People's Spring
63.2K subscribers
65.8K photos
1.15K videos
7 files
2.86K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram


ဒါအပြင် ရည်စားဘဝက ဗီဒီယို ဖိုင်တချို့ဟာ သူတို့ ၂ ​ယောက်ဆီမှာပဲရှိပြီး သူမဆိုရင် ဖိုင်​တွေပျံ့မှာစိုးတာ​ကြောင့် ဖုန်း​​တွေကို တစ်ကြိမ်မှမပြင်ခဲ့သလို ဖုန်းအားလုံးကိုသိမ်းထားတယ်လို့သူမက ဆိုပါတယ် ​။

အခုဖြစ်ရပ်​တွေအတွက် အင်းစိန် ဒု​ထောင်ပိုင် မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကို People's Spring က ​​​မေလ ၁၂ ရက်မှာ ဆက်သွယ်​မေးမြန်းတဲ့အခါ အဆိုပါ အမျိုးသမီးနဲ့ သူသမီးရည်စားမဟုတ်ပဲအဲလိုဖြစ်စဥ်​တွေမရှိ​​ကြောင်း ၊အမျိုးသမီးငယ်ကသာသူ့ကို သိန်း ၈၀​ ပေးဖို့ခြိမ်း​ခြောက်​ခဲ့ကြောင်း ၊အ​ကောင့်တုကလည်းသူမဟုတ်ပဲ ကျားဖြန့်သမား​တွေက အမျိုးသမီးဆီဖုန်းဆက်ပြီး လိမ်တာဖြစ်နိုင်တယ်လို့ ​ပြောပါတယ် ။

ဒါ​ပေမယ့်အမျိုးသမီနဲ့ ရည်စားမဟု​တ်​ကြောင်းငြင်းဆို​​ပေမယ့် သူတို့အတူတွဲခဲ့တဲ့မှတ်တမ်းဓါတ်ပုံ​တွေကို People's Spring ကရရှိထားပါတယ်။

ဆက်ပြီး​တော့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းက သူဖုန်း​တွေကိုဆိုရင် ကျားဖြန့်​ကြောက်လို့ ဆိုင်​တွေမှာမပြင်ဘူးလို့လည်းဆိုပါတယ် ။ဒါ​ကြောင့် သူ့ရည်စား​ဟောင်းနဲ့အတူ​အိပ်ခဲ့တဲ့ဗီဒီယိုဖိုင်​တွေဟာ ဖုန်း​တွေကိုအပြင်ဆိုင်ပို့​လေ့မရှိဘူးဆိုတာ​ကြောင့် သူဖုန်းထဲမှာပဲရှိ​နေတယ်လို့သုံးသပ်ရပါတယ်။

ဒါအပြင် အင်းစိန်ဒု​ထောင်ပိုင်က ရည်စား​ဟောင်းအမျိုးသမီးငယ်ဆီကို ကြားလူတဦးကဆက်သွယ်ပြီး သူ့ကိုစွပ်စွဲရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာ
ပိုးလ်က​နေ တဆင့်ထိုင်းမှာဖမ်းခိုင်းမယ်လို့ ခြိမ်း​​ခြောက်​နေပြန်ပါတယ် ။ ဆက်လက်ပြီး​တော့လည်း အမျိုးသမီးရဲ့ မိခင်နဲ့မိသားစုကို ဒု​ထောင်
ပိုင်ကသိတာ​ကြောင့် အ​ကောင့်တုနဲ့ ​ခြိမ်း​ခြောက်တာ​တွေဟာသူမဟုတ်​ကြောင်း ၊အမျိုးသမီးတင်ထားတဲ့ပိုစ်​တွေကိုဖျက်​ပေးဖို့ ဖိအား​ပေး​နေတယ်လို့စုံစမ်းသိရပါတယ် ။

People's Spring ရဲ့အခြားသတင်းရင်းမြစ်​တွေဆီက စုံစမ်းသိရှိတဲ့အချက်အလက်​တွေအရ အင်းစိန်ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုထွန်းဟာ
လိင်ကိစ္စလိုက်စားသူဖြစ်ပါတယ်။ လက်ရှိမှာ
အကျဥ်းဦးစီးယဥ်​ကျေးမှုဌာနက အမျိုးသမီးငယ်တဦးကို စပွန်ဆာ​ပေး​နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းအချို့က​ပြောပါတယ်။ဒါအပြင် အင်းစိန်​ထောင် ဘင်ခရာတပ်ဖွဲ့က အမျိုးသမီးတဦးနဲ့
လည်းအ​တော်ကြာတွဲခဲ့​​သေးကြောင်းသိရပါတယ်။ အင်းစိန်​ထောင်မှာ အမျိုးသမီးအနူပညာရှင်​တွေရှိစဥ်ကလည်းအထူးပစား​ပေးခဲ့သလိုချဥ်းကပ်ဖို့ ကြိုးစားခဲ့တာ​တွေ့ရတယ်လို့လည်း ဝန်ထမ်းအချို့က​ပြောပါတယ်။ဒါ​ပေမယ့် အခုအခါမှာ အ​ဝေး​ရောက်​နေတဲ့သူ့ဇနီး ပြန်​ရောက်​နေတယ်လို့လည်းစုံစမ်းသိရပါတယ်။

အင်းစိန်​ဒု​ထောင်ပိုင်ဖြစ်တာ​ကြောင့် အကျဥ်းသား​တွေအ​ပေါ် ​မောက်မာလှပြီး ​​​ထောင်အတွင်းအဂတိမှုများလှသလို သူ့တပည့်ချစ်စမ်း​မောင်းကတဆင့် နိုင်ငံ​ရေးအကျဥ်းသား​တွေအ​ပေါ် ရိုင်းစိုင်းပြီး ညှင်းပန်းနှိပ်စက်မှု​တွေမကြာခဏလုပ်တယ်လို့အင်းစိန်​ထောင်က မကြာခင်ကလွတ်လာသူအချို့က​ပြောပါတယ် ။

အခုလို လိင်အမြတ်ထုတ်ခံခဲ့ရသလို ၊ ရည်စားဘဝအတူ​နေခဲ့တဲ့ ဗီဒီယိုဖိုင်​တွေကိုပါ တယ်လီဂရန်ချန်နယ်မှာတင်ခံရတာ​တွေ​ကြောင့် များစွာထိခိုက်ခဲ့တဲ့အမျိုးသမီးကို ယခုဖြစ်ရပ်​တွေက​နေ ဘာလိုချင်လဲလို့​မေးတဲ့အခါကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရ​စေချင်ပြီး တရားမျှတမှုလိုချင်တယ်လို့သူမကပြောပါတယ်။

"ညီမလိုလိင်အမြတ်ထုတ်ခံရတဲ့ကောင်မလေးမျိုးထပ်မရှိစေချင်ပါဘူး။မဟုတ်ရင်တောင် ဒီဆူးမှမနှုတ်မရရင် ရုတ်တရက်သေသွားရင်တောင် အသေမဖြောင့်နိုင်ပါဘူး"လို့ လိင်အမြတ်ထုတ်ခံခဲ့ရတဲ့သူမက​ရင်ဖွင့်ပါတယ် ။ ။
13🔥11👍6
အင်းစိန်​ ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ၊ ​ထောင်ပိုင်​ဟောင်း ​ဇော်လင်း​အောင် ၊
အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ် ၊ အတူအိပ်ခဲ့တဲ့ ဗီ​ဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ် ၊ အ​
ကောင့်သစ်နဲ့ ခြိမ်း​ခြောက်ထားတာ​တွေကို​တွေ့ရစဥ်
🤬39🤮42👎1
UFC ချန်ပီယံဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့ မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ်

မေ-၁၃၊၂၀၂၆။ သုည/People's Spring

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

ယင်းအခမ်းအနားကို မေလ ၂၇ ရက် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က Jalan Loke Yew မှာ ရှိတဲ့ SJK(C) Chung Kwo ကျောင်းခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ကြောင်း CRC က ဖော်ပြထားပါတယ်။

" အခမ်းအနားကို မနက် ၉ ကနေ ည ၁၁ အထိ လုပ်မှာပါ။ မေလ ၂၇ ရက်က Holiday ဖြစ်တဲ့အတွက် မလေးရှားရောက် မြန်မာတွေ၊ ချင်းလူမျိုးတွေ အားလုံး လာဖို့အတွက်လည်း CRC က မိတ်ဆွေတွေက ဖိတ်ခေါ်ထားပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားဖြစ်ပြီး လက်မှတ်လည်းမရောင်းဘူးလို့ သိရတယ်။ ဖြူဖြူကျော်သိန်းနဲ့ ဂျိုရှုအာဗန်လည်း လာမှာဖြစ်လို့ တော်တော်များများ လာမယ်လို့လည်း မျှော်လင့်နေကြတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှားခရီးစဉ်အပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာဖြစ်ကြောင်း MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
20👍5🤮1
28👍10🥰2🤮1
ICC အလိုရှိနေတဲ့ လွှတ်တော်အမတ် ပုန်းအောင်းနေတဲ့ ဖိလစ်ပိုင် လွှတ်တော်မှာ သေနတ်သံတွေ ထွက်ပေါ်

​မေ-၁၃၊၂၀၂၆။People's Spring

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

မေလ ၁၃ ရက်ညပိုင်းကထွက်ပေါ်လာတဲ့သေနတ်သံတွေက ဘယ်သူက ပစ်ခတ်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုဖြစ်စဉ်ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က တရားခံပြေးအဖြစ် အလိုရှိနေပြီး ဖိလစ်ပိုင် လွှတ်တော်ထဲမှာ ခိုလှုံနေသူ အထက်လွှတ်
တော် အမတ်တစ်ဦးကို ဖမ်းဆီးဖို့ အားထုတ်နေမှုနဲ့ ဆက်စပ်နေဖွယ် ရှိပါတယ်။

အထက် လွှတ်တော်အမတ် ရော်နယ်လ် ဒယ်လာရိုဆာဟာ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဒူတာတေးအကောင်အထည်ဖော်ခဲ့တဲ့မူးယစ်ဆေး
ဝါး တိုက်ဖျက်ရေး မစ်ရှင်တွေမှာ သံသယ ရှိသူတွေကို အကြမ်းပတမ်း ဖြိုခွင်း နှိမ်နင်းခဲ့တဲ့အ
တွက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒူတာတေးကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICC မှာ ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။

ဒယ်လာရိုဆာကိုလည်း ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ICCက အခုသီတင်းပတ် အစောပိုင်းမှာ တရားဝင် ကြေညာခဲ့တဲ့နောက် ဖိလစ်ပိုင် လုံခြုံ
ရေး တပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒယ်လာရိုဆာက မေလ ၁၁ ရက်နေ့မှာ လွှတ်တော်ထဲ ဝင်ရောက်ခိုလှုံနေခဲ့သလို ICCရဲ့ ဖမ်းဆီးမှုကို လုံးဝမခံနိုင်ကြောင်း ပြောကြားထားပါတယ်။

မေလ ၁၃ ရက် ညပိုင်းမှာ ထွက်ပေါ်နေတဲ့ သေနတ်သံတွေနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေက ရှင်းရှင်း
လင်းလင်း ဘာမှမပြောခဲ့ပါဘူး။ဘယ်သူက လွှတ်
တော်ထဲမှာ သေနတ်ပစ်ခဲ့သလဲ ဆိုတာကို မသိရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့တော့ လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။

ပြည်ထဲရေးနဲ့ ပြည်တွင်း အုပ်ချုပ်ရေး ဝန်ကြီး ဂျွန်ဗစ် ရမ်မူလာကတော့လွှတ်တော်ကိုလုံခြုံရေး တပ်တွေ ဝိုင်းထားတာက သမ္မတရဲ့အမိန့်အရ အ
ဆောက်အအုံကို ဘေးကင်းလုံခြုံအောင် စောင့်
ရှောက်ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

လွှတ်တော်လုံခြုံရေးအတွက်ပဲ တပ်ဖွဲ့တွေ ဖြန့်ကျက်ထားကြောင်း၊ ဒယ်လာရိုဆာကို ဖမ်းဖို့ အမိန့်ရမထားကြောင်းရမ်မူလာကပြောကြားခဲ့ပါတယ်။ ကြားရတဲ့ သေနတ်သံတွေကလည်းလုံခြုံရေး တပ်
ဖွဲ့ဝင်တွေ ပစ်တာ မဟုတ်ကြောင်း သူက ငြင်းဆိုထားပါတယ်။

မေလ ၁၃ ရက် ညနေပိုင်းလောက်မှာတော့ မနီလာမြို့ကလွှတ်တော်အဆောက်အအုံထဲကို ရဲကွန်မန်ဒိုတွေက ဝင်ရောက်သွားပြီး အနီးပတ်ဝန်းကျင်မှာတော့ ဒိုင်းတွေ၊ ခေါင်းဆောင်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဝန်းရံ ပိတ်ဆို့ထားခဲ့တဲ့ ဗီဒီ
ယိုတွေ ထွက်ပေါ်လာပါတယ်။

ICCက ဒယ်လာရိုဆာဟာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းရေး မစ်ရှင်တွေကို အကြောင်းပြပြီး ဒါဇင်နဲ့ချီ များပြားတဲ့ လူတွေကို တရားလက်မဲ့ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

လွှတ်တော်နားမှာလည်း ဒယ်လာရိုဆာကို ဖမ်းဆီးပြီး ICCကို ပို့ဖို့၊ ဒူတာတေးနဲ့အတူ စွဲချက်တင်ခံစေဖို့ အစုအဖွဲ့နဲ့ ဆန္ဒပြသူတွေ ရှိနေခဲ့ပါတယ်။ ဒယ်လာရိုဆာရဲ့ ရှေ့နေတွေကတော့ သူ့ကို ဟိဂ်မြို့ဆီ ပို့ဆောင်မယ့် ကိစ္စကို တားဆီးပေးဖို့ တရားရုံးချုပ်ဆီ တိုက်တွန်း တောင်းဆိုထားပါတယ်။

လောလောဆယ်တော့ ဒယ်လာရိုဆာဟာ ကိုယ်ရံ
တော်တွေနဲ့အတူ လုံလုံခြုံခြုံ ရှိနေတယ်လို့ ရမ်မူလာက ဆိုပါတယ်။ ဒယ်လာရိုဆာက လွှတ်တော်ထဲမှာ ပုန်းနေတဲ့ ကိစ္စဟာ အခြေအနေတွေကို အတော်လေး ရှုပ်ထွေးနေစေပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ ဆိုတာကလည်း ခန့်မှန်းရ ခက်နေပါတယ်။

ဒယ်လာရိုဆာတော့ သူ့မှာ အပြစ်ရှိတယ်လို့ ယူဆရင်ပြည်တွင်းကတရားရုံးတွေမှာပဲစစ်ဆေးဖို့၊ဟိဂ်မြို့ဆီ လွှဲမပေးဖို့ လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တောင်းဆိုထားပါတယ်။ ပြီးတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားခဲ့ဘူးလို့လည်း ဒယ်လာရိုဆာက အခိုင်အမာ ပြောကြားထားပါတယ်။

ကိုးကား: BBC
👍285🔥1
ဓါတ်ပုံ-ရိုက်တာ
👍26👏3🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်ပြီး စစ်မှုထမ်းဖို့ လက်ထိပ်ခတ်​ ခေါ်​ဆောင်

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေ မေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။ အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့မိခင်က လာရောက်လျှောက်ထားကာ အကူအညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါ တွေ့ရပါတယ်။

◾️မင်းတပ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦး သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ မင်းတပ်မြို့ကို မေလ ၁၁ရက် ညသန်းခေါင်ယံကနေ မေလ ၁၂ရက် ညနေ ၆နာရီခွဲအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁ကြိမ် ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၁၉ နာရီအတွင်း မင်းတပ်မြို့ပေါ်ကို ၉ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး မြို့အနီးကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးကာ အရပ်သား နေအိမ် ၁၅လုံး၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀)ခု၊ မော်တော်ယာဉ် (၄) စီး ပျက်စီးမှုရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

◾️ချင်း-မကွေးအစပ်ဒေသတွေကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့ ကန်ပက်လက်နဲ့ ဆောမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ဒီရက်ပိုင်းမှာ နေ့စဉ်ရက်ဆက် အပြင်းအထန် လုပ်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက်မြို့ကို မေလ ၁၂ရက် မနေ့ညပိုင်းက တိုက်လေယာဉ် ၂စီး၊ Y12 လေယာဉ်တို့ သုံးပြီး ၁၂ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ အတွဲလိုက်ဗုံးတွေ အသုံးပြု တိုက်ခိုက်သွားတယ်လို့ သိရပြီး ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့သလို အဲဒီ ဗုံးကြဲခဲ့တဲ့နေရာကို Y12နဲ့ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲပါ။

◾️ဒီပဲယင်းအနောက်ခြမ်းကို စစ်တပ် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်းက ဘုတ်ထန်းကျေးရွာကို ဒီနေ့ မေလ ၁၃ရက် ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ သုံးစီးအနက် ၂စီးက ညနေ ၃နာရီ ၄၈မိနစ်နဲ့ ၃နာရီ၅၀ မိနစ်မှာ ဗုံးကြဲသွားတာလို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။ မြေပြင်ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နဲ့ဆက်စပ်နေတဲ့ ယင်းမာပင်ခရိုင်ထဲမှာလည်း စစ်တပ် စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာနေသလို နေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

◾️ဝက်လက်အရှေ့ခြမ်းကို စစ်တပ် ထပ်မံ လေကြောင်းတိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဒီနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ သိရပါတယ်။ အဲဒီနေရာဟာ စစ်ရှောင်လည်း မရှိသလို ဘာမှ​မရှိတဲ့နေရာကို ဝင်ပစ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ပါးအပါအဝင် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

◾️ချောင်းဦးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံး
👍133😢2🔥1