် တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုကတော့ မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ Quad နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

👍33❤4🥰2🔥1🤮1
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။
ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။
https://www.ludunwayoo.com/feature-mm/2026/05/27/158288/

LuduNwayOo
စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်သွားတဲ့ အညာ ၁၂ ပွဲ ဈေး | LuduNwayOo
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
👍27❤5😢4🔥1🤮1
ထိုင်းဆေးရုံကိုမြန်မာရွာသားတွေစုပေါင်းပြီးငွေလှူတဲ့အပေါ် ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေချီးကျူး
မေ-၂၇၊၂၀၂၆။People's Spring
မြန်မာရွာသားတွေ စုပေါင်းပြီးထိုင်းဆေးရုံတစ်ခုကိုငွေကြေးလှူဒါန်းခဲ့မှုဟာထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။
တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံက မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ဆေးရုံကိုဘတ်ငွေ ၁၄၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း
မေလ ၂၆ ရက်နေ့တုန်းကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ကြေညာခဲ့ပါတယ်။
အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်
နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။
ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကိုလူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်
ပြထားပါတယ်။
မြန်မာနယ်စပ်မှာရှိတဲ့ စုကလိရွာသားတွေဟာသူတို့ အကူအညီ လိုအပ်ချိန်မှာ နိုင်ငံသား ခွဲခြားရှုမြင်တာမျိုး မရှိဘဲ ကူညီပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တတ်နိုင်သလောက် ကျေးဇူးဆပ်ချင်လို့ အခုလို စုပေါင်းပြီး ငွေလှူခဲ့တာလို့ ဆိုပါတယ်။
ထိုင်းလူမှုကွန်ရက် သုံးစွဲသူ အများအပြားက အဲဒီလုပ်ရပ်အပေါ် ကောင်းချီးပေး သာဓုခေါ်ခဲ့ကြပြီး တချို့ကလည်းလက်ရှိကြုံနေတဲ့ အကျပ်အတည်း
တွေကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆန္ဒပြုပေးခဲ့ကြပါတယ်။
အုန်းဖျံဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်နားက အုန်းဖျံခရိုင်မှာတည်ရှိပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်
လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်းလက်ခံ
ကုသပေး၊ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။
ကိုးကား- Khaosod

🥰32❤21👍11👏3🤮1
လာအိုကကျောက်ဂူထဲ တစ်ပတ်ကြာ ပိတ်မိနေတဲ့ ရွာသား ၇ ဦးထဲမှာ ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရှာတွေ့
မေ-၂၇၊၂၀၂၆။People's Spring
လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်တုန်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆယ်ကျော်သက်လူငယ်ဘောလုံးအ
သင်းတစ်သင်းရေဝင်နေတဲ့ ဂူထဲမှာ ပိတ်မိနေလို့ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ အကြီးစား ရှာဖွေ
ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကောင်
အထည် ဖော်ခဲ့ရတဲ့ အခြေအနေကို ပြန်လည် အ
မှတ်ရလာစေပါတယ်။ ပြီးတော့ လာအိုက ပိတ်မိနေသူတွေကို လိုက်ရှာတဲ့ မစ်ရှင်မှာ ထိုင်းကျောင်း
သားတွေကို ကယ်ဆယ်ခဲ့တဲ့ ထိုင်းက အဖွဲ့တွေလည်း ပူးပေါင်း ကူညီပေးနေပါတယ်။
လာအိုရဲ့ရှေဆွမ်ဘွန် ပြည်နယ်ထဲမှာ မေလ ၂၀ ရက်နေ့တုန်းက ရွာသားတွေ ဂူထဲ ဝင်သွားတုန်း မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုပြီး ဂူပေါက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ရွာကိုရောက်အောင် ပြန်လာနိုင်သူ တစ်ဦးက ရွာသား ၇ ဦး ဂူထဲမှာ ပိတ်မိပြီး ကျန်နေကြောင်း၊ ဂူထဲမှာလည်း ရေဝင်နေကြောင်း ရွာကိုပြန်လာပြီး အကြောင်းကြားခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ပတ်အကြာမေလ ၂၇ ရက်နေ့၊ ဒေသစံတော်
ချိန် ညနေ ၄ နာရီခွဲမှာတော့ ကယ်ဆယ်ရေး မစ်ရှင်မှာ အဓိက ဦးဆောင်နေတဲ့ ထိုင်းရေငုပ်သမား ကန်ကက် ဘွန်ကာဝမ်က ပျောက်ဆုံးနေသူတွေထဲက ၅ ဦးကို ရှာတွေ့ခဲ့ပြီလို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။နောက်ကျိပြီးကျဉ်းမြောင်းတဲ့ဂူတွင်းလမ်းကြောင်းတွေမှာ အထူးပြု လေ့ကျင့်ထားတဲ့ ကျွမ်းကျင်ရေငုပ်သမားတွေက သူတို့ကို ရှာတွေ့ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။
လာအို ကယ်ဆယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Rescue Volunteer for Peopleကလည်း ရွာသား ၅ ဦးဟာ အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး မစ်ရှင်မှာ ပူးပေါင်း ကူညီနေတဲ့ ဖင်လန် ရေငုပ်သမား မစ်ကို ပါဆီက သတင်းကောင်းကြောင့် စိတ်သက်သာရာရမိကြောင်း၊ ဒီကယ်ဆယ်ရေး လုပ်ငန်းဟာဘယ်လောက် ခက်ခဲ ကြမ်းတမ်းသလဲ ဆိုတာကို ကိုယ်တိုင် လုပ်နေသူတွေသာ နားလည်နိုင်ပြီး အားလုံးရဲ့အားထုတ်မှုကြောင့်သာ သတင်း
ကောင်း ကြားရတာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ အသက်ရှင်သူတွေဟာ ဂူထဲမှာပဲ ပိတ်မိနေဆဲ ဖြစ်တာကြောင့် စိတ်ဒုံးဒုံးချ မပျော်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ သူတို့အားလုံး ကျန်းကျန်းမာမာနဲ့ စိတ်ဓာတ် ခိုင်ခိုင်မာမာရှိနေကြောင်း၊ ဒါပေမဲ့ သူတို့ကို ဂူအပြင် ပြန်ထုတ်ရမယ့်ရှေ့ရေးကိစ္စကတော့ လွယ်မှာမဟုတ်ကြောင်း သူက မှတ်
ချက်ပေးသွားပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ တချို့နေရာတွေမှာ ၂ ပေလောက်သာ မြင့်တဲ့ ကျဉ်းမြောင်းလွန်းတဲ့ ဥမင်တစ်ခုကနေတဆင့် ပေပေါင်း ၁၁၀၀ ကျော်လောက် ခရီးပေါက်အောင် ရေငုပ်လိုက်၊ လမ်း
လျှောက်လိုက်နဲ့ သွားခဲ့ရတာ ဖြစ်ပါတယ်။ ရွာ
သားတွေဟာ ဂူဝနဲ့ အဲဒီလောက် အကွာအဝေးက ရေလွတ်တဲ့ နေရာတစ်ခုမှာ ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။ ဥမင်ရဲ့ အပိုင်းတစ်ခုဆိုရင် ကျဉ်းလွန်းတာကြောင့် ရေငုပ်သမားတွေဟာ ရေငုပ်တဲ့ ပစ္စည်းတွေကို ချွတ်ပြီး ဝင်တိုး၊ အဲဒီနောက်မှ ပစ္စည်းတွေကို အစအဆုံး ပြန်ဝတ်ဆင်ရပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ GoPro ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ရွာသား ၅ ဦးကို အဖွဲ့သားတွေက မငိုဖို့ နှစ်သိမ့်အားပေးနေတာ တွေ့ခဲ့ရပါတယ်။
ဒေသတွင်းမှာ မိုးတွေဆက်တိုက်ရွာပြီး မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်တွေ၊ ဂူထဲမှာ ရေပြည့်သွားနိုင်တဲ့ အခြေအနေတွေ ရှိလျက်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရွာသားတွေကို ရအောင် လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေအရထိုင်းကျောက်ဂူကယ်
ဆယ်ရေး မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဝါရင့် ရေငုပ်သမား ၁၅ဦးအပါအဝင်စုစုပေါင်းလူ ၁၀၀ ကျော်လောက်
ဟာ လာအိုက ရွာသားတွေကို ရှာဖွေကယ်ဆယ်တဲ့ အစီအစဉ်မှာ ပါဝင် ကူညီနေကြောင်း သိရပါတယ်။
ကိုးကား- CNN

👍39❤7🤮2🥰1
ကျောက်ဂူထဲမှာ အသက်ရှင်လျက်တွေ့ရတဲ့လာအိုရွာသား ၅ ဦး နဲ့ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေ။ဓါတ်ပုံ-AP ၊EPA
👍56❤11🤮2🥰1
ရေစကြိုမှာ ပျူစောထီးတွေက ပြည်သူတွေဖမ်းပြီး ရိက္ခာနဲ့ ပြန်ရွေးခိုင်းနေ
မေ ၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေက ပြည်သူတွေကိုဖမ်းဆီးပြီး ရိက္ခာနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ရက် မနက် ၈နာရီခန့်က ရေစကြိုမြို့နယ်၊ မင်းရွာက ပျူစောထီးတွေဟာ ကိုင်းရွာနဲ့ ငတရော်ကျေးရွာကြားကို ရောက်ရှိလာပြီး တောင်ယာလုပ်နေတဲ့ ပြည်သူတွေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီဖြစ်စဥ်မှာ တောင်ယာလုပ်နေတဲ့ မင်းရွာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာက အမျိုးသမီး ၁ ဦးနဲ့ ငတရော်ရွာက အမျိုးသား ၂ ဦး စုစုပေါင်း ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။
မင်းရွာက ပျူစောထီးတွေဟာ ရိက္ခာပြတ်ရင် အနီးဝန်းကျင်ရွာတွေကိုသွားပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးကာ မိသားစုဝင်တွေကို ဆန်အိတ်တွေ၊ ဆီပုံးတွေ၊ ငွေကြေးတွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဆန်၊ ဆီတင်မကဘူး အရက် ဘီယာတွေရော တောင်းတယ်လို့သိရပါတယ်။ ငတရော် ၂ ဦးတော့ ပြန်လွတ်လာတယ်လို့သိရပါတယ်။ ကျန်လူတွေတော့ မသိရသေးဘူး။"လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရေလယ်ကျွန်းဒေသ လက်နက်ကိုင်ပျူစောထီးတွေ စခန်းချတပ်စွဲထားတဲ့ မင်းရွာကျေးရွာရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ယခုလိုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိုနယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း အာဏာသိမ်းစစ်တပ်က မြို့ပေါ်နဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။

🤬33🤮6❤4👎3🤣1