အခုဆိုရင် အလုပ်သမားတွေဟာ ခွင့်ပြန်ထွက်ခွာခွင့်ရဖို့အတွက် ပွဲစားတွေကို အားကိုးနေရကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ အဆိုးဝါးဆုံးကတော့ VIP လမ်းကြောင်းလို့ ခေါ်တဲ့ အမြန်လမ်းကြောင်းတွေပါ။ သိန်း ၇၀၊ ၈၀ ကနေ သိန်း ၁၀၀ အထိ တောင်းဆိုနေတာတွေ ရှိနေကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ “ ပွဲစားနဲ့အပ်လည်း ကျချင်မှကျတာ” လို့ ခွင့်ပြန်အလုပ်သမားတစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံကနေ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁ ဒသမ ၁၂ သန်းခန့် ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ထုတ်ပြန်ချက်တွေအရတော့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေမှာ ၄ ဒသမ ၂ သန်းကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်အုပ်စု ဒုက္ခပေးမှုတွေကြောင့် လေးသန်းကျော်သော ပြည်သူတွေဟာအိမ်ပြန်ဖို့စဥ်းစားတိုင်း သောကတွေ များနေရပါတယ်။
“ နောက်ဆိုအဝင်ပဲလက်ခံမယ်။ ပြန်အထွက်မခံဘူးဆိုတာတွေ ဖြစ်လာတော့မယ်ထင်တာပဲ” လို့ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောလိုက်ပါတယ်။
https://www.ludunwayoo.com/feature-mm/2026/05/02/155871/

LuduNwayOo
ပြည်တော်ပြန် အလုပ်သမားတွေရဲ့သောက | LuduNwayOo
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အာဏာသိမ်းကာလအတွင်း မြန်မာပြည်ခေတ္တအလည်ပြန်ဖို့ ကြိုးစားချိန်တိုင်း စိုးရိမ်သောကတွေ၊ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေနဲ့ ငွေကုန်ကြေးကျများလှတဲ့ပြည်တော်ပြန်ခရီးတွေအဖြစ် ပြောင်းလဲနေပါတယ်။ ဘာတွေကြောင့်ပါလဲ။
👍22😢9❤3😁2
ချင်းတပ် CNO/CNDF က သင်တန်းဆင်းရဲဘော်တွေကို ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ပါစတဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်းပေး
မေ-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။
CNO/CNDFဟာ ချင်းမြောက်ပိုင်း ဖလမ်းမြို့နယ် အခြေစိုက်တာ ဖြစ်ပြီး အဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲကို စစ်သင်တန်းကျောင်း တနေရာမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ CNO/CNDF ရဲ့ ကာကွယ်ရေးအတွင်းရေးမှူး (DS)နဲ့ ဒုတိယစစ်ဦးစီးချုပ် (VCS) တို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို အားပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။
“ကျနော်တို့ CNO/CNDF အနေနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်၊ ပြည်သူလူထုရဲ့ ယုံကြည်မှုအပြည့်နဲ့ တစ်သားတည်းရပ်တည်ပေးမှုတွေကြောင့်နှင့် အားလုံးစည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှုတွေကြောင့် လုပ်စရာတွေ အကောင်းဆုံး ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ CNO/CNDF ခေါင်းဆောင်တဦးက သင်တန်းဆင်းပွဲ သတင်းကို လူမှုကွန်ရက်မှာ မျှဝေပြီးရေးသားထားပါတယ်။
အခုသင်တန်းဆင်းရဲဘော်တွေဟာ ချင်းပြည်၊ ချင်းလူမျိုးနဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် တိုက်ပွဲဝင်တာဝန်ထမ်းဆောင်နိုင်ဖို့ကြောင်း အသိပေးထားပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ရဲ့ အမှတ် (၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်ကြမယ့်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်ဟာ ၂၀၂၅ အောက်တိုဘာမှာ ဖလမ်းမြို့ အပါအဝင် ချင်းမြောက်ပိုင်းဒေသတွေပြန်ရဖို့ စစ်အင်အားအလုံးအရင်း လေကြောင်း ပစ်ကူများစွာ သုံးထိုးစစ်ဆင်ခဲ့ရာ စစ်တပ်ရဲ့ ထိုးစစ်ကို ချင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းခုခံခဲ့ပါတယ်။
တိုက်ပွဲ ၆လ ကျော်ကြာမြင့်ခဲ့ပြီး ၂၀၂၆ဧပြီလကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အင်အား ၃၀၀နဲ့ ၅၀၀ ကြားသေဆုံးထိခိုက်ခဲ့ပြီး လက်နက် မျိုးစုံ အလက် ၂၀၀ ကျော်ကို ချင်းပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။ ခုခံတိုက်ပွဲအတွင်းချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတို့က ချင်းတော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။

❤42👍13😁3🖕2👏1
မြန်မာနိုင်ငံသည် ၂၀၂၆ ခုကနေ ၂၀၃၀ ခု ကာလအတွင်း အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် စီးပွားရေးအဆိုးရွားဆုံးနိုင်ငံ ဖြစ်လာနိုင်ခြေ ရှိနေသည်။ GDP(ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) သည်လည်း ၂၀၂၅ ခုနှစ်တွင် ၂.၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်ကြောင်း EIU ခန့်မှန်းထားသည်။ နိုင်ငံ၏ ထုတ်ကုန်နှင့် စီးပွားရေးဟာ အရင်နှစ်ကထက် ပိုပြီး ကျုံ့သွားခြင်း သို့မဟုတ် စီးပွားရေး ပိုမိုဆိုးရွားသွားခြင်းကို ဆိုလိုပါသည်။
Economist Intelligence Unit (EIU) ဆိုသည်မှာ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကို ထုတ်ဝေသည့် “ The Economist Group” ၏ လက်အောက်ခံ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ
ရေးနှင့် စီးပွားရေး အခင်းအကျင်းများကို အသေး
စိတ် လေ့လာဆန်းစစ်နေသည့် ထိပ်တန်းအဖွဲ့အစည်းတခု ဖြစ်ပါသည်။
အဆိုးရွားဆုံး ရိုက်ခတ်မှုမှာ ငွေကြေးဖောင်းပွမှုပင်ဖြစ်သည်။၂၀၂၄ ခုနှစ်တွင် ဖောင်းပွမှုနှုန်း ၂၈.၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၂၅.၄ ရာခိုင်နှုန်း ဝန်းကျင်၌ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာစကားပုံလိုအီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းသည်သယ်ယူပို့ဆောင်ရေးစရိတ်မှတဆင့် ကုန်ဈေးနှုန်းများကို ပိုတက်လာစေပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ထပ်ပိုးဖိစီးသလို ဖြစ်နေပါသည်။
အာဏာသိမ်းစစ်အုပ်စု၏ ဘတ်ဂျက်လက်ကျန်မှာလည်း အစဉ်တစိုက် လိုငွေပြနေပြီးGDP(ပြည်
တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) ၏ ၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ အခွန်ရရှိမှု နည်းပါးခြင်း နှင့် စစ်ရေးအသုံးစရိတ် အဆမတန် မြင့်မားနေခြင်းတို့ကြောင့် လိုငွေပြနေရခြင်းပင်ဖြစ်သည်ဟု EIU က ထောက်ပြထားပါသည်။
https://www.ludunwayoo.com/opinion-mm/2026/05/09/156586/

အမှောင်ထုထဲက မြန်မာ့စီးပွားရေး | LuduNwayOo
မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ လက်ရှိအခြေအနေသည် စိန်ခေါ်မှုများ ပေါင်းစုံနေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။
👍29😢8❤4🔥1
ပုဂံ၊ညောင်ဦးမြို့ကပျူခေါင်းဆောင်နောင်နောင်အပါအဝင်ပျူ၆ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး
မေ-၁၆၊၂၀၂၆။ကိုရှမ်းလေး/People's Spring
ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်
နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
ညောင်ဦးမြို့မှာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင် ၂ဦးရှိပြီး အခု တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူဟာ ညောင်ဦးမြို့အနောက်ခြမ်းတာဝန်ယူရတဲ့ နောင်နောင် ဆိုသူဖြစ်ပါတယ်။ ညောင်ဦးမြို့အရှေ့ခြမ်းတာဝန်ယူရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟာ အောင်ကျော်မြင့်ဆိုသူ ဖြစ်ပါတယ်။
" နောင်နောင်နဲ့ အောင်ကျော်မြင့် ဆိုပြီ ၂ယောက်ရှိတာ။ခုက တစ်ယောက်ပါသွားပြီဆိုတော့ တစ်ယောက် ကျန်သေးတာပေါ့"လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ နောင်နောင်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ လေးရက်လောက်က ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဟာ ညောင်ဦးမြို့ကဒေသခံပြည်သူတွေအပေါ် ရမ်းကားဆိုးသွမ်းတဲ့သူတွေလို့လည်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က အလင်း
ဝင်မယ်လို့ နောင်နောင်ထံလိမ်ညာပြောဆို ခေါ်ဆောင်ပြီး ဖမ်းဆီးလိုက်တာလို့ စုံစမ်းသိရပါတယ်။
ညောင်ဦးမြို့နယ်ကပျူခေါင်းဆောင် နောင်နောင်အပါအဝင် အဖွဲ့ဝင် ၆ ဦးအဖမ်းခံရတာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်တွေမှာလည်းဖော်ပြနေကြပါတယ် ။နောင်နောင်ဟာ ညောင်ဦးမြို့မှာ ကျူရှင်တရာလုပ်ခဲ့သလို ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်းရေးမှူးဟောင်းလည်းဖြစ်တယ်လို့ စစ်
တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေကရေးသားနေကြပါတယ် ။
ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့မှာလာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည်တွေ ပြန်ပေးဆွဲ ပျောက်ဆုံးနေမှုလည်း မကြာခဏဖြစ်နေပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခိုနေတဲ့ ဇနီးမောင်နှံဟာ ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားတစ်စီးကို ပျူစောထီးတွေက ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ပြန်ပေးဆွဲပြီးနောက် ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်က ကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံမြို့အနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်တလောမှာတော့ ညောင်ဦးမြို့အရှေ့ဘက်က ငါ့သရောက်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်
တပ်က အထိနာနေတယ်လို့ သတင်းရရှိပါတယ်။

❤51👍23👏4👻2🥰1🖕1
ကောလင်းမြို့မှာ တပ်စွဲထားတဲ့စစ်တပ် အရက်နဲ့ ပိုးသတ်ဆေးမှားသောက်မိပြီး ၇ဦးသေ၊ တချို့ဆေးရုံရောက်
မေ-၁၆၊၂၀၂၆၊မေ/People's Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၃ရက် ညနေပိုင်းမှာ ကောလင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က စစ်သားတွေဟာ အရက်ပြတ်လပ်သွားတာကြောင့် အရက်အဖြစ် အရက်ပြန်ကို ဆားထည့်သောက်ကြရာက အရက်ပျံနဲ့ပိုးသတ်ဆေးမှား သောက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်.
ပိုးသတ်ဆေးသောက်မိလို့ စစ််သား ၇ဦးသေဆုံးကာ ကျန်စစ်သားတွေကို ဝန်းသိုမြို့ဆေးရုံပို့ထားပြီး သေဆုံးသူထပ်တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။
"ခတွေ သေတာမှန်တယ်။ ပိုးသတ်ဆေးတွေကို သောက်တာ။ ကလီဆာတွေမခံနိုင်တာ"လို့ ကောလင်းမြို့နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်သားတချို့ဟာ အရက်ပျံဆားထည့်ကာ အရက်အဖြစ် သောက်လေ့ရှိပြီး ယခုသောက်ကြတဲ့သူတွေဟာ ပိုးသတ် ဆေးနဲ့ မှားသောက်တာလို့ သိရပါတယ်။
"အရက်ပျံနဲ့ပိုးသတ်ဆေးကအရည် အရောင်တူတာ အနံကတော့ကွာပါတယ်။ ခွဲခန်းတွေဆေးရုံထဲမှာသန့်ရှင်းအောင်ပိုးသတ်တဲ့ဆေးရည််ရေနဲ့ရောပြီးသုံးရတယ်။ ဆေးကတော်တော်ပြင်းတယ်လေ။ သောက်မိရင်တော့သေနိုင်တယ်"လို့ ကျန်းမာ ရေးဝန်ထမ်းက ဆက်ရှင်းပြပါတယ်။
ကောလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း " မြို့ထဲမှာက ခပဲရှိတာဆိုတော့ သတင်းထွက်မလာသေးဘူး။ဖြစ်နိုင်ပါတယ်။ဒီကောင်တွေအရက်ပြတ်လပ်သွားလို့ဖြစ်တယ်။အရင်ပျံကိုဆားထည့်လိုက်ရင် အရက်ဖြစ်သွားတာကို သောက်ကြတာ"လို့ ပြောပါတယ်။
ကောလင်းမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးမြို့အတွင်း တပ်စွဲထားကာ ဝန်းသိုမြို့နယ်ကတပ်တွေက ကောလင်းမြို့နယ်အစပ်ကို စစ်ကြောင်းထိုးနေတာတွေရှိတယ်လို့ သိရပါတယ်။

👏49😁12❤6🤔1🖕1
ဖလမ်းမှ ဟားခါးမြို့လာတဲ့ စစ်တပ်စစ်ကြောင်း မြို့အဝင်မှာ တိုက်ခိုက်ခံရ
▪️စစ်တပ် ၁၁ဦးသေ၊ အရာရှိလည်းပါဝင်ဟု CNA ခန့်မှန်း
မေ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဟားခါးမြို့ကို သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မေလ ၁၅ရက်မှာ ဟားခါးမြို့အဝင် ချွန်ကျုံးရွာနဲ့မြို့အကြားမှာ ချင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောပါတယ်။
စစ်တပ်ဟာ ဖလမ်းမြို့ကို ဧပြီလကုန်ပိုင်းမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မေလဆန်းမှာ ဖလမ်းကနေ မိုင် ၄၀ခန့် ကွာဝေးတဲ့ ဟားခါးမြို့ကို ဆက်လက်ထိုးစစ်ဆင် လာတာဖြစ်ပါတယ်။
ဖလမ်း-ဟားခါး လမ်းပိုင်းဟာ ပုံမှန် မော်တော်ယာဉ်နဲ့ သွားရင် တစ်နာရီခွဲ ဝန်းကျင်သာ ကြာမြင့်ပေမယ့် စစ်တပ်ဟာ လဝက်ခန့် (သုံးပတ်နီးပါး)ကြာမြင့်ခဲ့ပါတယ်။
" မနေ့က ဆိုရင်တော့ ချွန်ကျုံးနဲ့ ဟာခါးအကြားမှာ ကျနော်တို့ ဘက်က လက်ဖြောင့်တပ်တွေက ၁၁ယောက်ကို စီရင်နိုင်ခဲ့တယ်။အဲဒီမှာ တပ်ရင်းမှူးလို့ ထင်ရတဲ့ အရာရှိတယောက်တော့ ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက ဆိုင်ကယ်ပေါ်ကနေ ပြီး အမိန့်ပေးနေတာမျိုးဆိုတော့ ဒါက အရာရှိ အဆင့်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်တော့ မရှိဘူးပေါ့။ အဲဒါ ဟားခါး မနေ့က အနေအထားထိပေါ့။ ဒီနေ့အခြေအနေကတော့ မသိရသေးဘူး” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဖလမ်းကနေ ဟားခါးမြို့ကိုလာတဲ့ လမ်းတလျှောက်မှာ ချင်းပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုခံရတဲ့ စစ်တပ်ဟာ အလောင်းတွေ မသယ်ဘဲ ချန်ထားရစ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။
" အရင်တိုက်ပွဲတွေတုန်းက လိုင်ကွာနားမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ သူတို့ သယ်မသွားနိုင်တဲ့ ရန်သူ့အလောင်း ၆လောင်းတော့ ကျနော်တို့ တွေ့တာပေါ့။ ဟားခါး-နဲ့ ဖလမ်းကြား အရင် ကျနော်တို့ စိုးမိုးထားတဲ့နေရာတွေကို ခု ပြန်ပြီးတော့ စိုးမိုးနိုင်ခဲ့တယ်လို့ ပြောရမှာပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းလာကြိုတဲ့ ဟားခါးမြို့ခံတပ်ကိုလည်း ဟားခါးမြို့တွင်းမှာ ချင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
ဟားခါးမြို့တွင်း တိုက်ပွဲမှာ စစ်တပ်က အရာရှိ ၃ဦး အပါအဝင် ၈ဦး ဒဏ်ရာရကာ ၄ဦးသေဆုံးခဲ့ကြောင်း ပြောပါတယ်။
စစ်တပ်ဟာ ဖလမ်းမြို့ကို ထိန်းချုပ်နောက် တီးတိန်မြို့နယ်ဘက်ကို စစ်အင်အားဖြည့်တာ တွန်းဇံမြို့ ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တာ လည်းပြုလုပ်ခဲ့လို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေပါတယ်။

❤35👍19🥰2👏2😁1😢1
ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်
မေ -၁၆၊၂၀၂၆။ဖိုးသား/People's Spring
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-
ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အင်အား ၁၀၀ကျော်နဲ့ ညောင်ဦး-ငါ့သ
ရောက်လမ်းပိုင်းကို နယ်မြေရှင်းလင်းဖို့ မေလ ၁၃ ရက်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲ ဖြစ်
နေတာလို့ Earth Quake Peoples Defence Force တပ်က တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လက်တလောမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ထားပြီး စစ်
တပ်က ၄ဦးသေဆုံးကာ ထိခိုက်သူတွေလည်း ရှိတယ်လို့ အသိပေးပါတယ်။
"စစ်တပ်စစ်ကြောင်းက ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာပဲ ရှိသေးတယ်။နယ်မြေရှင်းဖို့ လာတာလို့ပဲ လတ်တလော ခန့်မှန်းရတယ်။စစ်ဆိုင်ထားရတဲ့ အခြေအနေ ရှိတယ်"လို့ Earth Quake Peoples Defence Force တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ထံက ကျည်အနည်းငယ်နဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိတယ်လို့လည်း သူက ဆိုပါတယ်။
လက်တလောမှာ စစ်တပ်စစ်ကြောင်းဟာ ငါ့သ
ရောက်မြို့အတွင်း ဝင်နေပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ညောင်ဦး ပကဖတာဝန်ရှိသူက ပြောပါတယ်။
21Bagan- People Defense Forceတပ်ကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားပြီး ပြည်သူတွေ အနေနဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ
အနေ၊ စစ်ရေးအခြေအနေတွေကို သတိရှိဖို့ ထုတ်ပြန်ထားပါတယ်။
ညောင်ဦး-ငါ့သရောက်လမ်းပိုင်းက စစ်တပ်စစ်ကြောင်းကို ပခုက္ကူခရိုင် Local တပ်ရင်း(PDLB)၊ 21Bagan- People Defense Force ၊ Good Brothers၊ ဒေါင်းရင်သွေးပြောက် ကျားတပ်ဖွဲ့-DYT၊Bagan Garuda Force နဲ့ Earthquake People's Defense Force တို့ တားဆီးတိုက်ခိုက်နေပါတယ်။
စစ်တပ်က ညောင်ဦးမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာခြောက်ရွာထက်မနည်းမီးရှို့ခံထားရပြီး ဒေသခံ တစ်သောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။
အဲဒီစစ်ကြောင်းက ဆိပ်ဖြူ- ပခုက္ကူလမ်းပိုင်း ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ပါတယ်။

👍34❤11
တိုက်ပွဲဖြစ်ပွားနေစဥ်။ ။ဓါတ်ပုံ- 21Bagan- People Defense Force
❤30👍17👏1