People's Spring
60K subscribers
71.3K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
QUAD အဖွဲ့ဝင်၄ နိုင်ငံရဲ့ နိုင်ငံခြား​ရေးဝန်ကြီး​တွေ။ဓါတ်ပုံ-US Embassy in India
👍4712🥰1🤮1
ပခုက္ကူမှာ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ

မေ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။

ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းထိုး​နေလို့ ပြည်သူတွေ ထွက်ပြေးလာခဲ့ရာ မြို့ပေါ်နဲ့ အခြားနေရာတွေမှာ နေထိုင်နေကြောင်း၊ အဲဒီလို နေထိုင်နေတဲ့ ပြည်သူတွေကို ယခု မေလ တတိယပတ်အတွင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်ပြီး ကျပ်သိန်းရာဂဏန်းအထိ တောင်းယူနေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မိသားစု နှစ်စုသုံးစုလောက် ငွေညှစ်ခံရတယ်။ ရပ်ကွက်အတိအကျ ပြောလို့မရဘူး"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီးမှ ရှောင်ကြဖို့
ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထားပါတယ်။

ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
🤬27👎2🔥21
🔥15👍2
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ ဆားလင်းကြီးနဲ့ ဂန့်ဂေါနယ်က ပြည်သူတွေ ဆန္ဒပြတောင်းဆို

မေ ၂၅၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Proof of Life" ၊ "Show Us She is Alive. Not Yesterday,Not A Photo. Now" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ချက်ချင်းသက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့နဲ့ ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်သားအားလုံးကို လွတ်မြောက်စေဖို့ကိုလည်း ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်ခဲ့ကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
34👍8🤮1
ဓာတ်ပုံ - ၅/ဆလကလူထုသပိတ်၊ ဆားလင်းကြီးသပိတ်
46🥰6👍2👏1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်စခန်း နေရာ ၂ခုကို KNU တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေ အတွင်းရှိ ရွာကြီးအင်းနဲ့ တောင်စုကျေးရွာအကြားက စစ်တပ်စခန်းနေရာနဲ့ ထီးလေးထာ စစ်တပ်စခန်းနေရာတို့ကို တပ်မဟာ(၃) တပ်ရင်း(၈)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တောင်စုရွာနဲ့ ရွာကြီးအင်းကြားက စစ်တပ်စခန်းကို မေလ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထီးလေထာ နေရာက စစ်တပ်စခန်းကို မေလ ၂၃ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၆ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ဆီက လက်နက်မျိုးစုံ ၁၁လက် နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့ အသိပေးထားပါတယ်။

◾️မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူ
ဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ QUAD ကို အရပ်ဘက်အဖွဲ့ ၆၆ ခု တောင်းဆို

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူ
ဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ လိပ်မူပြီး QUAD အဖွဲ့ကို တောင်းဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက ထည့်သွင်းတောင်းဆိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာကွန်ရက်တွေနဲ့ လူမျိုးစုအခြေစုအဖွဲ့တွေပါဝင်တဲ့ ၆၆ ဖွဲ့ဟာ QUAD အနေနဲ့ မြန်မာ့အကျပ်အတည်းကို ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းမှု ၅နှစ်ကျော်လာချိန်မှာ မြန်မာနိုင်ငံဟာ မကြုံစဖူးလူသားချင်းစာနာမှုဆိုင်ရာ ပြိုလဲမှုနဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ပြည်သူသန်းပေါင်းများစွာဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသလို အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာလည်း မတည်ငြိမ်မှုတွေ ဆက်လက်ဆိုးရွားနေတယ်လို့ ဖော်ပြပါတယ်။ မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းနိုင်ငံရေး ဒါမှမဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တစ်ခုတည်း မဟုတ်တော့ဘဲ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ပိုမိုကျယ်ပြန့်သောလုံခြုံရေးခြိမ်းခြောက်မှုများကို ပိုမိုတိုးပွားလာစေတယ်လို့ အသိပေးပါတယ်။

◾️စစ်တပ်က အင်အား ၁၀၀၀ကျော်နဲ့ စစ်ဆိုင်ထားပြီး ထိတွေ့တိုက်ပွဲ ၁၀ရက်ခန့်ရှိဟု ချင်းတပ် CPU/CPA ခေါင်းဆောင်ပြော

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ကျော်နဲ့ စစ်ဆိုင်ထားရသလို အင်အားတွေ ထပ်ဖြည့်တင်းဖို့ ပြင်ဆင်နေလို့ တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့် အခြေအနေရှိကြောင်း ချင်းပြည်တောင်ပိုင်း တပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။ စစ်တပ်က မေလအတွင်းမှာ ချင်း-မကွေးအစပ်ဒေသတွေကို အင်အားအလုံးအရင်းဖြည့်တင်း ထိုးစစ်ဆင်လာလို့ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး CPU/CPAက စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အသိပေးခြင်းဖြစ်သကဲ့သို့ စစ်ဆင်ရေးလိုအပ်ချက်တွေ အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်တပ် ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမယ့်လည်း စစ်တပ်ဟာ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မယ့်၊ ပြင်းထန်မယ့်သဘော ရှိတယ်လို့ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ စစ်ဆင်ရေးအတွက် အလှူခံလိုတဲ့ အချက် ၂ချက်ရှိပြီး ဒါတွေကတော့ ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့နဲ့ ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ဖြစ်ကြောင်း အသိပေးပါတယ်။

◾️ကန်ပက်လက်မြို့တိုက်ပွဲ ပြင်းထန်
👍173🤮1
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မေလ ၂၄ရက်နဲ့ ဒီနေ့မနက်မှာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့သလို ညသန်းခေါင် ၁၁နာရီ ၄၅မိနစ်မှာလည်း ကန်ပက်လက်မြို့ တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောထားပါတယ်။ ဒါ့အပြင် ဒီနေ့ မနက် ၅နာရီခန့်မှာလည်း ကန်ပက်လက်မြို့ကို စစ်တပ်က ၂ကြိမ် ဗုံးကြဲခဲ့သလို နာရီဝက်ခန့်အကြာမှာလည်း ကန်ပက်လက်မြို့ကို ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က တိုက်လေယာဉ်သုံးပြီး လေကြောင်းဗုံးကြဲခဲ့သလို မနက် ၆နာရီခန့်မှာလည်း Y12 လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

◾️နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲမှာ စစ်မှုထမ်းသင်
တန်းဆင်း စစ်သားသစ်အများအပြား သေဆုံး

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာဘက်ကို အာ
ဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ ထပ်ပို့နေပြီးတိုက်ပွဲတွေဆက်
လက်ပြင်းထန်နေပါတယ်။ နတ်ရေကန်ဗျူဟာရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပြီးနောက် စစ်တပ်က ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကို အင်အားဖြည့်နေတာပါ။ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူလိုက်ပြီးတဲ့နောက် နတ်​ရေးကန်ဗျူဟာကို သိမ်းယူဖို့ စစ်ရေးအရှိန်မြှင့်ထားပါတယ်။ စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာကနေနှစ်မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ စစ်တပ်က ပဒါန်းမြို့နယ်မှာရှိတဲ့အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကတဆင့် ပဇီရွာနဲ့ ဂုတ်ကြီးရွာကို လက်နက်၊ ရိက္ခာနဲ့ လူအင်အား‌တွေပို့နေတာပါ။ မေလ ၂၄ရက်က တိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးပါတယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။

◾️စစ်တပ်ရန်ကြောင့် ကျောက်ဖြူမှာ စစ်ရှောင် ၇,၀၀၀ ကျော်ထပ်တိုးလာ

အာဏာသိမ်းစစ်တပ်က တောင်မော်ဦးရေတပ်စခန်းကနေ အနီးဝန်းကျင်ရွာတွေဆီ စစ်ကြောင်းထိုးလာပြီး လေကြောင်း၊ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူ ၇,၀၀၀ကျော်ထပ်တိုးလာပြီး အရေးပေါ် အကူအညီ​တွေ လိုအပ်နေပါတယ်။ မေလဆန်းကစပြီး ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူမြို့နယ် နဲ့ ရမ်းဗြဲမြို့နယ်အကြား လမ်းဆုံမှာရှိတဲ့ စနဲမြို့ဆီ စစ်တပ်က ဦးတည်စစ်ကြောင်းထိုးခဲ့ပါတယ်။ အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်စစ်​ကြောင်းတွေ ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပြီး လက်ရှိမှာ တိုက်ပွဲ​တွေဟာ တော်မောင်ဦး ရေတပ်စခန်းအနီးအထိ​ ရောက်လာခဲ့တာလို့ သိရပါတယ်။ တောင်မော်ဦးပတ်လည်ကို ဆူဆိုက်ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ပြီး ရေတပ်ကပါ လက်နက်ကြီးနဲ့ပါ နေ့တိုင်းပစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ စစ်ရှောင်အရေအတွက်က အခုထိ တိုးလာနေဆဲဖြစ်ပြီး ရွာတွေထဲမှာ ပိတ်မိနေကြလို့ အခုထိ ကယ်ထုတ်နေရကြောင်း စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ရန်ကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်မှာရှိတဲ့ တောင်မော်၊ ပြုံးပြဲ၊ သိုင်းချောင်း၊ ဇိုင်ချောင်း၊ ထိန်ဒွေ၊ အဝတောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတာပါ။ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးအများစုပါဝင်ပါတယ်။ ကူညီရေးအဖွဲ့တွေက ဘေးလွတ်ရာ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေဆီ ရွှေ့ပြောင်းပေးနေပြီး​ ဘေးကင်းမယ်ထင်တဲ့​နေရာ​တွေမှာ စီစဉ်ထားပေးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နေစရာမလောက်သလို အမိုးအကာ၊ စားနပ်ရိက္ခာဆန်တို့ အရေးတကြီး လိုအပ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

◾️မြိုင် သရက်ကန်ပျူရွာ သိမ်းပိုက်မှု လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်မျိုးစုံ ၁၇ လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway PDF)က ဒီနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။ ဒေသတွင်း မဟာမိတ်အင်အားစုတွေ ပူးပေါင်းပြီး ‘တမာမြေစစ်ဆင်ရေး’အဖြစ် ဖော်ဆောင်ခဲ့တာဖြစ်ပြီး မေလ ၂၂ ရက် မနက် ၅နာရီမှာ သရက်ကန်ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်တိုက်
👍198🤮1
ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ထက်မနည်း ပစ်ကူပေး ခုခံခဲ့ပေမယ့် မေလ၂၃ရက် မနက် ၅နာရီ ၄၅မိနစ်လောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဆီက ကာဘိုင် ၁၁လက်၊ ၁၂ဗို့ ၆လက် ၊ လက်လုက် ၁လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီသရက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူတွေက တွင်းမပျူစောထီးရွာကို ထွက်ပြေးသွားတယ်လို့ တိုက်ပွဲအတွင်းပါ၀င်ခဲ့သူ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်းမှာ သရက်ကန်ရွာက ပျူစောထီး‌တွေရဲ့ကျေးရွာအတွင်း ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

◾️မြိုင်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မြိုင်မြို့ရဲ့အရှေ့ မြောက်ဘက်မှာရှိတဲ့ စစ်တပ်အခြေစိုက်ထားတဲ့လင်းကတောကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီနေ့ မေလ ၂၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် မျက်မြင် တစ်ဦး သေဆုံး၊ သုံးဦး ထိခိုက်ကြောင်း ‌မြိုင်မြို့နယ်ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ မေလ ၂၄ရက်ကစပြီး မြိုင်မြို့မြောက်ဘက်ခြမ်းက မရိုးကန်ကျေးရွာကို လင်းကတောရွာအခြေစိုက် ထားတဲ့စစ်တပ်က ၀င်ရောက် မီးရှို့ခဲ့တယ်လို့လည်း အသိပေးပါတယ်။

◾️KNU တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၂ရက်မှာ KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ် ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်လို့ မူကြို စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူအထိအခိုက်ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။ စစ်တပ်ဟာ အရင်ကလည်း KNU တပ်မဟာ(၄)နယ်မြေမှာ ကလေးငယ်တွေ စာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့လို့ ကလေးငယ်တွေ အစုလိုက်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

◾️စစ်တပ်သတ်မှတ်ချက်အသစ်ကြောင့် ကလေးအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေ

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်တပ် သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။ အရင်က အုပ်ထိန်းသူ တစ်ဦးဦး ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူတွေက မိဘကိုယ်စား ကျောင်းအပ်နှံလို့ ရပေမယ့် ဒီနှစ်ကစပြီး မိဘကိုယ်တိုင်ကျောင်းအပ်ရမယ်လို့ စစ်တပ် လက်အောက်ခံ ပညာရေးဦးစီးဌာနက သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ ဘာရည်ရွယ်ချက်နဲ့ အခုလိုလုပ်လည်း မသိပေမယ့် တော်တော် ဒုက္ခရောက်တယ်လို့ မြောက်ဒဂုံမြို့နယ်(၄၅)ရပ်ကွက်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီမနက် ကလေးကို ကျောင်းသွားအပ်တာမှာ မိဘ အရင်းခေါ်လာဖို့နဲ့ မိဘတွေမှာလည်း မှတ်ပုံတင်ပါမှ လက်ခံမှာလို့ ကျောင်းဆရာ၊ဆရာမ တွေက ပြောလိုက်ကြောင်း အဲဒီအမျိုးသမီးက ဆိုပါတယ်။ လာမယ့် ဇွန်လ ၁ ရက်မှာ စာသင်ကျောင်းတွေ ဖွင့်တော့မှာဖြစ်လို့ အခုလို သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ် ကလေးငယ်အများစု ကျောင်းမအပ်နိုင်သေးဘူးလို့ အင်းစိန်မြို့နယ်၊ဖော့ကန် ရပ်ကွက်နေအမျိုးသားတစ်ဦးက သူနေထိုင်ရာရပ်ကွက် အခြေအနေကို အသိပေးပါတယ်။

◾️MNDAA အနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဖို့ ရှမ်းလူငယ်ကွန်ဂရက် တိုက်တွန်း
👍154🤮3
ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။ ‘ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ်(MNDAA)၏ လားရာ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ ထုတ်ပြန်ချက်မှာ MNDAAရဲ့ စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေမီးမောင်းထိုးပြကာ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ သဘာထားကို အခုလို ထုတ်ပြန်ခဲ့တာပါ။ MNDAAက တော်လှန်ရေးကို အကြောင်းပြုကာ ပြည်သူလူထုကို ဒုက္ခတွင်းသက်ဆင်းစေတဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ စီမံခန့်ခွဲမှုများကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။ ဖက်ဒရယ်စနစ်ကို အခြေခံကာ တည်ဆောက်နေတဲ့ ရှမ်းပြည်နယ်အတွင်း အခုလို လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမှုကို MNDAA အနေနဲ့ အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ဒေသခံလူထုနဲ့လိုက်လျောညီထွေဖြစ်မယ့် တရားမျှတမှုရှိမယ့် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနူန်းများနဲ့ ကိုက်ညီတဲ့ စီမံဆောင်ရွက်မှုများကိုသာ ရှေးရှုလုပ်ဆောင်သွားဖို့ လေးနက်စွာ အသိပေး တိုက်တွန်းကြောင်း ဖော်ပြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းနောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA ဟာ နယ်မြေချဲ့ထွင်ခြင်းနဲ့ အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်တွေမှာ လက်နက်အင်အားကို အလွန်အကျွံအသုံးပြုလာတာ အထင်အရှား တွေ့ရကြောင်း ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ပါတယ်။

◾️ပခုက္ကူမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေလို့ လူသွားလူလာနည်းပါးနေ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေလို့ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလလယ်ကစပြီး ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ နေ့ခင်းကြောင်တောင်မှာ လူငယ်၊လူရွယ်တွေကို ပေါ်တာဆွဲနေလို့ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။ စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်နေလူငယ်တွေလည်း အပြင်မထွက်ရဲတော့ကြောင်း၊ ဒါ့အပြင် ဒေသတွင်းကျေးရွာတွေကပါ မြို့ပေါ်တက်စျေးလာဝယ်တာတွေ မရှိတော့တာကြောင့် အရောင်းအဝယ်တွေပါ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ရွှေကုက္ကိုလ်မြို့ကိုအာဏာသိမ်းစစ်တပ်ဝင်စစ်ဖို့စီစဉ်နေပြန်

ကရင့်န​ယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင်ပိုင်းဗိုလ်မှုးချုပ်စောချစ်သူ ထိန်းချုပ်ထားတဲ့ထိုင်း - မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့ကို လာမယ့်ရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်ကကျားဖြန့်နှိမ်နင်းရေးအကြောင်း ပြချက်နဲ့ ထပ်မံဝင်ရောက်စစ်ဆေးဖို့ရှိနေတယ်လို့ BGF နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဦးဆောင်တဲ့စစ်ဆေးရေးအဖွဲ့ဟာရွှေကုက္ကိုမြို့ကို မေလကုန်ခါနီးရက်ပိုင်းတွေမှာထပ်မံဝင်ရောက်စစ်ဆေးဖို့ စီစဉ်နေတာပါ။ အဲဒီစစ်ဆေးမှုမှာလည်း ထိုင်းဘက်ကလည်း ပါဝင်မယ်လို့ ကနဦးသိထားရပါတယ်။ လက်ရှိမှာတော့ ရွှေကုက္ကိုလ်မှာရှိတဲ့တရုတ်နိုင်ငံသားအချို့ဟာ တခြားနေရာတွေဆီကြိုတင်ပြီးရွှေ့ပြောင်းနေကြပြီလို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

◾️Proof of life လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့နဲ့ ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်သားအားလုံးကို လွတ်မြောက်စေဖို့ကိုလည်း ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Proof of Life" ၊ "Show Us She is Alive. Not Yesterday,Not A Photo. Now" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ချက်ချင်းသက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
👍21🥰42🤮2