မြင်းခြံမှာ စစ်တပ်နဲ့ပျူစောထီးတွေရိက္ခာပို့ကား တိုက်ခိုက်ခံရပြီးနောက် ကျေးရွာတွေစစ်ကြောင်းထိုး
မေ၂၆၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ၂၄ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်က မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် နန်းမြင့်တောင်အနီးက ပျူစောထီးစခန်းကို ကား၂စီးနဲ့ရိက္ခာပို့ထွက်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်က Double Cab ကား၊ Super Custom ကား ၂စီး၊အင်အား ၁၀ဦးလောက်နဲ့ ရိက္ခာပို့ဖို့ကြိုးစားတာဖြစ်ပြီး Double Cab ကား မိုင်းဆွဲပစ်ခတ်ခံရကာ ကားပေါ်ပါ ပျူနဲ့စစ်သား ၅ဦး သေဆုံးပြီး သေနတ် ၄လက်ရရှိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အလောင်း ၅လောင်း၊အလက် ၄လက်ရတယ်။ကားကတော့ သုံးမရတော့ဘူး။နောက်တစီးကတော့ ပြန်ပြေးသွားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းတိုက်ခံရပြီးနောက် မေလ၂၅ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ်ရဲ့ ခလရ(၁၅)တပ်ရင်း နဲ့ သီတာယုမွန်စစ်ကြောင်း ၂ကြောင်းခွဲကာ လက်နက်ကြီးတွေပစ်ခတ် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အဲဒီထဲက စစ်တပ်စစ်ကြောင်းဟာ အင်အား ၇၀လောက်ခွဲပြီး ဗလုံကျေးရွာဘက် စစ်ကြောင်းထွက်ကာ ဒီကနေ့ မနက်ပိုင်းမှာ ကန်ဆင့်ကျေးရွာဘက် ရောက်နေတယ်လို့ သိရပါတယ်။
နောက်ထပ်စစ်ကြောင်းဟာ ဖောင်းကားကျေးရွာဘက်ကို စစ်ကြောင်းထွက်ပြီး ကျေးရွာတချို့မှာလည်း နောက်ချန်အင်အားတွေ ထားခဲ့တယ်လို့ သိရပါတယ်။
“ အင်အားများတယ်။စကစ စစ်ကြောင်းတင်၂၀၀လောက်ပါတယ်။အခုက မြင်းခြံအရှေ့ခြမ်းရွာ တွေကို စစ်ကြောင်းဦးတည်ထိုးနေတာ။နယ်မြေရှင်းတဲ့ပုံစံနဲ့ထိုးတာပေါ့။ဒီကနေမြင်းခြံ-နွားထိုးကတဆင့် ဟိုနေ့ကအတိုက်ခံရတဲ့ မြင်းခြံ-တောင်သာဘက်ကို ဝင်မဝင် တော့မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေကို ၂၀၂၅ ဩဂုတ်ကလည်း စစ်တပ်က ၄လကျော်အကြာအထိ စစ်ကြောင်းထိုး အထိုင်ချခဲ့တဲ့ရွာ တွေဖြစ်တယ်လို့ သိရပါတယ်။

🤬31❤7👎3🔥1🤔1🤣1
ကြည့်မြင်တိုင်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံရ
မေ ၂၆၊ ၂၀၂၇။ဟာနာဆန်/People's Spring
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုခံလိုက်ရပါတယ်။
မေလ ၁၂ ရက် ည ၁၂ နာရီကျော်က ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့ကားအနီးမှာ အိပ်နေတဲ့ လူငယ်အမျိုးသား တစ်ဦးကို အိမ်စီးကားနဲ့လာတဲ့ အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားကြောင်း သိရပါတယ်။
" ကျမတို့ ကြည့်မြင်တိုင်အိမ်မှာနေတုန်း အိမ်ရှေ့ကားရှေ့မှာ အိပ်ပျော်သွားတုန်း လူနှစ်ယောက်အိမ်စီးကားနဲ့ လာဆွဲသွားလို့ပါ"လို့ ကာယကံရှင်နဲ့ နီးစပ်သူက CCTV မှတ်တမ်းနဲ့တကွ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဲဒီ CCTV မှတ်တမ်းမှာ အပြည့်အဝမမြင်ရပေမဲ့ လမ်းအတွင်း အိမ်စီးကား ဝင်လာပြီးနောက် ကားပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို တွေ့မြင်ရပါတယ်။ အဲဒီနောက် ကားပေါ်ကို ပြန်တက်သွားပြီး ကားဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အဆိုပါ Post အောက်မှာလည်း ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေ မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက မှတ်ချက်ဝင်ရောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
"ကြည့်မြင်တိုင်မှာ အဲလို ရဲနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ကောင်တွေရှိတယ်။ကျွန်တော်ညီတုန်းက ၃သိန်းခွဲနဲ့ ရွေးလိုက်ရတယ်။ လူပြန်ပေးဆွဲနေတဲ့ကောင်တွေ ကမ်းနားလမ်း ပန်းခြံတွေရှိကြတယ်။ သတိထားကြပါ"လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ပေါ်တာဆွဲတဲ့ စစ်ပ်လက်အောက်ခံ ရဲဆိုသူတစ်ဦးကို ပြည်သူတွေက ဝိုင်းရိုက်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်းအပတ်စဥ် (၂၅) စတင်ဖို့ ပြင်ဆင်နေပါတယ်။

🤬39❤6😡3🔥1
အသုပ်စုံအဖွဲ့မှာ စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ ထွေအုပ်၊ မီးသတ် တွေပါဝင်တာကြောင့် ယာဉ်ပိုင်ရှင်တွေက အသုပ်စုံ လို့ နှောက်ပြောင်ခေါ်ကြတာပါ။
အသုပ်စုံ ထဲမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေက ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်ကြပေမယ့် သူတို့ရဲ့ ငွေရလမ်းအတွက်တော့ ဝီရိယရှိကြပါတယ်။
စက်သုံးဆီချွေတာရေး ခေါင်းစဉ်တပ်ထားတဲ့ ညွှန်ကြားချက်က ပြည်သူတွေအပေါ် သက်ရောက်မှု ကြီးခဲ့ပါတယ်။
ကျန်းမာရေးအတွက် အပြင်ထွက်ဖို့ အခြားအရေးတကြီးကိစ္စတွေအတွက် အပြင်ထွက်မယ်ဆိုရင် အခုချိန်မှာ ကိုယ့်ကားနံပါတ်ကို အရင်ကြည့်ပြီးမှ စုံလား၊ မလားဆိုတာ ခွဲလုပ်ဆောင်နေကြရလို့ပါ။
ဒါကြောင့် ပြည်သူတွေက လူမှုကွန်ရက်မှာ Group တွေဖွဲ့ပြီးအချင်းချင်းကူညီနေကြပါတယ်။အသုပ်စုံ အဖွဲ့ရှိတဲ့ နေရာတွေကို အချင်းချင်းသတိပေးပြောဆိုပြီး ရှောင်ရှားကြဖို့ပါ။
စုံရက်မှာ မနံပါတ်ကားမောင်းတဲ့သူတွေက အပြင်ထွက်ခါနီးတိုင်း အသုပ်စုံတွေ ရှိ၊ မရှိ Group တွေကနေ အတည်ပြုကြလေ့ရှိပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်း အသုပ်စုံတွေ ရှိတဲ့နေရာတွေကို သတိပေးနိုင်မယ့် Waze ဆိုတဲ့ အက်ပလီကေးရှင်းကို ယာဉ်ပိုင်ရှင်တွေ ကြားထဲမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။
Waze Application မှာ အသုပ်စုံတွေရှိတဲ့နေရာကို Application အသုံးပြုသူတွေက ဝင်ရောက်ရေးသားလို့ရတာကြောင့် ယာဉ်ပိုင်ရှင်တွေအတွက် အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ငွေရလမ်းကိုပဲမြင်တဲ့ အသုပ်စုံအဖွဲ့က လူတွေကလည်း Waze Application မှာ သတိ
ပေးထားတဲ့ နေရာတွေကို ဝင်ဖျက်တာတွေရှိတယ်လို့ ယာဉ်ပိုင်ရှင်တွေက ဆိုပါတယ်။
https://www.ludunwayoo.com/feature-mm/2026/05/25/158086/

LuduNwayOo
နည်းရင်မယူတဲ့ အသုပ်စုံ | LuduNwayOo
အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။
👍31🤣7❤5💩3🤬1
လူသုံးဦးသေဆုံးခဲ့တဲ့နယ်စပ်မိုင်းပေါက်ကွဲမှု
ARSA ၊ARA ၊RSO စတဲ့အဖွဲ့တွေရဲ့လက်ချက်ဖြစ်ကြောင်းULA/AAထုတ်ပြန်
●ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စုတွေရဲ့လုပ်ကြံမှုဟုအသိပေး
မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA ၊ARA ၊RSO စတဲ့အကြမ်းဖက်အဖွဲ့တွေ ထောင်
ထားတဲ့ မိုင်း မေလ ၂၄ ရက်ကပေါက်ကွဲလို့ ဒေသ
ခံသုံးဦးသေဆုံးပြီး ထိုပေါက်ကွဲမှုမှာရက္ခိုင်အမျိုး
သားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) နဲ့လုံးဝမသက်ဆိုင်ကြောင်း ၊နယ်စပ်၌အကြမ်းဖက်မှုအမျိုးမျိုးပြုလုပ်နေတဲ့ အဖွဲ့တွေရဲ့ အန္တရာယ်ကိုကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းULA
ကထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့နတ်ကျောက်ဆရီမြို့နယ်မှာမေလ၂၄ ရက်နေ့၊ နံနက်
၁၁ နာရီ ခန့်က မိုင်းပေါက်ကွဲပြီး တောင်ယာလုပ်
ကိုင်နေတဲ့ ဒေသခံအပြစ်မဲ့ပြည်သူ (၃) ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာဖြစ်ခဲ့တဲ့အထက်ပါဖြစ်စဉ်အတွက် ဝမ်းနည်းရကြောင်းနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေအပြင် ပုံမှန်သွားလာနေကြတဲ့နေရာတွေမှာ ARSA ၊ARA ၊RSO စတဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ မိုင်း
အန္တရာယ်ကိုအထူး သတိပြုသွားလာကြဖို့ သတိ
ပေးထားပါတယ်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA
၊ ARA၊ RSO တို့ဟာအာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်နေရတာကို အခွင့်ကောင်းယူပြီး၊ နယ်စပ်တစ်
လျှောက်နဲ့ လူသူပြတ်လတ်သော တောတောင် တွေ၊ လမ်းတွေမှာ လက်လုပ်မိုင်းများထောင်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်း၊ လူသတ်ခြင်း၊ အကြမ်း
ဖက်တိုက်ခိုက်ရန် ကြံစည်ခြင်း၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်လုယက်သတ်ဖြတ်ခြင်းနဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့ နွားများကို ခိုးယူ လုယက်ခြင်းတို့ကို ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA၊ ARA၊ RSO အပါအဝင် ၎င်းတို့ရဲ့ဝါဒဖြန့်ချီနေသူတွေက ULA/AAတပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတွေလို့ မဟုတ်မမှန် စွပ်စွဲဖော်ပြခဲ့တယ်လို့သိရပါတယ်။ အမှန်မှာအခုမိုင်းပေါက်ကွဲတဲ့နေရာကလည်း ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာဖြစ်လို့ ULA/AAနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သံတမန်ရေးရာ အခြေ
အနေနဲ့ပတ်သက်လို့လည်း ULA ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာအသိပေးဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်
ရေးအစိုးရတို့ နှစ်ဖက်အကြား သံတမန်ဆက်ဆံ ရေးများ တရားဝင်မရှိသေးပေမယ့် နယ်စပ်ဒေသနေ နှစ်ဖက်ပြည်သူတွေရဲ့လူမှုစီးပွား၊ကျန်းမာရေး
၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တိုးတက်မှု၊ နားလည်မှုရလဒ်တွေ ရရှိခါနီးမှာ ယခုဖြစ်ရပ်အပေါ် မနာလို မရှုစိမ့်တဲ့နိုင်ငံတကာရောက် အုပ်စုတွေက ULA/AA အပေါ် နိုင်ငံရေးလုပ်ကြံမှု များဖြင့် တိုက်ခိုက်ထိုးနှက်သောလုပ်ရပ်များကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်နေပြီး နှစ်ဖက်ဆက်ဆံရေးထိခိုက်ပျက်စီး သွားစေရန်ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ဒေသခံအချို့ကလည်းARSA လက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားနေတယ်လို့ပြောပါတယ်။၂၀၂၅ခုနှစ် အောက်တိုဘာလကလည်း မောင်တောမြို့နယ် မြောက်ပိုင်းက နယ်စပ်လုံ
ခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိဒုံးညိုစခန်းဆီ သွားရာလမ်းမှာ အရပ်သားပြည်သူခြောက်ဦးကိုသတ်ဖြတ်ပြီ လူပြတ်တဲ့နေရာတွေမှာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီရုပ်အလောင်းခြောက်လောင်းကို ရှာ
ဖွေတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။
AAဟာ ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတကာရောက်လို့အခွင့်အရေးလှုပ်
ရှားတဲ့အဖွဲ့အချို့က စွပ်စွဲထားပြီး မဟုတ်မဟတ်
စွပ်ဆွဲချက်တွေအဖြစ်AA နဲ့ AA ရဲ့ပြောရေးဆို
ခွင့်ရှိသူ ခိုင်သုခကပြင်းပြင်းထန်ထန်ဝေဖန်တုံ့
ပြန်ထားပါတယ်။
နယ်စပ်ဒေသအရေး၊ ရေလုပ်သားတွေအရေးနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေအရေးတွေကိုAA အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပိုမိုပူး
ပေါင်းဆွေးနွေးလိုပြီး နယ်စပ်ကုန်သွယ်ရေးလည်း အကောင်အထည်ဖော်လိုကြောင်း မေလ ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။
မေလ၂၄ရက်နေ့က မိုင်းပေါက်ကွဲမှုဟာ ULA/AA နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ၊နယ်စပ်ဒေသတစ်

👍29❤3🤣2🥰1
လျှောက် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေကြတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့များ တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ULA/AA ကအသိပေးထားပါတယ်။
❤18👍14👏2🤣2
ကန်ပက်လက်ကိုဦးတည်တဲ့ စစ်ကြောင်း ချင်းတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ဆုတ်ခွာထွက်ပြေး
■စစ်တပ်ကမတူပီမြို့နယ်ထဲကိုဂျက်ဖိုက်တာ၊ Y12 တွေနဲ့တပြိုင်နက်ဗုံးကြဲပြီးကျန်တဲ့မြို့နယ်တွေကိုကင်းထောက်နေ
မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People's Spring
ကန်ပက်လက်မြို့ကိုဦးတည်နေတဲ့စစ်တပ် စစ်
ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးနေရချိန်မှာ မတူပီမြို့နယ်ထဲကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y12တွေနဲ့ တပြိုင်နက်ဗုံးကြဲခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း ကင်းထောက်နေတယ်လို့ တော်
လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
မတူပီမြို့နယ်ထဲကိုမေလ၂၆ရက်မနက် ၁၀နာရီခန့်မှာဂျက်ဖိုက်တာ ၇ စီးနဲ့ ၁၅ ကြိမ်ခန့်၊ Y12 ဗုံးကြဲလေယာဥ်နဲ့ ၈ ကြိမ်ခန့် ဗုံးကြဲသွားတာလို့ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာယောဒေသကနေတဆင့် ချင်းပြည်နယ်ကန်ပက်လက်မြို့ကိုမေ ၁၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေက
တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာထွက်ပြေးနေရပါတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ထဲက တော်
လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲလာတာဖြစ်ပါတယ်။
မတူပီမြို့ကိုဒီနေ့ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မြေပြင်ထိ
ခိုက်ပျက်စီးမှုမှုတွေကိုမသိရသေးဘူးလို့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒါအပြင်စစ်တပ်ကမတူပီ၊ ကျင်ဒွေး၊မင်းတပ်မြို့နယ်စပ်တွေကိုလေကြောင်းကနေကင်းထောက်သွားတယ်လို့သိရပါတယ်။
မကွေးတိုင်းထဲကယောဒေသဟာချင်းပြည်နယ်နဲ့ဆက်စပ်နေပါတယ်။အာဏာသိမ်းစစ်တပ်က
ဆော-ကန်ပက်လက်လမ်းနဲ့ ကျောက်ထု-မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးဖို့ကြိုး
ပမ်းနေပြီး ကန်ပက်လက်မြို့နယ်စပ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ကျောက်ထု -မင်းတပ်လမ်းက စစ် ကြောင်းကလည်းမင်းတပ် မြို့ဘက်ကိုဝင်ဖို့ကြံစည်နေပြီး တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
လက်ရှိမှာစစ်ရေးတင်းမာနေလို့ ပြည်သူလူထုအနေနဲ့ လက်နက်ခဲယမ်းအတွက်ထောက်ပို့မှုတွေပြုလုပ်ကြဖို့ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က တောင်းဆိုထားပြီး လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
"လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း၊ယောဒေ
သ နှင့် ပုံတောင်ပုံညာမှာ စကမ အင်အား ၁၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ(၁၀)ရက်ဝန်းကျင်ရှိနေပါပြီ။CPU ထိန်းချုပ်
နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်
လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်။လက်ရှိမှာ အကြမ်း
ဖက်စကမတွေ ရှေ့ဆက်မတိုးနိုင်အောင်တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်"လို့ ဆလိုင်းယောမန်က အသိ
ပေးထားပါတယ်။
ဒေသခံပြည်သူလူထုအနေနဲ့ လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်များမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်း၊ ကင်းထောက်လေယာဉ်နဲ့လေကြောင်းသတင်းတွေကို အချိန်နှင့်အမျှ နားစွင့်ပြီး လေကြောင်းသတိ
ပြု နေထိုင်ကြဖို့ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က သတိပေးထားပါတယ်။

❤28👍17🤣2🥰1🖕1
မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ခိုက်မှု အချုပ်ဖောက်ပြီး စစ်တပ်ထံအညံ့ခံသူ အပါအဝင် ၁၁ဦး သေဆုံး
မေ-၂၆၊၂၀၂၆၊ဟာနာဆန်၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
မေလ၂၄ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုပြီး ရိက္ခာပို့ပြန်လာတဲ့ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူ အောင်ကြီး အပါအဝင် ၄ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
အောင်ကြီးဆိုသူဟာ ၂၀၂၅ အောက်တိုဘာကပြစ်မှုလုပ်လို့ အချုပ်ချထားစဉ် ထောင်ဖောက်ထွက်ပြေးသွားပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီနဲ့ပျူတွေ အင်အား၂၀လောက်ပါတယ်။ကား၂စီးနဲ့လာတာ။တစ်စီးရလိုက်တယ်။ကျန်တဲ့ကောင်က ထွက်ပြေးသွားတာ”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ပြန်လှည့်ပြေးသွားကာ ဆေးရုံမှာ နောက်ထပ် ၇ဦး ထပ်မံသေဆုံးလို့ စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိတယ်လို့ ဇီးရိုးပျောက်ကြား-မြင်းခြံ(တပ်ရင်း-၇)ကလည်း ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ Super Custom ကားတစ်စီးကို အသေအပျောက်တွေနဲ့တကွ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ 4Wheel တစ်စီးကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့ပြီး အဲဒီကားဟာ မြင်းခြံမြို့ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။
အဲဒီယာဥ်တွေပေါ်ကနေ MA-1 သေနတ် (၁) လက်၊ BA သေနတ် (၁) လက်၊ M-22 သေနတ် (၁) လက်၊ ကာပိုင်သေနတ် (၁) လက်၊ အခြားစစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ထပ်မံ အသိပေးပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က စစ်ကူယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေ ထပ်မံရောက်ရှိလာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၁၊ ၂၊ ၇) တပ်ရင်းမြင်းခြံမြို့နယ် (ပကဖ တိုက်နယ် ၂)၊နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

👏50❤11🖕2👍1🥰1😁1🤣1
(မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေ တိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကိုသက်ကြီး)
👏47🥰7❤2🤣2😁1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၂၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကန်ပက်လက်ဦးတည်တဲ့ စစ်တပ်စစ်ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ဆီဦးတည်နေတဲ့ စစ်တပ် စစ်ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးနေရချိန်မှာ မတူပီမြို့နယ်ထဲကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y12တွေနဲ့ တပြိုင်နက်ဗုံးကြဲခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း ကင်းထောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ မတူပီမြို့နယ်ထဲကို မေလ ၂၆ရက် မနက် ၁၀နာရီခန့်မှာ ဂျက်ဖိုက်တာ ၇ စီးနဲ့ ၁၅ ကြိမ်ခန့်၊ Y12 ဗုံးကြဲလေယာဥ်နဲ့ ၈ ကြိမ်ခန့် ဗုံးကြဲသွားတာလို့ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယောဒေသကတဆင့် ချင်းပြည်နယ်ကန်ပက်လက်မြို့ကို မေလ ၁၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာထွက်ပြေးနေရပါတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲလာတာဖြစ်ပါတယ်။ မတူပီမြို့ကို ဒီနေ့ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မြေပြင်ထိခိုက်ပျက်စီးမှုမှုတွေကိုမသိရသေးဘူးလို့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
◾️မြိုင်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး အထိနာ
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ပြောပါတယ်။ ဒီနေ့ မေလ ၂၆ရက်မှာ လင်းကတောစခန်းအခြေပြုပြီး အနီးနားကကျေးရွာတွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းဟာ လင်းကတော စခန်းကနေ အနောက်ဘက် ပေါင်းတည်ရွာဘက် ထွက်လာတာကြောင့် ပကဖနဲ့ရော၊ တခြား အင်အားစုတွေနဲ့ရော ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင်စစ်တပ်စစ်ကြောင်း ပြန်ဝင်အလာ လင်းကတော လမ်းဆုံမှာလည်း မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းက ထိခိုက်သေဆုံးသူ ၁၅ ဦးရှိနိုင်တယ်လို့ မြိုင်ပကဖက ခန့်မှန်းပါတယ်။ လက်ရှိစစ်ရေးအရ ဒေသတွင်းနဲ့ ထိစပ်မြို့နယ်တွေအတွင်းမှာ စစ်ရေး ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
◾️နယ်စပ်မိုင်းပေါက်ကွဲမှု ARSA၊ ARA ၊ RSO အဖွဲ့တွေရဲ့လက်ချက်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA ၊ ARA၊ RSO စတဲ့အကြမ်းဖက်အဖွဲ့တွေ ထောင်ထားတဲ့ မိုင်း မေလ ၂၄ ရက်က ပေါက်ကွဲလို့ ဒေသခံသုံးဦးသေဆုံးပြီး အဲဒီ ပေါက်ကွဲမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ လုံးဝမသက်ဆိုင်ကြောင်း ငြင်းဆိုထုတ်ပြန်ပါတယ်။ နယ်စပ်မှာ အကြမ်းဖက်မှုအမျိုးမျိုးပြုလုပ်နေတဲ့ အဖွဲ့တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ULAက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ နတ်ကျောက်ဆရီမြို့နယ်မှာ မေလ၂၄ ရက် မနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲပြီး တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံအပြစ်မဲ့ပြည်သူ (၃) ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်အတွက် ဝမ်းနည်းရကြောင်းနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေအပြင် ပုံမှန်သွားလာနေကြတဲ့နေရာတွေမှာ ARSA ၊ARA ၊RSO စတဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ မိုင်းအန္တရာယ်ကိုအထူး သတိပြုသွားလာကြဖို့ သတိပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့ နှစ်ဖက်အကြား သံတမန်ဆက်ဆံရေးများ တရားဝင်မရှိသေးပေမယ့် နယ်စပ်ဒေသနေ နှစ်ဖက်ပြည်သူတွေရဲ့လူမှုစီးပွား၊ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တိုးတက်မှု၊ နားလည်မှုရလဒ်တွေ ရရှိခါနီးမှာ အခုဖြစ်ရပ်အပေါ် မနာလို မရှုစိမ့်တဲ့ နိုင်ငံတကာရောက်အုပ်စုတွေက ULA/AA အပေါ် နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ တိုက်ခိုက်ထိုးနှက်တဲ့လုပ်ရပ်များကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်နေပြီး နှစ်ဖက်ဆက်ဆံရေးထိခိုက်ပျက်စီး သွားစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
◾️မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ခိုက်မှု ၁၁ဦး သေဆုံး

❤21👍4🥰2🤮1
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာမှာ သေဆုံးပြီး နောက်ထပ် ၇ ဦး သေဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၁ဦး ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မေလ၂၄ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုပြီး ရိက္ခာပို့ပြန်လာတဲ့ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အောင်ကြီး အပါအဝင် ၄ဦး ကနဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အောင်ကြီးဆိုသူဟာ ၂၀၂၅ အောက်တိုဘာက ပြစ်မှုလုပ်လို့ တော်လှန်ရေးဘက်က အချုပ်ချထားစဉ် ထောင်ဖောက်ထွက်ပြေးသွားပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။ ဆေးရုံမှာ စစ်တပ်ဘက်က နောက်ထပ် ၇ဦး သေဆုံးလို့ စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိတယ်လို့ ဇီးရိုးပျောက်ကြား-မြင်းခြံ(တပ်ရင်း-၇)ကလည်း ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဆီက လက်နက်ခဲယမ်းတွေနဲ့ အခြားစစ်အသုံးအဆောင်၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ထပ်မံ အသိပေးပါတယ်။
◾️ရန်ကုန်မြို့ပေါ် အိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံရ
ရန်ကုန်မြို့ပေါ် ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက် ည ၁၂ နာရီကျော်မှာ ကြည့်မြင်တိုင်မြို့နယ် နေအိမ်ရှေ့ကားအနီးမှာ အိပ်နေတဲ့ လူငယ်အမျိုးသားတစ်ဦးကို အိမ်စီးကားနဲ့လာတဲ့ အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ အဲဒီလို ပေါ်တာဆွဲဖမ်းဆီးသွားတာကို ကာယကံရှင်နဲ့ နီးစပ်သူက CCTV မှတ်တမ်းနဲ့တကွ လူမှုကွန်ရက်မှာ ရေးသားအသိပေးပါတယ်။ CCTV မှတ်တမ်းမှာ အပြည့်အဝမမြင်ရပေမယ့် လမ်းအတွင်း အိမ်စီးကား ဝင်လာပြီးနောက် ကားပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို တွေ့မြင်ရပါတယ်။ အဲဒီနောက် ကားပေါ်ကို ပြန်တက်သွားပြီး ကားဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာလည်း ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေ မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက မှတ်ချက်ဝင်ရောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
◾️ကျောက်ထုမြို့ဆီဦးတည်တဲ့ စစ်တပ်စစ်ကြောင်း ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာ ရက်ရှည်တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာသာ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ ကျောက်ထုမြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာက တပြင်းကို ကျော်လာပြီး အကြည်ရွာ၊ နသိုး နဲ့ ရွာသာရွာတွေကို ရှေ့ ပြေးစစ်ကြောင်းတွေ ဖြန့်နေတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွာသာရွာကိုလည်း မီးရှို့နေပြီလို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ပေါက်မြို့နယ်ကနေ အင်အား ၁,၅၀၀ နီးပါးနဲ့ ကျောက်ထုမြို့ကို ၀င်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ စစ်ရှောင်ရင်း အမျိုးသားတွေ ဖမ်းဆီးခံရတာ ရှိသလို အမျိုးသမီးတချို့ဖမ်းဆီးခံရကာ အဓမ္မ ပြုကျင့်ခံရတာတွေ ရှိနေတယ်လို့ စစ်တပ်စစ်ကြောင်းတွေကို ကင်းထောက်နေသူတစ်ဦးက ပြောပါတယ်။
◾️မြင်းခြံမှာ စစ်တပ်နဲ့ ပျူတွေရဲ့ ရိက္ခာပို့ယာဥ် တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ၂၄ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်က မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် နန်းမြင့်တောင်အနီးက ပျူစောထီးစခန်းကို ကား၂စီးနဲ့ရိက္ခာပို့ထွက်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်က Double Cab ကား၊ Super Custom ကား ၂စီး၊အင်အား ၁၀ဦးလောက်နဲ့ ရိက္ခာပို့ဖို့ကြိုးစားတာဖြစ်ပြီး Double Cab ကား မိုင်းဆွဲပစ်ခတ်ခံရကာ ကားပေါ်ပါ ပျူနဲ့ စစ်သား ၅ဦး သေဆုံးပြီး သေနတ် ၄လက်ရရှိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️မေလနှောင်းပိုင်း ဒေသ ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ NUG သတိပေး

👍18🤮4❤2🔥1
ဘင်္ဂလားပင်လယ်အော်မှာ မေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မေလ ၂၈ နဲ့ ၂၉ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင် မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့ သတိပေးထားပါတယ်။ မေလကုန်အထိ မြန်မာနိုင်ငံဒေသအများစုမှာ မိုးရွာနိုင်ပြီး ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်နယ်၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ NUG က ဆိုပါတယ်။ နိုင်ငံတကာ မိုးလေဝသလေ့လာရေးကွန်ပြူတာမော်ဒယ်တွေဖြစ်တဲ့ ECMWF နဲ့ CONတို့ရဲ့ ဇွန်လ ၂ ရက်အထိ ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
◾️မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းဖို့ ဧရာ၀တီမြစ်ဘေးမှာ ဆန္ဒထုတ်ဖော်
အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းဖို့ မြစ်ကြီးနားဒေသခံလူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဧရာ၀တီမြစ်ထာ၀ရ စီးဆင်းပါစေလို့ လူငယ်တွေက ဆန္ဒပြုခဲ့ကြပြီး မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဲဒီဆန္ဒထုတ်ဖော်မှုကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးဖို့ မြစ်ဆုံစီမံကိန်း မလိုမရှိဆိုတဲ့ ဒီကမ်ပိန်းလေးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာ၀တီ မြစ်ကမ်းနဘေးမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူထုတွေ ပါဝင်မှုက များစွာ အရေးကြီးတယ်လို့လည်း သူက နှိုးဆော်ပါတယ်။ မကြိုက်တာကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဆက်လက် ဖော်ထုတ်သွားဖို့ လိုအပ်ပြီး ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူတွေလည်း မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်ဆန္ဒပြဖို့ မဆိုင်းမိုင်က ဖိတ်ခေါ်ပါတယ်။
◾️ထိုင်းရောက်မြန်မာတွေက တစ်နှစ်ကို ဘတ်၂၂၁ ဘီလီယံလောက် သုံးစွဲနေ
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ စီးပွားရေး အကြံပေးဌာန Happiosက ထုတ်ပြန်တဲ့ စစ်တမ်းမှာ အဲဒီလို မြန်မာနိုင်ငံသားတွေရဲ့ များပြားတဲ့ ငွေကြေး သုံးစွဲမှုဟာ လျင်လျင်မြန်မြန် တိုးတက်လာနေပေမယ့် အာရုံစိုက်မှုတွေကနေ ကင်းလွတ်နေတတ်တဲ့ ဘတ် ၂၂၁ ဘီလီယံတန် ငွေလုံးငွေရင်း အရင်းအမြစ်တစ်ခု ဖြစ်လာနေတယ်လို့ သုံးသပ်ပြထားပါတယ်။ စစ်တမ်းရဲ့အဆိုအရ ထိုင်းမှာ မြန်မာနိုင်ငံသား ၄ သန်းကျော်လောက်ရှိနေပြီး သူတို့ရဲ့ငွေကြေးရှာဖွေ စုဆောင်းမှု လုပ်ခ စုစုပေါင်း ၆၅ ရာခိုင်နှုန်းကို ထိုင်းမှာပဲ ပြန်လည် အသုံးပြုနေဖွယ်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ထိုင်းရောက် မြန်မာအများစုကို ဝင်ငွေနည်း အခြေခံ လုပ်သားတွေအဖြစ် သတ်မှတ်ထားတဲ့ ပုံရိပ်နဲ့ ဆန့်ကျင်စွာပဲ အားကောင်းတဲ့ ဝယ်ယူနိုင်အားကို ညွှန်ပြနေခြင်း ဖြစ်တယ်လို့ Happiosက ဆိုပါတယ်။

👍26❤2🤮2