People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - Chin Refugee Committee
👍4120🥰4😁2🤮1
👍4123😁4🥰2👏1
■အ​တွေးအမြင်

ကမ္ဘာ့ခရီးသွားမြေပုံပေါ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတဲ့ မြန်မာ

-မင်းနန်သူ ရေးသားသည်။

လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်
ကာလက ကျော်လွန်သွားခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ အချို့သော စီးပွားရေးလုပ်ငန်းတွေဟာ သဘာဝသယံဇာတပေါ် မူတည်ပြီး ရပ်တည်ကြသလို၊ အချို့ကတော့ငွေကြေးနဲ့အာဏာအရှိန်
အဝါပေါ်မှာ အခြေခံပြီး ကြီးထွားကြပါတယ်။ ဒါပေမဲ့ “ခရီးသွားလုပ်ငန်း” (Tourism Industry) ဆိုတာကတော့ အခြားလုပ်ငန်းတွေနဲ့ မတူဘဲ နိုင်ငံတစ်နိုင်ငံရဲ့ “ယုံကြည်မှု”၊ “ဂုဏ်သိက္ခာ” နဲ့ “ပုံရိပ်” ပေါ်မှာပါအခြေခံပြီး ရပ်တည်ရတဲ့ သိမ်မွေ့လှတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ယနေ့ခေတ် ကမ္ဘာ့ခရီးသွားလောကမှာ ခရီးသွာကုမ္ပဏီကြီးတွေကရော၊ ခရီးသွားတွေကပါ သူတို့ခြေချမယ့် နိုင်ငံဟာ လုံခြုံမှုရှိရဲ့လား၊ တရားဥပ
ဒေစိုးမိုးရဲ့လား၊ လူ့အခွင့်အရေးကို လေးစားသမှုရှိရဲ့လားနဲ့ မိမိတို့သုံးစွဲလိုက်တဲ့ ငွေကြေးက ဒေသခံပြည်သူတွေဆီ တိုက်ရိုက် စီးဆင်းရဲ့လားဆိုတာတွေကိုပါ သေချာစိစစ် လာကြပြီဖြစ်ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းမှာလည်း ဖြတ်သန်းခဲ့ရတဲ့ ရွှေရောင်နေ့ရက်တွေရှိခဲ့ပြီးနိုင်ငံတကာကအလည်
အပါတ် လာကြတဲ့ သန်းနဲ့ချီတဲ့ဧည့်သည်တွေနဲ့အတူအမြင့်ဆုံးမှတ်တိုင်တွေ ရှိခဲ့ပါတယ်။တစ်ဟုန်
ထိုးတိုးတက်ခဲ့တဲ့ နှစ်တွေမှာဆို ကမ္ဘာ့ခရီးသွားမြေပုံပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး နေရာတစ်ခုအဖြစ်တောင် ရည်ညွှန်းခံခဲ့ရဖူးပါတယ်။

အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ တံခါးပွင့်လာဘို့အရိပ်အရောင်တွေ ရှိခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရလက်ထက် ကာလတလျှောက်ဟာ မြန်မာ့ခရီးသွားသမိုင်းမှာ အစည်
ကားဆုံး ကာလတွေပါဘဲ။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ဒါဏ်ကြောင့် ကမ္ဘာကို အချိန်အတိုင်းအတာတခုသာချပြနိုင်ခဲ့တဲ့ မြန်မာ့"UNESCO World Heritage Sites တွေ၊ ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ အင်ပါယာအဆက်ဆက်ရဲ့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ၊ သဘာဝအလှအပတွေနဲ့ တိုင်းရင်းသားမျိုးစုံရဲ့ ဓလေ့တွေ" စတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပြယုဂ်ပမာဏဟာ တကယ်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာဟာ အင်ဒိုနီးရှားပြီးရင် နံပါတ် "နှစ်" နေရာမှာ ရှိ‌ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် Covid-19 ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်တန့်ခဲ့ရပေမဲ့ Covid ကာ
လ အလွန်မှာတော့ အိမ်နီးချင်းနိုင်ငံတွေလို အချိန်တိုအတွင်း ပြန်လည်နာလန်မထူလာနိုင်ဘဲ “ဘုံးဘုံးလဲ” သွားစေခဲ့တဲ့ အဓိကအချိုးအကွေ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ နိုင်ငံ
ရေးမတည်ငြိမ်မှုများကြောင့်ပါဘဲ။

အိမ်နီးချင်းနိုင်ငံတွေက ထိရောက်တဲ့ မဟာဗျူဟာတွေနဲ့ ခရီးသွားကဏ္ဍကို ပြန်လည်ဆွဲတင်နိုင်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာသိမ်းခံရမှုကြောင့်တိုးတက်မှုလမ်းကြောင်းပေါ်ကနေ ချောက်
ထဲကို တွန်းချခြင်း ခံလိုက်ရတာပါ။

မြန်မာ့ခရီးသွားလုပ်ငန်း(Tourism Industry) ဆိုတာ နိုင်ငံခြားသားဧည့်သည်တွေကိုပဲ ဝန်ဆောင်တဲ့ လုပ်ငန်း တစ်ခုမဟုတ်ပါဘူး။ ဒီစီးပွားရေး စက်ဝန်းကြီးတစ်ခုလုံးမှာ ပါဝင်ပါတ်သက်နေတဲ့ ထောင်သောင်းမကသော မိသားစု‌ပေါင်းများစွာရဲ့အသက်မွေးဝမ်းကြောင်းတွေကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော ထောက်ပံ့ပေးထားတဲ့ အသက်
သွေးကြောတစ်ခုလည်းဖြစ်ပါတယ်။

ပုဂံကနေ အင်းလေး၊ ချင်းတောင်တန်းနဲ့ ပူတာအိုက‌နေ ကော့သောင်း၊ ကျိုင်းတုံကနေ ငပလီနဲ့ မြောက်ဦး စတဲ့ ခရီးသွားဧည့်သည်တွေ လည်ပတ်ရာ ဒေသတွေအားလုံးက စားသောက်ဆိုင်တွေ၊ မော်တော်ယာဉ်လုပ်ငန်းတွေ၊ လက်မှုလုပ်ငန်းတွေ၊ အပျော်စီးသဘ်ောကြီးတွေနဲ့ စက်လှေကလေးတွေ၊ ဒီဒေသတွေကိုမှီပြီး စိုက်ပျိုးကြတဲ့ ပါတ်ဝန်းကျင်‌ကျေးရွာတွေက လယ်သမားယာသမားတွေ၊ tour guide တွေနဲ့ ကျေးလက်အတွေ့
အကြုံရဘို့ ဒေသစာလေးတွေကို မိသားစုထမင်းဝိုင်းမှာအတူဧည့်ခံရင်း ဝင်ငွေရ‌နေကြတဲ့ ကျေးရွာတွေက တိုင်းရင်းသား မိသားစု‌လေးတွေအထိ ဒီလုပ်ငန်းကို အမှီပြုပြီး သူတို့ရဲ့ ဘဝတွေကို တည်ဆောက်ထားကြတာပါ။

ဒါကြောင့် ခရီးသွားလုပ်ငန်းတစ်ခု ပြိုလဲသွားတဲ့အခါမှာတော့ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေသာမက ဒီလုပ်ငန်းတွေအားလုံးက မိသားစုတွေရဲ့စားဝတ်နေရေးနဲ့ အနာဂါတ်တွေကိုပါ တစ်ပြိုင်နက်တည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားတာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် အနောက်နိုင်ငံက ခရီးသွားကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာခရီးသွားဝန်ဆောင်မှုကွန်
ရက်တွေကလည်း အရှေ့တောင်အာရှ ခရီးသွားဈေးကွက်ကို ရွေးချယ်တော့မယ်ဆိုရင် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေ (Ethical Questions)ကို မဖြစ်မနေ မေးမြန်း စိစစ်လေ့ရှိကြပါတယ်။

အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက က ခရီး
သွားကုမ္ပဏီကြီးတွေရဲ့ လက်တွဲဖော် ရွေးချယ်မှုစနစ် (Supplier Onboarding Process)ဟာ စီးပွားရေး အမြတ်အစွန်းထက် လူသားဆန်တဲ့ စည်းကမ်းချက်တွေ၊ လူ့ဂုဏ်သိက္ခာကို အလေး
ထားတဲ့ စံနှုန်းတွေနဲ့ သေချာ စည်းကြပ်ထိန်း
ကျောင်းထားတာ ဖြစ်ပါတယ်။
👍244🔥1🤮1
သူတို့က ပြည်တွင်းကဝန်ဆောင်မှုပေးတဲ့ Local Travel Agency(DMC)တွေ၊ဟိုတယ်တွေနဲ့ သယ်
ယူပို့ဆောင်ရေးကုမ္ပဏီတွေကို Questionnaire ခေါ် မေးခွန်းရှည်ကြီးတွေ ဖြည့်ခိုင်းပြီး စည်းမျဉ်းတွေနဲ့ ကိုက်ညီမှသာ ခရီးစဉ်တွေအတွက် စတင်စဉ်းစားကြတာပါ။

ဥပမာ -
“နိုင်ငံရေး တည်ငြိမ်မှု ရှိရဲ့လား၊ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတဲ့နေရာ ရှိသလား?”

“သင့်ကုမ္ပဏီဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်မှု ရှိပါသလား?”

“ဟိုတယ်ဆောက်လုပ်ရာမှာ ဒေသခံတွေကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းတာမျိုး ရှိခဲ့သလား?”

“အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းတွေကို လိုက်နာပြီး ဝန်ထမ်းတွေကို မျှတတဲ့လုပ်ခလစာပေးရဲ့လား?”

“ခရီးသွားလုပ်ငန်းကရတဲ့ ဝင်ငွေကို ဒေသခံပြည်သူတွေ တကယ် ခံစားခွင့်ရရဲ့လား?”

“သင့်ကုမ္ပဏီမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒ ရှိပါသလား?”

စတဲ့မေးခွန်းပေါင်းများစွာ အသေးစိတ် ပါဝင်ပါတယ်။ တချို့ဥရောပကုမ္ပဏီတွေဆိုရင် ESG Policy လို့ခေါ်တဲ့ ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စံနှုန်း (Environmental, Social, Governance) တွေကို မဖြစ်မနေ လိုက်နာခိုင်းပြီး ရေရှည်တည်တံ့မှု အစီရင်ခံစာ (Sustainability Report) တွေပါ တောင်းခံကြတဲ့အထိပါပဲ။

ဒါကြောင့်မို့လို့ဒီနေ့ခေတ်မှာ “ယုံကြည်စိတ်ချရတဲ့ ခရီးသွားနိုင်ငံ (Trustworthy Destination)” ဖြစ်ဖို့က မရှိမဖြစ် လိုအပ်နေပါပြီ။ ဒီ‌လိုအချိန် မြန်မာနိုင်ငံမှာတော့ ပြည်သူ့အစိုးရကို ဖြုတ်ချ၊ ပြည်သူကိုဖမ်းဆီး နှိပ်စက် သတ်ဖြတ်၊ မြို့ရွာတွေကို မီးရှို့ပြီး နိုင်ငံအနှံ့ စစ်မီးမွှေးနေတဲ့ အာဏာ
ရှင်စနစ်အောက်ကို ရောက်ရှိနေတာမို့ နိုင်ငံတကာသံရုံးတွေက သူတို့ Website တွေမှာ “Do Not Travel to Myanmar" (မြန်မာကို ခရီးမသွားကြရန်) ဆိုတဲ့ သတိပေးချက်ပေါင်းများစွာ ထုတ်ပြန်ထားကြပြီး မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ “သိက္ခာ” ဟာလည်း နိုင်ငံတကာမျက်နှာစာမှာ နလန်ထူနိုင်စရာ အခွင့်အ‌ရေးမရှိပါဘူး။

အာဏာနဲ့ ငွေကြေးကို အတင်းအဓမ္မ ဖန်တီးယူလို့ ရနိုင်ပေမယ့်၊ ကမ္ဘာ့ခရီးသွားဧည့်သည်တွေဆီက ရရှိမယ့် “ခရီးသွားလုပ်ငန်းဝင်ငွေ” (Tourism Income)ဆိုတာတော့ ကမ္ဘာက လက်ခံယုံကြည်ပြီး လေးစားတဲ့ နိုင်ငံတွေကသာ ရရှိနိုင်တဲ့ ဂုဏ်ယူဖွယ်ဝင်ငွေဖြစ်ပါတယ်။ ဒါကြောင့်အမှန်တရားနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းဈေးကွက်မှာ စစ်အာဏာရှင်အောက်က မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ အနာဂတ်ဟာလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရုံသာ ရှိနေပါလိမ့်မယ်။ ။
💯23👍3🔥2😢21🤮1
💯18🤮2👍1🔥1😢1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"

‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။

‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။

‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။

‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။ ​

‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။

‣ Ad Personalization ကို ပိတ်ပါ။
​TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။

​တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး
👍19🥰2🤮1
ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေ

မေ -၂၆၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာ ရက်ရှည်တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့(မေ ၂၆ ရက်)မနက်ပိုင်းမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာသာ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ‌ဆိုပါတယ်။

"တပြင်း(ကျောက်ထုမြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာ)ကို ကျော်လာပြီး။အကြည်ရွာ၊နသိုး နဲ့ ရွာသာရွာတွေကို ရှေ့ ပြေးစစ်ကြောင်းတွေ ဖြန့်နေတယ်။ရွာသာရွာကို တော့မီးရှို့နေပြီ"လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပေါက်မြို့နယ်ကနေ အင်အား ၁၅၀၀ နီးပါးနဲ့ ကျောက်ထုမြို့ကို ၀င်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

"စစ်ရှောင်ရင်း ယောကျာ်းလေးတွေ ဖမ်းခံရတာ။မိန်းက လေးတချို့ဖမ်းဆီးခံရပြီး အဓမ္မ ပြုကျင့်ခံရတာတွေ ရှိနေတယ်"လို့ စစ်တပ်စစ်ကြောင်း‌တွေကို ကင်းထောက်နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောက်ထုမြို့အခြေစိုက်ထားတဲ့ စစ်တပ်က အင်အားတချို့ဟာ ပေါက်မြို့နယ်ကလာတဲ့
စစ်ကြောင်းနဲ့ ပူးပေါင်းဖို့အတွက် မြို့အ၀င် နေရာတချို့မှာ ကင်းပုန်း၀ပ်တပ်ဖြန့်တာတွေ ရှိတယ်လို့ သိရပါတယ်။

ပေါက်-ကျောက်ထုလမ်းပိုင်းထိန်းချုပ်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)က စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။

လောင်းရှည်မြို့စစ်ကြောင်းဟာ လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့အနီးကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။

ဆောမြို့နယ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၁၅၀၀ အထိ ဝင်ရောက်ထားပြီး ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဆောမြို့နယ်ကို ချိတ်ဆက်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာနဲ့ စစ်ရေးအရ ဖိအားပေးမယ့်အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတယ်။

ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်းချုပ်ထားပါတယ်။
🤬313🔥2👏2👎1
(စစ်တပ်စစ်ကြောင်းထိုးလာလို့ ကျောက်ထုမြို့နယ်က ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)
🤬34😢43👎1🔥1👏1
ထူးအိမ်သင်ရဲ့"အရေးကြီးပြီ" သီချင်းကို စစ်တပ်က ခိုးယူသုံးစွဲ​နေကြောင်းအဆိုတော်မွန်းအောင် ​ပြော

မေ-၂၆၊၂၀၂၆။ဆဏ်း/People's Spring

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်း
ရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။

"စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ ကိုယ်တိုင်လူထုကြိုက်မယ့်အနုပညာကိုအသစ်မဖန်တီးတတ်တဲ့အခါ စစ်တပ်ဟာ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်း အတု ဆင်ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖြားဖို့ ကြိုးစားတာပါဘဲ။ကိုထူးအိမ်သင်ရဲ့လက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက် စာသားတွေ ညှပ်၊ ပြောင်းလဲပြီး အမြတ်ထုတ်လိုက်တာဘဲ။" လို့ မွန်းအောင်က ​ဖေစ်ဘွခ်မှာစာ​ရေးသားပြောကြားထားတာပါ။

စစ်တပ်က အရေးကြီးပြီ သီချင်းထဲက စာသားတချို့ကို အပြောင်းအလဲပြုလုပ်ပြီး စစ်ဝါဒဖြန့်သီချင်း အနေနဲ့ ရုပ်သံတွေမှာ​အခုရက်ပိုင်း ထုတ်လွှင့်နေတာပါ။

ဒါ့အပြင် စစ်တပ်ဘက်က ဒီသီချင်းကို သူတို့ခိုးယူတာမဟုတ်ဘူးငြင်းဆိုထားပြီး ၁၉၆၀ လောက်ကတည်းက ရှိခဲ့တဲ့ သီချင်းဖြစ်တယ်လို့ပါ လိမ်
လည်ဝါဒဖြန့်ချိနေတာပါ။

"ကိုထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာဘယ်လောက် ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကိုကာကွယ်ပါ့မယ်။သေသွားရင်လည်း ကျနော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေး စမ်းသပ်နိုင်ပါလိမ့်မယ်။" လို့ သီချင်းရေးခဲ့ချိန်က အတူရှိတဲ့ အကြောင်းကို မွန်းအောင်က အတည်ပြုထားပါတယ်။

စစ်တပ်ဘက်က လိမ်လည်ထားသလို ၁၉၆၀ လောက်က တကယ် ထုတ်ခဲ့တာဆိုရင်မူရင်းသီချင်း ဓာတ်ပြားဟောင်း လေး နားထောင်ချင်ပါတယ်လို့ မွန်းအောင်ကတုံ့ပြန်ထားပါတယ်။

"သမိုင်းကိုဘယ်လောက်ပဲအတုအယောင် ဓာတ်
ပြားတွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ ကျနော့်လိုသက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။အတုနဲ့အစစ်
ဟာ နံ့သာဆီနဲ့ အီးပါဘဲဗျာ။ဖန်တီးထပ်ရင် (ဖန်တီးတက်ရင်) သေသေချာချာ အသစ်တခု ဖန်တီးကြစမ်းပါ။" လို့ မွန်းအောင်က အကြံပြုထားပါတယ်။

အရေးကြီးပြီ သီချင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ နဲ့ စစ်တပ်က ဝါဒဖြန့်သီချင်းအနေနဲ့ လုပ်ကြံဖန်တီးခဲ့ဖူးပါတယ် ။အဲဒီ့အချိန်ကလည်း ဓာတ်ပြားဟောင်းတစ်ခုကို အတုဖန်တီးကာလိမ်လည်ခဲ့တာကြောင့် ဖြေရှင်းခဲ့ဖူးတယ်လို့ မွန်းအောင်က ဆိုပါတယ်။

"တိုင်းပြည်အုပ်ချူပ် မင်း လုပ်နိုင်ဖို့ လူပေါင်းစွာကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူတွေကို လေယာဉ်နဲ့ဗုန်းကျဲ၊ အမြှောက်တွေနဲ့ထု၊ လည်ပင်းတွေလှီး၊ မိန်းမငယ်လေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို လက်သံပြောင်ပြောင်လုပ်နေနိုင်တာဘဲ။ သီချင်းလေးတပုဒ်ကို လှည့်ပတ် လိမ်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဖန်တီးကြပါလား။"လို့ မွန်းအောင်က ပြောထားပါတယ်။
🤬329👍9🤣2💯1🖕1
နာမည်​ကျော် ဂီတအနုပညာရှင် ထူးအိမ်သင်း နဲ့ အဆို​တော်မွန်း​အောင်
55👍7🥰1🤮1