(ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)
🤬33😢24🤣3😡3❤2🥰2👏2😭1
ကျိုက်ဒုံမြို့ကို စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး ၃ဦး သေဆုံး
မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ကို KNUက ၂၀၂၄ မတ်လကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က အခု မေလမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တာပါ။
ကျိုက်ဒုံမြို့အဝင် တံတားရဲ့ တဖက်ကမ်း နို့တကောမြို့နယ်(KNUအုပ်ချုပ်နယ်မြေ သတ်မှတ်ချက်) အတွင်းရှိ ပြည်သူနေအိမ်များကို မေလ ၂၄ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာရာ အရပ်သား ပြည်သူ အမျိုးသမီး (၃) ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် (၁၆) နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ လူနေအိမ် (၂) လုံးနဲ့ အိမ်စီးကား ပျက်စီးခဲ့ဟု အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်း စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းလုပ်ရပ်ဖြစ်ကြောင်း KNUက ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျိုက်ဒုံမြို့ကို အရင်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ရွာတွေ က ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
ကျိုက်ဒုံမြို့ရဲ့ စစ်တပ်ဗျူဟာစခန်းကို KNU ပူးပေါင်းတပ်က ၂၀၂၄ မတ်လမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဗျူဟာမှူးအပါအဝင် အရာရှိစစ်သည် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ရာ လက်နက်ကြီး လက်နက်ငယ်နဲ့ ကျည်ခဲယမ်းများစွာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းရခဲ့ပါတယ်။

🤬37❤2👎2🔥2👏1
(ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
😢35🤬10❤🔥5👏2👎1
"အညာက လက်ရေးဖိတ်စာ"
မေ-၂၇၊ ၂၀၂၆။ဟာနာဆန်/People's Spring
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်
လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာ
ဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။
စစ်ကိုင်းတိုင်းက "ဒီမိုကရေစီကူညီကြသူများကွန်ရက်"အဖွဲ့(HPD)ရဲ့ တည်ထောင်သူ ဦးစိုးဝင်းဆွေက ၎င်းရဲ့Facebook လူမှုကွန်ရက်မှာ လက်
ရေးနဲ့ ရေးသားထားတဲ့ ဖိတ်စာတစ်ခု တင်ခဲ့ပါတယ်။
အဲဒီဖိတ်စာဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်က အညာဒေသတနေရာမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ဖိတ်
စာ တစ်စောင်ပါ။ ဖိတ်စာဟာ သာမန်မြင်နေကျ ပုံနှိပ်စက်မှာရိုက်နှိပ်ထားတဲ့ ဖိတ်စာမျိုး မဟုတ်ပါဘူး။
ဗလာစာရွက်လွတ်တစ်ရွက်ပေါ်မှာ နှစ်ဖက်မိဘနဲ့ သတို့သားသတို့သမီးနာမည်တွေ၊ ပွဲကျင်းပမယ့်နေ့ရက်နဲ့ နေရာတွေကို လက်ရေးနဲ့သာ ရေးသားဖိတ်
ကြားခဲ့တာ ဖြစ်ပါတယ်။
"မအလ ခေတ်မှာ အညာပြည်သူတွေဘယ်
လောက်ရှားပါးပြတ်လပ်၊ ဆင်းရဲကြပ်တည်း သွားကြသလဲဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတောင် ဗလာစာရွက်ပေါ်ရေးပြီး ဝေရတဲ့ဘဝ ရောက်သွားပြီ။"လို့ ဦးစိုးဝင်းဆွေက ရေးသားထားပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး လူလတ်တန်းစားတွေ ပျောက်ကွယ်လာလျက်ရှိကြောင်း၊ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုမှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး လူလတ်တန်းစားများ ပျောက်ကွယ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲအစည်းအဝေးမှာ ပြောကြားခဲ့ဖူးပါတယ်။

👍22😢9❤5🥰2🤮1
စစ်တွေ၊ရွှေမင်းဂံရေတပ်စခန်းအနီးတိုက်ပွဲဖြစ်
■စစ်တွေမြို့ဖောင်တော်ကြီးအနီးရှိ စစ်သေင်္ဘာ
တစ်စီးကိုAAလက်နက်ကြီးနဲ့ပစ်လို့ထိမှန်
မေ-၂၇၊၂၀၂၆ ။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ ရွှေမင်းဂံရေ
တပ်စခန်းကိုအာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေမင်းဂံရေတပ်စခန်း နဲ့ကပ်ရပ် ရွှေမင်းဂံရွာရှိ အာဏာသိမ်းစစ်တပ်တပ်စခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ရေတပ် စခန်းဝင်းထဲကိုလည်း အဝေးပစ်လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
“ရွှေမင်းဂံရွာထဲကစခန်းကိုတိုက်နေတာ။လက်နက်
ကြီးနဲ့လည်း AA ကနေ့တိုင်းပစ်တယ်။ညကလည်း အလုံးတဆယ်လောက်ကြားလိုက်တယ်။ ရေတပ်ဝင်းထဲက အဆောင်ကို ထိသွားတယ်ကြားတယ်။ အထဲမှာ အထိအခိုက် လည်း များတယ်တဲ့”လို့စစ်တွေဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ) နဲ့ အနီးဆုံးမှာရှိတဲ့ ကျားမသောက်ရွာမှာရှိတဲ့ စစ်တပ် တပ်
ရင်းတွေကိုလည်း အဝေးပစ်လက်နက်ကြီးနဲ့ တပြိုင်နက်တိုက်ခိုက်နေပြီး ကျားမသောက်တပ်ရင်း အနီးတောကန်ရွာနားမှာတော့မြေပြင်တိုက်ပွဲရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ကိုယ့်လူတွေက ပတ်ပတ်လည်ကနေပြီးတော့ လက်နက်ကြီးနဲ့ရော၊ဒရုန်းနဲ့ပါ တိုက်ခိုက်နေတာ။ အခုရက်တွေမှာ ကိုယ့်ဘက်က အလုပ်ပိုလုပ်နေတယ် စစ်တွေမှာ။ ပွဲဖြစ်တာတွေ များတယ်” လို့ AA နဲ့ နီးစပ်တဲ့အခြားစစ်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဒါ့အပြင် AA ဟာ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်၀မှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်သင်္ဘောတွေကိုလည်းဟောက်ဝစ်ဇာတွေနဲ့ လှမ်းပစ်နေပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က စစ် တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
“ဖော်တော်ကြီးနားမှာ ရပ်ထားတဲ့ နေဗီကို ပစ်လိုက်တာ သင်္ဘောဖင်ပိုင်း၊ အမြီးပိုင်းထိသွားတယ်။ ထိပြီး ထွက်ပြေး သွားတယ်။ စစ်တွေမြို့ကလူတွေ တွေ့လိုက်ကြတယ် သင်္ဘောထွက်ပြေးသွားတာကို။ သင်္ဘောအများကြီး ထိတာ တော့ မဟုတ်ဘူး။ ဒါပေမယ့် ထိတော့ ထိသွားတယ်”လို့စစ်တွေမြို့
မိဇံရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီလိုတိုက်ပွဲတွေဖြစ်နေချိန် စစ်တွေမြို့ထဲမှာလည်း ည ၉ နာရီကနေ မနက်၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ခြံစည်းရိုးကာထား တဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။
“တမြို့လုံးအနှံ့ညတိုင်းကင်းလှည့်တယ်။၉ နာရီနောက်ပိုင်းတွေ့ရင် ပစ်မိန့်တခါတည်းထုတ်ထားတာ။ အဖမ်းခံရ တာတွေလည်း မနည်းတော့ဘူး အခုနောက်ပိုင်း လူတွေတော်တော်များများ အဖမ်းခံရတယ် စစ်တွေမှာ”လို့စစ်တွေမြို့၊မင်းဂံရပ်ကွက်
မှာ နေထိုင်သူတဦးက ပြောပါတယ်။
ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီးကာကင်းစခန်းတွေ သိမ်း
ယူနေခဲ့တာပါ။
အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေ
တပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါ
အဝင် ရှေ့တန်းကာကင်းစခန်းအချို့ကိုသိမ်းပိုက်ထားပါတယ်။
စစ်တွေမြို့နယ်ရဲ့အစပ်ပုဏ္ဏားကျွန်း၊ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့ကို အလုံးစုံထိန်းချုပ်ထားတဲ့ AA ဟာစစ်တွေကို ဝန်းရံပိတ်ဆို့ထားပြီး ထိုး
စစ်ဆင်နေတာဖြစ်ပြီးမြေပြင်တိုက်ပွဲပြင်းပြင်း
ထန်ထန်မရှိပေမယ့် အဝေးပစ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကတော့ နေ့စဉ်ရက်
ဆက်ရှိနေပါတယ်။
စစ်တွေမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက်တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်
ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်
ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

👍36🥰5❤4🤣3👏2✍1🍓1🆒1
စစ်တွေမြို့ ၊ရွှေမင်းဂံရေတပ်နဲ့ ဒကစ တို့ကိုမြေပုံပေါ်မှာတွေ့ရစဥ်/ ရှေ့တန်းတစ်နေရာမှာတိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တဦး/စစ်တပ်ရေယာဥ်တစ်စီး။ဓါတ်ပုံ-AA Infodesk ၊စစ်တပ်
👍29🥰7👏5❤2💯2🔥1🤣1🤝1
စစ်တပ်က လူအင်အားရင်းပြီး နယ်မြေ ထိန်းချုပ်ထားမှုတွေဟာ အဆုံးသတ်မဟုတ်၊ပြန်တုံ့ပြန်ဖို့ရှိဟု CNF ပြော
မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့၊ တွန်းဇံမြို့ အပါအဝင် နယ်မြေအချို့ ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေ နောက်ပိုင်း ဒေသတွင်း စစ်ရေး အခြေအနေများ မေးမြန်းရာ ဆလိုင်းထက်နီက အခုလို ရှင်းပြတာဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်စိုးမိုးထားတဲ့ နေရာတွေကို အထိုင်ချဖို့ လုပ်ဆောင် နေပြီး မြေပြန်ကနေ လေကြောင်းကနေသော်လည်းကောင်း ကုန်းကြောင်းကနေသော်လည်းကောင်း ရိက္ခာခဲယမ်းတွေ စုနေတဲ့ အနေအထားဟု ပြောပါတယ်။
" အဲဒီလို အထိုင်စခန်းအသေနဲ့ ထိုင်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျနော်တို့က လမ်းမှာ ဖြတ်တောက်ရေးတွေ အတက်နိုင်ဆုံး ပြန်ပြီးတော့လုပ်သွားမယ်"လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ လတ်တလောမှာ ကချင်၊ ရက္ခိုင်၊ ချင်းဒေသတွေကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
" သူတို့ စစ်ဗျူဟာက လူရင်းပြီး ကုန်းကြောင်းရော လေကြောင်းရော ရေကြောင်းရော အဲဒီလို လုပ်နေတဲ့အနေအထားမှာရှိတယ်။ အဲဒီဟာက သူတို့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာက ကျနော်တို့ဘက်က အများကြီးစုစည်းမှုအားကောင်းကောင်းနဲ့ ပြန်လုပ်ဖို့လိုမယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်"လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အခုလိုတန်ပြန်ထိုးစစ်ကို မျှော်လင့်ပြီးသားဖြစ်သလို တိုက်ပွဲဟာ အဆုံးသတ်မဟုတ်ကြောင်း ပြောပါတယ်။
" နွေဦးတော်လှန်ရေးမတိုင်ခင် အနေအထား နဂိုရ်အနေအထား သူတို့ လုံး၀ ရောက်နိုင်မှာ မဟုတ်သေးဘူး။ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေက အကျယ်ကြီးရှိပါသေးတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တမြို့နှစ်မြို့ သူတို့ စိုးမိုးလိုက်ရုံနဲ့ ဘာမှ စိတ်ဓာတ်ကျစရာမရှိဘူး ကျနော်တို့အနေနဲ့ အဲဒါကို သင်ခန်းစာယူပြီးတော့ စည်းလုံးညီညွတ်မှု ကျစ်လစ်မှု စစ်ရေးအရ မဟာဗျူဟာမြောက်တဲ့ ဗျူဟာတွေ ချပြီးတော့ ပြန်ပြီးတော့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
CNFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်၊ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ တို့ စုပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ လတ်တလော နယ်မြေတွေက ဆုတ်ခွာရမှုတွေဟာ စစ်ရေးဗျူဟာအရ၊ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အရ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
“အဓိကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့က မထည့်တွက်လို့မရဘူး။ သူတို့က အဲဒါတွေ ထည့်တွက်တာ မဟုတ်ဘူး။ အလုံးစုံ ပြည်သူအားလုံးပျက်သုဉ်းရေးကို သူက ဦးတည်နေတာ ဒါက အားလုံးသိပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကျတော့ စစ်ရေးလုပ်တဲ့နေရာမှာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဆိုတဲ့ဟာက ကျနော်တို့ဘက်က ပြည်သူကို ငဲ့ကွက်ရမှာ။ ပြည်သူရှိမှလည်း ဒီတော်လှန်ရေးက အောင်မြင်မှာကိုး။ အဲဒီလို လုပ်တဲ့နေရာမှာ သူတို့က အဲဒါကို အခွင့်ကောင်းယူပြီးတော့ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ် ဖြတ်လေးဖြတ်ဗျူဟာကို သုံးပြီး ကျနော်တို့ကို လုပ်နေတာဖြစ်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း တော်လှန်ရေးကာလမှာ စစ်ရေးက မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှာ ပြောကြားထားပါတယ်။
ပြည်သူကို အထိအခိုက်မဖြစ်စေဖို မဟာဗျူဟာ ကျကျ မြိုတွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်လို့ တိုက်ပွဲဝင် ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ နဲ့ NUG ကာကွယ်ရေး တို့ကို ဂုဏ်ယူချီးကျူးကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့ မပြိုလဲစေရေး နည်းမျိုးစုံ ကျားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကာ မြိုတွေ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

👍34🥰5❤3🤣3👏1
ကချင်-စစ်ကိုင်းအစပ်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ မြို့ရွာ နယ်မြေအချို့ကို ဧပြီလကုန်နဲ့ မေလဆန်းမှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက ပြန်လည်ပြီး ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှု၊ တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လျက်ရှိရာ မေလ တတိယပတ်နဲ့ နောက်ဆုံးပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာကာ သူတို့ တပ်စွဲထားတဲ့ နေရာအချို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။
ချင်းတောင်ပိုင်းမှာလည်း ကန်ပက်လက်မြို့ ပြန်ရဖို့ စစ်ကောင်စီက မေလ ၁၈ရက်ကတည်းက လေကြောင်း ပစ်ကူအများအပြား မြေပြင် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပေမယ့် မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။

👍31🥰7🤣2❤1
မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ
မေ -၂၇၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
"ဒီနေ့ လက်ရှိအချိန်ထိ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်"လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
အင်အား ၁၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။
သရက်မြို့နယ် အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်က ရခိုင်ရိုးမအနီး မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
"မင်းတုန်းမြို့နယ်ထဲက မထိန်းချုပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ နောက် မင်းတုန်းမြို့နယ်က ရခိုင်ရိုးနဲ့ ဆက်နေတဲ့အတွက် ရခိုင်ဘက်ကို ၀င်တဲ့လမ်းတွေကို ပိတ်ဆို့ချင်တာမျိုး"လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

👍17🔥7👎4❤2🤣2
မြန်မာ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို Quad နိုင်ငံခြားရေးဝန်ကြီးတွေ စိုးရိမ်
မေ-၂၇၊ ၂၀၂၆။ People’s Spring
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးလေးဦးတို့ တွေ့ဆုံဆွေးနွေးအပြီး မေလ ၂၆ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန််မာ့အရေးကို ထည့်သွင်းဖော်ပြပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုးကြောင်း ထပ်လောင်းအတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ပတ်ဝန်းကျင်ကောင်းတရပ်ဖန်တီးပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးပွဲပြုလုပ်ဖို့ အချက်တွေကိုလည်း Quad နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာ့အကျပ်အတည်းရဲ့သက်ရောက်မှုကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပျံ့နှံလာခြင်းအပေါ် စိုးရိမ်ကြောင်းလည်း Quad က ပူးတွဲထုတ်ပြန်ပါတယ်။
India for Myanmar အပါအဝင် တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုကတော့ မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ Quad နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

👍33❤4🥰2🔥1🤮1
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။
ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။
https://www.ludunwayoo.com/feature-mm/2026/05/27/158288/

LuduNwayOo
စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်သွားတဲ့ အညာ ၁၂ ပွဲ ဈေး | LuduNwayOo
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
👍27❤5😢4🔥1🤮1
ထိုင်းဆေးရုံကိုမြန်မာရွာသားတွေစုပေါင်းပြီးငွေလှူတဲ့အပေါ် ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေချီးကျူး
မေ-၂၇၊၂၀၂၆။People's Spring
မြန်မာရွာသားတွေ စုပေါင်းပြီးထိုင်းဆေးရုံတစ်ခုကိုငွေကြေးလှူဒါန်းခဲ့မှုဟာထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။
တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံက မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ဆေးရုံကိုဘတ်ငွေ ၁၄၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း
မေလ ၂၆ ရက်နေ့တုန်းကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ကြေညာခဲ့ပါတယ်။
အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်
နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။
ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကိုလူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်
ပြထားပါတယ်။
မြန်မာနယ်စပ်မှာရှိတဲ့ စုကလိရွာသားတွေဟာသူတို့ အကူအညီ လိုအပ်ချိန်မှာ နိုင်ငံသား ခွဲခြားရှုမြင်တာမျိုး မရှိဘဲ ကူညီပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တတ်နိုင်သလောက် ကျေးဇူးဆပ်ချင်လို့ အခုလို စုပေါင်းပြီး ငွေလှူခဲ့တာလို့ ဆိုပါတယ်။
ထိုင်းလူမှုကွန်ရက် သုံးစွဲသူ အများအပြားက အဲဒီလုပ်ရပ်အပေါ် ကောင်းချီးပေး သာဓုခေါ်ခဲ့ကြပြီး တချို့ကလည်းလက်ရှိကြုံနေတဲ့ အကျပ်အတည်း
တွေကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆန္ဒပြုပေးခဲ့ကြပါတယ်။
အုန်းဖျံဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်နားက အုန်းဖျံခရိုင်မှာတည်ရှိပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်
လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်းလက်ခံ
ကုသပေး၊ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။
ကိုးကား- Khaosod

🥰32❤21👍11👏3🤮1