"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"
‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။
‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။
‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။
‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။
‣ Ad Personalization ကို ပိတ်ပါ။
TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။
တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး

👍19🥰2🤮1
ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေ
မေ -၂၆၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာ ရက်ရှည်တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့(မေ ၂၆ ရက်)မနက်ပိုင်းမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာသာ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
"တပြင်း(ကျောက်ထုမြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာ)ကို ကျော်လာပြီး။အကြည်ရွာ၊နသိုး နဲ့ ရွာသာရွာတွေကို ရှေ့ ပြေးစစ်ကြောင်းတွေ ဖြန့်နေတယ်။ရွာသာရွာကို တော့မီးရှို့နေပြီ"လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပေါက်မြို့နယ်ကနေ အင်အား ၁၅၀၀ နီးပါးနဲ့ ကျောက်ထုမြို့ကို ၀င်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
"စစ်ရှောင်ရင်း ယောကျာ်းလေးတွေ ဖမ်းခံရတာ။မိန်းက လေးတချို့ဖမ်းဆီးခံရပြီး အဓမ္မ ပြုကျင့်ခံရတာတွေ ရှိနေတယ်"လို့ စစ်တပ်စစ်ကြောင်းတွေကို ကင်းထောက်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်ထုမြို့အခြေစိုက်ထားတဲ့ စစ်တပ်က အင်အားတချို့ဟာ ပေါက်မြို့နယ်ကလာတဲ့
စစ်ကြောင်းနဲ့ ပူးပေါင်းဖို့အတွက် မြို့အ၀င် နေရာတချို့မှာ ကင်းပုန်း၀ပ်တပ်ဖြန့်တာတွေ ရှိတယ်လို့ သိရပါတယ်။
ပေါက်-ကျောက်ထုလမ်းပိုင်းထိန်းချုပ်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)က စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။
လောင်းရှည်မြို့စစ်ကြောင်းဟာ လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့အနီးကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။
ဆောမြို့နယ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၁၅၀၀ အထိ ဝင်ရောက်ထားပြီး ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဆောမြို့နယ်ကို ချိတ်ဆက်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာနဲ့ စစ်ရေးအရ ဖိအားပေးမယ့်အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတယ်။
ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်းချုပ်ထားပါတယ်။

🤬31❤3🔥2👏2👎1
ထူးအိမ်သင်ရဲ့"အရေးကြီးပြီ" သီချင်းကို စစ်တပ်က ခိုးယူသုံးစွဲနေကြောင်းအဆိုတော်မွန်းအောင် ပြော
မေ-၂၆၊၂၀၂၆။ဆဏ်း/People's Spring
အဆိုတော်ထူးအိမ်သင် ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်း
ရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။
"စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ ကိုယ်တိုင်လူထုကြိုက်မယ့်အနုပညာကိုအသစ်မဖန်တီးတတ်တဲ့အခါ စစ်တပ်ဟာ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်း အတု ဆင်ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖြားဖို့ ကြိုးစားတာပါဘဲ။ကိုထူးအိမ်သင်ရဲ့လက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက် စာသားတွေ ညှပ်၊ ပြောင်းလဲပြီး အမြတ်ထုတ်လိုက်တာဘဲ။" လို့ မွန်းအောင်က ဖေစ်ဘွခ်မှာစာရေးသားပြောကြားထားတာပါ။
စစ်တပ်က အရေးကြီးပြီ သီချင်းထဲက စာသားတချို့ကို အပြောင်းအလဲပြုလုပ်ပြီး စစ်ဝါဒဖြန့်သီချင်း အနေနဲ့ ရုပ်သံတွေမှာအခုရက်ပိုင်း ထုတ်လွှင့်နေတာပါ။
ဒါ့အပြင် စစ်တပ်ဘက်က ဒီသီချင်းကို သူတို့ခိုးယူတာမဟုတ်ဘူးငြင်းဆိုထားပြီး ၁၉၆၀ လောက်ကတည်းက ရှိခဲ့တဲ့ သီချင်းဖြစ်တယ်လို့ပါ လိမ်
လည်ဝါဒဖြန့်ချိနေတာပါ။
"ကိုထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာဘယ်လောက် ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကိုကာကွယ်ပါ့မယ်။သေသွားရင်လည်း ကျနော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေး စမ်းသပ်နိုင်ပါလိမ့်မယ်။" လို့ သီချင်းရေးခဲ့ချိန်က အတူရှိတဲ့ အကြောင်းကို မွန်းအောင်က အတည်ပြုထားပါတယ်။
စစ်တပ်ဘက်က လိမ်လည်ထားသလို ၁၉၆၀ လောက်က တကယ် ထုတ်ခဲ့တာဆိုရင်မူရင်းသီချင်း ဓာတ်ပြားဟောင်း လေး နားထောင်ချင်ပါတယ်လို့ မွန်းအောင်ကတုံ့ပြန်ထားပါတယ်။
"သမိုင်းကိုဘယ်လောက်ပဲအတုအယောင် ဓာတ်
ပြားတွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ ကျနော့်လိုသက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။အတုနဲ့အစစ်
ဟာ နံ့သာဆီနဲ့ အီးပါဘဲဗျာ။ဖန်တီးထပ်ရင် (ဖန်တီးတက်ရင်) သေသေချာချာ အသစ်တခု ဖန်တီးကြစမ်းပါ။" လို့ မွန်းအောင်က အကြံပြုထားပါတယ်။
အရေးကြီးပြီ သီချင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ နဲ့ စစ်တပ်က ဝါဒဖြန့်သီချင်းအနေနဲ့ လုပ်ကြံဖန်တီးခဲ့ဖူးပါတယ် ။အဲဒီ့အချိန်ကလည်း ဓာတ်ပြားဟောင်းတစ်ခုကို အတုဖန်တီးကာလိမ်လည်ခဲ့တာကြောင့် ဖြေရှင်းခဲ့ဖူးတယ်လို့ မွန်းအောင်က ဆိုပါတယ်။
"တိုင်းပြည်အုပ်ချူပ် မင်း လုပ်နိုင်ဖို့ လူပေါင်းစွာကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူတွေကို လေယာဉ်နဲ့ဗုန်းကျဲ၊ အမြှောက်တွေနဲ့ထု၊ လည်ပင်းတွေလှီး၊ မိန်းမငယ်လေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို လက်သံပြောင်ပြောင်လုပ်နေနိုင်တာဘဲ။ သီချင်းလေးတပုဒ်ကို လှည့်ပတ် လိမ်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဖန်တီးကြပါလား။"လို့ မွန်းအောင်က ပြောထားပါတယ်။

🤬32❤9👍9🤣2💯1🖕1
နာမည်ကျော် ဂီတအနုပညာရှင် ထူးအိမ်သင်း နဲ့ အဆိုတော်မွန်းအောင်
❤55👍7🥰1🤮1
မြစ်ဆုံစီမံကိန်အပြီးဖျက်သိမ်းရန် မြစ်ကြီးနားဒေသခံလူငယ်တွေ ဧရာ၀တီမြစ်ဘေးမှာ ဆန္ဒထုတ်ဖော်
မေ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းရန် မြစ်ကြီးနားဒေသခံ လူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှု မှတ်တမ်းမှာ “ဧရာ၀တီမြစ်ထာ၀ရ စီးဆင်းပါစေ” ဟု လူငယ်တွေက ဆန္ဒပြုခဲ့ကြပြီး စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“ဒီမြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးဖို့ မြစ်ဆုံစီမံကိန်း မလိုမရှိဆိုတဲ့ ဒီကမ်ပိန်းလေးကို ဧရာ၀တီ မြစ်ကမ်းဘေးနားမှာ လုပ်တာပါရှင့်။ ဒါ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာ၀တီ မြစ်ကမ်းနဘေးမှာ ဖြစ်ပါတယ်။” လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူထုတွေ ပါဝင်မှုများစွာ အရေးကြီးတယ်လို့လည်း သူက နှိုးဆော်ပါတယ်။
“ လူငယ်တွေ ကျောင်းသားတွေ မိဘတွေ ပါဝင်မှုတွေက အရမ်းအရေးကြီးနေတယ်။ ကျမတို့ မကြိုက်တာကို မကြိုက်ဘူးဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ဆက်ပြီးတော့ ဖော်ထုတ်သွားဖို့ လိုအပ်ပါတယ်။ ကျမတို့ကို ကူညီမယ့်သူတွေ ရှိရင်တောင်မှ ကျမတို့ မပြောဘူး မထုတ်ဖော်ဘူးဆိုရင် ကျမတို့က ဒါကို လက်ခံနေပါလားဆိုတဲ့ အမြင်တွေ တလွဲယူသွားနိုင်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူ ပြည်သားတွေ ဧရာ၀တီမြစ်ကြောင်းတလျှောက်က ပြည်သူတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီလို မြစ်ဆုံရေကာတာ စီမံကိန်း အလိုမရှိကြောင်း လုပ်ငန်းတွေ ထုတ်ဖော်ပြောဆိုမှုတွေကို ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့ ဖော်ပြရအောင်” လို့ မဆိုင်းမိုင်က စီမံကိန်း ဖျက်သိမ်းရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ လူထုတွေ့ဆုံမှုတွေ လုပ်နေကြောင်း ပြောပါတယ်။ သဘောထား ဆန္ဒခံယူတဲ့ ပုံစံတွေ လုပ်ဆောင်နေပေမယ့် လူထုတွေကို ဖိတ်ခေါ်ရာမှာ အစည်းအဝေးခေါ်တဲ့ ခေါင်းစဉ် တမျိုးမျိုးနဲ့ ဖိတ်ခေါ်တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
“ခေါ်တဲ့အချိန်မှာ ခေါင်းစဉ်တမျိုးနဲ့ ခေါ်တယ်။ တကယ်တန်းကျတော့ အစည်းအဝေး လုပ်တဲ့ အချိန်ကျတော့ မြစ်ဆုံရေကာတာ စီမံကိန်းကြီး ပြန်လည်စတင်နိုင်ဖို့အတွက် ဒါစတင်လို့ရှိရင် ဘယ်လိုမျိုး ပြည်နယ်က ဖွံ့ဖြိုးတိုးတက်လာပါမယ် ပြည်သူတွေက ဘယ်လိုအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပါမယ်ဆိုတဲ့ ကောင်းတဲ့အရာတွေပဲ သူတို့ ပြောတယ်။ စီမံကိန်းကို ဘယ်လိုပြင်ဆင်ပြီးတော့ ဘယ်လိုဒီဇိုင်းတွေနဲ့ ပြန်လုပ်မှာ ဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးပဲ ပြောတယ်” လို့ မဆိုင်းမိုင်က ပြောပါတယ်။
စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူတွေအပေါ် အလွဲသုံးစားလုပ်ဆောင်ခြင်းဖြစ်ပြီး လိုရာဆွဲ ခေါင်းစဉ်တပ် ဟောပြောနေတာဖြစ်လို့ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
“လူထုရဲ့ သဘောဆန္ဒကို အမြတ်ထုတ်တဲ့ဟာ ဒါတွေလုံး၀ ရပ်တန့်ပါ။ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ပေးပါလို့ ကျမတို့ အနေနဲ့ ထပ်မံ တိုက်တွန်းလိုပါတယ်။” လို့ မဆိုင်းမိုင်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်စတင်ရေး လူထုအစည်းအဝေး ခေါ်ယူမှုဟာ အကြိမ် ၂၀ခန့်ရှိပြီလို့ ဆိုပါတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ပူတာအို မြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်ခဲ့တယ်လို့သိရကြောင်း မဆိုင်းမိုင်က ပြောပါတယ်။
“ကျမတို့ ပြန်ကြားရတာက ကျောင်းကိစ္စ ကလေးပညာရေးကိစ္စနဲ့ သူတို့ ဒေသခံတွေကို ဆွေးနွေးပွဲတွေ ဖိတ်ခေါ်တယ်ကြားတယ်။ တကယ်တန်းကျ လုပ်သွားတာက မြစ်ဆုံပြန်လည်စဖို့ သူတို့ ဟောပြောတဲ့ဟာဖြစ်နေတယ်။” လို့ မဆိုင်းမိုင်က စစ်အုပ်စုရဲ့ မြစ်ဆုံပြန်စဖို့ လူထုတွေ့ဆုံပွဲ လုပ်ဆောင်နေမှု အခြေအနေကို ပြောပြပါတယ်။
ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကလည်း “ဒီမြစ်ဆုံစီမံကိန်းက ပထဝီနိုင်ငံရေးအရရော စီးပွားရေး လူမှုရေးအရရော အားလုံးက ခြိမ်းခြောက်နေတဲ့ စီမံကိန်းတခုဖြစ်ပါတယ်။ ပြီးတော့ ဒီမြစ်ဆုံက ပြည်သူလူထုတွေရဲ့ သဘာ၀အမွေအနှစ်တခုဖြစ်ပါတယ်။နောက်ထပ်တခုရှိတာက ဒီမြစ်ဆုံစီမံကိန်းက သဘာ၀ ဘေးအန္တရာယ်ကို အလွန်စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအားလုံး ဆက်လက်ပြီးမှ ကန့်ကွက်ဆန္ဒပြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ဒီဇင်ဘာက စတင်ပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာသလို စီမံကိန်း ကန့်ကွက်သူတွေကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်ထားတဲ့ အမိန့်တရပ်လည်း ဒီဇင်ဘာလအတွင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီလို ခြိမ်းခြောက်ထားပေမယ့် ကချင်ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိသလို ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း အသိပေးထားပါတယ်။

👍41❤8🥰3👏1🤮1🖕1
(မြစ်ဆုံစီမံကိန်း အလိုမရှိ၊ မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - Kachin Human Rights Watch - KHRW)
👍40🥰13❤3👏3😁1🤮1🖕1
မေလနှောင်းပိုင်း ဒေသ ၁၀ ခုမှာမိုးကြီးနိုင်ပြီးရေဘေးကြုံနိုင်ဟုNUGသတိပေး
မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People's Spring
ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအ
တွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )က
ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မေလ(၂၈)နဲ့ (၂၉) ရက်နေ့မှာလေဖိအားနည်းရပ်
ဝန်းဖြစ်ပေါ်နိုင်တာဖြစ်ပြီးမြန်မာ့ကမ်းရိုးတန်းဒေ
သတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်
တောင် မုတ်သုံလေသည်အားအလွန် ကောင်းနေတယ်လို့ သတိပေးထားပါတယ်။
မေလကုန်အထိမြန်မာနိုင်ငံဒေသအများစုမှာမိုးရွာနိုင်ပြီးပဲခူးတိုင်းအရှေ့ပိုင်း၊တနင်္သာရီတိုင်း၊ ရခိုင်
ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ ချင်းပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ကရင်
နီပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ NUG ကသတိ
ပေးထားပါတယ်။
နိုင်ငံတကာ မိုးလေဝသလေ့လာရေးကွန်ပြူတာမော်ဒယ်တွေဖြစ်တဲ့ ECMWF နဲ့ CONက ဇွန်လ ၂ ရက်အထိ ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့တနင်္သာရီတိုင်း၊ ကရင် နဲ့ မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မေလလယ်စပြီး မိုးကြီးမှုတွေကြောင့် စစ်ကိုင်း၊မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့လို စစ်ဘေးရှောင်တွေအများအပြားရှိနေတဲ့ဒေသတွေမှာ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရပါတယ်။
"မိုးကမပြတ်တဲ့အတွက်အခက်အခဲတွေကပိုဆိုးလာတယ်။ထောက်ပံ့ဖို့ကိုမမီနိုင်ဘူးဖြစ်နေတယ်"
လို့ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာနေသူတစ်ဦးကပြောပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့်နေရာကွက်၍မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီး
လက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ MOSLHAကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့မေလ ၁၀ရက်ကနေ မေလလယ်အထိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့ပြီးဒေသအများစုမှာ မိုးကောင်းခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယနဲ့တောင်ကြီးမြို့မှာ မိုးကြီးပြီး နေရာအချို့ မြေပြိုကျခဲ့ပါတယ်။
စစ်တပ်ကအခုလပိုင်းအတွင်း တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကိုအင်အားအများအပြားနဲ့စစ်ကြောင်းတွေထိုးနေတာကြောင့် စစ်တပ်ရန်
ကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူနိုင်ငံတစ်ဝန်းတိုးလာနေပါတယ်။

👍32❤3🔥2🥰2🙏1
မြင်းခြံမှာ စစ်တပ်နဲ့ပျူစောထီးတွေရိက္ခာပို့ကား တိုက်ခိုက်ခံရပြီးနောက် ကျေးရွာတွေစစ်ကြောင်းထိုး
မေ၂၆၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ၂၄ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်က မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် နန်းမြင့်တောင်အနီးက ပျူစောထီးစခန်းကို ကား၂စီးနဲ့ရိက္ခာပို့ထွက်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်က Double Cab ကား၊ Super Custom ကား ၂စီး၊အင်အား ၁၀ဦးလောက်နဲ့ ရိက္ခာပို့ဖို့ကြိုးစားတာဖြစ်ပြီး Double Cab ကား မိုင်းဆွဲပစ်ခတ်ခံရကာ ကားပေါ်ပါ ပျူနဲ့စစ်သား ၅ဦး သေဆုံးပြီး သေနတ် ၄လက်ရရှိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အလောင်း ၅လောင်း၊အလက် ၄လက်ရတယ်။ကားကတော့ သုံးမရတော့ဘူး။နောက်တစီးကတော့ ပြန်ပြေးသွားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းတိုက်ခံရပြီးနောက် မေလ၂၅ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ်ရဲ့ ခလရ(၁၅)တပ်ရင်း နဲ့ သီတာယုမွန်စစ်ကြောင်း ၂ကြောင်းခွဲကာ လက်နက်ကြီးတွေပစ်ခတ် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အဲဒီထဲက စစ်တပ်စစ်ကြောင်းဟာ အင်အား ၇၀လောက်ခွဲပြီး ဗလုံကျေးရွာဘက် စစ်ကြောင်းထွက်ကာ ဒီကနေ့ မနက်ပိုင်းမှာ ကန်ဆင့်ကျေးရွာဘက် ရောက်နေတယ်လို့ သိရပါတယ်။
နောက်ထပ်စစ်ကြောင်းဟာ ဖောင်းကားကျေးရွာဘက်ကို စစ်ကြောင်းထွက်ပြီး ကျေးရွာတချို့မှာလည်း နောက်ချန်အင်အားတွေ ထားခဲ့တယ်လို့ သိရပါတယ်။
“ အင်အားများတယ်။စကစ စစ်ကြောင်းတင်၂၀၀လောက်ပါတယ်။အခုက မြင်းခြံအရှေ့ခြမ်းရွာ တွေကို စစ်ကြောင်းဦးတည်ထိုးနေတာ။နယ်မြေရှင်းတဲ့ပုံစံနဲ့ထိုးတာပေါ့။ဒီကနေမြင်းခြံ-နွားထိုးကတဆင့် ဟိုနေ့ကအတိုက်ခံရတဲ့ မြင်းခြံ-တောင်သာဘက်ကို ဝင်မဝင် တော့မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေကို ၂၀၂၅ ဩဂုတ်ကလည်း စစ်တပ်က ၄လကျော်အကြာအထိ စစ်ကြောင်းထိုး အထိုင်ချခဲ့တဲ့ရွာ တွေဖြစ်တယ်လို့ သိရပါတယ်။

🤬31❤7👎3🔥1🤔1🤣1
ကြည့်မြင်တိုင်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံရ
မေ ၂၆၊ ၂၀၂၇။ဟာနာဆန်/People's Spring
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုခံလိုက်ရပါတယ်။
မေလ ၁၂ ရက် ည ၁၂ နာရီကျော်က ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့ကားအနီးမှာ အိပ်နေတဲ့ လူငယ်အမျိုးသား တစ်ဦးကို အိမ်စီးကားနဲ့လာတဲ့ အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားကြောင်း သိရပါတယ်။
" ကျမတို့ ကြည့်မြင်တိုင်အိမ်မှာနေတုန်း အိမ်ရှေ့ကားရှေ့မှာ အိပ်ပျော်သွားတုန်း လူနှစ်ယောက်အိမ်စီးကားနဲ့ လာဆွဲသွားလို့ပါ"လို့ ကာယကံရှင်နဲ့ နီးစပ်သူက CCTV မှတ်တမ်းနဲ့တကွ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဲဒီ CCTV မှတ်တမ်းမှာ အပြည့်အဝမမြင်ရပေမဲ့ လမ်းအတွင်း အိမ်စီးကား ဝင်လာပြီးနောက် ကားပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို တွေ့မြင်ရပါတယ်။ အဲဒီနောက် ကားပေါ်ကို ပြန်တက်သွားပြီး ကားဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အဆိုပါ Post အောက်မှာလည်း ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေ မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက မှတ်ချက်ဝင်ရောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
"ကြည့်မြင်တိုင်မှာ အဲလို ရဲနဲ့ပေါင်းပြီးလုပ်စားနေတဲ့ ကောင်တွေရှိတယ်။ကျွန်တော်ညီတုန်းက ၃သိန်းခွဲနဲ့ ရွေးလိုက်ရတယ်။ လူပြန်ပေးဆွဲနေတဲ့ကောင်တွေ ကမ်းနားလမ်း ပန်းခြံတွေရှိကြတယ်။ သတိထားကြပါ"လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ပေါ်တာဆွဲတဲ့ စစ်ပ်လက်အောက်ခံ ရဲဆိုသူတစ်ဦးကို ပြည်သူတွေက ဝိုင်းရိုက်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်းအပတ်စဥ် (၂၅) စတင်ဖို့ ပြင်ဆင်နေပါတယ်။

🤬39❤6😡3🔥1