(သရက်ကန်ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Magway People's Defence Force - Magway PDF)
❤46🥰6🤣1
မုန်းမြို့နယ်ရှိ စစ်တပ်စခန်း နေရာ ၂ခု KNU တိုက်ခိုက်
▪️စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ
မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာ ၂ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေ အတွင်းရှိ ရွာကြီးအင်းနဲ့ တောင်စုကျေးရွာအကြားက စစ်တပ်စခန်းနေရာနဲ့ ထီးလေးထာ စစ်တပ်စခန်းနေရာကို တပ်မဟာ(၃) တပ်ရင်း(၈)က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တောင်စုရွာနဲ့ ရွာကြီးအင်းကြားက စစ်တပ်စခန်းကို မေလ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထီးလေထာ နေရာက စစ်တပ်စခန်းကို မေလ ၂၃ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်ကြပ်ကြီး ၁ဦး အပါအဝင် ၆ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ထံက လက်နက်မျိုးစုံ ၁၁လက် နဲ့ ခဲယမ်းတွေ သိမ်းရခဲ့ဟု ဓာတ်ပုံမှတ်တမ်းနဲ့ အသိပေးထားပါတယ်။
သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေက MA-1 (၆)လက်၊ MA-3 (၄)လက်၊ MA-4 (၁) လက်နဲ့ ကျည်၊ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးမှာ KNLA ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

🥰23👍18❤7🥴2👏1
စစ်တပ်ရန်ကြောင့်ကျောက်ဖြူမြို့နယ်မှာစစ်ရှောင်၇၀၀၀ ကျော်ထပ်တိုးလာ၊အရေးပေါ်အကူအညီတွေလိုအပ်
■စစ်တပ်ရဲ့စနဲမြို့ထိုးစစ်ရှေ့မတိုးနိုင်ဘဲ တောင်မော်ဦးရေတပ်စခန်းအနီးထိတိုက်ပွဲတွေရောက်လာ
မေ-၂၅၊၂၀၂၆ ။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က တောင်မော်ဦးရေတပ်စခန်းကနေ အနီးဝန်းကျင်ရွာတွေဆီ စစ်ကြောင်းထိုးလာပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်နေ တာကြောင့် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူခုနစ်ထောင်ကျော်ထပ်တိုးလာပြီးအရေးပေါ် အကူအညီတွေလိုအပ်နေတယ်
လို့ကူညီပေးနေသူတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မေလဆန်းကစပြီး ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူမြို့နယ် နဲ့ ရမ်းဗြဲမြို့နယ်အကြားလမ်းဆုံမှာရှိတဲ့ စနဲမြို့ဆီ ဦးတည်စစ်
ကြောင်းထိုးခဲ့ပါတယ်။ အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်စစ်ကြောင်းတွ ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပြီး အခုအခါတိုက်ပွဲတွေဟာတော်မောင်ဦးရေတပ်စခန်းအနီးထိရောက်လာခဲ့တာဖြစ်ပါတယ်။
“တောင်မော်ဦးပတ်လည်ကို ဆူဆိုက်ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်တယ်။ နေဗီကရော လက်
နက်ကြီးနဲ့ပါ နေ့တိုင်းပစ်နေတယ်။ စစ်ရှောင်တွေကတော့ အခုထိ တိုးလာနေတုန်း၊ ရွာတွေထဲမှာ ပိတ်မိနေကြတုန်း၊ အခုထိ ကျွန်တော်တို့ ကယ်ထုတ်နေရသေးတယ်။ ခုနှစ်ထောင်ကျော်ရှိပြီ စစ်ရှောင်တိုးလာတာ”လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ရန်ကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်မှာရှိတဲ့ တောင်မော်၊ ပြုံးပြဲ၊ သိုင်း ချောင်း၊ ဇိုင်ချောင်း၊ ထိန်ဒွေ၊ အဝတောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူတွေ တိမ်း ရှောင်နေကြရတာပါ။စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးအများစုပါဝင်ပါတယ်။ကူညီရေးအဖွဲ့တွေက ဘေးလွတ်ရာ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေဆီရွေ့ပြောင်းပေးနေပြီးဘေးကင်းမယ်ထင်တဲ့နေရာတွေမှာ စီစဉ်ထားပေးနေတာဖြစ်ပါတယ်။
“အမျိုးအိမ်တွေမှာတချို့နေကြတယ်။ကျွန်တော်တို့လည်း နေရာစီစဉ်ပေးတယ်။ ဒါပေမယ့် နေစရာမလောက်ဘူး၊ အဆောင်တွေ ထပ်ဆောက်ပေးရမယ့်အနေအထား၊ အမိုးအကာတွေအရေးတကြီးလိုတယ်။ မကြာခင် မိုးလည်း ရောက်တော့မယ်။ နောက်အရေးကြီးတာက စားနပ်ရိက္ခာ၊ ဆန်လိုတယ်” လို့ အထက်ပါစစ်ရှောင်ကူညီပေးနေသူ က ပြောပါတယ်။
လက်ရှိမှာ ပြည်ပရောက်ပုဂ္ဂလိကအလှူရှင်တွေနဲ့ စေတနာရှင်တွေရဲ့အကူအညီတွေကိုသာအဓိက အားကိုးနေရပြီး စစ်ရှောင်တွေကို ကူညီပေးနေရတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်ဘေးရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာစတဲ့အရေးပေါ်အကူအညီတွေအများအပြားထပ်လိုနေသေးတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါ တယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ အရင်ကလည်း စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်ရှိနေတာကြောင့် အခု အခါ ထပ်တိုးစစ်ရှောင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်ငါးသောင်းဝန်းကျင်ထိ ရှိလာခဲ့တာပါ။အရင်ရှိနေတဲ့ စစ်ဘေးရှောင်လေးသောင်းကျော်ကလည်း မိုးရာသီအတွက် အမိုးအကာအောက် မရောက်သေးချိန်မှာ အခုလို စစ်ရှောင်တွေ ထပ်တိုးလာတော့ အကူအညီလိုအပ်ချက်ပိုရှိလာခဲ့တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
“အရင်စစ်ရှောင်တွေကို တဲဆောက်ပေးနေတာတောင် မပြီးသေးဘူး။ မိုးကမကြာခင်ကျတော့မယ်။ မိုးမကျခင် အမိုးအကာအောက် ရောက်အောင် မလုပ်ပေးနိုင်ရင် မလွယ်ဘူး။ လေကြောင်းပစ်ခတ်မှုကလည်း နေ့တိုင်းမပြတ် ရှိနေတော့ ပိုဆိုးတယ်”လို့ကျောက်ဖြူဒေသခံစစ်ရှောင်ကူညီသူ အမျိုးသမီးတဦးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းကစစ်ဘေးရှောင်ဒုက္ခသည်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက် ခံ HDCO(လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး)က ဆန်နဲ့ ရိက္ခာအချို့ ထောက်
ပံ့ပေးနေပေမယ့် လောက်ငှမှုမရှိဘူးလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်အ တွင်းက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို တန်ပြန်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာပါ။ဒါပေမယ့်
လက်တွေ့မှာတော့ အာဏာသိမ်းစစ်တပ်စစ်
ကြောင်းဟာ စနဲမြို့ဆီ မရောက်ဘဲ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ကျေးရွာအနီးမှာ AA ရဲ့တန်ပြန်ထိုးစစ်ကြောင့် ရပ်တန့်နေပြီး လေကြောင်း၊ လက်နက် ကြီးတွေကိုသာ အားကိုးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ကိုယ့်လူတွေကတောင်မော်ဦးကာကင်းတွေအနားတောင် ရောက်သွားပြီ။ ဒီကောင်တွေ ကမ်းတက်တာရှေ့မရောက်ဘူး။လေယာဉ်နဲ့လည်း ရွာတွေကို နေ့တိုင်းချတယ်။ စနဲမြို့ဆို သိပ်မကျန်တော့ဘူး ဗုံးကြဲထားတာ” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက ဓည၀တီရေတပ်စခန်းအနီးဝန်းကျင်၊ ရဲတပ်ရင်းဝန်းကျင် တို့ရှိ အရပ်သားလူနေကျေးရွာပေါင်းနှစ်ဆယ်ကျော်ကို ဒရုန်း၊ တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက် ဆီးထားပြီး အခုအခါ တောင်မော်ဦးအနီးဝန်းကျင်က ကျေးရွာတွေကိုပါ ထပ်မံဖျက်ဆီးနေတာဖြစ်ပါတယ်။

😢24❤8🤮2🥰1👏1🤣1
“ဒီကောင်တွေက ရွာကိုအရင်ဖျက်တယ်။လူတွေ ပြေးအောင်လုပ်တယ်။ ပြီးရင် ရွာထဲမှာ စခန်းချဖို့ ကြိုးစား တယ်။ အဲဒီဗျူဟာအတိုင်း လုပ်နေတာ။ ဒါပေမယ့် ရွာတွေကိုပဲ ဖျက်ဆီးနိုင်တယ်။ စခန်းချလို့တော့ မရဘူး” လို့ AA နဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံက ပြောပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်
(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာ
သိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊အမှတ်(၃၂)
ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေတယ်လို့ ဟေသခံအချို့ကပြောပါတယ်။
“စကမက တရုတ်စီမံကိန်းတွေကို အကာအကွယ်ယူပြီး အဲဒီထဲကနေဒရုန်းတွေလွှတ်၊ လက်နက်ကြီး
တွေပစ်တော့ AA ကလည်းစိတ်ကြိုက်ထိုးစစ်ဆင်
ဖို့မရဖြစ်နေတာ။ မဟုတ်ရင် ကျောက်ဖြူလည်း ပြတ်သွားပြီ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ရင်လည်းမီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

👍44❤4🤮1🖕1
စစ်တပ်ရန်ကြောင့် ဘေးလွတ်မယ်ထင်တဲ့နေရာတိမ်းရှောင်နေကြတဲ့စစ်ရှောင်ပြည်သူတွေ။
ဓါတ်ပုံ-ဒေသခံ
ဓါတ်ပုံ-ဒေသခံ
😢38👍7❤2👎1👏1🤮1🙏1
မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီသတ်မှတ်ချက်ကြောင့် ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေ
မေ -၂၅၊၂၀၂၆။မိုမို/People's Spring
ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။
အရင်က အုပ်ထိန်းသူ တစ်ဦးဦး ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူတွေက မိဘကိုယ်စား ကျောင်းအပ်နှံလို့ ရပေမယ့် အခုနှစ်ကစပြီး မိဘကိုယ်တိုင်ကျောင်းအပ်ရမယ်လို့ စစ်တပ် လက်အောက်ခံ အခြေခံပညာရေးဦးစီးဌာနက သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
"ဘာရည်ရွယ်ချက်နဲ့ လုပ်လည်း မသိပေမယ့် တော်တော် ဒုက္ခရောက်တယ်။ဒီမနက် ကလေးကို ကျောင်းသွားအပ်တာ မိဘ အရင်း လာမှ ။ပြီးရင် မိဘ တွေ မှာလည်း မှတ်ပုံတင်ပါမှလက်ခံမှာ ဆိုပြီး ကျောင်းဆရာ၊ဆရာမ တွေက ပြောလိုက်တယ်။ကလေး မိဘတွေက နိုင်ငံခြားမှာအလုပ်သွားလုပ်တယ် ပြောလည်းမရဘူး"လို့ မြောက်ဒဂုံ မြို့နယ် (၄၅)ရပ်ကွက်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လာမယ့် ဇွန်လ ၁ ရက်မှာ စာသင်ကျောင်းတွေ ဖွင့်တော့မှာဖြစ်လို့ အခုလို သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ် ကလေးငယ်အများစု ကျောင်းမအပ်နိုင်သေးဘူးလို့ အင်းစိန်မြို့နယ်၊ဖော့ကန် ရပ်ကွက် နေအမျိုးသားတစ်ဦးက သူနေထိုင်ရာရပ်ကွက် အခြေအနေကို အသိပေးပါတယ်။
"အရင်က တက်မယ့်သူမရှိတော့ ဘယ်လိုအခြေအနေ မဆိုလက်ခံတာလေ။အခုလို လုပ်တော့ ကျွန်တော့် မြေး ရဲ့ သူ့အဖေ က တောထဲမှာ ဆုံးတယ်။မအေ လုပ်တဲ့သူက အဝေးရောက်နေတယ်။ဘယ်လို လုပ်ရမလဲ မေးတော့ ဖအေ မအေ မှတ်ပုံတင်ယူလာပေး တဲ့။တော်တော် ဆိုးပါတယ်။ကျွန်တော့်မြေးလိုပဲ ရပ်ကွက်ထဲမှာရှိတဲ့ ကလေး ငါးယောက် လောက် ကျောင်းမအပ်နိုင်သေးဘူး"လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကျောင်းအပ်ရာမှာပေးရတဲ့ မိဘအုပ်ထိန်းသူတွေရဲ့ နောက်ခံရာဇ၀င်အကြောင်းနဲ့ အချက်အလက်တွေကို စုဆောင်းတာလို့လည်း သူ့အမြင်ကို ဆက်ပြောပါတယ်။
အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အခြေခံပညာရေးဦးစီးဌာန ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
"စနစ်ထဲမှာ မပါပေမယ့် မိဘ တွေကိုယ်တိုင်အပ်ရမယ်ဆိုပြီး ပြောထားတာ။လုပ်နေတာ တွေရှိတယ်"လို့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ပညာရေးမှူးရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ်ကလေး ၇ သန်းဝန်းကျင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar က ပြီးခဲ့တဲ့နှစ် ဩဂုတ်က ထုတ်ပြန်ထားပါတယ်။
စစ်မက်နဲ့ပဋိပက္ခ၊ ကျဆင်းလာတဲ့စီးပွားရေး အခြေအနေနဲ့ စီးပွားရေး မပြေလည်ခြင်း၊ ဝင်ငွေထွက်ငွေ မမျှတခြင်းတွေဟာ ကလေးငယ်တွေကျောင်းတက်ဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က နိုင်ငံရဲ့ပညာရေးဘက်ဂျက်ကို လျှော့ချသုံးစွဲခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတရာထူးဆက်ယူခဲ့တဲ့ ၂၀၂၅ ဇူလိုင်က ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်စာရင်းထုတ်ပြန်ရာမှာ ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့လို့ ဖြည့်စွက်ဖွဲ့စည်းတဲ့ ထုတ်ပြန်စာထပ်မံထုတ်ခဲ့ရတာလည်း ဖြစ်ခဲ့ပါတယ်။

🤮24😡11❤5🔥3🤣1
ပခုက္ကူမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေလို့ လူသွားလူလာနည်းပါးနေ
မေ ၂၅၊ ၂၀၂၆။ဟာနာဆန်/People's Spring
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေလို့ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလလယ်ကစပြီး ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ နေ့ခင်းကြောင်တောင်မှာ လူငယ်၊လူရွယ်တွေကို ပေါ်တာဆွဲနေလို့ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
"အသက်နဲ့လည်း မဆိုင်ဘူး။ လေးဆယ်ကျော်လည်း ဆွဲနေတာ။ မြင်မြင်သမျှ ဆွဲတဲ့သဘောဖြစ်နေတယ်"လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။
စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်နေလူငယ်တွေလည်း အပြင်မထွက်ရဲတော့ကြောင်း၊ ဒါ့အပြင် ဒေသတွင်းကျေးရွာတွေကပါ မြို့ပေါ်တက်စျေးလာဝယ်တာတွေ မရှိတော့တာကြောင့် အရောင်းအဝယ်တွေပါ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အခုတော့မြို့ပေါ်မှာ ခြောက်သွေ့နေတယ်။အသွားအလာတွေနည်းတယ်"လို့ ပခုက္ကူနယ်အခြေစိုက် Cobra One တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
မြို့ပေါ်မှာ ပေါ်တာဆွဲလို့ လူနည်းနေပေမဲ့ စစ်တပ်ကတော့ သီဟိုဠ်ရှင်ဘုရားပွဲကို ဇာတ်ပွဲတွေနဲ့အတူ မနေ့ညကစတင်ကာ ကျင်းပနေပြီး စမ်းရေမိုးအပါအဝင် ဇာတ်အဖွဲ့ ၃ ဖွဲဲ့ ပါဝင်တယ်လို့ သိရပါတယ်။
အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

👍18👎7🤮4🤬2❤1🔥1
(လူသွားလူလာကျဲပါးနေသော ပခုက္ကူမြို့တွင်းတနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-Cj)
👎18❤5🔥5👍2
MNDAA အနေနဲ့ ဒေသခံတွေဒုက္ခမပေးဘဲ ဒီမိုကရေစီ၊ ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေ စီမံဖို့ ရှမ်းလူငယ်ကွန်ဂရက် တိုက်တွန်း
မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။
“ဖက်ဒရယ်စနစ်နှင့် ကိုးကန့်တပ်(MNDAA)၏ လားရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ ထုတ်ပြန်ချက်မှာ MNDAAရဲ့ စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာသိမ်းဆည်းမှုဆိုင်ရာ ပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေမီးမောင်းထိုးပြကာ ရှမ်းလူငယ်ကွန်ဂရက်ရဲ့ သဘာထားကို အခုလို ထုတ်ပြန်ခဲ့တာပါ။
MNDAAကတော်လှန်ရေးကို အကြောင်းပြုကာ ပြည်သူလူထုကို ဒုက္ခတွင်းသက်ဆင်းစေတဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ စီမံခန့်ခွဲမှုများကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။
“ဖက်ဒရယ်စနစ်ကို အခြေခံ၍ တည်ဆောက်နေသော ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့သော လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမှုကို MNDAA အနေဖြင့် အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ဒေသခံလူထုနှင့် လိုက်လျောညီထွေဖြစ်မည့်၊ တရားမျှတမှုရှိမည့် ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနူန်းများနှင့်ကိုက်ညီသည့် စီမံဆောင်ရွက်မှုများကိုသာ ရှေးရှုလုပ်ဆောင်သွားပါရန် လေးနက်စွာ အသိပေး တိုက်တွန်းအပ်ပါသည်။” လို့ ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း ကြုံနေရတဲ့ ပြဿနာတွေကို ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းနောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA ဟာ နယ်မြေချဲ့ထွင်ခြင်းနဲ့ အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်တွေမှာ လက်နက်အင်အားကို အလွန်အကျွံအသုံးပြုလာ အထင်အရှား တွေ့ရလို့ ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ပါတယ်။
ကိုးကန့်ပြုမှုခြင်း၊ မြို့ရွာများရဲ့ မူလသွင်ပြင်ကိုပြောင်းလဲခြင်း၊ လယ်ယာမြေ သိမ်းဆည်းခြင်းနဲ့ စျေးနှိမ်ခြင်း၊ ပြည်ပ နိုင်ငံသားများအား အထူးအခွင့်အရေးပေးခြင်း၊ သယံဇာတတွေကို အဓမ္မတူးဖော်ခြင်း စတဲ့ အုပ်ချုပ်ရေးနဲ့ မြေယာပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ရှမ်းလူငယ်ကွန်ဂရက်က ဖော်ပြထားပါတယ်။
သမိုင်းအစဉ်အလာအရ နဂိုမူလ ဌာနေလူမျိုးများ သဟဇာတဖြစ်စွာ မှီတင်းနေထိုင်ခဲ့ကြသော အသွင်သဏ္ဌာန်များကို သွေဖည်ကာ ကိုးကန့်မူပြုရန် ကြိုးပမ်းလာတာ၊ မြို့ရွာများရဲ့ ရိုးရာနဲ့ မူလအသွင်အပြင်များကို အတင်းအဓမ္မ ပြောင်းလဲတာ၊ မူလလယ်ယာပိုင်ရှင်များထံမှ မြေယာများကို အတင်းအဓမ္မ သိမ်းယူခြင်း၊ ဈေးနှိမ်ခြင်းနဲ့ ဖိအားပေး ရောင်းချစေခြင်း စတာတွေ MNDAA ရဲ့ စီမံမှုအောက်မှာ ဒေသခံတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားများအား တစ်ဖက်သတ်ဆန်သော အခွင့်အရေးများ ပေးအပ်ကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားတာ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နဂိုမူလပိုင်ရှင်များရဲ့ သဘောတူခွင့်ပြုချက်နဲ့ ညှိနှိုင်းမှုများ လုံးဝမရှိဘဲ သယံဇာတများကို အတင်းအဓမ္မ တူးဖော်ခြင်း သို့မဟုတ် တူးဖော်ခွင့် ပေးခြင်းတွေ ကြုံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးနဲ့ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေလည်း ကြုံနေရပြီး MNDAAက ဆန္ဒပြပြည်သူများကို နှိပ်ကွပ်တာ၊ ပညာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍ လွှမ်းမိုးတာ၊ ပြည်သူ့သဘောဆန္ဒကို မျက်ကွယ်ပြုတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူများရဲ့ ဆန္ဒကို အလေးမထားဘဲ တိုင်းတစ်ပါးမှ ဝိသမလောဘသား စီးပွားရေးသမားများကို အထူးအခွင့်အရေးများပေးကာ စိတ်ကြိုက် ဝင်ထွက်ချယ်လှယ်ခွင့်ပြုထားတဲ့ အခြေနေကိုလည်း ရှမ်းလူငယ်ကွန်ဂရက်က ထောက်ပြထားပါတယ်။
ဒါ့အပြင် တိုင်းတစ်ပါးရဲ့ ကျူးကျော်လွှမ်းမိုးမှုများအပေါ် ကာကွယ်တားဆီးခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။
စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ အကန့်အသတ်မဲ့ လောင်းကစားဝိုင်းများနဲ့ KTV ဖျော်ဖြေရေးခန်းမများကို အလွန်အကျွံ ဖွင့်လှစ်ခွင့်ပြုထားတာတွေ ကြုံနေရသလို ဒေသခံပြည်သူများ ဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုထမ်းဆောင်ခိုင်းတာတွေရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
“စစ်အုပ်စုရဲ့ အာဏာလောဘကြောင့် တရားဥပဒေစိုးမိုးရေးပျောက်ကွယ်ရုံမက နိုင်ငံ့အချုပ်အခြာပါ ယိမ်းယိုင်လျော့ပါးလာနေတာကို MNDAA က သူ့တကိုယ်စာအကျိုးစီးပွါးအတွက် အသုံးချနေတာဟာ အရုပ်ဆိုးလွန်းပါတယ်။ နွေဦးလှိုင်းစီးပြီး လူငယ်တွေကို သူ့နယ်ပယ်ချဲ့ထွင်ရေးအတွက် အသုံးချရုံမက၊ သူတို့ညီနောင်မဟာမိတ်အချင်းချင်းကိုပါ သစ္စာထပ်ဖောက်၊ ကိုယ်လာရာသမိုင်းကြောင်းကိုမထောက်ရှုဘဲ ဒေသခံလူအများစုကို နိုင့်ထက်စီးနင်းလုပ်နေတာတွေဟာ ပြည်ကြီးအားကိုးတာသက်သက် မဟုတ်တော့ဘူးဗျ၊ သူကိုယ်တိုင် နိုင်ငံရေးစိတ်ဆန္ဒအမှန် မရှိနေတာကို ဖော်ပြတာပဲ” လို့ ရှမ်းပြည်ဒေသခံ တဦးက ပြောပါတယ်။

👍33❤6🔥1🥰1
MNDAA အနေနဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပေးသလို ကွတ်ခိုင်မြို့ကိုပါ ထပ်ပေးပါက MNDAA ဟာ စနစ်ပြောင်းတော်လှန်ရေးရဲ့အဖျက်အမှောင့်လို့ဆိုရတော့မယ်လို့ ရှမ်းပြည် ဒေသခံက ပြောပါတယ်။
“လူထုအပေါ်ကိုလည်း နိုင့်ထက်စီနင်းဆက်လုပ်နေမယ်ဆိုရင် ဒါဟာလူထုကိုစိန်ခေါ်နေတာလို့ ယူဆရတော့မှာပါ” လို့ ရှမ်းပြည်ဒေသခံ က ပြောပါတယ်။
MNDAAဟာ ၂၀၂၃မှာ ညီနောင်မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ကိုးကန့်ဒေသ တခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရုံသာမက လားရှိုး၊ သိန္နီမြို့တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တာပါ။ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီး လားရှိုးမြို့ကို ပြန်လွှဲပေးခဲ့ပါတယ်။ ၂၀၂၆ မတ်လမှတော့ ၁၀၂၇ စစ်ဆင်ရေးအတူဆင်နွှဲခဲ့တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်စဉ်က အဖွဲ့ရဲ့ သဘောထားတွေ စစ်ရေး သတင်းတွေနဲ့ပတ်သက်ပြီးမီဒီယာတွေကို ဖြေကြားလေ့ရှိပေမယ့် နောက်ပိုင်းမှာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မပြုတော့ပါဘူး။ ဒါပေမဲ့ MNDAA ရဲ့ သတင်းပြန်ကြားရေးဌာန The Kokang ကတဆင့် အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ပုံမှန် သတင်းထုတ်ပြန်လေ့ရှိရာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ထိန်းသိမ်းမယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

👍33❤3🔥1
KNU တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲ
မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၂ရက်မှာ KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ် ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒီလို လေကြောင်း တိုက်ခိုက်လို့ မူကြို စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူအထိအခိုက်ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
စစ်တပ်ဟာ အရင်ကလည်း KNU တပ်မဟာ(၄)နယ်မြေမှာ ကလေးငယ်တွေ စာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့လို့ ကလေးငယ်တွေ အစုလိုက်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
မတ်လအတွင်းက KNU မြိတ်ထားဝယ်ခရိုင် တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်းမှာ ကျောင်းသား/သူများ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်းကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးခဲ့ပါတယ်။
ကလေးငယ်တွေ၊ ကျောင်းသားကျောင်းသူများဟာ အနာဂတ်အတွက် ကျောင်းစာကို အာရုံစိုက်ရမည့်အစား တိုက်လေယာဉ်သံ များကို နားစွင့်ကြောက်ရွံ့ နေကြရကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
" ခဲတံ နှင့် ဘောပင် များကို အေးချမ်းစွာ ကိုင်ဆောင်ရမည့်အစား ဗုံးဒဏ်မှလွှတ် မြောက်ရန် ပုန်းအောင်းနေကြရပါသည်။စာသင်ကျောင်းများ၊ စာသင်ခန်းများ နှင့် ပြည်သူများ နေထိုင်သည့် နေရာများ သည် ဘေးကင်းလုံခြုံရာနေရာများ ဖြစ်သင့်သော်လည်း ယနေ့တွင်မူ ထိုနေရာများသည် စစ်ကောင်စီ၏ ပစ်မှတ်များ ဖြစ်နေရသည်” လို့ KNUက မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုကို မျက်ဝါးထင်ထင် တွေ့ နေရပါလျက်နဲ့ မျက်ကွယ်ပြု နှုတ်ငုံနေခြင်း၊ ဖိအားပေးအရေးယူရန် ပျက်ကွက်ကာ အာဏာသိမ်းစစ်တပ်ကို သံတမန် အခင်းအကျဉ်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပိုမိုအားပေး ရာရောက်ကြောင်းလည်း KNUက ထုတ်ပြန်ထားပါတယ်။

🤬26😢10👎3❤2👍2😡2🔥1👏1
(မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)
🤬35👎3😡2🔥1👏1