စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့စစ်တပ်ဝါဒဖြန့်
အကောင့် တစ်ရာကျော်ကိုဖေ့စ်ဘွတ်ခ်ကဖယ်ရှား
မေ-၂၅၊၂၀၂၆။တေဇ/People's Spring
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။
"Facebook သည် Mytel နှင့် ၎င်း၏ အရောင်းကိုယ် စားလှယ်များ၊ MECtel အရောင်းကိုယ်စား
လှယ်များ ပိုင်ဆိုင်သည့် စာမျက်နှာများ၊ ပရိုဖိုင်အကောင့်များ၊ ဂရုများ နှင့် MRTV နှင့် MWD တို့၏ ဝါဒဖြန့်ချိမှုများကို ဖြန့်ဖြူးနေသည့် အကောင့်များ အပါအဝင် စုစုပေါင်း ၁၀၉ ခုကို ဖယ်ရှားခဲ့သည်။" လို့ JFM က ဒီနေ့(မေ၂၅) ထုတ်ပြန်ထားပါတယ်။
Mytel နဲ့ MECtel က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်
မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ဆက်သွယ်ရေးကွန်ရက်ကုမ္ပဏီတွေဖြစ်ပြီး ဒီကုမ္ပဏီတွေက စစ်တပ်အတွက် အခွန်ဝင်ငွေတွေ ရှာဖွေပေးနေတဲ့အပြင် စစ်အုပ်စု ကျူးလွန် နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ အသုံးပြုကာ အား
ပေးကူညီနေတယ်လို့ JFM ကဖော်ပြပါတယ်။
MEC ကို အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်
စု၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံ တွေက ဒဏ်ခတ်ပိတ်ဆို့မှု တွေချမှတ်ထားပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ အရေးယူမှုက စစ်တပ်အာဏာ
သိမ်းတဲ့ ၂၀၂၁ ကတည်းက ချမှတ်ထားတဲ့ Meta ကုမ္ပဏီရဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးတွေနဲ့ မီဒီယာအပေါ် ပိတ်ပင်တဲ့မူဝါဒအတိုင်း လုပ်
ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ်အနေနဲ့ သူတို့ရဲ့ ပလက်ဖောင်းကနေ Mytel နဲ့ အခြားစစ်တပ်ပိုင် စီးပွားရလုပ်ငန်းတွေရဲ့ အကောင့်တွေကို အကြိမ်ကြိမ်ဖယ်ရှားခဲ့တာဖြစ်ပြီး စစ်တပ်ကလည်း သူတို့ရဲ့ စီးပွားရေးလုပ်
ငန်းတွေကို အမည်အမျိုးမျိုးပြောင်းကာ ဖယ်ရှားခံရမယ့် အခြေအနေကနေရှောင်ရှားဖို့လုပ်နေတယ်လို့ JFM ကထောက်ပြထားပါတယ်။
"စစ်အုပ်စုဝါဒဖြန့်ချိရေးချန်နယ်များကိုအခြားလူမှုမီဒီယာပလက်ဖောင်းများကလည်းဖယ်ရှားထားသ
ဖြင့်၎င်းတို့၏တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နိုင်စွမ်းနှင့်အမုန်းစကားများနှင့်သတင်းအမှားများဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်နိုင်ခဲ့သည်။" လို့ JFM ကဆိုပါတယ်။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်ကလည်း စစ်တပ်လက်အောက်ခံ MRTV ကို ဗီဒီ
ယိုထုတ်လွှင့်တဲ့ ပလက်ဖောင်းတွေ ဖြစ်တဲ့ Twitch နဲ့ Kick က ဖယ်ရှားခဲ့ပြီး စစ်တပ်ပိုင် MWD ကို TikTok က ဖယ်ရှားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် သမ္မတရာထူး ယူပြီးချိန်ကလည်း ဖေ့စ်ဘွတ်ခ်မှာ အကောင့်ဖွင့်ခဲ့ပေမယ့် နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်ကဖယ်ရှားခဲ့ပါတယ်။
ဆက်လက်ပြီးတော့ စစ်တပ်ရဲ့ အွန်လိုင်းတည်ရှိမှုကို ပိတ်ပင်နိုင်ဖို့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်
ရွက်မှုတွေ လိုအပ်နေတယ်လို့လည်း JFM ကထောက်ပြထားပါတယ်။
ဒါ့အပြင်Alphabet၊ Apple၊ TikTok ၊ Telegram စတဲ့ ပလက်ဖောင်း တွေမှာလည်းစစ်အုပ်စုနဲ့ သူတို့ရဲ့စီးပွားရေး လုပ်ငန်းတွေကို ပိတ်ပင်တားဆီးဖို့ JFM ကတောင်းဆိုပါထားပါတယ်။

🥰16❤9👏8👍2🤣1
UFCချန်ပီယံဗန် နဲ့ အဆိုတော်ဖြူဖြူကျော်သိန်း
မလေးရှားမှာပရိသတ်တွေနဲ့တွေ့ဆုံပွဲပြုလုပ်
မေ-၂၅၊၂၀၂၆။သုည/People's Spring
UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။
ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာတွေ့ရပါတယ်။
မူလက မေလ ၂၇ ရက်မှာ ကျင်းပမယ့် Chin Refugee Committee (CRC) အသင်းရဲ့ (၂၅) နှစ်မြောက် ငွေရတုအခမ်းအနားမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ခန်းမအခြေ
အနေကြောင့် အားပေးလိုသူအားလုံး ဆန့်မှာမဟုတ်တဲ့အတွက် (Meet & Greet) အစီအစဉ်ကို ဒီကနေ့မှာ စီစဥ်ခြင်း ဖြစ်ကြောင်း CRC က ဖော်ပြခဲ့ပါတယ်။
ဂျိုရှုအာဗန်ဟာ လူငယ်တွေအတွက် စိတ်အား
တက်ကြွစေမယ့် အားပေးစကားတွေ ပြောကြားခဲ့သလို ဖြူဖြူကျော်သိန်းကလည်း သီချင်းသီဆို ဖျော်ဖြေခဲ့ပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ
မလေးရှား ခရီးစဉ်အပြင် ထိုင်းနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ချင်းတိုင်းရင်းသား ဗန်ဟာ အာရှမှာ ပထမဆုံး UFC ချန်ပီယံဖြစ်ပါတယ်။
မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC
ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

🥰26❤14👍4👏1🤮1
■အတွေးအမြင်
ကမ္ဘာ့ခရီးသွားမြေပုံပေါ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတဲ့ မြန်မာ
-မင်းနန်သူ ရေးသားသည်။
လူအများစုက "သဘာဝအလှအပနဲ့ ရှေးဟောင်းသမိုင်းဝင်ဗိသုကာတွေရှိရင် ခရီးသွားဧည့်သည်တွေ လာမှာပဲလို့ " ရိုးရှင်းစွာ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးခေါ်ယူဆတဲ့ ခေတ်
ကာလက ကျော်လွန်သွားခဲ့ပါပြီ။
ကမ္ဘာပေါ်မှာ အချို့သော စီးပွားရေးလုပ်ငန်းတွေဟာ သဘာဝသယံဇာတပေါ် မူတည်ပြီး ရပ်တည်ကြသလို၊ အချို့ကတော့ငွေကြေးနဲ့အာဏာအရှိန်
အဝါပေါ်မှာ အခြေခံပြီး ကြီးထွားကြပါတယ်။ ဒါပေမဲ့ “ခရီးသွားလုပ်ငန်း” (Tourism Industry) ဆိုတာကတော့ အခြားလုပ်ငန်းတွေနဲ့ မတူဘဲ နိုင်ငံတစ်နိုင်ငံရဲ့ “ယုံကြည်မှု”၊ “ဂုဏ်သိက္ခာ” နဲ့ “ပုံရိပ်” ပေါ်မှာပါအခြေခံပြီး ရပ်တည်ရတဲ့ သိမ်မွေ့လှတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ယနေ့ခေတ် ကမ္ဘာ့ခရီးသွားလောကမှာ ခရီးသွာကုမ္ပဏီကြီးတွေကရော၊ ခရီးသွားတွေကပါ သူတို့ခြေချမယ့် နိုင်ငံဟာ လုံခြုံမှုရှိရဲ့လား၊ တရားဥပ
ဒေစိုးမိုးရဲ့လား၊ လူ့အခွင့်အရေးကို လေးစားသမှုရှိရဲ့လားနဲ့ မိမိတို့သုံးစွဲလိုက်တဲ့ ငွေကြေးက ဒေသခံပြည်သူတွေဆီ တိုက်ရိုက် စီးဆင်းရဲ့လားဆိုတာတွေကိုပါ သေချာစိစစ် လာကြပြီဖြစ်ပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းမှာလည်း ဖြတ်သန်းခဲ့ရတဲ့ ရွှေရောင်နေ့ရက်တွေရှိခဲ့ပြီးနိုင်ငံတကာကအလည်
အပါတ် လာကြတဲ့ သန်းနဲ့ချီတဲ့ဧည့်သည်တွေနဲ့အတူအမြင့်ဆုံးမှတ်တိုင်တွေ ရှိခဲ့ပါတယ်။တစ်ဟုန်
ထိုးတိုးတက်ခဲ့တဲ့ နှစ်တွေမှာဆို ကမ္ဘာ့ခရီးသွားမြေပုံပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး နေရာတစ်ခုအဖြစ်တောင် ရည်ညွှန်းခံခဲ့ရဖူးပါတယ်။
အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ တံခါးပွင့်လာဘို့အရိပ်အရောင်တွေ ရှိခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရလက်ထက် ကာလတလျှောက်ဟာ မြန်မာ့ခရီးသွားသမိုင်းမှာ အစည်
ကားဆုံး ကာလတွေပါဘဲ။
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ဒါဏ်ကြောင့် ကမ္ဘာကို အချိန်အတိုင်းအတာတခုသာချပြနိုင်ခဲ့တဲ့ မြန်မာ့"UNESCO World Heritage Sites တွေ၊ ရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ အင်ပါယာအဆက်ဆက်ရဲ့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ၊ သဘာဝအလှအပတွေနဲ့ တိုင်းရင်းသားမျိုးစုံရဲ့ ဓလေ့တွေ" စတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပြယုဂ်ပမာဏဟာ တကယ်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာဟာ အင်ဒိုနီးရှားပြီးရင် နံပါတ် "နှစ်" နေရာမှာ ရှိခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် Covid-19 ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်တန့်ခဲ့ရပေမဲ့ Covid ကာ
လ အလွန်မှာတော့ အိမ်နီးချင်းနိုင်ငံတွေလို အချိန်တိုအတွင်း ပြန်လည်နာလန်မထူလာနိုင်ဘဲ “ဘုံးဘုံးလဲ” သွားစေခဲ့တဲ့ အဓိကအချိုးအကွေ့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ နိုင်ငံ
ရေးမတည်ငြိမ်မှုများကြောင့်ပါဘဲ။
အိမ်နီးချင်းနိုင်ငံတွေက ထိရောက်တဲ့ မဟာဗျူဟာတွေနဲ့ ခရီးသွားကဏ္ဍကို ပြန်လည်ဆွဲတင်နိုင်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာသိမ်းခံရမှုကြောင့်တိုးတက်မှုလမ်းကြောင်းပေါ်ကနေ ချောက်
ထဲကို တွန်းချခြင်း ခံလိုက်ရတာပါ။
မြန်မာ့ခရီးသွားလုပ်ငန်း(Tourism Industry) ဆိုတာ နိုင်ငံခြားသားဧည့်သည်တွေကိုပဲ ဝန်ဆောင်တဲ့ လုပ်ငန်း တစ်ခုမဟုတ်ပါဘူး။ ဒီစီးပွားရေး စက်ဝန်းကြီးတစ်ခုလုံးမှာ ပါဝင်ပါတ်သက်နေတဲ့ ထောင်သောင်းမကသော မိသားစုပေါင်းများစွာရဲ့အသက်မွေးဝမ်းကြောင်းတွေကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော ထောက်ပံ့ပေးထားတဲ့ အသက်
သွေးကြောတစ်ခုလည်းဖြစ်ပါတယ်။
ပုဂံကနေ အင်းလေး၊ ချင်းတောင်တန်းနဲ့ ပူတာအိုကနေ ကော့သောင်း၊ ကျိုင်းတုံကနေ ငပလီနဲ့ မြောက်ဦး စတဲ့ ခရီးသွားဧည့်သည်တွေ လည်ပတ်ရာ ဒေသတွေအားလုံးက စားသောက်ဆိုင်တွေ၊ မော်တော်ယာဉ်လုပ်ငန်းတွေ၊ လက်မှုလုပ်ငန်းတွေ၊ အပျော်စီးသဘ်ောကြီးတွေနဲ့ စက်လှေကလေးတွေ၊ ဒီဒေသတွေကိုမှီပြီး စိုက်ပျိုးကြတဲ့ ပါတ်ဝန်းကျင်ကျေးရွာတွေက လယ်သမားယာသမားတွေ၊ tour guide တွေနဲ့ ကျေးလက်အတွေ့
အကြုံရဘို့ ဒေသစာလေးတွေကို မိသားစုထမင်းဝိုင်းမှာအတူဧည့်ခံရင်း ဝင်ငွေရနေကြတဲ့ ကျေးရွာတွေက တိုင်းရင်းသား မိသားစုလေးတွေအထိ ဒီလုပ်ငန်းကို အမှီပြုပြီး သူတို့ရဲ့ ဘဝတွေကို တည်ဆောက်ထားကြတာပါ။
ဒါကြောင့် ခရီးသွားလုပ်ငန်းတစ်ခု ပြိုလဲသွားတဲ့အခါမှာတော့ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေသာမက ဒီလုပ်ငန်းတွေအားလုံးက မိသားစုတွေရဲ့စားဝတ်နေရေးနဲ့ အနာဂါတ်တွေကိုပါ တစ်ပြိုင်နက်တည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားတာပဲ ဖြစ်ပါတယ်။
ယနေ့ခေတ် အနောက်နိုင်ငံက ခရီးသွားကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာခရီးသွားဝန်ဆောင်မှုကွန်
ရက်တွေကလည်း အရှေ့တောင်အာရှ ခရီးသွားဈေးကွက်ကို ရွေးချယ်တော့မယ်ဆိုရင် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေ (Ethical Questions)ကို မဖြစ်မနေ မေးမြန်း စိစစ်လေ့ရှိကြပါတယ်။
အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက က ခရီး
သွားကုမ္ပဏီကြီးတွေရဲ့ လက်တွဲဖော် ရွေးချယ်မှုစနစ် (Supplier Onboarding Process)ဟာ စီးပွားရေး အမြတ်အစွန်းထက် လူသားဆန်တဲ့ စည်းကမ်းချက်တွေ၊ လူ့ဂုဏ်သိက္ခာကို အလေး
ထားတဲ့ စံနှုန်းတွေနဲ့ သေချာ စည်းကြပ်ထိန်း
ကျောင်းထားတာ ဖြစ်ပါတယ်။

👍24❤4🔥1🤮1