People's Spring
63.1K subscribers
66K photos
1.15K videos
7 files
2.87K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
42👍4🥰2👏1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ကျော် ဖမ်းဆီး

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က ဆောမြို့ကို ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မနေ့က ရွာသားတစ်ဦး ဆောဘက်ကို ဆိုင်ကယ်နဲ့သွားတာ ဖမ်းဆီးခံရသလို ညပိုင်းမှာလည်း စစ်တပ်က လူ ၂၀ လောက် ထပ်မံ ဖမ်းဆီးတယ်လို့ ဒေသခံက ပြောပါတယ်။ ​ဆောမြို့မှာ လူငယ်တစ်ဦးကို ဖမ်းဆီးပြီး စစ်သား​တွေက ခြိမ်း​ခြောက် နှိပ်စက်​နေတဲ့ ဗီဒီယိုဖိုင် တဖိုင်ကိုလည်း စစ်သား တစ်ဦးက တစ်​တော့(Tiktok) မှာတင်ထားပါတယ်။ သူဟာ အဖွဲ့ထဲမှာ မပါကြောင်းနဲ့ သူ့အ​မေက ငါး​ရောင်းစား​နေတာလို့ လက်​နောက်ပြန်ကြိုးတုပ်ရက် အဖမ်းခံရတဲ့လူငယ်က ငိုရင်း စစ်သား​တွေကို​ ပြောတာကို မြင်​တွေ့ရပါတယ်။ ဆောမြို့ကို ရောက်နေတဲ့ စစ်တပ်က အင်အား ၃၀ လောက်ဟာ အကြည်ကတင်းကျေးရွာဘက်ကို ရှေ့ပြေးအဖြစ်ထွက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

◾️ကနီ ဒေသခံ အမျိုးသား ၁၀ဦးကို စစ်တပ် ဖမ်းဆီးသွားပြီးနောက် သတင်းအစ ပျောက်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။ ကနီမြို့နယ် သမင်ခြံရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ရွာထဲက နေအိမ်တွေကို မွှေနှောက်ကာ ဒေသခံအမျိုးသား ၁၀ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မေလ၁၃ ရက် မနက်ပိုင်းမှာ နေအိမ်တချို့ကို ထပ်မံမီးရှို့ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ ကနီမြိုပေါ်ကို တကြောင်းခွဲထွက်ကာ ယင်းမာပင်မြို့နယ်အတွင်းကိုလည်း တကြောင်းခွဲထွက်သွားတယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ်ထဲကို ထွက်သွားတဲ့ စစ်ကြောင်းဟာ ပြည်သူပိုင်ပစ္စည်းတွေကို လှည်း ၁၈စီးနဲ့ သယ်သွားပြီး ကား၊ဆိုင်ကယ်တွေကိုပါ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

◾️ပုဏ္ဏားကျွန်းမြို့ကို စစ်တပ် ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီနေ့ မေလ ၁၅ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံကို မနက် ၉နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းပုံမှန်ထက်မိုးကောင်းနေလို့ ဒေသခံတွေအနေနဲ့ ရေဘေးကို သတိထားနေရတဲ့အချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။

◾️စစ်တပ်က စစ်မှုထမ်းအကျုံးဝင်သူအားလုံး မှတ်ပုံတင်ဖို့ စီစဉ်နေ

အာဏာသိမ်းစစ်တပ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ မေလ ၁၄ ရက် မနေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စစ်မှုထမ်းရမယ့် အင်အားအချက်အလက်အမှန်ရရှိရေး၊ နယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာ လဝကနဲ့ ပေါင်းပြီး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ မှာခဲ့တာပါ။ ဒါ့အပြင် မှတ်ပုံတင်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမယ်လို့ သူက ထပ်မံမှာကြားခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာတော့ ပြီးခဲတဲ့ ဧပြီအတွင်းက အသက်(၁၀)နှစ်နဲ့ (၁၈)နှစ်ပြည့်သူတွေကို စစ်တပ်က မှတ်ပုံတင်လုပ်ပေးခဲ့ပြီး လက်ရှိမှာ စစ်မှုထမ်းစာရင်းတွေကို လိုက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

◾️မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်
👍114🔥2🤬2
ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မေလ ၁၃ ရက်က စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့က မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်စစ်ကြောင်းတွေ နောက်ပြန်ဆုတ်သွားရတယ်လို့ ရှမ်းတောင်နဲ့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မိုးဗြဲစက်တော် လွယ်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာလို့ ထိတွေ့မှုဖြစ်ခဲ့ပြီး တိုးလိုက်ဆုတ်လိုက်နဲ့ နှစ်ဘက်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့ သူက ဆိုပါတယ်။ စစ်တပ်နဲ့ PNO ပူးပေါင်းအင်အားကိုကြည့်ရင် PNOက ပိုများနေတာတွေ တွေ့ရပြီး လောလောဆယ် သူတို့အထိနာလို့ပြန်ဆုတ်သွားတယ်လို့ မြေပြင်မှာရှိနေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို တားဆီးတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲ တာဝန်ရှိသူအချို့က လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

◾️ပေါင်းတည်မှာ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။​ ပြီးခဲ့တဲ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ အင်အား (၆၀)​ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်မှာ ရှိတဲ့ အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ(၂)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ် စစ်ကြောင်းကို ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး (၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက​ ပြောပါတယ်။ စစ်တပ်စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ကျေးရွာအတွင်းက ပြည်သူပိုင်ဆိုင်ကယ်(၆)စီး၊ နွား (၂)ကောင်ကို လုယက်ခိုးယူကာ လူနေအိမ် ( ၉ ) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မိုင်းဆွဲခံရပြီး ပေါက်တောကျေးရွာ ခမရ(၁၀)ထဲပြန်ဝင်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းပြီး ဒီနေ့ မေလ ၁၅ရက်မှာ ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်ကွက်သစ်ကျေးရွာကို ရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

◾️SCEFနဲ့ မန္တလေးဒေသ လွှတ်တော်၊ အုပ်ချုပ်ရေးကောင်စီ တွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) နဲ့ မန္တလေးဒေသလွှတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ မေလ ၁၄ရက်မှာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး မန္တလေးဒေသအနေနဲ့ SCEF စုဖွဲ့မှုမှာ ပါဝင်ရေးဆွေးနွေးခဲ့တယ်လို့ SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။ အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များ၊ မန္တလေးဒေသမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ CRMH အတွင်းရေးမှူး၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဌာနကြီးမှူးများ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ SCEF ဟာ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် မန္တလေးဒေသအနေဖြင့် ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးမှု အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပါဘူး။ SCEFဟာ မေလ ၁၃ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့နဲ့ တွေ့ဆုံပြီး အခုလိုပဲ SCEF စုဖွဲ့မှုမှာ ပါဝင်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

◾️စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ဖို့လိုတယ်လို့ ချင်းတပ် CPU ခေါင်းဆောင်တွေပြော
👍115🔥2
ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ဖို့လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။ ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ကို အင်အားရာချီပါတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ မေလ ၁၄ရက်မှာ ဝင်ရောက်လာတဲ့ အခြေအနေမှာ CPU/CPA ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်တို့က စစ်တပ်ကို အတူပူးပေါင်း တိုက်ခိုက်ဖို့ လိုအပ်မှု အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။ ယောဒေသအခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဆောမြို့နယ်မှာ လှုပ်ရှားနေကြပေမယ့် အဲဒီအဖွဲ့တွေအနေနဲ့ ဆောကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက်ခြင်း မလုပ်တာကို အားမလို အားမရ ဖြစ်ရကြောင်း ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။ ဆလိုင်းယောမာန်ကလည်း ချင်းနဲ့ ယောဒေသ ညီညွတ်ရေးလိုအပ်မှုကို လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ယောနယ်က တော်လှန်ရေးကို အားမရကြပေမယ့် ယောသူ၊ ယောသားတွေကတော့ တော်လှန်ရေးမှာ အင်မတန် တာဝန်ကျေတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆလိုင်းယောမာန်က ချင်းပြည်နယ် မင်းတပ် တော်လှန်ရေးမျာ ယောသူယောသားတွေဟာ ဒေသခံချင်းလူမျိုးတွေထက် ပိုမိုရက်ရက်ရောရော ထည့်ဝင်ခဲ့ကြတဲ့ အခြေအနေကို ပြောပါတယ်။

◾️ကလေးထောင်မှာ နိုင်ကျဉ်းတွေ အစာအငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်အတွင်း ဖိနှိပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးမှုအပေါ် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။ ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ ‘ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ မေလ ၂ ရက်မှာ ထောင်ကကျွေးတဲ့ ထမင်းမစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ PPNMက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှု လုံးဝမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ခွဲခြားဆက်ဆံတာကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။ အစာအငတ်ခံဆန္ဒပြရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကနေ နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား/သူများရဲ့ အခွင့်အရေး အပြည့်အဝ ရရှိရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

◾️လန်ဒန်မြို့ရှိ စစ်တပ်သံရုံးစီစဥ်တဲ့ ဆွေးနွေးပွဲ ဆန္ဒပြမှုတွေကြောင့် ဖျက်သိမ်းခဲ့ရ

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။ Burma Campaign UK၊ Stars of Myanmar Friendship အပါအဝင် ဗြိတိန်ရောက် မြန်မာအဖွဲ့အစည်းတွေက စစ်တပ်ရဲ့ လက်အောက်ခံသံရုံး ကျင်းပဖို့ စီစဥ်ထားတဲ့ ဆွေးနွေးပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုခဲ့သလို ဆွေးနွေးပွဲကျင်းပဖြစ်ခဲ့ရင် ကျင်းပချိန်အတွင်း ဆန္ဒပြဖို့လည်း စီစဥ်ထားခဲ့တာပါ။ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေက အဲဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရနိုင်ဖွယ်ရှိတဲ့ သံအမတ်ကြီးတွေကိုလည်း ဆွေးနွေးပွဲ မတက်ရောက်ဖို့ စာရေးသားပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲတွေ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှုကို အသည်းအသန်ရယူဖို့ရည်ရွယ်ပြီး အခုလို ဟန်ပြပွင့်လင်းတဲ့ဆွေးနွေးပွဲကို ပြည်သူ့ဆက်ဆံရေးထိုးစစ်ရဲ့ အစိတ်အပိုင်းအဖြစ် ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။

◾️ရှမ်းတောင်မှာ မိုးကြီးမှု‌နောက်ဆက်တွဲ မြေပြိုမှု ကြုံတွေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေ စတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ မေလ ၁၀ရက်ကတည်းက မိုးရွာသွန်းခဲ့ပြီး မေလ ၁၂ရက်မှာ‌တော့ ပင်းတယမြို့က မြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စျေးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မေလ ၁၃ရက်မှာတော့ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြိုမှုတွေဖြစ်လာပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးပိုင်းက ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

◾️Proof of Life လှုပ်ရှားမှု
👍114🔥3🤬2
မကွေးတိုင်း ပေါက်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှုကို ပေါက်မြို့နယ်က တော်လှန်ပြည်သူတွေနဲ့ ဆားလင်းကြီးမြို့နယ် - လက်ပံတောင်းတောင်ပင်မသပိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဆန္ဒပြပြည်သူတွေက "Proof of Life"၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
👍18🔥2
👍135🔥2😁2
😢153🔥2
အခုဆိုရင် အလုပ်သမားတွေဟာ ခွင့်ပြန်ထွက်ခွာခွင့်ရဖို့အတွက် ပွဲစားတွေကို အားကိုးနေရကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ အဆိုးဝါးဆုံးကတော့ VIP လမ်းကြောင်းလို့ ခေါ်တဲ့ အမြန်လမ်းကြောင်းတွေပါ။ သိန်း ၇၀၊ ၈၀ ကနေ သိန်း ၁၀၀ အထိ တောင်းဆိုနေတာတွေ ရှိနေကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ “ ပွဲစားနဲ့အပ်လည်း ကျချင်မှကျတာ” လို့ ခွင့်ပြန်အလုပ်သမားတစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံကနေ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁ ဒသမ ၁၂ သန်းခန့် ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ထုတ်ပြန်ချက်တွေအရတော့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေမှာ ၄ ဒသမ ၂ သန်းကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်အုပ်စု ဒုက္ခပေးမှုတွေကြောင့် လေးသန်းကျော်သော ပြည်သူတွေဟာအိမ်ပြန်ဖို့စဥ်းစားတိုင်း သောကတွေ များနေရပါတယ်။

“ နောက်ဆိုအဝင်ပဲလက်ခံမယ်။ ပြန်အထွက်မခံဘူးဆိုတာတွေ ဖြစ်လာတော့မယ်ထင်တာပဲ” လို့ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောလိုက်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/05/02/155871/
👍22😢93😁2
ချင်းတပ် CNO/CNDF က သင်တန်းဆင်းရဲဘော်တွေကို ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ပါစတဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်းပေး

မေ-၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

CNO/CNDFဟာ ချင်းမြောက်ပိုင်း ဖလမ်းမြို့နယ် အခြေစိုက်တာ ဖြစ်ပြီး အဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲကို စစ်သင်တန်းကျောင်း တနေရာမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ CNO/CNDF ရဲ့ ကာကွယ်ရေးအတွင်းရေးမှူး (DS)နဲ့ ဒုတိယစစ်ဦးစီးချုပ် (VCS) တို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို အားပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

“ကျနော်တို့ CNO/CNDF အနေနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်၊ ပြည်သူလူထုရဲ့ ယုံကြည်မှုအပြည့်နဲ့ တစ်သားတည်းရပ်တည်ပေးမှုတွေကြောင့်နှင့် အားလုံးစည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှုတွေကြောင့် လုပ်စရာတွေ အကောင်းဆုံး ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ CNO/CNDF ခေါင်းဆောင်တဦးက သင်တန်းဆင်းပွဲ သတင်းကို လူမှုကွန်ရက်မှာ မျှဝေပြီးရေးသားထားပါတယ်။

အခုသင်တန်းဆင်းရဲဘော်တွေဟာ ချင်းပြည်၊ ချင်းလူမျိုးနဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် တိုက်ပွဲဝင်တာဝန်ထမ်းဆောင်နိုင်ဖို့ကြောင်း အသိပေးထားပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ရဲ့ အမှတ် (၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်ကြမယ့်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ စစ်တပ်ဟာ ၂၀၂၅ အောက်တိုဘာမှာ ဖလမ်းမြို့ အပါအဝင် ချင်းမြောက်ပိုင်းဒေသတွေပြန်ရဖို့ စစ်အင်အားအလုံးအရင်း လေကြောင်း ပစ်ကူများစွာ သုံးထိုးစစ်ဆင်ခဲ့ရာ စစ်တပ်ရဲ့ ထိုးစစ်ကို ချင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းခုခံခဲ့ပါတယ်။

တိုက်ပွဲ ၆လ ကျော်ကြာမြင့်ခဲ့ပြီး ၂၀၂၆ဧပြီလကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အင်အား ၃၀၀နဲ့ ၅၀၀ ကြားသေဆုံးထိခိုက်ခဲ့ပြီး လက်နက် မျိုးစုံ အလက် ၂၀၀ ကျော်ကို ချင်းပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။ ခုခံတိုက်ပွဲအတွင်းချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတို့က ချင်းတော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။
42👍13😁3🖕2👏1
ဓာတ်ပုံ - Chin National Organization
43👍11🖕2🫡2😁1