(စစ်တပ်စစ်ကြောင်းက သမင်ခြံရွာရှိ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬25👎3🔥1👏1😢1
ရှမ်းတောင်မှာ မိုးကြီးမှုနောက်ဆက်တွဲ မြေပြိုမှုကြုံတွေ့လာ
မေ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ မေလ ၁၀ရက်ကတည်းက မိုးရွာသွန်းခဲ့ပြီး မေလ ၁၂ရက်မှာတော့ ပင်းတယမြို့က မြို့မဈေးအနီးမှာ အုတ်တံတိုင်းပြိုကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စျေးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
မေလ ၁၃ရက်မှာတော့ တောင်ကြီးမြို့၊တောင်ပြိုကျေးရွာမှာ မြေပြိုမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ကုန်းမြင့်ဒေသဆိုတော့ မိုးများလာတဲ့အခါ တောင်ကမူတွေက ပဲ့ကျနေတာ။ ဒီရက်ပိုင်းဖြစ်နေတဲ့ပုံကအန္တရာယ်ကြီးတယ်။ မိုးက မရပ်သေးဘဲ ဆက်ပြီးတော့ရွာနေတယ်"လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
မြေပြိုမှုတွေဖြစ်လာပေမယ့် စစ်တပ်ရဲ့အုပ်ချုပ်ရေးပိုင်းက ကြိုတင်ကာကွယ်ရေးအစီအမံတွေလုပ်ဆောင်တာမတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ယခုရက်ပိုင်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပါတယ်။လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာ မိုးရွာနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၀၂၄ မိုးရာသီကာလက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့ပြီး ဆိုးရွားတဲ့ရေဘေးနဲ့ မြေပြုမှု ဘေးအန္တရာယ်ကိုရင်ဆိုင်ခဲ့ရပါတယ်။

👎9😢6🔥3❤1👍1
SCEFနဲ့ မန္တလေးဒေသ လွှတ်တော်၊ အုပ်ချုပ်ရေးကောင်စီ တွေ့ဆုံ၊ စုဖွဲ့မှုပါဝင်ရေး ဆွေးနွေး
မေ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) နဲ့ မန္တလေးဒေသလွှတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ မေလ ၁၄ရက်မှာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး မန္တလေးဒေသအနေနဲ့ SCEF စုဖွဲ့မှုမှာ ပါဝင်ရေးဆွေးနွေးခဲ့တယ်လို့ SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။
အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များ၊ မန္တလေးဒေသမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ CRMH အတွင်းရေးမှူး၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဌာနကြီးမှူးများတက်ရောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
SCEF ဟာ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် မန္တလေးဒေသအနေဖြင့် ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ဆွေးနွေးမှု အသေးစိတ် အခြေအနေတွေ ဖော်ပြမထားပါဘူး။
SCEFဟာ မေလ ၁၃ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့နဲ့ တွေ့ဆုံပြီး အခုလိုပဲ SCEF စုဖွဲ့မှုမှာ ပါဝင်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတဲ့ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေးကို နှစ်လအတွင်း ကြိုးပမ်းလုပ်ဆောင်မယ်လို့ SCEF ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။

🥰16👍10❤7🔥1
စစ်တပ်က စစ်မှုထမ်းအကျုံးဝင်သူအားလုံး မှတ်ပုံတင်ဖို့ စီစဉ်နေ
မေ ၁၅၊၂၀၂၆။ဟာနာဆန်/People's Spring
အာဏာသိမ်းစစ်တပ်က လူတင်မှူကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။
မနေ့က မေလ ၁၄ ရက် နေပြည်တော်မှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်မှုထမ်းရမယ့် အင်အားအချက်အလက်အမှန်ရရှိရေး၊ နယ်မြေအတွင်း အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနနဲ့ ပေါင်းပြီး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ မှာခဲ့တာပါ။
ဒါ့အပြင် မှတ်ပုံတင်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမယ်လို့ ၎င်းက ထပ်မံမှာကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာတော့ ပြီးခဲတဲ့ ဧပြီအတွင်းက အသက်(၁၀)နှစ်နဲ့ (၁၈)နှစ်ပြည့်သူတွေကို စစ်တပ်က မှတ်ပုံတင်လုပ်ပေးခဲ့ပြီး ယခုအခါ စစ်မှုထမ်းစာရင်းတွေကို လိုက်ကပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
"မြို့ပေါ်ရပ်ကွက်တွေမှာ အကုန်လိုက်ကပ်နေတာ။"လို့ စစ်ကိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ လက်ရှိမှာ စစ်မှုထမ်း အပတ်စဥ် (၂)ခု တပြိုင်တည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်သင်တန်းဆင်း လူငယ်တွေဟာ စစ်မြေပြင်သို့ အကာအကွယ်မဲ့ ပို့ဆောင်ခံနေရပြီး အသက်ဆုံးရှုံးမှုများပြားနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

🤮24❤10👎5🔥1
မြန်မာ့ကျွန်းကို ဇိမ်ခံရွက်လှေ ဆောက်လုပ်မှုမှာ တရားမဝင်အသုံးပြုခဲ့တဲ့ ကုမ္ပဏီကို အမေရိကန်တရားရေးဝန်ကြီးဌာန
မေ-၁၅၊၂၀၂၆။People's Spring
အမေရိကန် ရွက်လှေ လုပ်ငန်းတစ်ခုဟာ မြန်မာ
နိုင်ငံကနေ ယူဆောင်လာတဲ့ ကျွန်းသစ်တွေကို ဇိမ်ခံရွက်လှေ တည်ဆောက်မှုတွေမှာ တရားမဝင် အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဗြိတိန် ရွက်လှေ လုပ်ငန်းစုကြီး Sunseeker International ရဲ့ အမေရိကန် လုပ်ငန်းခွဲဖြစ်တဲ့ Sunseeker USA Salesက အဲဒီ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့တာကို အမေရိကန်ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေးဌာန (EIA)က ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက တရားမဝင် ထုတ်လုပ်တဲ့ ကျွန်းသစ်တွေကို ထုတ်
ကုန်အတွက်အသုံးပြုခြင်းဟာအမေရိကန်မှာ ဥပ
ဒေ ချိုးဖောက်မှု မြောက်ပါတယ်။
EIAရဲ့ အဆိုအရ ကျွန်းသစ်တွေကို မြန်မာနိုင်ငံကနေတရားမဝင်နည်းလမ်းတွေနဲ့ ထုတ်လုပ် ရယူခဲ့တာဖြစ်ပြီးအမေရိကန်မှာရောင်းချတဲ့ဇိမ်ခံ တန်ဖိုးကြီး ရွက်လှေတွေ တည်ဆောက်ရာမှာ ထည့်သွင်း အသုံးပြုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ လေဆီ အက်ဥပဒေဟာ သားရိုင်းတိရစ္ဆာန်၊ ငါးမျိုးစိတ်တွေနဲ့ သဘာဝသယံဇာတတွေကိုတရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွေကို တားမြစ်ထားပါတယ်။
အမေရိကန်တရားရေးဝန်ကြီးဌာနက Sunseeker
USAဟာ လေဆီအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံပြီး ဒဏ်ကြေး ဒေါ်လာ ၂ သိန်း ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ပြောပါတယ်။အဲဒီ ဒဏ်ငွေပြစ်ဒဏ်ကိုဩဂုတ်၂၀ ရက်မှာတရားဝင် ချမှတ်မှာဖြစ်ပြီး ကုမ္ပဏီဘက်က်က လေးစားလိုက်နာမယ်လို့ အစိုးရ ရှေ့နေတွေနဲ့ ညှိနှိုင်း အသိ
ပေးထားပါတယ်။
ဒီဖြစ်ရပ်ဟာတရားမဝင်သစ်ထုတ်လုပ်မှုတွေနဲ့ နောက်ဆက်တွဲ အလွဲသုံးစားမှုတွေကိုထိထိရောက်ရောက်တားဆီးနိုင်ဖို့အတွက် အားကောင်းတဲ့ ဥပ
ဒေစည်းမျဉ်းတွေလိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေကြောင်း EIAက ဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ကျွန်းသစ်တွေ ထုတ်
လုပ်မှုဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သွယ်ဝိုက် အားပေးနေတယ်လို့လည်း EIAက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ မှာ အာဏာသိမ်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ ကျွန်းသစ်တွေ ပြည်ပကို တင်ပို့ရောင်းချမှုကနေ ဝင်ငွေ ရှာဖွေနေတာကြောင့် ဖြစ်ပါတယ်။
မိခင်ကုမ္ပဏီ Sunseekerဟာလည်း ကုန်ကြမ်း ကွင်းဆက်ထဲမှာ မြန်မာ့ကျွန်းသစ်တွေ အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိလို့ ၂၀၂၄ ခုနှစ်တုန်းက ဗြိတိန်မှာ ဒဏ်ရိုက်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ လေ့လာသူတွေက မြန်မာ့ကျွန်းသစ်ဟာ တရားမဝင် သစ်ခုတ်မှု၊ အဂတိမှု၊ စစ်တပ်အတွက် ရန်ပုံငွေ ရှာဖွေပေးမှုတွေနဲ့ နက်
နက်ရှိုင်းရှိုင်း ပတ်သက် ဆက်နွှယ်နေတယ်လို့ ပြောပါတယ်။လက်ရှိ စစ်တပ်လက်အောက်ရောက်နေတဲ့မြန်မာ့သစ်လုပ်ငန်း (MTE)ဟာလည်း အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)နဲ့ ဗြိတိန်တို့ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။
ကိုးကား- EIA

❤31👍18👏3🥰2🔥1
ပေါင်းတည်မှာ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ
မေ-၁၅၊၂၀၂၆။ဒလပန်း/People's Spring
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင်
၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီက
နေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့မေလ ၁၁ ရက် မနက်ပိုင်းမှာ ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်
လာတဲ့ အင်အား (၆၀) ဝန်းကျင်ပါ စစ်တပ် စစ်
ကြောင်းကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူး
တိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ(၂) က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းကို (၇)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး (၂)ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်
ဖွဲ့ဝင်တွေကပြောပါတယ်။
စစ်တပ်စစ်ကြောင်းကလက်နက်ကြီး၊လက်နက်
ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင်ကျေးရွာအတွင်းကပြည်သူပိုင်ဆိုင်ကယ် (၆)စီး၊ နွား (၂)ကောင်ကို လုယက်ခိုးယူကာ လူနေအိမ် ( ၉ ) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။
"ပေါင်းတည်မြို့နယ်၊ပေါက်တောကျေးရွာ ခမရ ၁၀ တပ်ထဲက ထွက်လာတဲ့ စစ်ကြောင်းပါ။ မိုင်းဆွဲပြီးတဲ့နောက်မှာတော့ သူတို့က သေဆုံးလူနာတွေကို ကောက်သွားပြီး တပ်ထဲပြန်ဝင်သွားကြတယ်" လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော် Shadow ကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်းတော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲခံရပြီးပေါက်တောကျေးရွာခမရ(၁၀)တပ်ထဲပြန်ဝင်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ အင်
အားပြန်လည်ဖြည့်တင်းပြီးမေလ၁၅ရက်မှာ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ်ကျေးရွာကို ရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

❤18👍12🔥2🥰2
လန်ဒန်မြို့ရှိ စစ်တပ်သံရုံးစီစဥ်တဲ့ ဆွေးနွေးပွဲ ဆန္ဒပြမှုတွေကြောင့် ဖျက်သိမ်းခဲ့ရ
မေ-၁၅၊ ၂၀၂၆။ People’s Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
Burma Campaign UK၊ Stars of Myanmar Friendship အပါအဝင် ဗြိတိန်ရောက် မြန်မာအဖွဲ့အစည်းတွေက စစ်တပ်ရဲ့ လက်အောက်ခံသံရုံး ကျင်းပဖို့ စီစဥ်ထားတဲ့ ဆွေးနွေးပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုခဲ့သလို ဆွေးနွေးပွဲကျင်းပဖြစ်ခဲ့ရင် ကျင်းပချိန်အတွင်း ဆန္ဒပြဖို့လည်း စီစဥ်ထားခဲ့တာပါ။ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေက အဲဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရနိုင်ဖွယ်ရှိတဲ့ သံအမတ်ကြီးတွေကိုလည်း ဆွေးနွေးပွဲ မတက်ရောက်ဖို့ စာရေးသားပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
“ဒါဟာ လန်ဒန်ရှိ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာသံရုံးအတွက်အရှက်ရဖွယ်ပါပဲ။ မြန်မာနိုင်ငံမှာ ပွင့်လင်းတဲ့ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပိတ်ပင်ထားပြီး အဲဒီမှာ အဲဒီလို ကျင်းပခွင့်ရနိုင်မယ်လို့ ထင်နေတာက ရယ်စရာကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ စစ်တပ်သံရုံးက တရားဝင်မှုရဖို့ ကြိုးစားနေတာကို ဟန့်တားသွားမှာဖြစ်သလို့ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်ကနေ ပြည်နှင်ဒဏ်ပေးအောင်လည်း ဆက်လက်လှုံ့ဆော်သွားမှာပါ”လို့ Burma Campaign UK စည်းရုံးလှုံ့ဆော်ရေးအရာရှိ ကိုမင်းတင့်ဗိုလ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲတွေ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှုကို အသည်းအသန်ရယူဖို့ရည်ရွယ်ပြီး အခုလို ဟန်ပြပွင့်လင်းတဲ့ဆွေးနွေးပွဲကို ပြည်သူ့ဆက်ဆံရေးထိုးစစ်ရဲ့ အစိတ်အပိုင်းအဖြစ် ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။
Stars of Myanmar Friendship အဖွဲ့ပူးတွဲတည်ထောင်သူ ဂျူလီခိုင်ကလည်း စစ်ရာဇဝတ်သားမင်းအောင်လှိုင်အတွက် ဝါဒဖြန့်ပေးနေတဲ့ စစ်တပ်သံရုံးရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသွားမှာဖြစ်ပြီး တရားမဝင် စစ်အစိုးရကို အသိအမှတ်မပြုဘူးလို့လည်း အခိုင်အမာဆိုပါတယ်။
စစ်တပ်ရဲ့ ဆွေးနွေးပွဲပျက်သွားပေမယ့် သံရုံးရှေ့မှာ ဒီနေ့ နေ့ခင်းပိုင်းက ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

❤32👏16👍2🥰2🔥1
(လန်ဒန်မြို့ စစ်တပ်ထိန်းချုပ် မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြနေကြသူများကို တွေ့ရစဥ်။ ဓာတ်ပုံ - Burma Campaign UK)
👍37❤15🥰2🔥1🫡1
စစ်တပ်ထိုးစစ်ဆင်မှု အတူပူးပေါင်းရင်ဆိုင်ရန်လိုဟု ချင်းတပ် CPU ခေါင်းဆောင်တွေပြော
မေ-၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။
ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ကို အင်အားရာချီပါတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ မေလ ၁၄ရက်မှာ ဝင်ရောက်လာတဲ့ အခြေအနေမှာ CPU/CPA ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်တို့က စစ်တပ်ကို အတူပူးပေါင်း တိုက်ခိုက်ဖို့ လိုအပ်မှု အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
ယောဒေအခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဆောမြို့နယ်မှာ လှုပ်ရှားနေကြပေမယ့် အဲဒီအဖွဲ့တွေအနေနဲ့ ဆောကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်း တိုက်ခိုက်ခြင်း မလုပ်တာကို အားမလို အားမရ ဖြစ်ရဟု ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။
" နေသာသလိုနေလို့ရတုန်းကနေကြပြီး အခက်ခဲဖြစ်လာပြီဆို ကိုယ်လွတ်ရုန်းပြီးထွက်ထွက်သွားကြတဲ့ ယောဒေသအတွင်းလက်နက်ကိုင်တဲ့သူတွေကိုပြောနေခြင်းသာဖြစ်ပါတယ်။အားလုံးစည်းလုံးပြီးရန်သူကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်"လို့ ဆလိုင်းထန်းချွန်းဖေက ရေးသားထားပါတယ်။
ဆလိုင်းယောမာန်ကလည်း ချင်းနဲ့ ယောဒေသ ညီညွတ်ရေးလိုအပ်မှုကို လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ယောနယ်က တော်လှန်ရေးကို အားမရကြပေမဲ့ယောသူ၊ ယောသားတွေကတော့ တော်လှန်ရေးမှာ အင်မတန် တာဝန်ကျေတဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆလိုင်းယောမာန်က ချင်းပြည်နယ် မင်းတပ် တော်လှန်ရေးမျာ ယောသူယောသားတွေဟာ ဒေသခံချင်းလူမျိုးတွေထက် ပိုမိုရက်ရက်ရောရော ထည့်ဝင်ခဲ့ကြတဲ့ အခြေအနေကို ပြောပါတယ်။
" ၂၀၂၁ ခုနှစ် မေလထဲမှာပဲ စကစ က လေကြောင်းကနေ လူချပြီး မင်းတပ်မြို့ကို စီးနင်းတိုက်ခိုက်တော့ မြို့ကနေစစ်ဘေးရှောင်ရတဲ့ ချင်းပြည်သူထောင်နဲ့ချီတဲ့တွေကို ယောသူယောသားတွေ လှိုက်လှိုက်လှဲလှဲ ကူညီကြတယ်။ နေရာထိုင်ခင်းပေးတယ်။ စားသောက်စရာတွေ ပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ယောနယ်ထဲ စစ်ဘေးရှောင်စခန်းဆောက်ပြီး နှစ်နဲ့ချီ အခြေချနေထိုင်နိုင်အောင် ကူညီခဲ့ကြပါတယ်။ ယောနယ်မှာ တိုက်ပွဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် အနေနဲ့ တိုက်ပွဲဖော်တိုင်းမှာလည်း စားသောက်ဖွယ်ရာတွေ လိုလေသေးမရှိ ကူညီကြတယ်။ ချင်းတော်လှန်ရေးအဖွဲ့မှ မဟုတ်ပါဘူး.. ယောတော်လှန်ရေးအဖွဲ့တွေ (Yaw PDF, YA, YDF) အကုန်လုံးကိုလည်း အစကနေ ဒီအချိန်အထိ (၅) နှစ်ကျော်ကာလ တောက်လျှောက် ယောပြည်သူတွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ဟင်းသီးဟင်းရွက်.. လုံးဝမပြတ်ရအောင် (ဝယ်စရာမလိုအောင်ကို) ရွာအလိုက် ပံ့ပိုးပြီး တော်လှန်ရေးကို ပါဝင်ကြတာ တွေ့မြင်နိုင်ပါတယ်” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။
ယောတော်လှန်ရေးအဖွဲ့တွေမှာ အားနည်းချက်တွေ အများကြီးရှိပေမဲ့ ယောပြည်သူတွေကတော့ ပြည်သူ့တာဝန်ကောင်းကောင်း ကျေပွန်ကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ဆောမြို့ပေါ်က စစ်တပ်တွေကို ၀ိုင်းဝန်းကိုင်တွယ်ခဲ့ပါက များစွာ မခက်ခဲဘဲ ရနိုင်ခြေရှိခဲ့ကြောင်း၊ ကန်ပက်လက်မြို့ လွတ်မြောက်ပြီးနောက်ပိုင်း ချင်းညီနောင်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ယောဒေသလွတ်မြောက်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာ ရှိခဲ့ပေမယ့် အကြောင်းအချို့ကြောင့် အထမမြောက်ခဲ့ဟု အသိပေးပါတယ်။
" တစ်ဘက်မှာလည်း တောင်ယောဒေသမှာ အထူးသဖြင့် ဆောလိုမြို့ကို သိမ်းဖို့ ပူးပေါင်းလုပ်ကြမယ်ပြောတိုင်း.. စီးပွားရေး အကြောင်းပြ၊ လမ်းကြောင်း အကြောင်းပြရင်း... နေသာသလိုနေခဲ့တာ။ ကိုယ့်နေရာလေး ကွက်ပြီးအေးတော့ နွေကို မပူဘူးထင်ရသလိုပေါ့လေ။ ဒီလိုနဲ့ ရုတ်တရက်လိုမျိုး စခတွေ လောင်းရှည်ကို အင်အားဖြည့်၊ တနေ့က လောင်းရှည်ကိုရောက်တော့ စခတွေ ဆောကိုဦးတည်ပြီး ထွက်လာတာ တစ်ရက်နဲ့ သီးကုန်းရွာ ရောက်တယ်။ သီးကုန်းကနေ မနေ့ကပဲ ဆောမြို့ထဲဝင်သွားတယ်"လို့ ဆလိုင်းယောမာန်က မေလ ၁၄ရက်မှာ စစ်ကောင်စီတပ်တွေ ဆောမြို့ကို ဝင်ရောက်နိုင်မှု အခြေအနေကို ရေးသားထားပါတယ်။
လက်တလောအချိန်မှာ ကိုယ့်အခြေအနေမှန် ကိုယ်သိပြီး ပူးပေါင်းကြဖို့ ညီညွတ်ကြဖို့လိုကြောင်းလည်း ဆလိုင်းယောမာန်က ရေးသားထားပါတယ်။
“စကမ ဟာ ယောတွေကို အသုံးချပြီး ချင်းတွေကို ဒုက္ခပေးမယ်။ နောက်တော့ ချင်းတွေကို အသုံးချပြီး ယောတွေကို ဒုက္ခပေးမှာပဲ။ ချင်းနဲ့ယော မတည့်ကြရင်... အဲဒါကို စကမ က အမြတ်ထုတ်မှာပဲ။ သူ့အကြိုက်ဖြစ်မှာပဲ။ ယောသူ၊ ယောသားတွေလည်း သူတို့ တတ်အားသမျှ ပါဝင်တဲ့အတိုင်း တော်လှန်ရေးရလဒ် မြင်ချင်ကြမှာပါ။ လူမျိုးတစ်မျိုးစီက ကိုယ့်အားသားချက်နဲ့ကိုယ်ပါ။ ဖြစ်ပြီးသားတွေ... ဖြစ်ခဲ့တာတွေ ကျနော်တို့ ထားလိုက်ပြီး အိမ်းနီးချင်းတွေ အချင်းချင်း ပူးပေါင်းကြမယ်၊ ကူညီရိုင်းပင်းကြမယ်ဆိုရင် စစ်ကော်မရှင်ကို ခုခံတွန်းလှန်တာမှာ အများကြီး ပိုထိရောက်မှာ ဖြစ်ပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

❤30👍13🥰3🔥1👏1
စစ်တပ်စစ်ကြောင်း ဆောမြို့ကို ဝင်နိုင်တာဟာ စစ်တပ်က အင်အားအများအပြား၊ အဆင့်မြင့်ဒရုန်းများနဲ့ လေကြောင်း ပစ်ကူသုံး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ဟန့်တားဖို့ အခက်ကြုံခဲ့တာလို့ ဆောမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဆောမြို့ကို စစ်တပ်အင်အားဖြည့်တင်းလာတာကို ဖြတ်တောက်ရေးတွေ လုပ်ဆောင်နေပေမယ့် အင်အားမမျှဘူးလို အသိပေးပါတယ်။
" သူတိုမှာ စစ်ကြောင်းတကြောင်းမှာ လူ ၅၀၀ နီးပါးလာတယ်။ ကျနော်တို ခုံခံပြီး မှ လုပ်တဲ့သူတွေက တရာ့လေးငါးဆယ် ဒီလောက်နဲ့ကာနေရတာ။ လက်နက်အင်အားကလည်း ကွာတယ်။ ကျည်အင်အားလည်းကွာတယ်။ နောက်ပြီး သူတို လေယာဉ်တွေကလည်းချတယ် သူတို ဒရုန်းတွေကလည်း တကယ့်အကောင်းစား ဒရုန်းတွေ အသုံးပြုတာ ဖြစ်တဲ့အတွက် ကျနော်တို ဒရုန်းတွေနဲ့ ချမယ်ဆိုရင်လည်း သူတိုက ဂျန်ဘာအကောင်းတွေနဲ့ ကျနော်တို ဒရုန်းတွေက သူတိုထဲ ဝင်လိုမရဖြစ်နေတယ်။ အဲဒါကြောင့်မိုလို ကျနော်တိုတွေက တဖြည်းဖြည်းနဲ့ နယ်မြေစွန့်လွှတ်လာရတာဖြစ်တယ်” လို ဆောမြိုနယ်အတွင်း တော်လှန်ရေး တပ်ဖွဲတာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လက်ရှိ ဆောဒေသ စစ်ရေးလှုပ်ရှားမှုဟာ ချင်းနဲ့ ရက္ခိုင်ကို ရိက္ခာဖြတ်တောက်ဖို အချက်အခြာကျတဲ့နေရာတွေကို တပ်စွဲနိုင်တယ်လို ဆောဒေသ သတင်းရင်းမြစ်က သုံးသပ်ပြီး နောက်ပိုင်းမှာ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နိုင်တယ်လို ခန့်မှန်းပါတယ်။
စစ်တပ်ဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ချင်းတောင်ပိုင်းက မင်းတပ် ကန်ပက်လက် မြို့နယ်တွေကို လေကြောင်းဗုံးကြဲတဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို ချင်း-မကွေးအစပ် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

👍26🥰4🔥2🕊2
ကလေးထောင်မှာ နိုင်ကျဉ်းတွေ အစာအငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့
မေ ၂၆၊ ၂၀၂၆ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်အတွင်း ဖိနှိပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးမှုအပေါ် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ မေလ ၂ ရက်မှာ ထောင်ကကျွေးတဲ့ ထမင်းမစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှု လုံးဝမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ခွဲခြားဆက်ဆံတာကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။
အစာအငတ်ခံဆန္ဒပြရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကနေ နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား/သူများရဲ့ အခွင့်အရေး အပြည့်အဝ ရရှိရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လွတ်ငြိမ်းသက်သာခွင့် ပေးရာမှာ ကျန်ရှိတဲ့ ပြစ်ဒဏ်ကာလအပေါ် မူတည်ပြီး ပေးတာဖြစ်လို့ ပြစ်ဒဏ်ကာလ ကြာမြင့်စွာ ကျခံပြီးသူတွေအတွက် လျှော့ရက်နည်းပါးပြီး လတ်တလောမှ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရာဇဝတ်အမှူနဲ့ ပုဒ်မတွေကိုသာ လျှော့ရက်ပိုမို ရရှိနေတာဟာ ၎င်းတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံတာဖြစ်ပြီး လုံးဝမျှတမှု မရှိကြောင်း နိုင်ငံရေးအကျဉ်းသားတွေက
ထောက်ပြဝေဖန်ခဲ့ကြတယ်လို့ PPNM က ဆိုပါတယ်။
ဆန္ဒပြပြီးတဲ့နောက်မှာလည်း ထောင်အာဏာပိုင်တွေက လိုက်လျောမှုမလုပ်ခဲ့တဲ့အတွက် မေလ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ခန့်ဟာ ထောင်ပိုင်လေးကနေမှတဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ အကျဥ်းသားအခွင့်အရေးတွေ ရရှိဖို့တောင်းဆိုတဲ့ အချက် ၁၅ ချက်ကို ပေးပို့ထားကြောင်း PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
"တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး လိုက်လျောမှုရှိမလား ဒါမှမဟုတ် ထောင်ပိုင်လေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အဆင့်ဆင့်တင်ပြမှုတွေလုပ်မလား၊ လျစ်လျှူပဲရှုထားမလားဆိုတာကတော့ PPNMက စောင့်ကြည့်နေဆဲပဲဖြစ်ပါတယ်။"လို့ မရောင်နီလင်းက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေဟာ တစ်ထောင်လုံး သိရှိလောက်တဲ့အထိ ပြန့်နှံ့နေပြီး၊ အမျိုးသမီးဆောင်အတွင်း ဥပဒေကို အကြောင်းပြကာ ပါဆယ်ပစ္စည်း ပိတ်ပင်တာနဲ့ ဟင်းချက်ခွင့် ပိတ်ပင်တာ အပါအဝင် နည်းမျိုးစုံနဲ့ နိုင်ငံရေးအကျဉ်းသူတွေ အပေါ် ဖိနှိပ်နေမှုတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း PPNMက ဖော်ပြထားပါတယ်။
ကလေးအကျဉ်းထောင်မှာ ၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နဲ့ ဧပြီ ၁၈ ရက်ကလည်း အမျိုးသမီးဆောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အခွင့်အရေး ပိတ်ပင်တာတွေနဲ့ ဖိနှိပ်မှုတွေအပေါ် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ့်အစား ဖိနှိပ်မှုတွေနဲ့ပဲ တုံ့ပြန်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေက အခုလို အခွင့်အရေးတွေ ဆက်ပြီး တောင်းဆိုနေကြတာဖြစ်ကြောင်း PPNMက ရှင်းပြပါတယ်။
စစ်ကောင်စီဟာ တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေပေမဲ့ လက်တွေ့မှာ လူသားတိုင်း ရရှိရမယ့် တန်းတူညီမျှခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လှုပ်ရှားမှုက သက်သေပြနေတယ်လို့ PPNM က ဆိုပါတယ်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မတရားတဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဒါ့အပြင် ဆန္ဒပြတဲ့ အကျဉ်းသားတွေကို နောက်ဆက်တွဲ ဖိနှိပ်တာမျိုးတွေ မရှိစေဖို့နဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့အတွက်လည်း နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့တွေအနေနဲ့ အမြန်ဆုံး အလေးထား စောင့်ကြည့်ပေးဖို့ တောင်းဆိုထားကြောင်း PPNMက ထပ်မံအသိပေးထားပါတယ်။

❤21🔥5🥰5👏2