People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍25🔥61👎1
■​ဆောင်းပါး

စစ်အာဏာသိမ်းမှု​ကြောင့် ပျောက်ကွယ်သွားတဲ့
အညာ ၁၂ ပွဲ ဈေး

-ဝသန်/People's Spring

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။

ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင် လက်
ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ ကဆုန်လပြည့် ညောင် ရေသွန်းပွဲ နေ့ဟာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာ မြို့နယ်သုံးခုက ပြည်သူတွေ ပါဝင်ဆင်နွှဲတဲ့ ရိုးရာ ဘုရားပွဲတခုရှိပါတယ်။အဲတာကတော့ စစ်တပ်
စစ်ကြောင်းတွေ ကြားထဲမှာရှိ နေတဲ့ သစ္စာရဘုရားပွဲပါ။

တရွာတပုဒ်ဆန်းဆိုသလို ဒီနယ်တ ကြောမှာ နေ
ထိုင်ကြတဲ့ ပြည်သူ တွေဟာ ဝက်လက်နယ်၊စဉ့်ကူးနယ် ကျွန်းပေါ် ဒေသနဲ့ မတ္တရာမြို့နယ်အစပ်တို့ကို ဘုရားနယ်နိမိတ်လို့ သတ်မှတ်ကြပါတယ်။

ဒီနယ် မြေမှာ လုပ်ကိုင်စား သောက်ကြတဲ့ တောင်
သူတွေဟာဘုရားရဲ့မြေပေါ် မှာလုပ်ကိုင်စား သောက်နေကြတာလို့မှတ်ယူပြီး ဒီဘုရားပွဲ နေ့မှာ မုန့်ဆီကြော်နဲ့ ဘုရား လောင်းလှူကြပြီး တောင်ယာထွက် ပဲ တွေနဲ့ ဘုရားရင်ပြင်တခုလုံးကိုကြဲကာ ပူဇော်ကြပါတယ်။

"ဒီနယ် မြေကဘုရား‌ရဲ့နယ် မြေ။တောင်သူတွေက ဘုရား မြေ ပေါ်အငှားလုပ်ကိုင်ကြသူတွေ။ဘုရားပွဲမှာ ပဲတွေကို ဂျိုးစာ၊ငှက်စာ ကြဲတယ်ခေါ်တာပေါ့။အဲ့လိုကြဲပြီး ငှက်က လေး တွေစားရ‌ အောင်လုပ်တာ။အဲတာက နောက်နှစ်ဆိုကိုယ့်ယာခင်းအထွက်တိုး‌ေစတယ်" လို့ အသက်၆၅အရွယ်တောင်သူ အမျိုးသားတဦးက ရှင်းပြပါတယ်။

ဒီဘုရားပွဲကို လာတဲ့သူတွေ ဟာကိုယ်သဘောကျတဲ့သူ တွေ့ရင် ပဲတွေ နဲ့ ပစ်ပေါက်ကာ ပိုးပမ်းကြပါတယ်။ဘုရားရင်ပြင်က နေတောင်ရိုးတခုလုံးကဘုရားတွေကို ဖူးတဲ့လမ်းတ လျှောက်လုံး သင်္ကြန်
ရေ ပက်သလို ပဲတွေကြဲနေကြတာပါ။

အပြန်ကျရင်လည်း ဒီလိုအများသူငှာကြဲချထားတဲ့ ပဲ တွေ မြေပေါ်ကြ နေတဲ့အထဲက လက်တစုပ် လောက်ပြန်ကောက်ယူလာကြပြီး မျိုးစေ့ လှောင်ထားတဲ့ ပဲတွေထဲ ထည့်ရင်ပဲပိုးမကျဘူးဆိုတဲ့ အယူကလည်း ရှိပြန်ပါသေးတယ်။

ဒီဘုရားပွဲကို တရက်တည်းသာ ကျင်းပ‌ ပေမယ့် မန္တလေးမြို့က နေ ကား တွေထွက်ပြီးသွားတဲ့ ဒေသခံ တွေရှိသလို မြို့နယ်သုံးခုက ပြည်သူ တွေလည်း ဘုရားဖူးရင် လာကြတာမို့ မုန့်ဈေးတန်း၊ပွဲ ဈေးတန်းနဲ့စည်ကားလှပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားရွာတော့ ဘုရားပွဲ ဈေးကတစ်ပါတ်တိုင်ပြုလုပ်လေ့ ရှိပါတယ်။ရှိမ်းမကားရွာဆိုတာက နေ့တိုင်းမနက်ခင်းဈေးရှိပြီး အနီးနာက ကျေးရွာပေါင်း၃၀လောက်တောင်သူ တွေဟာဒီရွာကို အမှီပြုပြီး အရောင်း၊အဝယ်ပြုလုပ်ကြတာပါ။

မြန်မာလို ဝါ ခေါင်လဆိုရင် ရှိမ်းမကားဘုရားပွဲဈေး စပါပြီ။အဲဒီအချိန်ဆို အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဈေးသည် တွေက ရှိမ်းမကားတရွာလုံးအပြည့်ပါ။

ဒီရွာကို အမှီပြု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရောင်းဝယ်ပြုလုပ် နေကြတဲ့ စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊ဝက်လက်မြို့နယ် ကျေးရွာ တွေက တောင်သူ တွေဟာ ဒီဈေးပွဲကို လာကြပါတယ်။ဒေသခံ ဈေးဆိုင် တွေက ဝယ်နေကြ ဖောက်သည် တွေကို မုန့်နဲ့ ရေနွေးကြမ်းဧည့်ခံကြသလို တောင်သူ တွေက ကလေးငယ် တွေ‌ ခေါ်ပြီး ပွဲဈေး တန်းလှည့်လည်ကြတာပါ။

အရုပ်သည်၊ဓား၊သေနတ်နဲ့ ပလက်စတစ်ရုပ်မျိုးစုံအသည် တွေကစလို့ အညာချည် စောင်၊တောင်သူသုံး ဓား၊ပေါက်တူး၊ပေါက်ပြား၊တောင်း၊‌‌ခါးမောက်စတဲ့ လယ်ယာသုံးပစ္စည်းအစုံအလင် တွေအထိပါပြီး ဒီအချိန်မှာ တောင်သူ တွေကတနှစ်စာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူ စုဆောင်းကြပါတယ်။

ဒီပွဲဈေးက ဈေးသည် တွေဟာ ရှိမ်းမကားပွဲဈေးပြီးရင် တော်သလင်းလမှာ ကျင်းပတဲ့ သစ်ဆိမ့်ရွာ ဘုရားပွဲကို ကူးကြပါတယ်။

သစ်ဆိမ့်ရွာဘုရားပွဲကလည်း တပုဒ်ဆန်းပါတယ်။အဲဒီပွဲဈေးဆိုရင် ဒီလို ၁၂ပွဲဈေးသည်တွေ တင်မဟုတ်ဘဲ ဒေသခံ တောင်သူ တွေကပါ ကိုယ့်လယ်ယာထွက်ပဲနဲ့ ကုန်ပစ္စည်း တွေကို တောင်း လေးနဲ့ ထိုင် ရောင်းကြပါတယ်။

အဲဒီပွဲမှာ၁၂ပွဲဈေးသည် တွေက ဒေသထွက် လယ်ယာကုန်ပစ္စည်းတွေကိုပြန်ဝယ်ကြ ပေါ့။
သနပ်ခါးပါးကွက်ကြား၊ခေါင်းပေါင်း တွေခမောက် တွေကြား အော်ဟစ် ရောင်းချ နေကြတဲ့ပွဲ ဈေး
သည် တွေရဲ့ အသံတွေ ဆူညံနေတဲ့ကာလ တွေပါ။

ဒီအသံ တွေတိတ်ဆိတ်သွားတာ အခုဆိုရင် ၅နှစ်တိုင်ခဲ့ပါပြီ။ရှိမ်းမကားရွာရဲစခန်းကို စစ်တပ်က တပ်စွဲထားပြီးဈေးတွေကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။လက်ရှိအချိန်အထိလည်းဒေသခံတွေရှောင်
တိမ်းနေကြပြီး မကြာခဏ ကျေးရွာပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေပြု
လုပ်နေတာပါ။

သစ်ဆိမ့်ရွာကိုတော့ ၂၀၂၁ခုနှစ်ကတည်းက ရဲစခန်းကိုပါ တော်လှန်ရေး တပ်တွေကသိမ်းယူခဲ့ပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အကြိမ်
ကြိမ်ထိုးစစ်ဆင်ခဲ့တာပါ။

၂၀၂၂ခုနှစ်အတွင်းက သစ်ဆိမ့်ဘုရားပွဲ‌‌ကျင်းပရာ ရင်ပြင်မှာ ဒေသခံပြည်သူတွေကိုစစ်တပ်က ဖမ်း
ဆီးပြီး ကြိုးတုပ်ထားခဲ့ပါတယ်။အဲဒီနောက် အမျိုး
သားတွေကို ခေါ်သွားပြီး ရွာ မြောက်ဘက်မှာ ၇ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပါတယ်။
19🔥4🤬4
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၁၁ရက် နေ့၊ကသစ်ဆိမ့် ရွာကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။ဒီရွာက နေတဆင့် နယ် မြေစိုးမိုးမှုရဖို့ကြိုးစားနေပြီး တိုက်ပွဲ တွေလည်း ဆက်တိုက်ဖြစ် နေတယ်လို့ သိရပါတယ်။

ဝက်လက်နယ်အရှေ့ခြမ်းက ၁၂ပွဲဈေးပွဲလုပ်တဲ့ ရှိမ်းမကားနဲ့ သစ်ဆိမ့်ရွာ နှစ်ရွာကို စစ်တပ်က အ
ခြေချတပ်စွဲထားတာပါ။ဒါ့အပြင် ဒေသခံ တွေစု ပေါင်းဘုရားပွဲပြုလုပ်တဲ့ သစ္စာရ ဘုရားပွဲဟာ လည်းဒီရွာနှစ်ရွာကြားထဲမှာရှိနေတာပါ။

"ပွဲတွေလည်း မရှိတော့ဘူး။ရွာခံ တွေပြေးနေရတာလည်း ၄ နှစ်လောက်ရှိပြီ။ရွာကလည်း မီးရှို့ခံရ၊ဗုံးကြဲခံရနဲ့ ရွာပျက်ကြီးဖြစ်နေပြီ"လို့ ဒေသခံတဦးက ​ငြီးညူရင်း​ပြောလိုက်ပါတယ်။ ။
👍20😢5🔥4
စစ်တပ်အာဏာမသိမ်းခင်က စည်ကားခဲ့တဲ့
သစ္စာရဘုရားပွဲ​ဈေး ။ဓါတ်ပုံ-​ဒေသခံ
👍28😢6🔥2🥰1
ငယ်စဥ်ပညာသင်ခဲ့တဲ့ မလေးရှားကကျောင်းကို ၁၃ နှစ်အကြာမှာ သွားရောက်လည်ပတ်ခဲ့တဲ့ ဗန်

မေ-၂၆၊၂၀၂၆။သုည/People's Spring

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်း
သား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့
မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်
လည်ပတ်ခဲ့ပါတယ်။

ဗန် ငယ်ဘဝပညာသင်ခဲ့တဲ့​ကျောင်းကိုဒီက​နေ့
(မေလ ၂၆) မှာသွား​ရောက်ခဲ့တာဖြစ်ပြီး ကျောင်း
သားကလေးငယ်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေကလည်း ဗန့်ကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

ဂျိုရှုအာဗန်ဟာ (၂၀၁၁ ခုနှစ်) အသက် ၁၀ နှစ်သား အရွယ်မှာ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို စစ်ဘေးရှောင်ရင်း အဆိုပါ ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟာ ယင်းကျောင်းမှာ ၂ နှစ်ခန့် ပညာသင်ကြားခဲ့ပြီးအသက် ၁၂ နှစ်အရွယ်(၂၀၁၃ ခုနှစ်)မှာတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ဒုက္ခသည်အစီအစဉ်နဲ့ ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ဒါ​ကြောင့် UFC ချန်ပီယံဗန်ဟာ ငယ်စဥ်ပညာသင်ခဲ့တဲ့​ကျောင်းကို ၁၃ နှစ်အကြာမှာ လာ​ရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

​မေ ၂၅ရက်နေ့ကလည်း ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီ
အစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာ တွေ့ခဲ့ရပါတယ်။

မူလကမေလ၂၇ ရက်မှာကျင်းပမယ့် CRC-Chin Refugee Committeeအသင်းရဲ့(၂၅) နှစ်
မြောက် ငွေရတုအခမ်းအနားမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ခန်းမအခြေအနေကြောင့် အားပေးလိုသူအားလုံး ဆန့်မှာမဟုတ်တဲ့အတွက် (Meet & Greet) အစီအစဉ်ကို ၂ရက်ကြိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း CRC က ဖော်ပြခဲ့ပါတယ်။

ဂျိုရှုအာဗန်ဟာ လူငယ်တွေအတွက် စိတ်အား
တက်ကြွစေမယ့် အားပေးစကားတွေ ပြောကြားခဲ့သလို ဖြူဖြူကျော်သိန်းကလည်း "ကြယ်"သီချင်းအပါအဝသ် သီချင်း​တွေသီဆိုဖျော်ဖြေခဲ့ပါတယ်။

UFCဖလိုင်းဝိတ်တန်းချန်ပီယံဂျိုရှုအာဗန်ဟာ မလေးရှား ခရီးစဉ်အပြင် ထိုင်းနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ ချင်းတိုင်း
ရင်းသား ဗန်ဟာ အာရှမှာ ပထမဆုံး UFC ချန်ပီယံဖြစ်ပါတယ်။

မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
52👍14🥰2🔥1👏1
Media is too big
VIEW IN TELEGRAM
ရုပ်သံ - Joshua Van
69👍14🥰3🔥1👏1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍269🤮1
NUG ကာကွယ်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့က စစ်ရေးခေါင်းဆောင် ၁၀ဦးပါကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်မယ်

" သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ၇ဦးရှိတယ်။ အဲဒီ ၇ဦးက တိုက်ရိုက်ကိုင်တွယ်သွားမယ်" - ဆလိုင်းထက်နီ

မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ CNF တို့နဲ့ ကနဦး စုဖွဲ့ထားရာ အဲဒီထဲက CRPHမှ အပ ကျန် အဖွဲ့ ၅ခုက စစ်ရေးခေါင်းဆောင်တွေ က စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ကော်မတီ ဖွဲ့စည်းထားတာ လို့ ဆိုပါတယ်။

" CNFရယ် KIOရယ် ပြီးတော့ KNPPရယ် KNUရယ်နဲ့ ပြီးတော့ NUGက ကာကွယ်ရေးဘက်က အဲဒီလို ၅ဖွဲ့ ။အဖွဲ့အစည်းတခုစီက စစ်ရေးထိပ်ပိုင်းခေါင်းဆောင်တွေ ၂ဦးစီကို ပါဝင်တာ အားလုံးက ၁၀ယောက်ဖြစ်သွားတာပေါ့။ CRPHကတော့ သူက တပ်မရှိတော့ အဲဒီမှာ မပါဘူးပေါ့။ အဲဒီ ၁၀ဦးက သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ၇ဦးရှိတယ်။ အဲဒီ ၇ဦးက တိုက်ရိုက် ကိုင်တွယ်သွားမယ်" လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ထိပ်ပိုင်းခေါင်းဆောင်တွေက တိုက်ရိုက်ချိတ်ဆက်ပြီးတော့ စစ်ရေးအစီအမံကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။

SCEF မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး စုစုပေါင်း ၇ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
“အခုကတော့ စစ်ရေးမှာ တကယ့်အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ကျစ်ကျစ်လစ်လစ်နဲ့ ပိုပြီးတော့ လုပ်သွားတဲ့ဟာဖြစ်တာပေါ့နော်။ အရင်ကတော့ K3C တို့ C3C တို့ လုပ်နေပေမယ့် လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ သူ့ဟာသူလုပ်ငန်းအလိုက်ဆောင်ရွက်သွားတာမျိုးရှိတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ အဲဒီ ၁၀ဦးကော်မတီကနေ တခုတည်းသောဆုံးဖြတ်ချက် အဲဒီလို ပုံစံနဲ့ ကျနော်တို့ ဘယ်လိုဆက်သွားမယ်ဆိုတဲ့ဟာ ပိုပြီးတော့ ကျစ်လစ်သွားတယ်လို့ ပြောလို့ရတယ်” လို့ ဆလိုင်းထက်နီက SCEF ရဲ့ စစ်ရေးဆိုင်ရာ ကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်သွားမယ့် အခြေအနေကို ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း ပြည်သူ မှ ပြည်သူသို့ အစီအစဉ်မှာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တွေ ကိုယ်တိုင်ပါတဲ့ စုဖွဲ့မှုတွေအကြောင်း ပြောပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှုတွေ ခိုင်မာလာကြောင်း ဝန်ကြီးက ပြောပြပြီး စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဆိုတာ ဖွဲ့ ထားတယ်လို့ ပြောပါတယ်။

" ဗိုလ်ချုပ်တွေ၊ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးဦးဆောင်တဲ့သူ ၁၀ဦးနဲ့ ဒီဟာ ဖွဲ့ထားတဲ့ ကော်မတီနဲ့ အခုဆိုတာ သွားနေတာဖြစ်တယ်။ ဒါကြောင့် ဒီလို စုဖွဲ့မှု ခိုင်မာလာတာဟာ မဟာမိတ်တွေရဲ့ စုဖွဲ့မှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာတာနဲ့ မြေပြင်တော်လှန်ရေးတပ်တွေရဲ့ စစ်ရေး အတွေ့အကြုံ တိုက်ရည်ခိုက်ရည် ပိုမိုမြင့်မားလာတာကို ပေါင်းစပ်ပြီးတော့ ပြည်သူတွေ အားပေးထောက်ခံမှုနဲ့အတူ တော်လှန်ရေးက ရှေ့ကို ဆက်ပြီးချီတက်နေတယ်။ အောင်ပွဲတွေကို ရရှိလိမ့်မယ်လို့ ကျနော်တော့ယုံကြည်ပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

SCEFဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်ကို ဖယ်ရှားမယ့်အပြင် အနာဂတ်ဖက်ဒရယ်နိုင်ငံ အတွက် အခြေခံ အုတ်မြစ်များ တည်ဆောက်ဖို့ ဖွဲ့စည်းမှု ဖြစ်လို့ အရေးကြီးကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။ စုဖွဲ့မှုဟာ အဖွဲ့ ၆ဖွဲ့နဲ့တင်ဖွဲ့စည်းတင်မဟုတ်ဘဲ တော်လှန်ရေးနဲ့အတူ ရှိနေတဲ့ အင်အားစုများ ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း အသိပေးပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ တချို့ အဖွဲ့တွေ ပါဝင်ဖို့ အခက်အခဲ ရှိနေပေမယ့် အတူတကွ တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကွဲကွဲအပြားပြား ဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ ဦးဆောင်ကောင်စီ ပေါ်လာတာဟာ တော်လှန်ရေးအင်အားစုတွေ ပိုမို စုစည်းကျစ်လစ်လာတာကို ဖော်ပြခြင်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာ ပြသတာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
39👍13🥰1👏1🤣1🖕1
ဦးဆောင်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေကြား စုစည်းမှုကို အခြေခံပြီး တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ ပိုခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးကာလမှာ စစ်ရေးက အဆုတ်အတက် ရှိတယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ စစ်အုပ်စုဟာ မပြိုလဲစေရေး နည်းမျိုးစုံ ကြားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကြောင်း၊ စစ်အုပ်စုဟာ မြို့တွေ ပြန်သိမ်းနိုင်တယ်ဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းဝန်ကြီးက ပြောပါတယ်။ မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ဝန်ကြီးက ပြောပါတယ်။

ပြည်သူကို အထိအခိုက်မဖြစ်စေဖို့ မဟာဗျူဟာ ကျကျ မြို့တွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ အခုလို တိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန တို့ကို ဂုဏ်ယူချီးကျူးကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
👍477🥰3👏2🤣1🖕1
(ဖက်ဒရယ်ဦးဆောင်ကောင်စီအဖွဲ့ဝင် တော်လှန် ရေးအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင် တွေ ။ ဓါတ်ပုံ-အမှတ်(၁)စစ် ဒေသ ၊KNU ၊ CNF ၊KNPP ၊CNF)
52👍13🥰3🤣3🖕1
မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

မေ ၂၇၊ ၂၀၂၆ ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၂၆ ရက် နေ့လယ်ပိုင်းက မြစ်ခြေမြို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက မြို့မစျေးအပါအဝင် လူနေရပ်ကွက်တွေကို မီးရှိ့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"​မြစ်ခြေမြို့ပေါ်နေရာ တော်တော်များများကို လိုက်လံ မီးတင်ရှို့သွားတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့မစျေး မီးရှို့ခံရတယ်လို့ သိရပြီး စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။

အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်ကစပြီး အောင်သာပျူစောထီးကျေးရွာကထွက်လာတဲ့ စစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်ကလာသော စစ်ကြောင်း ၂ကြောင်း ပေါင်းထားတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မြစ်ခြေမြို့ပေါ်က ပြည်သူတွေအပါအဝင် ပြည်သူ ၁၀ဦးထက်မနည်းဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး လက်ပန်ကျွန်းရွာ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယျာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာ၊ ထနောင်းကုန်းရွာနဲ့ မြို့သစ်ရပ်ကွက်အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဒါ့အပြင် ပြည်သူ့ပစ္စည်းတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူ ၂သောင်းခန့် စစ်ဘေးရှောင်နေရပြီး ရက်နှစ်ပတ်ကျော်ကြာလာလို့အစားအသောက်ရိက္ခာနဲ့ မိုးကာတွေ
အထူးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ပခုက္ကူမြို့အထွက်ကနေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေအပါအဝင် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိပါတယ်။
🤬418😡3👎2👏1
(မြစ်ခြေမြို့က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😢42🔥5🤬31👎1