People's Spring
63.2K subscribers
65.9K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြန်မာနိုင်ငံအလယ်ပိုင်းက စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံ(ကပစ)အချို့ကိုထိုးစစ်ဆင် တိုက်
ခိုက်​နေတဲ့ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေရဲ့ တိုက်ပွဲရလဒ်တွေဟာ အခုရက်ပိုင်း သိသိသာ
သာရုပ်လုံးပေါ်လာပါတယ်။

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။

မေလဆန်းကစတင်ပြီ ပဲခူးတိုင်း ပန်းတောင်းမြို့က ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို လေကြောင်းအပြင်းအထန်တိုက်ခိုက်မှုတွေကြားကနေ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွက ဆက်တိုက်သိမ်းယူနေပါတယ်။

၆၆၆ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာသိမ်းယူခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်နေတာကနေ မေလဆန်းကစတင်ပြီး စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ ဖော်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“ ဒီရက်ဖြစ်နေတာကတော့ အရင်ကမကြားဖူးမမြင်ဖူးတာတွေဖြစ်နေတာ။ စစ်တပ်လေကြောင်းက နေ့ရော၊ညပါလာပစ်နေတာပါ။ ဒီရက်ထဲတင်နော် ကပစရဲ့ ကာကင်း ၄ ခု သိမ်းတယ်။ကပစ(၁၆)။ စစ်တပ်က ဖြည့်ဖို့ကြိုးစားနေတဲ့အင်အားတွေကိုပါ ဖြတ်ဆော်နေတာ” လို့ပန်းတောင်းမြို့ခံသတင်းရင်းမြစ်တဦးကပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2026/05/11/156782/
39👏15🥰3😁1🤣1
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအချိန်ကာ
လကို “တရုတ်က မင်းအောင်လှိုင်ကို ထောက်ခံတယ်” လို့ချည်းပဲ မရှုမြင်သင့်ပါဘူး။ အဲဒါဟာ မပြည့်စုံပါဘူး။ ဘေဂျင်းဟာ နေပြည်တော်ရဲ့ အာဏာရှင်မဟာမိတ်ချည်းသက်သက် မဟုတ်နေသလို၊ မြန်မာ့တော်လှန်ရေး ရဲဘော်ရဲဘက်လည်း မဟုတ်နေပါဘူး။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ကို သူ့ရဲ့ရေရှည် လုံခြုံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ဦးစားပေးတွေအတွက် အသုံးဝင်လာစေဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတော်-အရင်းရှင် ပါဝါတရပ် ဖြစ်ပါတယ်။

နေပြည်တော်က ဦးဆောင်တဲ့ လုပ်ငန်းစဉ်အပေါ် သူ့ရဲ့လောင်းကြေးထပ်မှုမှာ ပေးဆပ်ရမယ့်တန်ဖိုး၊ ယုတ္တိတန်မှုနဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်၊ အဲဒီကန့်သတ်ချက်တွေကပဲ စနစ်တကျစုဖွဲ့ထားတဲ့တော်လှန်ရေးအင်အားတရပ် အရေးပါနေသေးတဲ့ နေရာတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ အန္တရာယ်ရှိတာတခုကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နေပြည်တော်နဲ့ဘေဂျင်းတို့ရဲ့သတ်မှတ်ချက်တွေကို ကန့်ကွက်ဖို့ ဒါမှမဟုတ် ငြင်းဆန်ဖို့ လုံလောက်တဲ့ စုပေါင်းပါဝါ မတည်ဆောက်နိုင်ခင်မှာတင် မြန်မာနိုင်ငံရဲ့ နောက်ထပ်နိုင်ငံရေးစနစ်ကို နေပြည်တော်နဲ့ဘေဂျင်းက ပုံသွင်းသွားနေမှုပါ။

လက်ရှိ အင်အားချိန်ခွင်လျှာအရ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘေဂျင်းကို သူ့ရဲ့ မြန်မာမူဝါဒကို ပြောင်းလဲဖို့ အတင်းအကျပ် ဖိအား ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ဘေဂျင်း တွက်ချက်ရမယ့် မြေပြင်အခင်းအကျင်းကိုတော့ ပြောင်းလဲနိုင်ပါသေးတယ်။ အဲဒါကတော့တော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ အနိမ့်ဆုံး ကြမ်းခင်း ဘုံစံနှုန်းတွေကို တည်ဆောက်နိုင်ခြင်းပါပဲ။ တဖွဲ့ချင်းစီ သီးခြား ရှင်သန်ရေးအပေးအယူတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ် ဖြစ်မလာအောင် တားဆီးပေးမယ့် အနိမ့်ဆုံး စည်းတားချက်တွေပေါ့။

ဒီဘုံစံနှုန်းတွေဟာ တိတ်တဆိတ် အပေးအယူတွေကို မြင်သာထင်သာ ရှိစေရပါမယ်၊ အရေးပေါ် ရှင်သန်ရေးနဲ့ စနစ်အဆောက်အအုံဆိုင်ရာလိုက်လျောမှု နှစ်ခုကို ခွဲခြားရပါမယ်။ ပြီးတော့ ဆုံးဖြတ်ချက်တွေ မြေပြင်မှာ အမှန်တကယ် ခိုင်မာမသွားခင်မှာတင် အဲဒီ့ဆုံးဖြတ်ချက်တွေကြောင့်သက်ရောက်မှုခံရတဲ့ သက်ဆိုင်ရာလူမှုအသိုက်အဝန်းတွေ ကာယကံရှင်တွေကို ဆုံးဖြတ်ချက်တွေအပေါ် ကန့်ကွက်နိုင်တဲ့ ပါဝါ ပေးအပ်ရပါမယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ကိုသတ်မှတ်မယ့်အစီအမံတွေကို အခုအချိန်မှာပြုလုပ်နေကြပါပြီ။ အနာဂတ်ကို ပြည်သူလူထုရဲ့ အထက်ကနေ ဆုံးဖြတ်သွားတာမျိုးကနေ ကာကွယ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ စနစ်တကျ စုဖွဲ့ထားတဲ့ပါဝါနဲ့၊ အနိမ့်ဆုံး ဘုံစည်းတားချက်တွေ ဘုံသတ်မှတ်ချက်တွေကို တည်ဆောက်ကြဖို့ လိုအပ်နေပါတယ်။ မေးစရာရှိနေတာက ဒီအနာဂတ်ကို ဘယ်သူက ဖန်တီးနေသလဲ၊ ပြီးတော့ ဘယ်သူ့သတ်မှတ်ချက်တွေနဲ့ဖန်တီးနေသလဲ ဆိုတာသာဖြစ်ပါတယ်။

https://www.ludunwayoo.com/opinion-mm/2026/05/11/156776/
👍4210🤣2😁1🖕1
မင်းတပ်မြို့ကို စစ်တပ်က ၄ရက်ဆက် ဗုံးကြဲ

မေ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ရက်ညပိုင်းကနေ စပြီး ဒီကနေ့ မေလ ၁၄ရက်အထိ ၄ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မင်းတပ်မြို့နယ်ကို ချင်းတောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ် တို့ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်က ထိုးစစ်မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မေလ ၁၄ရက် မွန်းလွဲပိုင်းမှာ မင်းတပ်မြို့အနီး တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့သလို မေလ ၁၃ရက်ကလည်း မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၂ရက်မှာ မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲမှု ၉ကြိမ် ပြုလုပ်ခဲ့သလို မေလ ၁၁ရက် ညသန်းခေါင်မှာ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။

မေလ ၁၁ရက်နဲ့ ၁၂ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိကြောင်း CPU/CPAက အသိပေးထားပေမယ့် မနေ့နဲ့ ဒီကနေ့ တိုက်ခိုက်ခံရမှု အခြေအနေတွေကို စုံစမ်းမေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးကြဲနေသလို အဲဒီ မြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ ဆောမြို့နယ်အပါအဝင် ယောဒေသ ကို စစ်အင်အားဖြည့်တင်းတာ ၊ လေကြောင်း တိုက်ခိုက်တာတွေကို အခုရက်ပိုင်းမှာ တပြိုင်တည်း လုပ်ဆောင်လျက်ရှိပါတယ်။

စစ်တပ်က ပြင်ဆင်မှုတွေအရ ဒေသတွင်းမှာ စစ်ရေးထိတွေ့မှုတွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာဖို့ရှိတယ်လို့ ချင်းတောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေ လူစုလူဝေး ရှောင်ဖို့ ဗုံးခိုကျင်း ကတုတ်ကျင်းတွေ အဆင်သင့် ထားရှိဖို့ လေကြောင်း သတိရှိဖို့ နားစွန့်ဖို့ ချင်းပြည်သူ့အစည်းအရုံးနဲ့ ဒေသခံတွေက နှိုးဆော်ထားပါတယ်။

" ယခုရက်ပိုင်း စကစအုပ်စုက အငြိုးတကြီးနဲ့ လုပ်နေပါတယ်။ ခါတိုင်းထက်ပိုဂရုစိုက်ကြပါ။အမြဲနားစွံ့ကြပါ။ လေကြောင်း အတက်တွေကိုတယ်ရီဂရမ်ချယ်နယ်တွေမှာ စောင့်ကြည့်ကြပါ။ လေကြောင်းအော်ပေးတဲ့ icom တွေကိုဂရုတစိုက်ထားကြပါ”လို့ မင်းတပ်နဲ့ ဒေသတွင်း သတင်းတွေကို လူမှုကွန်ရက်မှာ ဖော်ပြပေးနေတဲ့ သတင်းရင်းမြစ်က မေလ ၁၂ရက်မှာ ပြည်သူတွေ လေကြောင်း သတိရှိဖို့ နှိုးဆော်ထားပါတယ်။
🤬304👎2😡1
(မေလ ၁၃ရက်မှာ စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Ĥkl Mindat/FB)
🤬29👍3👎2🔥2😡1
စစ်ကောင်စီတပ်သား ၂ဦး PDF ဗျူဟာ(၂၂)ထံ ထပ်မံအလင်းဝင်လာ

မေ ၁၄၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၂ဦးဟာ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၅)ထံ မေလ ၁၁ရက်မှာ လက်နက်မဲ့နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူ ၂ဦးဟာ စစ်မှုထမ်းအပတ်စဉ်(၂၂)က ဖြစ်ပြီး စစ်တပ်မှာ တာဝန်မထမ်းလိုတာကြောင့် ထွက်ပြေးလာတာလို့ အသိပေးပါတယ်။

အခု အလင်းဝင်လာသူ ၂ဦး အပါအဝင် ၂၀၂၆ အတွင်းမှာ ဗျူဟာ (၂၂)တပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၈ဦးရှိကြောင်း ဗျူဟာ ၂၂ ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

လက်ရှိ အချိန်မှာ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ အသေခံပြီး တိုးနေရ ဖိအားပေးခံရပြီး တိုက်ပွဲဝင်နေရတဲ့ အနေအထားဖြစ်ကြောင်း ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

“ဒီအချိန်ကာလက သူတို့အတွက် ကျနော်တို့ဆီကို လာရောက်ပူးပေါင်းဖို့ခိုလှုံဖို့ အခွင့်ကောင်းလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဆီကို လာရောက်ပြီး ပူးပေါင်းခိုလှုံဖို့ ဖိတ်ခေါ်တယ်” လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

ဒ့ါအပြင် လူငယ်တွေအပါအဝင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှု မခံရစေရေး စစ်ကောင်စီနဲ့ ဝေးရာနေဖို့ သတိနဲ့ သွားလာကြဖို့လည်း ဗျူဟာ (၂၂) ဗျူဟာမှူးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စနစ်ဆိုး စစ်ကျွန်အောက်မှာ ရှိနေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဗျူဟာ (၂၂)နဲ့ ဗျူဟာ (၂၂) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း တပ်ခွဲ များ ထံ ဆက်သွယ် ပြည်သူရင်ခွင့်ခိုလှုံနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး လက်နက်ခဲယမ်းပါရင်ထိုက်တန်စွာချီးမြှင့် ဂုဏ်ပြုမယ်လို့ အသိပေးထားပါတယ်။
👍3010😁2🥰1
ဓာတ်ပုံ - ပဲခူးအနောက်ရိုးမဗျူဟာ-၂၂
👍352🥰1😁1
■အ​တွေးအမြင်

အောက်ချင်းငှက်မောင်နှံကို
အားကျနေရတဲ့ ပြည်သူတွေ

ယောနသံ/People's Spring

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့်မြန်မာနိုင်ငံသားတွေအတွက်
စိတ်မကောင်းဖြစ်နေရဆဲလို့ ဩစတေးလျသံရုံးက သတင်းထုတ်ပြန်လာတာပါ။လွန်ခဲ့တဲ့ ၃နှစ်က မုန်တိုင်းတိုက်ခတ်နေစဉ် သံရုံးခြံဝင်းထဲ လာ‌နား‌ခဲ့တဲ့ အောက်ချင်းငှက်နှစ်ကောင်ရဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေကို ထိခိုက်ပျက်ဆီးမှုများပြားစေခဲ့တဲ့မိုခါမုန်တိုင်းဟာ၂၀၂၃ မေလ၁၄ရက်နေ့မှာတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ (မေလ ၁၄ရက်နေ့)ဟာ မြန်မာနိုင်ငံ ဒေသအနှံ့ကလူပေါင်းများစွာအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့ဖြစ်ပြီး သြစတြေးလျအနေနဲ့ ထိခိုက်ခံရတဲ့အသိုက်အဝန်းတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေချက်ချင်း ပေးအပ်ခဲ့သလို ထိခိုက်ခဲ့သူတွေအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရဆဲလို့ ထုတ်ပြန်ပါတယ်။

မုန်တိုင်းတိုက်ခတ်နေစဥ်အတွင်း သံရုံးဝန်ထမ်းတွေရဲ့ခြံဝန်းထဲမှာလာရောက်နားခိုခဲ့တဲ့ အောက်
ချင်းငှက်နှစ်ကောင်ကိုလည်း ကယ်ဆယ်ထားခဲ့ပြီး အခုထိ အတူရှိနေကြောင်း နဲ့ အခုဆိုရင် မိသားစုဝင်အသစ်လေးတစ်ကောင်တောင်ရနေပါပြီလို့
အသိပေးထားပါတယ်။အောက်ချင်းငှက်နှစ်ကောင်ဟာ ကျယ်ဝန်းသပ်ရပ်တဲ့ခြံဝင်းထဲက ခမ်းနားတဲ့အဆောက်အအုံတစ်ခုရဲ့ ထိုင်ခုံတန်းမှာ နား​နေတဲ့ ဓာတ်ပုံထဲကတစ်ဆင့် တွေ့ရပါတယ်။

မိုခါ မုန်တိုင်းသင့်ခဲ့တာချင်တူ​ပေမယ့် မြန်မာပြည်သူ​တွေက​တော့ ​​အောင်ချင်းငှက်နှစ်​ကောင်လို အခုချိန်ထိကံမကောင်းကြ​သေးပါဘူး။

စစ်အာဏာရှင်ကြောင့် မြန်မာနိုင်ငံဟာမုန်တိုင်းမိနေပြီး ဩစတေးလျသံရုံးအနေနဲ့ ​အောင်ချင်းငှက် ၂ ​​ကောင်လို မြန်မာပြည်သူတွေကိုလည်းကူညီစေချင်တယ်လို့ ဩစတေးလျသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာပြည်သူအချို့က တောင်းဆိုနေကြပါတယ်။

"မြန်မာပြည်မှာလည်းစစ်အာဏာရှင်ကြောင့် တိုင်း
ပြည်ဟာ မုန်တိုင်းမိနေပါတယ် ။ မြန်မာနိုင်ငံသားများကိုလည်း အဆိုပါ အောက်ချင်းငှက်လေးလို မြန်မာပြည်သား အများပြည်သူဆန္ဒနှင့်အညီ ကူညီကယ်ယူစောင့်ရှောက်ရင်အတိုင်းမသိဝမ်း
သာမှာပါ"လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။

မုန်တိုင်းဟာ၂၀၂၃မေလ၁၄ရက်မနက်မှာ ကျောက်
ဖြူမြို့ကိုဖြတ်ပြီး စစ်တွေမြို့ကိုဝင်ခဲ့တာပါ။ မုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ပဲခူး၊ နေ
ပြည်တော်နဲ့ မကွေးတိုင်းတို့မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူရာချီ‌ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်အတွင်းလူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီးလူနေ
အိမ် နှစ်သိန်းကျော် ပျက်စီးခဲ့တယ်လို့ အာရက္ခ
တပ်တော်(AA) ကထုတ်ပြန်ခဲ့ပါတယ်။

ဆိုင်ကလုန်းမိုခါကို တုံ့ပြန်မှုအတွက် နောက်ကျခဲ့သလို မုန်တိုင်းဘေးသင့်ပြည်သူတွေဆီပေးပို့မယ့် အကူအညီတွေကိုလည်းစစ်ကောင်စီကနည်းမျိုးစုံဟန့်တားခဲ့တယ်လို့ ပြည်တွင်း နဲ့ နိုင်ငံတကာအဖွဲ့တွေကထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ကူညီကယ်
ဆယ်ရေးအရေးပေါ်လိုအပ်နေတဲ့ အချိန်မှာပဲ နိုင်
ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်အ
တွင်း ခရီးသွားလာခွင့် ဇွန်လ ၇ရက်ကစပြီး စစ်ကောင်စီက ရုတ်တရက်ပိတ်ပင်ခဲ့ပါတယ်။

ခရီးသွားလာခွင့်နဲ့လူ သားချင်းစာနာမှုကူအညီတွေ ပိတ်ပင်ခံရတာကြောင့် အခြေအနေတွေပိုမိုဆိုးရွားလာပြီး လူထောင်ပေါင်းများစွာထံကို အ
ကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့ပါတယ်။

မိုခါမုန်တိုင်းဝင်ပြီးနောက်ပိုင်း ၂၀၂၄ခုနစ် စက်
တင်ဘာလမှာလည်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ရပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ စကိုင်းနဲ့မန္တလေးမြို့ကိုဗဟိုပြုခဲ့တဲ့ အင်အားပြင်းငလျင်ဘေးကြုံခဲ့ပါတယ်။

၂၀၂၁ခုနှစ် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်
ပိုင်း ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေကိုကူညီကယ်
ဆယ်ရေးအစီအစဉ်တွေ စစ်အုပ်စုက မလုပ်ခဲ့ဘဲ အရပ်သားတွေကိုပစ်မှတ်ထားပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာနဲ့တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။

သစ္စာရှိခြင်းရဲ့ပြယုဂ်အဖြစ်တင်စားခံရတဲ့ အောက်
ချင်းငှက်ဟာ ချင်းတိုင်းရင်းသားတွေအပြင် သ
ဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတိုင်းက တန်ဖိုး
ထားတဲ့ ငှက်မျိုးစိတ် ဖြစ်ပါတယ်။လက်ရှိမှာတော့ တောတောင်ပြုန်းတီးမှုနဲ့ အမဲလိုက်ခံရမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ မျိုးစိတ်ဖြစ်ပါတယ်။

အာဏာကိုလက်မလွှတ်ချင်တဲ့ စစ်ကောင်စီကလည်း မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အမဲလိုက်သလို တိုက်ခိုက်ဖျက်ဆီးနေဆဲဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားသတ်ဖြစ်နေတဲ့ စစ်အာဏာရှင်လက်အောက်ကမြန်မာပြည်သူလူထုဟာ အသက်ရှင်သန် ရေးရည်ရုန်းကန်နေရပြီး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် အရေးယူပေးဖို့ ကု
👍256🔥4
လသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်စင်မြင့်‌ပေါ်ကတဆင့် ကမ္ဘာကိုမကြာ‌သေးမီကတင် အကူအညီတောင်းခဲ့ပါတယ်။ ။
👍29🔥4
မိသားစုဝင်အသစ်​လေးပါတိုး​နေပြီဖြစ်တဲ့မိုခါမုန်တိုင်းသင့်ခဲ့တဲ့ ​အောင်ချင်းငှက် ဇနီး​မောင်နှံ။
ဓါတ်ပုံ-သြစ​တြေးလျသံရုံး
39👍11🔥1🥰1
လေးမြို့မြစ်အတွင်း ဘောလုံးကန်ပြန်လာတဲ့ စက်လှေမှောက်လို့ လူ ၁၀ဦး သေဆုံး

မေ-၁၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက လူငယ်အများစုပါတဲ့ ဒေသခံတွေဟာ မေလ ၁၂ရက်ညနေက မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာ ဘောလုံးကစားပြီးပြန်လာစဉ် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။

"လေးမြို့မြစ်က ဒီရက်ရေစီးကြမ်းနေတာ။ မိုးလည်း ရွာတော့ ပိုဆိုးတယ်။ ညနေဘက်မှာ မှောက်တာဆိုတော့ ရှာဖွေကယ်ဆယ်ရေးမှာအခက်အခဲတွေရှိခဲ့တယ်"လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဘောလုံးကစားပွဲကနေပြန်လာတဲ့ လူ၁၀၀ကျော်က စက်လှေနှစ်စီးနဲ့အတူလိုက်ပါလာစဉ် တစ်စီး တိမ်းမှောက်တာလို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှင်တဲ့အရွယ်ကလေးငယ်တစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေက အသက် ၂၀ကနေ ၅၀ကြားအမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ‌နေ့အထိ ကြားသိထားတဲ့သတင်းအရ ရုပ်အလောင်း ၉လောင်းရှာဖွေတွေ့ရှိထားပြီး ၁ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ဒေသတွင်းဆက်သွယ်ရေးမှာ ရေကြောင်းလမ်းဆက်သွယ်ရေးအဓိက အသုံးပြုတဲ့ ဒေသဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကန်ရိုးတန်းဒေသတွေမှာ လေပြင်းနဲ့မိုးကြီးမယ့်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
😢28👍74🔥2👎1
👍14😢9🔥1
စက်​လှေ​မောက်ပြီး ​သေဆုဲးခဲ့သူရုပ်အ​လောင်းတစ်​​လောင်းကို သယ်​ဆောင်လာ
စဥ်။
😢144🔥1
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေပြသပေးဖို့ ဂန့်ဂေါပြည်သူတွေ တောင်းဆိုဆန္ဒပြ

မေ-၁၄၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ" စာသားတွေကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။

Proof of Life လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
36👍8🥰2🤮1
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
35👍11🥰2🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် အထိနာခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မေလ ၁၃ရက် မနေ့က ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ အာဏာသိမ်းစစ်တပ်က အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေပြီး မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့ကာ ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးခြောက်လုံးကြဲချသွားတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

◾️တနင်္သာရီမြို့နယ်က စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက် မနေ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူးလားဒေသမှာ ပါဝင်တဲ့ တကူကျေးရွာကို စစ်တပ်က မေလ ၁၃ရက် မနက် ၁၀နာရီလောက်မှာ ထပ်မံဗုံးကြဲခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း အဲဒီတကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကလေးငယ်တွေ စာသင်ကြားရာနေရာတွေအပါအဝင် KNU နယ်မြေတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

◾️ဖက်ဒရယ်ဦးဆောင်ကောင်စီနဲ့ စစ်ကိုင်းလွှတ်တော်၊ အစိုးရတို့ တွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုမှာ SECF အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကောင်စီဝင်များနဲ့ တာဝန်ရှိသူများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ ဒု-ဝန်ကြီးချုပ်တို့နဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ SCEF ဟာ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် ဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားတာဖြစ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို ညှိနှိုင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

◾️ပြည်ပရောက်မြန်မာလုပ်သားတွေဆီက တစ်နှစ်အတွင်း ဒေါ်လာ ၅.၆ ဘီလီယံခန့် စစ်တပ်ရရှိ

ပြည်ပရောက်မြန်မာအလုပ်သမားတွေကို အတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှု ပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတရားဝင်မထုတ်ပြန်တဲ့ စာရင်းတွေမှာတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ ပြည်တွင်းကို ငွေပြန်လွှဲရတဲ့ အခြေအနေကနေ စစ်တပ်ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅.၆ ဘီလီယံလောက် ရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ တစ်နှစ်တာအတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေရရှိမှု အားလုံးရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်တုန်းက ပြည်ပရောက်မြန်မာတွေ ပြည်တွင်းကို ငွေပြန်လွှဲမှုကြောင့် ပြည်တွင်းကို စီးဝင်တဲ့ ဒေါ်လာ ပမာဏဟာ သန်း ၆၇၀ သာ ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ စစ်တပ်ဟာ ပြည်ပရောက် မြန်မာ အလုပ်သမားတွေအနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ဘဏ်လုပ်ငန်းတွေကတဆင့် ပြန်လွှဲပေးရမယ်လို့ အတင်းအကျပ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့်အကျပ်ရိုက်နေပြီးစစ်တပ်နဲ့ အချိတ်အဆက်ရှိနေတဲ့ဘဏ်တွေဟာအဲဒီလွှဲငွေတွေကနေတဆင့် နိုင်ငံခြားငွေကြေးကို ရရှိခဲ့ပါတယ်။

◾️မင်းတပ်မြို့ကို စစ်တပ်က လေးရက်ဆက် ဗုံးကြဲ
🤬227🔥2👍1
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ရက်ညပိုင်းကနေ စပြီး ဒီနေ့ မေလ ၁၄ရက်အထိ လေးရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်မြို့နယ်ကို ချင်းတောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ် တို့ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်တပ်က မြေပြင်က ထိုးစစ်မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မေလ ၁၄ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ မင်းတပ်မြို့အနီး တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

◾️ဟားခါးဒေသခံတွေအတွက် စစ်ရေးသတိပေးချက် CDF ထုတ်ပြန်

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဟားခါးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အသိပေးရာမှာ လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ပြည်သူတွေ လုံခြုံရေးအတွက် သတိပေးချက်ကိုပါ ဖော်ပြထားတာပါ။ အခု ဖမ်းမိတဲ့ စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်ဟာ ဟားခါးမြို့အတွင်း ပြည်သူတွေကို ငွေညှစ်တောင်းခံခြင်း၊ နေအိမ်တွေကို ဖောက်ထွင်းဓားပြတိုက်ခြင်းစတဲ့ ပြည်သူလုံခြုံရေးထိခိုက်စေတဲ့ လုပ်ရပ်များ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်တပ် တပ်ဖွဲ့ဝင်ကို မေလ ၁၃ရက် မနေ့က ဟားခါးမြို့တွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူတွေဆီ အချိန်မီ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

◾️လေးမြို့မြစ်အတွင်း စက်လှေမှောက်လို့ လူ ၁၀ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်လို့ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့နယ် အောင်တိုင်ကျေးရွာက လူငယ်အများစုပါတဲ့ ဒေသခံတွေဟာ မေလ ၁၂ရက် ညနေက မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှာ ဘောလုံးကစားပြီးပြန်လာစဉ် လေးမြို့မြစ်အတွင်း စက်လှေတိမ်းမှောက်ခဲ့တာပါ။ ဘောလုံးကစားပွဲကနေ ပြန်လာတဲ့ လူ ၁၀၀ကျော်က စက်လှေနှစ်စီးနဲ့အတူလိုက်ပါလာစဉ် တစ်စီး တိမ်းမှောက်တာလို့ သိရပါတယ်။

◾️လေဖိအားနဲ့ရပ်ဝန်းကြောင့် နိုင်ငံတဝန်း မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်း မေလ ၁၇ရက် မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိ​ပေးထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ မေလ ၁၁ ရက် ကစပြီး လေဖိအားနည်း ရပ်ဝန်းဖြစ်နေတာပါ။ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ လက်ရှိရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့မှာ မေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရောဝတီတိုင်းတို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ NUGက သတိပေးထားပါတယ်။ အဲဒီဒေသတွေမှာ ပုံမှန်ထက်မိုးကြီးနေပြီး လေပြင်းတိုက်ခတ်တာတွေလည်း ရှ်ိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

◾️စစ်တပ် တပ်သား ၂ဦး PDF ဗျူဟာ(၂၂)ထံ ထပ်မံအလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၂ဦးဟာ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၅)ထံ မေလ ၁၁ရက်မှာ လက်နက်မဲ့နဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာသူ ၂ဦးဟာ စစ်မှုထမ်းအပတ်စဉ်(၂၂)က ဖြစ်ပြီး စစ်တပ်မှာ တာဝန်မထမ်းလိုတာကြောင့် ထွက်ပြေးလာတာလို့ အသိပေးပါတယ်။ အခု အလင်းဝင်လာသူ ၂ဦး အပါအဝင် ၂၀၂၆ အတွင်းမှာ ဗျူဟာ (၂၂)တပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၈ဦးရှိကြောင်း ဗျူဟာ ၂၂ ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။ လက်ရှိ အချိန်မှာ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ အသေခံပြီး တိုက်ပွဲဝင်နေရတဲ့ အနေအထားဖြစ်ကြောင်း ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

◾️တနိုင်း ရေကြည်ချောင်းဒေသခံတွေ နေရာမရွှေ့ပြောင်းရင် အိမ်တွေ မီးရှို့မယ်လို့ ပြည်သူ့စစ် ခြိမ်းခြောက်
20🔥5👍1
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသမှာတပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရေကြည်ချောင်းဒေသခံ ပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၁၃ရက်မှာ သတင်းဖော်ပြပါတယ်။ ဟူးခေါင်းဒေသမှာ တပ်စွဲနေရာယူနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက မေလ ၉ရက်ကစပြီး ရေကြည်ချောင်းနဲ့ ပေါက်၀ဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အဓမ္မ နေရာရွှေ့ပြောင်းခိုင်းနေတာလို့ ဆိုပါတယ်။ ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် ပြည်သူတွေနေထိုင်ရာ ဒေသတွေမှာ တပ်စွဲလိုတာကြောင့် ပြည်သူတွေကို အတင်းအဓမ္မ နေရာပြောင်းရွှေဖို့ ခိုင်းစေနေတာဖြစ်ပြီး မပြောင်းရွှေ့ရင် နေအိမ်တွေ မီးရှို့ဖျက်ဆီးမယ်လို့ ပြောဆိုနေကြတယ်လို့ KIA ရဲ့ သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ အဲဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ(၂)နယ်မြေဖြစ်ပြီး စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

◾️ရွှေဘိုခရိုင်အတွင်း စတားလင့်ခ် ယာယီပိတ်သိမ်းထားဖို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက စစ်ဆင်ရေးတရပ်ဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး လိုက်နာဖို့ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို ဒီနေ့ မေလ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာမှာ စတားလင့်ခ် အင်တာနက်တွေကိုပါ ယာယီ ပိတ်သိမ်းထားကြဖို့ ညွှန်ကြားလိုက်တာပါ။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ အများပြည်သူသုံး စတားလင့်ခ် အင်တာနက်တွေကို ယာယီ ပိတ်သိမ်းကြဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေး အကန့်အသတ်နဲ့ အသုံးပြုကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုံးဝ (လုံးဝ) မဝင်ရောက်ဖို့ကိုလည်း အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

◾️Proof of Life လှုပ်ရှားမှု

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of Life" လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ" စာသားတွေကိုင်ဆောင် တောင်းဆိုခဲ့ကြပါတယ်။ Proof of Life လှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဂန့်ဂေါမြို့နယ်ရှိ ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
👍265🔥2
18🔥3🥰3