People's Spring
63.1K subscribers
65.9K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍39🔥2🤣2
၂၀၂၄ စက်တင်ဘာလမှာ​တော့ မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းရဲ့ရည်စားဟာ ​နွေဦး​တော်လှန်​ရေးကိုအား​ပေးသူ ၊ဆန္ဒပြခဲ့သူဆိုပြီး ဟန်ငြိမ်းဦးတယ်လီဂရန်မှာ ​ရေးပြီးအတင်ခံရပါ​တော့တယ် ။

ဟန်ငြိမ်းဦးတယ်လီဂရန်မှာ အတင်ခံရတာ​ကြောင့် အမျိုးသမီးငယ် ဒုက္ခမ​ရောက်​အောင် အင်းစိန်​ထောင်ပိုင် လုပ်ခဲ့တဲ့ ​ဇော်လင်း​အောင် နဲ့ မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုးထွန်းတို့က ကူညီကာကွယ်​ပေးခဲ့တယ်ဆိုပြီး ဇာတ်လမ်းလုပ်ပါတယ် ။​ အဲဒီ​နောက် အမျိုးသမီးကို ​ဇော်လင်း​အောင်နဲ့ အတူအိပ်ခိုင်းပါတယ် ။ ကိုယ့်ရဲ့ ရည်စားကို တခြားသူနဲ့ အိပ်ခိုင်းတာ​တောင်မှ ရိုးရိုး မဟုတ်ပဲ သူရဲ့​ရှေ့မှာပါ သုံး​ယောက်အတူ ဖိအား​ပေးပြီးအိပ်ခိုင်းခဲ့တယ်လို့သိရပါတယ် ။

“ ငြင်းတဲ့အခါ ဟန်ငြိမ်းဦးဟာပါတာကို ဒုက္ခမ​ရောက်​အောင်လုပ်​ပေးခဲ့တဲ့​ကျေးဇူးကို​တောင်မ​ထောက်ဘူ။ ​ကျေးဇူးမသိတက်ဘူး ။ဒီ​ခေတ်လူ​တွေရိုင်းတယ်ဆိုပြီး ဖိအား​ပေးတာ” လို့ ကျူးလွန်းခံရသူကရင်ဖွင့်ပါတယ် ။

ဇော်လင်း​အောင်​ရော ၊မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းတို့ ၂ဦးစလုံးက DSA ​ကျောင်းဆင်း​တွေဖြစ်ပြီး စစ်ဘက်မှအရပ်ဘက်​ပြောင်းခဲ့သူ​တွေဖြစ်ပါတယ်။တကယ်​တော့ ​ဇော်လင်း​အောင်ဟာ မိသားစုရှိပြီး သမီးငယ်တစ်ဦးလည်းရှိပါတယ် ။ အင်းစိန်​​ထောင်ပိုင်က​နေ အခုနှစ်ပိုင်းရာထူးတိုးပြီး မန္တ​လေး အကျဥ်းဦးစီးကို​ပြောင်း​ရွေ့သွားပြီလို့သိရပါတယ်။ ဒါအပြင် သူဟာ ​မော်ဒယ်လ် သံသာမိုးသိမ့်ကို စပွန်ဆာ​ပေးထားသူလို့ အခြားသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

“ ညီမက လက်မခံဘူး ။မလုပ်နဲ့ တောက်လျှောက် အော်ဟစ်ငြင်းနေခဲ့တာ။ ဒါလေးလိုက်လျောပေးလို့မရနိုင်ဘူးလား။ငြင်းရင် ကိုကို ဒုက္ခရောက်သွားမှာပေါ့တဲ့”

အဲဒီလို​ထောင်ပိုင် နဲ့ အိပ်​ပေးရတဲ့အချိန်မှာ ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းကပါ ​ဘေးက​နေ ရည်စားဖြစ်သူကိုလိုက်​လျော​ပေးဖို့ သူပါအတူ ၃ ​ယောက်အိပ်​ခိုင်ခဲ့တာလို့ ကျူးလွန်ခံရသူကဆက်​ပြောပါတယ် ။

အဲဒီလိုပုံစံနဲ့ ​ကျေးဇူးရှိတယ် အ​ကြောင်းပြပြီး ၃ ​ယောက်အတူ နှစ်ကြိမ်တိုင်လိင်အမြတ်ထုတ်ခံခဲ့ရတယ်လို့သူမကဆက်​ပြောပါတယ် ။နေရာ​တွေက​တော့ Hotel Sydney နဲ့ Hotel 9 Mile လို့သိရပါတယ် ။


https://www.ludunwayoo.com/feature-mm/2026/05/13/156965/
🤮23🤬114👎3🔥1🤨1
စလင်းမှာ လေပြင်းတိုက်လို့ ပျက်စီးတဲ့နေအိမ်တွေကို ပအဖနဲ့ ပကဖထောက်ပံ့

မေ-၁၅၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းက လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အတွက် စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ စလင်းမြို့နယ်အတွင်းက စိုးမိုးနယ်မြေကျေးရွာတချို့က နေအိမ်တွေဟာ လေပြင်းတိုက်ခတ်ပြီး အိမ်ပြိုတာ၊အမိုးလန်တာနဲ့ သစ်ပင်ပိတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကြောင့် ၂၄ နာရီအတွင်း သတင်းပေးပို့တဲ့ ကျေးရွာတစ်ရွာရှိ ပြိုလဲနေတဲ့ နေအိမ် ၂လုံးနဲ့ အခြားထိခိုက်ပျက်စီးတဲ့ နေအိမ် ၄၅ လုံးကို စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေသွားရောက်ပေးခဲ့ကြောင်း စလင်းပအဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

"ပြိုတဲ့အိမ်၂ လုံး တစ်သိန်း၊ ကျန်၄၅ အိမ်ကို သုံးသောင်းနှုန်းပါ။ အလှူချည်းပိတ်ခံမနေတော့ အများကြီးတော့ မတတ်နိုင်ခဲ့ပါဘူး။ တခြားရွာတွေလည်း မသွားရသေးဘူး။ တခြား ၃ရွာလောက်မှာ နှစ်အိမ် သုံးအိမ်စီ ရှိသေးတယ်။"လို့ စလင်းပအဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

အလားတူ ဧပြီ ၂၈ ရက်က လေပြင်းတိုက်ခတ်မှု့ကြောင့် စလင်းမြို့နယ်က ကျေးရွာ ၂ ရွာမှာ နေအိမ်တွေ ပျက်စီးခဲ့လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စလင်းမြို့နယ်ပကဖက သွားရောက်ကူညီပေးခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။ ကူညီကယ်ဆယ်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပြီး ပြည်သူတွေကိုလည်း အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့မှာမေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်
ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။
29👍12🔥1🥰1
(ပျက်စီးနေအိမ်ရှင်များအား ထောက်ပံ့နေစဥ် ဓာတ်ပုံ-စလင်းပအဖ၊ ပကဖအသံ)
👍337🥰2🔥1
မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း သံရုံးဝန်ထမ်းတွေရဲ့ခြံဝန်းထဲမှာလာရောက်နားခိုခဲ့တဲ့ အောက်
ချင်းငှက်နှစ်ကောင်ကိုလည်း ကယ်ဆယ်ထားခဲ့ပြီး အခုထိ အတူရှိနေကြောင်း နဲ့ အခုဆိုရင် မိသားစုဝင်အသစ်လေးတစ်ကောင်တောင်ရနေပါပြီလို့ အသိပေးထားပါတယ်။အောက်ချင်းငှက်နှစ်ကောင်ဟာ ကျယ်ဝန်းသပ်ရပ်တဲ့ခြံဝင်းထဲက ခမ်းနားတဲ့အဆောက်အအုံတစ်ခုရဲ့ ထိုင်ခုံတန်းမှာ နား​နေတဲ့ ဓာတ်ပုံထဲကတစ်ဆင့် တွေ့ရပါတယ်။

မိုခါ မုန်တိုင်းသင့်ခဲ့တာချင်တူ​ပေမယ့် မြန်မာပြည်သူ​တွေက​တော့ ​​အောင်ချင်းငှက်နှစ်​ကောင်လို အခုချိန်ထိကံမကောင်းကြ​သေးပါဘူး။

စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံဟာမုန်တိုင်းမိနေပြီး ဩစတေးလျသံရုံးအနေနဲ့ ​အောင်ချင်းငှက် ၂ ​​ကောင်လို မြန်မာပြည်သူတွေကိုလည်းကူညီစေချင်တယ်လို့ ဩစတေးလျသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာပြည်သူအချို့က တောင်းဆိုနေကြပါတယ်။

“မြန်မာပြည်မှာလည်းစစ်အာဏာရှင်ကြောင့် တိုင်းပြည်ဟာ မုန်တိုင်းမိနေပါတယ် ။ မြန်မာနိုင်ငံသားများကိုလည်း အဆိုပါ အောက်ချင်းငှက်လေးလို မြန်မာပြည်သား အများပြည်သူဆန္ဒနှင့်အညီ ကူညီကယ်ယူစောင့်ရှောက်ရင်အတိုင်းမသိဝမ်းသာမှာပါ” လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/05/15/157152/
37👍9🔥1
မိုးဗြဲမြို့အနီး တိုက်ပွဲပြင်းထန်

မေ -၁၅၊၂၀၂၆။မိုမို/People's Spring

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၁၃ ရက်က စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့က မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကာ စစ်တပ်စစ်ကြောင်းတွေ နောက်ပြန်ဆုတ်သွားရတယ်လို့ ရှမ်းတောင်နဲ့ ကရင်နီအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

"မိုးဗြဲစက်တော် လွယ်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာလို့ ထိတွေ့မှုဖြစ်တာပါ။ တိုးလိုက်ဆုတ်လိုက်ပဲ။အခြေနေက ဆိုင်ထားတဲ့အခြေနေပါ"လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ PN တပ်အင်အား အများအပြားသုံးထားတာကိုတွေ့ရတယ်လို့လည်း မြေပြင်မှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

"စစ်တပ်နဲ့ PNO ပူးပေါင်းအင်အားကိုကြည့်ရင် PNOက ပိုများနေတာတွေ တွေ့ရပါတယ်။လောလောဆယ်သူတို့အထိနာလို့ပြန်ဆုတ်သွားပါတယ်"လို့ သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း တားဆီးတိုက်ခိုက်မှုအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ မိုးဗြဲတာဝန်ရှိသူအချို့က လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

မိုးဗြဲမြို့ကို စစ်တပ်က ၂၀၂၅ ဇူလိုင်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မိုးဗြဲမြို့အနီးကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
👍293🔥2
(မိုးဗြဲ PDFက ရဲဘော်တွေကို စစ်မြေပြင်တခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Mobye PDF)
🥰29👍61🔥1
ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ကျော် ဖမ်းဆီး

မေ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က မေလ ၁၄ရက်မှာ ဆောမြို့ကို ဝင်ရောက်ခဲ့ပြိးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

" မနေ့ကတော့ ရွာသားတယောက် ဆောဘက်သွားတာ ဆိုင်ကယ်နဲ့သွားတာ။ စစ်ကြောင်းဝင်နေတာကို ပေပြီးသွားတဲ့ အတွက် လူငယ်လေးတယောက်အဖမ်းခံရတယ်။ ညတုန်းကတော့ လူ ၂၀လောက်ဖမ်းတယ်လို့ သတင်းရပါတယ်"လို့ ဒေသခံက ပြောပါတယ်။

ချင်း-မကွေးအစပ် ဒေသသတင်းတွေကို ဖော်ပြနေတဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း မနေ့က ဖမ်းဆီးခံရတာ လူငယ်၊ လူလတ်ပိုင်း ၂၅ဦးခန့်ရှိပြီး ဒီကနေ့မနက်မှာ အချို့ကို ပြန်လွှတ်ပေးတယ်လို့ သိရကြောင်း လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။

ဆောမြို့ကို ရောက်နေတဲ့ စစ်တပ်က အင်အား ၃၀လောက်ဟာ အကြည်ကတင်းကျေးရွာဘက်ကို ရှေ့ပြေးအဖြစ်ထွက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဆော၊ ကျောက်ထုလမ်းပိုင်းအတွင်းရှိ ကျေးရွာနေ ပြည်သူတွေ အထူးဂရုစိုက်ဖို့ စစ်တပ်ရဲ့ စစ်ကြောင်း ၊ လေကြောင်းသတင်းတွေနားစွန့်ဖို့လည်း ဒေသခံတွေက အသိပေးထားပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းနဲ့ မကွေးအစပ်ဒေသရှိ ဆောမြို့နယ်ကို စစ်အင်အားတွေအလုံးအရင်းဖြည့်တင်းတာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆောမြို့ကို ဝင်လာတဲ့ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ကြပေမယ့် လူအင်အားလက်နက်အင်အား မမျှတာတဲ့ အခြေအနေကြောင့် စစ်တပ်စစ်ကြောင်းတွေကို ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်း ပစ်ကူအပြင် နည်းပညာမြင့်ဒရုန်းနဲ့ ဂျန်ဘာတွေအသုံးပြု လာသလို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောပြပါတယ်။
🤬317👎3👏1
18👎5🔥1
ပုဏ္ဏားကျွန်းမြို့ကို စစ်တပ် ဗုံးကြဲ

မေ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံကို မနက် ၉နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် ဈေးရောင်းစျေးဝယ်သွားလာနေတဲ့အချိန်မှာဗုံးကြဲသွားတာပါ။ Y12 ကမနက်ကတည်းကဝဲတာပါ။ ပြီးတော့ ဂျက်ဖိုက်တာလာကြဲတာ။ အထိအခိုက်သေချာပေါက်ရှိမှာပါ။ လူတွေ သွားလာနေတဲ့အချိန်ကြီးဗျ။ ရာသီဥတုအခြေအနေမကောင်းရတဲ့အထဲ ကြဲတာ"လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ ယခုရက်ပိုင်းပုံမှန်ထက်မိုးကောင်းနေလို့ ဒေသခံတွေအနေနဲ့ ရေဘေးကိုသတိထားနေရတဲ့အချိန်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။

မေလ ၇ရက်ကလည်း မင်းပြားနဲ့ ကျောက်တော်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့လို့ ကလေးတစ်ဦးအပါအဝင် ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကမေလ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။

စစ်တပ်က ယခုရက်ပိုင်း နေပြည်တော်နဲ့ ရန်ကုန်တိုင်းကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့ စစ်တပ်ကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုနေကြပါတယ်။
🤬324👎3👍1👏1
👍16🔥4
ဆောမြို့ဝင်ရောက်လာတဲ့ စစ်တပ်က ဒေသခံ ၂၀ ကျော် ဖမ်းဆီး

■ဖမ်းဆီးခံရတဲ့လူငယ်တဦးကိုစစ်သား​တွေကဝိုင်းနှိပ်စက်ခြိမ်း​ခြောက်ပြီးဗီဒီယိုဖိုင်ကိုလူမှုကွန်ယက်မှာတင်

မေ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

လောင်းရှည်မြို့နယ်အခြေစိုက် ကပစ(၂၅)ကထွက်လာတဲ့ အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းဟာ မနေ့က မေလ ၁၄ရက်မှာ ဆောမြို့ကို ဝင်ရောက်ခဲ့ပြိးနောက် ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

"မနေ့ကတော့ ရွာသားတယောက် ဆောဘက်သွားတာ ဆိုင်ကယ်နဲ့သွားတာ။ စစ်ကြောင်းဝင်နေတာကို ပေပြီးသွားတဲ့ အတွက် လူငယ်လေးတယောက်အဖမ်းခံရတယ်။ ညတုန်းကတော့ လူ ၂၀လောက်ဖမ်းတယ်လို့ သတင်းရပါတယ်"လို့ ဒေသခံက ပြောပါတယ်။

​မေ ၁၄ ရက်​နေ့မှာ ​ဆောမြို့မှာ လူငယ်တဦးကိုဖမ်းဆီးပြီး စစ်သား​တွေက ခြိမ်း​ခြောက် နှိပ်စက်​နေတဲ့ ဗီဒီယိုဖိုင် တဖိုင်ကိုလည်း စစ်သား တဦးက တစ်​တော့(Tiltok) မှာတင်ထားပါတယ်။

"ကျွန်​တော်အဖွဲ့ထဲမှာ မပါဘူး ။ကျွန်​တော့အ​မေးကငါး​ရောင်းစား​နေတာလို့" လက်​နောက်ပြန်ကြိုးတုပ်ရက်အဖမ်းခံရတဲ့လူငယ်က ငိုရင်းစစ်သား​တွေကို​ပြောတာကို မြင်​တွေ့ရပါတယ်။

အဲဒီလူငယ်ကိုစစ်သား​တွေက ကင်မရာကိုကြည့်ပြီး​ပြောဖို့ခြိမ်း​ခြောက်တာကိုကြားရသလို စစ်သားချင်း ဓါးယူခဲ့ဖို့​ပြောတာကိုလည်း​ကြားရပါတယ်။ "ဟိတ်​ကောင် မင်းတို့ကြုံခဲ့တဲ့ တပ်​တွေမဟုတ်ဘူး​နော် " ဆိုပြီး လူငယ်ကို ​ပြောဆိုခြိမ်း​ခြောက်တာကို​တွေ့ရပါတယ် ။အဖမ်းခံရတဲ့ လူငယ်က သူဟာဘယ်မှ မပါ​ကြောင်းအ​ကြိမ်ကြိမ်​ပြောရင်ငိုး​နေတာကို မြင်ရပါတယ်။

စစ်သား​တွေက လူငယ်ကို " ငိုတာမျက်ရည်မကျဘူးမင်းအ​မေ ... လား"လို့ဆဲဆို​ပြီး ထိုးကြိတ်ကန်​ကြောက်​နေတာကို ဗီဒီယိုဖိုင်မှာ​မြင်​တွေ့ရပါတယ်။

အဲဒီဗီဒီယိုဖိုင်တင်တဲ့စစ်သားကပဲ လူငယ်ကိုနှိပ်စက်တဲ့ဖိုင်တင်ပြီး နာရီအနည်းငယ်အကြာမှာစစ်သား ၅ ဦးက အရပ်သားလိုဝတ်ပြီး ​အရက်​သေစာ​သောက်စားပြီး တစ်​တော့ကစားတာကိုလည်း​တွေ့ရပါတယ် ။ ဒါအပြင် အဲဒီစစ်သားရဲ့ တစ်​တော့က​ပဲ ​မေ ၁၅ ရက် နံနက်အ​စောမှာ စစ်ယူနီ​ဖောင်းဝတ်လျက် သီချင်းအချို့နဲ့ တစ်​တော့​ဆော့ထားတာကို​တွေ့ရပါတယ် ။

ချင်း-မကွေးအစပ် ဒေသသတင်းတွေကို ဖော်ပြနေတဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ​မေ ၁၄ ရက်မှာဖမ်းဆီးခံရတာ လူငယ်၊ လူလတ်ပိုင်း ၂၅ဦးခန့်ရှိတယ်လို့​ပြောပါတယ်။မေ ၁၅ ရက်မနက်မှာ အချို့ကို ပြန်လွှတ်ပေးတယ်လို့ သိရကြောင်း လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။ဒါ​ပေမယ့် ဖမ်းဆီးခံရတဲ့ လူငယ်အချို့ ပြန်လွတ်ခဲ့တယ်ဆို တဲ့သတင်းကို သီးခြားအတည်မပြုရ​သေးပါဘူး။

ဆောမြို့ကို ရောက်နေတဲ့ စစ်တပ်က အင်အား ၃၀ လောက်ဟာ အကြည်ကတင်းကျေးရွာဘက်ကို ရှေ့ပြေးအဖြစ်ထွက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဆော၊ ကျောက်ထုလမ်းပိုင်းအတွင်းရှိ ကျေးရွာနေ ပြည်သူတွေ အထူးဂရုစိုက်ဖို့ စစ်တပ်ရဲ့ စစ်ကြောင်း ၊ လေကြောင်းသတင်းတွေနားစွန့်ဖို့လည်း ဒေသခံတွေက အသိပေးထားပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းနဲ့ မကွေးအစပ်ဒေသရှိ ဆောမြို့နယ်ကို စစ်အင်အားတွေအလုံးအရင်းဖြည့်တင်းတာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆောမြို့ကို ဝင်လာတဲ့ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ကြပေမယ့် လူအင်အားလက်နက်အင်အား မမျှတာတဲ့ အခြေအနေကြောင့် စစ်တပ်စစ်ကြောင်းတွေကို ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်း ပစ်ကူအပြင် နည်းပညာမြင့်ဒရုန်းနဲ့ ဂျန်ဘာတွေအသုံးပြု လာသလို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောပြပါတယ်။
🤬375👎3🔥1👏1😢1