KNU တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲ
မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၂ရက်မှာ KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ် ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒီလို လေကြောင်း တိုက်ခိုက်လို့ မူကြို စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူအထိအခိုက်ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
စစ်တပ်ဟာ အရင်ကလည်း KNU တပ်မဟာ(၄)နယ်မြေမှာ ကလေးငယ်တွေ စာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့လို့ ကလေးငယ်တွေ အစုလိုက်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
မတ်လအတွင်းက KNU မြိတ်ထားဝယ်ခရိုင် တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်းမှာ ကျောင်းသား/သူများ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်းကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးခဲ့ပါတယ်။
ကလေးငယ်တွေ၊ ကျောင်းသားကျောင်းသူများဟာ အနာဂတ်အတွက် ကျောင်းစာကို အာရုံစိုက်ရမည့်အစား တိုက်လေယာဉ်သံ များကို နားစွင့်ကြောက်ရွံ့ နေကြရကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
" ခဲတံ နှင့် ဘောပင် များကို အေးချမ်းစွာ ကိုင်ဆောင်ရမည့်အစား ဗုံးဒဏ်မှလွှတ် မြောက်ရန် ပုန်းအောင်းနေကြရပါသည်။စာသင်ကျောင်းများ၊ စာသင်ခန်းများ နှင့် ပြည်သူများ နေထိုင်သည့် နေရာများ သည် ဘေးကင်းလုံခြုံရာနေရာများ ဖြစ်သင့်သော်လည်း ယနေ့တွင်မူ ထိုနေရာများသည် စစ်ကောင်စီ၏ ပစ်မှတ်များ ဖြစ်နေရသည်” လို့ KNUက မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုကို မျက်ဝါးထင်ထင် တွေ့ နေရပါလျက်နဲ့ မျက်ကွယ်ပြု နှုတ်ငုံနေခြင်း၊ ဖိအားပေးအရေးယူရန် ပျက်ကွက်ကာ အာဏာသိမ်းစစ်တပ်ကို သံတမန် အခင်းအကျဉ်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပိုမိုအားပေး ရာရောက်ကြောင်းလည်း KNUက ထုတ်ပြန်ထားပါတယ်။

🤬26😢10👎3❤2👍2😡2🔥1👏1
(မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
🤬35👎3😡2🔥1👏1
အမြန်လမ်းမှာ အိမ်စီးကားမှောက်ပြီး အမျိုးသမီး ၂ဦး သေဆုံး
မေ-၂၅၊၂၀၂၆။တေဇ/People's Spring
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့(မေ ၂၅) မနက် ၉နာရီခွဲလောက်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့တာပါ။
"သူတို့က မိတ္ထီလာကနေ မန္တလေးကို သွားမှာ။ ကားက မိုင်တိုင် ၃၃၃/၇ ဖာလုံအရောက်မှာ ညာဘက်ဘီးပေါက်ပြီး လမ်းဘေးကိုထိုးကျသွားတာ ။ ထိုးကျသွားတဲ့ အရှိန်က များတာဖြစ်တဲ့အတွက် ကားပေါ်မှာပါလာတဲ့သူတွေအကုန်လွင့်ထွက်ကုန်တာ။" လို့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကားပေါ်မှာ လူကြီး ၃ဦးနဲ့ ကလေး ၃ဦး လိုက်ပါလာတာဖြစ်ပြီး အသက် ၆၀ ကျော် နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အသက် ၉ နှစ်ရွယ်ကလေးတစ်ဦးကိုတော့ စိုးရိမ်ရတဲ့အေခြအနေနဲ့ တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကို အချိန်မီတင်ပို့နိုင်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
ကျန်တဲ့ ယာဉ်မောင်းနဲ့ကလေး ၂ဦးကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘူးလို့ ဆိုပါတယ်။

😢25😱5❤2👎1🔥1
စစ်တပ်က အင်အား ၁၀၀၀ကျော်နဲ့ စစ်ဆိုင်ထားပြီး ထိတွေ့တိုက်ပွဲ ၁၀ရက်ခန့်ရှိဟု ချင်းတပ် CPU/CPA ခေါင်းဆောင်ပြော
▪️တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့်သဘောရှိဟု အသိပေး
မေ ၂၅။၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ကျော်နဲ့ စစ်ဆိုင်ထားရသလို အင်အားတွေ ထပ်ဖြည့်တင်းဖို့ ပြင်ဆင်နေလို့ တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့် အခြေအနေရှိကြောင်း ချင်းပြည်တောင်ပိုင်း တပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်တပ်က မေလအတွင်းမှာ ချင်း-မကွေးအစပ်ဒေသတွေကို အင်အားအလုံးအရင်းဖြည့်တင်း ထိုးစစ်ဆင်လာလို့ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး CPU/CPAက စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အသိပေးခြင်းဖြစ်သကဲ့သို့ စစ်ဆင်ရေးလိုအပ်ချက်တွေ အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်။
“လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာမှာ စကမ အင်အား ၁၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ (၁၀) ရက်ဝန်းကျင် ရှိနေပါပြီ။CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်။လက်ရှိမှာ အကြမ်းဖက် စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်” လို့ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
စစ်ဆင်ရေးအတွက် အလှူခံလိုတဲ့ အချက် ၂ချက်ရှိပြီး ဒါတွေကတော့ ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့နဲ့ ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ဖြစ်ကြောင်း အသိပေးပါတယ်။
လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အလိုအပ်ဆုံးအရာတွေဘာလဲဆိုတာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းစုံစမ်းထားကြောင်းလည်း ပြောပါတယ်။
“အလှူငွေလက်ခံတာတော့ NUG Pay, SDB တို့နဲ့ အဓိက လက်ခံပါမယ်။ လုံခြုံအောင်လို့ပါ။ CB ကနေတဆင့် ဆက်သွယ်ပေးပါ။လက်ရှိစစ်ဆင်ရေးကုန်ကျစရိတ် ပဏာမလျာထားချက်က သိန်းသောင်းနဲ့ချီ ရှိပါတယ်။ကိုယ်အလှူခံတာကနေ သိန်းဆယ်ချီ၊ ရာချီလောက်ရတယ်ဆိုရင်ပဲ လိုအပ်တဲ့နေရာတွေ တတ်နိုင်သလောက် ဖြည့်စွက်သွားချင်လို့ အလှူခံရခြင်း ဖြစ်ပါတယ်။အလှူလက်ခံရရှိမှုနဲ့ ရှေ့တန်းကို ပံ့ပိုးတဲ့ပစ္စည်းတွေကို ပြန်လည်တင်ပြသွားပါမယ်။” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။
ပံ့ပိုးမဲ့ပစ္စည်းတွေက စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက လက်ရှိ အလိုအပ်ဆုံးလို့ ပြောတဲ့အရာတွေ ဖြစ်ပြီး ကျည်ကာတို့၊ Equipment တို့ ဖြစ်ချင်မှ ဖြစ်မယ်လို့လည်း အသိပေးထားပါတယ်။
ဂုဏ်ပြုမှတ်တမ်းနဲ့ လက်ခံရရှိတဲ့ အလှူငွေတွေကိုတော့ အဖွဲ့အစည်းကိုပဲ အပ်မှာဖြစ်ပြီး အဖွဲ့အစည်းကပဲ ငွေကြေးကို စီမံခန့်ခွဲမယ်လို့ ဆိုပါတယ်။
“ကျနော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်းရုန်းကန်ကြရင် ဒီ စကမ စစ်ကြောင်းကို အကောင်းဆုံး တုံ့ပြန်ရင်ဆိုင်နိုင်မယ်လို့ သေချာယုံကြည်ပါတယ်” လို့ ရေးသားကာ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
စစ်တပ်ဟာ လက်ရှိမှာ ချင်းတပ် CPU/CPAထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေသလို မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ စတဲ့ ချင်းတောင်ပိုင်းမြို့တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မေလ ဒုတိယပတ်မှ အခုအချိန်ထိ ချင်းတောင်ပိုင်း မြို့ ၃ခုကို စစ်တပ်က လေကြောင်းဗုံးကြဲမှု အကြိမ် ၄၀ကျော်ရှိပြီး ကလေးငယ် အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

❤29👍18🔥1🤮1🖕1
မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူ
ဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ QUAD ကို အရပ်ဘက်အဖွဲ့ ၆၆ ခု တောင်းဆို
မေ-၂၅၊ ၂၀၂၆။ People’s Spring
မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူ
ဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ လိပ်မူပြီး QUAD အဖွဲ့ကို တောင်းဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ တိုးချဲ့လုပ်ဆောင်ဖို့၊ မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အချက်တွေကိုလည်း အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက ထည့်သွင်းတောင်းဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာကွန်ရက်တွေနဲ့ လူမျိုးစုအခြေစုအဖွဲ့တွေပါဝင်တဲ့ ၆၆ ဖွဲ့ဟာ QUASအနေနဲ့ မြန်မာ့အကျပ်
အတည်းကို ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းမှု ၅နှစ်ကျော်လာချိန်မှာ မြန်မာနိုင်ငံဟာ မကြုံစဖူးလူသားချင်းစာနာမှုဆိုင်ရာ ပြိုလဲမှုနဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးအကျပ်
အတည်းတွေ ရင်ဆိုင်နေရပြီး ပြည်သူသန်းပေါင်းများစွာဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသလို အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာလည်း မတည်ငြိမ်မှုတွေ ဆက်လက်ဆိုးရွားနေတယ်လို့ ဖော်ပြပါတယ်။
မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းနိုင်ငံရေး ဒါမှမဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တစ်ခုတည်း မဟုတ်တော့ဘဲ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနဲ့ပိုမိုကျယ်ပြန့်သောလုံခြုံရေးခြိမ်း
ခြောက်မှုများကို ပိုမိုတိုးပွားလာစေတယ်လို့ အသိ
ပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ဆက်နွှယ်နေတဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ တရားမဝင် ဘဏ္ဍာရေးကွန်ရက်တွေဟာ လက်ရှိ အာရှနဲ့ အာရှပြင်ပရှိ သားကောင်များ၊ စီးပွားရေးများနဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးစနစ်များကိုပါ ထိခိုက်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ စိတ်ကြွရူးသွပ်ဆေးဝါး အများဆုံး ထုတ်
လုပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာနဲ့ နိုင်ငံတကာ ရာဇဝတ်မှုကွန်ရက်များကို ပံ့ပိုးပေးနေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။
ဒါကြောင့် မြန်မာ့အကျပ်အတည်းဟာ လက်ရှိ ဒေ
သတွင်းတည်ငြိမ်ရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ အနာဂတ်အတွက် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
မြန်မာ့အကျပ်အတည်းကို လျစ်လျူရှုထားခြင်းဟာ ဒေသတွင်းနဲ့ ဒေသပြင်ပရှိ မတည်ငြိမ်မှုတွေကို ပိုမိုနက်ရှိုင်းစေလိမ့်မယ်လို့ သတိပေးပါတယ်။
မြန်မာပြည်သူများကို ပံ့ပိုးကူညီခြင်းနဲ့ မြေပြင်ရှိ ပကတိအခြေအနေများကို အပြုသဘောဆောင်စွာ ထိတွေ့ဆက်ဆံခြင်းဟာ ပိုမိုလုံခြုံ၊ တည်ငြိမ်၊ ခံနိုင်ရည်ရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေဖို့ အထောက်အကူပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Quad အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေး
တကြီးဟန်ချက်ညီညီနဲ့အမြန်ဆုံးအရေးယူဆောင်
ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက််တွန်းပါတယ်။

👍42❤14🥰1🤮1🖕1
ပခုက္ကူမှာ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ
မေ ၂၅၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးလာခဲ့ရာ မြို့ပေါ်နဲ့ အခြားနေရာတွေမှာ နေထိုင်နေကြောင်း၊ အဲဒီလို နေထိုင်နေတဲ့ ပြည်သူတွေကို ယခု မေလ တတိယပတ်အတွင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်ပြီး ကျပ်သိန်းရာဂဏန်းအထိ တောင်းယူနေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"မိသားစု နှစ်စုသုံးစုလောက် ငွေညှစ်ခံရတယ်။ ရပ်ကွက်အတိအကျ ပြောလို့မရဘူး"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီးမှ ရှောင်ကြဖို့
ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထားပါတယ်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။
ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

🤬27👎2🔥2❤1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ ဆားလင်းကြီးနဲ့ ဂန့်ဂေါနယ်က ပြည်သူတွေ ဆန္ဒပြတောင်းဆို
မေ ၂၅၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "Proof of Life" ၊ "Show Us She is Alive. Not Yesterday,Not A Photo. Now" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ချက်ချင်းသက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ယင်းလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့နဲ့ ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်သားအားလုံးကို လွတ်မြောက်စေဖို့ကိုလည်း ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်ခဲ့ကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

❤34👍8🤮1