■အတွေးအမြင်
အောက်ချင်းငှက်မောင်နှံကို
အားကျနေရတဲ့ ပြည်သူတွေ
ယောနသံ/People's Spring
မုန်တိုင်းဘေးသင့်ခဲ့ပေမယ့် ကံကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာနိုင်ငံသားတွေအတွက်
စိတ်မကောင်းဖြစ်နေရဆဲလို့ ဩစတေးလျသံရုံးက သတင်းထုတ်ပြန်လာတာပါ။လွန်ခဲ့တဲ့ ၃နှစ်က မုန်တိုင်းတိုက်ခတ်နေစဉ် သံရုံးခြံဝင်းထဲ လာနားခဲ့တဲ့ အောက်ချင်းငှက်နှစ်ကောင်ရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေကို ထိခိုက်ပျက်ဆီးမှုများပြားစေခဲ့တဲ့မိုခါမုန်တိုင်းဟာ၂၀၂၃ မေလ၁၄ရက်နေ့မှာတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ (မေလ ၁၄ရက်နေ့)ဟာ မြန်မာနိုင်ငံ ဒေသအနှံ့ကလူပေါင်းများစွာအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ဖြစ်ပြီး သြစတြေးလျအနေနဲ့ ထိခိုက်ခံရတဲ့အသိုက်အဝန်းတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေချက်ချင်း ပေးအပ်ခဲ့သလို ထိခိုက်ခဲ့သူတွေအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရဆဲလို့ ထုတ်ပြန်ပါတယ်။
မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း သံရုံးဝန်ထမ်းတွေရဲ့ခြံဝန်းထဲမှာလာရောက်နားခိုခဲ့တဲ့ အောက်
ချင်းငှက်နှစ်ကောင်ကိုလည်း ကယ်ဆယ်ထားခဲ့ပြီး အခုထိ အတူရှိနေကြောင်း နဲ့ အခုဆိုရင် မိသားစုဝင်အသစ်လေးတစ်ကောင်တောင်ရနေပါပြီလို့
အသိပေးထားပါတယ်။အောက်ချင်းငှက်နှစ်ကောင်ဟာ ကျယ်ဝန်းသပ်ရပ်တဲ့ခြံဝင်းထဲက ခမ်းနားတဲ့အဆောက်အအုံတစ်ခုရဲ့ ထိုင်ခုံတန်းမှာ နားနေတဲ့ ဓာတ်ပုံထဲကတစ်ဆင့် တွေ့ရပါတယ်။
မိုခါ မုန်တိုင်းသင့်ခဲ့တာချင်တူပေမယ့် မြန်မာပြည်သူတွေကတော့ အောင်ချင်းငှက်နှစ်ကောင်လို အခုချိန်ထိကံမကောင်းကြသေးပါဘူး။
စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံဟာမုန်တိုင်းမိနေပြီး ဩစတေးလျသံရုံးအနေနဲ့ အောင်ချင်းငှက် ၂ ကောင်လို မြန်မာပြည်သူတွေကိုလည်းကူညီစေချင်တယ်လို့ ဩစတေးလျသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာပြည်သူအချို့က တောင်းဆိုနေကြပါတယ်။
"မြန်မာပြည်မှာလည်းစစ်အာဏာရှင်ကြောင့် တိုင်း
ပြည်ဟာ မုန်တိုင်းမိနေပါတယ် ။ မြန်မာနိုင်ငံသားများကိုလည်း အဆိုပါ အောက်ချင်းငှက်လေးလို မြန်မာပြည်သား အများပြည်သူဆန္ဒနှင့်အညီ ကူညီကယ်ယူစောင့်ရှောက်ရင်အတိုင်းမသိဝမ်း
သာမှာပါ"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။
မုန်တိုင်းဟာ၂၀၂၃မေလ၁၄ရက်မနက်မှာ ကျောက်
ဖြူမြို့ကိုဖြတ်ပြီး စစ်တွေမြို့ကိုဝင်ခဲ့တာပါ။ မုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ပဲခူး၊ နေ
ပြည်တော်နဲ့ မကွေးတိုင်းတို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်အတွင်းလူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီးလူနေ
အိမ် နှစ်သိန်းကျော် ပျက်စီးခဲ့တယ်လို့ အာရက္ခ
တပ်တော်(AA) ကထုတ်ပြန်ခဲ့ပါတယ်။
ဆိုင်ကလုန်းမိုခါကို တုံ့ပြန်မှုအတွက် နောက်ကျခဲ့သလို မုန်တိုင်းဘေးသင့်ပြည်သူတွေဆီပေးပို့မယ့် အကူအညီတွေကိုလည်းစစ်ကောင်စီကနည်းမျိုးစုံဟန့်တားခဲ့တယ်လို့ ပြည်တွင်း နဲ့ နိုင်ငံတကာအဖွဲ့တွေကထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ကူညီကယ်
ဆယ်ရေးအရေးပေါ်လိုအပ်နေတဲ့ အချိန်မှာပဲ နိုင်
ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အ
တွင်း ခရီးသွားလာခွင့် ဇွန်လ ၇ရက်ကစပြီး စစ်ကောင်စီက ရုတ်တရက်ပိတ်ပင်ခဲ့ပါတယ်။
ခရီးသွားလာခွင့်နဲ့လူ သားချင်းစာနာမှုကူအညီတွေ ပိတ်ပင်ခံရတာကြောင့် အခြေအနေတွေပိုမိုဆိုးရွားလာပြီး လူထောင်ပေါင်းများစွာထံကို အ
ကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့ပါတယ်။
မိုခါမုန်တိုင်းဝင်ပြီးနောက်ပိုင်း ၂၀၂၄ခုနစ် စက်
တင်ဘာလမှာလည်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ စကိုင်းနဲ့မန္တလေးမြို့ကိုဗဟိုပြုခဲ့တဲ့ အင်အားပြင်းငလျင်ဘေးကြုံခဲ့ပါတယ်။
၂၀၂၁ခုနှစ် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်
ပိုင်း ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေကိုကူညီကယ်
ဆယ်ရေးအစီအစဉ်တွေ စစ်အုပ်စုက မလုပ်ခဲ့ဘဲ အရပ်သားတွေကိုပစ်မှတ်ထားပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာနဲ့တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
သစ္စာရှိခြင်းရဲ့ပြယုဂ်အဖြစ်တင်စားခံရတဲ့ အောက်
ချင်းငှက်ဟာ ချင်းတိုင်းရင်းသားတွေအပြင် သ
ဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတိုင်းက တန်ဖိုး
ထားတဲ့ ငှက်မျိုးစိတ် ဖြစ်ပါတယ်။လက်ရှိမှာတော့ တောတောင်ပြုန်းတီးမှုနဲ့ အမဲလိုက်ခံရမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ မျိုးစိတ်ဖြစ်ပါတယ်။
အာဏာကိုလက်မလွှတ်ချင်တဲ့ စစ်ကောင်စီကလည်း မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အမဲလိုက်သလို တိုက်ခိုက်ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားသတ်ဖြစ်နေတဲ့ စစ်အာဏာရှင်လက်အောက်ကမြန်မာပြည်သူလူထုဟာ အသက်ရှင်သန် ရေးရည်ရုန်းကန်နေရပြီး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် အရေးယူပေးဖို့ ကု

👍25❤6🔥4
လသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်စင်မြင့်ပေါ်ကတဆင့် ကမ္ဘာကိုမကြာသေးမီကတင် အကူအညီတောင်းခဲ့ပါတယ်။ ။
👍29🔥4
လေးမြို့မြစ်အတွင်း ဘောလုံးကန်ပြန်လာတဲ့ စက်လှေမှောက်လို့ လူ ၁၀ဦး သေဆုံး
မေ-၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက လူငယ်အများစုပါတဲ့ ဒေသခံတွေဟာ မေလ ၁၂ရက်ညနေက မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာ ဘောလုံးကစားပြီးပြန်လာစဉ် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။
"လေးမြို့မြစ်က ဒီရက်ရေစီးကြမ်းနေတာ။ မိုးလည်း ရွာတော့ ပိုဆိုးတယ်။ ညနေဘက်မှာ မှောက်တာဆိုတော့ ရှာဖွေကယ်ဆယ်ရေးမှာအခက်အခဲတွေရှိခဲ့တယ်"လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ဘောလုံးကစားပွဲကနေပြန်လာတဲ့ လူ၁၀၀ကျော်က စက်လှေနှစ်စီးနဲ့အတူလိုက်ပါလာစဉ် တစ်စီး တိမ်းမှောက်တာလို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှင်တဲ့အရွယ်ကလေးငယ်တစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေက အသက် ၂၀ကနေ ၅၀ကြားအမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့အထိ ကြားသိထားတဲ့သတင်းအရ ရုပ်အလောင်း ၉လောင်းရှာဖွေတွေ့ရှိထားပြီး ၁ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ဒေသတွင်းဆက်သွယ်ရေးမှာ ရေကြောင်းလမ်းဆက်သွယ်ရေးအဓိက အသုံးပြုတဲ့ ဒေသဖြစ်ပါတယ်။
ယခုရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကန်ရိုးတန်းဒေသတွေမှာ လေပြင်းနဲ့မိုးကြီးမယ့်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

😢28👍7❤4🔥2👎1
စက်လှေမောက်ပြီး သေဆုဲးခဲ့သူရုပ်အလောင်းတစ်လောင်းကို သယ်ဆောင်လာ
စဥ်။
စဥ်။
😢14❤4🔥1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေပြသပေးဖို့ ဂန့်ဂေါပြည်သူတွေ တောင်းဆိုဆန္ဒပြ
မေ-၁၄၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ" စာသားတွေကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။
Proof of Life လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

❤36👍8🥰2🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် အထိနာခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မေလ ၁၃ရက် မနေ့က ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ အာဏာသိမ်းစစ်တပ်က အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေပြီး မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့ကာ ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးခြောက်လုံးကြဲချသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
◾️တနင်္သာရီမြို့နယ်က စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ
တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက် မနေ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူးလားဒေသမှာ ပါဝင်တဲ့ တကူကျေးရွာကို စစ်တပ်က မေလ ၁၃ရက် မနက် ၁၀နာရီလောက်မှာ ထပ်မံဗုံးကြဲခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း အဲဒီတကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကလေးငယ်တွေ စာသင်ကြားရာနေရာတွေအပါအဝင် KNU နယ်မြေတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီနဲ့ စစ်ကိုင်းလွှတ်တော်၊ အစိုးရတို့ တွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုမှာ SECF အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကောင်စီဝင်များနဲ့ တာဝန်ရှိသူများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒု-ဝန်ကြီးချုပ်တို့နဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ SCEF ဟာ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားတာဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို ညှိနှိုင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
◾️ပြည်ပရောက်မြန်မာလုပ်သားတွေဆီက တစ်နှစ်အတွင်း ဒေါ်လာ ၅.၆ ဘီလီယံခန့် စစ်တပ်ရရှိ
ပြည်ပရောက်မြန်မာအလုပ်သမားတွေကို အတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှု ပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတရားဝင်မထုတ်ပြန်တဲ့ စာရင်းတွေမှာတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ ပြည်တွင်းကို ငွေပြန်လွှဲရတဲ့ အခြေအနေကနေ စစ်တပ်ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅.၆ ဘီလီယံလောက် ရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ တစ်နှစ်တာအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေရရှိမှု အားလုံးရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်တုန်းက ပြည်ပရောက်မြန်မာတွေ ပြည်တွင်းကို ငွေပြန်လွှဲမှုကြောင့် ပြည်တွင်းကို စီးဝင်တဲ့ ဒေါ်လာ ပမာဏဟာ သန်း ၆၇၀ သာ ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စစ်တပ်ဟာ ပြည်ပရောက် မြန်မာ အလုပ်သမားတွေအနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ဘဏ်လုပ်ငန်းတွေကတဆင့် ပြန်လွှဲပေးရမယ်လို့ အတင်းအကျပ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့်အကျပ်ရိုက်နေပြီးစစ်တပ်နဲ့ အချိတ်အဆက်ရှိနေတဲ့ဘဏ်တွေဟာအဲဒီလွှဲငွေတွေကနေတဆင့် နိုင်ငံခြားငွေကြေးကို ရရှိခဲ့ပါတယ်။
◾️မင်းတပ်မြို့ကို စစ်တပ်က လေးရက်ဆက် ဗုံးကြဲ

🤬22❤7🔥2👍1
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ရက်ညပိုင်းကနေ စပြီး ဒီနေ့ မေလ ၁၄ရက်အထိ လေးရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်မြို့နယ်ကို ချင်းတောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ် တို့ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်တပ်က မြေပြင်က ထိုးစစ်မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မေလ ၁၄ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ မင်းတပ်မြို့အနီး တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
◾️ဟားခါးဒေသခံတွေအတွက် စစ်ရေးသတိပေးချက် CDF ထုတ်ပြန်
စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဟားခါးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးရာမှာ လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ပြည်သူတွေ လုံခြုံရေးအတွက် သတိပေးချက်ကိုပါ ဖော်ပြထားတာပါ။ အခု ဖမ်းမိတဲ့ စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်ဟာ ဟားခါးမြို့အတွင်း ပြည်သူတွေကို ငွေညှစ်တောင်းခံခြင်း၊ နေအိမ်တွေကို ဖောက်ထွင်းဓားပြတိုက်ခြင်းစတဲ့ ပြည်သူလုံခြုံရေးထိခိုက်စေတဲ့ လုပ်ရပ်များ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်တပ် တပ်ဖွဲ့ဝင်ကို မေလ ၁၃ရက် မနေ့က ဟားခါးမြို့တွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူတွေဆီ အချိန်မီ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
◾️လေးမြို့မြစ်အတွင်း စက်လှေမှောက်လို့ လူ ၁၀ဦး သေဆုံး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက လူငယ်အများစုပါတဲ့ ဒေသခံတွေဟာ မေလ ၁၂ရက် ညနေက မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာ ဘောလုံးကစားပြီးပြန်လာစဉ် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။ ဘောလုံးကစားပွဲကနေ ပြန်လာတဲ့ လူ ၁၀၀ကျော်က စက်လှေနှစ်စီးနဲ့အတူလိုက်ပါလာစဉ် တစ်စီး တိမ်းမှောက်တာလို့ သိရပါတယ်။
◾️လေဖိအားနဲ့ရပ်ဝန်းကြောင့် နိုင်ငံတဝန်း မိုးကြီးနိုင်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်း မေလ ၁၇ရက် မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ မေလ ၁၁ ရက် ကစပြီး လေဖိအားနည်း ရပ်ဝန်းဖြစ်နေတာပါ။ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ လက်ရှိရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့မှာ မေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ NUGက သတိပေးထားပါတယ်။ အဲဒီဒေသတွေမှာ ပုံမှန်ထက်မိုးကြီးနေပြီး လေပြင်းတိုက်ခတ်တာတွေလည်း ရှ်ိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ် တပ်သား ၂ဦး PDF ဗျူဟာ(၂၂)ထံ ထပ်မံအလင်းဝင်လာ
အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၂ဦးဟာ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၅)ထံ မေလ ၁၁ရက်မှာ လက်နက်မဲ့နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာသူ ၂ဦးဟာ စစ်မှုထမ်းအပတ်စဉ်(၂၂)က ဖြစ်ပြီး စစ်တပ်မှာ တာဝန်မထမ်းလိုတာကြောင့် ထွက်ပြေးလာတာလို့ အသိပေးပါတယ်။ အခု အလင်းဝင်လာသူ ၂ဦး အပါအဝင် ၂၀၂၆ အတွင်းမှာ ဗျူဟာ (၂၂)တပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၈ဦးရှိကြောင်း ဗျူဟာ ၂၂ ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။ လက်ရှိ အချိန်မှာ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ အသေခံပြီး တိုက်ပွဲဝင်နေရတဲ့ အနေအထားဖြစ်ကြောင်း ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။
◾️တနိုင်း ရေကြည်ချောင်းဒေသခံတွေ နေရာမရွှေ့ပြောင်းရင် အိမ်တွေ မီးရှို့မယ်လို့ ပြည်သူ့စစ် ခြိမ်းခြောက်

❤20🔥5👍1
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသမှာတပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရေကြည်ချောင်းဒေသခံ ပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၁၃ရက်မှာ သတင်းဖော်ပြပါတယ်။ ဟူးခေါင်းဒေသမှာ တပ်စွဲနေရာယူနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက မေလ ၉ရက်ကစပြီး ရေကြည်ချောင်းနဲ့ ပေါက်၀ဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အဓမ္မ နေရာရွှေ့ပြောင်းခိုင်းနေတာလို့ ဆိုပါတယ်။ ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် ပြည်သူတွေနေထိုင်ရာ ဒေသတွေမှာ တပ်စွဲလိုတာကြောင့် ပြည်သူတွေကို အတင်းအဓမ္မ နေရာပြောင်းရွှေဖို့ ခိုင်းစေနေတာဖြစ်ပြီး မပြောင်းရွှေ့ရင် နေအိမ်တွေ မီးရှို့ဖျက်ဆီးမယ်လို့ ပြောဆိုနေကြတယ်လို့ KIA ရဲ့ သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ အဲဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ(၂)နယ်မြေဖြစ်ပြီး စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။
◾️ရွှေဘိုခရိုင်အတွင်း စတားလင့်ခ် ယာယီပိတ်သိမ်းထားဖို့ ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက စစ်ဆင်ရေးတရပ်ဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး လိုက်နာဖို့ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို ဒီနေ့ မေလ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာမှာ စတားလင့်ခ် အင်တာနက်တွေကိုပါ ယာယီ ပိတ်သိမ်းထားကြဖို့ ညွှန်ကြားလိုက်တာပါ။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ အများပြည်သူသုံး စတားလင့်ခ် အင်တာနက်တွေကို ယာယီ ပိတ်သိမ်းကြဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေး အကန့်အသတ်နဲ့ အသုံးပြုကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုံးဝ (လုံးဝ) မဝင်ရောက်ဖို့ကိုလည်း အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။
◾️Proof of Life လှုပ်ရှားမှု
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of Life" လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ" စာသားတွေကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။ Proof of Life လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

👍26❤5🔥2