အင်းစိန် ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်း ၊ ထောင်ပိုင်ဟောင်း ဇော်လင်းအောင် ၊
အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ် ၊ အတူအိပ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ် ၊ အ
ကောင့်သစ်နဲ့ ခြိမ်းခြောက်ထားတာတွေကိုတွေ့ရစဥ်

🤬39🤮4❤2👎1
UFC ချန်ပီယံဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့ မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ်
မေ-၁၃၊၂၀၂၆။ သုည/People's Spring
UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။
ယင်းအခမ်းအနားကို မေလ ၂၇ ရက် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က Jalan Loke Yew မှာ ရှိတဲ့ SJK(C) Chung Kwo ကျောင်းခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ကြောင်း CRC က ဖော်ပြထားပါတယ်။
" အခမ်းအနားကို မနက် ၉ ကနေ ည ၁၁ အထိ လုပ်မှာပါ။ မေလ ၂၇ ရက်က Holiday ဖြစ်တဲ့အတွက် မလေးရှားရောက် မြန်မာတွေ၊ ချင်းလူမျိုးတွေ အားလုံး လာဖို့အတွက်လည်း CRC က မိတ်ဆွေတွေက ဖိတ်ခေါ်ထားပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားဖြစ်ပြီး လက်မှတ်လည်းမရောင်းဘူးလို့ သိရတယ်။ ဖြူဖြူကျော်သိန်းနဲ့ ဂျိုရှုအာဗန်လည်း လာမှာဖြစ်လို့ တော်တော်များများ လာမယ်လို့လည်း မျှော်လင့်နေကြတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှားခရီးစဉ်အပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာဖြစ်ကြောင်း MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။
မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

❤20👍5🤮1
ICC အလိုရှိနေတဲ့ လွှတ်တော်အမတ် ပုန်းအောင်းနေတဲ့ ဖိလစ်ပိုင် လွှတ်တော်မှာ သေနတ်သံတွေ ထွက်ပေါ်
မေ-၁၃၊၂၀၂၆။People's Spring
ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။
မေလ ၁၃ ရက်ညပိုင်းကထွက်ပေါ်လာတဲ့သေနတ်သံတွေက ဘယ်သူက ပစ်ခတ်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုဖြစ်စဉ်ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က တရားခံပြေးအဖြစ် အလိုရှိနေပြီး ဖိလစ်ပိုင် လွှတ်တော်ထဲမှာ ခိုလှုံနေသူ အထက်လွှတ်
တော် အမတ်တစ်ဦးကို ဖမ်းဆီးဖို့ အားထုတ်နေမှုနဲ့ ဆက်စပ်နေဖွယ် ရှိပါတယ်။
အထက် လွှတ်တော်အမတ် ရော်နယ်လ် ဒယ်လာရိုဆာဟာ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဒူတာတေးအကောင်အထည်ဖော်ခဲ့တဲ့မူးယစ်ဆေး
ဝါး တိုက်ဖျက်ရေး မစ်ရှင်တွေမှာ သံသယ ရှိသူတွေကို အကြမ်းပတမ်း ဖြိုခွင်း နှိမ်နင်းခဲ့တဲ့အ
တွက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒူတာတေးကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICC မှာ ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။
ဒယ်လာရိုဆာကိုလည်း ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ICCက အခုသီတင်းပတ် အစောပိုင်းမှာ တရားဝင် ကြေညာခဲ့တဲ့နောက် ဖိလစ်ပိုင် လုံခြုံ
ရေး တပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒယ်လာရိုဆာက မေလ ၁၁ ရက်နေ့မှာ လွှတ်တော်ထဲ ဝင်ရောက်ခိုလှုံနေခဲ့သလို ICCရဲ့ ဖမ်းဆီးမှုကို လုံးဝမခံနိုင်ကြောင်း ပြောကြားထားပါတယ်။
မေလ ၁၃ ရက် ညပိုင်းမှာ ထွက်ပေါ်နေတဲ့ သေနတ်သံတွေနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေက ရှင်းရှင်း
လင်းလင်း ဘာမှမပြောခဲ့ပါဘူး။ဘယ်သူက လွှတ်
တော်ထဲမှာ သေနတ်ပစ်ခဲ့သလဲ ဆိုတာကို မသိရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့တော့ လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။
ပြည်ထဲရေးနဲ့ ပြည်တွင်း အုပ်ချုပ်ရေး ဝန်ကြီး ဂျွန်ဗစ် ရမ်မူလာကတော့လွှတ်တော်ကိုလုံခြုံရေး တပ်တွေ ဝိုင်းထားတာက သမ္မတရဲ့အမိန့်အရ အ
ဆောက်အအုံကို ဘေးကင်းလုံခြုံအောင် စောင့်
ရှောက်ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။
လွှတ်တော်လုံခြုံရေးအတွက်ပဲ တပ်ဖွဲ့တွေ ဖြန့်ကျက်ထားကြောင်း၊ ဒယ်လာရိုဆာကို ဖမ်းဖို့ အမိန့်ရမထားကြောင်းရမ်မူလာကပြောကြားခဲ့ပါတယ်။ ကြားရတဲ့ သေနတ်သံတွေကလည်းလုံခြုံရေး တပ်
ဖွဲ့ဝင်တွေ ပစ်တာ မဟုတ်ကြောင်း သူက ငြင်းဆိုထားပါတယ်။
မေလ ၁၃ ရက် ညနေပိုင်းလောက်မှာတော့ မနီလာမြို့ကလွှတ်တော်အဆောက်အအုံထဲကို ရဲကွန်မန်ဒိုတွေက ဝင်ရောက်သွားပြီး အနီးပတ်ဝန်းကျင်မှာတော့ ဒိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဝန်းရံ ပိတ်ဆို့ထားခဲ့တဲ့ ဗီဒီ
ယိုတွေ ထွက်ပေါ်လာပါတယ်။
ICCက ဒယ်လာရိုဆာဟာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းရေး မစ်ရှင်တွေကို အကြောင်းပြပြီး ဒါဇင်နဲ့ချီ များပြားတဲ့ လူတွေကို တရားလက်မဲ့ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
လွှတ်တော်နားမှာလည်း ဒယ်လာရိုဆာကို ဖမ်းဆီးပြီး ICCကို ပို့ဖို့၊ ဒူတာတေးနဲ့အတူ စွဲချက်တင်ခံစေဖို့ အစုအဖွဲ့နဲ့ ဆန္ဒပြသူတွေ ရှိနေခဲ့ပါတယ်။ ဒယ်လာရိုဆာရဲ့ ရှေ့နေတွေကတော့ သူ့ကို ဟိဂ်မြို့ဆီ ပို့ဆောင်မယ့် ကိစ္စကို တားဆီးပေးဖို့ တရားရုံးချုပ်ဆီ တိုက်တွန်း တောင်းဆိုထားပါတယ်။
လောလောဆယ်တော့ ဒယ်လာရိုဆာဟာ ကိုယ်ရံ
တော်တွေနဲ့အတူ လုံလုံခြုံခြုံ ရှိနေတယ်လို့ ရမ်မူလာက ဆိုပါတယ်။ ဒယ်လာရိုဆာက လွှတ်တော်ထဲမှာ ပုန်းနေတဲ့ ကိစ္စဟာ အခြေအနေတွေကို အတော်လေး ရှုပ်ထွေးနေစေပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ ဆိုတာကလည်း ခန့်မှန်းရ ခက်နေပါတယ်။
ဒယ်လာရိုဆာတော့ သူ့မှာ အပြစ်ရှိတယ်လို့ ယူဆရင်ပြည်တွင်းကတရားရုံးတွေမှာပဲစစ်ဆေးဖို့၊ဟိဂ်မြို့ဆီ လွှဲမပေးဖို့ လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တောင်းဆိုထားပါတယ်။ ပြီးတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားခဲ့ဘူးလို့လည်း ဒယ်လာရိုဆာက အခိုင်အမာ ပြောကြားထားပါတယ်။
ကိုးကား: BBC

👍28❤5🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်ပြီး စစ်မှုထမ်းဖို့ လက်ထိပ်ခတ် ခေါ်ဆောင်
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေ မေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။ အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့မိခင်က လာရောက်လျှောက်ထားကာ အကူအညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါ တွေ့ရပါတယ်။
◾️မင်းတပ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦး သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦး သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ မင်းတပ်မြို့ကို မေလ ၁၁ရက် ညသန်းခေါင်ယံကနေ မေလ ၁၂ရက် ညနေ ၆နာရီခွဲအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၁၉ နာရီအတွင်း မင်းတပ်မြို့ပေါ်ကို ၉ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး မြို့အနီးကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးကာ အရပ်သား နေအိမ် ၁၅လုံး၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀)ခု၊ မော်တော်ယာဉ် (၄) စီး ပျက်စီးမှုရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
◾️ချင်း-မကွေးအစပ်ဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့ ကန်ပက်လက်နဲ့ ဆောမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ဒီရက်ပိုင်းမှာ နေ့စဉ်ရက်ဆက် အပြင်းအထန် လုပ်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက်မြို့ကို မေလ ၁၂ရက် မနေ့ညပိုင်းက တိုက်လေယာဉ် ၂စီး၊ Y12 လေယာဉ်တို့ သုံးပြီး ၁၂ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ အတွဲလိုက်ဗုံးတွေ အသုံးပြု တိုက်ခိုက်သွားတယ်လို့ သိရပြီး ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့သလို အဲဒီ ဗုံးကြဲခဲ့တဲ့နေရာကို Y12နဲ့ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲပါ။
◾️ဒီပဲယင်းအနောက်ခြမ်းကို စစ်တပ် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက် ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ သုံးစီးအနက် ၂စီးက ညနေ ၃နာရီ ၄၈မိနစ်နဲ့ ၃နာရီ၅၀ မိနစ်မှာ ဗုံးကြဲသွားတာလို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။ မြေပြင်ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်ခရိုင်ထဲမှာလည်း စစ်တပ် စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာနေသလို နေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
◾️ဝက်လက်အရှေ့ခြမ်းကို စစ်တပ် ထပ်မံ လေကြောင်းတိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒီနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ သိရပါတယ်။ အဲဒီနေရာဟာ စစ်ရှောင်လည်း မရှိသလို ဘာမှမရှိတဲ့နေရာကို ဝင်ပစ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးအပါအဝင် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
◾️ချောင်းဦးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံး

👍13❤3😢2🔥1
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မေလ ၁၂ရက် မနေ့ ညနေပိုင်းက စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦးမြို့ပေါ်က စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်လို့ ရှမ်းထူးကျေးရွာအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၈၀ ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ အသက် ၃၀ အရွယ် လင်မယားနှစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ လူနေအိမ် ၂ လုံးပါ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်ရွေးကောက်ပွဲကို အာဆီယံအသိအမှတ်ပြုဖို့ ခဲယဥ်းနေဆဲလို့ ဆို
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၁ရက်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဆီကို စာရေးသားပေးပို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ အကြောင်းပြန်စာထဲမှာတော့ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး အကြမ်းဖက်မှုလျော့ကျရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ကြားဝင်ဖျန်ဖြေရေးတို့ဆီ ဦးတည်တဲ့ တိုးတက်မှုတွေ ဖြစ်လာမှာလည်းဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ဆိုပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေးအတွက် သံတမန်လမ်းကြောင်းတွေကတဆင့်လည်း တစိုက်မတ်မတ်တောင်းဆိုနေတယ်လို့ ရန်ကုန်လွှတ်တော်က ထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ စာမှာ ပါရှိပါတယ်။
◾️ရေကြည် အမြောက်တပ်ရင်းကို AAနဲ့မဟာမိတ်တွေ တိုက်ခိုက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမှတ်(၃၄၄) အမြောက်တပ်(အမတ-၃၄၄)အနီးကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဆက်စပ်နေပြီး ဂွ-ငသိုင်းချောင်းလမ်းပိုင်းဘေးက မြောက်စမ်းကျေးရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)တပ်ရင်းကို မေလ ၉ရက်ကစပြီး AAနဲ့မဟာမိတ်တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၉ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်တပ် လေယာဉ်နှစ်ရက်ဆက်လာသလို ဒီနေ့ မနက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်တွေက အမတ ၃၄၄ ရဲ့ကာကင်းတွေကို တိုက်ခိုက်နေပြီး ဒေသခံတွေကို လုံခြုံရေးသတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
◾️စစ်တပ်က မြစ်ကြီးနားဘက်ကို စစ်အင်အားဖြည့်နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဘက်ကို အာဏာသိမ်းစစ်တပ်က စစ်အင်အားတွေဖြည့်တင်းနေသလို ပြည်နယ်နေရာအများအပြားကို စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်ဒေသ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက မေလ ၁၂ရက် မနေ့ ညပိုင်းမှာ ရှင်းလင်းပြောကြားပါတယ်။ မြစ်ကြီးနားဘက်ကို စစ်ကား အစီးရေ ၁၀၀ ကျော်နဲ့ ဝင်လာနေတယ်လို့ သတင်းရရှိကြောင်းနဲ့ မြေပြင်မှာ ရွှေကူ၊ ကသာတို့ဘက်လည်း စစ်အင်အားတွေ တိုးမြှင့်ထားတာ တွေ့ရကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဖားကန့်မြို့နယ်ဘက်ကိုလည်း အမြဲတမ်းစစ်အင်အားတွေ ဖြည့်ထားတာ တွေ့ရပြီး ကချင်ပြည်နယ် မြို့နယ် ၅ ခုမှာ စစ်တပ်က စစ်ဆင်ရေးလုပ်မယ်လို့ ပြောထားတဲ့အတိုင်း တတ်နိုင်သလောက် လှုပ်ရှားနေမယ်လို့ ယူဆကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားပေမယ့် လက်တွေ့မှာတော့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို လေကြောင်းတိုက်ခိုက်တာ၊ စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
◾️ကနီမှာ စစ်ကြောင်းကြောင့် အရပ်သားသုံးသောင်းကျော်စစ်ရှောင်နေရ

👍16❤4🔥1
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၄၀ ခန့်က ဒေသခံပြည်သူသုံးသောင်းကျော်စစ်ရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ကနီမြို့နယ်ထဲကို ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကစတင်ပြီး စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီး ကျေးရွာပေါင်း ၄၄ ရွာက လူဦးရေ ၃၀,၉၀၀ ခန့် စစ်ရှောင်နေရတာလို့ သိရပါတယ်။ လက်ရှိအချိန်က ကနီနယ်မှာ မိုးစပါးစိုက်ပျိုးချိန် ဖြစ်ပေမယ့် စစ်ကြောင်းကြောင့် လယ်မလုပ်နိုင်ဘဲ စစ်ရှောင်နေကြရတာပါ။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ကနီမြို့အနီးက ရေလယ်ကျွန်းရွာ၊ ချောင်းမရွာ၊ချင်းတောင်ရွာအပါအဝင် အနီးတဝိိုက်ရှိ ကျေးရွာတွေမှာပါ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။ အဲဒီလိုဖြန့်ကျက်ထားတဲ့အင်အားအပါအဝင် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းမှာ အင်အား ၈၀၀ ခန့်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူက အသိပေးပါတယ်။
◾️JICA ရဲ့အစီအစဉ်ပျက်သွားလို့ ရွှေဘိုမှာ ချောင်းကူးတံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆောက်လုပ်ပေးဖို့ စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကို ဒေသခံပြည်သူတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော် တည်ဆောက်နေပါတယ်။ အဲဒီတံတားဟာ ရွှေဘိုအနောက်ခြမ်း မူးမြစ်ဆီ စီးဆင်းတဲ့ ချောင်းတစ်ခုပေါ်မှာရှိတာပါ။ ဒေသတွင်းသွားလာရေးအတွက် အရေးပါတဲ့လမ်းပိုင်းမှာ ရှိတာကြောင့် အခုတော့ ကျေးရွာနှစ်ရွာက တစ်ရွာ ကျပ်သိန်းလေးရာစီ မ,တည်ကာ တံတားတည်ဆောက်နေပါတယ်။ တည်ဆောက်ရေးအတွက် စုစုပေါင်းကုန်ကျငွေဟာ ကျပ်သိန်းနှစ်ထောင်ကျော်ရှိမယ် ခန့်မှန်းထားတယ်လို့ တံတားဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ငွေကြေးအခက်အခဲကြောင့် ကျပ်သိန်း ၃၅၀ ခန့် အကြွေးတင်နေပြီး တံတားအမြန်ဆုံး ပြီးစီးနိုင်ဖို့အတွက် အလှုငွေတွေကို ဆက်လက်ကောက်ခံနေရတယ်လို့လည်း ကော်မတီဝင်က ဆိုပါတယ်။

👍22😁2🔥1
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်က တနိုင်းရေကြည်ချောင်းဒေသခံတွေကို နေရာမရွှေ့
ပြောင်းရင် အိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်
မေ-၁၄၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ဟူးကောင်းဒေသမှာတပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ပြည်
သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ရေကြည်ချောင်းဒေသခံ ပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မေလ ၁၃ရက်မှာ သတင်းဖော်ပြပါတယ်။
ဟူးခေါင်းဒေသမှာ တပ်စွဲနေရာယူနေတဲ့ ပြည်သူ့
စစ်တပ်ဖွဲ့ဝင်တွေက မေလ ၉ရက်ကစပြီး ရောကြည်ချောင်းနဲ့ ပေါက်၀ ဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အဓမ္မ နေရာ ရွှေ့ပြောင်းခိုင်းနေတာလို့ ဆိုပါတယ်။
ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ကချင် လွတ်လပ်ရေးတပ်
မတော်(KIA)နဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် ပြည်သူတွေနေထိုင်ရာ ဒေသတွေမှာ တပ်စွဲလိုတာကြောင့် ပြည်သူတွေကို အတင်းအဓမ္မ နေရာပြောင်းရွှေဖို့ ခိုင်းစေနေတာဖြစ်ပြီး မပြောင်းရွှေ့ရင် နေအိမ်တွေ မီးရှို့ဖျက်ဆီးမယ်လို့ ပြောဆိုနေကြတယ်လို့ KIA ရဲ့ သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။
အဲဒီဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ(၂)နယ်မြေဖြစ်ပြီးစစ်တပ်လက်
အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
ဧပြီတတိယပတ်မှာKIAပူးပေါင်းတပ်ဟာဝါရာဇွပ်ပြည်သူ့စစ်စခန်းတွေကိုထိုးစစ်ဆင်ခဲ့ပြီးအွယ်လောနဲ့ ခလောင့်ကောင့်နေရာ ၂ခုကို သိမ်းပိုက်ခဲ့ပါတယ်။
ရွှေမှော်၊ ပယင်းမှော်တွေ ရှိတဲ့ တနိုင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တို့က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှား ထိုး
စစ်ဆင်လို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး KIA စခန်းအချို့ကို ပြည်သူ့စစ်တွေက သိမ်းပိုက်တာ၊ ပြည်
သူ့စစ်စခန်းတွေကို KIAက ပြန်သိမ်းပိုက်တာစတဲ့ အပြန်အလှန် စခန်းသိမ်းဖြစ်စဉ်အချို့လည်းရှိခဲ့ပါတယ်။

😡30❤6👍3🤬3👎1
ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ် အင်တာနက်တွေ ယာယီပိတ်သိမ်းထားဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန သတိပေး
မေ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People's Spring
ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။
အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန အနေနဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး လိုက်နာဖို့ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို ဒီကနေ့ မေလ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာမှာ သတားလင့်ခ် အင်တာနက်တွေ ကိုပါ ယာယီ ပိတ်သိမ်းထားကြဖို့ ညွှန်ကြားလိုက်တာပါ။
ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ အများပြည်သူသုံး စတားလင့်ခ် အင်တာနက်တွေကို ယာယီ ပိတ်သိမ်းကြဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေး အကန့်အသတ်နဲ့ အသုံးပြုကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုံးဝ (လုံးဝ) မဝင်ရောက်ဖို့ကိုလည်း အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။
ကျန်းမာရေးကိစ္စအပါအဝင် ခရီးသွားလာဖို့ ခက်ခဲသွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကင်ဆာဆေးသွင်းဖို့ ခရီးသွားဖို့ရှိတာ။ သွားလို့မရမှာစိတ်ပူတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရေးသတင်းအချက်အလက်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွေဖြစ်တဲ့ (Facebook, TikTok, YouTube, Telegram, စသည်) ပေါ် လုံးဝ (လုံးဝ) မတင်ကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထပ်မံ သတိပေးပါတယ်။
စစ်ဆင်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း ဘယ်သတင်းမီဒီယာကိုမျှ မဖြေဖို့ သတိပေးတားမြစ်လိုက်ပြီး ရွှေဘိုခရိုင်စစ်ဌာနရဲ့ တရားဝင် စစ်သတင်းထုတ်ပြန်ချက်တွေကိုပဲ စောင့်ဆိုင်းဖော်ပြကြဖို့ ၎င်းစစ်ဌာနက အသိပေးပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကိုဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
အထက်ပါ သတိပေးတားမြစ်ချက်တွေကို တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအားလုံး လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်နဲ့ အရပ်ဖက်-စစ်ဖက် တာဝန်ခံများအားလုံး ပူးပေါင်း တာဝန်ယူဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမယ်လို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

❤27👍13🔥3